ပီတာအောင်/ ၇ ဇူလိုင် ၂၀၀၈
အွန်လိုင်းစွယ်စုံကျမ်း ၀ီကီပီးဒီး ယားကို မြန်မာဘာသာဖြင့် ဖတ်ရှု လေ့လာ၍ ရနေပြီဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူများကိုယ်တိုင်
ပါဝင်၍ အချက်အလက်များ ဖြည့်စွက်ရေးသားနိုင်ကြောင်း မြန်မာအွန်လိုင်း စွယ်စုံကျမ်း အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းနေသူတို့ထံမှ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုစွယ်စုံကျမ်း၌ သမိုင်း၊ ပထ၀ီ၊ အတ္ထုပ္ပတ္တိ၊ လူမှုရေး၊ နိုင်ငံရေး၊ နေ့စဉ် ဖြစ်ပျက်နေသည့် သတင်းများ စသဖြင့် ကဏ္ဍစုံပါဝင်ပြီး လတ်တလော မြန်မာနိုင်ငံအကြောင်း၊ တိုင်းရင်းသား လူမျိုးအချို့အကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းများ
အပါအ၀င်အကြောင်းအရာ (၂၅၀) ကျော် ရေးသားထားပြီးဖြစ်သည်။
စွယ်စုံကျမ်းဖြစ်မြောက်ရေး ကမကထပြုဆောင်ရွက်နေသူ မြန်မာအင်ဖိုတက် ဆော့ဝဲစလူးရှင်း ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ကိုငွေထွန်းက “အချက်အလက်တွေ ရှာတဲ့အခါမှာ ပြည့်စုံတဲ့ အဖြေတွေ ပေးနိုင်အောင်လို့ ရည်ရွယ်ပြီးလုပ်တာပါ။ အင်္ဂလိပ်လိုကတော့ ရှိပြီးသားပါ။ ခုဟာက မြန်မာစာနဲ့ ကြိုးစားကြည့်တာပါ။ ရေးချင်တဲ့သူတွေ ရေးနိုင်အောင်၊ ဖတ်ချင်တဲ့သူတွေ ဖတ်နိုင် အောင် ကျနော်တို့အနေနဲ့ စီစဉ်ပေးထားတာပါ။ ကျနော်တို့ အားပေးချင်တာကတော့ မြန်မာလို ပြန်နိုင်တဲ့သူတွေပြန်ပါ။ ရေးနိုင်တဲ့လူတွေ ဆက်ရေးကြပါ” ဟု ပြောသည်။
စွယ်စုံကျမ်းကို မည်သူမဆို အခမဲ့ဝင်ရောက်ဖတ်ရှုနိုင်ပြီး လွတ်လပ်စွာ ကိုယ်တိုင်ပါဝင် ရေးသားနိုင် ကြောင်း၊ အချက်အလက်များ မှန်ကန်ကြောင်းကိုမူ ရေးသားသူကိုယ်တိုင် တာဝန်ခံရမည်ဖြစ်ပြီး မှားယွင်းနေသည်ကို တွေ့ရှိပါက မည်သူမဆို ၀င်ရောက်ပြင်ဆင်နိုင်ကြောင်း သိရသည်။
မြန်မာအွန်လိုင်းစွယ်စုံကျမ်းကို ဖတ်ရှုရန် အင်တာနက်လိပ်စာမှာ http://my.wikipedia.org/ ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မူရင်း ကမ္ဘာ့စွယ်စုံကျမ်း ၀ီကီပီးဒီးယား အင်တာ နက်စာမျက်နှာမှာ http://www.wikipedia.org/ ဖြစ်သည်။
မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ရန် ပိတောက်၊ မြန်မာသရီးနှင့် ပုရပိုက် မြန်မာစာဖောင့်များ ရှိရန် လိုအပ်သည်။ အဆိုပါဖောင့်များကို မြန်မာဝီကီပီးဒီးယား အင်တာနက်စာမျက်နှာနှင့် http:// www.zawgyi.org/ စာမျက်နှာတို့တွင် ဒေါင်းလုဒ်ရယူနိုင်သည်။
ကမ္ဘာ့အွန်လိုင်းစွယ်စုံကျမ်း ၀ီကီပီးဒီးယားကို ၂၀၀၁ ခုက စတင်ခဲ့ပြီး ဘာသာပေါင်း (၂၅၀) ကျော် ဖြင့် ရေးသားထားကာ လူအများ ကိုးကားရည်ညွှန်းစရာ အင်တာနက် စာမျက်နှာတခုဖြစ်သည်။ နှစ်စဉ် လူပေါင်း သန်းနှင့်ချီ၍ ၀င်ရောက်ဖတ်ရှုကြပြီး ၂၀၀၈ ခု၌ ၀င်ရောက်ကြည့်ရှုသူ အနည်း ဆုံးသန်း (၆၈၄) သန်းရှိသည်ဟု ၀ီကီပီးဒီးယားက ခန့်မှန်းထားသည်။
Showing posts with label ဗဟုသုတယူကြမယ်. Show all posts
Showing posts with label ဗဟုသုတယူကြမယ်. Show all posts
Monday, July 7, 2008
အွန်လိုင်းစွယ်စုံကျမ်း မြန်မာစာဖြင့်ကြည့်နိုင်ပြီ
Posted by
54freedom
at
8:27 PM
0
comments
Labels: ဗဟုသုတယူကြမယ်
Subscribe to:
Posts (Atom)