စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label စစ်တွေမြို့မှ ဗွီဒီယို ပြသည့်ရုံသုံးရုံ အပိတ်ခံရ. Show all posts
Showing posts with label စစ်တွေမြို့မှ ဗွီဒီယို ပြသည့်ရုံသုံးရုံ အပိတ်ခံရ. Show all posts

Wednesday, January 30, 2008

စစ်တွေမြို့မှ ဗွီဒီယို ပြသည့်ရုံသုံးရုံ အပိတ်ခံရ

စစ်တွေမြို့မှ ဗွီဒီယို ပြသည့်ရုံသုံးရုံ အပိတ်ခံရ

ဇန္န၀ါရီလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်၊

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဗွီယိုပြသသည့် ရုံသုံးရုံအား အာဏာပိုင်များက များမကြာမှီက ပြသခွင့်အား ရုတ်သိမ်းလိုက်ကြောင်းနှင့် ပိုင်ရှင် တချို့အားလည်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ပြသခွင့် ရုတ်သိမ်းခံလိုက်ရသော ဗွီဒီယို ပြသသည့် ရုံသုံးရုံမှာ ဆန်းထူး၊ ထိပ်တန်းနှင့် ပြည့်ဖြိုး တို့ဖြစ်ကြောင်း သိရှိရသည်။


အမည်မဖေါ်လိုသူ ဦးဇင်းတပါးက ဆန်းထူးရုံ ပိုင်ရှင်၊ သူ့၏သားနှင့် ဗွီဒီယို ပြသသည့် စက်ဆရာအား ဖမ်းဆီးပြီး စစ်တွေထောင်တွင် ချုပ်နှောင်ထားကြောင်း ပြောဆိုသည်။


ဗွီဒီယို ပြသသည့် ရုံသုံးရုံကို ပိတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဦးဇင်းက အောက်ပါ အတိုင်းပြောသည်။


“ ဦးဇင်းတော့ ကြားတာက အေးဒီရုံတွေမှာ ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေ ဆန္ဒပြတဲ့ စီဒီခွေတွေကို ပြသတဲ့အတွက် အပိတ်ခံရတာ ဖြစ်တယ်လို့သိရှိရပါတယ်။ တချို့ပြောတာကလည်း အေးသလို ဆန္ဒပြခွေတွေကို ထပ်ဆင့် ကူးယူပြီး ဖြန့်ဝေတဲ့အတွက် အပိတ်ခံရတာလို့လည်း ကြားရပါတယ်။” ဟုပြောသည်။


မြန်မာနိုင်ငံအ၀န်းတွင် ရွှေဝါရောင်တော်လှန်ရေးအတွင်းက နအဖ စစ်အစိုးရမှရဟန်းသံဃာတော်များနှင့် ပြည်သူလူထုအပေါ် ရက်ရက်စက်စက် နှိမ်နှင်းသတ်ဖြတ်နေသည်ကို မှတ်တမ်းတင် ရိုက်ယူထားသော စီဒီခွေများ ပျံ့နှံ့နေရာ မြို့တိုင်း နယ်တိုင်း ကျေးရွာတိုင်းတွင် လူအများအပြား စိတ်ဝင်တစား ကြည့်ရှုနေကြပြီ လက်ရှိ နာမည်ကြီး ဗွီဒီယိုခွေများထက် လူကြိုက်များပြီး ရောင်းရ တွင်ကျယ်လျက် ရှိနေကြောင်း သတင်းရရှိသည်။

အပြည့်အစုံဖတ်လိုလျှင်