စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ကရင်နီ၌ လျှပ်စစ်စက်ရုံ တိုးချဲ့တည်ဆောက်မည်. Show all posts
Showing posts with label ကရင်နီ၌ လျှပ်စစ်စက်ရုံ တိုးချဲ့တည်ဆောက်မည်. Show all posts

Wednesday, January 30, 2008

တရုတ်နှင့်အတူ စစ်အစိုးရတို့က ကရင်နီ၌ လျှပ်စစ်စက်ရုံ တိုးချဲ့တည်ဆောက်မည်

တရုတ်နှင့်အတူ စစ်အစိုးရတို့က ကရင်နီ၌ လျှပ်စစ်စက်ရုံ တိုးချဲ့တည်ဆောက်မည်

ဒေလီထက်

ဇန်န၀ါရီလ ၂၉ ရက်၊ ၂၀၀၈ ခုနှစ်။

တရုတ်အကူအညီဖြင့် မြန်မာစစ်အစိုးရတို့က ကရင်နီပြည်တွင် လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ်(၃)ကို ထပ်မံတိုးချဲ့၍ တည်ဆောက်မည် ဖြစ်သည်။

၎င်းစက်ရုံ တည်ဆောက်ရန်အတွက် လွိုင်ကောက်မြို့နယ် အတွင်းရှိ ဒေါမူကလရွာတွင် လယ်ယာ၊ ခြံမြေ ဧက ၆၀၀ ခန့်ကို ယခုလ ၂၂ ရက်နေ့မှ စတင်ရှင်းလင်း၍ ကွန်ကရစ်များ (အင်းဂဒေ) များဖြင့် လောင်းထားပြီး ဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ယခုဆောက်လုပ်မည့်စက်ရုံကို တရုတ်ကုမ္ပဏီတခုမှ လာရောက် ဆောက်လုပ်မှာ ဖြစ်ပြီး စစ်အစိုးရနှင့်အတူ ဖက်စပ်၍ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟု ထိုဒေသများ၌ ပြည်တွင်းကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်လျှက်ရှိသော အဖွဲ့က ပြောသည်။

“ဆောက်မဲ့နေရာ ပတ်ဝန်းကျင် ဥပမာဆိုလို့ရှိရင် ဒီပွန်ချောင်း အရှေ့ဖက်နဲ့၊ ပွန်ချောင်းအောက်မှာရှိတဲ့ နေရာထိကို သူတို့က မသွားလာရတော့ဘူးတဲ့ အမိန့်ထုတ်ထားတယ်။” ဟု ကရင်နီလူမှုကယ်ဆယ်ရေးအဖွဲ့မှ သတင်းတာဝန်ခံ ကိုဝင်းမင်းက ပြောပြသည်။

စက်ရုံတည်ဆောက်မည့် အနီးတ၀ိုက်တွင် မြန်မာစစ်အစိုးရတပ်များက လုံခြုံရေးအရ မြေမြှုပ်မိုင်းများ ထောင်ထားကာ ဒေသခံရွာသူ/သားများကို မသွားလာရဟု အမိန့်များ ထုတ်ပြန်ထားပါသည်။

ယခုရှိရင်းဆဲ အမှတ်(၁)နှင့် အမှတ်(၂)စက်ရုံကို ဂျပန်နိုင်ငံမှ ပြီးခဲ့သည့် ၁၉၈၆ခုနှစ်က ဆောက်လုပ်ပေးခဲ့ပြီး မီဂါဝပ်(၁၆၈)ဖြင့် မြန်မာပြည်တပြည်လုံးအတွက် လျှပ်စစ်ထုပ်လုပ် ပေးလျှက်ရှိသည်။ သို့သော် ကရင်နီပြည်ရှိ ပြည်သူလူထု အတော်များများမှာမူ ၎င်းတို့ပြည်နယ်မှ ထွက်သည့် လျှပ်စစ်များကို ယနေ့များအထိ မသုံးစွဲနိုင်ဘဲ ကျန်ရစ်နေသေးသည်။

ယခုတရုတ်မှ လာရောက်ဆောက်လုပ်မည့် အမှတ်(၃)စက်ရုံကို မည်မျှ မီဂါဝပ်ဖြင့် မည်သည့်အချိန်တွင် ဆောက်လုပ်ပြီးစီးမည်ကို သတင်းအတိအကျ မသိရှိရသေးပေ။

အပြည့်အစုံဖတ်လိုလျှင်