စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ကဗျာအဟောင်းလေး တစ်ပုဒ်. Show all posts
Showing posts with label ကဗျာအဟောင်းလေး တစ်ပုဒ်. Show all posts

Tuesday, December 25, 2007

နေဆီပျံချီ ခွပ်ဒေါင်းနီ

နေဆီပျံချီ ခွပ်ဒေါင်းနီ

(၁)

ခွပ်ဒေါင်းတကောင်

ရှိန်ယူတောင်ဖြန့်

မိုးထက်နှံ့ထိုး

နေဆီတိုးမည်

ရှေ့သို့ ရှေ့သို့ ဆက်တက်ရည်။

(၂)

ခေတ်အဆက်ဆက်

မကောင်းမျက်ကွယ်

လှစ်ပယ်မသွား

တွင်းစိတ်ထားသည်

ရင်ဆိုင်ရန်အမြဲ ရှိနေမည်။

(၃)

ကမ္ဘာတည်သရွေ့

ရှိနေမည့်မာန်

ခွပ်ဒေါင်းဟန်သည်

ဖြူစင်ကြည်ဆဲ

သွေးနီမြဲသာ ရှိနေမှာ။

မောင်လေး

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး

(ဘုရားသုံးဆူဒေသ) မှ ၈. သြဂုတ်. ၁၉၈၉ တွင် ထုတ်ဝေသည့် ကဗျာစာအုပ်မှ……….

အပြည့်အစုံဖတ်လိုလျှင်