စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, July 12, 2008

အကျဉ်းထောင်အတွင်းက အလင်းရောင်များ

အကျဉ်းထောင်အတွင်းက အလင်းရောင်များ(အန္တိမ သန္နိဋ္ဌာန် - အမည်မသိ)
မိုးမခဇူလိုင် ၁၁၊ ၂၀၀၈
အကျဉ်းထောင်ထဲကနေ ပြင်ပကို ထွက်လာတဲ့ အနုပညာတွေဆိုတာ တန်ဖိုးကြီးလှပါတယ်။ သူတို့ကို စိတ်ရော ကိုယ်ပါ အကျဉ်းချ ချုပ်နှောင်ထားတဲ့ကြားက လွတ်လပ်တဲ့ လိပ်ပြာ၊ ပြင်းထန်တဲ့ မျှော်လင့်ချက်တွေနဲ့ သူတို့တွေရဲ့ အတွေးအမြင်၊ ခံစားချက်တွေကို ထုတ်ပြန်ကြရတာကိုး။ အမှတ်တရ ဖော်ပြလိုက်ပါရစေ။

အန္နိမ သန္နိဋ္ဌာန်

"အားမတန် မာန်လျှော့"
ဆိုတဲ့ စကားကို
ငါတို့ မျိုးဆက်မှာ
ကျိုးပျက်စေရမယ်၊
ညိုလွင် နီစွေး
တော်လှန်ရေး သွေးစီးကြောင်းထဲက
အလောင်းချင်း ထပ်ခဲ့တဲ့
ပြည်သူဟာ …
ဝုန်းကနဲ
ထ ရပ်
စူးရှစွာ ကြွေးကြော်ခဲ့ပြီးပြီ။
"အားမတန် မာန်လျှော့"
ဆိုတဲ့ စကားကို
ငါတို့မျိုးဆက်မှာ
ကျိုးပျက်စေရမယ်။
အို …
လေမုန်တိုင်းထဲ
ကြွေးကြော်ရဲတဲ့
ငါတို့ ပြည်သူ
တိုက်ပွဲရလဒ်
အောင်လံ အဆက်ဆက်ကို ကိုင်စွဲဖို့
နောက်တဖန် …
အားခဲ ရှေ့ထွက်ရတော့မယ်။
ဒါကြောင့်
"အားမတန် မာန်လျှော့"
ဆိုတဲ့ စကားဟာ
ငါတို့ မျိုးဆက်မှာ
ထပ်မကြားရတော့အောင်
ကျိုးပျက်သွားစေရမယ်။ ။


အပြည့်အစုံဖတ်လိုလျှင်

Saturday, July 5, 2008

လူမျက်နှာပျောက်တဲ့လူသား




လူအချင်းချင်း…..မီးထက်ပြင်းတဲ့ထိုးနှက်မှူတွေ
အချစ်ကိုဝယ်စားကြသူတွေနဲ့ အချစ်ကိုရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့မေတ္တာမဲ့တဲ့နှလုံးသားတွေ ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ငါတို့ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုး
အသွေးအသားတွေကိုဝါးမျို
အရိုးတွေနဲ့မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။

ငါတို့ခေတ်မှာ..ကမ္ဘာရဲ့သစ္စာ
ပျောက်ဆုံးနေတဲ့လောကပါလ ဟာ..
ဘယ်မှာမှရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်…..
ဟင်!
လူသားတွေဟာ လူမျက်နှာတွေပျောက်နေကြပြီ။ ။
ဇေယျာသော်
၂၇.၆.၀၈

အပြည့်အစုံဖတ်လိုလျှင်

Wednesday, July 2, 2008

နာဂစ် ... မင်းကို စိန်ခေါ်လိုက်ပြီ


နာဂစ် ... မင်းကို စိန်ခေါ်လိုက်ပြီ
ဖျာပုံနီလုံဦး
ဇွန် ၃၀၊ ၂၀၀၈


ရုတ်တရက် မမျှော်လင့်ဘဲ
အကြမ်းတမ်းဆုံး အရက်စက်ဆုံးလက်နဲ့
တံခါးလာခေါက်
မင်းဘယ်သူလဲဟေ့ ... ။

တို့ဘိုးဘေးလက်ထက် ပုံပြင်တောင်မရှိခဲ့ဘူး
တို့ဘိုးဘွားလက်ထက် အိပ်မက်တောင်မမက်ခဲ့ဘူး
တို့ဘိုးဘွားလက်ထက် စိတ်ကူးတောင်မရှိခဲ့ဘူး
တို့လက်ထက်ကျမှ
ှမင်းက အဆိုးဝါးဆုံး ကျိန်စာနဲ့
တို့အိမ်ပေါက် အချိန်မတော် တံခါးလာခေါက်
မင်းနာမည် ဘယ်သူလဲဟေ့ ... ပြောစမ်း
အို ... “နာဂစ်” တဲ့လား ... ။


၁၉၈၈ ခုနှစ်ကနေ ... ယနေ့အထိ
တို့မျက်ရည်တွေ တသွင်သွင်ကျခဲ့
တို့အသွေးတွေ တစ်ပေါက်ပေါက်စီးခ
ဲ့ကိုဒါသ မပဋာထုံး
တို့ကျောကုန်းတွေမှာ
တို့မျက်နှာတွေမှာ
တို့နှလုံးသားတွေမှာ
စစ်ဒဏ်ရာ ဗရပွနဲ့
ဒုက္ခတွေ သုက္ခတွေ တင်းကြမ်း
အနှိပ်စက်ခံရလို့မှ မဆုံးသေး
မင်းက ထပ်ပြီး
တို့အသွေးအသား တို့မျက်ရည်တွေနဲ့
ခြေဆေးဖို့ ရောက်လာပြန်ပြီ။


ရက်စက်ပါပေ့ ... နာဂစ်ရယ်
်ရွေးမြစ်ကမ်း ... ပြာမလော့မြစ်တန်း
ထိုင်ကူမြစ်တန်း ... ဖျာပုံမြစ် ... ဘိုကလေးမြစ်
တိုးမြစ် ... လှိုင်မြစ် ... ပန်းလှိုင်မြစ် ... ရန်ကုန်မြစ်
်ဟိုင်းကြီးကျွန်း ... လက်ခုပ်ကုန်း မကျန်
မင်းရဲ့ လက်သည်း ချွန်မြမြနဲ့ကုတ်ခြစ်
တို့ရဲ့အရေခွံတွေကို တဗျစ်ဗျစ်ဆုပ်ခွာ
တို့ရဲ့အိုးအိမ်တွေကို ဖျက်ဆီး
တို့သား တို့သမီး တို့ဘိုးဘွား ... တို့မိဘ
တို့ဆွေမျိုးမကျန် အပြုတ်နှံတိုက်ခတ်
်ဘယ်ရန်ငြိုးကြောင့်များ
အသည်းမညှာ ရက်စက်ပါ့ပေ့
အခုမှ ... ကမ္ဘာမီးလောင် သားကောင်ချနင်းခဲ့ရပြီ။


ကယ်ပါ ... ကူပါ ... တစာစာနဲ့
ပြည်သူတွေရဲ့အော်ဟစ်သ
ံမိုးထိညံခဲ့သပ
ရွာတွေက ငိုပြီ ... လယ်တွေက ငိုပြီ
ယာတွေက ငိုပြီ ... ဥယျာဉ်တွေက ငိုပြီ
အိုးအိမ်တွေလည်း ကုန်ပြီ
စက်ရုံအလုပ်ရုံတွေလည်း ပြိုပြီ ...
ကျောင်းကန်ဘုရား ... စေတီပုထိုးများလည်း ပြိုပြီ ...
ပင်လယ်ရဲ့ငိုသံဟာ
တို့နှလုံးသားကို ကျိန်စာတိုက်
်တို့ဘ၀တွေကို မီးလောင်တိုက်သွင်း
ပြာပူတွင်း ချောက်ကမ်းပါးထဲ
ဲမင်း ဆွဲသွင်းလိုက်တာ ... တို့အသက်ထက်ဆုံး
အရက်စက်ဆုံး ... ကမ်းကုန်ပါပဲလား။

မင်း နှိပ်စက်သမျှ
မင်းပေးတဲ့ဒဏ်ရာ ဗရပွနဲ့
ဲ့အသက်ရှူလို့မှ မ၀ အကျဉ်းအကျပ်တွေကြားထဲမှာ
သောက ပင်လယ်ဝေနေရတဲ့
ဆွေကွဲ ... မျိုးကွဲ ... သားတကွဲ ... မယားတကွဲနဲ့
အသက်ပေါင်းများစွာစတေးခံ
ဆုံးရှုံးခဲ့ရတဲ့ ... ဘ၀အမှောင်မိုက်နှင့်အတူ...
မင်း ... မင်းနှင့်တကွသော
မင်းရဲ့မုန်တိုင်းလက်ကြမ်းကြီးကို
ိုငါ့အိမ်တံခါးပေါက်...
နောက်တကြိမ်လာမခေါက်နဲ့တော့
့ငါ့ပြည်သူတွေက အဆင်သင့်
မင်းကို တိုက်ထုတ်ဖို့ ပြင်ထားပြီဟေ့ ။ ။

အပြည့်အစုံဖတ်လိုလျှင်

Tuesday, July 1, 2008

ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ (၂) ဦး အလုပ်ထုတ်ခံရတဲ့ ဒီပရင်္ဂ ကဗျာ


ချယ်ရီရသစုံမဂ္ဂဇင်း အမှတ် (၁၅၄) ဇွန်လထုတ် စာမျက်နှာ (၇) တွင် ပါရှိသော ဒီပရင်္ဂ ကဗျာကြောင့် အဆိုပါမဂ္ဂဇင်းမှ တာဝန်ခံအယ်ဒီတာနှင့် အမှုဆောင်အယ်ဒီတာတို့ အလုပ်မှ ရပ်နားခံလိုက်ရ ကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

Sunday, June 29, 2008

မစ်ရှီဂန်နွေဦး

မစ်ရှီဂန်နွေဦး
အောင်ဝေး
ဇွန် ၂၆၊ ၂၀၀၈

ဒီနွေဦးမှာ
ဂျူးလိယက်ဖူးချစ်ကို သတိရသလို
ယာမာဂူချီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ပါဘလိုနီရူဒါကိုသတိရသလို
ဒဂုန်တာရာကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မဲဆောက် ဒေါင်းရင်ပြင်ကို သတိရသလို
တာမွေ ၁၆၄ လမ်းကိုလည်း သတိရတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီနွေဦးမှာ
ရွှေလီက မြန်မာတန်းကို သတိရသလို
ရန်ကုန်က တရုတ်တန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ကျော်သူနဲ့ ရွှေဇီးကွက်ကို သတိရသလို
အင်ဂျလီနာဂျီုလီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ချာလီချက်ပလင်ကို သတိရသလို
ဇာဂနာကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဘော့ဘ်ဒိုင်လန်ကို သတိရသလို
ခင်ဝမ်းနဲ့ ထူးအိမ်သင်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မော်ရဲ့ချန်ချင်းကို သတိရသလို
ကိုဗဟိန်းရဲ့ မခင်ကြီးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
အော့ဇဝစ်ကို သတိရသလို
စောဝေကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
သီးလေးသီးနဲ့ ဆေးရောင်စုံကို သတိရသလို
အဖြူရောင်သက်တံကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
နန္ဒာလှိုင်ကို သတိရသလို
စုစုနွေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မန်ချက်စတာယူနိုက်တက်ကို သတိရသလို
စိုးမြတ်မင်းတို့ ဘဏ္ဍာအခွန်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဗန်ဂိုးရဲ့ဆိုက်ပရပ်စ်လမ်းကို သတိရသလို
တောင်ကြီးမြို့ က ချစ်သူလမ်းကြားကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ငုယင်ဗန်ထရွိုင်းကို သတိရသလို
ဗိုလ်ကြီးအုန်းကျော်မြင့်ကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
မစ္စစ္စပီကို သတိရသလို
ဧရာဝတီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ခရစ္စတီးနားရဲ့ ကမ္ဘာကို သတိရသလို
မြောက်ဒဂုံကအိမ်ကလေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဆရာတင်မိုးကို သတိရသလို
မန္တလေးကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ပဒိုမန်းရှာလားဖန်းကို သတိရသလို
ကြွက်နီကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
အင်တာနေရှင်နယ်သီချင်းကို သတိရသလို
နတ်ရှင်နောင်သီချင်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဂက်တီးစဘတ်မိန့်ခွန်းကို သတိရသလို
ယင်အန်းမိန့်ခွန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ဝက်သစ်ချပင်နဲ့ ဖဲကြိုးဝါကို သတိရသလို
ပိတောက်ပန်းကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
စွန့်လွှတ်မှုကို သိရသလို
စွန့်စားမှုကိုလည်း သတိရတယ်။

ဒီနွေဦးမှာ
ငါသတိအရဆုံးကတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ 
မေလတော်လှန်ရေးပါပဲ။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Saturday, June 14, 2008

ခေတ်သစ်သင်ပုန်းကြီး၂၀၀၈

တစ်၊နှစ် ကိုနာဂစ်
သုံးလေး လွတ်အောင်ပြေး
ငါး၊ခြောက် ရေထဲရောက်
ခုနှစ်၊ရှစ် မသာဖြစ
်ကိုး၊ တစ်ဆယ် ၀ဋ်ကျွတ်တယ်။

ဘယ်ကလာသလည်း။ဘယ်နယ်ကလည်း။
အလယ်ကလူအသားဖြူဧ။်။
ခင်ဗျားအလှူတစ်ပြားမရှုရ။

အစားအစာ၊၀ါးစားပါ။
အသားပါသလား။
ငါးပါသလား။ဘီစကစ်ပါသလား။
ဘာပဲပါပါထားခဲ့ပါ။

ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန
်ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်၊
အမိုးအကာမဲ့နေတဲ့မနှင်းတို့ အိမ်။

ဖိုးရွှေကြီး ဖိုးရွှေကြီးအလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူခွေးအကြီးနဲ.တူတူပါသကွဲ.မယုံငြားဒီမှာကြည့်ပါလား။

တနင်္ဂနွေ၊ တနင်းလာဗိုက်မှောက်မျှော်နေတာအင်္ဂါ၊ ဗုဒ္ဓဟူးရောက်လုတစ်ဦးဦးကြာသပတေး၊ သောကြာတစ်ယောက်မှ ပေါ်မလာစနေမှာသေချာသွား ဘယ်သူမှမလာအား။


မုန်တိုင်းကို စက္ကူကပ်အကြံပက်စက် တို.အပေါ်တင်
ပလ္လင်ပေါ်က မျောက်မူးဆင်းမလာတော့ဘူးအာဏာရူး၊
အာဏာရူးကိုခွေးတွေယက်မှောင်မိုက်မှာအူ၊
အူသူတွေ အစာလုကြငါတို့ ကိုဆွဲ တွဲလဲ
တွဲလဲရယ် ငိုတိုင်းမိုးတောင်ကမှိုင်း မုန်တိုင်း။

အလောင်းလေးများဖွေးလို.စီမြစ်ညုာရိုးတလျှောက်ဆီ၊
ရေပေါ်မှာ ဗိုက်ကြီးဖောင်းငါတို့ ပူစီဖေါင်း။

ဘဘ၀၀ ထလို.ကဘဘနှိင်ပြီဗျကပါကပါ ဘဘရာဘဘခေတ်လေဗျာမဲလိမ်တွေကို အမှန်ပြဘဘအကြံပိုင်သဗျ။သူများတွေ မသာဖြစ်တာဘဘနဲ. မဆိုင်ပါ၊မုန်တိုင်းတွေ ဘယ်လောက်သည်းသည်းဘဘနှိင်ဖို.ဘဲ။

ဘဘ၀၀ စိတ်ဓါတ်ကျအနောက်က pressure ရ
သူများအကူ မယူခဲ့တာဘဘစေတနာ
မလုပ်ပေးတာ တစ်ခုကလွဲဘဘသတ္တိခဲ။
နိင်ငံခြားငွေမြင်သောခါဘဘစိတ်ပြောင်းလာ
အားရပါးရလာလှူကွဲ.ဘဘအိတ်ထဲထည့်။

ဘဘ၀၀ ထပ်လို.ကဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာဘဘခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထပုပ်ပုပ်ပွပွ အနံ.အသက်ရ
ဘဘကတော့ ဆက်လို.ကဘဘဘယ်တော့မှ ကလို.မ၀။


အပြည့်အစုံဖတ်လိုလျှင်