စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 20, 2008

နယူးယော့ခ် မြန်မာသံအမတ်အား စစ်အစိုးရ ပြန်ခေါ်ခြင်းမဟုတ်ဟု သံတမန်သတင်းရပ်ကွက်ပြော

NEJ/ ၂၀ ဇွန် ၂၀၀၈

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေကို စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့်သတင်း မမှန်ကန်ကြောင်း သံတမန်သတင်းရပ်ကွက်က ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းကိစ္စတွင် နိုင်ငံတကာဘက်မှ ထောက်ခံပြောဆိုသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည် ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပမီဒီယာများသို့ မကြာခင်က ပေးပို့ခဲ့သည်။ သို့သော် သံအမတ်ကြီး ဦးကျော်တင့်ဆွေ (ဤသတင်းရေးချိန်ထိ) နယူးယော့ခ် မြန်မာသံရုံးတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။
နယူးယော့ခ်မြန်မာသံရုံးမှ ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းနှင့် ဗိုလ်မှူးအောင်လင်းထွဋ် တို့ကြား ပုဂ္ဂိုလ်ရေး မပြေလည်မှုများဖြစ်ပြီး မကြာခင် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ဖြန့်ဝေခဲ့ခြင်းဖြစ် သည်ဟု နယူးယော့ခ် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဗိုလ်မှူး အောင်လင်းထွဋ်အား သတင်းမှားများထုတ်ပေးရန် ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းကို စစ်အစိုးရက သီးခြားတာဝန်ပေးခဲ့ပုံရသည်ဟု နေပြည်တော် အရာရှိအသိုင်းအ၀န်းက ယူဆသည်။
နယူးယော့ခ်မြို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် တင့်ဆွေသည် နယူးယော့ခ်မြန်မာသံရုံးတွင် (၁၀) နှစ်ကျော် တာဝန်ထမ်းဆောင်နေပြီး ကုလ သမဂ္ဂတွင် စစ်အစိုးရအလိုကျ ကူညီပြောဆိုနေသည့် သံတမန်တဦးဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။
လတ်တလော ပြည်ပမီဒီယာများသို့ ဖြန့်ဝေသည့် ဗိုလ်မှူးအောင်လင်းထွဋ်၏ စာများတွင် မြန်မာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျူးလွန်သည်ဆိုသည့် အချက်များကိုသာ အသား ပေးဖော်ထုတ်ထားပြီး အကျယ်ချုပ်ကျနေသည့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ၊ တချိန်က စစ်ထောက်လှမ်းရေး၏ အတိုက်အခံအပေါ် ရက်စက် ကြမ်းကြုတ်မှုများကိုမူ ယခုချိန်ထိ ဖော်ပြထားခြင်းမရှိဟု အတိုက်အခံအချို့က သုံးသပ်သည်။
ဦးအောင်လင်းထွဋ်သည် ထောက်လှမ်းရေးဗိုလ်မှူးဟောင်းဖြစ်ပြီး တချိန်က ၀ါရှင်တန်ဒီစီ မြန်မာ သံရုံးတွင် သံရုံးဒုတိယတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်ပြုတ်ပြီး မကြာခင် အမေရိကန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့် လျှောက်ခဲ့သည်။ ။
Rest of your post


No comments: