စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 20, 2008

မြန်မာဆိုင်ကလုန်းဒုက္ခသည်များအတွက် အမေရိကန်မှ ထပ်ဆောင်းထောက်ပံ့

Asian Tribune/၂၀ ဇွန် ၂၀၀၈

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (USAID) မှ လူသားချင်းစာနာမှုအထောက်အပံ့ မက်ထရစ်တန်ချိန် (၂,၆၄၉) တန် ပေးပို့ထားခဲ့ပြီးနောက် ထောက်ပံ့ပို့ဆောင်ရေးများ လုပ်ဆောင်နေသည့် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့(WFP) ကို အမေရိကန်ဒေါ်လာ (၃) သန်း ထပ်ဆောင်း ထောက်ပံ့ ပေးမည်ဖြစ်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

မြန်မာပြည်တွင်း ထောက်ပံ့ပို့ဆောင်ရေးအတွက် USAID မှ ယနေ့အချိန်အထိ WFP ကို ထောက်ပံ့ ပေးထားသည်မှာ စုစုပေါင်း ဒေါ်လာ (၄) သန်းရှိပြီဖြစ်သည်။
WFP သည် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ထောက်ပံ့မှုများကို ကုလသမဂ္ဂပူးပေါင်းပါဝင်သည့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဖြစ် မြန်မာပြည်သူများအား ကယ်ဆယ်ရေး ထောက်ပံ့မှုများ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ ထိုထောက်ပံ့ပို့ဆောင်ရေးအတွက် WFP က ထောက်ပံ့ပို့ ဆောင်ရေးစခန်း (၅) ခု အခြေစိုက်ထားပြီးနောက် ထိုစခန်းများမှ မုန်တိုင်းထိခိုက်ရာနေရာများသို့ ရေပေါ်လျှပ်ပြေးယာဉ်၊ လှေငယ်၊ ထရပ်ကား၊ ရဟတ်ယာဉ်များ စသည်တို့ဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ စားရေရိက္ခာများ ဖြန့်ဖြူးပေးနေသည်။“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အသိုင်းအ၀န်းအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့အတွက် ထောက်ပံ့ပို့ဆောင်ရေးတွေမှာ WFP ကိုပဲ အားထားနေကြရတယ်။ WFP ရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ချက်တွေမှာ အများကြီးလိုအပ်နေတဲ့ ထပ်ဆောင်းထောက်ပံ့ မှုတွေ လုပ်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု USAID စီမံခန့်ခွဲမှူး ဟင်နရီတာဖိုးက ပြောသည်။ယနေ့အထိ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး အရေးပေါ်ထောက်ပံ့မှုများအတွက် USAID မှ မြန်မာ နိုင်ငံသို့ ထောက်ပံ့ပေးခဲ့သည်မှာ စုစုပေါင်း ဒေါ်လာ (၃၁.၄) သန်း ရှိသွားပြီဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးထားသည့် ဒေါ်လာ (၉.၅) သန်းနှင့်ဆိုလျှင် အမေရိကန် အစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ထားမှုမှာ စုစုပေါင်း ဒေါ်လာ (၄၀.၉) သန်း ရှိသွားပြီ ဖြစ်သည်။ ။

Rest of your post

No comments: