စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 10, 2008

လေဘေးတည်ဆောက်ရေးကုမ္ပဏီများ ကားပါမစ်ရ

NEJ/ ၉ ဇူလိုင် ၂၀၀၈

လေဘေးသင့်ဒေသများ၌ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နအဖ စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများကို ကားတင်သွင်းခွင့်ပါမစ်များ ချပေးနေကြောင်း ယုဇနကုမ္ပဏီမှ မန်နေ ဂျာတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ကျနော်တို့ကုမ္ပဏီက အစီး (၂၀) စာ ပါမစ်ရတယ်။ အခြားကုမ္ပဏီတွေလည်း ရကြတယ်။ ဒါပေမယ့် ကားအစီးရေ ဘယ်လောက်စီအထိ ရကြသလဲ တိတိကျကျတော့ မသိဘူး” ဟု ပြော သည်။

နအဖစစ်အစိုးရက လေဘေးသင့်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ဦးခင်ရွှေ (ဇေကမ္ဘာ)၊ ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးအောင်သက်မန်း (ဧရာရွှေဝါ၊ ၀ါဝါ၀င်း)၊ ဦးချစ်ခိုင် (ဧဒင်)၊ ဦးတေဇ (ထူး)၊ ဦးဌေးမြင့် (ယုဇန)၊ ဦးဝင်းအောင် (ဒဂုံ)၊ ဦးကျော်ဝင်း (ရွှေသံလွင်)၊ ဦးမောင်ဝိတ် (မောင် ၀ိတ်)၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်) စသည့် နာမည်ကြီး လုပ်ငန်းရှင် (၃၀) က တာဝန် ခွဲဝေယူ ထားကြသည်။

လေဘေးသင့်မြို့နယ်အုပ်စု (၁၁) စုတွင် လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ မော်ကျွန်း၊ ဟိုင်းကြီး၊ ငပုတော၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံတေး၊ သံလျင်၊ ကျောက်တန်း ခရမ်း၊ သုံးခွ၊ ဒလ၊ ဆိပ်ကြီး၊ ခနောင်တိုတို့ ပါဝင်သည်။

အဆိုပါကုမ္ပဏီများကို အာဏာပိုင် အဖွဲ့အစည်းများ၏ ရုံးများ၊ ရဲစခန်း၊ စစ်တပ်ဘားတိုက် စသည်တို့ ပြုပြင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း များကိုမူ ပြုပြင်ရေး၊ လယ်ယာလုပ်ငန်းခွင်အတွက် အစိုးရလုပ်ငန်းများကို ကူညီရေး စသည်တို့ အတွက် တာဝန်ပေးထားခြင်းဖြစ်သည်။

ယခုကဲ့သို့ လုပ်ကိုင်ပေးရန်အတွက် အစိုးရက အဆိုပါ ကုမ္ပဏီများကို ကုန်ကျစရိတ်၏ (၁၀) ရာခိုင်နှုန်း အမြတ်ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်၏ (၃) ရာခိုင်နှုန်းကို အခွန်ပြန်ဆောင်ရမည် ဖြစ်သည်။ ထို့အပြင် သစ်ထုတ်လုပ်ခွင့်၊ ကားပါမစ်နှင့် အခြား အခွင့်အရေးများလည်း ရကြမည် ဖြစ်ကြောင်း သိရသည်။

ယခု ရရှိသော ကားပါမစ်များသည် ပြင်ပ၌ အနည်းဆုံး ကျပ်သိန်း (၁) ထောင် အထက်ရှိသည့် အတွက် ကုမ္ပဏီတခုကို ကျပ်သိန်းပေါင်း သောင်းနှင့်ချီ အကျိုးအမြတ်ရကြမည်ဟု ခန့်မှန်းနေ ကြပြီး ရန်ကုန်မြို့တွင် ၂၀၀၄ မော်ဒယ် လင်ခရူဆာ ကားတစီး ကျပ် သိန်း (၂,၆၀၀)၊ ၂၀၀၈ မော်ဒယ်ဆူပါကပ် ကျပ် သိန်း (၄,၀၀၀) အထက် ဈေးပေါက်နေပြီး နိုင်ငံတကာတွင် ပေါက်ဈေး ဒေါ်လာ သောင်းဂဏန်းခန့်သာရှိကြောင်း သိရသည်။ ။

No comments: