စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 10, 2008

မြန်မာမုန်တိုင်းဒုက္ခသည်များအတွက် ဗြိတိသျှအစိုးရ ထပ်မံလှူဒါန်း

DFID/ ၁၀ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ဗြိတိသျှအစိုးရက ပေါင်စတာလင် (၁၇) သန်းခွဲ ထပ်မံကူညီမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID) ၀န်ကြီး ဒေါက်ကလပ်စ် အလက်ဇန်းဒါး ယမန်နေ့က ကြေညာလိုက်သည့်အတွက် ဗြိတိသျှအစိုးရက နာဂစ်ဒုက္ခသည်များအတွက် ပေးအပ်ငွေ ပေါင်စတာလင် (၄၅) သန်း ရှိသွားမည်ဖြစ်ပြီး အလှူရှင် နိုင်ငံများထဲ၌ အများဆုံးကူညီသည့် နိုင်ငံဖြစ်လာသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုကြေညာချက်သည် ကုလသမဂ္ဂက နာဂစ်ဒုက္ခသည်များအတွက် အကူညီ ထပ်မံတောင်းခံမှု တရပ်အား အမေရိကန်နိုင်ငံ နယူးယော့ခ်တွင် ယနေ့ ပြုလုပ်ရန်ရှိသည်ကို ကြိုတင်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ဒေါက်ကလပ်စ် အလက်ဇန်းဒါးက ပြောသည်။

ဒေါက်ကလပ်စ် အလက်ဇန်းဒါးက “အကူအညီပေးနေတဲ့ အဖွဲ့များအနေနဲ့ ရန်ပုံငွေ ပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။ ကျနော်တို့ အခုပေးမယ့် ပေါင်စတာလင် (၁၇) သန်းခွဲကြောင့် အကူအညီ
ဖြန့်ဝေရေး လမ်းကြောင်းတွေ ကောင်းမွန်လာပြီး နေစရာ၊ စားစရာ၊ ရေ၊ သန့်ရှင်းရေး၊ ကျန်းမာ ရေး၊ ကာကွယ်ရေး စတဲ့ကိစ္စတွေမှာ ပိုမိုလုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ကူညီရေးအတွက် ၀င်ရောက်လုပ်ကိုင်နိုင်ခွင့် အခြေအနေများ တိုးတက်လာခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ပိုမိုဖြန့်ဝေလာနိုင်သည်ကိုလည်း တွေ့ရှိရကြောင်း၊ အကူအညီများ အလျင်အမြန် ထပ်မံမရောက်ပါက ဒုက္ခသည် (၃၀၀,၀၀၀) ဦးခန့်သည် ဆိုးရွားသော အခြေ အနေဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။

ထပ်မံပေးအပ်မည့် အကူအညီငွေများကို ၀င်ငွေရရှိရေးလုပ်ငန်းများ လယ်ယာမဲ့ လယ်သမားများ၊ အလုပ်သမားများ၊ ငါးဖမ်းလုပ်သားများ အပါအ၀င် ပြန်လည်စတင်ရန် အရေးပေါ် လိုအပ်နေသူများ အတွက် ကနဦး ပြင်ဆင်ပြုစု ပျိုးထောင်ရေး၊ အလုပ်ရှာဖွေနေရာချထားရေး စသည့်လုပ်ငန်းများ အတွက် ဦးစားပေး အသုံးပြုသွားမည်ဖြစ်သည်။

DFID မှပေးအပ်ခဲ့သော အကူအညီများကို ပြည်တွင်း/ ပြည်ပ ကူညီရေးအဖွဲ့များအပါအ၀င် ဒုက္ခသည် (၁) သန်းကျော်အတွက် အသုံးပြုခဲ့ကြောင်း အဆိုပါ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ။

No comments: