စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 16, 2008

လေဘေးကြောင့် သေဆုံးသူများအတွက်တရားနာရေစက်ချပွဲ ကျင်းပ

NEJ/ ၁၆ ဇွန် ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် သေဆုံးခဲ့ရသူများအတွက် ရည်စူး၍ တရားနာ ရေစက်ချအမျှပေးဝေပွဲနှင့် အသက်မပေးဘဲ ကျန်ရစ်သူ ဒုက္ခသည်များအတွက် (၆) ကြိမ်မြောက် အလှူငွေနှင့် အသုံး အဆောင်ပစ္စည်းများ ကောက်ခံပွဲအခမ်းအနားကို ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ထိုင်းယူနီယံ ရပ်ကွက်တွင် ယမန်နေ့ ညနေ (၄) နာရီ၌ ကျင်းပသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါ တရားနာ ရေစက်ချအမျှဝေပွဲကို မိဘမေတ္တာ၊ ရင်ငြိမ်းပန်း၊ အေးချမ်းကမ္ဘာနှင့် အလင်းပြ ကြယ်စင်စာကြည့်တိုက်အဖွဲ့တို့မှ ဦးစီးကျင်းပခြင်းဖြစ်သည်။

အခမ်းအနားနှင့်ပတ်သက်၍ ဦးစီးကျင်းပသူများထဲမှ ဦးတိုး (ရင်ငြိမ်းပန်း) က မုန်တိုင်းကြောင့် သေဆုံးသူများသည် ဗုဒ္ဓဘာသာထုံးတမ်းအရ သရဏဂုံမတင်ဘဲ မြေမြှုပ်လိုက်ရပြီး အချို့ အလောင်းများသည် ယခုတိုင် မမြှုပ်နှံရသေးဘဲ ရှိသည့်အတွက် သေဆုံးသူများ ကောင်းရာ ဘုံရောက်ရန်အတွက် ရေစက်ချ အမျှပေးဝေရခြင်းဖြစ်ကြောင်း ပြောသည်။

အခမ်းအနားတွင် တွံတေးဆရာတော် ဦးဝါယမက တရားဟောပြီး ဂျပန်ဘုန်းတော်ကြီး (၁) ပါး၊ အင်ဒိုနီးရှားဘုန်းတော်ကြီး (၁) ပါးနှင့် ဆရာတော်ဦးစိန္တိ၊ ဆရာတော် ဦးဇောတိကတို့အပါအ၀င် မြန်မာအလုပ်သမား (၁၅၀) ကျော် တက်ရောက်သည်။

ဆရာတော် ဦးဝါယမက “အကာလမရဏ ကြမ္မာဆိုးနဲ့ ကြုံတွေ့ပြီး ဘ၀ကူးသွားကြရသူတွေ အတွက် သရဏဂုံတင် ရေစက်ချ အမျှဝေ ဆုတောင်းပေးကြတာပါ။ ကောင်းရာသုဂတိ သွားနိုင်ကြပါစေ၊ ကောင်းရာသုဂတိလားနိုင်ကြပါစေပေါ့၊ ဖြစ်နိုင်ရင်တော့ ဧရာဝတီတိုင်း အထိ သွားဆောင်ရွက်ချင်တာပေါ့” ဟု ပြောသည်။

မဟာချိုင်ဒေသ၌ အဆိုပါ အဖွဲ့တို့မှ ဦးစီးပြီး လေဘေးဒဏ်ခံ ဒုက္ခသည်များအတွက် အ၀တ်
အစားနှင့် ငွေကြေးအလှူများကို ကောက်ခံပေးနေပြီး ယခုအကြိမ်အပါအ၀င် စုစုပေါင်း (၆) ကြိမ် မြောက် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ ။

Rest of your post

No comments: