စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, March 6, 2008

သီတဂူဆရာတော်ကြီး၏ တရားပွဲတွင်လည်း Constitution ကို ဆန့်ကျင်လက်မှတ်ထိုးပွဲ၊ Signature Campaigns ကို လှိုက်လှိုက်လှဲလှဲ အားပေးဆင်နွှဲ

ယနေ့ (၅.၃.၂၀၀၈) ညနေ Eunos MRT အနီး ဓမ္မ၀ိဟာရ ကျောင်းတိုက် မှာ ကျင်းပပြုလုပ်တဲ့ သီတဂူဆရာတော်ကြီး၏ တရားပွဲတွင်လည်း တရားနာပရိတ်သတ်များက ပြည်ပရောက် မျိုးချစ်မြန်မာများ ဦးစီးပြုလုပ်တဲ့ န.အ.ဖ ရဲ့ Constitution ကို ဆန့်ကျင်လက်မှတ်ထိုးပွဲ၊ Signature Campaigns ကို လှိုက်လှိုက်လှဲလှဲ အားပေးဆင်နွှဲ သွားကြောင်း သိရှိရပါတယ်။ ထို တရားပွဲ မှာတင် လက်မှတ်ပေါင်း ၅၀၀ ကျော် လက်ခံ ရရှိကြောင်း သတင်းကောင်းပါး လိုက်ပါတယ် ခင်ဗျာ။








ယနေ့ (၅.၃.၂၀၀၈) ညနေ Eunos MRT အနီး ဓမ္မ၀ိဟာရ ကျောင်းတိုက် မှာ ကျင်းပပြုလုပ်တဲ့ သီတဂူဆရာတော်ကြီး၏ တရားပွဲတွင်လည်း တရားနာပရိတ်သတ်များက ပြည်ပရောက် မျိုးချစ်မြန်မာများ ဦးစီးပြုလုပ်တဲ့ န.အ.ဖ ရဲ့ Constitution ကို ဆန့်ကျင်လက်မှတ်ထိုးပွဲ၊ Signature Campaigns ကို လှိုက်လှိုက်လှဲလှဲ အားပေးဆင်နွှဲ သွားကြောင်း သိရှိရပါတယ်။ ထို တရားပွဲ မှာတင် လက်မှတ်ပေါင်း ၅၀၀ ကျော် လက်ခံ ရရှိကြောင်း သတင်းကောင်းပါး လိုက်ပါတယ် ခင်ဗျာ။

အပြည့်အစုံဖတ်လိုလျှင်

Wednesday, March 5, 2008

စင်္ကာပူမှ မျိုးချစ်မြန်မာများ ခင်ဗျာ…န.အ.ဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကန့်ကွက်ဆန့်ကျင်တဲ့ လက်မှတ်ထိုးတဲ့ ပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြပါစို့

စင်္ကာပူ မှ မျိုးချစ်မြန်မာများ ခင်ဗျာ…န.အ.ဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကန့်ကွက်ဆန့်ကျင်တဲ့ လက်မှတ်ထိုးတဲ့ ပွဲ ကို ၊ ကိုယ် ကို တိုင် သာမက မိတ်ဆွေအပေါင်းအသင်းများကို ပါ ပါဝင်လက်မှတ်ထိုးစေချင်ရင် အောက်မှာ ပေးထားတဲ့ လင့်ခ် ကနေ petition letter format ကို download ရယူပါ။ ၄င်း petition letter ကို အလုပ် တွင်ဖြစ်စေ၊ ကိုယ့် အိမ် မှာ ဖြစ်စေ ရှိကြသော မိတ်ဆွေအပေါင်းအသင်းများ ကို လက်မှတ်ထိုး ၍ ကိုယ့်နိုင်ငံအတွက် တတက်တအား ကူညီကြရန် တိုက်တွန်းပေးပါ။

ဖြည့်စွက် လက်မှတ်ထိုးပြီးသော မူရင်းစာရွက်များကို ပင်နီစူးလား ပလာဇာ ၅ ထပ် ရှိ၊ လမ်းပြကြယ် စာကြည့် တိုက်သို့ ၁၅.၃.၂၀၀၈ နောက်ဆုံးထား၍ ပေးပို့ နိုင်ပါသည်။

petition letter format ကို download ရယူရန် ဒီကိုနှိပ်ပါ။ Click here.


ဒီမှာ….ဒီလို ဖြည့်ပါ ခင်ဗျာ……………..



အပြည့်အစုံဖတ်လိုလျှင်

Monday, March 3, 2008

စင်္ကာပူမှ စစ်ကျွန်အဖြစ် နွှံနစ်မခံလိုသူများ






















အပြည့်အစုံဖတ်လိုလျှင်

ပြတ်ပြတ်သားသား ကန့်ကွက်ကြပါ

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတော် ဖျက်ဆီးပုံ အခြေခံဥပဒေ

ဘာမှ ၁၀၄ချက်အထိ ဖတ်ကြည့် နေစရာ မလိုဘူး။ ဒီ flow chart လေးကိုသာကြည့်။ စစ်တန်းလျားကို ကုတ်နဲ့ ကော်တောင် ဆင်းပြန်မှာ မဟုတ်ဘူး။ ပြည်သူတွေကို စစ်ကျွန်ဘ၀ရောက်အောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ သာဖြစ်တယ် ဆိုတာ အရှင်းကြီးပဲ။ ဒါဆို ဘာလုပ်ရမလဲ…သဘောပေါက်တော့……….

အပြည့်အစုံဖတ်လိုလျှင်

Sunday, March 2, 2008

နအဖရဲ့ လူထုဆန္ဒခံယူပွဲ နဲ့ တရားမျှတမှုမရှိ၊ဒီမိုကရေစီအသွင်ကို မဖော်ဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြောင်း လက်မှတ်ထိုး၍ စင်္ကာပူနိုင်ငံရှိ မြန်မ

နအဖရဲ့ လူထုဆန္ဒခံယူပွဲ နဲ့ တရားမျှတမှုမရှိ၊ဒီမိုကရေစီအသွင်ကို မဖော်ဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ကြောင်း လက်မှတ်ထိုး၍ စင်္ကာပူနိုင်ငံရှိ မြန်မာလူမျိုးများ၏ ဆန္ဒအမှန်ကိုဖော်ထုတ်နေကြပြီ။

၎င်း လက်မှတ်ထိုး ကန့်ကွက်ခြင်းကို ယမန်နေ့ (၁.၃.၂၀၀၈)၊စနေနေ့ မှ စ၍ ပင်နီစူးလား ပလာဇာ ၃ထပ် နှင့် ၅ထပ်(လမ်းပြကြယ်စာကြည့်တိုက်) တို့ တွင် တပြိုင်တည်း ပြုလုပ်ခဲ့ ပြီး၊ ယနေ့ (၂.၃.၂၀၀၈)၊ တနင်္ဂနွေနေ့တွင် လည်း ပင်နီစူးလား ပလာဇာ ၂ထပ် နှင့် ၅ထပ်(လမ်းပြကြယ်စာကြည့်တိုက်)် တို့ တွင် တပြိုင်တည်း ပြုလုပ်ခဲ့ပါသည်။

နောက်ရက်များတွင်လည်း ၅ထပ်(လမ်းပြကြယ်စာကြည့်တိုက်)တွင် လာရောက်လက်မှတ်ထိုးနိုင်ပါသည်။

၁၆.၃.၂၀၀၈ တင်္နဂနွေနေ့ တွင်လည်း၊ တိုပါးယိုး ဘုန်းကြီးကျောင်းတွင် ကိုဖုန်းမော်နှင့်တကွ ကျဆုံးသွားသော ဒီမိုကရေစီသူရဲကောင်း တို့အား ရည်စူး၍ ဆွမ်းကပ်အလှုပြုလုပ်ပြီး၊ နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကန့်ကွက်လက်မှတ်ထိုးပွဲ ကိုလည်း တချိန်တည်း တပြိုင်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံး စစ်ကျွန်ဘ၀ သားစဉ်မြေးဆက် မကျရောက်စေဖို့ ယခုအချိန်မှာ ပြတ်ပြတ်သားသား ရဲရဲဝန့်ဝန့် ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ပြကြရမယ့် အချိန်ကာလကို ရောက်ရှိနေပါပြီ။















သို့-

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့။


အကြောင်းအရာ။ ။ နအဖ စစ်အစိုးရမှ ကြီးမှူးပြုလုပ်သော လုထုဆန္ဒခံယူပွဲနှင့် လူထုဆန္ဒကို မထင်ဟပ်သော တဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထုမှ လုံးဝ ဆန့်ကျင်ကန့်ကွက်ခြင်း။

ယနေ့ တမျိုးသားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အထွေထွေအကြပ်အတည်းများမှ လွန်မြောက်ပြီး ဒီမိုကရေစီသို့ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေးအတွက် အကောင်းဆုံးနှင့် တခုတည်းသော နည်းလမ်းမှာ သုံးပွင့်ဆိုင်တွေ့ဆုံအဖြေရှာရေးပင်ဖြစ်သည်။ ဤသည်မှာ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒလည်းဖြစ်သည့်အပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းတခုလုံး၏ ဆန္ဒနှင့်လည်း ကိုက်ညီပါသည်။
သို့သော်လည်း နအဖ အစိုးရသည် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းစဉ်ကို လုံးဝ ပစ်ပယ်ကာ အတုအယောင်အမျိုးသားညီလာခံမှတဆင့် တဖက်သတ်မူများ ချမှတ်၍ ဒီမိုကရေ စီစနစ်သို့ လုံးဝ ဦးမတည်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့ပါသည်။
ထိုအခြေခံဥပဒေသည် တိုင်းပြည်တွင် လက်တွေ့ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအ၀၀ကို လုံးဝဖြေရှင်းမပေးနိုင်သည့်အပြင် ထိုပြဿနာများကို ပိုမိုနက်ရှိုင်း၍ ဖြေရှင်းရပိုမိုခက်ခဲစေရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေပါသည်။ အမှန်စင်စစ် ထိုအခြေခံ ဥပဒေသည် တိုင်းပြည်ကို စစ်ကျွန်အဖြစ် နွံနစ်စေရန် တမင်ဖန်တီးထားခြင်းသာဖြစ်သည်။
တဖန် နအဖသည် ဤအခြေခံဥပဒေကို အတည်ဖြစ်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပရာ၌လည်း ပြည်သူလူထု၏ စစ်မှန်သော ဆန္ဒကို ထုတ်ဖော်ပြသနိုင်ရန် လုံလောက်သော အခြေအနေ၊ အချိန်ကာလ၊ သင့်တော်သော ပတ်ဝန်းကျင်အနေအထားများ ကို ဖန်တီးပေးထားခြင်းမရှိသည့်အပြင် ကန့်သတ်ချုပ်ချယ်သည့် ဥပဒေများကိုပင် ပြဋ္ဌာန်းထား ပြန်သည်။
ဤသို့လျှင် နအဖမှ တဖက်သတ်ချမှတ်အကောင်အထည်ဖော်လျက်ရှိသော အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံသည် ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလာဒ်ကို လုံးဝပစ်ပယ်ထားသည့် အတွက် အမျိုးပြန်လည်ရင်ကြားစေ့ရေးနှင့်လည်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိသည်။
ထို့ကြောင့် ကျွန်တော်တို့မြန်မာပြည်သူများအနေဖြင့် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လူထု ဆန္ဒခံယူပွဲကို လုံးဝ ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချကြောင်း သိစေအပ်ပါသည်။

လေးစားစွာဖြင့်-
(အောက်တွင် လက်မှတ်ရေးထိုးထားသော စင်္ကာပူရောက် မြန်မာနိုင်ငံသားများ)




အပြည့်အစုံဖတ်လိုလျှင်

Friday, February 29, 2008

Statement of Overseas Burmese Patriots regarding Referendum



၁။ စစ်အုပ်စု အတွင်းရေးမှုး(၁) လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့သော ကြေငြာချက်အမှတ် (၁/၂၀၀၈) မေလတွင် ဖွဲ့ စည်းပုံမူကြမ်းအား လူထုဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုရန် နှင့် (၂/၂၀၀၈) ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲအား ကျင်းပပြုလုပ်ရန် ဆိုသည့် အချက်နှစ်ချက်အား ကျွန်ုပ်တို့  OBP မှ လုံးဝ လက်မခံနိုင်ပါ။
၂။ စစ်အုပ်စုအလိုကျ တဖက်သားရေးဆွဲထားသော ဖွဲစည်းပုံအခြေခံ ဥပဒေသည် အနာဂတ် လွတ်တော်တွင် စစ်အာဏာရှင်များအား တရားဝင် ရပ်တည်ခွင့်ပေးနိုင်သည့် အချက်မှအပ တိုင်းပြည်အတွက် မည်သည့် အကျိုးကျေးဇူးကို မျှဖြစ်ပေါ်စေမည် ဟု ကျွန်ုပ်တို့ OBP မှ မယုံကြည်ပါ။
၃။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှ ရွေးချယ်တင်မြောက် ထားသောလွတ်တော်ကိုယ်စားလှယ် များအား သေချာသော အကြောင်းပြချက် တစ်စုံတစ်ရာ တရားဝင်ကြေငြာမှုမပြုပဲ ပျက်ပြယ်စေရန် ရည်ရွယ်သည့် အသစ်ကျင်းပပြုလုပ် မည်ဖြစ်သော ရွေးကောက်ပွဲကို ကျွန်ုပ်တို့ OBP မှ လုံးဝ လက်ခံနိုင်ပါ။
၎။ စစ်အုပ်စု အနေဖြင့် ကြေငြာချက်အမှတ် (၁/၂၀၀၈) နှင့် (၂/၂၀၀၈) သည် အမှန်တကယ် ရိုးသားမှု၊ တရားမျှတမှု ရှိသောဖော်ပြနိုင်ရန်အတွက် ၁၉၈၈ ခုနှစ်မှ ယနေအချိန်အထိဖမ်းဆီး ထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံးအား ချွင်းချက်မရှိ လွတ်ငြိမ်းခွင့်ပေးရန် နှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအား အမြန်ဆုံး အကောင်အထည်ဖော် ကျင်းပရန်အတွက် ကျွန်ုပ်တို့ OBP မှတောင်းဆိုလိုက်ပါသည်။
၅။ အမျိုးသားညီလာခံ မှာ တရားဝင်ပြီးဆုံးသွားပြီဖြစ် သဖြင့် (၅/၉၆) အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောက်ယှက် ဆန့်ကျင်ခြင်း မှ ကာကွယ်သည့် ဥပဒေ ချက်ခြင်း အားဖျက်သိမ်းပေးရန် ကျွန်ုပ်တို့ OBP မှ အပြင်းအထန်တောင်းဆိုလိုက်ပါသည်။
၆။ ဖေဖေါ်ဝါရီလ ၂၇ရက် ၂၀၀၈ နေ့က ထုတ်ပြန်ကြေငြာသော၊ စစ်အစိုးရ၏ ဥပဒေအမှတ် ၁/၂၀၀၈ မှာ ပြည်သူလူထု၏ ရွေးချယ်ပိုင်ခွင့်ကို မတရားအာဏာသုံး ပိတ်ပင်တားမြစ်သော ဥပဒေဖြစ်သည့် အပြင် လွတ်လပ်မျှတသည့် ဆန္ဒခံယူပွဲမဖြစ်နိုင်သည့် အတွက်၊ ထို ဥပဒေအား အမြန်ဆုံး ဖျက်သိမ်းပေးပါရန် အပြင်းအထန်တောင်းဆိုလိုက်ပါသည်။
၇။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခြားသားနှင့်လက်ထပ်ထားသူ ဖြစ်သဖြင့် အရွေးချယ်ခံ လွတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရှိဟုဆိုသော အခြေအမြစ်မရှိသော အကြောင်းအရာကို၊ မဆီလျော်မသင့်တော်သော အချိန်၌ စစ်အုပ်စုနိုင်ငံခြားရေး ဝန်ကြီးမှ ထုတ်ဖော်ပြောဆိုမှု အပေါ် ကျွန်ုပ်တို့ OBP မှ ပြင်းထန်စွာ ရှုံ့ချပါသည်။
၈။ စစ်အုပ်စုမှ ကျွန်ုပ်တို့၏ တောင်းဆိုချက်များအား လိုက်လျောခြင်း မပြုသမျှ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဘ၀များအား သေနတ်ပြောင်းအောက်တွင်ထာဝရ ကျွန်ပြုရန် ရည်ရွယ် သည့် ကြေငြာချက် အမှတ် (၁/၂၀၀၈) နှင့် (၂/၂၀၀၈) အား အကောင်အထည်ဖော်သည့် အဆင့်သို့မရောက်စေ ရန် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီနှင့် လူအခွင့်အရေးအား မြတ်နိုးသူ တိုင်းသားပြည်သူ ပြည်သူလူထု နှင့် လက်တွဲတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း လေးနက်စွာ ကတိပြုပါသည်။
ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်