စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, August 3, 2008

မုန်တိုင်းဒုက္ခသည် မိဘမဲ့ကလေးများကို မန္တလေး ဘုန်းတော်ကြီးများက စောင့်ရှောက်ထား

ကိုစိုး ဇူလိုင် ၃၀၊ ၂၀၀၈

နာဂစ်မုန်တိုင်း ဒဏ်သင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ မိဘမဲ့ ကလေးများကို မန္တလေးမြို့ရှိ ဘုန်းတော်ကြီး ကျောင်း ၂ ကျောင်းက ခေါ်ယူစောင့်ရှောက်ထားကြောင်း ဘုန်းတော်ကြီးများက ပြောသည်။လပွတ္တာမြို့နှင့် ဘိုကလေး မြို့နယ်များမှ အသက် ၆ နှစ်မှ ၁၂ နှစ် အထိ ရှိသော မိဘမစုံသော ကလေးများ အပါအ၀င် မိဘမဲ့ကလေးများကို ခေါ်ယူစောင့်ရှောက် ထားခြင်းဖြစ်ကြောင်း မန္တလေးမြို့သစ် ကန်တက်ကုန်း မစိုးရိမ် ကျောင်းတိုက် မှ ဆရာတော် ဦးတေဇောဘာသ က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အခုက ပြန်သွားတာနဲ့ဆိုတော့ ၉ ဦး လောက်ပဲ ရှိတယ်၊ အားလုံး က ၁၂ ဦး ၊ လပွတ္တာနဲ့ ဘိုကလေး ဘက် ကနေ မစိုးရိမ် တိုက်သစ် နာယက ဆရာတော်တွေက ခေါ်လာတာ၊ မိဘ မရှိတာရော၊ မိဘ မစုံတာရော ၊ စုံတာ ရောပဲ၊ တချို့ကလေး တွေက မိဘရှိပြီး ဆင်းရဲလို့ ခေါ်လာတာ၊ စားရေး နေရေး နဲ့ အဓိက က ပညာရေး အတွက် ပေါ့၊ မိဘ ရှိတဲ့ ကလေးတွေ ကတော့ တချိန် မိဘတွေ ဆီ ပြန်ပို့ပေးရမှာပါ၊ ပညာသင်ကြားပေးပြီး ပြန်ပို့ပေးဖို့ ဘုန်းကြီး က ရည်ရွယ်ထားပါတယ်၊ တချို့ကလေးတွေက သိပ်တော့ မပျော်ဘူး၊ ဒေသ ခွဲလာရတာရယ်၊ အပေါင်း အသင်း သူငယ်ချင်းမရှိတာရယ်၊ စာသင်ရ တာလည်းပါတယ်”ဟု ဆရာတော် ဦးတေဇောဘာသ က ပြောပြသည်။

ရောက်ရှိလာသော ကလေးများထဲတွင် မိန်းကလေး ၂ ဦး ပါဝင် ပြီး အသက် ၆ နှစ် နှင့် ၈ နှစ် ဖြစ်ကြောင်းနှင့် ယောက်ျား လေး ၆ ဦးကို သင်္ကန်းစည်းပေးထားကြောင်း၊ ၎င်းတို့အား အတန်းပညာ အဓိက သင်ပေးကြောင်းနှင့် ဘာသာရေးစာပေ ကိုလည်း တ ရက် တနာရီခန့် သင်ကြားပေးကြောင်း သိရသည်။

အဆိုပါကလေးများအတွက် စရိတ်ကို သီးသန့်အလှူခံခြင်းမရှိဘဲ ကျောင်းတိုက်မှ ရရှိလာသည့် လာဘ်လာဘထဲ မှပင် သုံးစွဲရသည့်အတွက် ပေါပေါများများ မသုံးစွဲနိုင်ဟုလည်း ဦးတေဇောဘာသ က ပြောဆိုသည်။

ဆရာတော် ဦးတေဇောဘာသ ဦးဆောင်တည်ထောင်ထားသော ယင်း ကန်တက်ကုန်း မစိုးရိမ် ကျောင်းတိုက်သည် သက်တမ်း ၁၅ နှစ်ခန့်ရှိပြီး ယခင်ကပင် ပထမ ငယ်၊ ပထမ လတ်၊ ပထမကြီး နှင့် ဓမ္မာစရိယ အတန်းများ ကို သင်ကြား သော ပရိယတ္တိ စာသင်တိုက်နှင့် ဘုန်းတော်ကြီးသင် မူလတန်းလွန် စာသင်ကျောင်းလည်း ဖွင့်လှစ် ထားသောကြောင့် တချို့ဆွမ်းကွမ်းနှင့် စာအုပ်စာတန်းများကို လှူဒါန်း ထောက်ပံ့မှုများ ရှိကြောင်း သိရသည်။

အလားတူ မန္တလေးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တကျောင်းကလည်း လပွတ္တာ၊ ဘိုကလေးနှင့် မော်လမြိုင် ကျွန်း မြို့နယ်များမှ မိဘမဲ့ ကလေး ၃၀ ခန့်ကို ခေါ်ယူ စောင့်ရှောက်ထားကြောင်း ထိုကျောင်းမှ တာဝန် ခံ ဆရာတော် တပါးက ပြောဆိုသည်။

“ဇွန်လ ၂၈ ရက် လောက်ကတည်းက စခေါ်လာပြီး စောင့်ရှောက်ထားတာပါ၊ တော်တော်များများက သူတို့ သား ချင်းတွေ ကိုယ်တိုင် အပ်ကြတာပါ၊ ရာခိုင်နှုန်းအများစုက မိဘမဲ့၊ တချို့ကတော့ မိဘမစုံတော့တဲ့သူတွေ၊ နောက် ထပ် ၁၀ ဦး လောက်လည်း ရောက်ဖို့ရှိသေးတယ်၊ အခု ရောက်နေတဲ့ ကလေးတွေက အသက် ၅ နှစ် လောက် ကနေ တချို့ ၁၆ နှစ် လောက်အထိပါတယ်၊ စားရေးနေရေး၊ ၀တ်ရေး၊ ပညာရေးရော ကျန်းမာရေးပါ၊ အကုန် စောင့်ရှောက်ထားတာ၊ စရိတ် ကတော့ တော်တော်လေး ရှာရပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါဒုက္ခသည် ကလေးများကို မြစ်ဝကျွန်းပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတကျောင်းမှ တဆင့် ပို့ဆောင် ပေးခြင်း ဖြစ်ပြီး ကလေးများကို သင်ကြားစောင့်ရှောက်ရန် သင်တန်းဆင်း ဆရာမ ၂ ဦးကို ထားရှိ၍ ကျန်းမာရေး အတွက်လည်း ကျောင်းဝန်းအတွင်းပင် ဆေးခန်းနှင့် စနစ်တကျ စီစဉ်ထားသည်ဟုလည်း သိရသည်။

ယခု ဒုက္ခသည်ကလေးများကို စောင့်ရှောက်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ယခင်ကပင် မိမဲ့ ကလေး ၇၅ ဦး ခန့်နှင့် ရှမ်း၊ ၀ ၊ ပလောင်၊ အခါ ၊ ကရင် စသည့် တိုင်းရင်းသားကလေးငယ် ၁၀၀ ခန့်ကိုလည်း စောင့်ရှောက် ထားသည့် ပရဟိတ ကျောင်းတကျောင်းအဖြစ် သက်ဆိုင်ရာကို အသိပေးဆောင်ရွက် ထားခြင်းဖြစ် ကြောင်း အထက်ပါ ဆရာတော်က ပြောဆိုသည်။
မုန်တိုင်းဒဏ်သင့် မိဘမဲ့ ကလေးများ အတွက် စစ်အစိုးရ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီက လပွတ္တာနှင့် ဖျာပုံတို့တွင် မိဘမဲ့ကလေး သင်တန်းကျောင်းများကို ဖွင့်လှစ်ပေးကြောင်း အစိုးရ သတင်းစာများ တွင်ဖော်ပြထားသည်။

အပြည့်အစုံဖတ်လိုလျှင်

ရှားပါးတိရစ္ဆာန်များ အထူးဟင်းလျာအဖြစ် ရန်ကုန်တွင် ခေတ်စား

ကြည်ဝေ/ရန်ကုန် ဇူလိုင် ၃၀၊ ၂၀၀၈

သောကြာနေ့ဆိုလျင် ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ထဲက တရုတ်စားသောက်ဆိုင်ကလေးမှာ တခြားနေ့များထက် ပိုပြီး စည်ကားနေတတ်သည်။

ဆိုင်ထဲရှိ သာမန်စားပွဲများတွင် လူအနည်းငယ်ခန့်သာ ရှိသော်လည်း အထူးခန်းဟု ခေါ်သော စားသောက်ဆိုင်၏ အတွင်း ဘက် လေအေးပေးစက်တပ်ထားသည့် အခန်းငယ်လေး များတွင်တော့ အထူးဟင်းလျာနံ့များနှင့် ထုံမွှန်းပြည့်ကြပ်နေ တော့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုဆိုင်ကလေးမှာ သောကြာနေ့ ဆိုလျင် ဆိုင်၏ မီးနူးစာအုပ်ထဲတွင် တွေ့ရလေ့မရှိသော အထူးဟင်းလျာများ ရရှိတတ် သည်။ မျောက်သား၊ မြွေသား၊ တောကြောင်သား၊ ဂျီသား၊ ဆတ်သား၊ လိပ်သား၊ ပင်လယ်ရေခူ၊ ငါးမန်းတောင်ဟင်းချို၊ ပင်လယ်မျှော့သုတ် စသည့် ဟင်းလျာများ ဖြစ်သည်။ မီနူးစာအုပ်ထဲတွင် ထည့်သွင်း ထားခြင်းမရှိသော အဆိုပါ အထူး ဟင်းလျာများအကြောင်း လူတိုင်းမသိနိုင်သော်လည်း ဖောက်သည်များ ကတော့ သိသည်။ သောကြာနေ့တိုင်း အထူး သီးသန့်ခန်းများတွင် ဖောက်သည်များနှင့် ပြည့်နေတတ်၏။

ယခုတပတ်အတွက် အထူးဟင်းလျာများမှာ မျောက်သားချက်နှင့် ငါးမန်းတောင်ဟင်းချို ဖြစ်သည်။ မျောက်သား မစားရဲ သူများအတွက် ချေသားချက်ကိုလည်း စီမံပေးထားသည်။

အတုံးလေးတွေတုံးကာ ကြော်ထားသော မျောက်သားကို တူဖြင့်ကော်ကာ စားနေကြသူများမှာ ဆိုင်မျက်နှာစာ ရှေ့နံရံတွင် ချိတ်ဆွဲထားသည့် ဥပဒေအရ ကန့်သတ်ထားသော သားရဲ တိရစ္ဆာန်များ၏ အသားကို ၀ယ်ယူ ရောင်းချခြင်းမပြု ဟူသော စာတမ်းကို ဖတ်ရှုခဲ့ဖူးသူများသာ ဖြစ်သည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တချို့တွင် သစ်တောဥပဒေမှ ပိတ်ပင်တားမြစ်ထားသော သားငှက်တိရစ္ဆာန်များကို အထူး ဟင်းလျာများအဖြစ် ရောင်းချလျက်ရှိကြောင်း တွေ့ရသည်။

ရှားပါးမျိုးစိတ်များဖြစ်ကြသော တောဝက်၊ တောကြောင်၊ မျောက်၊ ၀က်ဝံ၊ မြွေအမျိုးမျိုး၊ ရေသတ္တ၀ါထဲမှ ငါးမန်း၊ လိပ်၊ ပင်လယ်မျှော့ စသည့် သတ္တ၀ါများကို စားသုံးနေကြခြင်းမှာ ၎င်းတိရိစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ် စေခြင်း၏ အကြောင်း ရင်း တရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံသားငှက်တိရိစ္ဆာန် ထိန်းသိမ်းကာကွယ်ရေး အဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“ပုပ္ပားတောင်ပေါ်က မျောက်တွေဆိုရင် အရင်တုန်းက အုပ်စုလိုက်ကို အများကြီးတွေ့ရတာ အခု တော်တော့်ကို နည်းသွား ပြီ။ ပုပ္ပားကလူတွေကို မေးကြည့်တော့ မျောက်ပစ်တဲ့ သူတွေကြောင့်လို့ ဖြေကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါဒေသမှ မျောက်ပစ်သူများသည် မျောက်သားစားချင်သောကြောင့် ပစ်ခြင်းမဟုတ်ဘဲ မျောက်တကောင် ကျပ် ၅ ထောင်မှ ကျပ် ၂ သောင်းထိ ဈေးပေးဝယ်သူများ ရှိသည့်အတွက် ရောင်းစားရန် ပစ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

မျောက်သားနှင့် မျောက်သွေးမှာ ဈေးကွက်ဝင်လျက်ရှိသကဲ့သို့ မျောက်အကောင်လိုက် ရောင်းချခြင်းမှာလည်း ခေတ်စား လျက်ရှိကြောင်း ပုပ္ပားတောင် ဘေးမဲ့ဥယျာဉ်မှ တောခေါင်း တဦးက ပြောပြသည်။

စားသောက်ဆိုင်များတွင် နာမည်ကြီးလှသော ငါးမန်းတောင်ဟင်းချိုကြောင့် မြန်မာ့ ပင်လယ် ပြင်မှ ငါးမန်း မျိုးစိတ်တချို့ ပျောက်ကွယ်မျိုးသုဉ်းသွားရကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာနမှ မြို့နယ် ဦးစီးမှူး တဦးက ပြောသည်။

“ငါးမန်းဈေးကွက် ကြီးလာတော့ ငါးမန်းကိုပဲ လိုက်ရှာဖမ်းတဲ့သူတွေ များလာတယ်။ ရခိုင်က လူတွေဆိုရင် လင်းရှူးသားကို ငါးမန်းစာအဖြစ် ငါးမျှားချိတ်မှာ တပ်ဖမ်းတော့ ငါးမန်းရော လင်းချူးတွေပါ ပျောက်ကုန် တော့တာပဲ” ဟု အဆိုပါ မြို့နယ်ဦးစီးမှူးက ဆိုသည်။

ငါးမန်းဖမ်းသည့် လင်းရှူးငါးများသည် ရှားပါးစားရင်းဝင် ငါးမျိုးစိတ်တမျိုးဖြစ်ပြီး ယခင်က ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုး တန်းတလျှောက်တွင် ပေါများစွာ တွေ့ရသော်လည်း ယခုအခါ စစ်တွေ-တောင်ကုတ် ရေလမ်းတလျှောက် အနည်းငယ်သာ တွေ့မြင်ရတော့ကြောင်း ၎င်းက ပြောသည်။

ငါးမန်းတောင်၊ ငါးမန်းသွားနှင့် ငါးမန်းအသည်းများမှာ ဈေးကောင်းလျက်ရှိပြီး ယခုအခါ ငါးမန်း သားပေါက်လေး များကိုပါ စစ်တွေ၊ မြိတ်၊ ထားဝယ်နှင့် ဟိုင်းကြီးကျွန်းရှိ ငါး ဈေးကွက်များတွင် ရောင်းချနေကြကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

မြန်မာနိုင်ငံတွင် ငါးမန်းမျိုးစိတ်ပေါင်း ၅၂ မျိုးနေထိုင် ကျက်စားလျက်ရှိရာမှ ပင်လယ် ရေငုပ်သမားများ၏ တရားမ၀င် ရောင်းဝယ် မှုများကြောင့် ယခုအခါ ငါးမန်းမျိုးစိတ်ပေါင်း ၁၆ မျိုးခန့်ကိုသာ တွေ့မြင်ရတော့ကြောင်း ၂၀၀၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော စာရင်းများအရ သိရှိရသည်။

ငါးမန်းအပြင် မျိုးသုဉ်းအန္တရာယ်နှင့် ရင်ဆိုင်နေရသော ရေသတ္တ၀ါတမျိုးမှာ ပင်လယ်လိပ် ဖြစ်ကြောင်း သိရသည်။

“လိပ်ဥ၊ လိပ်သားကို လူတွေက ချက်စားလာတဲ့အပြင် လိပ်ခွံတွေကိုလည်း လူ့အသုံး အဆောင်ပစ္စည်းလုပ်ပြီး ရောင်းချလာကြတယ်။ အဲဒီဈေးကွက်က ပြည်တွင်းမှာတင် တော်တော်ကြီးနေတော့ လိပ်မျိုးထိန်းသိမ်းရေးဆိုင်ရာ ပြဿနာဖြစ်လာတာပဲ” ဟု ငါးလုပ်ငန်းဦးစီးဋ္ဌာန၊ ပင်လယ်လိပ် သားပေါက်ထိန်းသိမ်းရေး စခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

လိပ်ဥ၊ လိပ်သားချက်များကို ပင်လယ်ကမ်းရိုးတန်း မြို့များတွင်သာမက ရန်ကုန် စားသောက်ဆိုင် များတွင်ပါ တွေ့မြင်လာ ရပြီး လိပ်များကို အကောင်လိုက် ဖမ်းဆီးကာ တရုတ်နိုင်ငံ အပါအ၀င် တခြားသော အိမ်နီးချင်း နိုင်ငံများသို့ နယ်စပ်ဂိတ် များမှ တဆင့် တရားမ၀င် တင်ပို့မှုများ ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် လိပ်ဇောင်းလျား၊ ပြင်သာလိပ်၊ လိပ်ကြက် တူရွေး၊ လိပ်ခွေးနှင့် လိပ်လောင်း ဟူ၍ ပင်လယ်လိပ် ၅ မျိုး ရှိခဲ့သော်လည်း ယခုအခါ လိပ်ဇောင်းလျား တမျိုးတည်းသာ တွေ့ ရတော့ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာန လိပ်ထိန်းသိမ်းရေးစခန်းများမှ စာရင်းများအရ သိရှိရသည်။

မျောက်လွှဲကျော်၊ ကြံ့၊ ဆင်၊ ရွှေသမင်၊ ကတိုးဂျီ၊ တောင်ဆိတ်နီ၊ ကျား၊ ကျားသစ်၊ ကြောင်သလင်း၊ ရေ၀က်၊ ၀ံပုလွေ၊ သင်းခွေချပ်၊ စိုင်၊ ဘဲခေါင်းပန်းရောင်၊ ၀ံပို၊ ရေငုံးအမျိုးမျိုး၊ ဇီးကွက်၊ ဒီးဒုတ်၊ မိကျောင်း၊ လိပ်၊ ဆတ်၊ မြင်းဝံ တို့မှာ မြန်မာနိုင်ငံတွင် ကာကွယ်ထိန်းသိမ်းထားသော တောရိုင်း တိရစ္ဆာန်များအဖြစ် ဥပဒေ ထုတ်ထားသော် လည်း ပြည်ပ နိုင်ငံများသို့ တရားမ၀င် ခိုးရောင်းနေကြသည်မှာ တနှစ်ထက် တနှစ်တိုးပွားလျက် ရှိနေကြောင်း သားငှက်တိရစ္ဆာန်ကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောပြသည်။

မြန်မာနိုင်ငံမှ သားရဲတိရစ္ဆာန်များမှာ နယ်စပ်များမှ တဆင့် အခြားအိမ်နီးချင်းနိုင်ငံများသို့ တရားမ၀င် မှောင်ခို ရောင်းချခြင်း ခံနေရပြီး တချို့မှာမူ စားသုံးသူ တချို့၏ တရားမ၀င် ဈေးကွက်ဖြစ်လျှက်ရှိကာ မျိုးသုဉ်း ပျောက်ကွယ်ရန် ခြိမ်းခြောက် ခံနေရကြောင်း သိရှိရသည်။
“အဓိကကတော့ တရုတ်ပြည်ကို နယ်စပ်တွေကနေ အများဆုံးတင်ပို့နေလို့ပဲ။ တရုတ်ပြည်က တိုင်းရင်းဆေး ဖော်တဲ့နေရာ မှာ တိရစ္ဆာန်တွေရဲ့ အသွေး၊ အသားနဲ့ အရိုးတွေကို သုံးတယ်။ မြွေတို့ မျောက်တို့ သင်းခွေချပ်တို့ ဆိုရင် အရှင်လိုက်ကို ပို့နေကြတာ” ဟု သူက ဆက်ပြောပြသည်။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာစစ်အစိုးရအပေါ် ကျောက်မျက်နှင့် ပတ်သက်၍ ထပ်မံပိတ်ဆို့ရန် ဘုရှ် ထုတ်ပြန်

ဧရာဝတီ ဇူလိုင် ၃၀၊ ၂၀၀၈

အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု သက်တမ်း ထပ်တိုး၍ အမေရိကန် ဈေးကွက်သို့ ကြားနိုင်ငံများမှ တဆင့် မြန်မာစစ်အစိုးရ၏ ကျောက်မျက်ရတနာ တင်သွင်းနေမှု များကိုပါ ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ယမန် နေ့က စည်းမျဉ်းအသစ် ထုတ်ပြန်ကာ လက်မှတ် ရေးထိုးလိုက်သည်ဟု အေအက်ဖ်ပီ သတင်းတွင် ရေးသားဖော်ပြ ထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တပြိုင်နက်တည်းတွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း မြန်မာ စစ်အစိုးရပိုင် သို့မဟုတ် မြန်မာ စစ်အစိုးရ ခေါင်းဆောင်ပိုင်းများနှင့် ပတ်သက်လျှက် ရှိသော ကျောက်မြက်ရတနာ ကုမ္ပဏီများ အပါအဝင် ကုမ္ပဏီ ၁၀ ခုကို စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်လိုက်ပြီ ဖြစ်သည်။

အိမ်ဖြူတော်တွင် ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် မြန်မာစစ်အစိုးရအား စီးပွားရေး ပိတ်ဆို့မှု သက်တမ်း တိုးမြှင့်လိုက် ကြောင်း အတည်ပြုလက်မှတ် ရေးထိုးရင်း သမ္မတ ဘုရှ် က “မြန်မာစစ်အစိုးရကို သတင်းစကား ပါးချင်တာကတော့ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီနဲ့ လွတ်လပ် တရားမျှတမှုကို ယုံကြည်တယ် ဆိုတာပါပဲ” ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲရင်းအရေးကိစ္စတွင် မြန်မာစစ်အစိုးရက တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ၂၀၀၃ ခုနှစ်မှစတင်ကာ အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်းပိတ်ဆို့မှုများကို သက်တမ်းထပ်တိုးလိုက်ခြင်း ဖြစ်သည်။

ဘုရှ်က စီးပွားရေး ပိတ်ဆို့မှုအသစ်အနေဖြင့် မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြား အပါအဝင် တခြားသော ကျောက်မျက်ရတနာများကို ထိုင်းနိုင်ငံ၊ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ စင်ကာပူ စသည့် ကြားနိုင်ငံများ မှတဆင့် အမေရိကန် ဈေးကွက်သို့ တင်ပို့ နေမှုကိုပါ ရပ်တန့်စေတော့မည်ဖြစ်သည်။

ကျောက်မျက်ရတနာမှာ မြန်မာစစ်အစိုးရအတွက် အဓိက ဝင်ငွေရရာ လမ်း ကြောင်း များထဲမှ တခုဖြစ်သည်။ အမေရိကန် နိုင်ငံသည် မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့ရုံသာမကဘဲ မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစု များကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာပါ ပိတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာစစ်တပ်ပိုင် လုပ်ငန်းများဖြစ်သော မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကို အဓိက ပစ်မှတ်ထား ပိတ်ဆို့လိုခြင်းဖြစ်သည်။ ၎င်း လုပ်ငန်းနှစ်ခုစလုံးမှာ ကျောက်မျက်ရတနာ ကုန်သွယ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်လျှက်ရှိသည်။

ထို့အပြင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး ဌာနက မြန်မာ့ကျောက်မျက် ရတနာ တူးဖော်ရေးလုပ်ငန်းများကိုပါ တပါတည်း ပစ်မှတ်ထား ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုကျောက်မျက်တူးဖော်ရေး လုပ်ငန်းများမှာ မြန်မာ့ သတ္ထုတွင်း ဝန်ကြီးဌာန လက်အောက်တွင် ရှိသည်။

အမေရိကန်သမ္မတ ဘုရှ်သည် လာမည့် သြဂုတ်လထဲတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်၍ ပြည်ပရောက် မြန်မာ အတိုက်အခံအဖွဲ့အစည်းများ၊ မီဒီယာများနှင့် တွေ့ဆုံ စကားပြောမည်ဖြစ်ပြီး ၎င်း၏ဇနီးဖြစ်သူ လော်ရာဘုရှ်က ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင် ဆေးခန်းသို့ သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အပြည့်အစုံဖတ်လိုလျှင်

ရတနာပုံ တယ်လီပို့တွင် ရင်နှီးမြှုပ်နှံရန် ကုမ္ပဏီများအား ခွင့်ပြု

ဧရာဝတီ ဇူလိုင် ၃၀၊ ၂၀၀၈

ပြည်တွင်း ပြည်ပရှိ သတင်းဆက်သွယ်ရေးနည်းပညာ (အိုင်တီ) ကုမ္ပဏီ ၁၂ ခုအား ရတနာပုံမြို့သစ်တွင် ဖွင့်လှစ်ထားသည့် ရတနာပုံ တယ်လီပို့၌ ရင်းနှီးမြှုပ်နှံရန် စစ်အစိုးရက ခွင့်ပြုလိုက်ကြောင်း သိရသည်။
ရတနာပုံ တယ်လီပို့တွင် ရင်းနှီးမြှုပ်နှံခွင့်ရ သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှာ မြန်မာတယ်လီပို့ အပါအ၀င် FISCA Enterprise ၊ MCC and Fourtune International ၊ Myanmar World Distribution ၊ Yadanabon Cyber Corporation ၊ ထူး၊ နိဗ္ဗာန်၊ တာမိုးညဲ ချမ်းသာ ထွန်းဝေသားနှင့် မြန်မာအင်ဖိုတက်ခ် ကုမ္ပဏီများ ဖြစ်ကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံခွင့်ပြုသည့် ကုမ္ပဏီများမှာ ရုရှားပိုင် CBOSS Corpo-ration ၊ Maxinet of Australia နှင့် Global Technology ကုမ္ပဏီများ ဖြစ်ကြသည်။ Global Technology ကုမ္ပဏီသည် ထိုင်းနှင့် အင်္ဂလန် နိုင်ငံများတွင် အခြေစိုက်သည်ဟု ယူဆရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀ပ် ထူထောင်ခဲ့သည့် ရှင်း ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီ၊ တရုတ်နိုင်ငံမှ ပုဂ္ဂလိက ကုမ္ပဏီ တခုဖြစ်သည့် ZTE ကုမ္ပဏီနှင့် မလေးရှားနိုင်ငံမှ IP Tel Sdn Bhd ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခွင့် မရကြကြောင်း စစ်အစိုးရနှင့် နီးစပ်သူများမှတဆင့် သိရသည်။

အိုင်တီ ကုမ္ပဏီ ၁၂ ခုသည် အမေရိကန်ဒေါ်လာ ၂၂ သန်းကို ရင်နှီးမြှုပ်နှံကြရန် သဘောတူထားကြသည်ဟု မြန်မာတိုင်းစ် ဂျာနယ်တွင် ဖော်ပြထားသည်။

စစ်အစိုးရအား ပြစ်တင်ဝေဖန်မှုများနှင့် သတင်းအချက်အလက်များကိုထုတ်လွှင့်သည့် အင်တာနက် စာမျက်နှာများနှင့် အင်တာနက်အသုံးပြုသူများကို ရတနာပုံ တယ်လီပို့ အစီအစဉ်ဖြင့် တင်းကျပ်စွာ ပိတ်ပင်ရန် ရှိသည်ဟုလည်း ကွန်ပျူတာ တက္ကသိုလ်ရှိ ကျောင်းသူ၊ ကျောင်းသားများက ပြောသည်။

မြေဧကတသောင်း အကျယ်အ၀န်းရှိသည့် ရတနာပုံ တယ်လီပို့သည် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် တည်ရှိပြီး ဆောက်လုပ်ရေးအစီအစဉ်ကို ၂၀၀၆ ခုနှစ် ဇွန်လတွင် စတင်ခဲ့သည်။ မြေနေရာအကျယ်အ၀န်း၏ ငါးပုံတပုံကို ကွန်ပျူတာ ဆော့ဝဲလ်နှင့် ဟတ်ဝဲလ် ထုတ်လုပ်ရေးအတွက် အသုံးပြုသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြန်မာတယ်လီပို့နှင့် ကြံ့ဖွံ့ပိုင် Information Technology Central Services တို့က ချုပ်ကိုင်ထားကြပြီး ၎င်းဌာနများသည် ရန်ကုန်တွင် အခြေစိုက်လျက် ရှိသည်။

မြန်မာနိုင်ငံသည် အင်တာနက်စည်းကမ်းများနှင့်ပတ်သက်၍ ထိန်းချုပ်မှုအများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်။

အပြည့်အစုံဖတ်လိုလျှင်

ငပုတောက လယ်ယာများ ဂဏန်းကိုက်၍ ပျက်စီးဆုံးရှုံးနေ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 30 2008 14:26 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မုန်တိုင်းသင့် ဧရာဝတီတိုင်း ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စပါးခင်းများကို လယ်ပုဇွန် ဂဏန်းများ ကိုက်ဖြတ်နေသဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမားနေသည်။
ငပုတောမြို့နယ် သင်္ဃန်းကုန်း၊ သညင်မူ၊ ဇီးဖြူဆိပ်၊ ငကုန်း၊ ကုန်းတန်းပုတ္တ၊ ခွေးချောင်း၊ ကိုးထောင် အစရှိသည့် ကျေးရွာများ အပါအဝင် ကျေးရွာအများစုတွင် စိုက်ပျိုးထားသည့် စပါးပင်များကို လယ်ပုဇွန် ဂဏန်းများက ကိုက်ဖြတ်သဖြင့် အပျက်အစီး ကြီးမားနေခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မနှစ်ကဆို ဗမာလို ဝါဆိုလပြည့် ဇူလိုင်လလယ်ပေါ့နော်။ ဒီအချိန်မှာ အဲဒီပိုးက အကုန်ဆင်းတယ်ပေါ့နော်။ အခု မိုးကလည်း မရွာဆိုတော့ ပိုးက မဆင်းတတ်ဘူး ဖြစ်နေတယ်။ ဇူလိုင် ၁၂ ရက်လောက်က စပြီး မိုးမရွာတော့ မဆင်းဘူး။ အပင်ရှည်၊ အပင်တို ကိုက်တယ်။ အခုဆို အပင်တောင် မပေါက်တာ။ ပြတ်သွားပြီဆိုရင် စပါးပင်က သေတာပဲ” ဟု ငပုတောမြို့နယ်ရှိ စိုက်ပျိုးရေးဌာနမှ စိုက်ပျိုးရေးအရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

သင်္ဃန်းကုန်းရွာ လယ်သမားတဦးက “စပါးပင် နည်းနည်း ကြီးထွားလာတဲ့အခါမှာ ဂဏန်းက ကိုက်လို့မရဘူး။ အခု လုပ်ငန်းခွင် နောက်ကျတာရယ်၊ မျိုးစပါးမပေါက်တဲ့ အခြေအနေတွေကြောင့် ပေါ့နော်၊ စပါးပင်ကို ဂဏန်းက ကိုက်တာ။ ရွာတွေ အများကြီးပဲ။ မျိုးစပါး မအောင်မြင်မှုက ပိုပြီး ကြီးမားပါတယ်။ ဒီပိုးတွေ မဆင်းတာက အမှန်တော့ ရေလျှော့၊ ထုတ်ဖို့ မရှိလို့ ဖြစ်တယ်။ မိုးရွာလည်း နည်းလို့ပေါ့။ ဆားငန်ရေတွေ ဝင်ခဲ့လို့ ပိုဆိုးတာ” ဟု ပြောသည်။

မကြာသေးခင် ရက်ပိုင်းကပင် ထိုဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ လှူခဲ့သူတဦးကလည်း ယခုသတင်း ဟုတ်မှန်ကြောင်းနှင့် ရွာပေါင်း ၇ဝ ခန့်တွင် အဆိုပါ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ယခုလို ပြောသည်။

“လယ်သမားတွေက မျိုးစပါးမပေါက်တာရော ပေါက်တဲ့ စပါးတွေကလည်း ဂဏန်းကိုက်တယ်။ လယ်သမားတွေ ငြီးနေတယ်။ မျိုးစပါး မပေါက်တော့ အခုမှ ပြန်ကျဲရင်လည်း နောက်ကျပြီ်။ ပေါက်တာကလည်း ဂဏန်းကိုက်လို့ လယ်ယာအများ ဆုံးရှုံးရပါတယ်။ လယ်သမားတွေ ငြီးတွားသံတွေကို ကျနော် သိရတာ ရွာပေါင်း ၇ဝ လောက် ရှိမယ်” ဟု သူက ပြောသည်။

အလားတူပင် ကော့မှူးမြို့နယ်ရှိ မြစန္ဒီကျေးရွာတွင်လည်း မျိုးစပါး မအောင်သလို၊ ဂဏန်းများ ကိုက်နေကြောင်း မြစန္ဒီကျေးရွာ လယ်သမားဦးက ယခုလို ပြောသည်။

သူက “ဒီမှာလည်း သူတို့ မျိုးစပါးက ကျဲလို့မှ မရတာ။ ပေါက်ကို မပေါက်တာ။ စပါးအဖျားတွေ ခြောက်ပြီးတော့ နီလာတယ်။ ဒါပေမဲ့ ကျနော်တို့က ဂဏန်းမကြီးခင် စပါးကို ကျဲပစ်လိုက်တယ်။ ဂဏန်း နည်းနည်းကြီးသွားတော့ စပါးက စိုက်လို့ မရဘူး။ သူက စပါးပေါက်ခါစဆိုရင် စပါးပင်ကို လိုက်လိုက် ကိုက်ဖြတ်တာ။ အဲဒီဂဏန်း တကောင်ပေါက်ရင် အကောင် ၅ဝဝ လောက် ပြန်ပေါက်တယ်။ အဲဒါကြောင့် သူက ဖျက်ဆီးတာ သိပ်မြန်တယ်” ဟု ပြောသည်။

ဂဏန်းမှာ ထမင်းလုံးဟု ဒေသတွင်း၌ ခေါ်ဆိုသည့် ပိုးကောင်တမျိုးမှ ပေါက်ဖွားလာပြီး ချောင်းဂဏန်း၊ လယ်ပုဇွန်လုံးဂဏန်းနှင့် ဖောင်စီးဂဏန်း စသည့် ဂဏန်းမျိုးများ ရှိကြောင်း သိရသည်။

ငပုတောဒေသတွင်း၌ မျိုးစပါး အောင်မြင်မှု မရှိသလို၊ ဂဏန်းပိုးကောင်များ ဖျက်ဆီးမှုအပြင် ဓာတ်မြေသြဇာ လိုအပ်ချက်လည်း ကြီးမားနေသဖြင့် လှူဒန်းပံ့ပိုးပေးမည့် အကူအညီများ လိုအပ်နေကြောင်း စိုက်ပျိုးရေး ပညာရှင်က ယခုလို ပြောဆိုခဲ့သည်။

“မြေသြဇာလည်း လယ်သမားများက မဝယ်နိုင်ဘူး။ မြေကြီးမှာ အပုတ်နံ့ထွက်တာကို ကာကွယ်ရအောင်ပေါ့။ စိုက်ထားတဲ့ အပင်လေးတွေက မြေသြဇာ မစားရတဲ့အခါ ဝဝတုတ်တုတ် အားရှိတဲ့ အပင်လေးမျိုး မဖြစ်နိုင်ဘူး။ ဒါကြောင့် စပါးထွက်ရှိမှု တော်တော်လေး စိုးရိမ်ရတဲ့ အချိန်ဖြစ်နေတယ်။ ဒါကြောင့် ပံ့ပိုးပေးနိုင်မယ့် လူတွေရှိရင် တတ်နိုင်သလောက်ပေါ့နော်၊ ကောင်းတဲ့ အခြေအနေ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ ဒီမှာက ပံ့ပိုးမယ့်သူ တဦးမှ မရှိသေးဘူးလေ။ ကျနော်တို့ ဗမာလူထုက ကျေးဇူးတင်မှာပါ” ဟု သူက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

မဇ္ဈိမ ဝဘ်ဆိုဒ် တိုက်ခိုက်ခံနေရ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 30 2008 13:50 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နယူးဒေလီ အခြေစိုက် မဇ္ဈိမသတင်းဌာန၏ မြန်မာဘာသာ ဝဘ်ဆိုဒ် www.mizzimaburmese.com သည် ပြင်းထန်စွာ ဆက်တိုက် တိုက်ခိုက်ခံနေရပြီး တင်္နလာနေ့မှစ၍ ဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှု၍ မရတော့ပါ။ ယင်းတိုက်ခိုက်ခြင်းသည် နည်းပညာ အခေါ်အရ (Distributed Denial of Services – DDoS) attack ဖြစ်ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မဇ္ဈိမဝဘ်ဆိုဒ်၏ မြန်မာဆာဗာသည် ၎င်းလက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သည့် ဒေတာများဖြင့် တိုက်ခံရပြီးနောက် ယခုကဲ့သို့ ရပ်ဆိုင်းသွားရခြင်း ဖြစ်သည်။

ဤတိုက်ခိုက်နည်း၏ အဓိက ရည်ရွယ်ချက်မှာ ဝဘ်ဆိုဒ်ကို ကြည့်ရှု၍မရအောင် ပြုလုပ်ရန် ဖြစ်သည်ဟု မဇ္ဈိမ၏ ဝဘ်မာစတာက ပြောဆိုသည်။ သတင်းအချက်အလက်များကို တပြိုင်တည်း အလွန်အကျွံ စုပြုံ၍ ပေးပို့လိုက်ခြင်းကြောင့် ဝဘ်ဆိုဒ်က လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သွားစေကာ အချက်အလက်များကို ပြန်လည် မပေးပို့နိုင်ပဲ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

စစ်ဆေးလေ့လာချက်များအရ သတင်းအချက်အလက်များမှာ ၁၅ မိနစ်အတွင်း ၅ ဂျီဂါဘိုက် (၅ Gigabytes) ခန့်အထိ ရှိကြောင်း တွေ့ရှိရသည်။ ဤပမာဏသည် သာမန် လက်ခံနေရသည့် ပမာဏထက် အဆပေါင်းများစွာ ပိုနေသည့်အတွက် ဤသို့ အလုပ်မလုပ်နိုင်ဘဲ ရပ်ဆိုင်းသွားခဲ့ရခြင်း ဖြစ်သည်ဟု မြန်မာဆာဗာကို ကူညီထိန်သိမ်း ကြည့်ရှုပေးသူ မဇ္ဈိမ၏ မိတ်ဆွေ နည်းပညာရှင်တဦးက ပြောဆိုသည်။

ဤသို့ တိုက်ခိုက်မှုမျိုး၏ မူရင်းကို ခြေရာခံ သိရှိနိုင်ရန် ခက်ခဲပြီး ဤတိုက်ခိုက်မှုသည် မဇ္ဈိမ မြန်မာဝဘ်ဆိုဒ်ကို အဓိက ချိန်ရွယ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။

ဤသို့သော တိုက်ခိုက်မှုသည် လွန်ခဲ့သည့် ရက်ပေါင်း အတော်ကြာကတည်းက ဖြစ်ပေါ်တည်ရှိ နေခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှ၊ ဟန်ဂေရီနိုင်ငံတို့မှ ဆာဗာများကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောသည်။ မဇ္ဈိမ မြန်မာဘာသာ ဝဘ်ဆိုဒ်ကို တိုက်ခိုက်ခြင်းတွင် အနည်းဆုံး ဆာဗာ ၃ဝ ကို ပါဝင်ပတ်သက် အသုံးပြုထားသည်ဟု သူက ပြောသည်။

မဇ္ဈိမသတင်းဌာနသည် မြန်မာနိုင်ငံနှင့် ဆက်စပ် ပတ်သက်သည့် သတင်းများ၊ အမြင်များကို စုစည်း တင်ဆက်ပေးနေသည့် လွတ်လပ်သော မြန်မာ မာလ်တီမီဒီယာ သတင်းဌာနတခုဖြစ်ပြီး ပြည်ပအခြေစိုက် မြန်မာဂျာနယ်လစ်များက ဦးစီး လုပ်ကိုင်နေသည့် သတင်းဌာနတခု ဖြစ်သည်။ အဓိက ဝဘ်ဆိုဒ် ၄ ခုဖြစ်သည့် (mizzima.com, mizzimaburmese.com, mizzima.tv, mizzimaphoto.com) တို့မှ သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများကို နေ့စဉ် တင်ဆက်ပေးနေသည်။

သတင်းများကို မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် နေ့စဉ် တင်ဆက် ပေးနေသည့်အပြင် ဤသတင်း ဝဘ်ဆိုဒ်တွင် ဗီဒီယို သတင်းများကိုလည်း မဇ္ဈိမတီဗီ ဝဘ်ဆိုဒ် (mizzima.tv) တွင် တင်ဆက်ပေးလျက် ရှိသည်။ ဤဝဘ်ဆိုဒ်မှ သတင်းများကို အခြားသတင်းဌာနများကလည်း မကြာခဏ ဝင်ရောက်ကြည့်ရှု အသုံးပြုလေ့ ရှိသည်။

မဇ္ဈိမ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ဝဘ်ဆိုဒ်များကို နေ့စဉ် ဝင်ရောက်ကြည့်ရှုသည့် Unique Visitors ပျှမ်းမျှ တသောင်းမှ သောင်းငါးထောင်အထိ ရှိပြီး ယမန်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများ အတွင်း နှင့် နာဂစ်ဆိုင်ကလုံး ဝင်ရောက် တိုက်ခတ်အပြီးနှင့် ယခုနှစ်မေလနှင့် ဇွန်လတို့တွင် ဝင်ရောက်ကြည့်ရှုသူ အရေအတွက်မှာ နှစ်ဆကျော်ခန့် ထိုးတက်သွားခဲ့သည်။

ဤတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူ ရှိနေမည် ဆိုသည်ကို သိရှိရှာဖွေရန်မှာ ခက်ခဲသော်လည်း ဤဝင်ရောက် တိုက်ခိုက်မှုများသည် တရုတ်၊ ရုရှ၊ ဟန်ဂေရီနိုင်ငံများရှိ ဆာဗာများကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည့်အတွက် ယင်းနိုင်ငံများတွင် အတတ်ပညာရှင်နှင့် အင်ဂျင်နီယာ အများအပြားကို ပညာသင်ရန် စေလွှတ်ထားသည့် မြန်မာစစ်အစိုးရ လူများလက်ချက် ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။

မဇ္ဈိမဝဘ်ဆိုဒ်ကို မြန်မာနိုင်ငံတွင် ပိတ်ပင်ထား၍ ဝင်ရောက် ကြည့်ရှုနိုင်ခြင်း မရှိဘဲ ကြည့်ရှုလိုပါက မြန်မာအာဏာပိုင်များ မသိအောင် ဘရောက်ဇီ ဆာဗာများခံ၍ ဝင်ရောက်ကြည့်ရှုရပြီး သိသွားပါက ဒဏ်ငွေ အမြောက်အမြား ပေးရနိုင်သည်။

ဤသို့ တိုက်ခိုက်မှုတွင် မဇ္ဈိမ ဝဘ်ဆိုဒ်သာမက နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ ဝဘ်ဆိုဒ် www.dvb.no သည်လည်း ဇူလိုင်လ ၂ဝ ရက်နေ့ကတည်းက ဤသို့ ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကို ခံနေရကြောင်း သိရသည်။

လွန်ခဲ့သော ၄ ရက်အတွင်း ပိုမိုပြင်းထန်၍ ဆက်တိုက် တိုက်ခိုက် ခံခဲ့ရသည့်အတွက် တိုက်ခိုက်သူသည် (DVB) ဝဘ်ဆိုဒ်ကို ရပ်ဆိုင်းသွားစေရန် ကြိုးပန်းနေခြင်း ဖြစ်ကြောင်း DVB ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က သောကြာနေ့က သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့သည်။

“အခုထိ တိုက်ခိုက်ခံနေရဆဲပါပဲ” ဟု ဦးခင်မောင်ဝင်း က ပြောကြားသည်။

“နည်းပညာအရ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူရှိသည် ဆိုသည်ကို ပြောဆိုရန်မှာ ခက်ခဲသည်။ သို့သော် ဤတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မြန်မာအစိုးရ ရှိကြောင်း အလွယ်တကူ ပြောနိုင်သည်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာအစိုးရပိုင် လုပ်ငန်းများအား အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒဏ်ခတ

U.S Treasury Department/ ၃၀ ဇူလိုင် ၂၀၀၈

ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်နေသည့် ကုမ္ပဏီများအပါအ၀င် မြန်မာ အစိုးရ (သို့) မြန်မာစစ်အရာရှိများ ထိန်းချုပ်သည့် (သို့) ပိုင်ဆိုင်သည့် ကုမ္ပဏီ (၁၀) ခုကို ငွေ ကြေးဆိုင်ရာ ဒဏ်ခတ်လိုက်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့မှ ဇူလိုင်လ (၂၉) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုငွေကြေးပိတ်ဆို့မှုသည် (ကွယ်လွန်သူ အထက်လွှတ်တော်ကိုယ်စားလှယ် ) တွမ်လန်တို့စ်၏ မြန်မာ့ကျောက်မျက် ပိတ်ပင်ရေး ၂၀၀၈ ဥပဒေကို သမ္မတ လက်မှတ်ထိုးချိန်နှင့် တိုက်ဆိုင်နေ သည်။

ထိုဥပဒေ ပြဌာန်းခြင်းသည် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ၊ စစ်ခေါင်းဆောင်များကို စီးပွား ရေးအရရော နိုင်ငံရေးအရပါ ထောက်ပံ့ပေးသူများ၊ ၎င်းတို့၏ အနီးစပ်ဆုံး မိသားစုဝင်များ၊ စစ် အစိုးရ၏ ဘဏ္ဍာငွေအတွက် အရေးပါသည့် အရင်းအမြစ်ဖြစ်သော မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းတို့ကို ပိတ်ဆို့ထားမှုများ ထပ်မံချဲ့ထွင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

“ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဖိနှိပ်တဲ့ စစ်အစိုးရနဲ့ စစ်အစိုးရကို ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီ တွေကို ပိုပြီးတင်းကျပ်တဲ့ ငွေကြေးပိတ်ဆို့မှု လုပ်လိုက်တာဖြစ်ပါတယ်။ ဆိုင်ကလုန်းဒုက္ခသည် တွေကို ကာကွယ်ပေးဖို့၊ ကယ်ဆယ်ရေးအကူအညီတွေ ခွင့်ပြုဖို့ကို စစ်အစိုးရ ငြင်းဆန်လိုက် တာဟာ ပြည်သူတွေကို အကြင်နာမဲ့စွာ လစ်လျူရှုထားတာကို ပြလိုက်တဲ့ နောက်ထပ် ဥပမာ တခုပါပဲ”ဟု နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့၏ ဒါရိုက်တာ အဒမ် ဂျေ ဇူဘင်းက ပြော သည်။

ယမန်နေ့က ထုတ်ပြန်လိုက်သော ငွေကြေးပိတ်ဆို့မှုသည် မြန်မာစစ်အစိုးရအတွက် အရေးကြီး သည့် ကဏ္ဍအမျိုးမျိုးတွင် လုပ်ပိုင်ခွင့်များ ကြီးကြီးမားမား ရှိနေသည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကြီး နှစ်ခုစလုံးကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ထိုစစ်အစိုးရပိုင် ကုမ္ပဏီနှစ်ခုသည် ကျောက်မျက်ရတနာလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း မျိုးစုံတွင် အကျိုးစီးပွား ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေသည့် ကုမ္ပဏီကြီးများ ဖြစ်သည်။

ထုတ်ပြန်လိုက်သော ငွေကြေးပိတ်ဆို့မှု၏ ရလာဒ်အဖြစ် မြန်မာ့စီးပွားရေးဦးပိုင်၏ လက်ခွဲကုမ္ပဏီ လေးခုဖြစ်သည့် မြန်မာ ပတ္တမြားအင်တာပရိုက်စ်၊ မြန်မာအင်ပါရီယယ် ကျောက်စိမ်းကုမ္ပဏီ လိမိ တက်၊ မြ၀တီ ကုန်သွယ်ရေး လိမိတက်နှင့် မြ၀တီဘဏ် လိမိတက်တို့ကိုလည်း နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးအဖွဲ့မှ သတ်မှတ်ထားသည့် အမေရိကန်နိုင်ငံသားများ။ အမေရိကန် အဖွဲ့အစည်း များနှင့် စီးပွားရေးမလုပ်ရန် နာမည်ပျက်ပုဂ္ဂိုလ်အဖွဲ့စာရင်းတွင် ထည့်သွင်းထားသည်။

ယခုငွေကြေး ပိတ်ဆို့မှုထဲတွင် စစ်အစိုးရပိုင် မြန်မာ့သတ္ထုတွင်းဝန်ကြီးဌာန လက်အောက်ခံ အမှတ် (၁) သတ္ထု တူးဖော်ရေးလုပ်ငန်း၊ အမှတ် (၂) သတ္ထုတူးဖော်ရေးလုပ်ငန်းနှင့် အမှတ် (၃) သတ္ထုတူး ဖော်ရေးလုပ်ငန်းတို့ကိုလည်း ပစ်မှတ်ထားသည်။ သမ၀ါယမ၀န်ကြီးဌာန လက်အောက်ခံ သမ၀ါ
ယမ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလည်း ပါဝင်သည်။

မြန်မာစစ်အစိုးရဖြစ်စေ စစ်အစိုးရ၏ အရာရှိတဦးဖြစ်စေ၊ အရာရှိများဖြစ်စေ တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ပိုင်ဆိုင်ထားသော၊ ထိန်းချုပ်ထားသော ပိုင်ဆိုင် မှုများနှင့် ပိုင်ဆိုင်မှု အကျိုးအမြတ်များကို အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးအား ပိတ်ဆို့ ခွင့်ပြုလိုက်သည့် သမ္မတအမိန့် (၁၃၄၆၄) အရ အရေးယူလိုက်ခြင်းဖြစ်သည်။ (၂၀၀၈) ခုနှစ် ဧပြီလ (၃၀) ရက်နေ့ကလည်း မြန်မာအစိုးရပိုင် လုပ်ငန်းသုံးခုဖြစ်သည့် မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနှင့် မြန်မာ့ ပုလဲလုပ်ငန်းတို့၏ ပိုင်ဆိုင်မှုများနှင့် ပိုင်ဆိုင်မှု အကျိုးအမြတ်များကို သမ္မတအမိန့် နောက်ဆက်တွဲ (၁၃၄၆၄) အရ သမ္မတဘုရှ်က ပိတ်ဆို့ ခဲ့သည်။

အဆိုပါ ငွေကြေးပိတ်ဆို့မှု ဥပဒေသစ်အရ အမေရိကန် တရားစီရင်ရေးက သတ်မှတ်ထားသည့် အမေရိကန် နိုင်ငံသားများ၊ အမေရိကန် အဖွဲ့အစည်းများနှင့် စီးပွားရေး မလုပ်ရန် နာမည်ပျက် ပုဂ္ဂိုလ်အဖွဲ့စာရင်းဝင် ပုဂ္ဂိုလ်အားလုံး၏ ပိုင်ဆိုင်မှုအလုံးစုံကို ပိတ်ဆို့ထားမည်ဖြစ်ပြီး ထိုသူများနှင့် မည်သည့်အမေရိကန်နိုင်ငံသား၊ မည်သည့် အမေရိကန်လုပ်ငန်း အေဂျင်စီများမဆို ဘဏ္ဍာရေး အရဖြစ်စေ ကူးသန်းရောင်းဝယ်မှုအရဖြစ်စေ တားမြစ်သည်။

မြန်မာစစ်အစိုးရအား အဓိက ထောက်ပံ့နေသော မြန်မာပြည်သူလူထုကို စနစ်တကျ ဖိနှပ်နေသည့် စစ်အစိုးရကို အထူးထောက်ပံ့ပေးနေသော ပိတ်ဆို့ထားသည့် ကုမ္ပဏီများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းအား သိရှိစေမည်ဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်