စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးဟာ ပြီးခဲ့တဲ့ သောကြာနေ့ (၁၁.၄.၂၀၀၈) နေ့မှစ၍ (၂၀.၄.၂၀၀၈)နေ့ အထိ၊ (၁၀)ရက်တိတိ ဒီနှစ်မှာ ပိတ်တယ်လို့ ကြားသိရပါတယ်။ မည်သည့် အရေးတကြီး ကိစ္စများရှိသည်ကို မည်သူမျှမသိရပါ။
မည်သို့ပင်ဖြစ်စေ အထူးစိတ်ဝင်စားစရာကောင်းသည့် အချက်မှာ၊ ယနေ့ထက်တိုင် မြန်မာသံရုံးမှ နေ၍၊ စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးအား လာမည့် မေလ(၁၀)ရက်နေ့တွင် ပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထု၏ သဘောထားဆန္ဒခံယူပွဲနှင့်ပက်သက်၍ တစွန်းတပါဒမျှ ထုတ်ပြောခြင်း၊ကြေငြာချက်ထုတ်ခြင်းများ၊မလုပ်သေးခြင်းပင်ဖြစ်သည်။
ဆိုလိုသည်မှာ အခြားပြည်ပနိုင်ငံများရှိ သံရုံးများတွင် မေလ (၁၀) ရက်နေ့ ဆန္ဒခံယူပွဲအတွက် မြန်မာနိုင်ငံသား တရားဝင်ဖြစ်နေသူမှန်သမျှ မဲပေးခွင့်ရှိကြောင်း၊ မဲပေးမည့်သူများသည် သက်ဆိုင်ရာသံရုံးသို့ Register လာလုပ်ကြရန် ကြေငြာထားခဲ့ပြီးဖြစ်သော်လည်း စင်္ကာပူရှိမြန်မာသံရုံးမှာ ဤကဲ့သို့မဟုတ် လုံးဝတိတ်ဆိတ်စွာနေ၊နေခြင်းပင်ဖြစ်သည်။
ဤသို့ သံရုံးမှနေ၍ လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မဲပေးရမည်၊မပေးရမည်ကို စင်္ကာပူရှိမြန်မာလူထုအား အသိမပေးဘဲ နေနေသည်မှာ စင်္ကာပူရှိ မြန်မာလူထုအား မည်သို့၊မည်ပုံ အကောက်ကြံ၊မလိမ့်တပါတ်လုပ်ရန် ကြံစည်နေခြင်းလော ဟု၊တွေးစရာဖြစ်လာပါသည်။
ကျွန်တော်တို့မြန်မာပြည်ဖွား မြန်မာနိုင်ငံသူ၊နိုင်ငံသား အားလုံးတွင်၊ စင်္ကာပူနိုင်ငံ၌ ရောက်ရှိနေသော်ငြားလည်း ကျွန်တော်တို့ ရသင့်ရထိုက်သော အခွင့်အရေးကို ရယူတတ်ရန် လိုအပ်ပါသည်။ သံရုံးဖက်မှ KEEP QUIETနေ နေ၍၊ ကျွန်တော်တို့ဖက်ကလည်း KEEP QUIET မနေသင့်ပါ။ ထိုသို့နေ နေပါက၊ ကျွန်တော်တို့၏ ကိုယ်ပိုင်အခွင့်အရေးဆုံးရှုံးမည့်အပြင်၊ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် နစ်နာစရာများစွာဖြစ်လာနိုင်ပါသည်။ အချိန်လွန်မှ နောင်တရ ရခြင်းများ မဖြစ်စေလိုပါ။ သို့ပါ၍ စင်္ကပူရောက် မြန်မာလူမျိုးများမှနေ၍ သံရုံးသို့ လူကိုယ်တိုင်သွား၍၎င်း၊ စာတိုက်မှတဆင့် စာရေးမေးမြန်း၍သော်၎င်း လူထုဆန္ဒခံယူပွဲအတွက် မည်သို့မည်ပုံ မဲပေးကြရမည်ကို မေးမြန်းစုံစမ်းသင့်ကြပါပြီ ဟု ကျွန်တော်အနေနှင့်တိုက်တွန်းလိုပါသည်။
- ကိုဇေယျာထွန်း
Saturday, April 12, 2008
စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးသို့ တိုက်တွန်းနိုးဆော်ခြင်း
Posted by
54freedom
at
11:51 PM
0
comments
Labels: စင်္ကာပူနိုင်ငံရှိ မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးသို့
Monday, March 31, 2008
မစားပဲ စွန့်သွားသော အာဇာနည် ဦးမြင့်သိန်း၏ နောက်ဆုံးခရီး….
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းရဲ့ ဈာပန အခန်းအနားကို စင်ကာပူရှိ မန်ဒိုင်း Mandai သုဿာန်မှာ မတ် လ ၃၀ ရက်နေ့ ညနေ ၇ နာရီ ၃၀မိနစ် မိသားစုဝင်များ ဖြစ်တဲ့ ဇနီးဖြစ်သူနဲ့  သားဖြစ်သူတို့ အပါအ၀င် စင်ကာပူရှိ မြန်မာ့ဒီမိုကရေစီလိုလားသူများ နှင့် မိတ်ဆွေ အပေါင်း အပါများ လိုက်လံ ပို့ ဆောင်ခဲ့ပါတယ်။ ညနေ (၇)နာရီ (၁၅) မိနစ်ခန့် မှာ ဦးမြင့် သိန်းရဲ့ ရုပ်ကလပ်ကို ရေခဲတိုက် မှ သယ်ဆောင် လာပြီး ဈာပနအခန်းအနားကို စတင်ခဲ့ပါတယ်။
ဦးမြင့်သိန်းရဲ့ ဈာပန အခန်းအနားကို စင်ကာပူရှိ သံဃာတော်များမှ သရဏဂုံတင်ပေးပြီး ပရိတ် တရား တော် များကို ကြားနာခဲ့ကြပါတယ်၊ ၄င်းနောက် စင်ကာပူရှိသံဃာတစ်ပါးမှ ဦးမြင့်သိန်းရဲ့  ဒီမိုကရေစီ ရေးအ တွက် စိတ်ဓါတ်နဲ့ ခံယူချက်ကို လေးစားဂုဏ်ယူကြောင်း ယခုကဲ့သို့ အသက်ဆုံးရှုံးသွားသည့် အချိန်အထိ မြန် မာ့ ဒီမိုကရေစီ အရေးအတွက် ပြည်သူ့ တွေအပေါ်မှာနဲ့  မဲဆန္ဒရှင်များအပေါ်မှာ သစ္စာရှိရှိအသက်နဲ့  ခန္ဓာကိုယ် ကို စတေးခဲ့တဲ့အထိ တာဝန်ကျေပွန်ခဲ့တဲ့အတွက် အထူးပဲလေးစားဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။ ထိုသို့ ပြောကြားရာမှာ ဦးမြင့်သိန်းကဲ့သို့  နောင်လာနောက်သားများဟာလဲ မြန်မာ့ဒီမိုကရေစီ အရေး အတွက် ဆက် လက် တိုက်ပွဲဝင်သွားဖို့ ကို ဆရာတော်မှမှာကြားသွားပါတယ်၊ ဆရာတော် ဟောကြားသွားတဲ့အထဲမှာ ကွယ်လွန်သူ ဦးမြင့်သိန်း အား ကောင်းရာ သုဂတိရောက်ပါစေ လို့ ဆုတောင်း ပေးလိုပါကြောင်း နဲ့ ၊
အကယ်၍ များ နောင်ဘ၀မှာ လူပြန်ဖြစ်ခဲ့ရင် လွတ်လပ်ပြီး တရားမျှတတဲ့ တရားဥပဒေ စိုးမိုးမှုရှိ တဲ့ နိုင်ငံမှာသာ လူ့ ဘ၀အဖြစ် ပြန်လည် အသက်ရှင်နိုင်ပါစေလို့  အထူးဆုမွန်ကောင်း တောင်းလိုက်ရပါကြောင်းဆိုပြီး ထဲ့သွင်း ပြော ကြားသွားပါတယ်၊ ၄င်းနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ မွန်ပြည် နယ် အတွင်းရေးမှုး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (ကျိုက်မရောမြို့ နယ်)မှ ကွယ်လွန်သူ ဦးမြင့်သိန်း အား လေးစား ဂုဏ်ပြုသောအားဖြင့် ဈာပန အခန်းအနားကို တစ်မိနစ်ငြိမ်သက်၍ ၀မ်းနည်းစွာဖြင့် ဂုဏ်ပြုကြပါတယ်။ ဆက်လက်ပြီး ဈာပနအခန်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် မှ အမိန့် ပြန်တမ်းကို စင်ကာပူရှိ ပြည်ပရောက်မျိုးချစ်မြန်မာ လူငယ်များ အဖွဲ့ မှ ဦးဆောင် ဖတ်ကြားခဲ့ပါတယ်။
အဖွဲ့ ချုပ် ဗဟို ရဲ့ အမိန့် ပြန်တမ်း ဖတ်အပြီးမှာပဲ တက်ရောက်လာသူ အပေါင်းမှ မြန်မာနိုင်ငံတော်သီချင်းဖြစ်တဲ့ ကမ္ဘာမကြေသီချင်းကို ၀မ်းနည်း ကြောင်း အထိမ်းအမှတ် အဖြစ် သံပြိုင် သီဆိုခဲ့ကြပါတယ်၊ ၄င်းနောက် စင်ကာပူမြန်မာမျိုးချစ်လူငယ်တစ်ဦးမှ ဦးမြင့်သိန်းရဲ့ နောက်ဆုံးခရီးမှာ စင်ကာပူရောက် ဒီမိုကရေစီ လိုလားသူများမှ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုက ရေစီပေါ်ပေါက်လာတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့  ဈာပနအခန်းအနား တက်ရောက်လာသူများကို တိုက်တွန်း သွားပါတယ်၊ နောက်ဆုံးအနေနဲ့ သားဖြစ်သူ ကိုအောင်သူရ မှ ဖခင်ဖြစ်သူအတွက် ၀ိုင်းဝန်းကူညီ ပံ့ပိုးလုပ်ဆောင်ပေးခဲ့သူအပေါင်းနဲ့ ဈာပနအခမ်းအနားကို တက်ရောက်လာသော ဒီမိုကရေစီ ဘက်တော်သား များအားလုံးကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်၊
နောက်ဆုံးအနေနဲ့  ကွယ်လွန်သူဦးမြင့်သိန်းရဲ့ ရုပ်ကလပ်ကို လွမ်းခြုံထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အ လံကို စင်ကာပူ မျိုးချစ်မြန်မာများ အဖွဲ့ သားများမှ သားဖြစ်သူ ကိုအောင်သူရကိုပေးအပ်လိုက်ပြီး ဦးမြင့် သိန်း ၏ ရုပ်ကလပ်ကို မီးသင်္ဂြိုလ်စက်သို့ သယ်ဆောင်သွားခဲ့ပါတယ်။ ဦးမြင့်သိန်း ရဲ့ ရုပ်ကလပ်ကို မီးသင်္ဂြိုလ် နေချိန်မှာ ကမ္ဘာမကြေဘူး ဆိုတဲ့ ၈၈ အရေးအခင်းမှာ နာမည်ကြီးခဲ့တဲ့ သီချင်းကို သံပြိုင်သီဆိုပြီး ၀မ်း နည်း မျက်ရည်များဖြင့် တက်ရောက်လာသူများ ငိုကြွေးရင်းသီဆိုခဲ့ကြပါတယ်။ ဈာပနတက်ရောက်လာသူများကို ယပ် တောင်များနှင့် အရှင်ဆန္ဒာဓိက ရေးသားတဲ့ တကယ်မသေခင် အစမ်း သေကြည့်ကြရအောင် ဆိုတဲ့စာအုပ်နဲ့ အနှိုင်းမဲ့အဖေါ် စာအုပ်တို့ ကို ဓမ္မလက်ဆောင် အဖြစ်ဖြန့် ဝေခဲ့ပါတယ်။ လာမည့် ဧပြီလ (၃)ရက်နေ့  ကြာ သာ ပတေးနေ့  နေ့ လည် (၁၁)နာရီမှာတော့ တိုပါးရိုး မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ရက်လည် ဆွမ်း ကပ်တရား နာ ပြုလုပ်မယ်ဆိုတာကိုလည်း ကျန်ရစ်သူမိသားစုမှ ဖိတ်ကြားထားကြောင်း သတင်း ရရှိပါ တယ်။
Nicknayman blog မှ…..
Posted by
54freedom
at
11:43 PM
0
comments
Labels: မစားပဲ စွန့်သွားသော အာဇာနည် ဦးမြင့်သိန်း၏ နောက်ဆုံးခရီး….
Sunday, March 30, 2008
ဝမ်းနည်း ကြေကွဲကြောင်း သ၀ဏ်လွှာ

Posted by
54freedom
at
3:30 PM
0
comments
Labels: ၀မ်းနည်း ကြေကွဲကြောင်း သ၀ဏ်လွှာ
Friday, March 14, 2008
ဖုန်းမော် နှစ်(၂၀) ပြည့် အမှတ်တရ ဆွမ်းကျွေးပွဲ မလေးရှားတွင် ကျင်းပ
ရက်စွဲ။ ။ ၁၃/၀၃/၂၀၀၈
ဖုန်းမော် နှစ်(၂၀) ပြည့် အမှတ်တရ ဆွမ်းကျွေးပွဲ ကျင်းပ
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ Puchong Intan တွင်ရှိသော NLD(LA) မလေးရှား ရုံးတွင် ဒေသစံတော် နံနက်(၁၁) နာရီ အချိန်တွင် ၁၉၈၈ ခုနှစ်၊မတ်လ(၁၃) ရက်နေ့တွင်ကျဆုံးသွားသော ရန်ကုန် စက်မူ တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် အမှတ်တရ ဆွမ်းကျွေးပွဲကို ပြုလုပ်ခဲ့ပါသည်။
ဆွမ်းကျွေးပွဲသို့ သံဃာ့ဥသျှောင်အဖွဲ့ဝင် ဆရာတော်(၃)ပါးကြွရောက်၍ တရားဟောကြားကာရေစက်
သွန်းချ အမျှပေးဝေခဲ့ပါသည်။ ဆွမ်းကျွေးပွဲသို့ မြန်မာဒုက္ခသည်များ အစည်းအရုံး(BRO)၊လူဘောင်သစ်ဒီမို
ကရက်တစ်ပါတီ၊ မျိုးချစ်မြန်မာများအဖွဲ့ (မလေးရှား) နှင့် NLD (LA) Malaysia မှပါတီဝင်များ (၄၀)ကျော် တက်ရောက်ခဲ့ကြပါသည်။
ကိုဖုန်းမော် အမှတ်တရဆွမ်းကျွေးပွဲ ကျင်းပရခြင်းအကြောင်းကိုNLD(LA)Malaysia ဥက္ကဌ ကိုကျော်ကျော် မှပြောကြားခဲ့ပြီး ကိုဖုန်းမော်ကဲ့သို့ အာဇာနည်များကို အမြဲတမ်းအမှတ်ရနေသင့်ကြောင်း ကိုဖုန်းမော်လို အာဇာနည်များ ပေါ်ပေါက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ကိုယ်ကျိုးမကြည့်ပဲ
အသက်စွန့်တိုက်ပွဲဝင်သွားသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ ပေးဆပ်မှုများကို သစ္စာစောင့်သိ သောအားဖြင့် ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲ ၀င်သွားကြပါရန် နှင့်
မေလ (၃၀) ရက်နေ့တွင် ကျင်းပမည့် စစ်အာဏာရှင်အစိုးရ၏ သားစဉ်မြေးဆက် စစ်ကျွန်ဘ၀ရောက်မည့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုမည့် လူထုဆန္ဒခံပွဲတွင် ပြည်သူများအနေဖြင့် ဆန္ဒမဲမပေးဘဲ အိမ်တွင်း တွင်နေထိုင်ခြင်းနှင့် မဲရုံသို့သွားပြီး မဲထည့်ခြင်းထက် လူထုဆန္ဒခံယူပွဲမှ လူထုလူပ်ရှားမှု အသွင်သဏ္ဍာန်
ပေါ်ပေါက်လာရေးအတွက် အဓိကဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး(၁၂း၃၀) အချိန်တွင် ဆွမ်းကျွေးပွဲ အခမ်းအနား ပြီးဆုံးခဲ့ပါသည်။
ခင်မောင်ဝင်း
ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(လွတ်မြောက်နယ်မြေ)မလေးရှား၊ ဌာနခွဲ
Posted by
54freedom
at
2:00 AM
1 comments
Labels: ဖုန်းမော် နှစ်(၂၀) ပြည့် အမှတ်တရ ဆွမ်းကျွေးပွဲ မလေးရှားတွင် ကျင်းပ
Tuesday, March 11, 2008
Burma - now is the time for real action
…
By Benedict Rogers
Right, that’s it. The brutal military regime that terrorises
Gambari’s latest visit is the 35th such visit by a UN envoy - accompanied by 31 UN General Assembly and UN Human Rights Council resolutions. Yet still Aung San Suu Kyi, a Nobel Peace Prize Laureate, remains under house arrest - in her 12th year in detention. She led her party, the National League for Democracy (NLD), to victory in the 1990 elections, winning over 80% of the parliamentary seats. Yet 18 years later, those elected in 1990 are in jail or in exile, and the regime refuses to even talk to them, let alone recognise their mandate. This is a brutal, illegal, Orwellian regime which should be swept from power.
The world should not for one fraction of a second be fooled by its proposed constitution, referendum and so-called elections to be held in 2010. No one has yet seen the full draft constitution, which makes the May referendum questionable for that very reason, but we know that it includes provisions that would emphatically exclude Aung San Suu Kyi from contesting high office, and we know that it is designed to enshrine the military in power. It is a total, complete, one hundred per cent sham, and the whole world should say so.
But this is a regime that not only disregards UN resolutions and envoys, Nobel Laureates and election results. It is a regime that is guilty of every possible human rights violation you could think of. The widespread, systematic use of rape as a weapon of war; forced labour; the forcible conscription of child soldiers; the destruction of over 3,000 villages in eastern Burma alone since 1996; land confiscation; the deliberate targeting and killing of civilians; the use of people as human minesweepers; the forcible displacement of over a million people, forced to flee the Burma Army and run into the jungles - without food, medicine or shelter. It is a regime that has created a humanitarian crisis. It is a regime that spends almost 50% of its budget on the military, despite having no external enemies, but spends less than 50p per person per year on health and education combined. It is a regime that persecutes ethnic and religious minorities savegely, but does not hesitate to crush Burman Buddhists who stand up against it. As we saw last September, when the monks and civilians courageously stood up against this regime, they were met with bullets and batons. The streets ran with blood as soldiers bashed the heads of monks on the concrete, or simply shot them as they fled.
These are not simply statistics. These are human beings. Some of those who have died are friends of mine. On 14 February, for example, the regime’s agents assassinated the General Secretary of the Karen National Union (KNU), Padoh Mahn Sha Lah Phan. He was someone I am honoured to call a friend. His daughters are good friends of mine too. One of his daughters, Zoya, has spoken twice at Conservative Party Conferences. I was with him for half a day, just three days before he was shot dead. I stood on the veranda of his home in
The list of horrors could go on. But more important than continuing to describe the situation is to answer the question: what do we do now? Gambari has failed. The regime won’t talk. So it is time, surely now, to act with more clarity and guts than ever before. It is time for the EU to impose targeted banking and financial sanctions that will hit the Generals and their cronies hard. It is time for the UN Security Council to impose a universal arms embargo. It is time for China, India, Russia and the Association of South-East Asian Nations to come under such intense pressure from the EU, the US and UN to use their muscle with the regime that if they refuse to do so, their lives will not be worth living.
Ask yourself the question which I saw written on a banner in a bamboo hut in the jungle in eastern
————
Mar 9th, 2008 by admin
From
Posted by
54freedom
at
11:27 PM
0
comments
Monday, March 10, 2008
ဘလော့ဂ်ဂါ မိတ်ဆွေများသို့ အထူးသတိပေးပါရစေ
ဒီနေ့ email ဖွင့်ဖွင့်ခြင်း ရောက်နေတဲ့ စာတွေထဲက မိတ်ဆွေဘလော့ဂါတွေ ရဲ့ လောလောဆယ် ကြုံတွေ့နေရတဲ့ Virus တွေအကြောင်း တစ်ခုနဲ့ ပါတ်သက်လို့ ကျွန်တော် နားလည်တဲ့ ကာကွယ်နည်းလေးတစ်ခု ဖြန့်ဝေပေးလိုက်ပါတယ်ဗျာ သူတို့ရဲ့ စာတွေကိုလဲ နဂိုအတိုင်းဖေါ်ပြပေးလိုက်ပါတယ်
ကလိုစေးထူးရဲ့သတိပေးချက်
ဘလော့ဂါ မိတ်ဆွေ အပေါင်းကို သတိပေးအပ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ လက်ရှိ အုပ်ချုပ်နေသူကို ဆန့်ကျင် ရေးသားနေသူတွေ အထူးသတိထားကြပါ။
ကျနော့် ဘလော့ဂ်မှာ Kalar ဆိုတဲ့ နာမည်နဲ့ လူတယောက် see here or here လို့ရေးပြီးတော့ လင့်ခ်တွေ ပေးပါတယ်။ ကလစ်လိုက်တော့ စက်ကို ခြိမ်းခြောက်တိုက်ခိုက်မယ့် ဗိုင်းရပ်စ်တွေ လွှတ်ထားတဲ့ လင့်ခ်ဖြစ်နေပါတယ်။ ကျနော်က ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ရင် သိပ်နားမလည်ပါဘူး။ ဒါပေမယ့် သူ ပေးတဲ့ လင့်ကို ကလစ်လိုက်တော့ မေးခွန်းတခု ပေါ်လာတယ်။ စကရင်က ဖြူသွားတယ်။ အိုကေ ကလစ်ရင် ဘာဖြစ်မယ် မသိပါဘူး။ မင်းစက်ကို ဗိုင်းရပ်စ်တွေ တိုက်ခိုက်နေပြီလို့ သတိပေးစာတန်းပေါ်ပါတယ်။ cancel ကလစ်လိုက်ပေမယ့်လဲ စက်ထဲကနေ တချို့ ဝက်ဘ်ဆိုက်တွေကို ဝင်လို့ မရပါဘူး။
ကျနော် အရင်က ဝယ်ထားတဲ့ stop'n sign in ဆိုတဲ့ ပရိုဂရမ်တခုနဲ့ စက်ကို fix ပြန်လုပ်လိုက်မှ အဆင်ပြေသွားပါတယ်။ ကျနော့်ထက် ပိုမို တတ်ကျွမ်းနားလည်သူတွေအနေနဲ့ အဲဒီလို လင့်ခ်နဲ့ မိမိဘလော့ဂ်ကို လာရောက် တိုက်ခိုက်ခဲ့ရင် သတိထားနိုင်ဖို့နဲ့ စက်ရဲ့လုံခြုံရေးအတွက် အကောင်းဆုံး ဘယ်လို လုပ်သင့်တယ်ဆိုတာ ပို့စ်နဲ့ ဖြစ်ဖြစ် တင်ပေးကြဖို့ ပန်ကြားအပ်ပါတယ်။
အချိန်အားမယ်..ဖြစ်နိုင်မယ်ဆိုရင်တော့ တခြားသော နီးစပ်ရာ မိတ်ဆွေတွေဆီကိုပါ သတိပေးထားစေချင်ပါတယ်။
လေးစားစွာဖြင့်
ကလိုစေးထူး
ကိုထိုက်ရဲ့သတိပေးချက်
ဟုတ်ပါတယ်၊ ကျွန်တော့် ဘလော့မှာလည်း အဲဒါကို လူတစ်ယောက်လာ ထားသွားပါတယ်။ အဲဒါကို ကာကွယ်နိုင်ဖို့
သူပေးတဲ့ link ပေါ် mouse တင်ထားပြီး Browser ရဲ့ ဘယ်ဘက်ထောင့်မှာ အဲဒီ link က ဘယ်ဆိုဒ်က
link လဲဆိုတာကို မြင်ရပါတယ်။ ကိုယ်မသိတဲ့ ဆိုဒ်၊ မသေချာတဲ့ ဆိုဒ်ဆိုရင် လုံးဝ click မလုပ်ပဲ၊ admin ကို
အကြောင်းကြားစေလိုပါတယ်။ အဲဒီ comment အောက်မှာလည်း သတိပေး comment တစ်ခုကို ရေးထားပြီး
အခြားလူတွေကို အဲဒီ comment မဖြတ်ခင် သတိပေးစေလိုပါတယ်။
နောက် တစ်ချက်က ဆိုဒ် admin က ပေးတာ မဟုတ်ဘဲ အခြား လူတွေ ပေးတဲ့ ဆိုဒ်တွေဆို နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့
ကိုယ်သွားနေကြ ဆိုဒ်တွေကလွဲရင် အခြားဆိုဒ်တွေကို မသွားတာ အကောင်းဆုံးပါပဲ ခင်ဗျာ။
လေးစားစွာဖြင့်
ကိုထိုက်
မမေငြိမ်းရဲ့သတိပေးချက်
အားလုံးပဲ...
သူတို့က နာမည်ပေါင်းစုံသုံးပြီး လုပ်နေတာပါ။ ကျမဆီမှာလည်း ဝင်လုပ်တာ လေးငါးကြိမ်မကတော့ပါဘူး။ ကျမက အဲဒီကော်မင့်ကို ဖျက်ပြီး အဲဒီအောက်မှာ သတိပေးစာလည်း ရေးလိုက်ပါတယ်။ ခုဆိုတော်တော်များများ သိနေပြီထင်ပါတယ်။ တခုထပ်သတိထားရမှာက နောက်ပုံစံတမျိုးနဲ့ လုပ်လာမှာကိုပါ။ သိတာနဲ့ ပို့စ်တင်တာတို့ အကြောင်းကြားတာတို့ လုပ်ကြပါဦး
မေငြိမ်း
မျိုးချစ် ၏ အကြံပေးချက်
ဟုတ်ပါတယ်ဗျာ
တကယ်တော့ ကျွန်တော်လဲအဲဒါကို မိတ်ဆွေတို့ဆီကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာပါ (အပျင်းကြီးနေတာပါ) နောက်ပြီးကျွန်တော့်ဆီဘဲလာနေတယ် အောက်မေ့လို့ပါ ဒီကိစ္စက ကျွန်တော်တို့ကိုသာ တိုက်ခိုက်ထားတာမဟုတ်ပါဘူး စာဖတ်သူတွေထဲက Comment ကိုဖတ်ချင်တဲ့သူတွေကိုပါ တိုက်ခိုက်ထားတာပါ ဒီ Virus ကိုရေးနေတဲ့ကောင်တွေကိုလဲ ကျွန်တော့်မိတ်ဆွေတွေ လိုက်နေပါပြီ ဒါကိုအလွယ်ဆုံးကာကွယ်လို့ရတဲ့ နည်းတစ်ခု ရှိပြီးသားပါ
မိတ်ဆွေတို့ Blogger Account ထဲမှာ Settings ကိုသွားပါ ပြီးရင် Comments Tab ကိုနှိပ်လိုက်ပါ
Who Can Comments ထဲမှာ Users with Google Accounts ကိုရွေးပါ
အောက်က Enable comment moderation? မှာ Yes ဆိုတာကိုရွေးလိုက်ပါ
ပြီးတော့ အောက်ဆုံးက Comment Notification Email မှာ ကိုယ့် email ကိုရေးထားပြီး Save Settings ကိုရွေးလိုက်ပါ
ဒါဆိုရင် Comments တွေ Blog မှာမတက်ခင် မိတ်ဆွေတို့ email ထဲကနေ Notify လာပြီး အရင် Review လုပ်ခွင့်ရပါမယ်
ပြီးမှ စိတ်ချရပြီဆိုမှ Publish Comments လုပ်လိုက်ယုံပါဘဲ အလွယ်ပြောရရင် Comment ကို ဆင်ဆာဖြတ်ပြီးမှ တင်တဲ့သဘောပေါ့ဗျာ
ဒီကစပြီး လင့်တွေပါတဲ့ Comments တွေမှန်သမျှ ဖွင့်မကြည့်ဘဲ ဖျက်ပြစ်လိုက်
စိတ်ချရတဲ့ Comment ဆိုမှ Publish လုပ်လိုက် ဒီတော့ Comment ဖတ်သူတွေပါ အန္တရာယ် ကင်းတာပေါ့ဗျာ
ဘလော့ဂါ ညီအစ်ကို မောင်နှမတွေ ဘေးရန်ကင်းပြီး ပျော်ရွှင်အေးချမ်းစွာ အသက်ရှင်နေထိုင်ခွင့်ရရှိကြမယ်ဆိုကျွန်တော် ကျေနပ်ပါပြီ
ဒီစာလေးကိုလဲ ပြန်လည်ဖြန့်ဝေပေးကြပါဦးဗျာ
လေးစားခင်မင်စွာဖြင့်
မျိုးချစ်မြန်မာ
Posted by
54freedom
at
11:57 PM
0
comments