စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, February 15, 2008

NCGUB Rejects ' So-called State Constitution', Military Proposed Referendum

အပြည့်အစုံဖတ်လိုလျှင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၁ကြိမ်မြောက် ပြည်ထောင်စုနေ့ သဘောထား ထုတ်ပြန်ကြေငြာချက်





အပြည့်အစုံဖတ်လိုလျှင်

၆၁ကြိမ်မြောက် ပြည်ထောင်စုနေ့ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်သမဂ္ဂ၏ သဘောထား ထုတ်ပြန်ကြေငြာချက်

၆၁ကြိမ်မြောက် ပြည်ထောင်စုနေ့ ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်သမဂ္ဂ၏ သဘောထား ထုတ်ပြန်ကြေငြာချက်//




အပြည့်အစုံဖတ်လိုလျှင်

Thursday, February 14, 2008

အထူးဝမ်းနည်းကြေကွဲခြင်း

အထူးဝမ်းနည်းကြေကွဲခြင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ တော်လှန်ရေးတိုက်ပွဲကာလအတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် ကျဆုံးသွားခြင်းအား အထူးကြေကွဲဝမ်းနည်းရပါကြောင်း၊ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပါကြောင်းနှင့် ကရင်အမျိုးသားထုတစ်ရပ်လုံးနှင့်အတူ ထပ်တူထပ်မျှခံစားရပါကြောင်း ကြေညာအပ်ပါသည်။

အစအဆုံး..ကြည့်ချင် ရင်...

အနှစ်ချုပ်..သာ.....

ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာသည် အမည်မသိ လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံရသဖြင့် ယနေ့ မွန်းလွဲတွင် သေဆုံးသွားခဲ့သည်။

ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

စစ်အာဏာရှင်ကို အပြီးသတ်ဖြုတ်ချတိုက်ပွဲဝင်ကြ




ကျွန်တော်တို့အားလုံးသည် တနေ့တွင် ခေါင်းဆောင်သူ၊ ခေါင်းဆောင်မှု စသည်တို့ကို မမျှော်ကိုးရသည့် အခြေအနေရောက်ခါ ကျွန် တော်တို့အားလုံးလိုပင် သူရဲကောင်းများ ဖြစ်လာသည်အထိ ကြိုးစားအားထုတ်ကြရပေလိမ့်မည်။

ဗိုလ်ချုပ်အောင်ဆန်း

ပြည်သူလူထု တရပ်လုံးနှင့် ရဲ ဘော်ရဲဘက် အပေါင်းတို့ 

၂၀၀၈ ခု ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့၉၃ နှစ်မြောက်မွေး နေ့  ကျရောက်ပြီ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အချက်က လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော် က ဗိုလ်ချုပ်မျှော်လင့် ခဲ့တဲ့ လူ့ ဘောင်လူ့ လောက ကို ဒီနေ့ ဒီအချိန်အထိ ကျနော်တို့  မတည် ဆောက် နိုင်သေးပါဘူး။ လက်ရှိအနေ အထားမှာ စစ်အုပ်စု ကလဲ ရွေးကောက်ပွဲ ဆိုတဲ့တောဆင်ကြီးကို နောက်တစ်ကြိမ် လက်ညိုးထိုးပြပြီး အပိုင်ပေးမယ်ပြော လိုက်ပြန်ပါပြီ။ လာမဲ့ မေလမှာ ဆန္ဒခံယူပွဲလုပ်မှာ ဖြစ်ပြီး၊ ၂၀၁၀ မှာ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်တဲ့ အကြောင်း တရာဝင် ကြေငြာလိုက်တာဟာ ၄င်းတို့ရဲ့အာဏာလက်မလွတ်ရေး လမ်းကြောင်းကု ဆက်လက်ဆွဲကိုင်ထား မှာဖြစ်ကြောင်း ပြည်သူလူထုကို တရားဝင်အသိ ပေး စိန်ခေါ်လိုက် တာဖြစ်တယ်။ စစ်အုပ်စုရဲ့မစားရဝခမန်း ကတိအမျိုးမျိးအောက်မှာ ကောင်းသော မျှော်လင့်ချက် တွေနဲ့  ပြည်သူတစ်ရပ်လုံး နေထိုင်ခဲ့တာ လာမယ့် စက်တင်ဘာ ဆိုရင် နှစ်ပေါင်း (၂၀) တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဆီက တစ်နှစ်အတွင်း လွတ်လပ်ရေး ရအောင် ယူမယ်လို့ဗိုလ်ချုပ်ဟာ တိုင်းပြည်ကို ကတိပေးပြီးတဲ့အခါ မှာ “အကောင်းဆုံးကို မျှော်လင့်ရင် အဆိုးဆုံးကို ပြင်ဆင်ထားကြပါ” ဆိုတဲ့ကတိစကား ကို ပြည်သူ ထံပါးခဲ့ပါတယ်။ အခုဒီစကားကို ကျွန်ုပ်တို့ နောက်တစ်ခါပြန်ကြားရပြန်ပါပြီ။ အဓိပ္ပါယ် ကတော့ ကျွန်ုပ်တို့ ဟာ မကြာခင်မှာ နောက်ဆုံးတိုက်ပွဲ တစ်ခုကို မလွဲမသွေ ရင်ဆိုင်ရတော့ မယ် ဆိုတာပါပဲ။ ဒါကြောင့် ပြည်သူလူထု တစ်ရပ်လုံး အနေနဲ့ဗိုလ်ချုပ်ရဲ့မွေးနေ့ အခါမှာ ဗိုလ်ချုပ်ဖြစ်စေ့ချင်တဲ့လူ့ဘောင်ကို ကျွန်ုပ်တို့ လက်တွေနဲ့  တည်ဆောက်ဖို့  သွားလေသူ ဗိုလ်ချုပ်ကို ကတိပေးကြရင်း၊ စစ်အာဏာရှင်ကို အပြီးသတ်ဖြုတ်ချတိုက်ပွဲ ဝင်ဖို့အသီးသီး ပြင်ဆင်နိုင်ရန် တိုက်တွန်းလိုက်ပါတယ်။

OBP ပြည်ပရောက် မျိုးချစ်မြန်မာများ(စင်္ကာပူ)


အပြည့်အစုံဖတ်လိုလျှင်

ကျွန်တော်၏ သဘောထား

၉.၂.၂၀၀၈ တွင် စစ်အစိုးရ ထုတ်ပြန်ကြေငြာချက် ဖြစ်သည့် ယခုနှစ် မေလတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နှင့် ပတ်သက်၍ ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်မည် ဆို သည်နှင့် ပက်သက်၍ ကျွန်တော်၏ သဘောထားကို ယခုပင် ပြတ်ပြတ်သားသား ထုတ်ဖော်လိုက်သည်။ စစ်အစိုးရ၏ လမ်းပြမြေပုံ(၇)ချက်ကို လုံးဝကန့်ကွက် ဆန့်ကျင် ရှုံ့ချ ကြောင်း ရဲဝန့်စွာ တုံ့ပြန်လိုက်သည်။

၂၀၁၀ ခုနှစ်တွင် လုပ်မည့် ရွေးကောက်ပွဲ ကို စိတ်လည်းမ၀င်စား၊ ၂၀၀၈ အတွင်း လွတ်မြောက်ရေးကိုသာ ဦးထိပ်ထားသည်။

ပုံ-

54freedom

အပြည့်အစုံဖတ်လိုလျှင်