စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, May 15, 2008

အာဏာရှင်တုန်လှုပ်သော ၂၀၀၈ တဘောင်

အာဏာရှင်တုန်လှုပ်သော ၂၀၀၈ တဘောင်ကျွန်မဟာ ဗေဒင်တွေ ယတြာတွေကို အပြည့်အ၀ယုံကြည်သူမဟုတ်သလို ၊ လုံးဝ မယုံကြည်သူလည်း မဟုတ်ပါ။ အပြည့်အ၀မဟုတ်သည့်တိုင် အထိုက်အလျောက်တော့ ယုံကြည်မှုရှိပါသည်။ နအဖစစ်အာဏာရှင်များ၏ ယုတ်မာရိုင်းစိုင်းလွန်းသော လုပ်ရပ်များနောက်ကွယ်မှာ ယနေ့ထိတိုင် ထိုလူများ ထိုင်ခုံပေါ်တွင် မလှုပ်တလှုပ်ထိုင်နေနိုင်ခြင်းမှာ မတရားသော အောက်လမ်း ၊ ဗေဒင်ယတြာအတတ်ပညာများအချို့ ပါဝင်နေသည်ဆိုတာကိုတော့ လက်ခံထားပါသည်။လွန်ခဲ့သောရက်ပိုင်းခန့်က အတွင်းလူများထံမှ တိကျသော သတင်းတစ်ခုကို ကျွန်မ လက်ခံရရှိခဲ့ပါတယ်။ စစ်အာဏာရှင် ဦးသန်းရွှေကြီးဟာ သူ့ရဲ့နေ၀င်ချိန်တစ်ခုဖြစ်နိုင်တဲ့ တဘောင်ကို သိရှိပြီးချိန်မှာ ယခုလို ကယ်ဆယ်ရေးအဖွဲ့များကို ပိုမိုဝင်ခွင့်မပေးခြင်းဖြစ်ပါတယ်။ ဦးသန်းရွှေကြီးကို ဟောကြားထားသော အကြောင်းအရာမှာ `အနောက်နိုင်ငံသား အဖြူစစ်သားတစ်ယောက်ဟာ စစ်ဝတ်စုံအပြည့်နဲ့ လက်ရှိအချိန်မှာ မြန်မာနိုင်ငံမြို့တော်အတွင်းကို ခြေချပြီး ရောက်ရှိလာခဲ့ရင် .. လက်ရှိစစ်အာဏာရှင်တို့၏ နေ၀င်ချိန်ရောက်ရှိပြီ´ဟု ဖြစ်ပါတယ်။ ကာကွယ်မှုအနေနဲ့ ပြန်လည်ယတြာချေမရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေကို မြန်မာပြည်မြို့နယ်များသို့ လုံးဝ ၀င်ခွင့်မပေးတာပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ အနောက်နိုင်ငံတွေဘက်မှ မြန်မာပြည်ကို ကိုယ်တိုင်လာရောက် အလွန်အကျွံကူညီချင်နေတာဟာ စစ်အာဏာရှင်အတွက် ထိတ်လန့်ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်နေပါတယ် .. ။ ယခုအချိန်မှာ ပြည်သူလူထုကို သေချာကူညီနိုင်ဖို့က ပထမအချက်ဖြစ်ပါတယ်။ နိုင်ငံရေးတွေ မပါပေမယ့် ပါသင့်သလောက်လည်း တွဲပါသွားရမှာပါ။ မုန်တိုင်းဆိုတာ စစ်အာဏာရှင်လုပ်လို့ တိုက်ခတ်လာတာမဟုတ်ပေမယ့် ယခုကဲ့သို့ သေဆုံးသူများ တစတစ ပိုမိုများပြားနေတာ ၊ လိုအပ်သော ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ခဲ့တာ ၊ နိုင်ငံတကာအကူညီတွေ လက်မခံတာ ၊ ငတ်ပြတ်နေသော ပြည်သူလူထုကို ထိရောက်စွာ အမှန်တကယ်ကူညီမှုမပေးတာ ... အစရှိသောအချက်များဟာ လူမှုရေးအနေနဲ့ အင်မတန်စိတ်ထိခိုက်နာကျင်မှုဖြစ်မိသလို နိုင်ငံရေးအရလည်း အာဏာရှင်ဘက်မှ ကြောက်ရွံ့မှုတွေကြောင့် ဖြစ်ပါတယ်။ယနေ့အချိန်အခါမှာ အနောက်နိုင်ငံ ကယ်ဆယ်ရေးလူတွေဟာ မြန်မာပြည်ကို သွားဖို့ စိတ်အားထက်သန်နေပါတယ်။ မြန်မာပြည်သူလူထု လိုအပ်နေသော အကူညီရဖို့အတွက်ရော ၊ နိုင်ငံရေးအနေနဲ့ တဘောင်ကို ကြောက်ရွံ့တုန်လှုပ်ကာကွယ်နေသော စစ်အာဏာရှင် နေ၀င်ချိန်ရောက်ဖို့အတွက်ရော ... ကယ်ဆယ်ရေးအဖွဲ့တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မြန်မာပြည်ထဲရောက်သွားအောင် ကျွန်မတို့ ပြည်ပရောက်မြန်မာများအားလုံး တစ်ချက်ခုတ်နှစ်ချက်ပြတ် အစွမ်းကုန်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ဒီခေတ်ဒီအချိန်ခါကြီးထဲမှာ မယုံကြည်သူနဲ့ ယုံကြည်သူ ရောနေမှာလည်း ကျွန်မ နားလည်ထားပါတယ်။ စစ်အာဏာရှင်ဟာ နေပြည်တော်မှာ ညီလာခံတက်ရင် ရှေးခတ်ဘုရင့်ဝတ်စုံဝတ်တာ ၊ ဘုရားပေါ်မှာ ၀က်ဆွဲပြီး လမ်းလျှောက်တာ ... ထိုကဲ့သို့လုပ်ရပ်မျိုးတွေကို လုပ်နေခြင်းမှာ သွက်သွက်ခါအောင်ရူးသွား၍ လုပ်နေခြင်းမဟုတ်။ စိတ်ဖောက်ပြန်နေခြင်းလည်းမဟုတ်။ တွက်ချက်လေ့လာပြီး အာဏာရှင်များကိုးကွယ်သော ဆရာကြီးများစကားအတိုင်း အာဏာတည်မြဲအောင် မကောင်းသောနည်းလမ်းများဖြင့် လုပ်နေကြခြင်းသာဖြစ်ပါတယ်။ပြင်ပလောကမှာ ကျွန်မထက်အများကြီး ပိုစွမ်းဆောင်နိုင်တဲ့လူများစွာ ရှိကြတာမို့ စစ်အာဏာရှင် ကြောက်ရွံ့နေတဲ့ လက်ရှိဟောကြားခြင်းခံထားရသော တဘောင်ကို မဖြစ်ဖြစ်အောင် ကျေးဇူးပြုပြီး အစွမ်းကုန်ကြိုးစားပေးကြပါလို့ ကျွန်မတောင်းဆိုတိုက်တွန်းလိုပါတယ်။ ဒီအချိန်မှာပဲ အနောက်နိုင်ငံသားတွေဟာ မြန်မာပြည်ကိုသွားရောက်ကူညီဖို့ စိတ်အားအထက်သန်ဆုံးအချိန်လည်း ဖြစ်နေတာမို့ အခြေအနေလိုက်လျောညီထွေချိန်လို့ သတ်မှတ်လို့ရပါတယ်။ ဒီသတင်းကို ကျေးဇူးပြုပြီး လက်ဆင့်ကမ်းဖြန့်ပေးကြဖို့လည်း တောင်းဆိုလိုပါတယ်။ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို မျိုးစုံသောဒုက္ခတွေနဲ့ နှိပ်စက်ညှင်းပန်းနေတဲ့ ဒီစစ်အာဏာရှင်အုပ်စု အမျိုးပါပြုတ်သွားအောင် ဖြုတ်ရမှာပါ။ ပြည်သူလူထုဟာ ဘာမဟုတ်တဲ့ ကြံ့ဖွတ်တွေရဲ့ အနိုင်ကျင့်မှု ၊ ဒုက္ခပေးမှုတွေကို လူပါးဝစွာ ခံနေရပါတယ်။ ဒါတွေကိုမြင်ရတဲ့ ကျွန်မနှလုံးသားဟာ အင်မတန် နာကျင်မှုဖြစ်ရပါတယ်။ ကျွန်မတို့ ပြည်သူလူထုဟာ ကမ္ဘာမှာ ဒုက္ခအရောက်ဆုံး ၊ သနားစရာအကောင်းဆုံး ဘ၀ကို လုံးလုံးရောက်ရှိနေခဲ့ပါပြီ .. ။ မြန်မာဆိုတာ ဗမာဆိုပြီး ပြန်လည်ခေါင်းမော့လာဖို့ ၊ လူတန်းစားအားလုံး စားဝတ်နေရေးအဆင်ပြေစေဖို့အတွက် စစ်အာဏာရှင်စနစ်ဆိုတာ လုံးဝပျောက်ကွယ်မှပဲ ဖြစ်မှာပါ .. ။အာဏာရှင်၏ဆရာကြီးများ


ဟောကြားလိုက်သော တဘောင်

`အနောက်နိုင်ငံသားစစ်စစ် အဖြူစစ်သားတစ်ယောက်ဟာ စစ်ဝတ်စုံအပြည့်နဲ့ လက်ရှိအချိန်ကာလအတွင်း ၂၀၀၈မှာ မြန်မာနိုင်ငံမြို့တော်အတွင်းကို ခြေချရောက်ရှိလာခဲ့ရင် .... စစ်အာဏာရှင်များ ဘုန်းကံရော ၊ ရှိသမျှ အဆောင်အယောင် အာဏာများအားလုံး ကျဆင်းပြီး နေ၀င်ချိန် ရောက်ကိုရောက်ရလိမ့်မယ် ........ ´


လင်းလက်ကြယ်စင် ဘလော့ဂ်မှ ကူးယူဖော်ပြပါသည်။

No comments: