နေသွင်
တနင်္လာနေ့၊ ဇွန်လ 09 2008 17:56 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ဌာနပိုင်ငွေ ပျောက်ဆုံးမှုကို စုံစမ်းရာမှ မြို့နယ် အေးချမ်းသာယာရေး ရုံးစောင့်၏ နေအိမ်တွင် လေဘေး ကယ်ဆယ်ရေး ပစ္စည်းများ တွေ့သည်ဆိုသော အမှုတခု ခရမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ အပြောအရ သိရသည်။ရန်ကုန်တိုင်း ခရမ်းမြို့နယ် အတွင်းရေးမှူး၏ ရုံးခန်းမှ ငွေကျပ် (၁၇) သိန်း ပျောက်ဆုံးသွားသဖြင့် မေလ ၂၇ ရက်နေ့က ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့၍ ရဲက မယက ရုံးစောင့်ဖြစ်သူ ကိုအေးလှိုင်၏ နေအိမ်ကို ရှောင်တခင် ဝင်ရောက် ရှာဖွေရာမှ နိုင်ငံရပ်ခြားမှ နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် လှူတန်းထားသော ကယ်ဆယ်ရေး ပစ္စည်းများကို ဖမ်းမိခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။ဖမ်းမိသော ပစ္စည်းများမှာ သေတ္တာ၊ ရေစိုခံဓာတ်မီး၊ ရေစိုးခံမီးခြစ်၊ ခြင်ထောင် စသော ရေဘေး ကယ်ဆယ်ရေး ပစ္စည်များ ဖြစ်သည်။ကိုအေးလှိုင်သည် မယက ဥက္ကဌ ဦးလှသောင်း၏ လူယုံဟု မြို့တွင် လူသိများကြသည်။ယခု ပျောက်ဆုံးသွားသော ငွေမှာ မိုဘိုင်းဖုန်း လျှောက်သူများထံမှ မယက ရန်ပုံငွေအဖြစ် လျှောက်လွှာ တစောင်လျှင် တသိန်းခွဲနှင့် (၄၉) လုံးစာ ကောက်ခံထားသော (၇၃) သိန်းခွဲထဲမှ တချို့တဝက် ဖြစ်သည်ဟု အတွင်းလူများက ပြောသည်။“ပထမ (၅) သိန်းပျောက်၊ နောက်တခါ (၁ဝ) သိန်းတခါ ပျောက်တယ်။ အဲဒီတုန်း ကတော့ ဖုံးဖိပြီးတော့ ရှင်းလိုက်တာပေါ့။ (၁၇) သိန်းကျတော့ မဖုံးနိုင်မဖိနိုင် ဖြစ်တာက တကြောင်း၊ ပေါ်ပြီး ဆိုပါတော့ဗျာ။ အခု အဲလိုဖြစ်တော့ ညောင်မြစ်တူးတာ ပုတ်သင်ဥတွေ ပေါ်တာပေါ့ဗျာ” ဟု ပြောသည်။
Monday, June 9, 2008
လေဘေးကယ်ဆယ်ရေး ပစ္စည်းများ မယက ရုံးစောင့် အိမ်တွင် ရောက်နေ
Posted by
54freedom
at
10:16 PM
Labels: ပြည်တွင်း သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment