NEJ/ ၂၄ မေ ၂၀၀၈
မေ (၂၄) ယနေ့ ပြုလုပ်မည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် လှိုင်သာယာမြို့နယ်တွင် ကြိုတင် ဆန္ဒမဲများကို လက်ဖက်ရည်ဆိုင်များအထိ လိုက်လံကောက်ခံခဲ့သည်။
ကြိုတင်ဆန္ဒမဲယူခြင်းကို လှိုင်သာယာမြို့နယ်၊ (၉) ရပ်ကွက်၊ ရယကရုံးအနီးရှိ လက်ဖက်ရည်ဆိုင် များတွင် မေ (၂၁) ကတည်းက ပြုလုပ်ခဲ့ကြောင်း၊ မဲပေးသူအများစုက ပေါ်ပေါ်တင်တင် ကန့် ကွက်မဲပေးခဲ့ကြကြောင်း ရယက အဖွဲ့ဝင်တဦးက ပြောသည်။
မဲပေးသူများက ကန့်ကွက်မဲပေးခဲ့သော်လည်း ၎င်းတို့နောက်ကွယ်တွင် ထောက်ခံမဲများသာ ဖြစ် သွားမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရုံးအဖွဲ့အစည်းများတွင် အမှတ်အသားပြုလုပ်ခြင်း လုံးဝမရှိသေးသည့် ဆန္ဒမဲလက်မှတ်များ ထားရှိကြောင်း၊ ယင်းလက်မှတ်များကို ထောက်ခံမဲ အမှတ်အသားဖြင့် သက်ဆိုင်ရာအာဏာပိုင်များက ၎င်းတို့စိတ်ကြိုက်ပြုလုပ်ပြီး မဲရုံမှူးထံ အပ်နှံ သွားရန် စီစဉ်ထားကြောင်း ကြိုတင်မဲထည့်သူတဦးက ပြောသည်။
၎င်းက “ကျနော်တို့က ရယကအဖွဲ့ဝင်တွေနဲ့ ရင်းနှီးနေတော့ ကြိုတင်မဲ (၆၃) မဲ လိုတယ်ပြောလို့ ပေးလိုက်တာ။ အမှားပဲခြစ်ပေးလိုက်တယ်။ ဒါပေမယ့် မဲလက်မှတ်မှာ မဲရုံမှူးလက်မှတ် မပါဘူး။ အဲဒါက သူတို့ပြန်ပြင်လို့ရတယ်ဆိုတဲ့ သဘောပေါ့ဗျာ” ဟု ပြောသည်။
ရယကအဖွဲ့ဝင်များက ယခုကဲ့သို့ ကြိုတင်ဆန္ဒမဲများ အပူတပြင်း လိုက်လံကောက်ခံခဲ့ခြင်းမှာ သက်ဆိုင်ရာမဲရုံမှူးများအား ကြိုတင်မဲအရေအတွက် မည်မျှရရှိရမည်ဟု အထက်မှညွှန်ကြား ထားသည့်အတွက်ကြောင့် ဖြစ်သည်ဟု သိရှိရသည်။ ။
Sunday, May 25, 2008
လက်ဖက်ရည်ဆိုင်များထိ ဆန္ဒမဲကောက်ခံ
Posted by
54freedom
at
8:11 AM
Labels: ပြည်တွင်း သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment