ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:08 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အန်အယ်ဒီ အဖွဲ့ဝင် ၃ဝ ခန့်ကို ယမန်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြန်သည်။ ၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပါတီရုံးချုပ်မှ လမ်းလျှောက် ချီတက်သွားသည့် ပါတီလူငယ် ၁၈ ဦးကို ယမန်နေ့ နေ့ခင်းပိုင်းတွင် ဖမ်းဆီးပြီးနောက် ညပိုင်းတွင်မူ လူဦးရေ ၃ဝ ခန့်ကို လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မနေ့ညက ပြန်လာဆွဲတာ ဦးကြည်လွင် (တောင်ဒဂုံ) တယောက်ပဲ သိသေးတယ်။ သူက အဖွဲ့ဝင်ပါ။ မနေ့ ၁၈ ယောက် အပါအဝင် ၅ဝ ကျော် ရှိသွားပြီလို့ ပြောတယ်။ ကျနော့် အသိတယောက်က ကျနော်တို့ကို ပြောတယ်” ဟု အဖွဲ့ချုပ် လူငယ်ပြန်ကြားရေးမှ ကိုနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။ သူက မည်သည့် မြို့နယ်များက ပါတီများ ဖြစ်ကြောင်း အသေးစိတ် ပြောဆိုခြင်း မရှိဘဲ အတည်ပြုနိုင်ရန် ဆက်လက်၍ စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။ “မနေ့ညက ရဲအထူးသတင်း တပ်ဖွဲ့ရယ်၊ နယ်မြေခံရဲရယ်၊ ရယက ရယ်က လာဖမ်းတာ။ ဦးကြည်လွင်ရဲ့ နေအိမ်မှာ လာဖမ်းတယ်၊ တောင်ဒဂုံမှာပါ” ဟု တောင်ဒဂုံ ရဲသတင်း ရပ်ကွက်တခုက ပြောသည်။ ကိုနိုင်ငံလင်းက “ကျနော်တို့ ကြားတာကတော့ ဓာတ်ပုံတွေ ကြည့်ပြီး လိုက်ဖမ်းတယ်။ ကျနော်ထင်တာကတော့ မနေ့က ဆန္ဒပြတဲ့ လူတွေကို ကျနော်တို့ ရုံးရှေ့မှာ လာရိုက်တယ်လေ၊ ထောက်လှမ်းရေးတွေပေါ့။ အဲဒီအချိန်မှာ ဆန္ဒပြတဲ့ လူတွေနဲ့ ကပ်ပြီး ဘေးမှာ ရပ်တာတို့ ဖြစ်နိုင်တယ်။ သူတို့ကိုယ်တိုင် လုပ်တဲ့လူ ဖြစ်ချင်မှ ဖြစ်မယ်။ သူတို့ သံသယရှိတဲ့ လူတွေကိုပေါ့” ဟု ပြောသည်။ အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အန်ကယ် တခြားမကြားရသေးဘူး။ မနေ့ကတော့ ၁၈ ယောက် ဖမ်းသွားတယ်။ နောက်ထပ်တော့ သတင်းမကြားသေးဘူး။ အခုထိ ပြန်လွတ်လာတာလည်း မရှိသေးဘူး။ အသက် ၁၂ နှစ်အရွယ်ကလေးလည်း ပါသွားတယ်။ ဘာဆက်လုပ်ရမလဲဆိုတာတော့ မသိသေးဘူး။ သူတို့ကို ဘယ်နေရာ ဘယ်လိုအရေးယူမလဲဆိုတာ မသိရသေးပါဘူး” ဟု ပြောသည်။ ယမန်နေ့ နေ့ခင်းပိုင်းက ကိုထွန်းထွန်းဝင်း (လူငယ်တာဝန်ခံ - ၁ ၊ စမ်းချောင်း)၊ ကိုရန်နိုင်ထွန်း (တာဝန်ခံ - ၁ ၊ ကြည့်မြင်တိုင်)၊ ကိုထက်စိုးဝင်း (တာဝန်ခံ ၁ ၊ ဒလ)၊ ကိုကျော်မျိုးနိုင် (လူငယ်တာဝန်ခံ ၂ ၊ တာမွေ)၊ ကိုပြည့်ပြည့် (အဖွဲ့ဝင် ၊ စမ်းချောင်း)၊ ကိုစောပြည့်ဖြိုးအောင် (အဖွဲ့ဝင် ၊ ဒလ)၊ ကိုဖြိုးကိုနိုင် (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မထက်ထက်ဦးဝေ (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မောင်ရဲရင့်မင်းထက်ဦး (မထက်ထက်ဦးဝေ၏ သား - ၁၂ နှစ်)၊ ဦးအောင်ဖေ (အဖွဲ့ဝင် ၊ တွံတေး)၊ ကိုမောင်စန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုကျော်နိုင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ကိုမိုးကျော်ဇင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုသက်နိုင်ထွန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုလှမျိုးနိုင် (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ)နှင့် ထွန်းဝင်းသိန်း (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ) ဖြစ်သည်။ ကျန်ရှိသည့် ၂ ဦး၏ အမည်စာရင်းကို မသိရသေးပါ။ ပါတီလူငယ် ၂၄ ဦးက ရုံးချုပ်ရှေ့တွင် ‘ဒေါ်အောင်ဆန်းစုကြည် ... ချက်ခြင်းလွှတ်၊ ချက်ခြင်းလွှတ်’၊ လေဘေးဒုက္ခသည်များအတွက် ‘နိုင်ငံတကာ အကူအညီ ... ချက်ခြင်းပေး၊ ချက်ခြင်းပေး’ ကြွေးကြော်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ် ရပ်သာလမ်းသို့ ချီတက်သွားရာ ကမ္ဘာအေးဘုရားအနီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာနားတွင် အာဏာပိုင်များက ဒိုင်နာကားများနှင့် တင်ဆောင်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ သူတို့အနက် အချို့မှာ ထွက်ပြေး လွတ်မြောက်သွားသည်။ နေအိမ် အကျယ်ချုပ် သက်တမ်း ၅ ပြည့်ပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ၆ လ သက်တမ်း ပြန်တိုးလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အစိုးရ သတင်းရပ်ကွက် တခုကမူ တနှစ် သက်တမ်းတိုးသည်ဟု ပြောဆိုသည်။ သို့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Rest of your post
Thursday, May 29, 2008
အဖွဲ့ချုပ်ဝင် ၃ဝ ခန့် ထပ်မံ ဖမ်းဆီးခံရ
Posted by
54freedom
at
7:18 AM
Labels: ပြည်တွင်း သတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment