စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, March 7, 2008

နောက်တစ်ခါလာပြန်ပြီဟေ့……… ဟေ…….. ဟေ ……….၀ါး……

နောက်တစ်ခါလာပြန်ပြီဟေ့……… ဟေ…….. ဟေ ……….၀ါး……

(N.S.D)

မကြွားဘူးထင်လျှင် အဖြစ်အပျက် အလွန်တိုက်ဆိုင်နေသည့် အတွက် NSD အဘိုး ဦးဘခင် အကြောင်းနဲ့စချင်ပါသည် ။ အဘိုးသည် တောသားစစ်စစ်ကြီး တစ်ယောက်အဖြစ်မှ ရွှေတိဂုံဂေါပက ဥက္ကဌ ဖြစ်ခဲ့သည် ။ ကျနော်ပြောလိုသော အကြောင်းမှာ ရွှေတိဂုံ ဂေါပက ဥက္ကဌ ဘ၀ဦးဘခင် ( သို့-ဦးဘခင် ) နှင့်မဆိုင်ပါ ။ အညာသား ၊ ကျေးလက်လူငယ်လေး ဘ၀က မောင်ဘခင်အကြောင်းသာဖြစ်ပါသည် ။

မောင်ဘခင်သည် အားကစားလိုက်စားပြီး ကာယဗလ နှင့်ပြည့်စုံကာ မြန်မာ့လက်ဝှေ့ ပညာနှင့် ရှမ်းရိုးရာလက်ဝှေ့ ပညာပါတက်ကျွမ်းသူ တစ်ယောက်ဖြစ်ပါသည် ။ ထိုအချိန်က ဂျပန်တွေ မြန်မာပြည်တွင်း ကထွက်ပြေးလုလုကာလ ဖြစ်သည် ။ တစ်ညနေ မောင်ဘခင်နှင့် ကာလသား လူငယ်တစ်ချို့ ကာယဗလ လေ့ကျင့်နေစဉ် ရွာထဲသို့ ဂျပန်စစ်တပ်ရောက်လာခဲ့ သည်။ မောင်ဘခင် တို့အုပ်စုလည်း မပြေးသာ ၊ မပုန်းသာ ဂျပန်စစ်တပ်နှင့် ပက်ပင်းတိုးမိ တော့သည် ။ ကံကောင်းသည်ဟု ဆိုရပါမည် ၊ ထိုနေ့က ဂျပန်စစ်ဗိုလ်က စိတ်ကောင်းဝင်ကာ မည်သူ့ကိုမျှ ရိုက်လားနှက်လား မလုပ်ခဲ့ပါ ။ သို့သော် မောင်ဘခင်ကို လက်ညိုးထိုးကာ “ Burma , မင်းနဲ့ငါနပန်းလုံးမယ် ” ဟုစိန်ခေါ်လာသည် ။

မောင်ဘခင် ဒုက္ခတွေ့ရသည် ။ ဂျပန်စစ်ဗိုလ် နှင့်နပန်းလုံးရခြင်းသည် ရှုံးလည်းမသက်သာ ၊ နိုင်လည်းမသက်သာ ဖြစ်သည်။ ထို့ကြောင့် နပန်းမလုံးလိုကြောင်း ရိုရိုကျိုးကျိုး တောင်းပန်ရှာသည် ။ သို့သော် မရပါ ၊ နပန်းမလုံးလျှင် အိမ်မပြန်ရဟု ခြိမ်းခြောက် လာခဲ့သည် ။ မောင်ဘခင်အတွက် No choice ဖြစ်သွားပါတော့သည် ၊ ပွဲကြည့်ပရိသတ်က ဂျပန်စစ်သားများနှင့် ကာလသားလူငယ်များ ဖြစ်ကြသည်ဟုဆိုပါသည် ။

ပထမအချီ……………

မြန်မာ့ရိုးရာ သိုင်းကျွမ်းကျင်သော မောင်ဘခင်က ဂျပန်စစ်ဗိုလ်ကို ကိုင်ပေါက်ချလိုက်သည် ။ ဂျပန်စစ်ဗိုလ် မျက်နှာ “ ရဲ ↔ ကနဲဖြစ်သွားသည် ။

ဒုတိယအချီ…………….

ရှေးနည်းအတိုင်းပင်ဖြစ်သည် ။

အချီပေါင်းများစွာ မောင်ဘခင်ကကိုင်ပေါက်နေသည့် အတွက် ဂျပန်ငပုကရှုံးမဲမဲ ပါတော့သည်။ မောင်ဘခင်ကိုအိမ်ပြန်ခွင့် မပေးတော့ပေ ။

နောက်ဆုံး မောင်ဘခင်အကြံတစ်ခု ရလိုက်သည် ။ ထိုအကြံမှာ ငါမသိမသာနဲ့ အရှုံးပေးလိုက်မှ အိမ်ပြန်ထမင်းစား ခွင့်ရတော့မည်ဟူ ပင်ဖြစ်သည် ။ ထို့ကြောင့် နောက်ဆုံး အချီ မသိမသာဖြင့် အလျှော့ပေးကာ ဂျပန်ငပု ကိုင်ပေါက်တာ ကိုခံလိုက်ရှာတော့သည် ။ ထိုအခါဂျပန်ငပုက ………

Burma, မင်းကသန်ပေမဲ့ မာစတာလောက်သက်လုံမကောင်းဘူး ” ဟူသတည်း ။

ကျွန်တော်ဘာကြောင့် အဖြစ်အပျက်ကို ပြောပြနေရသည်ကို တစ်ချို့ သဘောပေါက် လောက်ပြီထင်ပါသည် ။

ကျွန်တော်တို့ ပြည်သူလူထုကြီး ( တိုင်းရင်းသားညီအကိုများအားလုံး ) သည် န.အ.ဖ စစ်အစိုးရနှင့် နပန်းလုံးနေကြရပါသည် ။ ရှောင်လွှဲ လည်းမရကြပါ ။ ၁၉၉၀ ခုနှစ်က န.အ.ဖ ငပုကို “ ဘုန်း ↔ကနဲမည်အောင် ဒေါ်စု ၊ ပြည်သူလူထုနှင့် NLD ကကိုင်ပေါက်ခဲ့ကြပြီး ဖြစ်ပါသည် ။ နိုင်မည် ထင်ခဲ့သော န.အ.ဖ မျက်နှာ “ ရဲ ” ကနဲ အရှက်ရသွားခဲ့ပါသည် ။ သို့သော် ကျနော်တို့ကိုအိမ်ပြန် ထမင်းစားခွင့် မပေးခဲ့ပါ ။ ယခု ကျနော်တို့ ထမင်းဆာလှပြီ ဖြစ်ပါသည် ။

ယခု ဒုတိယအချီ……စိန်ခေါ်လာပြန်ပါပြီ ။ ၂၀၁၀ ခု ၊ န.အ.ဖ ငပုနှင့် အားကောင်းမောင်းသန် လူထုနပန်းပွဲ ၊ မယုတ်မာ ၊ မကောက်ကျစ်ဘူးဆိုလျှင် ငပုကိုလူထုကြီးက “ ဘုန်း ↔ကနဲကိုင်ပေါက်လိုက်ဦးမှာ သေချာပါသည် ။ ပြည်သူလူထုကြီး တစ်ရပ်လုံး သတိပြုရမည်မှာ ကျနော်တို့က ငပုကိုကိုင်ပေါက်လိုက်လျှင် တတိယအချီထပ်ပြီး နပန်းလုံး ရဦးမည်မှာ သေချာလှပါသည် ။ န.အ.ဖ သည် သူတို့ မနိုင်မချင်း ဆက်ကာဆက်ကာ စိန်ခေါ်နေဦးမည် ဖြစ်ပါသည် ။ ထို န.အ.ဖ သံသရာသည် ဆုံးတော့မည် မဟုတ်ပါ ။ ရိုးရိုးပြောရလျှင် န.အ.ဖ နှင့်ယှဉ်ပြီး ကျနော်တို့ နပန်းမလုံးချင်ပါ ။ သို့ဆိုလျှင် ကျနော်တို့ ဘာလုပ်ကြရမည်နည်း ။

မောင်ဘခင်လို အိမ်ပြန်ထမင်းစားဖို့ အရှုံးပေးလိုက်ရတော့မည်လား ။

မဖြစ်နိုင်ပါ ။ အရှုံးပေးလိုက်လျှင် အိမ်မှာပင် ထမင်းမရှိနိုင်တော့ပါ ။ ၂၀၁၀ ခု၊ ဒုတိယ အချီ ကိုလက်ခံလိုက်လျှင် တတိယအချီ ဆက်လက် နပန်းလုံးနေရဦးမည် ကလည်းသေချာလှပါသည် ။ မသိမသာ နဲ့ အရှုံးပေးလိုက်ဖို့ ကလည်းမဖြစ်နိုင်ပါ ။ ထို့ကြောင့် ကျနော်တို့ လူထုအနေနဲ့ လုပ်စရာဆိုလို့ ၂၀၁၀ ခုဒုတိယ အချီကိုရော ၊ ဒုတိယအချီမတိုင်မှီ ၂၀၀၈ ခု ၊ မေလ ( ရက်အတိအကျမသိရပါ ) အကြိုပြင်ဆင်မှုကိုရော ပြတ်ပြတ်သားသား ကန့်ကွက် ဆန္ဒပြကြရန်သာ ဖြစ်ပါတော့သည် ။

ပထမအချီ “ ဘုန်း ” ကနဲကိုင်ပေါက်တာခံခဲ့ ရသော န.အ.ဖ သည်အစွမ်းကုန် ကောက်ကျစ် ယုတ်မာမှုတို့ဖြင့် ဒုတိယ အချီအတွက် ပြင်ဆင်ထားပါလိမ့်မည် ။ သူတို့များ မပြောကောင်း မဆိုကောင်း နိုင်သွားခဲ့လျှင် “ မာစတာက သက်လုံပိုကောင်းတယ် ↔ဆိုသည့် စကားများကို သတင်းစာ ၊ ရေဒီယိုများမှ တဆင့် မနက်တိုင်း ကြေညာထုတ်လွှင့် ပါလိမ့်မည် ။

ထိုမျှမကပါ ၊ ယခု အမျိုးသား လွတ်မြောက်ရေး ၊ ဒီမိုကရေစီ ထွန်းကားရေး အတွက် တိုက်ပွဲဝင် ခဲ့ကြသော ဒေါ်စု ၊ ကိုမင်းကိုနိုင်နှင့် အပေါင်းအပါ တို့ကို န.အ.ဖ က မြောင်းထဲ ပစ်ချလိုက်ပါလိမ့်မည် ။ အခြေအနေ ကိုကျနော်တို့လက်မခံနိုင်ပါ ။ သူတို့ နောက်က အမြဲတမ်း ကျနော်တို့ လူထုကြီးရှိနေရပါလိမ့်မည် ။

ထိုအတွက် နိုင်ငံခြားရောက် မြန်မာများ အနေနှင့် အနည်းဆုံး လုပ်နိုင်သော အလုပ်မှာ သဘောမတူကြောင်း လက်မှတ်တွေရေးထိုးပြီး ကုလသမဂ္ဂ ၊ လုံခြုံရေးကောင်စီ နှင့် အဖွဲ့ဝင်နိုင်ငံ များအားလုံးသို့ ပေးပို့ကြရပါမည် ။ စင်ကာပူ ရှိမျိုးချစ် မြန်မာများက ဦးဆောင်လှုပ်ရှားကြပါမည် ။ စာဖတ်သူများအနေနှင့် နိုင်ငံနှင့်လူမျိုးအတွက် လက်မှတ်လေးတစ်ချက်လောက်တော့ ( သူများတွေ အသက်နှင့် ဘ၀ကို ပေးဆပ်နေရချိန် ) ထိုးပေးဖို့ ၀န်မလေးဟု ယုံကြည်ပါသည် ။

ပြည်တွင်းရှိ မြန်မာများအနေနှင့်

၁ ။ Active နည်းဖြင့်ဆန့်ကျင်ခြင်း

၂ ။ Passive နည်းဖြင့်ဆန့်ကျင်ခြင်း

၃ ။ Flexible ပူးသတ်နည်းဖြင့် ဆန့်ကျင်ခြင်း ဟုသုံးမျိုးဆန့်ကျင်နိုင်ပါသည် ။

Active နည်းဖြင့်ဆန့်ကျင်ခြင်း ဆိုသည်မှာ ပေါ်ပေါ်ထင်ထင် လမ်းမပေါ် တက်ကာ သဘောမတူကြောင်း ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်ပါသည် ။ ဦးဆောင်မှုကောင်းကောင်းဖြင့် ပြည်သူလူထု ညီညွတ်လျှင် ဖြစ်နိုင်ပါသည် ။ အထိရောက်ဆုံးလည်း ဖြစ်ပါသည် ။ “ ငါ့မှာက မိသားစုနဲ့ ကလေးတွေနဲ့ စိတ်ရှိတိုင်းမလုပ် နိုင်ဘူး ” ဆိုသူများ ဒေါ်စုကိုအားနာသင့်ပါသည် ။ ဒေါ်စုသီလရှင်မဟုတ်ပါ ။ နိုင်ငံကို ဒီထက်ဆိုးသော မြောင်းထဲသို့ ပစ်မချမှီ ပြည်သူလူထု အနေနဲ့ လုပ်သင့်သော အလုပ်တစ်ခုဖြစ်ပါသည် ။

Passive နည်းဖြင့်ဆန့်ကျင် ခြင်းဟူသည် သူတို့ခေါ်ယူသော ပြည်သူ့ညီလာခံ သို့မတက်ရောက် ပဲအိမ်ထဲမှာနေပြီး ဆန္ဒပြခြင်း ဖြစ်ပါသည် ။ Active မရမှ Passive ကိုကျင့်သုံးသင့် ပါသည် ။ အကြောင်းက Passive နည်းကမထိရောက်သောကြောင့် ဖြစ်ပါသည် ။ မထိရောက်ပုံကိုပြောပြ ခွင့်ပြုပါ ။

ဆိုကြပါစို့ လူထုကြီးသန်းငါးဆယ်က မတက်ရောက်ခဲ့ပါ ၊ သို့သော် န.အ.ဖ လက်ပါးစေ ၂ သန်းကတက်ရောက်သည်ဆိုလျှင်ပင် န.အ.ဖ ကပြောင်ကျကျလိမ်ပြီး လူထုကြီးကလက်ခံကြောင်း ကမ္ဘာကိုမျက်လှည့်ပြသွားနိုင်ပါသည် ။ ကမ္ဘာကယုံမည်တော့ မဟုတ်ပါ ။ သို့သော် Facts နှင့် Belief မတူပါ ။ မယုံသော်လည်း အချက်အလက်ကြောင့် လက်ခံ လိုက်ရတက်ပါသည် ။ ထို့ကြောင့် Passive နည်းသည်မထိရောက်ပါ ။

နံပါတ်( ၃ ) Flexible နည်းဖြင့်ပူးသတ်ခြင်းသည် အကျိုးသက်ရောက်မှုအနည်းဆုံးဖြစ် ပါသည် ။ သည်မှာ လက်ခံသလိုလို ၊ သဘောတူသလိုလို ရေငုံနုတ်ပိတ် နေပြီး နောက်ဆုံး ကန့်ကွက်မဲထည့်ကြဖို့ ဖြစ်ပါသည် ။ အခြေအနေကို အရောက်မခံသင့်ပါ ။ အခြေအနေ ကိုရောက်သွားပြီ ဆိုလျှင် န.အ.ဖ က သုံးပုံနှစ်ပုံ နိုင်ပြီးသွားပြီ ဖြစ်ပါသည် ။ အခြေအနေ မှစတင်လှုပ်ရှားလျှင် ကျနော်တို့က ၂ ဂိုး ၊ ဂိုးမရှိ ရှုံးနေပြီးသား ဖြစ်နေပါသည် ။ သဘာဝ ကျကျတွေးလျှင် နိုင်ဖို့မလွယ်တော့ပါ ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာသိအချက်ကြီး များကိုပင် လိမ်ခဲ့သော န.အ.ဖ အတွက် မဲပုံးတစ်ပုံးထဲက မဲကို အခြားမဲပုံး ထဲထည့်လိုက်ဖို့ ဆိုသောကိစ္စသည် အခွံနွှာထားသော ငှက်ပျောသီးတစ်လုံးလောက်သာရှိပါသည် ။

နံပါတ် ( ၃ ) မှာပင် အကျူံးဝင်သည့် “ ပြည်သူ့ဆန္ဒ ခံယူပွဲ ↔မှသည် “ ပြည်သူ့ဆန္ဒ ပြပွဲ ” အသွင်ဖန်တီးရေးးသည် အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည် ။

အစီအစဉ်တွင် Active နည်းရော Flexible နည်းပါ ပါဝင်နေသည့် အတွက် ပိုမိုလည်း လွယ်ကူပါသည် ။ ကိုယ်ကလူစုစရာမလိုပဲ န.အ.ဖ က လူစုပေးပါလိမ့်မည် ။ ထို့ကြောင့် အကြိမ်ကြိမ် သောရွေးကောက်ပွဲများ အတွက် ပြင်ဆင်မဲ့အစား ဒုတိယအချီ တွင် ပွဲသိမ်းလက်သီး ပစ်သွင်းလိုက်သင့်ပါသည် ။ ထိုပွဲသိမ်းလက်သီးသည်……………

၁ ။ Active နည်းဖြင့်ဆန့်ကျင် ( သို့ )

၂ ။ ပြည်သူ့ဆန္ဒခံယူပွဲကို ပြည်သူ့ဆန္ဒ ပြပွဲ အသွင်ပြောင်းခြင်းဖြစ်ပါသည် ။ ကျနော့် ပုဂ္ဂလိက သဘောအရကတော့ နံပါတ် ( ၁ ) သည် အကောင်းဆုံးဖြစ်ပါသည် ။

နှစ်ဂိုးသွင်းတာ ခံရပြီးမှ “ တင် ↔ကစားမဲ့အစား ဂိုးမရှိ သရေကတည်းက “ တင် ” ကစားကြလျှင် နိုင်မည်ဟု ယုံကြည်ပါသည် ။ အဘယ်ကြောင့် ဆိုလျှင် ၁၉၉၀ တုန်းက UN ဆိုသော ဒိုင်လူကြီးကဒီလောက် အာရုံမစိုက်သေးပါ ။ ကမ္ဘာဆိုသောပွဲကြည့် ပရိတ်သတ် ကလည်း ဒီလောက်အာရုံမရောက်ပါ ။ ယခုစက်တင်ဘာ အရေးအခင်းကြီး အပြီးမှာ ဒိုင်လူကြီး ကလည်း ပိုပြီးအာရုံစိုက် ပွဲကြည့်ပရိသတ် ကလည်းပိုပြီးအားပေး ရှိလာပါသည် ။ UN, US နှင့် EU တို့က န.အ.ဖ ကိုအ၀ါကဒ် တွေပြထားပြီးဖြစ်ပါသည် ။ ထင်ရှားသော ဖောင်းတစ်ခုသည် အနီကဒ်ဖြစ်သွားနိုင်ပါသည် ။

သို့သော် ………. ဒိုင်လူကြီး အများဆုံးလုပ်ပေးနိုင်သော အလုပ်မှာ အနီကဒ် ၊ အ၀ါကဒ် ပေးရုံသာဖြစ်ပြီး န.အ.ဖ ဂိုးပေါက်ထဲကို ဘောလုံးကန်သွင်းဖို့ သူ့မှာတာဝန်မရှိပါ ။ အနိုင်ဂိုး သွင်းရမည့် သူများက ကျနော်တို့ ကိုယ်တိုင်ပဲဖြစ်ပါသည် ။

ပထမ နည်းအဆင်မပြေသော် ဒုတိယ နည်းကိုသုံးရပါမည် ။

“ နောက်တစ်ခါ လာပြန်ပြီဟေ့…….. ဟေ …..ဟေ……. ၀ါး ↔ဆိုသည့် မေသီချင်းကိုပင် ကျနော်နားမထောင် ဖြစ်တော့ပါ ။ တော်ပါပြီ ။ ဒုတိယ အချီကို လက်ခံခြင်းသည် ( ၁၀ ) ချီကိုစိန်ခေါ်ခြင်းနှင့် တူပါသည် ။ လက်ရှိ န.အ.ဖ သည်ဖက်ဆစ် ဂျပန် ထက်ဆိုးပြီး ဖက်ဆစ် ဂျပန်လောက် ဦးနှောက်မရှိပါ ။

န.အ.ဖ ၀ါဒ ကျရှုံးပါစေ……….

ဒီမိုကရေစီ ထွန်းကားပါစေ………….

အစိုးရနှင့်တူသော အစိုးရများ တက်လာပါစေ………

ပြတ်ပြတ်သားသား ၊ ရဲရဲဝံ့ဝံ့ ၊ သတ္တိရှိရှိ ၊ ကန့်ကွက်ကြပါစို့ ။

N-S-D

သင်ဖတ်ပြီးလျှင် ( အနည်းဆုံး ) နောက်တစ်ယောက်ကို လက်ဆင့်ကမ်းပါ မိတ်ဆွေ ၊ အတွက် ကျနော်တို့ ကသင့်ကို ကျေးဇူးတင်နေကြပါမည် ။

No comments: