စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, March 7, 2008

တာဝန်သိ မျိုးချစ်ပြည်သူ တစ်ဦးမှ နှိုးဆော်ချက်

လေးစားရပါသောမိဘပြည်သူအပေါင်းတို့ရှင်....

ကျွန်မတို့မြန်မာပြည်ကြီးမှာတွေ့ကြုံရင်ဆိုင်နေကြရသောပြသနာအရပ်ရပ်တို့အားအထူးတလည်
တင်ပြရန်လိုအပ်မည် မထင်ပါ။ကျွန်မတို့မြန်မာပြည်သူတွေဟ အနှစ်(၄၀)ကျော်ကြာကြာစနစ်
တကျဖျက်စီးခြင်းခံခဲ့ရသလို ယခုချိန်ထိလဲအဆုံးမသတ်နိုင်သေးတာကိုမိဘပြည်သူများတွေ့
မြင်နေကြရပါတယ်....မြန်မာပြည်သူတွေကိုခေါင်းမထောင်ရဲအောင် ဖိနှိပ်ချုပ်ချယ်ထားတဲ့
စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုတွေကို ကိုယ်တိုင်တွေ့ကြုံနေကြရပါတယ်။ယခုအချိန်မှာလဲ
န.အ.ဖ အစိုးရဟာ အဓိပ္ပာယ်မဲ့တစ်ဖက်သက်ဆန်တဲ့ ဆန္ဒခံယူပွဲကြီးကို ကျင်းပဖို့စီစဉ်
နေပါတယ်။ကျွန်မတို့နဲ့ကျွန်မတို့ရဲ့မျိုးဆက်တစ်ခုလုံးကို စစ်ဖိနပ်အောက် သွတ်သွင်းဖို့
စီစဉ်နေခြင်းဖြစ်ပါတယ်..ဒီလိုမျိုးဆက်ကြီးတစ်ခုလုံး အညွန့်တုံးမဲ့ဘ၀ ကို မိဘပြည်သူအပေါင်း
လိုလားကြပါသလားရှင်...ဒီစစ်အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်ဖို့လိုလားနေကြပါ
သလားရှင်......ဒီဆန္ဒခံယူပွဲကြီးကိုသဘောတူကြပါသလားရှင်...
လူဆိုတာ ကိုယ့်အသားထိမှနာတတ်တယ်တဲ့..အဲဒါဆိုရင်တော့ဖြင့် ကျွန်မတစ်ခုမေးပါရစေ..

စစ်အစိုးရရဲ့လူမဆန်တဲ့လုပ်ရပ်တွေကြောင့် လက်ရှိအခြေအနေမှာ ကျွန်မတို့မြန်မာပြည်သူ
တွေဟာ စီးပွားရေးအခက်အခဲကိုပြင်းထန်စွာရင်ဆိုင်နေကြရပါတယ်...စီးပွားရေးဆိုတာဟာ..
နိုင်ငံတစ်ခုမှာအချက်အချာကြသလို မိသားစုတစ်ခုမှာလဲအရေးကြီးဆုံးဖြစ်ပါတယ်...
ဒီတော့မိဘပြည်သူများဟာနိုင်ငံရေးဟာ ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ဘယ်လိုမှမပတ်သက်ဘူးလို့
ပြောလို့မရပါဘူး..စီးပွားရေးဆိုတာဟာလူတိုင်းလူတိုင်းနဲ့တိုက်ရိုက်ပတ်သက်နေတာပါ..ဒါကြောင့်မို့
စစ်အစိုးရရဲ့လုပ်ရပ်တွေဟာလဲ မိဘပြည်သူများကိုလဲ တိုက်ရိုက်ပတ်သက်နေတယ်ဆိုတာကို
အသိပေးလိုပါတယ်...အခုချိန်ထိ ဒီတော်လှန်ရေးဆိုတာဟာ ငါတို့နဲ့ဘာမှမဆိုင်ဘူးဆိုတဲ့
စိတ်ဓာတ်မျိုးကို ဆက်လက်မွေးမြူနေကြအုံးမယ်ဆိုရင်တော့ ကျွန်မတို့မြန်မာပြည်ဟာ
စစ်ဖိနပ်အောက်မှာစုံးစုံးမြုပ်ရမဲ့အဖြစ်ဆိုတာကို မိဘပြည်သူများကို သတိပေးချင်ပါတယ်..
ဒီတော်လှန်းရေးကြီးဟာငြိမ်းချမ်းရေးလိုလားသော တိုင်းသူပြည်သားတိုင်းနဲ့ သက်ဆိုင်နေပါတယ်။စက်တင်ဘာတော်လှန်ရေးအကင်းမသေသေးချိန်မှာပဲ န.အ.ဖ အစိုးရဟာ နိုင်ငံတကာနဲ့လူထုကတောင်းဆိုထားတဲ့တွေ့ဆုံဆွေးနွေးရေးဆိုတာတွေကို
လျစ်လျူရှုပြီး ရွေးကောက်ပွဲ(ပြိုင်ဖက်မထားပဲ) နှင့်ဆန္ဒခံယူပွဲဆိုတာတွေဆီသို့ရှုးသွပ်စွာ
ဦးတည်ခြေလှမ်းနေခြင်းဖြစ်ပါတယ်..မိဘပြည်သူများအနေနဲ့ စစ်အစိုးရရဲ့ ရူးသွပ်မှုတွေကို
အားပေးရာသက်ရောက်တဲ့ ဆန္ဒခံယူပွဲတွေကို မတက်ရောက်ကြဖို့နဲ့ကန့်ကွက်ကြဖို့ပန်ကြား
ပါတယ်..မဖြစ်မနေတက်ရောက်ရမယ်ဆိုရင်လဲ ခဏအတွက်မကြည့် တစ်ဘ၀အတွက်ကြည့်
ကာကန့်ကွက်မဲကိုရဲဝံ့စွာ ထဲ့ကြဖို့တိုက်တွန်းပါတယ်..
ကျွန်မပြောချင်တာက မိဘပြည်သူတို့ဟာစစ်ဖိနပ်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့နေမလား။
ဒါမှမဟုတ်ရင်တိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးမလား။
လူဆိုတာတော့သေမျိုးပါပဲ..လူတိုင်းဟာတစ်နေ့မှတော့သေကြရမှာပါ်။
ဒီတော့ဘ၀မှာသေရမှာခြင်းအတူတူ ကြုံကြိုက်တုန်း တိုင်းပြည်နဲ့လူမျိုးအတွက်တိုက်ပွဲဝင်ရင်း
သေဆုံးခြင်းက သာပိုကောင်းတယ်လို့ ယူဆပါတယ်..

မိဘပြည်သူအပေါင်းတို့ရှင်...
တိုင်းပြည်နှင့်လူမျိုးအတွက် အသက်၊သွေး၊ချွေး မနှေးပေးဆပ်ကြဖို့လေးစားစွာဖြင့်တိုက်တွန်း
နှိုးဆော်ပန်ကြားအပ်ပါတယ်ရှင်.....

No comments: