စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 19, 2008

(NLD)အဖွဲ့ချုပ်ဝင်များ ထပ်မံဖမ်းဆီးခံရ

ဖြိုးကြီး။ ဇူလိုင် ၁၈၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် (၄) ဦးကို ယမန်နေ့ညက ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဆိုပါအဖွဲ့ချုပ်ဝင်များကို ယမန်နေ့ ည(၁၀)နာရီ ခန့်က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ်မြို့နယ် (NLD)အတွင်းရေးမှူး ကိုအေးနိုင်က ပြောဆိုခြင်းဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

“ပြည်ထဲရေးက ခဏဆိုပြီး ခေါ်သွားတာ၊ အခုထိပြန်မလွှတ်သေးဘူး၊ သူတို့မိသားစုတွေက ရုံးမှာ လာသတင်းပို့တာ၊ ဘာအတွက်ခေါ်သွားတယ်ဆိုတာလဲ တိတိကျကျမသိဘူး၊ ဘယ်မှာ ထားတယ်ဆိုတာလဲ မသိရသေးဘူး”ဟု ပြောသည်။

ထပ်မံဖမ်းဆီးခံရသူများမှာ ကိုသီဟန်(ဒဂုံမြို့သစ်လူငယ်တာဝန်ခံ)၊ ကိုမြင့်ဌေး (ရန်ကုန်တိုင်း လူငယ်ဖွဲ့စည်း အကူအညီပေးရေးအဖွဲ့)၊ မထက်ထက်ဦးဝေ(ရွှေပြည်သာ)နှင့် ကိုဝင်းမြင့်မောင် (ခရမ်း)တို့ ဖြစ်သည်။

၎င်းတို့ (၄) ဦးအား ပြန်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အဖွဲ့အစည်းများက သက်ဆိုင်ရာ နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆက်လက်ပြောသည်။

အဆိုပါဖမ်းဆီးမှုနှင့်ပတ်သက်၍ “အရင်တခါ ဘန်ကီမွန်းလာတုန်းကလည်း သူတို့ကို အဲလိုခေါ် သွားဖူးတယ်၊ အခုလည်း မနက်ဖြန် အာဇာနည်နေ့ဆိုတော့ အဲဒါကြောင့်ပဲခေါ်တာလို့တော့ ထင်တယ်၊ အတိကျတော့ မပြောနိုင်ဘူးဖြစ်နေတယ်”ဟု ကိုအေးနိုင်က ဆက်ပြောသည်။

စစ်အစိုးရ၏ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များက ပြီးခဲ့သည့်လအတွင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့သည့် NLD ပါတီဝင် (၁၄) ဦးကိုလည်း မတရား ရိုက်နှက် ဖမ်းဆီးထိန်းသိမ်းထားပြီး ယခုကဲ့သို့ ထပ်မံဖမ်းဆီးမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။

စစ်အစိုးရအနေဖြင့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် မတရား ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်လာမည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်နေစဉ် အဖွဲ့ချုပ်အဖွဲ့ဝင်များအပြင် လေဘေးသင့်ဒေသများသို့ သွားရောက်ကူညီသူများကိုပါ ဖမ်းဆီး နေမှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။

ယခုဖမ်းဆီးခံခဲ့ရသူများအထဲမှ ကိုသီဟန်မှာ ပြီးခဲ့သည့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလက စစ်အစိုးရအတည်ပြုမည့် ဖွဲ့စည်းပုံကို ကန့်ကွက်သည့် (NO) အမှတ်တံဆိပ်ပါ တီရှပ်များဖြင့် ရေးကစားခဲ့ရာမှ အိမ်အပြန်တွင် စွမ်းအားရှင်အဖွဲ့များ၏ လိုက်လံခြိမ်းခြောက် ရိုက်နှက်ရန် ကြိုးစားမှုနှင့် ကြုံတွေ့ခဲ့ရသည်။

No comments: