စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 2, 2008

ဒေါ်စုမွေးနေ့ အဖမ်းခံရသူများလွှတ်ရန် အဖွဲ့ချုပ်တောင်းဆို

အေးလဲ့ ဇူလိုင် ၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်မွေးနေ့၌ ဖမ်းဆီးထိန်းသိမ်းခံရသည့် အန်အယ်လ် ဒီအဖွဲ့ဝင် ၁၄ဦးမှာ ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် ၎င်းတို့အားလုံးကို အမြန်ဆုံးပြန်လွှတ် ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်(အန်အယ်လ်ဒီ) က ယမန်နေ့တွင် ကြေညာချက် တစောင်ထုတ်ပြန်၍ တောင်းဆို လိုက်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယင်းကြေညာချက်၌ လုံခြုံရေးအဖွဲ့အစည်းများဟုဆိုသည့် လုံခြုံရေးစီမံကွက်ကဲသူများရှေ့တွင် အန်အယ်လ်ဒီ အဖွဲ့ဝင်များ အား အကြမ်းဖက်ရိုက်နှက် ထိုးကြိတ်ဖမ်းဆီးနေခြင်းကို မည်သူမျှ ဟန့်တားခြင်း၊ ထိန်းသိမ်းခြင်း မပြုခဲ့ကြကြောင်း၊ ယင်း လုပ်ရပ်သည် တရားဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် လည်း ဆန့်ကျင်ကြောင်းတို့ ပါဝင် သည်ဟု အန်အယ်လ်ဒီ ပြည်ကြားရေးအဖွဲ့မှဒေါက်တာဝင်းနိုင် က ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကိုထွန်းမြင့် (ဗဟန်းမြို့နယ် အတွင်းရေးမှူး) ၊ ဦးလှအေး (လှိုင်သာယာ မြို့နယ် စည်းရုံး ရေး အဖွဲ့ဝင်) ၊ ကိုမောင်မောင်သိမ်း(မင်္ဂလာဒုံ အဖွဲ့ဝင်)၊ ဦးစိုးအုန်း (ဗဟန်းမြို့နယ် တွဲဖက် အတွင်းရေမှူး)၊ ဦးစံဘော်၊ ဦးချစ်ခင်(တွံတေး အဖွဲ့ဝင်) ၊ ဦးဌေးအောင်(ဝါးခယ်မမြို့နယ် ဒု ဥက္ကဌ)၊ ဦးဟန်စိန် (အင်းစိန်မြို့ နယ် အဖွဲ့ဝင်)၊ ဦးသိန်းအေး (တောင်ဥက္ကလာ အဖွဲ့ဝင်)၊ ဦးရောဘတ်ဆန်းအောင်၊ ဦးမြင့်ဆွေ(ခေါ်) ဦးပဉ္ဖင်း တပါး၊ အမည်မသိသူ ၃ ဦး တို့ ပါဝင်ကြောင်း သိရသည်။

ဇွန်လ ၁၉ရက်နေ့တွင် အန်အယ်လ်ဒီ ရုံးချုပ်ရှေ့၌ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အဖြစ် အန်အယ်လ်ဒီ အဖွဲ့ဝင်များက ငှက်များလွှတ်ပြီး ဆုတောင်းမေတ္တာပို့နေစဉ် လူ အင်အား ၃၀၀ ခန့်ရှိ ရဲများ၊ ကြံ့ဖွံ့များ၊ စွမ်းအားရှင်များက ဒိုင်နာကား ၁၀ စီး ခန့်ဖြင့် ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

ယင်းဖမ်းဆီးထားသူများအား မည့်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယခုအချိန်အထိ အာဏာပိုင်များက မိသားစုသို့ အကြောင်းကြားခြင်း မရှိသေးကြောင်းလည်း သိရသည်။


No comments: