7/3/2008
မောင်အေး(နိရဉ္စရာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်လေးဦးကို တောင်ကုတ် တရားရုံးမှ ထောင်ဒဏ် တနှစ်စီ အသီးသီး အပြစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ထောင်ဒဏ် ချမှတ် ခံရသူများမှာ ကိုမိုးကျော်၊ ကိုသန်းဌေး၊ ကိုဇော်နိုင်နှင့် ကိုအောင်နိုင်မင်းတို့ ဖြစ်ကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သူတို့ ၄ ဦးကို မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့က အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကြေငြာချက်ကို ဖြန့်ဝေမှုကြောင့် တောင်ကုတ်ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။
သူတို့ ၄ ဦးသည် မတ်လ ၁၃-ရက်နေ့က တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် စည်းရုံးရေး ကော်မတီမှ ထုတ်ဝေသည့် ကြေငြာချက်ကိုလည်း တောင်ကုတ်မြို့နယ် အတွင်း ဖြန့်ဝေ ခဲ့ကြသည်။ ထိုစဉ်က ဖမ်းဆီးမခံရဘဲ မတ်လ ၂၇ ရောက်မှ အဖွဲ့ချုပ် စာရွက် စာတန်းများကို ဖြန့်ဝေမှုကြောင့် ဖမ်းဆီးခံကြရခြင်း ဖြစ်သည်။
သူတို့ကို ရဲအဖွဲ့က ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၅၁)နှင့် တရားစွဲဆိုပြီး တောင်ကုတ် တရားရုံးရက ယခုကဲ့သို့ ထောင်ဒဏ်တနှစ်စီ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါ လူငယ်လေးဦးကို စစ်တွေထာင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးသန့် အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
Rest of your post
Friday, July 4, 2008
တောင်ကုတ်မြို့မှ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်လေးဦး ထောင်ဒါဏ်(၁)နှစ်စီချမှတ်ခံရ
Posted by
54freedom
at
10:53 PM
Labels: ပြည်တွင်းသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment