စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, June 21, 2008

နအဖ ဝန်ကြီးအဖွဲ့အတွင်း ရာထူး အပြောင်းအလဲ လုပ်

နေသွင်
သောကြာနေ့၊ ဇွန်လ 20 2008 18:19 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာစစ်အစိုးရအတွင်း ရာထူး အပြောင်းအလဲများ စတင် ပြုလုပ်နေပြီ ဖြစ်ရာ စတင်သိရှိရသော အပြောင်းအလဲမှာ ရေတပ် ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စိုးသိန်းကို စက်မှု ၂ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး၊ စက်မှု (၂) ဝန်ကြီး ဗိုလ်ချုပ် စောလွင်ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ ပြောင်းလဲ ခန့်အပ်လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရေတပ်ဦးစီးချုပ်ကို ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခြင်းသည် စစ်အစိုးရလက်ထက် အပြောင်းအလဲများတွင် ပထမဆုံး ဖြစ်လာသည်။ ယခင်က လဝက ကို ဗိုလ်ချုပ် မောင်မောင်ဆွေက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် တွဲကိုင်ခဲ့သည်။

နအဖ စစ်အစိုးရအဖွဲ့အတွင်း ယနေ့ ထွက်ပေါ်လာသော ရာထူး အပြောင်းအလဲ ကိစ္စသည် ထူးခြားမှု ရှိသည်ဟု မြန်မာ့စစ်ရေး အကဲခတ်များက သုံးသပ်သည်။

လေမုန်တိုင်း ကျရောက်စဉ်က ရေတပ် အထိနာသွားသဖြင့် ရေတပ်ဦးစီးချုပ်ကို ဟန်ပြ အပြစ်ပေးသည့် သဘောမျိုး ဖြစ်နိုင်သည်ဟုလည်း သူက တွက်ဆသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ရန်ကုန်မြစ်ဝနှင့် ဟိုင်းကြီးကျွန်း အနီးတွင် တပ်ချထားသော ရေတပ် အထိနာခဲ့သည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

ထိုင်းနိုင်ငံရှိ စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ဦးဝင်းမင်းက “ဗိုလ်ချုပ်မောင်အေး ယောက်ဖ ရာထူးတခု ပြုတ်သွားတာတော့ ထူးခြားတယ်” ဟု ပြောသည်။ စစ်အစိုးရ အဖွဲ့အတွင်း ဗိုလ်ချုပ်မောင်အေး၏ အာဏာ လျော့ကျနေသည့် သဘော ဖြစ်သည်ဟု သူက သုံးသပ်သည်။ သို့သော် ထိုသို့ ဟုတ်မဟုတ် စောင့်ကြည့်ရပေမည်။
Rest of your post

No comments: