ဧရာဝတီ ဇွန် ၂၅၊ ၂၀၀၈
သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့သည့် ၂၀၀၇ ခု စက်တင်ဘာလ အရေးအခင်းအတွင်း စစ်အစိုးရ လက်နက်ကိုင် တို့၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့တွင်သေဆုံးခဲ့သည့် ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် ကန်ဂျီနာဂါအိ၏ ဗီဒီယို ကင်မရာ ပြန်လည်ရရှိရေးအတွက် ဂျပန်လူမျိုး ၁၀ ဦးက လူလေးသောင်း၏ လက်မှတ်ထိုး တောင်းဆိုချက်များနှင့်အတူ တိုကျိုမြို့ရှိ မြန်မာသံရုံးကို ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆန္ဒပြတောင်းဆိုသူ ၁၀ ဦးတွင် သေဆုံးသွားသူ ကန်ဂျီ၏ ညီမတော်စပ်သူ နိုရီကို အိုဂါဝါလည်း ပါဝင်သည်ဟု အေအက်ဖ်ပီ သတင်းတရပ်က ဆိုသည်။
ဂျပန်လူမျိုး ဓာတ်ပုံသတင်းထောက် ကန်ဂျီနာဂါအိသည် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ဘုရားအနီးရှိ ဆန္ဒပြပွဲများကို သတင်းယူနေစဉ် အနော်ရထာလမ်းမပေါ်တွင် စစ်အစိုးရ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ကန်ဂျီနာဂါအိ သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀န်းက စစ်အစိုးရအား အပြင်းအထန် ပစ်တင်ဝေဖန်ခဲ့ပြီး ဂျပန်အစိုးရကလည်း စစ်အစိုးရနှင့်ဆွေနွေးရန် ဂျပန်ရဲတပ်ဖွဲ့နှင့် နိုင်ငံခြားရေးဌာနရှိ တာဝန်ရှိသူများကို ယခုနှစ်ဆန်းပိုင်းက မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ဂျပန် ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ ကန်ဂျီနာဂါအိသည် အနီးကပ်ပစ်သတ်ခံလိုက်ရသဖြင့် ပွဲချင်းပြီး သေဆုံးရခြင်း ဖြစ်ပြီး စစ်အစိုးရက မတော်တဆ ထိမိခြင်းဖြစ်သည်ဟုသာ ဖြေရှင်းခဲ့သည်။
Rest of your post
Wednesday, June 25, 2008
ဂျပန်လူမျိုးများ မြန်မာသံရုံးကို ဆန္ဒပြ
Posted by
54freedom
at
10:14 PM
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment