စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, January 1, 2008

စည်းလုံးကြပါ …

စည်းလုံးကြပါ …

2008 Jan 2 ရက်နေ့တွင် စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ Mandarin Hotel, Orchard မှာပြုလုပ်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကပွဲ၌ Poly ကျောင်းသားဟောင်း/သစ်များ အပါအ၀င် န အ ဖ ကပ်ဖား ရပ်ဖား အောက်ဆွဲများ၊ မျိုးချစ်စိတ် ကင်းမဲ့သူများ ဖျော်ဖြေကပြ အသုံးတော်ခံရန် ရှိပါသည်။

န အ ဖ တွေကို ကပြဖျော်ဖြေမယ့် အက၀ါသနာရှင်များ စက်တင်ဘာအရေးအခင်း အပါအ၀င် အရးအခင်းတိုင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်း၊ ရှင်လူ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ု န အ ဖ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်တော့မှမမေ့ပါနဲ့။ သေတောင် မမေ့လိုက်ပါနဲ့။

လူတွေအကုန်လုံး ကြေကွဲစွာ ခံစားနေရချိန်မှာ န အ ဖ လို ကျက်သရေ တစ်စက်မှ မရှိတဲ့ လူ့မိစ္ဆာတွေရဲ့ ဖျော်ဖြေခိုင်းမှု့ကို လက္ခံတာ န အ ဖ ရဲ့လုပ်ရပ်တွေကို ထောက်ခံနေတာနဲ့ အတူတူပါပဲ။

ဒီတော့ မိမိတို့ဟာ ဘာလဲ။ န အ ဖ အောက်ဆွဲတွေလား။ ဒါဆိုရင်လည်း ရှင်းပါတယ်။ ဒါမှ မဟုတ်ဘူးဆိုရင်တော့ မိမိတို့ ဘာလုပ်သင့်တယ်ဆိုတာ အချိန်မနှောင်းခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ။ လူ့အသိုင်းအ၀ိုင်းက စက်ဆုတ်ရွံရှာရတဲ့သူ မဖြစ်ပါစေနဲ့။ တလွဲဆံပင် မကောင်းကြပါနဲ့။

န အ ဖ စစ်အာဏာရှင်အုပ်စုတွေရဲ့ ဒီပွဲကို မပျက်ပျက်အောင် ဖျက်ဖို့ လွတ်လပ်ရေးနေ့ တိုက်ပွဲအနေနဲ့ မျိုးချစ်စိတ်ရှိသူတိုင်း မိမိတတ်နိုင်ရာ နေရာကနေ ပါဝင်ဆောင်ရွက်ကြပါ။

ဖိတ်ကြားထားခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်များ မျိုးချစ်စိတ်ဓါတ် ရှိတယ်ဆိုရင် ဆန္ဒပြတဲ့ အနေနဲ့ မတက်ရောက်ကြပါနဲ့။ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကို မကြည့်ကြပါနဲ့။ ထိုဖော်လံဖားပွဲကို မသွားခြင်းအားဖြင့် ၊ အားလုံးဟာ တစ်သွေးတစ်သားတည်းရှိကြောင်း ပြကြပါ။

စစ်အာဏာရှင် ဆန့်ကျင်သူ

No comments: