စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 23, 2008

ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို လွှတ်တော်မှာ မဲခွဲတော့မည်


22 June 2008

ဒီသီတင်းပတ်ထဲ ထိုင်းနိုင်ငံ ပါလီမန်ရဲ့ အထက်လွှတ်တော်မှာ မနက်ဖြန် တနင်္လာနေ့ကစပြီး ၀န်ကြီးချုပ် စမတ် ဆွန်ဒရာဝေ နှုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးသွားကြမှာဖြစ်ပြီး ၀န်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမဲခွဲ ဆုံးဖြတ်တဲ့အခါမှာ အဆိုက အနိုင်ရသွားခဲ့ရင် သူ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးမယ်လို့ ၀န်ကြီးချုပ် ဆွန်ဒရာဝေက ဒီနေ့ ထုတ်လွှင့်တဲ့ အပတ်စဉ်ဝန်ကြီးချုပ်မိန့်ခွန်းပြောကြားတဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ ကြေညာလိုက်ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မနေ့က ဆန္ဒပြကြသူတွေက ဆွန်ဒရာဝေ ရာထူးကမထွက်မချင်း ၀န်ကြီးချုပ် ရုံးရှေ့က မခွာဘူးဆိုတဲ့ သန္နိဌာန်နဲ့ စောင့်ဆိုင်း နေကြမယ်လို့ ကြေညာလိုက်ပြီး လက်ရှိ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဟောပြောမှုတွေ အလံတွေ ဝှေ့ရမ်း သီချင်းဆိုမှုတွေ ပြုလုပ်ပြီး ဇွဲကောင်းကောင်းနဲ့ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။


ဆွန်ဒရာဝေ ၀န်ကြီးချုပ်ရာထူးကနှုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြတဲ့ ပြည်သူ့ဒီမိုကရေစီ မဟာမိတ်များ(PAD) အဖွဲ့ဝင်တွေ ဟာ ဘန်ကောက်မြို့တော်ရဲ့ လမ်းမပေါ်တွေမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်ကတည်းက စုရုံးဆန္ဒပြ နေခဲ့ကြတာ ဖြစ်ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အိန္ဒိယမြန်မာ ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်ဆို

AFP/ ၂၃ ဇွန် ၂၀၀၈

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု စာချုပ်တခု ချုပ်ဆိုမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ရင်းနှီးမှု တိုးချဲ့သည့်အနေဖြင့် နယ်စပ်ကုန်သွယ်မှု ကျယ်ပြန့်ရေးအတွက် ဆွေးနွေးနေဆဲ ဖြစ်သည်ဟု အိန္ဒိယအရာရှိများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အိန္ဒိယနိုင်ငံ အငယ်တန်း ကုန်သွယ်ရေးဝန်ကြီး ဂျိုင်ယန် ရာမက်ခ်ျ မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် (၄) ရက်ကြာခရီးစဉ် ကာလအတွင်း မြန်မာအစိုးရသို့ အမေရိကန်ဒေါ်လာ (၈၄) သန်း ချေးငွေထုတ်ပေးမည်ဟုလည်း အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန အရာရှိများက ယမန်နေ့က ပြောသည်။

“၀န်ကြီးအနေနဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ပါဝါ ထရန်စဖော်မာတွေအတွက် ဒေါ်လာ (၂) သန်း ပေးဦးမှာဖြစ်ပြီး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ တန်ခိုးကြီးဘုရားကြီး ပြန်ပြုပြင်ဖို့အတွက်လည်း ဒေါ်လာ (၂) သိန်းပေးဦးမှာဖြစ်ပါတယ်” ဟု အိန္ဒိယအရာရှိတဦးက ပြောသည်။
နှစ်နိုင်ငံအကြား ငွေကြေးစီးဆင်းမှု ဖြစ်ထွန်းရေးအတွက် ရည်ရွယ်ကာ ဆယ်စုနှစ်ကြာ ရင်းနှီး မြှုပ်နှံခဲ့မှုကို တိုးမြှင့်ရန်နှင့် ကာကွယ်ရန် သဘောတူညီမှုများဖြစ်ထွန်းခဲ့သည်ဟု နယူးဒေလီရှိ အဆိုပါဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

မြန်မာအစိုးရ၏ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းမှ ဝေဖန်နေချိန်၊ စစ်အုပ်ချုပ်ရေးနိုင်ငံအား ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် နိုင်ငံတကာမှ အိန္ဒိယကို ဖိအားပေးနေချိန်တွင် ထိုသဘောတူညီမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၁၉၉၀ ခုဝန်းကျင်အထိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံအားပေးခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မြန်ဆန်သော စီးပွားရေး တိုးတက်မှုအတွက် စွမ်းအင် အရင်းအမြစ် သော့ချက်ဖြစ်သည်ဟု သဘောထားလာသည့်အတွက် စစ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်မှုများ ရှိလာသည်။

အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၂၀၀၅-၂၀၀၆ ခုနှစ် စာရင်းအရ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် စုစုပေါင်း ဒေါ်လာ (၅၉၀) သန်းအထိ ရှိသည်ဟု သိရှိရသည်။

အိန္ဒိယမှ အရှေ့တောင်အာရှသို့ ကုန်သွယ်မှုလမ်းကြောင်းသစ် ပွင့်စေနိုင်မည့် ဘင်္ဂလားပင်လယ် အော်ရှိ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းတွင် အိန္ဒိယမှ ဒေါ်လာ (၁၃၀) သန်း ရင်းနှီးမြှုပ်နှံမည် ဆိုသည့် သဘောတူညီ ချက်ကိုလည်း ပြီးခဲ့သည့် ဧပြီလတွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

ပြီးခဲ့သည့် နှစ်ပိုင်းကလည်း နယူးဒေလီသည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ရေးအတွက် ဒေါ်လာ (၁၅၀) သန်း ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုထားခဲ့သည်။

မြန်မာနိုင်ငံတွင် မေလ (၂) ရက်နှင့် (၃) ရက်တို့တွင် လူပေါင်း (၁) သိန်း (၃) သောင်းကျော် အသေအပျောက် ဖြစ်စေခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီးပြီးချင်း မြန်မာနိုင်ငံကို ကူညီသည့် နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်သည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းမည်

agencies / ၂၃ ဇွန် ၂၀၀၈
မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များကို တရုတ်အမျိုးသား Petrolem ကော်ပိုရေးရှင်း (CNPC) သို့ ရောင်းချမည်ဟု တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး ကုမ္ပဏီတခုဖြစ်သော ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာ့ကမ်းလွန်လုပ်ကွက်များဖြစ်သည့် (A-1) နှင့် (A-3) လုပ်ကွက်တို့မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ၏ အကြီးမားဆုံး လောင်စာကုမ္ပဏီအား ထောက်ပံ့ရန် ပဏာမသဘောတူညီချက်ကို ဇွန်လ (၂၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီဟု ဆိုးလ်မြို့အခြေစိုက် ဒေ၀ူး နိုင်ငံတကာ ကော်ပိုရေးရှင်းက ယနေ့ ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့အင်တာပရိုက်စ်မှလည်း လုပ်ကွက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ရန် သဘောတူညီခဲ့ပြီး ဒေ၀ူး နိုင်ငံတကာ ကော်ပိုရေးရှင်း၏ ရင်းနှီးမြှုပ်နှံငွေကို (၆၀) ရာခိုင် နှုန်းမှ (၅၁) ရာခိုင်နှုန်းသို့ လျှော့ချလိုက်သည်ဟုလည်း သဘောတူညီချက်အရ သိရှိရသည်။

မြန်မာ့ရေနံမှ ရင်းနှီးမြှုပ်နှံမှု (၁၅) ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းမှ (၁၇) ရာခိုင်နှုန်း၊ GAIL အိန္ဒိယ လီမိတက်မှ (၈.၅) ရာခိုင်နှုန်းနှင့် ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေးရှင်းမှ (၈.၅) ရာခိုင်နှုန်းတို့ ပါဝင်မည်ဖြစ်သည်။

ဒေ၀ူးသည် မြန်မာနိုင်ငံတွင် နောက်ထပ် သဘာဝဓာတ်ငွေ့လုပ်ကွက် (၄) ခုကိုလည်း စူးစမ်း ရှာဖွေနေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ဒီဇင်ဘာ (၅) ရက်နေ့မှ စတင်ပြီး ပိုက်လိုင်းများမှတဆင့် ပို့ဆောင်မည်ဟု ဒေ၀ူး နိုင်ငံတကာ ကော်ပိုရေးရှင်းက ပြောသည်။

သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မည်ဟု ယူဆရသည့် ၂၀၁၂ ခုမှ စတင်ပြီး (၂၅) နှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ အကျိုးအမြတ်ရနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေ၀ူး၏ အစီရင် ခံစာတ စောင်တွင် ဖော်ပြထားကြောင်း သိရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဆန္ဒပြမှုများကို လက်ခံမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော


ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရန် ဆန္ဒပြနေသူများ

AFP/Bangkok Post ၂၃ ဇွန် ၂၀၀၈
ထိုင်းဝန်ကြီးချုပ် စမတ်စန်ဒါရာဝက်က ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (ပီအေဒီ) ကဦးဆောင်၍ ၎င်းအားနုတ်ထွက်ပေးရန် တောင်းဆိုနေမှုများကို အလျှော့ပေးမည်မဟုတ်ဘဲ ပါလီမန်အတွင်း အယုံအကြည်မရှိ အဆိုတင်မှုကိုသာ ရင်ဆိုင်မည်ဖြစ်ကြောင်းပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (ပီအေဒီ) က အစိုးရရုံးအနီးတ၀ိုက်၌ စခန်းချ၍ ယင်းသို့ နုတ်ထွက်ပေးရန် တောင်းဆိုနေသည့်ကြားမှ ယနေ့ ပုံမှန်အစီအစဉ်အတိုင်း ရုံးတက်မည် ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် တနင်္ဂနွေ အပတ်စဉ် ရုပ်သံမိန့်ခွန်းအစီအစဉ်၌
ဝန်ကြီးချုပ်က ပြောသည်။

“ကျနော် တနင်္လာနေ့မှာ အစိုးရရုံးမှာ ရုံးပြန်တက်မှာပါ။ ကျနော်ဟာ တရားဝင် ရွေးကောက်ပွဲ ကနေ ရွေးချယ်ခံထားရတဲ့သူဖြစ်ပါတယ်” ဟု အဆိုပါရုပ်သံအစီစဉ်မှတဆင့် ထိုင်းပြည်သူများသို့ ပြောကြားခဲ့သည်။

ယခုလ (၂၀) ရက်နေ့၌ ပီအေဒီကဦးဆောင်၍ မြို့နေလူလတ်တန်းစားအများစုပါဝင်သော ဆန္ဒပြ သူ (၂၅,၀၀၀) ကျော်က ရဲများ၏ ကာရံတားဆီးမှုများကို ကျော်ဖြတ်ပြီးနောက် အစိုးရရုံး အဆောက်အအုံပြင်ပ၌ စခန်းချနေကြခြင်းဖြစ်သည်။

ဝန်ကြီးချုပ်မစ္စတာစမတ်အပါအ၀င် ဘဏ္ဍာရေးဝန်ကြီး (ဒု-၀န်ကြီးချုပ်)၊ ကုန်သွယ်ရေးဝန်ကြီး
(ဒု-၀န်ကြီးချုပ်)၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ ဒု-သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ တရားရေး
ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့အား အယုံအကြည်မရှိကြောင်း အဆိုတင် ထားခြင်းဖြစ်သည်။

မစ္စတာစမတ်အား စွပ်စွဲချက် (၉) ခုတင်ထားပြီး ၎င်းတို့အထဲတွင် ၀န်ကြီးချုပ်လုပ်ပိုင်ခွင့်အား အလွဲသုံး၍ ယခင်နိုင်ငံရေးသမားများ၏ အကျိုးစီးပွားများကို ဖန်တီးပေးခြင်း၊ နိုင်ငံ၏ ပြဿနာ များကို ဖြေရှင်းရာတွင် ညွန့်ပေါင်းအစိုးရကို လွဲမှားစွာဦးဆောင်ခြင်း၊ အရာရှိများ နေရာရွှေ့ပြောင်း ခြင်းနှင့် နိုင်ငံပိုင်အဖွဲ့အစည်းများ၏လုပ်ငန်းများတွင် ၀င်ရောက်စွပ်ဖက်ခြင်း၊ ပုဂ္ဂိုလ်ရေး အကျိုး စီးပွားအတွက် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအား ပြင်ဆင်ရန် တွန်းအားပေးခြင်းနှင့် ခေါင်းဆောင်မှုအရည်အချင်း မရှိခြင်းတို့ ပါဝင်သည်။

ထိုသို့ ပီအေဒီ၏ လူစုလူဝေးနှင့် ဆန္ဒပြနေမှုကို ကြုံတွေ့နေရသော ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီး (၇) ဦးအား အတိုက်အခံ ဒီမိုကရက်ပါတီကလည်း အယုံအကြည်မရှိကြောင်း ယခုလ (၁၈) ရက် နေ့က ပါလီမန်သို့ အဆိုတင်သွင်းခဲ့သဖြင့် မနက်ဖြန်တွင် ယင်းအဆိုကို ဆွေးနွေးရန် ပါလီမန် ဥက္ကဋ္ဌ ချိုင်းချစ်ချွတ်က သတ်မှတ်ပေးခဲ့သည်။

ဆန္ဒပြနေမှုများကို ရဲနှင့် စစ်တပ်သုံး၍ ဖြိုခွင်းမည်ဟု အစောပိုင်းက သတိပေးခဲ့သော်လည်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားမည်ကို ရှောင်ရှားလိုသောကြောင့် ဖြိုခွဲမည့် အစီအစဉ်ကို နောက်ပိုင်းတွင် ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်ကပြောသည်။

၎င်းက “ဆူပူအကြမ်းဖက်မှုတွေ မလိုလားလို့ ကျနော် စိတ်ရှည်ရှည်ထားခဲ့ပါတယ်။ ပီအေဒီနဲ့ ထိပ်တိုက်မတွေ့ဖို့ ရှောင်ရှားမှာပါ။ တိုင်းပြည်အနေနဲ့လည်း ပုံမှန်အနေအထားပဲဖြစ်ပါလိမ့်မယ်။ အစွမ်းအစကိုပြချင်တဲ့ ဘယ်သူ့ကိုမဆို ပြခွင့်ပေးရတာဟာလည်း ခိုင်လုံတဲ့အကြောင်းနဲ့ အချိန် ရှိလို့ပါ” ဟု ပြောသည်။

မြို့တော်ဘန်ကောက်မြို့လယ်၌ ယခင်လနောက်ဆုံးအပတ်မှစတင်ခဲ့သည့် စုဝေးဆန္ဒပြနေမှု များအား ဦးဆောင်နေသော ပီအေဒီကမူ ဒီမိုကရက်ပါတီက တင်သွင်းသည့် အယုံအကြည် မရှိအဆိုသည် လုံလောက်မှုမရှိသဖြင့် ၎င်းတို့၏ ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်သွား မည်ဟု ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိပ်သီးစစ်ခေါင်းဆောင်နှစ်ဦး စစ်တပ်ရာထူးမှ အနားယူ



ဗထူး။ ဇွန် ၂၂၊ ၂၀၀၈
မြန်မာစစ်အစိုးရ ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှစ်ဦး စစ်တပ်တွင် ထိန်းချုပ်ထားသည့် တာဝန်များမှ အနားယူ သွားသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ယနေ့ပြောဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာများမှ အနားယူကာ အခြားအဆင့်မြင့်ဗိုလ်ချုပ်ကြီးများနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးနေရာတွင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့(ကစထ)မှူး တဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေအား အစားထိုးခန့်အပ်ခဲ့သည် ဟု အမည်မဖော်လိုသည့် စစ်ဖက်အရာရှိတဦးက ပြောသည်။

“တပ်ချုပ်နဲ့ ဒုချုပ်က တပ်အမိန့်ပုံစံမျိုးနဲ့ တပ်က အနားယူတဲ့သဘောပဲ၊ (နယက)ကောင်စီမှာ တော့ ဆက်ရှိနေမယ်၊ အရင် (ကစထ)မှူးတွေလည်း အနားယူတယ်ဆိုပေမဲ့ အဲ့ဒီကောင်စီမှာ ဆက်ပါနေအုံးမယ်၊ တပ်ချုပ်နဲ့ ဒုချုပ်က ရန်ကုန်ပြန်လာမယ်၊ သူတို့နဲ့အတူ (ကစထ)မှူးတွေ ထဲက ဒုတိယဗိုလ်ချုပ်မှူးကြီး ခင်မောင်သန်းလည်း ပါလာမယ်၊ သူလည်း အနားယူပြီ”ဟု အဆိုပါတပ်မတော်အရာရှိတဦးက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်း၊ တောင်ပိုင်းတိုင်းနှင့် အရှေ့မြောက်တိုင်းမှ တိုင်းမှူးသုံးဦးမှာလည်း ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူးများအဖြစ် တဆင့်တိုးခန့်အပ်လိုက်ပြီး ထိပ်ပိုင်းခေါင်းဆောင်အများအပြား အပြောင်းအလဲပြုလုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။

ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်ချုပ်ဝင်းမြင့်နှင့် မုံရွာခရိုင်မှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်ချုပ်ရာပြည့်တို့ ပြောင်းလဲရောက်ရှိလာမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ဒါက တပ်တွင်းနေရာအပြောင်းအလဲတွေဖြစ်တော့ သတင်းစာတွေကတော့ တရားဝင် ပုံ ဘယ်သူဘာညာဆိုပြီးတော့ ထွက်လာမှာမဟုတ်ဘူး၊ အရင် (ကစထ)မှူးဟောင်းတွေ နားတယ် ဆိုပေမဲ့ နိုင်ငံတော်ကောင်စီထဲမှာ ဆက်ရှိနေအုံးမယ်၊ ၂၀၁၀ ကျရင် နေရာယူမယ်လို့တော့ ခန့်မှန်းနေတာပဲ”ဟု ပြောသည်။

တိုင်းတပ်မအတွင်းရှိ စစ်ဦးစီးအရာရှိ ပထမတန်း အယောက် (၂၀) ခန့်မှာလည်း တိုင်းတပ်မ ဗျူဟာမှူး များအဖြစ်အပြောင်းအလဲများရှိမည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယခုအပြောင်းအလဲများနှင့်ပတ်သက်၍ တပ်တွင်းတင်းကြပ်နေသော ရာထူးနေရာအများအပြား အပြောင်းအရွှေ့များ ဖြစ်ပေါ်လာသည့်အတွက် ရှေ့အလားအလာကို ခန့်မှန်းရခက်နေသေးပြီး အာဏာအရပ်ရပ်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်လက်ထိမ်းနိုင်မည့် အခွင့်အလမ်းအချို့ အတွက် စဉ်းစားစရာဖြစ်နေသည်ဟု အဆိုပါစစ်ဘက်အရာရှိက ပြောဆိုသွားခဲ့သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့်လယ်သမားတွေရဲ့ လယ်ယာမြေတွေကို အာဏာပိုင်တွေက သိမ်းဖို့ညွှန်ကြား

၂၂ ဇွန် ၂၀၀၈

ဆိုင်ကလုန်း လေမုန်တိုင်း ဘေးဒဏ်သင့်ရာ မြစ်ဝကျွန်းပေါ် ဒေသက ဒေသခံတွေ လေဘေးဒဏ်က ပြန်လည် နာလန်မထူ နိုင်သေးခင်မှာပဲ လယ်တွေ၊ ယာတွေ၊ လုပ်ငန်းတွေ ဆုံးရှုံးရမယ့် အဖြစ်နဲ့ ကြုံနေရပါတယ်။ အခုဆိုရင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ထဲမှာ ဒေသခံတချို့ဟာဆိုရင် သူတို့လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ နေရာတွေကနေ ဖယ်ရှားဖို့ အာဏာပိုင်တွေက အမိန့်ပေး စေခိုင်းနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောကြတာပါ။ ကိုအောင်လွင်ဦး က ဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းထားတယ်ဆိုတော့ ဘယ်လိုဖြစ်သလဲ အပြည့်အစုံကို ပြောပြပေးပါလိမ့်မယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လေမုန်တိုင်းဒဏ်ခံရပြီးတဲ့နောက် နောက်နောင် ဒီလို သဘာဝဘေးအန္တာရာယ်တွေက ကာကွယ်နိုင်ဖို့ဆိုပြီး သက်ဆိုင်ရာ သစ်တောဦးစီးဌာနနဲ့ ဒေသခံအာဏာပိုင်တွေက ဘိုကလေးမြို့နယ်ထဲမှာရှိတဲ့ လယ်ယာ၊ ကိုင်းကျွန်း လုပ်ကိုင်နေတဲ့ နေရာတွေကနေ ဖယ်ရှားပေးဖို့ အမိန့်ပေးစေခိုင်းနေတာမို့ လေဘေး ဒုက္ခသည်တွေအဖို့ တပူပေါ် နှစ်ပူဆင့် အခက်ကြုံ နေရတာပါ။ အခုလလယ်ပိုင်းကပဲ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကြောင့် အခက်ကြုံနေရတဲ့ အကြောင်းကို အမိန့်စာကို လက်ခံရရှိခဲ့တဲ့ ဒေသခံ လယ်သမား တဦး ပြောပြထားတာကတော့ -
"ဧရာဝတီတိုင်း ဘိုကလေးက မြေဧရိယာ ၃၃၃၄၀ကို သစ်တော ကာကွယ်မယ်၊ ဘာဖြစ်မယ်ဆိုပြီး ဖယ်ခိုင်းတယ်။ အမိန့်ပုံစံမျိုးနဲ့ ဖယ်ခိုင်းတယ်။ ကျွန်တော်တို့ကို ထိပ်ဆိုင်ပေးမယ့်သူမရှိတော့ ကျွန်တော်တို့က ဖယ်ပေးရတော့မလို ဖြစ်နေတယ်။ ၁၅ရက် ၆လ ၂၀၀၈ကတော့ သစ်တောဝန်ကြီးဌာနက အမိန့်စာကို ကြေညာတယ်။ ကျွန်တော်တို့ဆီကို ၂ရက်ခြားမှ ရောက်လာတယ်။ ကျွန်တော်တို့ကို အသိပေးခြင်းမရှိဘူး။ အခုမှ လာပြောတယ်။ ဖယ်ဆိုဖယ်။ မဖယ်လို့ရှိရင် ဘယ်လိုဖြစ်မယ်။ ဘာလိုဖြစ်မယ်ဆိုပြီး ပြောတယ်။"
အခုဖယ်ရှားပေးဖို့ ပြောထားတဲ့ ဒေသတွေဟာ လေဘေးဒဏ် မခံရမီ အချိန်အထိ ဒေသခံတွေ လယ်ယာ၊ ကိုင်းကျွန်း အဓိက စိုက်ပျိုးလုပ်ကိုင်နေတဲ့ နေရာတွေ ဖြစ်ပြီးတော့၊ မုန်တိုင်းဒဏ်ခံရပြီး ပြန်လည်နာလန်ထူဖို့ ကျိုးစားနေတုန်း အခုလို အခက်ကြုံ နေကြရတာလည်း ဖြစ်ပါတယ်။
"အဲဒီနေရာတွေမှာ လယ်လုပ်တဲ့ သူတွေလည်းရှိတယ်။ ပိုက်လုပ်တဲ့သူတွေလည်းရှိတယ်။ ဒေါက်လုပ်တဲ့သူတွေလည်း ရှိတယ်။ လယ်လုပ်တဲ့သူကတော့ များတယ်။ ပိုက်လုပ်တဲ့သူဆိုတာက ကျားပိုက်တွေ ထောင်တယ်။ ငါးသလောက် ပိုက်တွေ ထောင်ကြတယ်။ ကျွန်တော်တို့က ကြောက်လန့်သွားကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က ဒါတွေနဲ့ပဲ လုပ်ကိုင်စားနေရတယ်။ ကျွန်တော်တို့မှာ မုန်တိုင်းကလည်း မိထားတဲ့ ဒဏ်တွေကလည်း ရှိသေးတယ်။ ကျွန်တော်တို့ ဘ၀သစ်တခုကို ထူထောင်ဖို့ ပြန်ပြီး ကြိုးစားနေတာလေ။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို အခုလိုလုပ်တော့ ကျွန်တော်တို့ ဘာဆက်လုပ်ကြရမှာလဲ။ ကျွန်တော်တို့မှာလည်း ဘာမှ မရှိတော့ဘူး။ ဒီအချိန်မှာ ကျွန်တော်တို့ မျိုးစပါးရဖို့ကို ကျွန်တော်တို့မှာရှိတဲ့ အသိမိတ်ဆွေတွေဆီက ချေးဌားပြီးတော့ လုပ်နေရတဲ့ အခြေအနေလေ။ စက်တွေဆိုရင်လည်း ကျွန်တော်တို့ ထုတ်လို့မရဘူး။ ထုတ်လို့မရလို့ လူကြီးတွေကို လက်ပေးလက်ယူ လုပ်ရတဲ့ ပုံစံမျိုးနဲ့ လိုက်ပြီး ထုတ်ယူရတယ်။"
ဒီလို အာဏာပိုင်တွေက ဖယ်ရှားဖို့ အမိန့်ပေးထားပေမဲ့ လေဘေးဒဏ်ခံထားရတဲ့ ဒေသခံတွေအတွက် မြေနေရာ ပြန်လည်အစားထိုး စီစဉ်ပေးတာ၊ နစ်နာကြေး အထောက်အပံ့ စတာမျိုးတွေ ကမ်းလှမ်းတာတွေ မရှိဘူးလို့လည်း ဆိုပါတယ်။ ကူရာကယ်ရာမဲ့ ဖြစ်နေတဲ့ လေဘေးဒုက္ခသည်တွေ အနေနဲ့ လတ်တလောမှာ အာဏာပိုင်တွေဖက်က အမြန်ဆုံး ဖယ်ရှားပေးဖို့ကိုသာ ပြောဆိုနေတာမို့ မြေမဲ့ယာမဲ့ ဖြစ်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက ပြောပါတယ်။
"ကျွန်တော်တို့ကို ဖယ်ဆိုပြီး အမိန့်လာပေးတယ်။ မဖယ်ရင် ဘာဖြစ်မယ်ဆိုပြီး ပြောတာပဲရှိတယ်ခင်ဗျ။ ကျွန်တော်တို့ကို ဘာပေးမယ်ဆိုပြီး ကမ်းလှမ်းတာတွေ ဘာတခုမှ မရှိဘူး။ အမြန်ဆုံးဖယ်ပေးရမယ်လို့ပဲ ကျွန်တော်တို့ကို ပြောတယ်ခင်ဗျ။ မဖယ်ရင် ကျွန်တော်တို့ကို အရေးယူမှုတွေလုပ်မယ်လို့ ကြားနေရတယ်။ လယ်ယာပစ္စည်းသွားထုတ်တဲ့အချိန်မှာ မဖယ်တဲ့သူတွေကို ရှိတဲ့ လယ်မြေတွေပါ ထပ်သိမ်းမယ်။ ဘာဆက်လုပ်မလဲဆိုတာ ဘယ်သူမှ မပြောတတ်ဘူး။ သူတို့က လာပြီးတော့ အတင်းအဓမ္မလာလုပ်တော့ ကျွန်တော်တို့က လယ်သမားတွေ။ ဘာမှနားမလည်တော့ ဖယ်ပေးရမလိုပဲ။"
ဧရာဝတီတိုင်း ဘိုကလေးမြို့က ဒေသခံ လယ်သမားတဦး ဖြစ်ပါတယ်။ လေဘေးဒဏ်ခံခဲ့ရတာ တလခွဲနီးပါး ရှိလာတဲ့ အချိန်ထိ လေဘေး အကူအညီတွေကလည်း လုံလုံလောက်လောက်မရ၊ မိုးရာသီ ဆန်စပါးစိုက်ပျိုးတဲ့ ကာလထဲကို ရောက်နေပြီ ဖြစ်ပေမဲ့လည်း စိုက်ပျိုးရေး ပစ္စည်းတွေ မပြည့်စုံလို့ ထွန်ယက်စိုက်ပျိုးတာတွေ မလုပ်နိုင် ဖြစ်နေရတဲ့ အချိန်မှာပဲ အခုလို လက်ငုပ်လက်ရင်း လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို လက်လွတ်ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့လည်း ဒီဒေသခံ လယ်သမားကပဲ ပြောပြခဲ့ပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင် ကူးတို့သင်္ဘောနစ်မြှပ်၊ ခရီးသည် ၇၀၀ ကျော် ပျောက်ဆုံးနေဆဲ


ဖိလစ်ပိုင်နိုင်ငံက ရေလွှမ်းမိုးမှု မြင်ကွင်းတခုဇူလိုင်လ ၂၂၊ ၂၀၀၈

22 June 2008
ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းလေမုန်တိုင်း တိုက်ခတ်မှုကြောင့် ခရီးသည်တင် သင်္ဘောတစင်း နစ်မြှပ်ခဲ့ရာမှာ လူပေါင်း (၇၀၀) ကျော် ပျောက်ဆုံးနေသလို၊ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတ၀န်း အသက်ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေလည်း အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ အခုအချိန်အထိတော့ သင်္ဘော နစ်မြှပ်ရာက အသက်မသေပဲ လွတ်မြောက်လာသူ ၄ ဦး ကိုပဲ ရှာဖွေတွေ့ရှိထားတာ ဖြစ်ပြီးတော့ သေဆုံးသူ ၄ ဦးရဲ့ အလောင်းတွေကိုလည်း ဆယ်ယူနိုင်ခဲ့ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ရွမ်ဘလွန် (Romblon) ခရိုင်က၊ ဆီဘူရန်ကျွန်း (Sibuyan Island) မှာ သင်္ဘော တိမ်းမှောက်မှု မဖြစ်ခင် ခရီးသည်အများအပြားဟာ သင်္ဘောပေါ်ကနေ လွတ်မြောက်အောင် မကျိုးပမ်းနိုင်ခဲ့ဘူးလို့ အသက်မသေ လွတ်မြောက်လာသူတွေ ပြောပါတယ်။ တိုင်ဖွန်း ဖန်းဂ်ရှန်း (Fengshen) ကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ လေတိုက်ခတ်မှုနဲ့ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုတွေကြောင့် နစ်မြှပ်ခဲ့ရတဲ့ ခရီးသည်တင် သင်္ဘောဆီကို ကယ်ဆယ်ရေး အတွက် ကမ်းခြေစောင့် သင်္ဘောတွေ သွားရောက်ဖို့ အခက်အခဲတွေလည်း ရှိနေတာပါ။ တိုင်ဖွန်း လေမုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်ဟာ (၁၅၅) ယောက်အထိ ရှိနေပြီလို့လည်း ဖိလစ်ပိုင်နိုင်ငံက ကြက်ခြေနီအဖွဲ့ အကြီးအကဲက ပြောပါတယ်။ တိုင်ဖွန်း ဖန်းဂ်ရှန်း ၂ ရက်ကြာ တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ တ၀န်း ရေအောက်မှာ နစ်မြှပ်ခဲ့တာပါ။ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၃၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်းက ရေလွှမ်းမိုးမှုတွေ၊ မြေပြိုကျမှုတွေ အကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်