စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, May 1, 2008

Thay Chin Soe, Than Shwe 103


အပြည့်အစုံဖတ်လိုလျှင်

Thay Chin Soe, Than Shwe 102


အပြည့်အစုံဖတ်လိုလျှင်

Thay Chin Soe, Than Shwe 101


အပြည့်အစုံဖတ်လိုလျှင်

ပယ်မဲဖြစ်နိုင်သည့် မဲ(၆)မျိုး


အပြည့်အစုံဖတ်လိုလျှင်

အဓ္ဓမခေါင်းဆောင် လက်မခံပါ (ကဗျာ)


အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်ရှိ ဝါဒဖြန့် ပိုစတာများ ကြက်ခြေခတ်ခံရ

ရန်ကုန်ရှိ ဝါဒဖြန့် ပိုစတာများ ကြက်ခြေခတ်ခံရကြည်ဝေ ဧပြီ ၂၉၊ ၂၀၀၈



ရန်ကုန်တိုင်းအတွင်း မြို့နယ်များရှိ လူစည်ကားရာ လမ်းဆုံလမ်းထောင့်များနှင့် မီးပွိုင့်များတွင် စိုက်ထူထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း အတည်ပြုရေး မြေစိုက်ပိုစတာတချို့အား မှုတ်ဆေးများဖြင့် ကြက်ခြေခတ် သင်္ကေတများ ပြုလုပ် သောကြောင့် အဆိုပါ ဆိုင်းဘုတ်များအနီး ၀န်းကျင်တွင် လုံခြုံရေး အစောင့်များချထားပြီး စောင့်ကြည့်လျှက်ရှိကြောင်း သိရှိရသည်။လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်း လမ်းမကြီးနှင့် ကျန်စစ်သားလမ်းထောင့်တွင် စိုက်ထူထားသော “မင်းမဲ့စရိုက်ဖြင့် ဒီမိုကရေစီမရနိုင်၊ ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင်၊ အခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီရနိုင်သည်” ဟူသော မြေစိုက်ပိုစတာပေါ် တွင် မှုတ်ဆေးဖြင့် ကြက်ခြေခတ်ထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု လှိုင်သာယာ မြို့နယ် စက်မှုဇုန်မှ စက်ရုံဝန်ထမ်း တဦးက ပြောပြသည်။အဆိုပါ ကြက်ခြေခတ်ခံရသော မြေစိုက်ပိုစတာမှာ ဧပြီလ ၂၆ ရက်နေ့က အခမ်းအနားဖြင့် စိုက်ထူခဲ့သော မြေစိုက်ပိုစတာ ဖြစ်ပြီး စိုက်ပြီး၍ မကြာခင်မှာပင် ယခုကဲ့သို့ ကြက်ခြေခတ် ခံရခြင်းဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန် ဝန်ထမ်းက ပြောသည်။ထို့ပြင် ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် စိုက်ထူထားသော “ဒို့အနာဂတ် ဒို့ဖန်တီးဖို့၊ အခြေခံ ဥပဒေအတည်ပြုစို့” ဟူသော မြေစိုက် ပိုစတာကိုလည်း ယခု ရက်ပိုင်းအတွင်းမှာပင် ဖျက်ဆီး ခံရကြောင်း သိရသည်။ယခုအခါ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် စိုက်ထူထားသော မြေစိုက်ပိုစတာများ အနီးဝန်းကျင်တွင် အစောင့်များ ချထားပြီး သက်ဆိုင်ရာ မြို့နယ်များမှ တာဝန်ကျရဲများကလည်း ဆိုင်ကယ်များဖြင့် လှည့်ပတ် စစ်ဆေးခြင်းများ ပြုလုပ်လျှက် ရှိသည်ကို မြင်တွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။“ကျနော်တို့ မြို့နယ်ထဲမှာ သွားလာနေထိုင်တဲ့သူက ၂ သိန်းနဲ့ ၃ သိန်းအထက်မှာ ရှိတယ်၊ မြို့နယ် စခန်းမှာ တာဝန်ကျရဲက ကျနော်အပါဝင် စုစုပေါင်း တရာကျော်ပဲရှိတယ်ဆိုတော့ ရဲတယောက်အနေနဲ့ နေ့စဉ် လူပေါင်း မြောက်မြားစွာကို စောင့်ကြည့် နေရပါတယ်” ဟု ရန်ကုန်ရှိ မြို့နယ် စခန်းမှူးတဦးက ဆိုသည်။
ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယနေ့ထိပင် ယူနီဖောင်း အပြည့်အစုံဝတ် လုံထိန်းများနှင့် စစ်သားများမှာ စစ်ကား ၄ စီးဖြင့် မြို့ကို ပတ်လျှက်ရှိကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောပြသည်။
“မီးပွိုင့်လမ်းဆုံတွေမှာရှိတဲ့ မြေစိုက်ပိုစတာတွေကိုတော့ ယာဉ်ထိန်းရဲတွေကို စောင့်ကြည့်ဖို့ တာဝန်ပေးထားတယ်လို့ ကြားတယ်၊ အရပ်ဝတ်ရဲတွေအပြင်၊ စစ်ယူနီဖောင်းဝတ် စစ်ဗိုလ်တွေလည်း ဟမ်းဖုန်းတွေနဲ့ ဆိုင်ကယ်စီးပြီး လှည့်ပတ်ကြည့် နေကြတာပဲ” ဟု ရန်ကုန် ရန်ကင်းမြို့နယ်တွင် နေထိုင်သူ တဦးကလည်း ပြောသည်။အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး မြေစိုက်ပိုစတာများကို ရန်ကုန်တိုင်းအတွင်းရှိ တာမွေမြို့နယ် လမ်းငါး ခွဆုံ၊ ရန်ကင်းမြို့နယ် ဆရာစံလမ်းရှိ ရန်ကင်း စင်တာရှေ့၊ သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ သုဝဏ္ဏအားကစား ကွင်းရှေ့ ၊ ဒဂုံမြို့သစ်မြို့ တောင်မြောက်လမ်းဆုံ၊ အင်းစိန်မြို့နယ် မင်းကြီးလမ်း အင်းစိန်ပန်းခြံထောင့်၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းနှင့် ခရေပင်လမ်းခွဲထောင့်၊ စသည့်နေရာများအပြင် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ မရမ်းကုန်း မြို့နယ် သမိုင်းလမ်းဆုံ၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကြည်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးရှေ့နှင့် အလုံမြို့နယ်ထော်လီကွေ့ စသည့်နေရာများနှင့် ကျန်နေရာတချို့တွင် စိုက်ထူထားသည်ကို တွေ့မြင်ရသည်။ယခုရက်ပိုင်းအတွင်း အဆိုပါမြေစိုက်ပိုစတာများကို ရန်ကုန်တိုင်းတွင်သာမက တခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရှိသော မြို့နယ်များနှင့် ကျေးရွာများပါမကျန် လူစည်ကားရာ နေရာများတွင် အခမ်းအနားဖြင့် စိုက်ထူလျှက်ရှိကြောင်း သိရှိရသည်။

အပြည့်အစုံဖတ်လိုလျှင်

ဆန္ဒအစစ်အမှန်ဖော်ထုတ်ပြီး မဲရုံတွေကိုစောင့်ကြည့်ဖို့ တိုင်းရင်းသားပါတီတွေ လူထုကို တိုက်တွန်း

ဆန္ဒအစစ်အမှန်ဖော်ထုတ်ပြီး မဲရုံတွေကိုစောင့်ကြည့်ဖို့ တိုင်းရင်းသားပါတီတွေ လူထုကို တိုက်တွန်း
30 April 2008
မြန်မာနိုင်ငံမှာကျင်းပမယ့် လူထုဆန္ဒခံယူပွဲမှာ လူထုအနေနဲ့ ဆန္ဒအစစ်အမှန်ကို ထုတ်ဖော်ဖို့ လိုအပ်သလို မဲရုံတွေကိုသွားပြီး စောင့်ကြည့်လေ့လာတာတွေလုပ်ဖို့ ပြည်တွင်း တိုင်းရင်းသားပါတီ အဖွဲ့အစည်း ၁၂ ဖွဲ့က မြန်မာပြည်သူတွေကို တိုက်တွန်းထားပါတယ်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစု နိုင်ငံရေးပါတီများရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။
မြန်မာစစ်အစိုးရ အတည်ပြုဖို့ ပြင်ဆင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီအနှစ်သာရပြည့်ဝတဲ့ စစ်မှန်တဲ့ပြည်ထောင်စုကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့အကြောင်း တိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေက ကြေညာချက် ထုတ်ပြန်ထားပါတယ်။ စစ်တပ်က အာဏာကိုချုပ်ကိုင်ထားတဲ့ ဗဟိုချုပ်ကိုင်တဲ့ အစိုးရပုံစံမျိုးကိုပဲ ပုံဖော်မယ့် ဖွဲ့စည်းပုံလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့်လည်း ပြည်သူတွေအနေနဲ့ နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိနဲ့ ဆန္ဒအစစ်အမှန်ကို ရဲရဲရင့်ရင့်ထုတ်ဖော်ဖို့ တိုင်းရင်းသားပါတီတွေက တိုက်တွန်းထားပါတယ်။ ရန်ကုန်မြို့က ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD) ဌာနေကိုယ်စားလှယ် ဦးခွန်ထူးက ကြေညာချက်ပါ အချက်တွေနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။
“ကြေညာချက်မှာ အချက်လေးချက်ပါတယ်ဗျ။ ပြည်သူသို့ ပန်ကြားချက်ပေါ့ဗျာ။ အခု စစ်အစိုးရကကျင်းပမယ့် လူထုဆန္ဒခံယူပွဲဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲသွားနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက် ဒါကို အခွင့်အရေးတရပ်အဖြစ် ရှုမြင်ပြီးမှ မိမိတို့ရဲ့ ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပါ။ ဒါ နံပါတ်တစ်အချက်ပေါ့။ နံပါတ်နှစ်ကတော့ လူထုအနေနဲ့ ကြောက်စရာမလိုဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးက အာရုံစိုက်ကြည့်နေတဲ့အတွက် ကြောက်စရာမလိုဘူး။ ကြောက်ပြီးမှ ကြားနေမယ်၊ ကြောက်ပြီးမှ မိမိဆန္ဒကို မြိုသိပ်မယ်ဆိုရင် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဒါ နံပါတ်နှစ်ပေါ့ဗျာ။”
နံပါတ်သုံးအချက်အနေနဲ့ ပြည်သူတွေဘက်က တိုင်းပြည်ကို ဆန္ဒအစစ်အမှန်နဲ့ လမ်းကြောင်းမှန်ပေါ် ပြန်တင်ဖို့၊ နောက် မဲရုံတွေကိုသွားပြီး စောင့်ကြပ်ကြည့်ကြဖို့လည်း ကြေညာချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။ ဦးခွန်ထူးက အခုလိုပြောပါတယ်။
“ပြည်သူလူထုက မိမိနဲ့ထိုက်တန်တဲ့ အစိုးရကိုပဲ မိမိရရှိမယ်။ အဲဒါကြောင့် မိမိတို့ရဲ့ ဆန္ဒမှန်ကို ထုတ်ဖော်ပြီး တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပါ၊ တိုင်းပြည်က အရမ်းဆိုးဝါးနေပြီ။ နံပါတ်လေးအချက်ကတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အခန်း (၈)၊ ပုဒ်မှ (၂၂) မှာ မဲရုံပိတ်ချိန်မှာ အနည်းဆုံး လူ ၁၀ ယောက်ရှေ့မှာ မဲရေရမယ်။ ဒီလိုပါတဲ့အတွက် ပြည်သူကို ကျနော်တို့က ဘယ်လိုတိုက်တွန်းသလဲဆိုတော့ မနက် မဲရုံ စဖွင့်တဲ့အချိန်မှာလည်းကောင်း၊ ညနေ မဲရုံပိတ်တဲ့အချိန်မှာလည်းကောင်း၊ မဲရုံတွေမှာ ပါဝင်စောင့်ကြည့်ဖို့ အထူးတိုက်တွန်းထားပါတယ်။”ရန်ကုန်မြို့က ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD) ဌာနေကိုယ်စားလှယ် ဦးခွန်ထူး ပြောပြသွားတာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က မေလကျင်းပမယ့် လူထုဆန္ဒခံယူပွဲဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတရပ်အဖြစ် ရှုမြင်ပြီး ဆန္ဒအစစ်အမှန်ကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ဖို့ ပြည်သူသို့ပန်ကြားချက်နဲ့ လုပ်ဆောင်ရမယ့် အချက်တွေအဖြစ် ကြေညာ ချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း အခု တိုင်းရင်းသားပါတီတွေ စုပေါင်းထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြန်လည်ဖော်ပြထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်