16 July 2008
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ ရဲ့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်မှု တွေဟာ တိုးတက်မှုနှောင့်နှေးလွန်းတဲ့အတွက် အားမလို အားမရ ဖြစ်မိတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ပြောပါတယ်။
အခု မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို ပြန်သွားဘို့ ပြင်ဆင်နေပေမယ့် မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ တိုးတက်မှု ရှိမယ်လို့ မမျှော်လင့်ရဲကြတဲ့အကြောင်း ပြောဆိုကြတာဖြစ်ပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အန်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။
“ဂမ်ဘာရီက ဒီကိစ္စကို ကြိုးစားဆောင်ရွက်မယ်။ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ဆိုတော့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ပါတာပေါ့။ အခုဆောင်ရွက်နေတာဟာ ၂၀၀၇ အောက်တိုဘာကနေပြီးတော့ အခုဆိုရင် ၇လပိုင်းတောင် ရောက် နေပြီ၊ ဒီကြားထဲမှာ တိုးတက်မှုက သိပ်နှေးကွေးလွန်းတယ်ပေါ့။ ကျွန်တော်တော့ အဲဒီလိုပဲ မြင်တယ်။ အခု ရောက်ပြီး ရင်လည်း ချက်ချင်းကြီး အဖြေပေါ်ဖို့ မျှော်လင့် မထားဘူး။ ဒါပေမယ့် ဆောင်ရွက်မှုတွေ မှန်သမျှကိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်။ မျှော်လင့်ချက်အနေနဲ့ သိပ် ရှင်းရှင်းလင်းလင်း ကျွန်တော်တို့ သိပ်ပြီး မျှော်လင့်နိုင်တဲ့ အခြေအနေ မတွေ့သေးဘူး။”
မစ္စတာ ဂမ်ဘာရီဟာ ပြီးခဲ့တဲ့ မေလကတည်းက မြန်မာနိုင်ငံကို ပြန်သွားဘို့ စီစဉ် ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်ဆီးမှုတွေကြုံ နေရတဲ့အတွက် ခရီးစဉ် မဖြစ်မြောက်ခဲ့တာလို့ စစ်အစိုးရဘက်က ပြောပါတယ်။
မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေဟာ လတ်တလော လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တွေတော့ မရှိတဲ့အကြောင်း ဝေဖန်မှုတွေ ရှိခဲ့သလို ကုလသမဂ္ဂ ဘက်ကလည်း ဒီလို တိုးတက်မှုတွေ မရှိဘူးဆိုတာ ၀န်ခံခဲ့ပါတယ်။
ဇိုမီးအမျိုးသား ကွန်ဂရက်စ် ဥက္ကဠ ပုကျင်းရှင်ထန့်ကတော့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။
“ဂမ်ဘာရီနဲ့ ပတ်သက်လာရင်တော့ ဂမ်ဘာရီလာတယ်။ ဂမ်ဘာရီ ပြန်သွားတယ်။ ဒါလောက်ပဲ သိတယ်လေ။ ဘာမှ ထူးထူးထွေထွေ မရှိဘူး။ အခုလည်း ဒီလိုပဲ ဖြစ်မယ်ထင်တာပဲ။ သိပ်မမျှော်လင့်ပါဘူး ခင်ဗျ။”
မစ္စတာ ဂမ်ဘာရီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို စစ်အစိုးရက နှိမ်နှင်းခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံကို ၃ ကြိမ် သွားရောက်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ်သွားရောက်ခဲ့တာဟာ ပြီးခဲ့တဲ့ မတ်လဆန်းက ဖြစ်ပါတယ်။
မြန်မာ စစ်အစိုးရက မေလ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကို ကုလသမဂ္ဂက လေ့လာ စောင့်ကြည့် နိုင်အောင် မစ္စတာ ဂမ်ဘာရီ ခွင့်တောင်းခဲ့တာကို စစ်အစိုးရက ပယ်ချခဲ့ပါတယ်။
ဦးဥာဏ်ဝင်းကတော့ ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်ရတဲ့ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့ အကန့်အသတ်တွေ ရှိတာ မှန်ပေမယ့် မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုတွေ အားလုံးကိုတော့ကြိုဆိုတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ကတော့ ကုလသမဂ္ဂအနေနဲ့ ဥပဒေအရ၊ ချာတာအရ ဘယ်လောက်ဆောင်ရွက်ခွင့် ရှိသလဲဆိုတာ သိပါ တယ်။ ဒါကြောင့် ကုလသမဂ္ဂက ကြိုးစားဆောင်ရွက်နေတယ်ဆိုတာကို လက်ခံတယ်။ အောင်မြင်ဖို့ မအောင်မြင်ဖို့ဆိုတာ ကုလသမဂ္ဂတခုတည်း မဟုတ်ပါဘူး။ လက်ရှိ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေရော၊ အားလုံး တသဘောတည်း ဖြစ်လာတဲ့ အချိန်ကြမှ အောင်မြင်မယ်လို့ ကျွန်တော်တို့ ဒီလိုပဲ မြင်ပါတယ်။”
မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံ ခရီးစဉ်တိုင်းမှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော စစ်အစိုးရ အရာရှိတွေကိုပါ တွေ့ဆုံခဲ့ပါတယ်။
ဒါပေမယ့်လည်း မစ္စတာဂမ်ဘာရီ ခရီးစဉ်ကာလတွေ ပြီးသွားတိုင်း မြန်မာစစ်အစိုးရက ခန့်ထားတဲ့ ဆက်ဆံရေးအရာရှိ အလုပ်သမားရေး ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံပွဲတွေ လည်း ရပ်တန့် နေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးမှု အခြေအနေမှာ ကျေနပ်မှုမရှိတဲ့အကြောင်း အန်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ဇန္န၀ါရီလ ဆန်းမှာ ပြောဆို ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အကောင်းဘက်ကို မျှော်လင့်ပြီး စိတ်ရှည်ဘို့ လိုတဲ့တချိန်တည်းမှာ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ဘို့ မှာကြားထားတဲ့အကြောင်း အန်လ်ဒီ က ပြောဆိုထားပါတယ်။
Rest of your post
Thursday, July 17, 2008
မစ္စတာဂမ်ဘာရီ လာရောက်မည့်ကိစ္စ ပြည်တွင်း ဒီမိုကရေစီအင်အားစုများ မျှော်လင့်ချက် သိပ်မထား
Posted by
54freedom
at
10:48 PM
0
comments
Labels: ပြည်တွင်းသတင်းများ
သိုလှောင်စပါးများ ပျက်စီးလို့ အရှုံးပေါ်
ဝိုင်းပီး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 21:32 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဘိုကလေးမြို့ အထက်ပိုင်းရှိ လယ်သမားများသည် အမြတ်ကောင်း ရရှိရန် သိုလှောင်ထားသည့် စပါးများ နာဂစ်မုန်တိုင်းကြောင့် ရေစိုဆန်ဖြစ်သွားကာ ရောင်းဈေးများ အဆမတန် ထိုးကျသွားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အသန့်ဆုံးစပါး တင်း ၁ဝဝ လျှင် ၂ သိန်း ၈ သောင်း ဈေးနှုန်း ရှိနေချိန် ရေစိုကာ အနည်းငယ်သာ ပျက်စီးသည့် စပါးက ၁ သိန်း ၂ သောင်း ရှိကာ အဝါရောင်ပင် ထွက်လာသည့် ရေစိုစပါးများကိုမူ သောင်းဂဏန်း အနည်းငယ်ဈေးဖြင့် ဖြတ်ဝယ်ကြောင်းနှင့် အများအားဖြင့် ဝယ်ယူသူများ၏ ပါးစပ်ဖျားတွင်သာ ပေါက်ဈေး ရှိနေသည်။
ပြီးခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် လေမုန်တိုင်းကြောင့် လယ်သမားအများစု၏ သိုလှောင်စပါးများသည် ရေစိုကာ အရောင်များ ဝါလာပြီး အရည်အသွေး ကျဆင်းလာခြင်း ဖြစ်သည်။
လယ်ဧက ၃ဝ ကျော်ရှိသည့် မြင်းဂကုန်းကျေးရွာမှ လယ်သမားတဦးကတော့ “ဈေးကောင်းရမလား ဆိုပြီး၊ တင်း ၂ဝဝဝ လှောင်ထားမိတာ၊ အများကြီး အရှုံးပေါ်နေတယ်” ဟု ပြောသည်။
လယ်သမားများသည် နာဂစ်မုန်တိုင်းကြောင့် နွေစပါး (သီးထပ်စပါး) များ ဆုံးရှုံးသွားသည့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ကတည်းက ချေးငှားခဲ့သည့် အကြွေးများကို ယနေ့ထိ ပြန်မဆပ်နိုင်သေးကြောင်း ပြောဆိုကြသည်။
ယခုလို နွေစပါးများ ပျက်စီးသွားကာ ချေးငွေများ ပြန်မဆပ်နိုင်သည့်အတွက် ပုဂ္ဂလိက ငွေချေးလုပ်ငန်း လုပ်ဆောင်သူများကလည်း မိုးစပါးအတွက် နောက်ထပ် ချေးငွေများကို ထပ်ချေး မပေးနိုင်တော့ပေ။
နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းမှ လယ်သမားများကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အမတော်ကြေး (ခေါ်) တရာသီ တသီးချင်းဆပ် ချေးငွေများကို တဧကလျှင် ကျပ် ၈ဝဝဝ နှုန်းနှင့် ၁၇ ရာခိုင်နှုန်း အတိုးဖြင့် ထုတ်ချေးပေးနေသည်။
ငွေချေးလိုသည့် လယ်သမားတိုင်း မချေးနိုင်ဘဲ ဘဏ်၏ အသင်းဝင်ဖြစ်မှု၊ ချေးငွေကို ပြန်ဆပ်နိုင်သည့် ပိုင်ဆိုင်မှုစွမ်းအား အထောက်အထားများနှင့် ကျေးရွာ ချေးငွေ စိစစ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ၏ ထောက်ခံစာဖြင့် ငွေချေးခွင့် ရရှိနိုင်သည်။
လယ် ၁ ဧက စိုက်ပျိုးလျှင် ဓာတ်မြေသြဇာဖိုး အပါအဝင် ကျပ်ငွေ ၁ သိန်း ၈ သောင်းဝန်းကျင် ကုန်ကျသည့်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ပေးမှုသည် လုံလောက်မှု မရှိခြင်းကြောင့် ပုဂ္ဂိလိက လုပ်ငန်းရှင်များထံမှ ချေးကာ လယ်ယာများ လုပ်ကိုင်နေရကြောင်း ဘိုကလေးမြို့နယ် မြင်းဂကုန်းကျေးရွာ လယ်သမားက ပြောသည်။
လယ်သမားအများစုသည် သိုလှောင်စပါးများကိုသာ ရောင်းချနေရပြီး နွေစပါးစိုက်စဉ်က ယူထားသည့် အကြွေးများကိုသာ ပြန်ဆပ်နိုင်ရန် ကြိုးစားနေရသည်။
Rest of your post
Posted by
54freedom
at
10:44 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ကိုထင်ကျော် ၇ ကြိမ်မြောက် တရားရုံးထုတ်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 18:28 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ကုန်ဈေးနှုန်း ကျဆင်းရေး ဦးဆောင် တောင်းဆိုခဲ့သည့် ကိုထင်ကျော်ကို ယနေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ၇ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ အဖွဲ့မှ ကိုထင်ကျော်အား အကျဉ်းထောင်အတွင်း အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ရာ ရှေ့နေ ဦးအောင်သိန်းက လျှောက်လဲချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ရုံးထုတ်ပြီးသွားပြီရှင့်။ ဒီနေ့တော့ စစ်တာ မဟုတ်ဘူး။ စွဲထားတဲ့ ၃ မြို့နယ်က ပန်းပဲတန်း မြို့နယ် အတွက်ကို ရှေ့နေ ဦးအောင်သိန်းက လျှောက်လဲချက် တင်တယ်။ အခု ပြီးသွားပါတယ်” ဟု ကိုထင်ကျော်၏ ဇနီးသည် မသန်းသန်းမော်က မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ပန်းပဲတန်းမြို့နယ်မှာ စွဲတင်ထားတဲ့ ပုဒ်မနဲ့၊ ကိုထင်ကျော် လုပ်ဆောင်ချက်နဲ့၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ တခြားစီ ဖြစ်နေတယ်။ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကလည်း သူက ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုသာ တောင်းဆိုခြင်းသာ ဖြစ်တယ်။ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ကိစ္စတွေ၊ စကားလုံးတွေ ဘာမှ မပါဘူး၊၊ ဒီပုဒ်မက တကျွန်းချနိုင်တဲ့ အနေအထား ရှိတယ်ဆိုတော့ ဒီပုဒ်မဟာ ပြင်းထန်လွန်းတယ်ပေါ့။ ရှေ့နေက လျှောက်လဲပါတယ်” ဟု ပြောသည်။
ကိုထင်ကျော်ကို ၂ဝဝ၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၌ ဘုန်းကြီးဝတ်ခွင့် ဆန္ဒပြမှု၊ ဧပြီလ ၂၂ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ် စံပြဈေးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှု၊ သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန် သိမ်ကြီးဈေးတွင် ဆန္ဒပြမှု စသည့် အမှုတမှုစီအတွက် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
အမှုများကို အနောက်ပိုင်းခရိုင် တရားရုံးက တာဝန်ယူ စစ်ဆေးနေရာ ယနေ့တွင် ပန်းပဲတန်းမြို့နယ် ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ရှေ့နေ ဦးအောင်သိန်းက လျှောက်လဲချက်ပေးခဲ့သည်။
၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် မြန်မာစစ်အစိုးရက လောင်စာဆီဈေးနှုန်း အဆမတန် တိုးမြှင့်သည့်အပေါ် ဈေးနှုန်းပြန်ချပေးရန် သြဂုတ်လ ၂၂ ရက်တွင် အများပြည်သူက တောင်းဆိုဆန္ဒပြရန် ကိုထင်ကျော်က တိုက်တွန်း နှိုးဆော်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့တွင် သူကိုယ်တိုင်လည်း ရန်ကုန် သိမ်ကြီးဈေးရှေ့တွင် ဆန္ဒပြသဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
ကိုထင်ကျော်သည် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြခဲ့သလို အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ လမ်းလျှောက်ခွင့် ရရေးအတွက်လည်း ဆန္ဒပြရာ၌ တတိယအကြိမ်တွင် “စစ်အာဏာရှင်စနစ် ... ကျဆုံးပါစေ” ဟူသည့် ကြွေးကြော်သံကို အော်ဟစ်သဖြင့် ၃ ကြိမ်မြောက် စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံခဲ့ရသေးသည်။
Rest of your post
Posted by
54freedom
at
10:42 PM
0
comments
Labels: ပြည်တွင်းသတင်းများ
မြန်မာတေးသံရှင် ၂၂ ဦးက လေဘေး ရန်ပုံငွေအတွက် တေးစီးရီးထုတ်မည်
မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 20:31 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မုန်တိုင်းသင့် ပြည်သူများ ကူညီထောက်ပံ့ရေး ရန်ပုံငွေအတွက် မြန်မာနိုင်ငံမှ စတူရီယို အဆိုတော် ၂၂ ဦး သီဆိုသည့် တေးစီးရီးတခု မကြာမီ ဖြန့်ချိသွားမည် ဖြစ်သည်။
သီချင်း ၁၅ ပုဒ်ပါဝင်မည့် အဆိုပါ တေးစီးရီးအတွက် ယခုအခါ ရန်ကုန်ရှိ နဝရတ် စတူရီယိုတွင် အင်ပါယာ (Emperor), Plus Three, Aurora နှင့် Spectrum စသည့် ဂီတဝိုင်းများက အဓိက တီးခတ်သွားမည် ဖြစ်ပြီး အသံသွင်းမှုကိုလည်း စတင်နေပြီ ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ပေါက်မြောက် အောင်မြင်ဖို့ထက် ရန်ပုံငွေရဖို့အတွက် ပိုရည်ရွယ်ပါတယ်။ ထို့အတူ အနုပညာသည်တွေ အနေနဲ့ တတပ်တအားပေါ့။ ဒီသီချင်းတွေကို နားထောင်ပြီးတော့ စိတ်ဓာတ်ခွန်အားလေး မုန်တိုင်းသင့် ပြည်သူတွေ ပြန်ပေးနိုင်ဖို့အတွက် ရည်ရွယ်တာပါ၊ ဒုတိယ အချက်ကတော့ ငွေရေးကြေးရေးလေး ရပြီး ပြန်လှူဒါန်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အောင်မြင်ဖို့ တွေးမထားပါဘူး” ဟု တေးရေးဆရာနှင့် တေးသံရှင် ဆောင်းဦးလှိုင်က မဇ္ဈိမကို ပြောသည်။
စတူရီယို တေးသံရှင် စည်သူလွင်ကလည်း “လေဘေးသင့် ပြည်သူတွေထဲမှာ ကျနော်တို့ရဲ့ ပရိသတ်တွေ အများကြီးပါမယ်။ ကိုယ်က၊ အနုပညာသည်တွေက ပြည်သူတွေရဲ့ အားပေးမှုနဲ့ ရပ်တည်နေရတယ်။ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကျနော်တို့မှာ ပြန်ပြီးတော့ ကူညီရမယ့် ဝတ္တရားရှိတယ်လို့ ခံယူချက်နဲ့ လုပ်တာပါ” ဟု ပြောသည်။
ခေတ်ပေါ်တေးသံရှင် ရင်ဂို၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ထူးအယ်လ်လင်း၊ နွဲ့ယဉ်ဝင်း၊ မေခလာ၊ ဟေမာနေဝင်း၊ ကော်နီ၊ တင်ဇာမော်၊ လေးလေးဝါး၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ မီးမီးခဲ၊ ဆုန်သင်းပါရ်၊ မို့မို့ဇော်ဝင်း၊ သံသာဝင်း၊ ရှင်ဖုန်း၊ ခင်ဘုဏ်း၊ ဇမ်နူး၊ အားမူးနှင့် ကိုင်ဇာတို့ သီဆိုသွားမည် ဖြစ်ကာ ကိုဝေထွန်း (နဝရတ်) က ဦးဆောင် စီစဉ်နေခြင်း ဖြစ်သည်။
ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် သမဝါယမ ဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အကျိုးအမြတ် မယူဘဲ ကူညီသွားမည် ဖြစ်သလို၊ အဆိုတော်များနှင့် တီးဝိုင်း အနုပညာရှင်များကလည်း အခကြေးငွေ မယူဘဲ ရရှိလာမည့် အမြတ်အစွန်းများကို လေဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည် ဖြစ်သည်။
ဆောင်းဦးလှိုင်က “မနှစ်က မာလာမုန်တိုင်း ဖြစ်ကတည်းက ရွှေပြည်သာမှာ ရေကြီးသွားတော့ လူတွေ ဒုက္ခရောက်သွားပါတယ်။ အဲဒီတုန်းက ရေးခဲ့တာ သီချင်း သုံးပုဒ် ရေးထားခဲ့တယ်။ ဒီနှစ်မှာ မုန်တိုင်း ထပ်တိုက်တော့ နာဂစ်မုန်တိုင်းအကြောင်း ထပ်ဖြည့်လိုက်တာပေါ့။ နာဂစ်မုန်တိုင်းက ပိုဆိုးတာပေါ့။ ပြည်သူတွေကို အားပေးတဲ့ အနေနဲ့ ဒီ သီချင်းကို ရေးခဲ့တာ ဖြစ်တယ်။ သီချင်းရဲ့ အဓိက အနှစ်သာရကတော့ ပြန်ပြီးတော့ ထူထောင်ကြဖို့ အားပေးတဲ့ သဘောမျိုး ရေးစပ်ခဲ့တာပါ” ဟု ပြောဆိုခဲ့သည်။
Rest of your post
Posted by
54freedom
at
10:39 PM
0
comments
Labels: ပြည်တွင်းသတင်းများ
Wednesday, July 16, 2008
ရိုက်နှက်ဖမ်းဆီးခံရသည့် အန်အယ်လ်ဒီပါတီဝင်များကို ရုံးထုတ်စွဲချက်တင်
ပီတာအောင်/ ၁၆ ဇူလိုင် ၂၀၀၈
ပြီးခဲ့သည့် ဇွန် (၁၉) ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က စွမ်းအားရှင်နှင့်ကြံ့ဖွံ့တို့၏ ရိုက်နှက် ဖမ်းဆီးခံရသည့် အန်အယ်လ်ဒီပါတီဝင်များကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ စုပေါင်း တရားရုံး၌ ဆူပူအုံကြွမှုတို့ဖြင့် ယနေ့ရုံးထုတ် တရားစွဲဆိုကြောင်း တရားခွင်သို့ သွားရောက်ခဲ့သူ တဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တရားစွဲခံရသည့် တွံတေးမြို့ အန်အယ်လ်ဒီအဖွဲ့ဝင် ဦးချစ်ခင်၏ သားဖြစ်သူ ကိုအောင်စိုးမင်းက “ဒီနေ့ ရုံးထုတ်တယ်၊ နှစ်ကြိမ်ရှိပြီလို့ကြားတယ်။ ခုတကြိမ်မှ တွေ့ခွင့်ရတာပေါ့။ သူတို့ကို (၁၂) နာရီ လောက်မှာ အင်းစိန်ထောင်က ခေါ်လာတယ်။ တခါတည်း ရုံးကိုတင်တယ်။ (၂) ယောက်တွဲ၊ (၂) ယောက်တွဲ လက်ထိပ်တွေ ခတ်ပြီး ခေါ်လာတယ်။ စကားပြောခွင့်ရတယ်။ ရုံးမှာ ချက်ချင်းစစ်ဆေး ပြီး ချက်ချင်းပြန်ခေါ်သွားတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ ဦးပဉ္စင်း ဦးစန္ဒိမာ၊ ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် အန်အယ်လ်ဒီပါတီဝင် (၁၂) ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ၅၀၅ (ခ)၊ ပုဒ်မ (၁၄၃) တို့ဖြင့် တရားစွဲထားသည်ဟု သိရသည်။
ပုဒ်မ ၅၀၅ (ခ) သည် အစိုးရနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် ပြစ်မှုဖြစ်ပြီး (၂) နှစ်ခန့် ပြစ်ဒဏ်ချနိုင်ကြောင်းနှင့် ပုဒ်မ (၁၄၃) သည် လူ (၅) ဦးထက်ပို၍ စုရုံးသည့် ပြစ်မှုဖြစ်ပြီး (၆) လခန့် ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
အန်အယ်လ်ဒီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က “ရိုက်နှက်ခံရတဲ့ ပုဂ္ဂိုလ်တွေကို ထပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ဒါတွေဟာ ဥပဒေပြင်ပက လုပ်ရပ်တွေပါ။ ဒီရိုက် နှက်ခံရတဲ့လူတွေက တရားစွဲပိုင်ခွင့်တို့ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်တွေ ဘာမှ အခွင့်အရေး တွေ ကျနော်တို့မှာ မရဘူး” ဟုပြောသည်။
ဖမ်းဆီးတရားစွဲခံရသူများအတွက် အမှုရင်ဆိုင်ရန် အန်အယ်လ်ဒီက စီစဉ်ထားကြောင်းနှင့် လာမည့် (၂၅) ရက်၌ ထပ်မံ ရုံးထုတ်ရန်ရှိကြောင်း သိရသည်။
အဖမ်းခံရသူ (၁၄) ဦးတို့မှာ ဦးစန္ဒိမာ၊ ရှေ့နေ ရောဘတ်စန်းအောင်၊ အန်အယ်ဒီပါတီဝင် ဦးထွန်းမြင့် (ဗဟန်း)၊ ဦးစိုးအုန်း (ဗဟန်း)၊ ဦးကျော်ကျော်သန်း (ညောင်လေးပင်)၊ ဦးသိန်းဝင်း (တာမွေဒု-ဥက္ကဋ္ဌ)၊ ဦးမောင်မောင်သိမ်း (မင်္ဂလာဒုံ)၊ ဦးဌေးအောင် (မရမ်းကုန်း)၊ ဦးမြင့်ဆွေ (ကြည့်မြင်တိုင်)၊ ဦးတင်အုန်း (ရွှေပြည်သာ)၊ ဦးမောင်စိန် (လှိုင်)၊ ဦးဟန်စိန် (အင်းစိန်)၊ ဦးချစ်ခင် (တွံတေး)၊ ဦးစံဘော် (တွံတေး) တို့ဖြစ်သည်။ ။
Rest of your post
Posted by
54freedom
at
8:01 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ရန်ကုန်မြို့ ကမာရွတ်ရဲစခန်းအနီး ပစ္စည်းယူ လူသတ်မှု ဖြစ်ပွား
NEJ/၁၆ ဇူလိုင် ၂၀၀၈
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမှတ် (၈) ရပ်ကွက် လှည်းတန်းလမ်း တိုက်နံပါတ် (၁၀၃) အခန်း (A) မြေညီထပ်တွင် ပစ္စည်းယူ လူသတ်မှုတခု ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားသည့်နေရာမှာ ရန်ကုန်မြို့ ကမာရွတ်ရဲစခန်းအနီးရှိ ရွှေမူဆယ် အပ်ချုပ်လုပ်ငန်းနှင့် အထည်အလိပ် လက်လီလက္ကား အရောင်းဆိုင်တွင်ဖြစ်ပြီး သေဆုံးသူမှာ ဆိုင်ပိုင်ရှင် ဒေါ်လှမြင့် အသက် (၅၆) နှစ်ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုလ (၁၄) ရက် နံနက် (၉) နာရီခန့်တွင် ဆိုင်အလုပ်သမားများက ဆိုင်ကိုလာသည့်အခါ ဆိုင်မဖွင့်သေးဘဲ ရှိနေသည့်အတွက် အတွင်းသို့ ၀င်ရန် ဆိုင်အနီးအနားရှိ လူများကို ခေါ်၍ ဖွင့်ခဲ့ရာတွင် ဒေါ်လှမြင့်ကို လက်နောက်ပြန် ကြိုးတုတ်ကာ ပါးစပ်တွင် အ၀တ်စည်း နှောင်ရက် သားဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ဆိုင်အနီးနားမှ မျက်မြင်တဦးက ပြောသည်။
တရုတ်လုပ် ဗီစီဒီစက်တလုံး၊ ငွေ (၁) သိန်း၊ ဆွဲကြိုး (၁) ကျပ်သား တကုံး၊ အ၀တ်အထည်များ ပျောက်ဆုံးသွားကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူတဦးက ထွက်ဆိုကြောင်း ရဲက စစ်ချက်ရရှိသည်ဟု ကမာရွတ်ရဲစခန်းမှ အမှုလိုက် ဒု- ရဲအုပ်ဖြစ်သူက ပြောသည်။
အဆိုပါအခန်းတွင် ဒေါ်လှမြင့်သည် တယောက်တည်း အိပ်ကြောင်း၊ အမှုကို (ပ) ၁၅၄/ ၂၀၀၈ ပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း၊ တရားခံကို ယခုထိ သဲလွန်စ မရသေးကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ နေအိမ်အနီး နေထိုင်သူတဦးက “သေမှုသေခင်း ဖြစ်တဲ့နေရာဟာ လူစည်ကား ရာ လှည်းတန်းလမ်းမ ဖြစ်ပြီး လှည့်ကင်းတွေ ညစဉ်ကင်းလှည့်နေတဲ့ နေရာလေ။ တိုက်ခန်းကို လူဝင်သတ်ဖြတ်သွားတဲ့ကိစ္စက အတွင်းလူ ဒါမှမဟုတ် ရပ်ကွက်က အာဏာပိုင်အချို့ ပါဝင်နိုင် တယ်” ဟု ပြောသည်။
လူသတ်မှု ဖြစ်ပွားရာနေရာမှာ လှည်းတန်းကျောင်းရှေ့မှတ်တိုင် အရှေ့နားတွင် ရှိပြီး ရဲစခန်းနှင့် ဘတ်စ်ကားမှတ်တိုင် တမှတ်တိုင်အကွာခန့်သာ ဝေးသည် ရန်ကုန်မြို့တွင် မုန်တိုင်းမတိုက်မီ ကတည်းက စားဝတ်နေရေး ကျပ်တည်းမှု၊ ငွေဖောင်းပွမှု စသည်တို့ကြောင့် ရာဇ၀တ်မှုများ မကြုံစဘူး များနေရာ မုန်တိုင်းလွန်ကာလတွင် ယခုကဲ့သို့ လူသတ်မှုများပါ တိုးလာခြင်းဖြစ်သည်။
မကြာခင်ကလည်း ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းရွာတွင် ဘဲဥ အလုံး (၅၀) အတွက် ဓားပြ တိုက်သွားသည်မှာ ပြည်သူများ မုန်တိုင်းလွန်ကာလ စားဝတ်နေရေး ကျပ်တည်းမှုကို ပြနေ သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ (၃) ရက် ညပိုင်း၌လည်း အဆိုပါ မာရွတ်မြို့နယ် အမှတ် (၉) ရပ်ကွက် စိမ်းလဲ့ ကန်သာလမ်းတွင် နေထိုင်သူ ဦးချာလီ၊ ဒေါ်စန်းစန်းမြင့်၊ သမီးတူမများဖြစ်သည့် မမြစန္ဒာ၊ မနှင်း ပွင့်အေးနှင့် အိမ်ဖော် မအယ်ဖောတို့ (၅) ဦးအား ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ယခုတိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
နေပြည်တော် ပြည်ထဲရေး ရဲအရာရှိတဦးက အဆိုပါ (၅) လောင်းပြိုင် လူသတ်မှုကို ပြီးခဲ့သည့် မေလ နောက်ဆုံးထား ဖော်ထုတ်မည်ဟု ပြောကြားခဲ့ဖူးသည်။ ။
Rest of your post
Posted by
54freedom
at
7:40 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ဧရာဝတီ လေဘေးဒုက္ခသည်များ ရန်ကုန်သို့ ပြောင်းရွှေ့ အခြေချ
အေးချမ်းမြေ့ ဇူလိုင် ၁၅၊ ၂၀၀၈
နဂို မူလကတည်းက အိမ်ခန်းငှားစားသည့် လုပ်ငန်းများဖြင့် စည်ပင်ခဲ့သော ရန်ကုန်မြို့ စက်မှုဇုန်များ အနီးတဝိုက်ရှိ ဆင်ခြေဖုံး ရပ်ကွက်များတွင် နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ပြီး နောက်ပိုင်း ဧရာဝတီ တိုင်းဘက်မှ ပြောင်းရွှေ့လာသူများ ကြောင့် အခန်းငှား စီးပွားရေး လုပ်ငန်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျနော်တို့နေရာက စက်မှုဇုန်နဲ့ နည်းနည်းလှမ်းတာတောင် ပွဲစားက ခေါ်လာပေးလို့ အိမ်ငှားတဲ့ မိသားစုတစုရတယ်” ဟု လှိုင်သာယာ မြို့နယ်တွင် နေထိုင်သည့် ကိုဇော်ဝင်း က ပြောသည်။ ကိုဇော်ဝင်း၏ အိမ်ခန်းကို တဝက်ပိုင်းကာ ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်အပိုင် ရွာတရွာမှ ပြောင်းရွှေ့လာသည့် မိသားတစုကို ငှားထားသည်ဟု ဆိုသည်။
ကိုဇော်ဝင်း၏ အိမ်ကလေးမှာ ပျဉ်ကာသွပ်မိုး ဖြစ်ပြီး ၎င်းအိမ်ကို အလယ်မှကန့်လိုက်သော အခါ အကျယ် ၁၄ ပေ၊ အရှည် ၂၅ ပေခန့် ရှိသည်။ အိမ်ငှားသည့်မိသားစုဝင်မှာ ၅ ဦးဖြစ်သည်။
“ကျနော်တို့လှိုင်သာယာ မြို့နယ်ထဲမှာ အိမ်ပိုင်တွေအားလုံး အဲလိုပဲ အိမ်ကိုပိုင်းငှား ကြတယ်။ ကျနော့်အိမ်က တလကို ကျပ် ၁ သောင်းခွဲနဲ့ ငှားတာ။ ပွဲစားကို ၁ လစာ ပေးရတယ်” ဟု ကိုဇော်ဝင်းက ရှင်းပြသည်။
လပွတ္တာမြို့နယ်အပိုင် ဇင်ရွဲ၊ ကိုခွေးကြီး၊ ကံဘဲ့ စသည့် ရွာများမှ မိသားစုများ အစုလိုက်၊ အပြုံလိုက် ပြောင်းရွှေ့လာကြခြင်း ဖြစ်ပြီး လှိုင်သာယာမြို့နယ် တမြို့နယ်တည်းကို ဧရာဝတီတိုင်းမှ ဒုက္ခသည် မိသားစုပေါင်း ၁၀၀ ကျော် ရွှေ့ပြောင်းလာခဲ့ သည်ဟု သူက ဆက်ပြောသည်။
စက်မှုဇုန် ၃ နှင့် ၄ ကြားတွင်ရှိသော ရေဥက္ကံရွာ ဆိုလျင် ယခင်ကတည်းက အဆောင် မရှိသော အိမ်မရှိဟု ကိုဇော်ဝင်းက ပြောသည်။ ယခင်ကတည်းက နယ်အသီးသီးမှလာ၍ စက်မှုဇုန်များတွင် အလုပ်လုပ်ကြ သူများမှာ ရေဥက္ကံရွာတွင် အခန်းငှား နေကြသည်။
“အခန်းဆိုရုံပါဗျာ။ ၆ ပေ၊ ၇ ပေလောက်ပဲ ကျယ်တာ။ အိပ်ရုံ၊ ပစ္စည်းထားရုံပဲ လုပ်လို့ရတယ်။ လူနေလို့ မရပါဘူး။ အဲလိုအခန်းလေးမျိုးကို ၂ ခန်းပေါင်းပြီးတော့ ခု မိသားတစု လောက်ကို ငှားကြတယ်” ဟု ကိုဇော်ဝင်းက ပြောပြသည်။ ၆ ပေ၊ ၇ ပေ ကျယ်သည့် အခန်း တခန်းကို တလလျင် ကျပ် ၃၀၀၀၊ ၃၅၀၀ ခန့် ပေးရပြီး နှစ်ခန်းပေါင်း လိုက်သောအခါ အိမ်ရှင်က တလ ၆၀၀၀၊ ၇၀၀၀ စသည်ဖြင့် ယူသည်ဟု ဆို၏။
ဧရာဝတီတိုင်းဘက်မှ ပြောင်းရွှေ့လာကြသူများမှာ ရရာအလုပ် ဝင်လုပ်မည်ဟူ၍ ရန်ကုန်တက်လာခြင်း ဖြစ်သည်။ အမျိုးသားများအတွက် အလုပ်အကိုင် အနည်းငယ် အဆင်ပြေ နိုင်သော်လည်း အမျိုးသမီးများ အတွက် အခက်အခဲရှိ သည်ဟု သိရသည်။
“ကျနော့်မှာ လယ်ဧက ၂၀ လောက်ရှိတယ်။ ဒါပေမယ့် လယ်ပြန်စဖို့ ဘာမှမရှိဘူး။ လက်ချည်းပဲ ကျန်ခဲ့တာဆိုတော့ ငွေချေးပြီးလည်း မလုပ်ချင်တော့တာနဲ့ ရန်ကုန်တက် ရရာလုပ်မယ်ဆိုပြီး မိသားစုလိုက် ပြောင်းလာတာ” ဟု အသက် ၅၀ အရွယ် ဦးမြင့်စိုးက ပြောပြသည်။ ဦးမြင့်စိုးသည် လပွတ္တာမြို့နယ်အပိုင် ဇင်ရွဲရွာမှ လာခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဇနီး၊ သားနှင့် သမီး ၂ ယောက်ပါလာခဲ့သည်။ အငယ်ဆုံး သမီးကတော့ မုန်တိုင်းကြောင့် သေဆုံးခဲ့ရသည်တဲ့။
ဦးမြင့်စိုးနှင့် သားဖြစ်သူတို့မှာ နေ့စဉ် ဘုရင့်နောင်ပွဲရုံများရှိရာသွားပြီး ကုန်ထမ်းရန် စောင့်ဆိုင်းရသည်ဟု ဆို၏။ ၎င်း၏ သားဖြစ်သူမှာ အသက် ၂၅ နှစ်ခန့်ရှိပြီ ဖြစ်သည်။
“ကုန်ကားဝင်ရင် ပစ္စည်းထမ်းတဲ့ အလုပ်ရတယ်။ မဝင်ရင်တော့ ဒီတိုင်း ပြန်လာရတာပဲ။ အဲဒီမှာက ကုန်ထမ်းတဲ့ အဖွဲ့တွေ ရှိပြီးသားဆိုတော့ သူတို့မနိုင်မှ အလုပ်ရတာ” ဟု ၎င်းကပြောပြသည်။
ပြောင်းရွှေ့လာသူအများစုမှာ ဆွေမျိုးသားချင်း၊ မိတ်ဆွေ အခံရှိသူများဖြစ်ပြီး တချို့မှာ မည်သည့် အဆက်အသွယ်မျှ မရှိဘဲ ရန်ကုန်တက်လာကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်သိသလောက်တော့ ဧရာဝတီတိုင်းမှာကတည်းက ဘောက်လုပ်လာတဲ့သူတွေ များပါတယ်။ ကျနော်တို့လို လယ်ဧက နည်းနည်းပါးပါး ပိုင်တဲ့သူတွေလည်း ပါမှာပေါ့” ဟု ဦးမြင့်စိုးကပြောသည်။ ဘောက်လုပ်သည် ဆိုခြင်းမှာ ကြုံရာ ကျပန်း ဝင်ရောက်လုပ်ကိုင်သူများကို ဆိုလိုခြင်းဖြစ်သည်။
မိန်းကလေးငယ်များမှာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်ရရန် စောင့်ဆိုင်းလျှက်ရှိကြပြီး လက်တွေ့တွင် အလုပ်လက်မဲ့များအဖြစ်သာ ရှိနေကြကြောင်း ရွှေလင်ဗန်း စက်မှုဇုန် အနီးတွင် နေထိုင်သော ရန်ကုန် အခြေစိုက် သတင်းထောက် တဦးကပြောသည်။ စက်မှုဇုန် ၃ ရှေ့ရှိ ကျန်စစ်သားအိမ်ရာတွင် အိမ်ခန်းတိုင်း နယ်ကလူများနှင့် ပြည့်နေခဲ့ပြီး ယခုနာဂစ်ပြီးနောက်ပိုင်းတွင် ဧရာဝတီတိုင်းဘက်မှ ပြောင်းလာသူ ပိုမို များပြားလာသည်ဟု ၎င်းက ဆက်ပြောသည်။
“ဒီဝန်းကျင်မှာ နယ်ကနေ လာနေကြတဲ့ မိန်းကလေး တော်တော်များများက နေ့ပိုင်း စက်မှုဇုန်တွေမှာ အလုပ်ဆင်းတယ်။ ညပိုင်း ကာရာအိုကေဆိုင် တွေမှာ သွားအလုပ်လုပ်ကြတယ်။ အဲလိုမှပဲ စရိတ်ကာ မိကြတာ။ ခုနောက်ပိုင်း အဲလို မိန်းကလေးတွေ ပိုများလာတာ တွေ့ရတယ်” ဟု ၎င်း သတင်းထောက်က ပြောသည်။
အသက် ၇ နှစ်၊ ၈ နှစ် ဝန်းကျင်အရွယ် ယောက်ျားလေးများမှာ လက်ဘက်ရည်ဆိုင်တွင် စားပွဲထိုးအလုပ် ဝင်ရောက် လုပ်ကိုင်ကြသည်ဟု ကိုဇော်ဝင်းက ပြောပြသည်။ တချို့ကို အုပ်ထိန်းသူကိုယ်တိုင် လာရောက် အပ်နှံသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော် ထိုင်နေကျဆိုင်မှာတောင် တနေ့က ၂ ယောက်လာအပ်သွားတာတွေ့ရတယ်။ ကလေးတွေက လက်ဘက်ရည် ခွက်တောင် မနိုင်သေးပါဘူးဗျာ။ ကလေးတွေကိုအပ်ပြီး လစာ ကြိုထုတ်သွားကြတယ်။ တယောက်ကို စားရိတ်ငြိမ်း ကျပ် ၇၀၀၀ ပေးလိုက်တယ်တဲ့” ဟု ကိုဇော်ဝင်းက ဆက်ပြောသည်။
လှိုင်သာယာဝန်းကျင်မှာ စက်မှုဇုန်များနှင့် နီးသောကြောင့် ပြောင်းရွှေ့ အခြေချသူ ပိုမို များပြားပြီး ရန်ကုန်မြို့ တခြားသော ရပ်ကွက်များ၊ ဆင်ခြေဖုံးဒေသများ၊ မြို့နှင့် အနီးတဝိုက် မြို့နယ်များသို့ ပြောင်းရွှေ့ အခြေချသူ ဧရာဝတီတိုင်းသားများ လည်း များစွာရှိကြောင်း ဒေသခံများထံမှ သိရသည်။ အမျိုးသားများမှာ ရရာအလုပ် ဝင်ရောက်လုပ်ကိုင်ကြပြီး မိန်းကလေး များကို အိမ်ဖော်အလုပ်လုပ်ကိုင်ရန် ခေါ်ယူလိုသူများ ရှိသည်ဟု သိရသည်။ သို့ရာတွင် မိန်းကလေးများမှာ အိမ်ဖော် အလုပ်ကို လုံးဝဝင်ရောက်လုပ်ကိုင်ခြင်းမရှိဟု လှိုင်သာယာ ဒေသခံတဦးက ဆိုသည်။
“ကျမ အစ်မအိမ်က လူလိုလို့ လုပ်ချင်မလားလို့ ရှာကြည့်တာ။ လုံးဝမရဘူး။ သူတို့က အိမ်ဖော် အလုပ်ကို မလုပ်ချင်ကြဘူး လေ။ လစာက နည်းတာကိုး။ ကျပ် ၂၀၀၀၀ လောက်ပဲ အများဆုံးရနိုင်တာ။ ကာရာအိုကေတို့၊ အနှိပ်ခန်းတို့မှာ လုပ်တာ အများကြီးပိုရတယ်ဆိုတော့ အဲဒီလိုနေရာတွေမှာပဲ လုပ်ချင်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရန်ကုန်အခြေစိုက် သတင်းထောက်က “စက်မှုဇုန်အနီးအနားနေရာတွေမှာ၊ မြို့စွန်ရပ်ကွက်တွေမှာ လူသစ်တွေနဲ့ ပြည့်နေပြီ။ အိမ်ပွဲစားတွေလည်း ခြေချင်းကို လိမ်နေတာပဲ။ တော်တော်လေး အလုပ်ဖြစ်နေတာ တွေ့ရတယ်။ မိန်းကလေး ခပ်ငယ်ငယ် တွေအတွက်တော့ ပြဿနာရှိတယ်ဗျ။ လက်ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ တောင်းစားတဲ့ သူတွေဆိုရင်လည်း အရင်ထက် အများကြီးများလာတယ်” ဟု ပြောပြသည်။
Rest of your post
Posted by
54freedom
at
7:29 PM
0
comments
Labels: ပြည်တွင်းသတင်းများ
လေဘေးသင့်ဒေသရှိ ဆန်စက်များ ပြန်လည်နေသော်လည်း ရေရှည်မဖြစ်နိုင်
ဧရာဝတီတိုင်းမှ ဆန်အိတ်များ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်နေပုံ (ဓာတ်ပုံ - မြန်မာ့အလင်း)
နာဂစ်မုန်တိုင်းသင့်ဒေသများဖြစ်ကြသည့် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဆန်စက်များနှင့် ဘိုကလေးမြို့နယ်ရှိ ဆန်စက်တချို့ ပြန်၍လည်ပတ်ကာ ရန်ကုန်ဈေးကွက်သို့ ဆန်များတင်ပို့နေသော်လည်း ပုံမှန်အခြေအနေအတိုင်း ရေရှည် တင်ပို့နိုင်မည်မဟုတ်ကြောင်း ဒေသခံများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် တိုက်ခတ်သော ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကြိတ်ခွဲရန်အသင့်ဖြစ်နေသည့် စပါးများလည်းပျက်စီးခဲ့ရာ မုန်တိုင်း လွတ်စပါးတချို့ကြောင့် ဆန်စက်များ လည်ပတ်နိုင်ခြင်းဖြစ်ပြီး နောက်ထပ် ၂ လ ခန့်အတွက်သာ ကြိတ်ခွဲရန် စပါးရှိသည်ဟု မော်လမြိုင်ကျွန်းရှိ လယ်သမားများနှင့် နီးစပ်သူ ဒေသခံက ဆိုသည်။
အဆိုပါ ဒေသခံက “မော်လမြိုင်ကျွန်းမှာ ဆန်စက်တွေကတော့ ပြန်လည်နိုင်ပြီ။ အောက်ဘက် ပင်လယ်ပိုင်း ရွာတွေက ရေ၊ လေ နှစ်မျိုးလုံးထိတော့ လှောင်ထားတဲ့စပါးတွေအပါအ၀င် အားလုံးပျက် ကုန်တယ်။ ဒါပေမယ့် မော်လမြိုင်ကျွန်း အထက်ပိုင်းက တချို့ကျေးရွာအုပ်စုတွေက လေဘဲ နည်းနည်းထိပြီး အပျက်အစီး သိပ်မရှိတော့ အဲဒီကစပါးတွေကို ကြိတ်နိုင်တယ်” ဟု ပြောသည်။
အဆိုပါဒေသများမှ ရန်ကုန်ဆန်ဈေးကွတ်သို့ တင်ပို့လျက်ရှိသည့် ဆန်များတွင် နိုင်ငံခြားသို့တင်ပို့သည့် ဆန်ကောင်းများ ပါဝင်သော်လည်း အာဏာပိုင်ကဆိုသကဲ့သို့ ပုံမှန်အခြေအနေမဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လွန်ခဲ့သည့် အပတ် ၈ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွင် လေဘေးသင့်ဒေသများဖြစ်ကြသည့် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဘိုကလေးအပါအ၀င် ဒေးဒရဲ၊ မြောင်းမြ၊ ကျိုက်လတ်မြို့နယ်များမှ ဆန်အိတ်များ ရန်ကုန်သို့ နေ့စဉ်ပုံမှန်ဝင်ရောက်သည်ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းကို ကိုးကားဖော်ပြထားသည်။ ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ဧရာဝတီတိုင်း မြို့နယ်များမှ ဆန်အိတ်ပေါင်း နှစ်သိန်းနှစ်သောင်းကျော် ရန်ကုန်ဈေးကွက်သို့ တင်ပို့နိုင်ခဲ့ ကြောင်း သတင်းစာက ဆိုသည်။
“ဘိုကလေးကတော့ မောင်လမြိုင်ကျွန်းလောက်တောင် အခြေအနေမကောင်းဘူး။ ဆန်စက်တွေလည်း သိပ်မလည်နိုင် သေးဘူး၊ စပါးပျက်တာလည်း ပိုများတယ်” ဟု ဒေသခံက ပြောသည်။နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း လပ္ပတ္တာ၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်နှင့် ဒေးဒရဲ မြို့နယ်များရှိ လယ်စိုက်မြေစုစုပေါင်း ၁၀၆၆၂၇၁ ဧက ပင်လယ်ဆားငန်ရေးများဝင်ကာ ပျက်စီးခဲ့ကြောင်း စစ်အစိုးရ စာရင်းဇယားများအရ သိရသည်။
Posted by
54freedom
at
7:25 PM
0
comments
Labels: ပြည်တွင်းသတင်းများ
Tuesday, July 15, 2008
သံဃာ့တပ်ပေါင်းစုခေါင်းဆောင်အရှင်ဂမ္ဘီရအား ရုံးမထုတ်ဖြစ်
ဗထူး။ ဇူလိုင် ၁၅၊ ၂၀၀၈
သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်အရှင်ဂမ္ဘီရအား အာဏာပိုင်များက အပြင်ရုံးထုတ်ခြင်းမရှိဘဲ ထောင်တွင်း၌သာ ရမန်ဆက်လက်ယူထားသည်။
အရှင်ဂမ္ဘီရအား ရုံးထုတ်မည်ဆိုသည့်အတွက် ယနေ့ နံနက်(၆) နာရီကတည်းက သွားရောက် စောင့်ဆိုင်းနေခဲ့ပြီး နေ့လည် (၂) နာရီကျော်သည်အထိ ရုံးထုတ်ခြင်းမရှိသည့်အတွက် ပြန်လာရ သည်ဟု အစ်မဖြစ်သူ မခင်ဖြူထွေးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုကဲ့သို့ ရုံးမထုတ်ဖြစ်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍့ အစ်မဖြစ်သူက “ထောင်မှူးကို မေး လိုက်တော့ သူကဖုန်းဆက်သေးတယ်၊ စာရင်းကိုလည်းကြည့်သေးတယ်၊ အထူးရုံးမှာ ထုတ် တယ်ဆိုရင် စာရင်းထဲမှာ ကြည့်လိုက်တော့လည်း မပါဘူး၊ အဲဒါနဲ့ ဖုန်းဆက်ပေးပါဆိုတော့ ဒီနေ့ ရုံးချိန်းကတော့ ဟုတ်တော့ဟုတ်တယ်၊ ထုတ်မထုတ်ကိုတော့ မသိဘူးလို့ပြောတယ်” ဟု ပြော သည်။
ယမန်နေ့က ထောင်ဝင်စာသွားတွေ့စဉ်က အစားအသောက်များပေးပို့ခဲ့ပြီး အရှင်ဂမ္ဘီရနှင့်လည်း တွေ့ခွင့်ရခဲ့ကြောင်း၊ ၎င်းတို့အား ယခင်က စွဲဆိုထားသည့် ပုဒ်မ (၁၃/၁)၊ (၁၇/၁) တို့အစား ပုဒ်မ(၅) ညသို့ ပြောင်းလဲစွဲဆိုလိုက်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
အရှင်ဂမ္ဘီရ၏ ထောင်တွင်းကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ “ကျန်းမာရေးအခြေအနေ ကတော့ ကောင်းတယ်၊ ဟိုတလောကတော့ အစာအိမ်ရောင်လို့၊ ကျန်တာကတော့ မွေးနေ့တုန်း က မွေးနေ့ကိတ်ပို့တာ မရဘူး၊ သူ့ဒကာမ တယောက်က ပန်းပင်ပေးတာလဲ ပို့လို့မရဘူး” ဟု ဆက်လက်ပြောသည်။
ထို့အပြင်အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်ကိုလည်း ရုံးမထုတ်ဖြစ်ကြောင်းနှင့် စွဲဆိုထားသည့်ပုဒ်မ အတူတူဖြစ်ကာ ကျောက်တံတားတရားရုံးမှာပင် ရုံးထုတ်မည်ဟုပြော သည်။
အာဏာပိုင်များက အရှင်ဂမ္ဘီရအား ယခင်က အလုံ၊ ရန်ကင်းတရားရုံးများတွင် ရုံးထုတ်စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် မတ်လ (၁၇) နေ့မှစ၍ ရုံးထုတ်စစ်ဆေးမှုများ ရပ်တန့်ထားခဲ့ ကာ ယနေ့ပထမဆုံးပြန်လည် ရမန်ယူခြင်းဖြစ်၍ လက်ရှိအင်းစိန်ထောင် တိုက် (၁)၊ အဆောင် (၁) တွင် ထားရှိသည်။
အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက နိုင်ငံအ၀ှမ်း ပတ္တနိက္ကုဇနကံဆောင်ကာ သံဃာများ လမ်းလျှောက်ကြွချီမေတ္တာပို့ခဲ့သည့် လှုပ်ရှားမှုတွင် ဦးဆောင်သံဃာတော်တပါး အဖြစ်ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
Posted by
54freedom
at
11:57 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ဆန္ဒခံယူပွဲ (၉၂) ရာနှုန်းသည် စစ်အစိုးရကို ပြည်သူထောက်ခံခြင်းမဟုတ်
NEJ/ ၁၅ ဇူလိုင် ၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသည့်နေ့မှစ၍ လက်ရှိစစ်အစိုးရသည် (၉၂) ရာနှုန်း ပြည်သူ ထောက်ခံမှုရသည့် အစိုးရဖြစ်သွားသည်ဆိုသည့် မြန်မာ့အလင်း ဆောင်းပါးပါ အချက်များ မှားနေ ကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအ၀န်းက ပြောသည်။
အဆိုပါ ဆောင်းပါးကို ဆောင်းပါးရှင် မောင်စေတနာ B.A. B. Ed ဆိုသူက ရေးသားခြင်းဖြစ်သည်။ ဆောင်းပါးရှင် မောင်စေတနာသည် အမည်ရင်း ဦးငြိမ်းမောင်ဖြစ်ပြီး ပခုက္ကူမြို့မှ အငြိမ်းစား ပညာရေးမှူးတဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီကို တိုက်ခိုက်သည့် ဆောင်းပါးများ မြန်မာ့အလင်းတွင် ရေးလေ့ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သူ့ဆောင်းပါးပါ အချက်များမှာ စစ်အစိုးရ ဖွဲ့စည်းပုံနှင့် စစ်တပ်အခန်းကဏ္ဍကို ထောက်ခံရေးသား ထားခြင်းဖြစ်ပြီး လွှတ်တော်မှာ စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာနှုန်း ပါသည့်ကိစ္စကို ပြည်သူများ နားရှုတ်အောင် ရေးထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ဆန္ဒခံယူပွဲမှာ (၉၂) ရာနှုန်း ရရှိခြင်းသည် လူထုဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ထောက်ခံသည့်သဘောသာဖြစ်ပြီး လက်ရှိ စစ်အစိုးရအပေါ် လူထု ထောက်ခံမှု (၉၂) ရာနှုန်း ရသည်ဟု မှတ်ယူ၍မရကြောင်း အမည်မဖော်လိုသည့် ရန်ကုန်ရှေ့နေ တဦးက ခေတ်ပြိုင်သို့ ပြောသည်။ ရန်ကုန်နိုင်ငံရေးသမား အတော်များများကလည်း ဆန္ဒခံယူပွဲမှ ရသည့် (၉၂) ရာနှုန်းသည် စစ်အစိုးရကို လူထုက ထောက်ခံခြင်းမဟုတ်ကြောင်း ထောက်ပြသည်။
စစ်အစိုးရ မျှော်မှန်းသည့်အတိုင်း ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖြစ်သည်ဆိုလျှင် ပထမ အကြိမ် လွှတ်တော်ကို ရွေးကောက်ပွဲအပြီး ရက် (၉၀) အကြာတွင် ကျင်းပမည်ဖြစ်ကြောင်း စစ် အစိုးရက ကြေညာထားသည်။ ထို့ကြောင့် အစောဆုံး ထွက်ပေါ်လာမည့် အစိုးရသည် နောက်ထပ် (၂) နှစ်ကျော် လိုသေးပြီး ထိုအစိုးရကိုသာ (၉၂) ရာနှုန်းက အသိအမှတ်ပြုသည့်သဘော ဖြစ်သည် ဟု ရန်ကုန်ရှေ့နေတဦးက ပြောသည်။
ဝါရင့်နိုင်ငံရေးသမားတဦးကမူ “ဖွဲ့စည်းပုံမှာ နိုင်ငံဝန်ထမ်းချင်းအတူတူ အရပ်သားဝန်ထမ်းကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ် တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည) မှာ ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ် စစ်သား ပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ်ဘက်ဝန်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ်အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ် ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတယ်” ဟု ပြောသည်။
Posted by
54freedom
at
11:52 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ဗိုလ်ချုပ်ပုံပါ ဂျာနယ် ရောင်းကောင်း
NEJ/ ၁၅ ဇူလိုင် ၂၀၀၈
ယမန်နေ့ထုတ် True news သစ္စာဂျာနယ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင် ကြီးများ၏ ဓာတ်ပုံ၊ အချက်အလက်များ ပါရှိသည့်အတွက် အလွန်ရောင်းကောင်းကြောင်း ရန်ကုန် မြို့ရှိ ဂျာနယ်ရောင်းသူများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပန်းဆိုးတန်းလမ်းတွင် ဂျာနယ်ရောင်းသူတဦးက “ဒီဂျာနယ်ဟာ ထုတ်တာ သိပ်မကြာသေးဘူး။ အရင်အပတ်တွေက သိပ်မရောင်းရဘူး။ ခုတပတ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘ၀ နေ့စွဲတွေ စတာတွေပါတော့ တော်တော်လေး ရောင်း ကောင်းတယ်။ ဗိုလ်ချုပ်တို့ပုံက အချပ်ပို စာမျက်နှာမှာ ရောင်စုံနဲ့ပါတာ။ ကျနော်တို့က အဲဒါကို မျက်နှာဖုံးမှာတင်ပြီး ရောင်းတော့ ရောင်းကောင်းတာပေါ့” ဟု ပြောသည်။
အဆိုပါ ဂျာနယ်သည် ယမန်နေ့က လက်ကျန်မရှိအောင် ရောင်းကောင်းကြောင်း၊ ဂျာနယ်များ၏ ရောင်းအားသည် နာမည်ကြီးရင် ကြီးသကဲ့သို့ ရောင်းအားကောင်းပြီး စောင်ရေများကြောင်း၊ သို့ သော် တခါတရံ မျက်နှာဖုံးပါ သတင်းဖြစ်စေ၊ အခြား ထူးခြားသည့် သတင်းတခုခုဖြစ်စေ ပေါက် သွားပါက အထူးရောင်းရကြောင်း (၄၃) လမ်းနှင့် မဟာဗန္ဓုလလမ်းရှိ ဂျာနယ်ဖြန့်ချိသည့် အရောင်း ဆိုင်များထံမှ စုံစမ်းသိရသည်။
ပြီးခဲ့သည့်နှစ်က မစ္စတာဂမ်ဘာရီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တွေ့ဆုံကြ သည့် မျက်နှာဖုံးပါ ဂျာနယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံသည့် မျက်နှာဖုံးပါ ဂျာနယ်များ ရောင်းကောင်းခဲ့ကြောင်း၊ ပြီးခဲ့သည့် မေ (၅) ရက်ကလည်း မုန်တိုင်းတိုက်ပြီးပြီးချင်း ထွက်လာသည့် Weekly Eleven ဂျာနယ်သည် အလွန်ရောင်းကောင်းပြီး တစောင်ကို ကျပ် (၁,၀၀၀) ခန့်အထိ ဈေးတက်သွားခဲ့ ကြောင်း အဆိုပါ ဂျာနယ်ဖြန့်ချိသည့် အရောင်းဆိုင်များက ရှင်းပြသည်။
ရန်ကုန် မဟာဗန္ဓုလလမ်း၌ ဂိတ်ထိုးလေ့ရှိသည့် တက္ကစီသမားတယောက်က သူလည်း သစ္စာ ဂျာနယ်ကို ကြိုက်၍ ၀ယ်ထားကြောင်း၊ ဂျာနယ်ပါ ဗိုလ်ချုပ်အောင်ဆန်းပုံကို ပုံကြီးချဲ့ပြီး အိမ်တွင် ချိတ်ထားရန်ဖြစ်ကြောင်း ပြောသည်။
ဂျာနယ်အယ်ဒီတာတဦးက “စစ်အစိုးရ စာပေစိစစ်ရေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ အပါအ၀င် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြခွင့် တရားဝင် ပိတ်ပင်ထားတာ မရှိပေမယ့် ပေါ်လွင်ထင်ရှားအောင် ရေးသားဖော်ပြခြင်းမျိုးကိုတော့ ခွင့်ပြုလေ့ မရှိဘူး၊ ဥပမာ ဂျာနယ်၊ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ဖော်ပြခွင့် မပြုတာမျိုးတွေပေါ့” ဟု ပြောသည်။
ရွှေတိဂုံဘုရားလမ်းရှိ နအဖစစ်အစိုးရ စစ်သမိုင်းပြတိုက်တွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများကို တပ်မတော်၏ ဖခင်ကြီးအဖြစ် လေးစားဖွယ်ကောင်းအောင် ထင်ထင်ရှားရှား ပြသထားခြင်း မရှိသော်လည်း သမိုင်းဆိုင်ရာ ဓာတ်ပုံအခန်း၌ မထင်မရှား ပြသထားကြောင်း သိရသည်။ ။
Posted by
54freedom
at
11:49 PM
0
comments
Labels: ပြည်တွင်းသတင်းများ
မုန်တိုင်းကြောင့် ရေလုပ်သား အသေအပျောက် (၂၇,၀၀၀) ကျော်ရှိ
ပီတာအောင်/ ၁၅ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် ငါးဖမ်းလုပ်သားပေါင်း (၂၇, ၀၀၀) ကျော် သေဆုံးနှင့် ပျောက်ဆုံးသွားခဲ့ ကြသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ယမန် နေ့ထုတ် အစီရင်ခံစာအရ သိရသည်။
မုန်တိုင်းကြောင့် ကမ်းဝေးနှင့် ကမ်းနီး ငါးဖမ်းစက်လှေ (၃၄,၆၈၆) အနက် အစီး (၂,၀၀၀) ကျော် ဆုံးရှုံးခဲ့ပြီး မုန်တိုင်းဒဏ်ခံရသည့် မြို့နယ်တခုစီ၌ ပျမ်းမျှလှေငယ်အစီး (၁,၀၀၀) ခန့် ပျက်စီး သွားသည်ဟု အစီရင်ခံစာ၌ ဖော်ပြသည်။ အအေးခန်းစက်ရုံ (၅၅) ခု ပျက်စီးသွားသည်ဟုလည်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ငါးဖမ်းလုပ်သား အများအပြား မုန်တိုင်းအတွင်း သေကျေပျက်စီးခဲ့ရသော်လည်း ငါးဖမ်းလုပ်ငန်း ထိခိုက်မှုမရှိဘဲ အစားထိုး လုပ်ကိုင်နိုင်မည်ဟု ယူဆကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးဝင်းသိန်းဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “ဒီမှာ လက်တွေ့တွေ့ရတာတော့ အဖေသေသွားမယ်၊ သူ့သားကျန်မယ်။ သား သေသွား မယ်၊ အဖေ ကျန်တာရှိမယ်။ အဲဒီအခါကျတော့ လုပ်ငန်းခွင်မှာတော့ သူတို့မိသားစုက ပြန်ပြီးတော့ အစားထိုးလုပ်နိုင်ပါတယ်။ နောက်တခုက သေဆုံးသွားတဲ့ အထဲမှာလည်း အကူလေးတွေ၊ ဘောက် သမားတွေ များတဲ့အခါကျတော့ ကျနော်တို့လုပ်ငန်းကို ပင်မထုတ်လုပ်ပေးနေသူတွေ သိပ်မပါဘူး ပေါ့။ ပါသွားလို့ရှိရင်လည်း မိသားစုတွေက အစားထိုးဝင်ရောက် လုပ်ကိုင်လာကြတယ်” ဟု ပြောသည်။
ရေလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရန် အချိန်ကာလ (၃) လ သတ်မှတ်ထားပြီး ရေလုပ်သားများ အမြန်ဆုံး အလုပ်ခွင်ပြန်ဝင်နိုင်ရန် လိုအပ်သည့် ငါးဖမ်းလှေနှင့် ငါးဖမ်းပိုက်များ အပါအ၀င် ငါးဖမ်း ကိရိယာများလည်း ပံ့ပိုးပေးနေသည်ဟု ညွှန်ကြားရေးမှူး ဦးဝင်းသိန်းဦးက ဆက်လက်ပြောသည်။
ပျက်စီးသွားသည့် ငါးဖမ်းလှေပေါင်း အစီး(၇,၀၀၀) ခန့်ရှိကြောင်းနှင့် ပျက်စီးမှုကို အစားထိုးရန် စက်တပ် ငါးဖမ်းလှေငယ် အစီးရေ (၉,၅၀၀) ခန့် ထုတ်လုပ်လျက်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန မှသိရသည်။ ထို ငါးဖမ်းလှေများအား ငါးဖမ်းလုပ်သားများကို ပေးအပ်၍ (၁) နှစ် အခမဲ့လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး ကျသင့်ငွေ (၄) သိန်းကို ၂၀၀၉ ခု ဇူလိုင်လမှစ၍ (၄) ရစ်ခွဲ၍ ပြန်လည်ပေးဆပ်ရ မည်ဟု သိရသည်။
သေဆုံးသွားသည့် ငါးဖမ်းလုပ်သားများအတွက် သက်ဆိုင်ရာက နစ်နာကြေး တစုံတရာ ပေးအပ် ခြင်းမရှိကြောင်းနှင့် ငါးဖမ်းလှေများကိုလည်း ငါးဖမ်းလုပ်သားတိုင်း မရရှိဘဲ အာဏာပိုင်တို့နှင့် နီးစပ်သူများကိုသာ မျက်နှာပန်းလှရုံ ပေးအပ်နေခြင်းဖြစ်ကြောင်း ဘိုကလေးမြို့ခံတဦးက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ (၈၄,၅၃၇) ဦးနှင့် ပျောက်ဆုံးသူ (၅၃,၈၃၆) ဦးရှိကြောင်း စစ်အစိုးရက တရားဝင် ပြောကြားထားသည်။ ကုလသမဂ္ဂ အေဂျင်စီ (OCHA) က ပျောက်ဆုံးနှင့် သေဆုံးသူပေါင်း (၁၄၀,၀၀၀) ဦး ရှိပြီး (၅၅) ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်ဟု ယမန်နေ့ ထုတ်အစီရင်ခံစာ၌ ခန့်မှန်းသည်။ ။
Posted by
54freedom
at
11:47 PM
0
comments
Labels: ပြည်တွင်းသတင်းများ
၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား သံတမန်တွေကို မဖိတ်ကြား
မြန်မာစစ်အစိုးရ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်များ အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုနေစဉ်။ဇူလိုင် ၁၉၊ ၂၀၀၆။
15 July 2008
လာမယ့်စနေနေ့မှာ ကျရောက်မယ့် ၆၁နှစ်မြောက် အာဇာနည်နေ့အတွက် မြန်မာစစ်အစိုးရက နိုင်ငံခြားသံရုံး ၀န်ထမ်းတွေနဲ့ ကုလသမဂ္ဂ ၀န်ထမ်းတွေကို ဖိတ်ကြားထားခြင်းမရှိတဲ့အကြောင်း ရန်ကုန်အခြေစိုက် သံတမန်သတင်းရပ်ကွက်ကဗွီအိုအေကို ပြောပါတယ်။ တချို့သံရုံးတွေကို အာဇာနည်နေ့ အခမ်းအနားအတွက်ဖိတ်ကြားပြီးမှ အခမ်းအနား ပယ်ဖျက်လိုက်တယ်လို့ စစ်အစိုးရဘက်ကအကြောင်းကြားခဲ့တာပါ။ အပြည့်အစုံကိုကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေမှာ စစ်အစိုးရ အရာရှိတွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေအပြင် နိုင်ငံခြားသံတမန်တွေကိုပါ မြန်မာစစ်အစိုးရဘက်က ဖိတ်ကြားခဲ့ပါတယ်။
ဒီနှစ်အခမ်းအနားမှာ အာဇာနည်နေ့အတွက် နိုင်ငံခြားသံရုံးဝန်ထမ်းတွေနဲ့ ကုလသမဂ္ဂ၀န်ထမ်းတွေကို ဖိတ်ကြားထားခြင်း မရှိတဲ့အကြောင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အနောက်တိုင်းသံအရာရှိတယောက်က ဗွီအိုအေကို ပြောပါတယ်။
အာရှနိုင်ငံတခုက သံရုံးအရာရှိတယောက်ကတော့ စစ်အစိုးရက အာဇာနည်နေ့ အခမ်းအနားကိုတက်ဖို့ ပထမ စစ်အစိုးရဘက်က ဖိတ်ကြားစာပေးပို့ခဲ့ပြီး နောက်မှ အခမ်းအနားကို ပယ်ဖျက်လိုက်တယ်လို့ ပြောပါတယ်။ အခြား အာရှနိုင်ငံ သံရုံးအရာရှိတယောက်ကလည်း ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အာဇာနည်နေ့အခမ်းအနားကိုပယ်ဖျက်လိုက်တယ်ဆိုပြီး စစ်အစိုးရဘက်က အကြောင်းကြားထားခဲ့တယ်ဆိုတာကိုအတည်ပြုပြောဆိုပါတယ်။ ဘာကြောင့်ဆိုတာကိုတော့ အကြောင်းပြချက် မပေးဘူးလို့ဆိုပါတယ်။
အခုအချိန်အထိ စစ်အစိုးရက အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံခြားသံတမန်တွေမပါဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပမှာလား၊ ဒါမှမဟုတ် အာဇာနည်ဂုံးမှာကျင်းပမယ့်အခမ်းအနားကို လုံးဝ ပယ်ဖျက်လိုက်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သံအမတ်ကြီးဟောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ အာဇာနည်နေ့အခမ်းအနားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံခြားသံတမန်တွေကို ဖိတ်ကြားပြီးကျင်းပခဲ့တဲ့ အစဉ်အလာရှိတယ်လို့ အခုလိုပြောပါတယ်။
“ကျနော်တို့ ဖဆပလအစိုးရ လက်ထက်တုန်းကတော့ ဖိတ်တာပေါ့။ ဒါ ဒီအလေးပြုပွဲကိုအသားယူတာပဲ။ ပြီးတော့မှ လူအုပ်ကြီးနဲ့အတူ သူ့ လူထုအစည်းအရုံးတွေက သူ့ဟာနဲ့သူ အလေးပြုကြတာ။ ဖဆပလအစိုးရ လက်ထက်တုန်းကတော့။ ဟိုတုန်းကဆိုရင်၇ ရက်၊ ၁၀ ရက်လောက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်နေ့ အကြောင်းတွေပြော၊ ဓာတ်ပုံတွေ၊ သတင်းစာတွေထဲက ဆောင်းပါးတွေရေး၊ ရေဒီယိုကလည်းသီချင်းတွေဘာတွေနဲ့ အာဇာနည်နေ့ကို မမေ့အောင်၊ အာဇာနည်နေ့ကို ဂုဏ်ပြုအောင်အကုန်လုံး သေသေချာချာ ရေဒီယိုကနေ အသားပေးပြီး ဒါ လမ်းစဉ်ပါတီအစိုးရလက်ထက်ထိ ဒီအတိုင်းလုပ်လာတာပဲ။”
မြန်မာစစ်အစိုးရ အာဏာရယူခဲ့တဲ့နှစ်တွေအတွင်း အာဇာနည်နေ့ အခမ်းအနားတွေကို အရင်ခေတ်တွေတုန်းကလိုမဟုတ်ဘဲ သာမန် အကျဉ်းချုံးပြီး ကျင်းပတာမျိုးလောက်ပဲတွေ့ရတယ်လို့ သခင်ချန်ထွန်းက ပြောပါတယ်။ စစ်အစိုးရဟာ အာဇာနည်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်နေတယ်ဆိုတဲ့ ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ သခင်ချန်ထွန်းကတော့ ဒီနှစ်အခမ်းအနားဟာ ၀တ်ကျေတမ်းကျေကျင်းပမယ့်အခမ်းအနားတခုသာဖြစ်မယ်လို့ ခန့်မှန်းပါတယ်။
“မနှစ်ကလည်း ဘာမှမှ မသိလိုက်ကြဘဲ။ အခုလည်း ဒီလိုပဲ ရှိမှာပဲပေါ့။ အခုတော့ နေပြည်တောင်ပြောင်းသွားတဲ့အခါကျတော့ ရန်ကုန်မှာ ဘာမှမရှိတော့ဘဲ၊ တိုင်းမှူးရှိရင်တိုင်းမှူးကိုယ်တိုင်လုပ်မလား၊ အဲလိုများခိုင်းမလား မပြောတတ်ဘူး။ မခိုင်းဘဲ ဒီ့ပြင်မြို့နယ်တွေလုပ်သလို သာမန်ပဲ လုပ်မလား၊ ဒါကတော့ စောင့်ကြည့်ရမှာပဲ။”
ပြီးခဲ့တဲ့နှစ်က အခမ်းအနားကို မြန်မာစစ်အစိုးရကိုယ်စား ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်က တက်ရောက် လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။
ဒီနှစ် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံခြားသံတမန်တွေအပြင် နောက်ထပ်တက်ရောက်ခွင့်မရနိုင်ဘူးလို့ သတ်မှတ်ခံထားရသူကတော့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က အနည်းဆုံး ၇ ကြိမ်လောက် တက်ရောက်ဂါရ၀ပြုခဲ့ဘူးပါတယ်။
ဒီဆယ်စုနှစ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာလူထုအုံကြွမှုကြီးမဖြစ်ခင် ဇူလိုင်လက အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ဘူးပါတယ်။ နောက် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ ၁၉၉၅ခုနှစ်ကနေ နောက်ပိုင်း ၂၀၀၀ ခုနှစ်အထိ ဆက်တိုက်တက်ရောက်ခဲ့ပေမယ့် ၂၀၀၁ခုနှစ်မှာတော့ နေအိမ်အကျယ်ချုပ် ထပ်မံကျခံခဲ့ရတဲ့အချိန်မှာ အာဇာနည်နေ့အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။
နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်ခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ နောက်ဆုံးဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ပြီး ပန်းခြင်းတွေချဂါရ၀ပြုခဲ့ပါတယ်။ ဒီနှစ်ဆိုရင် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခွင့်မရတော့တဲ့ ၆ နှစ်မြောက်နှစ်ပဲ ဖြစ်ပါတယ်။
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကတော့ ဌာနချုပ်နဲ့နယ်တွေမှာ အာဇာနည်နေ့အခမ်းအနားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပမယ်လို့ဗွီအိုအေကို ပြောဆိုထားပါတယ်။ကိုသိန်းထိုက်ဦး သတင်းပေးပို့သွားတာပါ။
အခုနောက်ဆုံးရတဲ့ သတင်းတွေအရလည်း မြန်မာစစ်အစိုးရက နိုင်ငံခြားသံရုံးတွေကိုအကြောင်းကြားတဲ့အခါ အာဇာနည်နေ့အခမ်းအနားကို ပယ်ဖျက်လိုက်တယ်လို့အကြောင်းကြားထားတဲ့အကြောင်း အနောက်တိုင်း သံတမန်သတင်းရပ်ကွက်ကပြောပါတယ်။
ဒါပေမယ့် စစ်အစိုးရက ပုံမှန် အာဇာနည်ဂုံးမှာ ကျင်းပလေ့ရှိတဲ့ အာဇာနည်နေ့အခမ်းအနား တခုလုံးကို ပယ်ဖျက်လိုက်တာလား၊ ဒါမှမဟုတ် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပပြီး နိုင်ငံခြားသံတမန်တွေကိုပဲ မဖိတ်ကြားတော့တာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
သံရုံးတွေကို အကြောင်းကြားတဲ့အခါ အခမ်းအနားအစီအစဉ် ပယ်ဖျက်လိုက်တယ်လို့သာ အကြောင်းကြားပြီး အကြောင်းပြချက် တစုံတရာ စစ်အစိုးရဘက်က မပေးတဲ့အကြောင်း အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။
Posted by
54freedom
at
11:33 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ကျောက်ကြီး-ရန်ကုန် ခရီးသည်တင်ဘတ်စ်ကား ဒိုက်ဦးမြို့အထွက် ပေါက်ကွဲမှုဖြစ်
ကျောက်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ ရွှေခရီးဆိုတဲ့ ခရီးသည်တင် ဘတ်စ်ကားပေါ်မှာဒီကနေ့မနက် ပဲခူးတိုင်း ဒိုက်ဦးမြို့အထွက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက်လူတယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။ အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတော့ဒိုက်ဦးဒေသခံ မျက်မြင်တဦးက အခုလိုစပြောပြပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မနက်က အဲဒီနားမှာ ဗုံးပေါက်တယ်ကြားလို့ ကျနော်တို့သွားကြည့်တော့ ကားကြီးကနောက်မြီးပွင့်ပြီး လူတယောက်သေနေတာကို တွေ့တယ်။”
သေသွားတာ ခရီးသည်လားခင်ဗျ။
“သေသွားတာ ရှေ့နေလို့တော့ ပြောတာပဲ။ နာမည်တွေဘာတွေတော့ သေသေချာချာအတိအကျ မသိသေးဘူး။ ကျနော်တို့လည်း အဲဒီနားသွားကြည့်ပြီး လူတွေကလည်းအရမ်းရှုပ်နေတော့ တအောင့်ကြည့်ပြီး ပြန်ထွက်သွားတာပဲ။ အဲဒီတယောက်ပဲသေတယ်တဲ့။ တယောက်ကတော့ အူထွက်ပြီး ဆေးရုံတက်သွားတယ်လို့ ပြောတာပဲ။”
ကားပုံစံ ဘယ်လိုဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။
“ကားပုံစံကတော့ နောက်က ပွင့်ထွက်သွားတာပဲလေ။ လူတွေကရှုပ်၊ ရဲတွေကလည်းရှုပ်နေတော့ သိပ်ပြီးတော့လည်း သေသေချာချာ သွားမကြည့်ရဲဘူး။”
ဘယ်နေရာမှာလဲခင်ဗျ၊ ဖြစ်တဲ့နေရာကို ပြောပြပါလား။
“ဖြစ်တဲ့နေရာနားမှာတော့ အဟောင်းဆိုင် ပစ္စည်းတွေဘာတွေ ၀ယ်တဲ့ဆိုင်ရှိတယ်။ဒိုက်ဦးထဲဝင်တဲ့ သံတံတားရဲ့ ဟိုဘက် ကိုက် ၂၀၀-၃၀၀ လောက် ကွာတာပေါ့။မြို့အ၀င်ပေါ့။”
မြို့အထွက်လို့လည်း ပြောလို့ရတာပေါ့၊ တဖက်ကကြည့်ရင်။
“ဟိုဘက်ကလာရင်တော့ အထွက်ပေါ့၊ ဒီဘက်ကသွားရင်တော့ အ၀င်ပေါ့။ မဌေးမြိုင်ဆိုင်ရှေ့မှာပဲ။ ဖွဲနု၊ ဖွဲကြမ်းရောင်းတဲ့ဆိုင်ရှေ့မှာ။”
ဒိုက်ဦးမြို့က မျက်မြင်သက်သေတဦး ပြောပြသွားတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် တရားဝင် သိရှိရအောင် ဗွီအိုအေက ဒိုက်ဦးရဲစခန်းကိုဆက်သွယ်ကြည့်ခဲ့ပါတယ်။
ဒီနေ့ ဒိုက်ဦးမြို့အထွက်မှာ ဗုံးပေါက်တဲ့သတင်းနဲ့ပတ်သက်ပြီး မေးချင်လို့ပါ။
“ဟုတ်ကဲ့၊ အထက်ဌာနကိုမေးပါခင်ဗျာ၊ ကျနော်တို့ ဖြေကြားခွင့်မရှိပါဘူး။”
ဒိုက်ဦးရဲစခန်းက အခုလို ဖြေဆိုနိုင်ခြင်းမရှိတဲ့အတွက် တိုင်းရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ဖို့ ကြိုးစားပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာခဲ့သူတွေကို ပဲခူးမြို့ ဆေးရုံကြီးကို သယ်သွားတယ်လို့ဒေသခံတွေက ပြောတဲ့အတွက် ဗွီအိုအေက ပဲခူးဆေးရုံကြီးကို ဆက်သွယ်ခဲ့ပါတယ်။
ဒီနေ့ ဒိုက်ဦးက ကားဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့တဲ့လူနာတွေ ပဲခူးဆေးရုံ သယ်လာတယ် ကြားလို့ပါ။
“တယောက်တည်းရှင့်။”
ဆေးရုံကို လူနာတယောက်သာ သယ်လာတဲ့အကြောင်း တာဝန်ကျ ဆရာမတဦး ပြောပြသွားတာပါ။
ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် သိရှိနိုင်ဖို့ ဆေးရုံအုပ်ကြီးကိုဆက်သွယ်ဖို့ ပြောတဲ့အတွက် ဆေးရုံအုပ်ကြီးကို ဆက်သွယ်ခဲ့ပေမယ့်လည်း မရခဲ့ပါဘူး။
အခုပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရွှေခရီး ခရီးသည်တင်ဘတ်စ်ကားပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီပေါက်ကွဲမှုတုန်းကတော့ လူတွေထိခိုက်သေကျေတာတော့ မရှိခဲ့ပါဘူး။ နောက်တခါ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့တုန်းကလည်း ရွှေပြည်သာမှာရှိတဲ့ ကြံ့ခိုင်ရေးရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာလည်းအသေအပျောက်တော့ မရှိခဲ့ပါဘူး။ စစ်အစိုးရက အခုလို ပေါက်ကွဲမှုတွေဖြစ်ပွားတိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျောင်းသားတပ်တို့ရဲ့ လက်ချက်လို့စွပ်စွဲပြောဆိုလေ့ရှိပါတယ်။ အခုပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာအခုချိန်ထိ အတိအကျ မသိရသေးပါဘူး။
Posted by
54freedom
at
11:28 PM
0
comments
Labels: ပြည်တွင်းသတင်းများ
မုန်တိုင်းသင့်လူထု ၇၀% သောက်သုံးရေသန့် လိုအပ်နေဆဲ
နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်မဲ့ဖြစ်သွားရ သည့် ဒေးဒရဲမြို့နယ်မှ မိသားစုတစု။
ပြီးခဲ့တဲ့နှစ်လကျော် မုန်တိုင်းဒဏ်ခံရပြီးနောက်မှာ ဧရာတီတိုင်းအတွင်း ရေသန့်ရနိုင်တဲ့နေရာတွေ ပျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ OCHA ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူလီယန် ကုပန်းစ် (Lianne Kuppeans) က အခုလိုပြောပါတယ်။
“ရေပေဝေးတဲ့စနစ် အများစုက ပျက်ဆီးခဲ့ပါတယ်။ ရေပေးဝေတဲ့ နေရာတွေ၊ ရေတိုင်တွေ၊ ရေကန်တွေ ပျက်ဆီးခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ နေရာတိုင်းလိုလိုရေလွှမ်းမိုးခဲ့ပြီးတော့ လယ်ကွင်းတွေ စပါးခင်းတွေ ရေလွှမ်းခဲ့ပါတယ်။ ရေပိုက်တွေလည်း အဆိပ်သင့်တာတွေ ရှိပါတယ်။ ရေကန်တွေလည်း အလားတူပါပဲ၊ လူအများစုအတွက် စိတ်ချလက်ချ ဘေးကင်းကင်းသုံးနိုင်တဲ့ ရေမရနိုင်သေးပါဘူး။”
မြစ်ဝကျွန်းပေါ်ဒေသမှာ လူဦးရေရဲ့ ၇၀% လောက် ဘေးကင်းတဲ့ရေသန့် မရနိုင်သေးတဲ့အချိန် ကုလသမဂ္ဂအနေနဲ့ သောက်ရေသန့်အပြင်၊ ရေသန့်ရနိုင်တဲ့ စနစ်ထူထောင်ရေးအကူအညီတွေ အတော်များများ ပေးနေတယ်လို့ လီယန် ကုပန်းစ်က ပြောပါတယ်။တချိန်တည်းမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ သတိပေးနှိုးဆော်တာတွေလည်း လုပ်နေရတယ်လို့ ပြောပါတယ်။
“တကိုယ်ရေသန့်ရှင်းအောင် နေထိုင်ဖို့အတွက် နှိုးဆော်ပညာပေးတာတွေ လုပ်ရပါတယ်။ ရေကြောင့် ဘယ်လိုရောဂါအန္တရာယ်တွေ ကြုံလာရနိုင်တယ်ဆိုတာမျိုးနဲ့လက်တွေ စင်ကြယ်အောင်ဆေးဖို့၊ ရေကိုအသုံးမပြုခင် ဘယ်လိုသိုလှောင်ရမယ်ဆိုတာကအစ ပညာပေးရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်” လို့ ပြောသွားတာပါ။
အခုလို မိုးရာသီမှာ မိုးရေတွေကို ဘယ်လိုသိုလှောင်မယ်၊ အသုံးပြုမယ်ဆိုတာကအစပညာပေးလုပ်ငန်းတွေ ကျန်းမာရေးအရ နှိုးဆော်တာတွေ လုပ်နေပါတယ်။ ရေဖြည့်ဖို့ပုံးတွေလည်း ပေးပါတယ်။ ဒါပေမယ့် လုပ်ဖို့လိုအပ်နေတာတွေ အများကြီးရှိနေပါတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ OCHA ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာပူးပေါင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ လီယန် ကုပန်းစ်က ပြောသွားတာပါ။
မြစ်ဝကျွန်းပေါ်ဒေသ သောက်ရေသန့်ရှားပါးမှု အန္တရာယ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ သတိပေးနေခဲ့တာ ကြာခဲ့ပါပြီ။ ပုဂ္ဂလိက အလှူရှင်တွေအနေနဲ့ရေသန့်ဘူးသွားလှူတာတွေရှိသလို ရေရှည် ရေသန့်ရေကောင်းရနိုင်အောင် ပြင်ဆင်ပေးတာတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မုန်တိုင်းဒဏ် ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းကြိုင်က သူတို့အဖွဲ့ဝင်တွေ ရေကန်တွေ သန့်ရှင်းရေးလုပ်နေတာတွေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။
“လပွတ္တာမြို့နယ်မှာ ဇူလိုင်လ ၁ ရက်နေ့ကစပြီးတော့ ရွာပေါင်း ၆ ရွာမှာ ရေကန်ပေါင်း၁၀ လုံးကို ကျနော်တို့က စေတနာရှင်များ ရေကန်သန့်ရှင်းရေးအဖွဲ့ဆိုပြီး နာမည်ပေးလိုက်ပါတယ်။ အဲဒီမှာ ရေစုပ်စက် ၆ လုံးနဲ့ ရွာတွေကိုရောက်သွားပြီး ရေကန်သန့်ရှင်းရေး သွားပြီးဆောင်ရွက်ပါတယ်။ ကျေးရွာတွေအထိ စက်တွေသယ်သွားတယ်။ ဟိုမှာရေကန်တွေကို ရေဆိုးတွေ စုပ်ထုတ်ပစ်တယ်။ နွံတွေပါ ဆယ်ပေးတယ်။”ဦးအုံးကြိုင် ပြောသွားတာပါ။
ဒေသခံ ကူညီပေးရေး လုပ်ကိုင်နေသူတွေကတော့ ဒီလို သောက်ရေသန့်ရရေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ် ဆိုပေမယ့်လည်း နေရာတိုင်းမှာကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ ပြောပါတယ်။
“မိုးရေတွေကလည်း တကယ်တမ်းကျတော့ မလုံလောက်ဘူး။ မလုံလောက်တဲ့အခါကျတော့ အဲဒီရေကန်တွေက ရေတွေအကုန်လုံးကို ထုတ်ပစ်ဖို့လိုတာပေါ့။ အဲဒီက နုံးတွေဘာတွေဆယ်ပြီးတော့မှ ဆေးတွေဘာတွေနဲ့ ပြန်လုပ်ရတယ်။ အဲဒီလိုလုပ်မှ ရေကန်တွေက ပြန်သုံးလို့ရတယ်။ အဲဒီမှာ လိုက်ကြည့်တဲ့အခါကျတော့ ရေကန် အားလုံး ၉၇ကန်တွေ့တယ်၊ လပွတ္တာမှာ။ အခုထိ လုပ်တော့လုပ်နေဆဲပဲ။ ဒေသတခုလုံး ဖြစ်တယ်ဆိုတော့ လုပ်နိုင်တဲ့အတိုင်းအတာက တော်တော်နည်းပါတယ်။”
မကြာသေးခင်တုန်းကပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရေသန့်သုံးစွဲမှုနဲ့ ရေအဆိပ်သင့်မှုတွေကိုလေ့လာတဲ့ ဆွစ်ဇာလန်နိုင်ငံ ဒူဘန်းဒိုး (Dubendor) အခြေဆိုက် Swiss FederalInstitute of Aquatic Science and Technology အဖွဲ့က သုတေသနမှူးတွေ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွေမှာမြေအောက်ကထွက်လာတဲ့ ရေအဆိပ်သင့်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်ဆိုပြီးသတိပေးခဲ့ပါတယ်။
ဒီလို သောက်ရေတွေကတဆင့် အဆိပ်သင့်နိုင်တဲ့အတွက် ကင်ဆာနဲ့ အခြားရောဂါတွေဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆွစ်ဇာလန်နိုင်ငံအခြေဆိုက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရေသန့်သုံးစွဲမှုကို လေ့လာတဲ့အဖွဲ့ရဲ့ အကြီးအကဲ၊ ညွှန်ကြားရေးမှူး ခရစ္စ ဇာဘရပ်ဂ် (Chris Zurbrugg) ကသောက်ရေသန့်ရနိုင်မယ့် နည်းလမ်းတွေကို သူတို့အနေနဲ့ အတတ်နိုင်ဆုံး ရှာဖွေနေတယ်လို့ ပြောပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အကုန်အကျနည်းနည်းနဲ့ သောက်ရေသန့်ကို ဘယ်လိုထုတ်လုပ်မလဲ နည်းလမ်းရှာတယ်၊ ဒီလမ်းတွေကို အကူအညီပေးနေတဲ့ အစိုးရလက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ဖြန့်ဝေတယ်လို့ ပြောပါတယ်။
“ရေကို နှစ်ဖက်မြင်ရတဲ့ ပုလင်းအကြည်တခုထဲမှာထည့်ပြီး မသောက်ခင် နေရောင်အောက်မှာ ခြောက်နာရီလောက် ထားလိုက်မယ်ဆိုရင် ရေထဲမှာပါတဲ့ ပိုးတွေကိုသတ်ပြီးသားဖြစ်သွားနိုင်ပါတယ်။ ဒါက နေရောင်ခြည်ကိုသုံးပြီး ရေကို သန့်အောင်ထုတ်လုပ်နိုင်တဲ့နည်းပါ။ အရှေ့တောင်အာရှနိုင်ငံတွေမှာ အထူးသဖြင့် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိပြီးနောက်ပိုင်းမှာ သောက်ရေသန့်ရအောင် အထိရောက်ဆုံးထုတ်လုပ်နိုင်တဲ့နည်းလမ်းပါ” လို့ ညွှန်ကြားရေးမှူး ခရစ္စ ဇာဘရပ်ဂ်က ပြောသွားတာပါ။ သူတို့အဖွဲ့တွေအနေနဲ့ အဆိပ်သင့်နေတဲ့ ရေတွင်းရေကန်တွေထဲက ရေတွေကိုသန့်စင်တဲ့ နည်းပညာတွေ လေ့လာနေတယ်လို့လည်း ပြောပါတယ်။
သောက်ရေသန့်မရတဲ့အတွက် ကျန်းမာရေးအန္တရာယ် ကြုံနေရတဲ့နိုင်ငံပေါင်း ၇၀ကျော်ရှိပြီး လူပေါင်း သန်း ၁၃၀ ကျော် ရောဂါအန္တရာယ် ရင်ဆိုင်နေရတယ်လို့ကျွမ်းကျင်သူပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အာရှနိုင်ငံတွေထဲမှာ အဆိုးဆုံးနိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေမှာလည်း အလားတူ ပြဿနာမျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆွစ်ဇာလန်နိုင်ငံဒူဘန်းဒိုးအခြေဆိုက် Swiss Federal Institute of Aquatic Science and Technologyအဖွဲ့က ပြောဆိုထားပါတယ်။
Posted by
54freedom
at
11:21 PM
0
comments
Labels: ပြည်တွင်းသတင်းများ
နေအိမ်ဆောက်ပေးမည်ဟုဆိုကာ အိမ်ရာများသိမ်းဆည်းပြီး ငွေကြေးတောင်းယူ
ဖြိုးကြီး။ ဇူလိုင် ၁၄၊ ၂၀၀၈
မုန်တိုင်းသင့်ဒေသများမှ မြေနေရာများကို အိမ်ပြန်ဆောက်ပေးမည်ဟုဆိုကာ သိမ်းယူပြီးနောက် နေရာသစ်များတွင် နေထိုင်လိုသူများကို ငွေ (၅) သိန်းပေးရမည်ဟု တောင်းခံနေသည့်အတွက် ဒေသခံများ အခက်အခဲဖြစ်နေသည်။
ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ (၂) ရပ်ကွက်တွင် ထူးကုမ္ပဏီက အိမ်နေရာများကို အကုန်သိမ်းယူခဲ့ပြီး အခြားနေရာတွင် နေအိမ်များဆောက်လုပ်ထား၍ နေထိုင်လိုသူများထံမှ ငွေအရစ်ကျ ပေးချေရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုကဲ့သို့ ငွေပေးသွင်းရန်မရှိသည့်အိမ်ထောင်စုများမှာ ယခင်နေရာများတွင် ပြန်လည်ဆောက် လုပ်ခွင့်ပေးရန်ပြောဆိုသော်လည်း ခွင့်မပြုသည့်အတွက် ဆန်စက်များဘေးတွင် ယာယီတဲများ ထိုး၍ နေထိုင်နေရကြောင်း ဒေသခံတဦးက ပြောသည်။
“ကျနော်တို့ အရင်နေရာလေးမှာဘဲ အိမ်လေးဆောက်ပါရစေဆိုတာကို သူတို့က လက်မခံဘူး၊ မင်းတို့ပိုက်ဆံသွင်းနိုင်ရင် အိမ်ရမယ်၊ မသွင်းနိုင်ရင် မရဘူး၊ အဲလိုပြောလွှတ်လိုက်တာ၊ လုံးဝပြန် မရဘူး၊ အဲလိုဖြစ်နေတယ်” ဟုပြောသည်။
အဆိုပါအိမ်နေရာများ သိမ်းဆည်းခံရသူများမှာ စက်ဆန်း (၂) ရပ်ကွက်အတွင်းမှ ကိုရွှေဝင်း၊ သန့်ဇော်ဦး၊ ကိုမောင်ခင်ဝင်း၊ ကိုမျိုးဝင်း၊ ကိုမြင့်သောင်း၊ ကိုခင်မောင်အေး၊ ကိုသက်နိုင်၊ ခင်မောင်လတ်၊ ခင်မောင်ဇင်၊ ကိုခင်ဇော်တို့အပြင် စုစုပေါင်းအိမ်ထောင်စု (၃၈) စု ပါဝင်သည်။
သိမ်းဆည်းခံရသည့် မြေနေရာများတွင် ခြေမြန်တပ်မ (၆၆) မှ အလံများစိုက်ထူထားပြီး ရွာသား များက နေအိမ်များဆောက်လုပ်ခွင့်ပေးရန်ပြောဆိုရာ ပိုင်ဆိုင်ကြောင်းအထောက်အထား မြေဂရမ်များပြသရန် အရာရှိတဦးက ပြောဆိုခဲ့သည်။
ထူးကုမ္ပဏီမှ လက်ရှိဆောက်လုပ်ပြီးစီးသွားသည့် အိမ် (၅၇) လုံးတွင် အရစ်ကျ တနှစ်တသိန်း ပေးသွင်းကြရမည်ဖြစ်ပြီး ကျေးရွာအာဏာပိုင်များက ၎င်းတို့နှင့်နီးစပ်သည့် ရာအိမ်မှူး၊ ဆယ် အိမ်မှူးအား နီးစပ်သလိုခွဲတမ်းချထားပေးပြီး ၎င်းတို့မှာ ရွာတွင်အိုးအိမ်များရှိနေသူများဖြစ် သည်။
“မြေတွေအိမ်တွေအသိမ်းခံရတဲ့ အိမ်ထောင်စု (၃၈) စုက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ တိုင်းမှူးဆီကို လိပ်မူပြီး အသနားခံစာ ပြီးခဲ့တဲ့ (၁၀) ရက်နေ့ပို့ထားတာလည်း အခုအထိ အကြောင်းမပြန်ဘူး” ဟု ဒေသခံတဦးကပြောသည်။
စစ်အစိုးရက မုန်တိုင်းသင့်ဒေသများ ပြန်လည်တည်ထောင်ရေးအတွက် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့်ကုမ္ပဏီများအား ဒေသအလိုက်ခွဲတမ်းချလုပ်ကိုင်ခွင့်ပြုခဲ့ရာ ဦးတေဇပိုင် ထူးထရေး ရှင်းကုမ္ပဏီက ဘိုကလေးမြို့နယ်တွင် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး စက်ဆန်း (၂) ရပ်ကွက်တွင် နေအိမ် အလုံး(၁၀၀) ဆောက်လုပ်နေခြင်းဖြစ်သည်။
Posted by
54freedom
at
11:14 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ရန်ကုန်အစိုးရရုံးများတွင် လုံခြုံရေးတင်းကျပ်
NEJ/ ၁၄ ဇူလိုင် ၂၀၀၈
ရန်ကုန်ရှိ အစိုးရဌာနဆိုင်ရာများအားလုံးတွင် လုံခြုံရေး တင်းကျပ်စစ်ဆေးရန် ညွှန်ကြားထား ကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက “ဌာနဆိုင်ရာတွေမှာ လုံခြုံရေး တိုးမြှင့်ဖို့ အတွက် အထက်က ပြီးခဲ့တဲ့ ဇွန် (၂၇) ရက်မှာ စတင် ညွှန်ကြားတာပါ။ ညွှန်ကြားချက်အရ မိမိတို့ ရုံးက ၀န်ထမ်းတွေအနေနဲ့ အလှည့်ကျ စောင့်ရမှာဖြစ်တယ်” ဟု ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ဌာနအောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးရုံးအပါအ၀င် ဌာနခွဲများ၊ ပြည်ပသို့ ထွက်ခွာသွားသူများအား စိစစ်ရေးအဖွဲ့၊ ရန်ကုန်တိုင်း အခွန်ဦးစီးဌာနမှူးရုံး၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး အမှတ် (၁)၊ (၂) တို့ တည်ရှိသည့် အဆောက် အအုံများရှိ တာဝန်မှူးများ၊ တာဝန်ကျသူများ၊ အစောင့်များနှင့် သီးခြားအစောင့် မရှိသော ဌာန အဆောက်အအုံများအား ညအချိန်နှင့် ရုံးပိတ်ရက်များတွင် လှည့်လည်စစ်ဆေးကြည့်ရှုရန် တာဝန်များ ချပေးထားကြောင်း အဆိုပါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိဖြစ်သူက ပြောသည်။
ဝန်ကြီးဌာနအသီးသီးရှိ ဌာနဆိုင်ရာရုံးများတွင်လည်း ထိုပုံစံအတိုင်း တာဝန်ခွဲဝေချထားကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာရုံးများ အသီးသီး၌ အစောင့်များချကာ တံခါးများကို လိုအပ်မှ ဖွင့်ပေးပြီး ရုံးတွင်းသို့ ၀င်ခွင့်ပေးကြောင်း ယာဉ်ထိန်းရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ပြောသည်။ “အရင်တုန်းကတော့ (၅၁) လမ်း ယာဉ်ထိန်းရုံးမှာ တံခါး တခါမှ မပိတ်ထားဖူးဘူး။ အခုတော့ တံခါးကို အလုံပိတ်ထားပြီး လာတဲ့လူကို သေသေချာချာ စိစစ်မေးမြန်းပြီးမှ ၀င်ခွင့်ပြုတယ်” ဟု ၎င်းကပြောသည်။ဇူလိုင် (၁) ရက်တွင် အမှတ် (၆) ရပ်ကွက် ရွှေပြည်သာမြို့နယ်ရှိ ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့သည့်အတွက် ယခုကဲ့သို့ ညွှန်ကြားချက်များဖြင့် ဌာနဆိုင်ရာ ရုံးတိုင်း လုံခြုံရေး ချထားခြင်း ဖြစ်ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ဝင် ရဲသားတဦးက ပြောသည်။
စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့ကလည်း အင်တာနက်ဝက်ဘ်ဆိုဒ်များ တွင် ၎င်းတို့အနေဖြင့် နအဖနှင့် ပတ်သက်သည့် အရာများအား ဖောက်ခွဲရေးများ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာချက်များ ထွက်ပေါ်ခဲ့သည်။ ထို့နောက် ယခုကဲ့သို့ အစိုးရဌာနဆိုင်ရာရုံးများ လုံခြုံရေး တင်းကျပ်လာခြင်းဖြစ်သည်။ ။
Posted by
54freedom
at
11:00 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ရန်ကုန်မြို့တွင်း မီးပွိုင့်များ မပြင်နိုင်သေး
ရန်ကုန်မြို့ သိမ်ဖြူလမ်း မီးပွိုင့်တွင် ဆိုလာပြားမရှိသည့် တိုင်တခု
NEJ/ ၁၄ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၂) လကျော်သည့်တိုင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရန်ကုန် မြို့ရှိ မီးပွိုင့်များ၊ ယာဉ်ထိန်းနားခိုတဲများနှင့် ဆိုလာပြားများကို ထိထိရောက်ရောက် ပြန်လည် ပြင်ဆင်မှုများ မရှိသေးဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာတဦးက မီးပွိုင့်များ၊ ဆိုလာပြားများ ပြင်ဆင်မှု နှောင့်နှေးကြန့်ကြာရသည်မှာ ပလက်ဖောင်းထရပ်ကားများ မလုံလောက်သည့်အတွက် ဖြစ်သည်ဟု ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ဒီပလက်ဖောင်းထရပ်ကားနဲ့ လိုက်ပြီး ပြင်ဆင်မှုတွေ လုပ်ရတယ်။ ဒါပေမယ့် အဲဒီထရပ် ကားမျိုးက မြို့တော်စည်ပင်မှာ တစီးတည်းသာရှိတယ်။ ရှိတဲ့တစီးကလည်း မကြာခဏ စက်ပိုင်း ဆိုင်ရာ ချို့ယွင်းနေတယ်” ဟု ပြောသည်။
ရန်ကုန်တမြို့လုံးတွင် မီးပွိုင့်ပေါင်း (၁၂၉) ခုရှိပြီး ပွိုင့်များတွင် ယာဉ်ထိန်းနားခိုတဲ စုစုပေါင်း (၁၁၈) ခုရှိကာ ဆိုလာပြားများ တပ်ဆင်ထားသည့် မီးပွိုင့် (၅၀) ကျော်ရှိကြောင်း အပတ်စဉ်ထုတ် ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ်များတွင် ဖော်ပြသည်။
မုန်တိုင်းကြောင့် မီးပွိုင့်ပေါင်း (၁၂၉) ခုတွင် (၁၀၀) ကျော် ပျက်စီးပြီး ဆိုလာပြား (၅၀) ကျော် အနက် လုံးဝပျက်စီးသွားသည့် ဆိုလားပြားတိုင် (၁၀) ခုခန့်ရှိကာ ကျန်သည့် ဆိုလားပြားများမှာ မပျက်စီးသော်လည်း ဆိုလာပြားနှင့် ချိန်ဆက်အသုံးပြုရသော အင်ဗာတာဘက်ထရီများ အားလုံး နီးပါး ပျက်စီးနေသည်ဟု အဆိုပါ မြို့တော်စည်ပင်မှ အင်ဂျင်နီယာက ပြောသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အားမကိုးရဘဲ နေရောင်ခြည်ဖြင့် အသုံးပြုရသည့် ဆိုလားပြားများကို အသုံးပြုသည့်စနစ်ဖြင့် မီးပွိုင့်အချို့ကို အသုံးပြုနေခြင်းဖြစ်သည်။ ယင်းစနစ်တွင် မီးပွိုင့်အနီး တပ်ဆင်ထားသော ဆိုလာပြားတိုင်မှတဆင့် ယာဉ်ထိန်းနားခို တဲအတွင်း ထားရှိသည့် အင်ဗာတာ ဘက်ထရီမှ မီးပွိုင့်သို့ မီးပေးနေခြင်းဖြစ်သည်။
သို့သော် မီးပွိုင့်အားလုံးတွင် ဆိုလားပြားတိုင်များ တပ်ဆင်နိုင်ခြင်း မရှိသည့်အတွက် မီးပွိုင့်အများ စုမှာ လျှပ်စစ်မီးကိုသာ အသုံးပြုနေရဆဲဖြစ်သည်။ မြို့တော်စည်ပင် နယ်နိမိတ်အတွင်း မြို့နယ် (၃၃) မြို့နယ် ရှိသည့်အနက် ရန်ကုန်မြို့တွင်း (၆) မြို့နယ်ဖြစ်သည့် ဗိုလ်တထောင်၊ ပုစွန်တောင်၊ ကျောက်တံတား၊ လသာ၊ ပန်းပဲတန်းနှင့် လမ်းမ တော်မြို့နယ်များတွင်သာ မီး (၂၄) နာရီ ပေးကြောင်း၊ ကျန်မြို့နယ်များတွင် မီးပျက်ချိန်က များနေကြောင်း ပန်းပဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
၎င်းက “ဒါတောင် မြို့ထဲက (၆) မြို့နယ်မှာ (၂၄) နာရီ ပေးတယ်ဆိုထားပေမယ့် မီးက ပျက်တလှည့် လာတလှည့်ပဲ။ (၂၄) နာရီ ကွက်တိရတယ်ဆိုတာ မရှိပါဘူး” ဟု ပြောသည်။
အစိုးရ လျှပ်စစ်စွမ်းအားဌာန (အီးပီစီ) မှ မီးပေးသဖြင့် လျှပ်စစ်မီးလာချိန်တွင် အကောင်းအတိုင်း ရှိသည့် မီးပွိုင့်များမှ ယာဉ်အချက်ပြ မီးလင်း၍ အလုပ်လုပ်သော်လည်း မီးပျက်သည့်အချိန်တွင် ဆိုလာစနစ်ဖြင့် မီးပွိုင့်များ အလုပ်မလုပ်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများ ရှိနေဆဲ ဖြစ်သည်ဟုလည်း မြို့ခံများက ပြောသည်။
ယာဉ်ထိန်းနှင့် မြို့တော်စည်ပင်က ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်၍ အပြစ်များကို တလှည့်စီ ပြောဆိုမှုများ ရှိနေသော်လည်း မုန်တိုင်းတိုက်ခတ်ပြီး (၂) လကျော်သည့်တိုင် မီးပွိုင့်များကို ပြင်ဆင်နိုင်ခြင်း မရှိသေးသည်မှာ အထင်အရှားဖြစ်ကြောင်း အငြိမ်းစား စည်ပင်ဝန်ထမ်းတဦးက ပြောသည်။
“ယာဉ်ထိန်းရဲတွေ ဖမ်းဆီးဒဏ်ရိုက်လို့ရတဲ့ ငွေတွေကို စည်ပင်ဝင်ငွေအဖြစ် ပေးရတယ်။ သူတို့ရဲ့ လစာကိုတော့ စည်ပင်က ပေးတယ်။ အခု ပြုပြင်ရမယ့် ပွိုင့်တွေကျ စည်ပင်က မပြင်ဘူး၊ လိုအပ်တဲ့ ယာဉ်အင်အား၊ ၀န်ထမ်းအင်အား မရှိလို့လေ။ ဒါဆို ရဲတွေကလည်း ပွိုင့်တွေမှာ သေသေချာချာ ထိန်းသိမ်းပေးသင့်တာပေါ့၊ အခုတော့ အဲလိုမဟုတ်ဘဲ သူတို့အချင်းချင်းသာ အပြစ်ပြောနေကြ တယ်။ ရန်ကုန်နယ်နိမိတ်တွင်းက ယာဉ်ထိန်းနားခိုတဲပျက်တွေ မပြင်နိုင်သေးတာလည်း မြို့တော် ၀န်က ငွေကြေးချပေးတာ နှောင့်နှေးလို့ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၎င်းတို့၏ ၀င်ငွေမှာ တနှစ်လျှင် ကျပ် (၃၀) ဘီလီယံခန့်ရှိသည်ဟု ထုတ်ဖော်ပြောဆိုကြောင်း ပြည်တွင်းဂျာနယ်များတွင် ဖော်ပြသည်။ ။
Posted by
54freedom
at
10:55 PM
0
comments
Labels: ပြည်တွင်းသတင်းများ
အာဇာနည်နေ့အခမ်းအနား လုံခြုံရေးသတိဖြင့် ကျင်းပမည်
(သတင်းသုံးသပ်ချက်)
ပီတာအောင်/ ၁၄ ဇူလိုင် ၂၀၀၈
လာမည့် ဇူလိုင် (၁၉) ရက်တွင်ကျင်းပမည့် (၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေးသတိရှိစွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့် ဇွန် (၁၉) ရက်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်း အားရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက ကားဖြင့် လာရောက်၍ အန်အယ်လ်ဒီပါတီဝင်အချို့ကို အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကျနော်တို့ကတော့ တတ်နိုင်သလောက် လူငယ်တွေကို ထိန်းသိမ်းသွားမယ်။ ပိုပြီးတော့ ဂရုစိုက်သွားမယ်။ သက်ဆိုင်ရာမြို့နယ်ကိုတော့ ကျင်းပမယ့်အကြောင်း အကြောင်းကြားထားပါတယ်။ ကျနော်တို့ကတော့ အခမ်းအနားကို အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ကျင်းပမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော် ၀မ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားသည့် အာဇာနည်နေ့၌ ပဋိပက္ခဖြစ်ပွား မည်ကို မလိုလားကြောင်းနှင့် အကြမ်းဖက်လာမည့် အန္တရာယ်မှ ကာကွယ်ရန် လုံခြုံရေး တင်းတင်း ကျပ်ကျပ်ဖြင့် လုပ်သွားမည်ဟု အန်အယ်လ်ဒီဗဟို လူငယ်အဖွဲ့ဝင် ကိုရာဇာကလည်း ပြောသည်။
၎င်းက “ဒီလို အာဇာနည်နေ့လို နေ့ကြီး နိုင်ငံရဲ့အထင်ကရ နေ့ကြီးမှာ ဒါမျိုးမဖြစ်စေချင်ပါဘူး။ သူတို့ကိုယ်တိုင် အလေးအမြတ် ပြုရမယ့်နေ့ဗျ။ သူများကို ရန်ရှာရမယ့်နေ့ မဟုတ်ဘူး။ ကျနော်တို့ လူငယ်တွေကတော့ လုံခြုံရေးတိုးမှာပေါ့။ တင်းတင်းကျပ်ကျပ်လုပ်မယ်။ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေမယ်ပေါ့ဗျာ။ ထပ်ဖြစ်မယ်ဆိုရင်တော့ အရမ်းကို ရုပ်ပျက်လွန်းသွားပြီ။ ခုမဖြစ်သေးခင် ပြောနေ တာပေါ့။ ဖြစ်တဲ့အချိန်မှာ သွေးဆူနေရင်တော့ မပြောနိုင်ဘူး။ ကျနော်တို့လည်း လူငယ်တွေပဲ” ဟု ပြောသည်။
ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အန်အယ်လ်ဒီရုံးသို့ လာအကြမ်းဖက်မှု လုပ်ဆောင်ခဲ့ဖူးသဖြင့် အတင့်ရဲလာပြီး နောက်တခါ ထပ်လာရောက်နိုင်သည်ဟု ရန်ကုန်မြို့ခံ အရပ်သားတဦးက ထင်မြင်ချက်ပေးသည်။
ဝါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင်ကမူ ယခုကဲ့သို့ အကြမ်းဖက် ၀င်ရောက်ရိုက်နှက် ဖမ်းဆီးမှု သည် မဖြစ်သင့်မဖြစ်ထိုက်သည့် ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်တွင် အကြမ်းဖက်မှုများ ပိုမို တိုးပွားလာမည်ကို စိုးရိမ်ပူပန်မိသည်ဟု ပြောသည်။
၎င်းက “အရပ်ဝတ်နဲ့ ဗြုန်းဒိုင်း ရောက်လာပြီးတော့ ရိုက်ရယ်၊ နှက်ရယ်၊ ဖမ်းရယ်၊ ဆွဲရယ်ဟာ မျိုးက မလုပ်သင့်တဲ့ဟာပဲ။ ဒါက တာဝန်ရှိတဲ့လူတွေက အသိအမှတ်ပြုထားသလို ဖြစ်နေတာ။ အဲဒါမျိုးက တိုင်းပြည်မှာ မရှိသင့်ဘူး။ အဲသလိုသာ ဖြစ်နေမယ်ဆိုရင် အကြမ်းဖက်မှုတွေ အများ ကြီး ဖြစ်လာနိုင်တာပေါ့။ နောင်ကို ဒီအစဉ်အလာမျိုးက ထပ်ဖြစ်လာရင် ခံနိုင်တဲ့ လူက ခံနိုင်မယ်၊ မခံနိုင်လို့ တုံ့ပြန်မယ်ဆိုရင် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုတွေ၊ အဓိကရုဏ်းတွေ ဖြစ်လာရင် တိုင်းပြည်က နစ်နာမယ်။ တဖွဲ့နဲ့တဖွဲ့ လက်စားချေတဲ့ဟာတွေ ဖြစ်လာရင် တိုင်းပြည်အတွက် မကောင်းဘူးပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့်လ အကြမ်းဖက် ဖမ်းဆီးမှုတွင် အဖွဲ့ချုပ်ဝင်နှင့် အရပ်သား (၁၄) ဦး ဖမ်းဆီးခံရပြီး ၎င်းတို့ကို အင်းစိန်ထောင်၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှုဖြင့် တရားစွဲထားရ ကြောင်း အန်အယ်လ်ဒီက ပြောသည်။
ဇူလိုင် (၁၉) ရက်၌ ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ဗဟိုဌာနချုပ်တွင် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားနှင့် ဟောပြောပွဲများ ကျင်းပမည်ဖြစ်ပြီး အဖွဲ့ချုပ်လူငယ်များက အာဇာနည်ဗိမာန်သို့ လွမ်းသူပန်းခွေ သွားပို့ရန် အစီအစဉ်ရှိကြောင်း သိရသည်။ ။
Posted by
54freedom
at
10:52 PM
0
comments
Labels: ပြည်တွင်းသတင်းများ
မဲဆောက်တံတားအနီး အဖမ်းခံရသူမှာ မိမိတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ကေအန်ယူ ငြင်းဆို
NEJ/ ၁၄ ဇူလိုင် ၂၀၀၈
မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားအနီး ထိုင်းဘက်ခြမ်းတွင် သောကြာနေ့က အမည်မသိ အဖွဲ့တဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး မြန်မာဘက်ခြမ်းသို့ ခေါ်ဆောင်သွားခြင်းခံရသူ ကရင်အမျိုးသား သည် မိမိတို့တပ်ဖွဲ့မှ အရာရှိတဦးမဟုတ်ကြောင်း ကရင်အမျိုးသား ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူး စောအိုက် ဇက်က ခေတ်ပြိုင်သို့ ပြောကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဘားအံခရိုင် ရဲမှူး စောအိုက်ဇက်က “အဖမ်းခံရတဲ့ စောပုပုကို အဖွဲ့က ဘာတာဝန်မှ ပေးထားတာ မရှိပါဘူး။ အခုကိစ္စ သူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဟိုဘက်ကမ်းက လူတွေနဲ့ ဆက်သွယ်ပြီး ဖြစ်သွားတာလို့ ထင်တယ်” ဟု ပြောသည်။
၎င်းက “ပုပုဟာ အရင်က ကျနော်တို့ ခရိုင်ရဲတပ်ဖွဲ့မှာ တပ်ကြပ်ကြီးအဆင့်ရှိတယ်။ မနှစ်က အဖွဲ့ပိုင် လက်နက်ငယ် (၅) လက် ယူဆောင်သွားပြီး ဒီကေဘီအေကနေတဆင့် ဗိုလ်ဌေးမောင်ရဲ့ ငြိမ်းချမ်း ရေး ကောင်စီအဖွဲ့ဆီမှာ သွားရောက်ခဲ့တယ်။ လွန်ခဲ့တဲ့ (၆) လလောက်က သူမှားပါတယ်၊ သူ့ကို ခွင့်လွှတ်ပါ ပြန်လာပါရစေဆိုလို့ လူကြီးတွေက သဘောထားကြီးကြီးနဲ့ ပြန်လက်ခံတာပါ၊ သူ့ကို စောင့်ကြည့်တဲ့အဆင့်ပါ” ဟု ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအာတိုးက “သူ့ကို တာဝန်ရယ်လို့ ပေး ထားတာ မရှိဘူး။ အရင်ကလည်း စည်းကမ်းဖောက်ဖျက်လို့ သူ့ကို အရေးယူရတာတွေရှိတယ်။ ကျနော်တို့က ဒီကေဘီအေတို့၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတို့က ပြန်လာတဲ့လူတွေကို ဘာတာဝန်မှမပေးဘူး၊ ၀န်ခံချက်တွေနဲ့ အရပ်သားပုံစံတွေနဲ့ နေသွားကြ တာပဲ” ဟု ပြောသည်။
စောပုပု အဖမ်းခံရပုံနှင့် ပတ်သက်၍ ချစ်ကြည်ရေးတံတားအနီး ပရိဘောဂပစ္စည်း ရောင်းချသူ မျက်မြင်သက်သေ မြန်မာအမျိုးသမီးတဦးက “အဲဒီနေ့က လူတယောက်ကို လူလေးငါးယောက်က ၀ိုင်းထိုးကြပြီး မှန်လုံကားထဲ ထည့်သွားတာ တချက်တွေ့လိုက်တယ်” ဟု ပြောသည်။
စောပုပု ဖမ်းဆီးခံရမှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်ရင်း (၁၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးစောဖောဒို့က“ဒီကိစ္စ သေချာတယ်ဆိုတာ ကျနော်တို့ အခိုင်အမာ ပြောနိုင်ပါတယ်။ ဒီနေ့ ထပ်ရတဲ့ သတင်းအရ သူ့ကို သတ်လိုက်ပြီလို့ သိရတယ်။ မြန်မာဘက် ခြမ်းက မျက်မြင်သက်သေကတော့ မနက်ဖြန်ရောက်မယ်” ဟုခေတ်ပြိုင်သို့ အတည်ပြု ပြော ကြားသည်။
စောပုပုကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးမှန်း တိတိကျကျ မသိရသော်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) လက်နက်ကိုင်အဖွဲ့ ဖြစ်နိုင်သည်ဆိုသည့် ထင်ကြေးပေးမှုများ ထွက်ပေါ်လာသည်။ သို့ဖြစ်၍ ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးဖြစ်သူ ဗိုလ်ပြည်သိမ်းကို ဒီကေဘီအေက ဖမ်းဆီးထားခြင်း ဟုတ်မဟုတ် မေးမြန်းရာ ဗိုလ်ပြည်သိမ်းက မဟုတ်ကြောင်း ငြင်းဆိုသွားသည်။
ယခင်က လက်နက်ကိုင် ကရင်အဖွဲ့အစည်းများကြားနှင့် စစ်မက်ဖြစ်ပွားရာ ဒေသများတွင်သာ ၀င်ရောက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ ဆန့်ကျင်ဘက် အဖွဲ့အစည်းများကြား တွင် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို အသုံးပြု၍ ဖမ်းဆီးခေါ်ဆောင်မှုသည် ဒေသအတွင်း ပထမဦးဆုံး ဖြစ်ရပ်တခု ဖြစ်သည်။ ။
Posted by
54freedom
at
10:49 PM
0
comments
Labels: ပြည်တွင်းသတင်းများ
