စစ်အာဏာရှင်စနစ် ကျဆုံးပါစေ
Showing posts with label ပြည်ပသတင်း. Show all posts
Showing posts with label ပြည်ပသတင်း. Show all posts

Monday, June 23, 2008

တိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင် ကူးတို့သင်္ဘောနစ်မြှပ်၊ ခရီးသည် ၇၀၀ ကျော် ပျောက်ဆုံးနေဆဲ


ဖိလစ်ပိုင်နိုင်ငံက ရေလွှမ်းမိုးမှု မြင်ကွင်းတခုဇူလိုင်လ ၂၂၊ ၂၀၀၈

22 June 2008
ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းလေမုန်တိုင်း တိုက်ခတ်မှုကြောင့် ခရီးသည်တင် သင်္ဘောတစင်း နစ်မြှပ်ခဲ့ရာမှာ လူပေါင်း (၇၀၀) ကျော် ပျောက်ဆုံးနေသလို၊ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတ၀န်း အသက်ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေလည်း အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ အခုအချိန်အထိတော့ သင်္ဘော နစ်မြှပ်ရာက အသက်မသေပဲ လွတ်မြောက်လာသူ ၄ ဦး ကိုပဲ ရှာဖွေတွေ့ရှိထားတာ ဖြစ်ပြီးတော့ သေဆုံးသူ ၄ ဦးရဲ့ အလောင်းတွေကိုလည်း ဆယ်ယူနိုင်ခဲ့ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ရွမ်ဘလွန် (Romblon) ခရိုင်က၊ ဆီဘူရန်ကျွန်း (Sibuyan Island) မှာ သင်္ဘော တိမ်းမှောက်မှု မဖြစ်ခင် ခရီးသည်အများအပြားဟာ သင်္ဘောပေါ်ကနေ လွတ်မြောက်အောင် မကျိုးပမ်းနိုင်ခဲ့ဘူးလို့ အသက်မသေ လွတ်မြောက်လာသူတွေ ပြောပါတယ်။ တိုင်ဖွန်း ဖန်းဂ်ရှန်း (Fengshen) ကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ လေတိုက်ခတ်မှုနဲ့ ကြီးမားတဲ့ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုတွေကြောင့် နစ်မြှပ်ခဲ့ရတဲ့ ခရီးသည်တင် သင်္ဘောဆီကို ကယ်ဆယ်ရေး အတွက် ကမ်းခြေစောင့် သင်္ဘောတွေ သွားရောက်ဖို့ အခက်အခဲတွေလည်း ရှိနေတာပါ။ တိုင်ဖွန်း လေမုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်ဟာ (၁၅၅) ယောက်အထိ ရှိနေပြီလို့လည်း ဖိလစ်ပိုင်နိုင်ငံက ကြက်ခြေနီအဖွဲ့ အကြီးအကဲက ပြောပါတယ်။ တိုင်ဖွန်း ဖန်းဂ်ရှန်း ၂ ရက်ကြာ တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ တ၀န်း ရေအောက်မှာ နစ်မြှပ်ခဲ့တာပါ။ လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၃၀ နှုန်းနဲ့ တိုက်ခတ်ခဲ့တဲ့ လေမုန်တိုင်းက ရေလွှမ်းမိုးမှုတွေ၊ မြေပြိုကျမှုတွေ အကြီးအကျယ် ဖြစ်စေခဲ့ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Saturday, June 21, 2008

ထိုင်းဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်ရန် ဆန္ဒပြတောင်းဆို

အစိုးရရုံးရှေ့ ဆန္ဒပြသူများနှင့် ရဲများအကြား ရုံးရင်းဆန်ခတ် ဖြတ်ပွားနေပုံ (ဇွန်လ ၂၀၊ ၂၀၀၈)

21 June 2008

ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ဒရာဝေ ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ရုံး အပြင်ဖက်မှာ စခန်းချနေကြပါတယ်။

သောကြာနေ့ကတော့ အစပိုင်းမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆံခတ် ရှိခဲ့ပေမယ့် နောက်ပိုင်း ၀န်ကြီးချုပ်ရုံးရှေ့ဂိတ်ကို လူအုပ်ကြီး ရောက်လာတဲ့နောက် ရဲဖက်က တင်းတင်းမာမာ ကိုင်တွယ် ဆောင်ရွက်တာမရှိပါဘူး။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး မိန့်ခွန်းတွေ ပြောဆိုကြပြီး၊ အလံတွေကို ဝှေ့ရမ်း သီချင်းတွေကို သီဆိုကြပါတယ်။

ဝန်ကြီးချုပ် ရာထူးကနေ ဆင်းမယ့်အချိန်အထိကို ၀န်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေက ပြောနေပါတယ်။

PAD ဒီမိုကရေစီပြည်သူ့မဟာမိတ်အဖွဲ့ဝင်တွေဟာ အခုလို ၀န်ကြီးချုပ် ဆမတ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မြို့ လမ်းတွေပေါ်မှာ စုရုံး ဆန္ဒပြခဲ့ကြတာ လွန်ခဲ့တဲ့ သုံးပတ်ကတည်းကပါ။

ဝန်ကြီးချုပ် ဆမတ် အစိုးရအဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀ပ်ရဲ့ ရုပ်သေးအစိုးရသာ ဖြစ်တယ်လို့ PAD က စွပ်စွဲထားပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်