16 July 2008
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီကို မြန်မာစစ်အစိုးရက နောက်လမှာ လာခွင့်ပြုလိုက်တဲ့အပေါ် စင်္ကာပူနိုင်ငံက ကြိုဆိုလိုက်ပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဲဒီခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရအဆင့်မြင့်တာဝန်ရှိသူတွေအပါအ၀င် တခြားလူတွေနဲ့တွေ့ဆုံနိုင်ရေး အပြည့်အ၀ခွင့်ပြုဖို့လည်း စင်္ကာပူနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာအစိုးရကို တိုက် တွန်းလိုက်ပါတယ်။
မစ္စတာဂမ်ဘာရီရဲ့ခရီးစဉ်နဲ့ သူ့ရဲ့လုပ်ငန်းတွေဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သလို ဒီခရီးစဉ်ပေါ် စင်္ကာပူကထောက်ခံကြောင်းလည်း ပြောခဲ့ပါတယ်။
စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံတခုဖြစ်သလို မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။
မစ္စတာဂမ်ဘာရီ သြဂုတ်လလယ်မှာ မြန်မာနိုင်ငံသွားမယ်ဆိုတာကို အင်္ဂါနေ့မှာ ကုလသမဂ္ဂက ကြေညာခဲ့တာပါ။ ရက်အတိအကျ အပါအ၀င် အစီအစဉ်နဲ့ ရည်ရွယ်ချက် အသေးစိတ်တွေကိုတော့ မသတ်မှတ်ရသေးပါဘူး။
Rest of your post
Thursday, July 17, 2008
မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် စင်္ကာပူကြိုဆို
Posted by
54freedom
at
10:50 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ဖဒိုမန်းရှာ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးပေးရန် ဗြိတိသျှအမတ်များက တောင်းဆို
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 12:11 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ၆ဝ ဦးခန့်ရှိသော ဗြိတိသျှပါလီမန် အမတ်များသည် မြန်မာတိုင်းရင်းသား သူပုန်အဖွဲ့ခေါင်းဆောင် တဦးဖြစ်သော ဖဒိုမန်းရှာလဖန် လုပ်ကြံခံရမှုကို စစ်ဆေးဖေါ်ထုတ်ပေးရန် 'Early Day Motion' ပန်ကြားချက်ကို လက်မှတ်ရေးထိုး၍ ဗြိတိသျှအစိုးရကို တောင်းဆိုလိုက်ကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး လုပ်ကြံခံရသည့်ကိစ္စတွင် တရားဝင် စုံစမ်းစစ်ဆေးမှု တစုံတရာ မရှိသည့်အတွက် ဗြိတိသျှ အစိုးရက တိုက်ရိုက် ဝင်ရောက် စုံစမ်းစစ်ဆေး၍ တရားခံများကို ဖေါ်ထုတ်ပေးပါရန် ဗြိတိသျှ ပါလီမန်အမတ်များက ဗြိတိသျှအစိုးရ ကို တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။
“ဗြိတိသျှ ပါလီမန်အမတ်တွေ ခုလို တောင်းဆိုတာကို ကျမတို့ ကြိုဆိုပါတယ်။ ဒါကျမတို့ကို စိတ်ဓါတ်အရ အားပေး ထောက်ခံရုံသာမက တရားမျှတမှုအတွက် တိုက်ပွဲဝင်တာလဲ ဖြစ်လို့ပါ” ဟု လောလောဆယ် ယူကေနိုင်ငံတွင် ရောက်ရှိနေသည့် မန်းရှာ၏ သမီးဖြစ်သူ ဇိုယာဖန်း က မဇ္ဈိမကို ပြောကြားသွားပါသည်။
အမည်မသိ သေနတ်သမား ၂ ဦးက မဲဆောက်မြို့ရှိ သူ၏ နေအိမ်တွင် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က မန်းရှာလဖန် ကို ပစ်ခတ် သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။
“ဒါ ဗမာစစ်အစိုးရ လက်ချက်ဆိုတာ ကျမတို့သိပေမယ့် တရားဝင် ဘာမှ ထုတ်ပြန် ကြေညာတာ မရှိလို့ ကျမတို့ ဝမ်းနည်း ရပါတယ်” ဟု ဇိုယာ က ပြောသွားပါသည်။
ဤသို့ အကြမ်းဘက် လုပ်ရပ်များကို စီစဉ် ကျူးလွန်ခဲ့ခြင်း အတွက်လည်း ဗြိတိသျှ ပါလီမန် အမတ်များက မြန်မာစစ်အစိုးရကို ပြစ်တင် ရှုတ်ချလိုက်သည်။ ဤကိစ္စအတွက် အရေးယူရန်နှင့် ကရင်နှင့် အခြား တိုင်းရင်းသား အရပ်သားများကို တိုက်ခိုက်နေခြင်းအားလည်း ရပ်တန့်ပေးပါရန် ဗြိတိသျှအစိုးရကို သူတို့က တိုက်တွန်း တောင်းဆိုခဲ့ကြသည်။
သူ၏ မပြီးဆုံးသေးသော အလုပ်များကို ဆက်လက် လုပ်ဆောင်ရန်နှင့် သူမတို့၏ ဖခင်ကို သတိတရ ဂုဏ်ပြုသည့် အနေနှင့် သူမ၏ အကို ၂ ဦး၊ ညီမတဦးတို့နှင့်အတူ “ဖန်းဖောင်ဒေးရှင်း” တရပ် ထူထောင်ထားရှိကြောင်း ပြောဆိုခဲ့ပါသည်။
“ဒီဖောင်ဒေးရှင်းကနေ ကရင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဘို့နဲ့ ကရင်လူမျိုးတွေရဲ့ ပညာရေးကိုအကူအညီ ပေးဘို့ လုပ်သွားမှာပါ” ဟု ဇိုယာ က ပြောသွားပါသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရာစုနှစ်တဝက်ကျော် တိုက်ပွဲဝင်နေသည့် (KNU) ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလတွင် ဖဒိုမန်းရှာ ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။
၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရရှိကာ ချက်ချင်းလိုပင် တောတွင်းရှိ ကရင်လှုပ်ရှားမှုတွင် ပူးပေါင်း လက်တွဲပါဝင်ခဲ့သည်။
တိုင်းရင်းသားများနှင့် မြန်မာလူမျိုး မဟာမိတ်များ အားလုံးက လေးစားခံရသူတဦး ဖြစ်ပြီး စစ်အစိုးရကလည်း KNU ၏ တောင့်တင်းခိုင်မာသော ခေါင်းဆောင်တဦးအဖြစ် သူ့ကိုရှုမြင်သည်။
ကွယ်လွန်ချိန်တွင် သူသည် အသက် (၆၄) နှစ်ရှိပြီ ဖြစ်သည်။
Rest of your post
Posted by
54freedom
at
10:25 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Wednesday, July 16, 2008
မြန်မာကျောက်မျက်ရတနာများ အမေရိကန်နိုင်ငံ တင်သွင်းခွင့် ပိတ်တော့မည်
Agencies/ ၁၆ ဇူလိုင် ၂၀၀၈
မြန်မာစစ်အစိုးရ၏ နိုင်ငံခြားဝင်ငွေ အဓိကလုပ်ငန်းတခုဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာများ အမေရိကန်နိုင်ငံတင်သွင်းမှု ပိတ်ဆို့မည့် ဥပဒေမူကြမ်းတခုကို အမေရိကန်အောက်လွှတ်တော်က ယမန်နေ့တွင် အတည်ပြုလိုက်ပြီး အထက်လွှတ်တော်သို့ ပြန်လည်တင်ပြတော့မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နင်းလေ့ရှိပြီး အဂတိလိုက်စားသည့် မြန်မာစစ်အစိုးရအပေါ် ဘဏ္ဍာရေးအရ ဖိအားပေးရန် ရည်ရွယ်၍ အဆိုပါဥပဒေမူကြမ်းကို အတည်ပြုလိုက်ကြခြင်းဖြစ်ကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဟိုးဝဒ် ဘားမန်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဟိုးဝဒ် ဘားမန်းက “ဒီဥပဒေအရ မြန်မာ့ကျောက်မျက်တွေကို အမေရိကန်နိုင်ငံထဲ တင်သွင်းတာကို ပိတ်ဆို့တာ၊ ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးချဲ့ပိတ်ဆို့တာတွေ ဖြစ်လာတဲ့အတွက် ဒီစစ် အစိုးရအတွက် ဒေါ်လာ သန်း ရာဂဏန်းချီပြီး နှစ်စဉ်နစ်နာမှာ ဖြစ်ပါတယ်” ဟု ပြောကြောင်း အေပီ သတင်းတွင် ဖော်ပြသည်။
၂၀၀၃ ခုတွင် သမ္မတဘုရှ် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီဥပဒေ Burmese Freedom and Democracy Act အား ပိုမိုခိုင်မာသစ်ဆန်းစေရန် ရည်ရွယ်ပြီး ကွယ်လွန် သူ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌဟောင်း မစ္စတာတွမ်လန်းတော့စ်က Block Burmese JADE Act ခေါ် အဆိုပါ ဥပဒေမူကြမ်းကို ၂၀၀၇ ခု၌ ဦးဆောင်ရေးဆွဲ အဆိုပြုခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့က အတည်ပြုလိုက်သည့် ဥပဒေမူကြမ်းကို တစ်ဖ်နီနှင့် ဘာဂါရီကဲ့သို့သော အမေရိကန် ကျောက်မျက်ရတနာ ကုမ္ပဏီကြီးများ အပါအ၀င် ရတနာအရောင်းဆိုင် (၁၁,၀၀၀) ကလည်း ထောက်ခံကြကြောင်း ဟိုးဝဒ် ဘားမန်းက ပြောသည်။
ပိတ်ဆို့ရေးဥပဒေကို အတည်ပြုရခြင်းမှာ မြန်မာနိုင်ငံတွင် ရွေးကောက်ခံ ဒီမိုကရက်တစ် အစိုးရ တရပ်ဖြင့် အစားထိုးနိုင်ရေးအတွက် မြန်မာစစ်အစိုးရအား ဖိအားပေးခြင်းဖြစ်ပြီး ပိတ်ဆို့မှုအသစ် ကြောင့် မြန်မာကျောက်မျက်များကို တတိယနိုင်ငံများမှ တဆင့် အမေရိကန်နိုင်ငံသို့ တင်သွင်း နေသည့် စစ်အစိုးရ လုပ်ရပ်များကို ထိခိုက်စေမည်ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာစစ်အစိုးရနှင့် ဆက်စပ်နေသော နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ၊ ၎င်းတို့၏ မိသားစု
ဝင်များက တတိယနိုင်ငံများမှ တဆင့် အမေရိကန် ဘဏ္ဍာရေးအဖွဲ့အစည်းများ အသုံးပြုနေမှုကို ကာကွယ်နိုင်ရန်အတွက် ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း ယခု ဥပဒေသစ်အရ ထိန်းချုပ်သွား နိုင်မည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီအရေး လှုပ်ရှားဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်း ရာတွင် ပါဝင်ခဲ့သော စစ်အစိုးရ တာဝန်ရှိသူများကိုလည်း အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး မည် မဟုတ်ပေ။
မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားခြင်းသည် သာမန်မြန်မာပြည်သူများကို ထိခိုက် ရန် မဟုတ်ဘဲ စစ်အစိုးရအပြင် စစ်အစိုးရနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ စစ်အစိုးရကို မှီပြီး စီးပွားရှာနေသူများအတွက် ရည်ရွယ်ပစ်မှတ်ထားသည့် Targeted Sanctions ဖြစ်ကြောင်း အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်း ပြောဆိုထားသည်။
ထို့ပြင် မြန်မာနိုင်ငံမှာ စစ်အစိုးရဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်သွားစေမည့် သိသာ ထင်ရှားသည့် အဓိက တိုးတက်မျိုးများ ရှိခဲ့လျှင်ဖြစ်စေ၊ အရပ်သားအစိုးရကို အာဏာလွှဲပေးပါ မည်ဟု ဒီမိုကရေစီ အင်အားစုများအပေါ် စစ်အစိုးရက ကတိပေးလျှင်ဖြစ်စေ၊ နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်လာအောင်လည်း ဖော်ဆောင်မည် စသည့်အချက်များ ရှိပါပြီဆိုသည့် အခြေအနေများကို ရွေးကောက်ခံထားရသည့် မြန်မာအရပ်သား အစိုးရက မေတ္တာရပ်ခံလာပါက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ထားခြင်းကို အမေရိကန် သမ္မတက ရုပ်သိမ်းနိုင်သည်ဟု ဒဏ်ခတ်ပိတ်ဆို့သည့် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ။
Posted by
54freedom
at
7:50 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေသစ်က မြန်မာနိုင်ငံမှ အမေရိကန်ကုမ္ပဏီတခုကို သက်သာခွင့်ပေး
Agencies/ ၁၆ ဇူလိုင် ၂၀၀၈
အမေရိကန် အောက်လွှတ်တော်အမတ်များ ယမန်နေ့က အတည်ပြုခဲ့သည့် မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ပိတ်ဆို့မှု ဥပဒေအသစ်သည် မြန်မာစစ်အစိုးရနှင့် လုပ်ငန်းတွဲလုပ်နေသည့် အမေ ရိကန် စွမ်းအင်ကုမ္ပဏီ ရှဗရွန်ကိုလည်း ဖိအားပေးရာ ရောက်မည်ဖြစ်ကြောင်း လွှတ်တော် တာဝန်ရှိသူများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရှဗရွန်ကုမ္ပဏီက အခြားအမေရိကန်ကုမ္ပဏီတခုဖြစ်သော ယူနိုကယ်ထံမှ ရှယ်ယာ (၂၈) ရာခိုင် နှုန်းကို ၂၀၀၅ ခုတွင် ၀ယ်ယူခဲ့ပြီး ရတနာသဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံ၍ လုပ်ကိုင်နေခြင်းဖြစ်သည်။
ရှဗရွန်က ခံစားနေရသော အခွန်လျော့ပေါ့ပေးဆောင်ရမှုအား ရပ်စဲရမည်ဟု ပိတ်ဆို့ရေး ဥပဒေ အသစ်ကို စတင် တင်သွင်းခဲ့စဉ်က ပါဝင်သော်လည်း စီမံကိန်းမှ ထွက်ခွာခဲ့သော် တရုတ်နှင့် အိန္ဒိယတို့မှ ကုမ္ပဏီများက လွယ်ကူစွာ အစားထိုးရယူသွားမည်ဟု ရှဗရွန်က ပြန်လည်ပြောဆို ခဲ့သည့်အတွက် ထိုပြဋ္ဌာန်းချက်ကို ထည့်သွင်းခြင်း မပြုရန် သဘောတူခဲ့သည်။
အထက်လွှတ်တော်ကလည်း ခွင့်ပြုမည်ဟု မျှော်လင့်ရသော အဆိုပါ ပိတ်ဆို့ရေး ဥပဒေမူကြမ်းက မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းများတွင် လုပ်ကိုင်နေသော ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အကယ်၍ မြန်မာစစ်အစိုးရက စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေးများ မလုပ်ခဲ့ပါက မိမိတို့ဆန္ဒအလျောက် လုပ်ငန်းများ ပြန်လည်ရုပ်သိမ်းကြရန် ရှင်းလင်းစွာ တောင်းဆိုထားသည်။
ရတနာသဘာဝဓာတ်ငွေ့ လုပ်ကွက်အတွင်းရှိ ရှဗရွန်၏ အကျိုးတူ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြ သော ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်၊ ထိုင်းစွမ်းအင် ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီ ပီတီတီ၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့အား ရှဗရွန်က ငွေပေးချေရန်ရှိသည်များကိုလည်း ဥပဒေ အသစ်က ပိတ်ပင်ထားသည်။
အကယ်၍ ရှဗရွန်က ၎င်းပိုင် အစုရှယ်ယာများကို ပြန်ရောင်းမည်ဆိုပါက မြန်မာနိုင်ငံ၏ ဥပဒေအရ စစ်အစိုးရအား အမေရိကန်ဒေါ်လာ သန်း (၅၀၀) ခန့် ပေးရမည်ဖြစ်သည်။
ဥပဒေမူကြမ်း၏ အဓိက ဦးတည်ချက်မှာ မြန်မာစစ်အစိုးရအတွက် ဒေါ်လာ သန်းရာနှင့်ချီ၍ နစ်နာစေရန်အတွက် မြန်မာ့ကျောက်မျက်များ အမေရိကန်နိုင်ငံသို့ တင်ပို့မှုကို ပိတ်ဆို့ရန်နှင့် ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ရန်ဖြစ်သည်။ ။
Rest of your post
Posted by
54freedom
at
7:46 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
မြန်မာနိုင်ငံသားများကို တိုးရစ်ဗီဇာထုတ်ပေးရန် ရန်ကုန်ရှိ ထိုင်းသံရုံးက တင်းကျပ်
ဧရာဝတီ ဇူလိုင် ၁၅၊ ၂၀၀၈
ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးက မြန်မာနိုင်ငံသားများကို ထိုင်းပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာ၌ ယခင်ကထက် ပိုမိုတင်းကျပ် လာသည်ဟု ထိုင်းဗီဇာ လျှောက်ထားသူများက ဧရာဝတီကို ပြောသည်။
နိုင်ငံကူးလက်မှတ်အသစ် ကိုင်ဆောင်သူများ ထိုင်းဗီဇာလျှောက်ထားပါက အခြားသူများထက် ဗီဇာရရန် ပိုခက်သည်ဟု ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ခဲ့သူက ဧရာဝတီကို ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါ ဗီဇာလျှောက်ခဲ့သူက “လူသစ်တွေအတွက် ဗီဇာလျှောက်ရတာ ပိုခက်တယ်။ အိမ်၊ ခြံ၊ ကား၊ တယ်လီဖုန်း စတဲ့ ပိုင်ဆိုင်မှုတခုခု၊ ဒါမှမဟုတ် ၃ လစာ ဘဏ်စာရင်းပြရတယ်။ ဘဏ်စာရင်းမှာ အနည်းဆုံး ကျပ် ၁၈ သိန်း ရှိဖို့လိုတယ်” ဟု ပြောသည်။
ဗီဇာလျှောက်ထားသူတိုင်းသည် ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားချိန်၌ အမေရိကန်ဒေါ်လာ ၆၀၀ ကို ဗီဇာဌာန အားပြရကြောင်းလည်း သိရသည်။
မကြာခင်က ထိုင်းနိုင်ငံသို့ရောက်လာသည့် မြန်မာပြည်သားတဦးကလည်း ရန်ကုန်ရှိ ထိုင်းသံရုံးက ဗီဇာလျှောက်လွှာများကို ယခင်ကထက်ပို၍ စိစစ်လျက်ရှိပြီး စာရွက်စာတမ်းတုများဖြင့် ဗီဇာလျှောက်ထားသည်ကိုတွေ့ရှိပါက ထိုသူ၏ ဗီဇာလျှောက် ထားခွင့်ကို လအတန်ကြာ ဆိုင်းငံ့ခံရမည်ဟု ပြောသည်။
“နာဂစ်မုန်တိုင်းပြီးကတည်းက ထိုင်းသံရုံးမှာဗီဇာလျှောက်တဲ့သူ တဖြည်းဖြည်းနည်းလာတာတွေ့ရတယ်။ ကျမ သွားလျှောက် တုန်းကဆို သံရုံးကိုဗီဇာလာလျှောက်တဲ့လူ ၂ ယောက် တွေ့ခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။
ထိုင်းဗီဇာများရရှိရန် ခက်ခဲလာခြင်းသည် ထိုင်းနိုင်ငံခြားရေးဌာန၏ မူဝါဒအပြောင်းအလဲ (သို့မဟုတ်) သံရုံးအာဏာပိုင်တို့၏ ဆုံးဖြတ်ချက်တို့ကြောင့်ဖြစ်နိုင်ပြီး ရှင်းလင်းစွာမသိရကြောင်း ရန်ကုန်ရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၏ ပထမအတွင်းဝန်ကမူ ထိုင်းဗီဇာလျှောက်ထားသည့် အစီအစဉ်များ အပြောင်းအလဲ မရှိကြောင်း ဧရာဝတီကို ပြောသည်။
“နာဂစ် ပြီးတဲ့နောက်ပိုင်းမှာလည်း ဗီဇာလျှောက်တဲ့အစီအစဉ်တွေ မပြောင်းလဲပါဘူး။ အရင်က မလျှောက်ဘူးတဲ့သူတွေ ဗီဇာလာလျှောက်ရင် ငွေကြေးပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားတွေကို အရင်ပြရမှာပါ။ ဒီအတိုင်းလုပ်ခဲ့တာလည်း နှစ်အနည်းငယ် ကြာခဲ့ပါပြီ” ဟု ပထမအတွင်းဝန်က ပြောသည်။
မြန်မာ့အရေး လေ့လာသူများကမူ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း နိုင်ငံ၏စီးပွားရေးအခြေအနေ ပိုမိုဆိုးယုတ်လာ သဖြင့် မြန်မာပြည်သားအမြောက်အများ ရွှေ့ပြောင်းအခြေချမည်ကို ထိုင်းအစိုးရအနေနှင့် စိုးရိမ်မှုများရှိနိုင်သည်ဟု သုံးသပ် ကြသည်။
လွန်ခဲ့သည့်အပတ်ကထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာတစောင်တွင် ယခုနှစ် ပထမ ၆ လအတွင်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက် ချစ်ကြည်ရေးတံတားမှ မြန်မာနိုင်ငံသား ၂၉၈၈၄၇ ဦး တရားဝင် ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီး ၈၆၅၁၇ ဦးသာ မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အနည်းဆုံး တသန်းရှိသည်ဟုလည်း အဆိုပါ သတင်းစာက ဆိုသည်။
Posted by
54freedom
at
7:33 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Tuesday, July 15, 2008
မြန်မာအမျိုးသမီးသံတမန်တဦးကို ဗြိတိသျှအစိုးရက ဗီဇာဆိုင်းငံ့ထား
NEJ/ ၁၅ ဇူလိုင် ၂၀၀၈
လန်ဒန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်ရမည့် မြန်မာအမျိုးသမီး သံတမန်တဦးကို ဗြိတိသျှအစိုးရက ဗီဇာထုတ်မပေးဘဲ ဆိုင်းငံ့ထားသည်။
အဆိုပါ မြန်မာအမျိုးသမီး သံတမန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမက် ဗိုလ်မှူးဇော်ဖြိုးဝင်း၏ ညီမဖြစ်ပြီး မကြာခင်က လန်ဒန်မြန်မာ သံရုံးမှ ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ဒေါ်နွယ်နီနေရာ၌ တာဝန်ထမ်းဆောင်မည့်သူ ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။ မည်သည့်အတွက် ဗြိတိသျှအစိုးရက ဗီဇာထုတ်မပေးဘဲ ဆိုင်းငံ့ထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
၁၉၉၀ ခုနှစ်များ အစောပိုင်းကစပြီး ရန်ကုန်ဗြိတိသျှသံရုံးမှ စစ်သံမှူးကို ဗြိတိသျှအစိုးရက ပြန်ခေါ်ခဲ့သကဲ့သို့ လန်ဒန်မြန်မာသံရုံးမှ မြန်မာစစ်သံမှူးကိုလည်း စစ်အစိုးရမှ ပြန်ခေါ်ရန် ဗြိတိသျှအစိုးရက ပြောခဲ့သည်ဟု အနောက်တိုင်း သံတမန်တဦးက ခေတ်ပြိုင်ကို ပြောသည်။ ။
Posted by
54freedom
at
11:54 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ဒုက္ခသည်များအပေါ် စောင့်ရှောက်ရေးညံ့သည့်နိုင်ငံစာရင်းတွင် ထိုင်းနိုင်ငံပါဝင်
ကိုဝိုင်း/ ၁၅ ဇူလိုင် ၂၀၀၈
ထိုင်းနိုင်ငံက နိုင်ငံအတွင်းရှိ ဒုက္ခသည်များကို စခန်းများအတွင်း နှစ်ပေါင်းများစွာ ကန့်သတ် ထိန်းသိမ်းထားခြင်းနှင့် အချို့ကို အန္တရာယ်ရှိနိုင်သော နေရပ်ရင်းသို့ အဓမ္မပြန်ပို့ခြင်းတို့ကြောင့် ဒုက္ခသည်များအတွက် အဆိုးရွားဆုံးနေရာ (၁၀) ခုစာရင်းအတွင်း ထိုင်းနိုင်ငံအား ထည့်သွင်း ကြောင်း အစီရင်ခံစာတရပ်တွင် ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန်နိုင်ငံ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာကော်မတီ (USCRI) ၏ ယခင်လ ထုတ်ပြန်ချက်၌ ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ ဒုက္ခသည်စခန်း (၉) ခုမှ မြန်မာဒုက္ခသည် (၁) သိန်းကျော်ကို စခန်းများအတွင်း၌ ထိန်းချုပ်ထားပြီး အလုပ်လုပ်ခွင့် မပြုကြောင်း ယင်းအစီရင်ခံစာ၌ ဝေဖန်ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည် ကော်မတီ (ကေအာစီ) အတွင်းရေးမှူး (၁) ဖြစ်သူ ဆရာဂျော့အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ မြန်မာဒုက္ခသည်များအနေဖြင့် စခန်းပြင်ပ၌ တရားဝင် အလုပ်ထွက် လုပ်နိုင်ရေးအတွက် ထိုင်းအစိုးရ၊ ယူအန်အိတ်ခ်ျစီအာ၊ အိုင်အယ်လ်အို၊ ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ အပါအ၀င် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ အချက်အလက် ရှာဖွေစုံစမ်းမှုများကို ၂၀၀၇ ခုအတွင်း၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အောင်မြင်မှု မရှိသေးကြောင်း ပြောသည်။
ဆရာဂျော့က “လောလောဆယ်ကတော့ အလုပ်လုပ်ခွင့် မရှိဘူး။ အခက်အခဲတွေ အမျိုးမျိုးရှိတယ် လေ။ လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေး၊ မှုခင်းတို့၊ မူးယစ်ဆေးဝါးတို့ သူတို့လည်း အများကြီး စဉ်းစားရ တယ်လေနော်။ လာညှိနှိုင်းသွားတာကတော့ စက်ရုံ အလုပ်ရုံတွေဖွင့်မယ်။ စခန်းနဲ့ နီးတဲ့နေရာတွေ ဘာတွေမှာ လာကြည့်သွားတာပဲ။ ထိုင်းဘက်က စက်ရုံပိုင်ရှင်ကြီးတွေ၊ သူဌေးကြီးတွေလည်း လာကြတာပဲ။ အောင်မြင်မှုတော့ မရှိသေးဘူးလေ” ဟု ပြောသည်။
ထို့ပြင် အဆိုပါ စခန်း (၉) ခုမှ ဒုက္ခသည်များအနေဖြင့် စခန်းအတွင်း၌ နှစ်ပေါင်းကြာမြင့်စွာ နေရ သဖြင့် ငြီးငွေ့လာခြင်း၊ အကူအညီ အထောက်အပံ့များအပေါ်သာ မှီခိုနေရခြင်းတို့ကြောင့် အပြင် ထွက်၍ ၎င်းတို့နှင့် ကိုက်ညီမည့် အလုပ်များကို လုပ်လိုစိတ်များ ရှိနေကြခြင်း ဖြစ်သည်ဟုလည်း ဆက်ပြောသည်။
ဆရာဂျော့က “လူတိုင်းကတော့ ထွက်ပြီး အလုပ်လုပ်ချင်ကြတာပဲလေ။ အလုပ်ကြမ်းဆိုလည်း အလုပ်ကြမ်းပေါ့။ စက်ရုံဆိုလည်း လုပ်နိုင်တဲ့လူ ရှိသလို၊ စိုက်ပျိုးရေးမှာ လုပ်နိုင်တဲ့လူ ရှိမှာပေါ့လေ။ ဒါပေမယ့် ဘယ်လို အကောင်အထည် ဖော်နိုင်မလဲ၊ အခက်အခဲ ဘယ်လောက်ရှိမယ်ဆိုတာတော့ ဘယ်သိမလဲ၊ ထိုင်းအစိုးရရဲ့ ပူးပေါင်းပါဝင် ခွင့်ပြုမှု ဘယ်အတိုင်းအတာအထိ ရှိမလဲ ဆိုတာလည်း မသိဘူးပေါ့နော်” ဟု ပြောသည်။
ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ၁၉၅၁ ခု ကုလသမဂ္ဂ သဘောတူညီချက်အား လက်မှတ်ထိုးထား ခြင်းမရှိသော်လည်း လူသားချင်းစာနာမှုဖြင့် မြန်မာဒုက္ခသည်များကို ယခုကဲ့သို့ လက်ခံထားခြင်း သာ ဖြစ်ကြောင်း ထိုင်းနိုင်ငံက အစဉ်အမြဲ ထုတ်ဖော်လေ့ရှိသည်။
ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှာ ချင်းမိုင်ခရိုင်အတွင်း (၁) ခု၊ မယ်ဟောင်ဆောင်ခရိုင်အတွင်း (၄) ခု၊ တာ့ခ်ခရိုင်အတွင်း (၃) ခု၊ ကန်ချနဘူရီနှင့် ရတ်ခ်ျဘူရီတို့တွင် (၁) ခုစီတို့ ဖြစ်ကြပြီး လူဦး ရေ (၁၃၉,၇၆၈) ဦးရှိကြောင်း တီဘီဘီစီခေါ် ဒုက္ခသည်များကို ကူညီနေသည့် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေးအဖွဲ့၏ ယခင်လ စာရင်း၌ ဖော်ပြသည်။ ။
Posted by
54freedom
at
11:42 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Sunday, July 13, 2008
ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံရသည့် တရားမ၀င် အလုပ်သမားပေါင်း (၄) သောင်းခွဲရှိပြီ
ပီတာအောင်/ ၁၁ ဇူလိုင် ၂၀၀၈
ထိုင်းနိုင်ငံ၌ တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ်သမား ပေါင်း (၄၅,၀၀၀) ကို (၈) လအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာန ကြေညာချက်ကို ကိုးကား၍ ယခုသီတင်းပတ်ထုတ် ချင်းမိုင်မေးလ်သတင်းစာ၌ ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုပမာဏသည် ယမန်နှစ် အောက်တိုဘာ (၁) ရက်မှ ၂၀၀၈ မေ (၃၁) ရက်အတွင်း ဖမ်းဆီး ရမိခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများအနက် အများစုမှာ မြန်မာအလုပ်သမားများဖြစ်သည်။ ကျန်လူ နည်းစုမှာ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားများဖြစ်သည်။ ထိုင်းနိုင်ငံရှိ ကုမ္ပဏီလုပ်ငန်းပေါင်း (၂၆, ၇၆၄) ခုတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားမ၀င်အလုပ်သမားပေါင်း (၁၂၆,၀၀၀) ဦး အလုပ်လုပ်ကိုင်နေသည်ဟု ထိုင်းအလုပ်အကိုင် ရှာဖွေရေးဌာနက ခန့်မှန်းထားပြီး နိုင်ငံခြားသား အလုပ်အကိုင် ခန့်ထားမှုဥပဒေကို ချိုးဖောက်သည့် အလုပ်ရှင် အမှုပေါင်း (၇၈၄) မှု ရှိသည်ဟု သိရသည်။ပြီးခဲ့သည့် ဇွန် (၁၅) ရက်၌ အသစ်ပြောင်းလိုက်သည့် ထိုင်းဥပဒေအရ တရားမ၀င် အလုပ်သမား ခန့်သည့်အလုပ်ရှင်ကို ထိရောက်သည့် အရေးယူမှု မတွေ့ရဘဲ အလုပ်သမားကိုသာ (၅) နှစ်ထက် မပိုသည့် ပြစ်ဒဏ် သို့မဟုတ် ဘတ်ငွေ (၂,၀၀၀) မှ (၁) သိန်းထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား သည်ဟု ထိုင်းနိုင်ငံ ဖန်ငအခြေစိုက် အလုပ်သမားအခွင့်အရေး ကာကွယ်ဆောင်ရွက်သည့် အခြေခံ လူထုလူ့အခွင့်အရေး ပညာပေးဌာန ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။၎င်းက “ဥပဒေရှိတာတောင်မှပဲ တရားဝင် အဖမ်းခံရတဲ့ အလုပ်ရှင်ဆိုတာ ကျနော်တို့ တခါမှ မကြား ဖူးဘူး။ အခုထပ်ပြီးတော့ အတည်ပြုလိုက်တဲ့ ဥပဒေက အလုပ်ရှင်တွေကို ပိုပြီးတော့ မတရား လုပ်ခွင့် ပေးလိုက်သလို ခံစားရတယ်။ အလုပ်ရှင်ရဲ့အခွင့်အရေးက အများကြီးရှိပြီး အလုပ်သမား တွေက အခွင့်အရေးမရှိဘူး။ ဒါကြောင့်မို့လို့ ဥပဒေသစ်က အလုပ်ရှင်နဲ့ အစိုးရအတွက်ပဲ အကျိုး ရှိပြီး အလုပ်သမားတွေအတွက် အကျိုးမရှိဘူးလို့ မြင်တယ်” ဟု ပြောသည်။ယခင် ဥပဒေဟောင်း၌ တရားမ၀င် အလုပ်သမားခန့်ထားသည့် အလုပ်ရှင်သည် ထောင်ဒဏ် (၃) နှစ်နှင့် ငွေဒဏ် (၆၀,၀၀၀) ကျခံရနိုင်ပြီး တရားမ၀င် အလုပ်သမားသည် (၃) နှစ်ထက် မကျော်သည့် ပြစ်ဒဏ်နှင့် ငွေဒဏ် ဘတ် (၅,၀၀၀) ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။ဥပဒေ၌ မည်သို့ပင် ပြဋ္ဌာန်းထားစေကာမှု လက်တွေ့အခြေအနေတွင် ဖမ်းဆီးခံရသည့် တရားမ၀င် အလုပ်သမားများကို ရဲအချုပ်ဖြင့် ထားရှိပြီး ဒဏ်ငွေဆောင်နိုင်ပါက ဘတ်ငွေ (၈) ထောင်ခန့် ပေးရကြောင်း၊ ဒဏ်ငွေ မဆောင်နိုင်ပါက လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်တွင် (၄၅) ရက်ခန့် အချုပ်ကျခံရပြီး နယ်စပ်သို့ ပြန်ပို့ခံရလေ့ရှိသည်ဟု ဘန်ကောက်မြို့ရှိ ကရင်အလုပ်သမားသမဂ္ဂ တာဝန်ခံ စောသန်းဇော်က ပြောသည်။ ပြီးခဲ့သည့် မတ်လအထိ ထိုင်းနိုင်ငံ၌ အလုပ်သမား (၆၂၁, ၄၃၇) တရားဝင် မှတ်ပုံတင်ထားပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားပေါင်း (၇) သိန်းခန့် ရှိသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားသည်။
Posted by
54freedom
at
7:45 AM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Saturday, July 12, 2008
မေဒေးအဖမ်းခံရသူများ အယူခံပယ်ချမှု ILO ရှုတ်ချ
11 July 2008
၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့ နိုင်ငံတကာ အလုပ်သမားနေ့မှာ အလုပ်သမား အခွင့်အရေးအကြောင်း ဟောပြောပွဲကို သွားတက်ခဲ့ရာက ဖမ်းဆီး အပြစ်ပေးခံထားရသူ ၆ ယောက်ရဲ့ အယူခံမှုကို မြန်မာဗဟိုတရာရုံးချုပ်က ပယ်ချလိုက်တဲ့ အပေါ် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ အခု ဖမ်းဆီး အပြစ်ပေးခံထားရသူ ၆ ယောက်ဟာ အမေရိကန် စင်တာမှာကျင်းပတဲ့ အလုပ်သမားနေ့အခမ်းအနားကို သွားတက်ခဲ့ရာ အခုလို ဖမ်းဆီး အပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီ အယူခံမှုရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အခု အဖမ်းခံထားရတဲ့ ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊ ကိုမျိုးမင်း၊ ကိုညီညီဇော်နဲ့ ကိုကျော်ကျော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့က အမေရိကန်စင်တာမှာ ကျင်းပတဲ့ နိုင်ငံတကာ အလုပ်သမားနေ့ အခမ်းအနားကို သွားတက်ရာက အဖမ်းခံခဲ့ကြရတာပါ။
ဒီအထဲက ကိုညီညီဇော် နဲ့ ကိုကျော်ကျော်တို့ ၂ ယောက်ကို ထောင်ဒါဏ် အနှစ် ၂၀ စီနဲ့ ကျန် ၄ ယောက်ကိုတော့ ၂၈ နှစ်စီ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ထဲမှာပဲ ပြစ်ဒဏ်ပေးတာပါ။
အခုလို သူတို့ရဲ့ အယူခံလွှာကို ဗဟိုတရားရုံးချုပ်က ပယ်ချလိုက်တဲ့အပေါ် ILO နိုင်ငံတကာ အလုပ်အသမား အဖွဲ့ချုပ်အနေနဲ့ စိတ်ပျက်မိကြောင်း ILO အမှုဆောင် ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ ကရီ တာပီယိုးလာ (Kari Tapiola) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"သူတို့ရဲ့ အယူခံလွှာကို ပယ်ချလိုက်တဲ့အပေါ် စိတ်ပျက်မိပါတယ်။ အစိုးရအနေနဲ့ သူတို့အမှုကို အသေအချာ ပြန်လည် ဆန်းစစ်ပြီး လွှတ်ပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် ဒီကိစ္စက ဒီမှာတင် ဆုံးမှာ မဟုတ်ပါဘူး၊ ကျနော်တို့က ဒီအမှုကို အမြဲတမ်း စောင့်ကြည့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ "
အခု အယူခံလွှာ ပယ်ချခံလိုက်ရသူ ၆ ယောက်နဲ့ တခြား အဖမ်းခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ILO အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း မစ္စတာ တာပီယိုးလားက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ဖြစ်ပေါ်ရင် လုပ်အားပေးခိုင်းစေခံရသူ ကိုယ်၌ပဲဖြစ်ဖြစ်၊ ဒါကို ကိုယ်တိုင် ကြုံတွေ့ရသူကပဲဖြစ်ဖြစ် ILO ထံမှာ လာရောက် တိုင်ကြားခွင့်ပြုဖို့ စစ်အစိုးရနဲ့ ILO အကြား ရရှိထားတဲ့ သဘောတူညီချက် ဆက်လက် အကျုံးဝင်နေပြီး နောက်ထပ် တိုင်ကြားမှုတွေ ရှိတယ်လို့လည်း မစ္စတာ တာပီယိုးလားက ပြောပါတယ်။
အခု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက်တွေကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ILO အလုပ်အမှုဆောင် အစည်းဝေးကျရင် တင်ပြပြီးတာနဲ့ ထုတ်ပြန်သွားမယ်လို့ မစ္စတာ တာပီယိုးလားက ပြောသွားပါတယ်။
Posted by
54freedom
at
11:18 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Thursday, July 10, 2008
မြန်မာမုန်တိုင်းဒုက္ခသည်များအတွက် ဗြိတိသျှအစိုးရ ထပ်မံလှူဒါန်း
DFID/ ၁၀ ဇူလိုင် ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ဗြိတိသျှအစိုးရက ပေါင်စတာလင် (၁၇) သန်းခွဲ ထပ်မံကူညီမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID) ၀န်ကြီး ဒေါက်ကလပ်စ် အလက်ဇန်းဒါး ယမန်နေ့က ကြေညာလိုက်သည့်အတွက် ဗြိတိသျှအစိုးရက နာဂစ်ဒုက္ခသည်များအတွက် ပေးအပ်ငွေ ပေါင်စတာလင် (၄၅) သန်း ရှိသွားမည်ဖြစ်ပြီး အလှူရှင် နိုင်ငံများထဲ၌ အများဆုံးကူညီသည့် နိုင်ငံဖြစ်လာသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုကြေညာချက်သည် ကုလသမဂ္ဂက နာဂစ်ဒုက္ခသည်များအတွက် အကူညီ ထပ်မံတောင်းခံမှု တရပ်အား အမေရိကန်နိုင်ငံ နယူးယော့ခ်တွင် ယနေ့ ပြုလုပ်ရန်ရှိသည်ကို ကြိုတင်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ဒေါက်ကလပ်စ် အလက်ဇန်းဒါးက ပြောသည်။
ဒေါက်ကလပ်စ် အလက်ဇန်းဒါးက “အကူအညီပေးနေတဲ့ အဖွဲ့များအနေနဲ့ ရန်ပုံငွေ ပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။ ကျနော်တို့ အခုပေးမယ့် ပေါင်စတာလင် (၁၇) သန်းခွဲကြောင့် အကူအညီ
ဖြန့်ဝေရေး လမ်းကြောင်းတွေ ကောင်းမွန်လာပြီး နေစရာ၊ စားစရာ၊ ရေ၊ သန့်ရှင်းရေး၊ ကျန်းမာ ရေး၊ ကာကွယ်ရေး စတဲ့ကိစ္စတွေမှာ ပိုမိုလုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့အပြင် ကူညီရေးအတွက် ၀င်ရောက်လုပ်ကိုင်နိုင်ခွင့် အခြေအနေများ တိုးတက်လာခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ပိုမိုဖြန့်ဝေလာနိုင်သည်ကိုလည်း တွေ့ရှိရကြောင်း၊ အကူအညီများ အလျင်အမြန် ထပ်မံမရောက်ပါက ဒုက္ခသည် (၃၀၀,၀၀၀) ဦးခန့်သည် ဆိုးရွားသော အခြေ အနေဖြင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။
ထပ်မံပေးအပ်မည့် အကူအညီငွေများကို ၀င်ငွေရရှိရေးလုပ်ငန်းများ လယ်ယာမဲ့ လယ်သမားများ၊ အလုပ်သမားများ၊ ငါးဖမ်းလုပ်သားများ အပါအ၀င် ပြန်လည်စတင်ရန် အရေးပေါ် လိုအပ်နေသူများ အတွက် ကနဦး ပြင်ဆင်ပြုစု ပျိုးထောင်ရေး၊ အလုပ်ရှာဖွေနေရာချထားရေး စသည့်လုပ်ငန်းများ အတွက် ဦးစားပေး အသုံးပြုသွားမည်ဖြစ်သည်။
DFID မှပေးအပ်ခဲ့သော အကူအညီများကို ပြည်တွင်း/ ပြည်ပ ကူညီရေးအဖွဲ့များအပါအ၀င် ဒုက္ခသည် (၁) သန်းကျော်အတွက် အသုံးပြုခဲ့ကြောင်း အဆိုပါ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ။
Posted by
54freedom
at
11:03 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
မြန်မာ့စားနပ်ရိက္ခာပြဿနာကြီးထွားနေဟု အာစီယံအတွင်းရေးမှူးချုပ် ပြောဆို
ရိုးမ ၃။ ဇူလိုင် ၉၊ ၂၀၀၈
နာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင်းရှိ ဆန်စပါးရှားပါမှုပြဿနာသည် အာစီယံနိုင်ငံနှင့် အခြားနိုင်ငံများသို့လည်း ရိုက်ခတ်နိုင်သည်ဟု အာစီယံအတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်ပစ်ဆူဝမ်က ယမန်နေ့က ပြောဆိုလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတကာအကူအညီများကို မြန်မာပြည်တွင်းရောက်ရှိစေရေး ကုလသမဂ္ဂနှင့် ပူးတွဲလုပ်ဆောင် နေသည့် အာစီယံဆိုင်ရာအဖွဲ့မှ အတွင်းရေးမှူးချုပ် မစ္စတာဆူဝမ်က ဖိလစ်ပိုင်နိုင်ငံမနီလာမြို့သို့ ရောက်ရှိစဉ် သတင်းထောက်များအား ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
သတင်းထောက်များနှင့်တွေ့ဆုံစဉ် မစ္စတာစူဝမ်က မြန်မာနိုင်ငံဆန်စပါးရှားပါးနေသည့် အချိန် တွင် အာစီယံနိုင်ငံများအနေဖြင့် ဆန်တင်ပို့ပေးနေခြင်းသည် အာစီယံ၏ စည်းလုံးညီညွှတ်မှုကို ပြသလိုက်ခြင်းဖြစ်သည်ဟု မှတ်ချက်ချပြောဆိုခဲ့သည်။
ဆက်လက်၍ သူက “ဒေသဆိုင်ရာတွင်း ဆန်စပါးလက်ကျန်ပြည့်ပြည့်ဝဝရှိနေစေမှုကို ဂရုစိုက်ရ မှာဖြစ်ပြီး လိုအပ်တဲ့အချိန်မှာလည်း ကမ္ဘာ့အခြားနိုင်ငံများက မျှဝေပေးရမှာဖြစ်ပါတယ်။ ဒီကြောက်မက်ဖွယ်ဘေးဆိုးကြီးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ဆန်ဈေးကလည်း ကျသွားမှာပါ” ဟု မစ္စတာဆူဝမ်က သတင်းထောက်များကို ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း လူသားချင်ညှာတာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများအား ဆက်လက် လုပ်ကိုင်ရန် အစည်းအဝေးတရပ်ကို လာမည့်အပတ်တွင် စင်္ကာပူနိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ထား ကြောင်းလည်း ၎င်းကဆက်လက်ပြောဆိုသည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်နယ်နှင့်တိုင်း (၄) ခုတွင် စိုက်ဧက (၆၀) ရာခိုင်နှုန်းခန့် ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ပြီးခဲ့သည့်လ အလယ်ပိုင်းက အမေရိကန်ပြည်ထောင်စု လယ်ယာနှင့် စိုက်ပျိုး ရေးဝန်ကြီးဌာန အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (FAO) က မြစ်ဝ ကျွန်းပေါ်ဒေသတခုတည်းတွင် စိုက်ပျိုးမြေဧက ဟက်တာ (၁.၃) သန်းရှိရာ (၁၆) ရာခိုင်နှုန်းခန့် မှာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးသွားသည့်အတွက် ယခုနှစ် စိုက်ပျိုးနိုင်မည်မဟုတ်ဟု ထုတ် ဖော်ပြောဆိုထားသည်။
လေ့လာသူအများစုကမူ မြန်မာနိုင်ငံတွင် ဆန်ရှားပါးမှုပြဿနာနှင့် မကြာမီကြုံတွေ့ရမည်ဟု ခန့်မှန်းပြောဆိုနေကြသော်လည်း မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်သည့်လယ်မြေဧကမှာ တပြည် လုံးစိုက်ဧက၏ (၁) ရာခိုင်နှုန်းပင်မပြည့်ကြောင်းနှင့် ဆန်စပါးမလုံလောက်ကြောင်း ပြောဆိုနေမှု များသည် အခြေအမြစ်မရှိသော ကောလဟာလများသာ ဖြစ်သည်ဟု စစ်အစိုးရက ပြောဆို သည်။
လက်တွေ့တွင်မှု မုန်တိုင်းသင့်ဒေသမှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူအများစုအနေဖြင့် မျိုးစပါး၊ စက်သုံးဆီမရရှိမှုနှင့် စိုက်ပျိုးရာသီအမှီ စပါးပြန်လည်စိုက်ပျိုးရန်အတွက် အခက်အခဲများစွာဖြင့် ကြုံတွေ့နေရပြီး ၎င်းတို့ထံသို့ ပေးပို့သည့်နိုင်ငံတကာမှ ဆန်နှင့်အထောက်အပံ့ပစ္စည်းများကို စစ်အစိုးရလက်အောက်ခံအဖွဲ့များမှ နည်းမျိုးစုံဖြင့် အကျင့်ပျက်ရောင်းချနေမှုကြောင့် လက်ရှိ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။
Posted by
54freedom
at
12:37 AM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Wednesday, July 9, 2008
ထိုင်းစစ်ဦးစီးအရာရှိချုပ် ထိုင်း-မြန်မာနယ်စပ် စစ်ဆေး
NEJ/ ၉ ဇူလိုင် ၂၀၀၈
နယ်စပ်မူးယစ်ဆေးဝါးပြဿနာ၊ ဒုက္ခသည်စခန်းဆိုင်ရာ ကိစ္စနှင့် နိုင်ငံခြားသား အလုပ်သမားများ ခိုးဝင်သည့် ကိစ္စများအား တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ထိုင်းစစ်ဦးစီး အရာရှိချုပ်နှင့်အဖွဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြိုနှင့် မယ်လဒုက္ခသည်စခန်းသို့ လာရောက် ခဲ့သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းနိုင်ငံ နိုင်ငံတော်ပြည်တွင်းလုံခြုံရေးဌာနအတွင်းရေးမှူး ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မွန်တရီချွန်ဖူကျန်နှင့်အဖွဲ့သည် ယနေ့နံနက်က မဲဆောက်မြို့သို့ ရောက်ရှိလာပြီး ဒေသခံအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
ယနေ့နံနက်ပိုင်းက မဲဆောက်အခြေစိုက် အမှတ် (၁၇) ဒေသဆိုင်ရာကွပ်ကဲရေးတပ် စည်းဝေး
ခန်းမတွင် အဆိုပါကိစ္စများကို တံခါးပိတ်အစည်းအဝေး ကျင်းပအပြီးတွင် ဗိုလ်ချုပ်ကြီးမွန်တရီ ချွန်ဖူကျန်က “ဒီကိစ္စသုံးခုအတွက် ဒေသခံတာဝန်ရှိ သူတွေနဲ့ လာရောက်တွေ့ဆုံ ညှိနှိုင်း ဆွေးနွေး တာဖြစ်တယ်။ နိုင်ငံခြားသားအလုပ်သမား ခိုးဝင်တဲ့ကိစ္စ၊ မူးယစ်ဆေးဝါး နယ်စပ်ကနေ ဝင်ရောက်
တဲ့ကိစ္စတွေ ဆက်လက်မဖြစ်ပွားရအောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားဖို့အတွက် လာရောက်ဆွေးနွေးတာဖြစ်တယ်” ဟု ဒေသခံ သတင်းထောက်များအား ပြောကြားသည်။
သို့ရာတွင် ဗိုလ်ချုပ်ကြီးမွန်တရီ ချွန်ဖူကျန်က ဒေသခံ သတင်းထောက်များ၏ မေးမြန်းချက်များကို အသေးစိတ် ဖြေကြားရန် ငြင်းဆိုခဲ့ပြီး ထိုင်းသတင်းထောက်တဦးက တတိယနိုင်ငံသို့ ဒုက္ခသည် များ ထွက်ခွာလျက်ရှိပြီး တတိယနိုင်ငံသို့ မထွက်ခွာလိုဘဲ ကျန်ရှိသူများအတွက် မည်သည့်အစီ အစဉ်များ ရှိပါသနည်းဟု မေးမြန်းရာ ဗိုလ်ချုပ်ကြီးက "ဒုက္ခသည်နဲ့ ပတ်သက်တဲ့ကိစ္စကို ထိုင်း အစိုးရက ကိုင်တွယ်ဖြေရှင်းသွားမှာ ဖြစ်တယ်" ဟုသာ ဖြေကြားသည်။
ဗိုလ်ချုပ်ကြီး မွန်တရီနှင့်အဖွဲ့ဝင်များသည် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားသို့ သွားရောက် ကာ နယ်စပ်ကုန်သွယ်ရေး အခြေအနေများအား ကြည့်ရှုပြီး မွန်းလွဲ (၂) နာရီခွဲတွင် ရဟတ်ယာဉ် ဖြင့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ပြီး စခန်း အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့်တွေ့ဆုံကာ စခန်းအတွင်း အခြေအနေများကို စစ်ဆေးခဲ့သည်။
မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောသာကဲက “အဲဒီလူကြီးအဖွဲ့ စခန်းကို လာသွားတယ်။ ကျနော်တို့ စခန်းကော်မတီ တာဝန်ရှိသူတွေနဲ့ မတွေ့ဘူး။ ထိုင်းစခန်းအုပ်ချုပ်ရေးမှူး နိုင်အခရပ်ဖန်းနဲ့ အဖွဲ့ကို တွေ့ပြီး ဆွေးနွေးကြတယ်၊ နောက်ပြီး စခန်းလုံခြုံရေး ယူထားတဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ တွေ့တယ်၊ ဘာတွေ ဆွေးနွေးလဲတော့ ကျနော်တို့လည်း မသိဘူး။ အခုကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးမယ် ဆိုရင်တော့ စခန်းအုပ်ချုပ်ရေးမှူးက ကျနော်တို့ စခန်းကော်မတီကို ခေါ်ပြီး အခြေအနေကို ရှင်းပြမှာဖြစ်တယ်။ လောလောဆယ်တော့ ဘာမှမသိရသေးဘူး” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါအဖွဲ့တွင် ဗိုလ်ချုပ်ကြီးနှင့်အတူ အမှတ် (၃) စစ်ဒေသ ဒုတိယတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ထနုံဆတ်အဖိရတ်ယိုထင်၊ မဲဆောက်အခြေစိုက် အမှတ် (၁၇) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒုံရင့် ဖိုင်းဘွန်းစို့နှင့် တာ့က်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး၊ ရဲနှင့် ထိုင်းလဝကအဖွဲ့ တာဝန်ရှိသူများ ပါရှိသည်။ ။
Posted by
54freedom
at
11:20 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
မြန်မာ့ရိက္ခာအခက်အခဲကြောင့် အာဆီယံ ပိုမိုအားကောင်းလာဟုအာဆီယံအကြီးအကဲ ပြောကြား
Bangkok Post/ IRIN ၉ ဇူလိုင် ၂၀၀၈
မြန်မာနိုင်ငံတွင် မုန်တိုင်းသင့်ပြီးနောက် ဆန်အခက်အခဲပါ ကြုံခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံ တော်တော်များများပါ ထိခိုက်ခဲ့ပြီးနောက် အာဆီယံအဖွဲ့အစည်း၏ အင်အားတောင့်တင်းမှုမှာ ပိုမိုထင်ရှားလာရသည်ဟု အာဆီယံ အကြီးတန်း အရာရှိတယောက်က ယမန်နေ့၌ ပြောကြား ခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆိုင်ကလုန်းမုန်တိုင်းသင့် ဒုက္ခသည်များကို အရေးပေါ် အကူအညီပေးရာတွင် နိုင်ငံတကာ လူသား ချင်း စာနာထောက်ထားမှု ကြိုးပမ်းချက်ကို အာဆီယံ (၁၀) နိုင်ငံမှ ဦးဆောင်နိုင်ခဲ့သောကြောင့် အာဆီယံအုပ်စုတွင် စည်းလုံးမှုနှင့် ယုံကြည်မှု စိတ်ဓာတ်ပြရာ ရောက်သည်ဟု အာဆီယံ အထွေ ထွေအတွင်းရေးမှူးချုပ် ဆူရင် ပစ်စ၀မ်က မနီလာမြို့ကို အလည်အပတ်ရောက်သည့် ခရီးစဉ် အတွင်း သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဆီယံပါဝင်သည့် TCG သုံးပွင့်ဆိုင် ဗဟိုအဖွဲ့သည် ဧရာဝတီတိုင်းအတွင်း မုန်တိုင်းလွန်ကာလ အပျက်အစီးကို မကြာခင်က ကွင်းဆင်းလေ့လာခဲ့သည် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့တွင် အဖွဲ့ဝင် (၃၀၀) ကျော်ပါရှိပြီး ကုလသဂ္ဂ၊ အန်ဂျီအိုများ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ အာဆီယံတို့မှ ပြည်တွင်းပြည်ပ ၀န်ထမ်းများ၊ လူမှုဝန်ထမ်းများနှင့် ပြည်တွင်း စေတနာ့ဝန်ထမ်းများ ပါဝင်သည်။
မုန်တိုင်းလွန်ကာလ အပျက်အစီး လေ့လာရေးအဖွဲ့၏ အဆိုအရ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မိသားစုဝင် (၄၆) ရာခိုင်နှုန်းအတွက် ရိက္ခာမှာ (၂) ရက်စာမျှသာ ကျန်တော့သည်ဟု သိရသည်။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (၁၀) ရက်ကြာ ကွင်းဆင်းလေ့လာပြီး အချက်အလက်များ စုဆောင်း အကဲ ဖြတ်ရာတွင် ကျေးရွာအုပ်စုလိုက် ကွင်းဆင်းလေ့လာရေးအဖွဲ့မှ မန်နေဂျာဖြစ်သူ ရစ်ချတ် ဘလူး
ဝစ်က မုန်တိုင်းသင့် ဒုက္ခသည်များမှာ မရေမရာ နေထိုင်နေကြရသည်ကို တွေ့ရှိရသည်ဟု ပြောသည်။
“မုန်တိုင်းသင့်တဲ့ဒဏ် အခံရဆုံး မြို့နယ် (၃၀) မှာ အရေးပေါ် လိုအပ်ချက်တွေ၊ အဆောတလျင် ပြန်လည် ထူထောင်ရေးတွေ လိုအပ်နေတယ်” ဟု ဘလူးဝစ်က ပြောသည်။
မုန်တိုင်းတိုက်ပြီးကတည်းက မုန်တိုင်းသင့် ဒုက္ခသည်များ မည်သို့ နေထိုင် ရှင်သန်ကြသည်ကို အထူးလေ့လာသည့် ကျေးရွာအုပ်စုလိုက် ကွင်းဆင်း လေ့လာရေးအဖွဲ့၏ အပြီးသတ် အစီရင် ခံစာကို ဇူလိုင်လထဲတွင် တင်ပြရမည်ဖြစ်ပြီး ထိုအစီရင်ခံစာတွင် မုန်တိုင်းကြောင့် စီးပွားရေးအရ ဆုံးရှုံးမှု၊ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများ ပါဝင်မည်ဖြစ်သည်။
မုန်တိုင်းလွန်ကာလ ပူးတွဲကွင်းဆင်းလေ့လာရေးအဖွဲ့ (PONJA) ကလည်း နိုင်ငံတကာ ကယ်ဆယ် ရေးအေဂျင်စီများ၊ အလှူရှင် အစိုးရများကို မုန်တိုင်းကြောင့် ပျက်စီးမှုများ၊ လူသားချင်းစာနာ ထောက်ထားမှု ကယ်ဆယ်ရေးအားထုတ်မှုများကို ပွင့်ပွင့်လင်းလင်း ပြသနိုင်ရန် ရည်ရွယ်ထား သည်။
ကွင်းဆင်းလေ့လာရင်းတွေ့ရှိချက်များတွင် စားနပ်ရိက္ခာချို့တဲ့မှုကို တွေ့ရှိရပြီး အိမ်ထောင်စု (၆၀) ရာခိုင်နှုန်းမှာ သောက်ရေသန့် လောက်ငစွာသုံးစွဲနိုင်ခြင်းမရှိသကဲ့သို့ အိမ်ထောင်စု (၂၂) ရာခိုင်နှုန်းမှာ စိတ်ဖိစီးမှုဒဏ် ခံနေကြရသည်ဟု ဆိုသည်။ မုန်တိုင်းနှင့် ရေကြီးမှုဒဏ်ကြောင့်
မြစ်ဝကျွန်းပေါ်ဒေသရှိ အိုးအိမ် (၅၉) ရာခိုင်နှုန်းမှာ ပျက်စီးဆုံးရှုံးမှု ကြီးစွာခံခဲ့ရသည်ဟုလည်း ကွင်းဆင်း လေ့လာချက်များတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု လုပ်ဆောင်ချက်များလုပ်နေမှုနှင့် ပတ်သက် သည့် အကဲဖြတ်ချက်အစည်းအဝေးကို နောက်အပတ်ထဲတွင် စင်ကာပူ၌ ကျင်းပမည်ဟု ဆူရင်က ပြောသည်။
၎င်းက “နိုင်ငံတကာ အသိုင်းအ၀န်းက ထောက်ပံ့တဲ့ အနေအထားဟာ အလွန့်အလွန် အားတက် စရာဖြစ်ခဲ့ပြီး မုန်တိုင်းသင့် ဒုက္ခသည်တွေကိုသာမက တခြားအာဆီယံနိုင်ငံတွေမှာရှိတဲ့ ဆင်းရဲနွမ်း ပါးသူတွေကိုပါ ကူညီပေးနိုင်ပါလားဆိုတဲ့အထိ ကျနော်တို့ကို အားတက်စေခဲ့ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ အခက်အခဲနှင့် ဆန်အခက်အခဲသည် အာဆီယံအဖွဲ့၏ ကနဦး ဥပဒေအခြေခံသည့် ပဋိညာဉ်ကို အာဆီယံနိုင်ငံများ အတည်ပြုရေးတွင် တွန်းအားတရပ်အဖြစ် အထောက်အကူပြုခဲ့သည်ဟုလည်း ဆူရင်က ပြောသည်။
အာဆီယံပဋိညာဉ်ကို အဖွဲ့ဝင် (၆) နိုင်ငံမှ အတည်ပြုပြီးဖြစ်ပြီး ကျန်သည့် (၄) နိုင်ငံအနေဖြင့်
နိုဝင်ဘာတွင် ဘန်ကောက်၌ ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေး၌ အချိန်မီအတည်ပြု မည်ဟု မျှော်လင့်ကြောင်းလည်း ဆူရင်က ပြောသည်။
“အားလုံးတညီတညွတ်တည်း အပြည့်အ၀အတည်ပြုပွဲကို ဘန်ကောက်မှာ ကျင်းပနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။ ။
Posted by
54freedom
at
11:18 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ဂျီ ၈ ခေါင်းဆောင်များက ဒေါ်စုကို လွှတ်ပေးရန် တောင်းဆို
မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 09 2008 16:11 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ယခု ဂျပန်နိုင်ငံတွင် ကျင်းပနေသည့် စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး တက်ရောက်လျက် ရှိကြသော ခေါင်းဆောင်များက နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးပြီး ဒီမိုကရေစီစနစ်သို့ ရှေးရှုသည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတရပ် ပြုလုပ်ပါရန် မြန်မာစစ်အစိုးရကို အင်္ဂါနေ့က တောင်းဆိုလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ရုရှ နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်သော စက်မှု ၈ နိုင်ငံ အစည်းအဝေးက ကြေညာချက်တရပ် ထုတ်ပြန်ပြီး “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေး၍ တရားဝင်မှုရှိပြီး ဒီမိုကရေစီ နည်းကျသည့် အရပ်သား အစိုးရ တရပ်သို့ အသွင်ကူးပြောင်းရေးကို အားပေးပါရန်” မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ကြသည်။
နိုင်ငံတကာ၏ တောင်းဆို ဖိအားပေးမှုများကို မသိကျိုးကျွန်ပြု၍ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်းကို မေလအတွင်းက နောက်ထပ်သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ ကျော်ကြာမျှ သူမ၏ ရန်ကုန်မြို့ အင်းယားကန် နံဘေး နေအိမ်တွင် တဦးတည်း အကျယ်ချုပ် ကျခံနေခဲ့ရသည်။
ဂျီ ၈ ဟု အတိုကောက် ခေါ်ဝေါ်ကြသည့် စက်မှုထိပ်သီး ၈ နိုင်ငံ၏ ခေါင်းဆောင်များ ထုတ်ပြန်လိုက်သော ကြေညာချက်တွင် မြန်မာနိုင်ငံ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ကို မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ် ဖျက်ဆီးသွားခဲ့သောကြောင့် ကျန်ရစ်ခဲ့သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များထံ နိုင်ငံခြားသား အကူအညီပေးရေး လုပ်သားများ လွတ်လပ်စွာ သွားရောက်ကူညီ ခွင့်ပြုရန်လည်း တောင်းဆိုထားသည်။ ထိုမုန်တိုင်းကြောင့် လူပေါင်း ၁၃၈ဝဝဝ ကျော်သေဆုံး ပျောက်ဆုံးခဲ့ရသည်။
စက်မှုထိပ်သီး ၈ နိုင်ငံခေါင်းဆောင်များက “မိမိတို့သည် နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒုက္ခသည်များထံ အကူအညီများ အမှန်တကယ် ရောက်ရှိရေးအတွက် သံန္နိဌာန် ချမှတ်ထားကြောင်း၊ နိုင်ငံခြားသား အကူအညီပေးရေး လုပ်သားများအပေါ် ချမှတ်ထားသည့် ကျန်ရှိနေသေးသော အကန့်အသတ် အားလုံးကို ရုပ်သိမ်းပေးရန်လည်း မြန်မာ အာဏာပိုင်များကို တောင်းဆိုကြောင်း” အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။
သို့သော် မြန်မာနိုင်ငံ အစိုးရကမူ ဆိုင်ကလုံး ဒုက္ခသည်များကို လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ရန် နိုင်ငံခြားသား အကူအညီပေးရေး ကျွမ်းကျင်သူ ၁၅ဝဝ ကျော်ကို ဗီဇာများ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း အင်္ဂါနေ့က ထုတ်ဖေါ် ပြောဆိုသွားပါသည်။
ကုလသမဂ္ဂ လူသားချင်း စာနာသည့် အကူအညီပေးရေး ညှိနှိုင်းရေးရုံး (UNOCHA) ၏ အဆိုအရ ဇူလိုင်လ (၇) ရက်နေ့ အထိ ကုလသမဂ္ဂဝန်ထမ်း (၃၁၇) ဦးသာဗီဇာ ရရှိသေးကြောင်း၊ ဗီဇာလျှောက်ထားမှု ၁၃ ခုမှာ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရပါသည်။
“ယခုအခါ သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) သို့ တင်ပြလျှင် ဗီဇာ လျှောက်လွှာများကို ၂ ရက်၊ ၃ ရက်အတွင်း ထုတ်ပေးလျက် ရှိပါသည်။ ဗီဇာအများစုကို ကနဦး ရက်သတ္တ ၂ ပတ် ခွင့်ပြုချက်ဖြင့် တကြိမ်သာ ဝင်ရောက်ခွင့် ဗီဇာများအဖြစ် ထုတ်ပေးထားပါသည်” ဟု (UNOCHA) အဖွဲ့၏ အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော “အခြေအနေ သုံးသပ်ချက်” အစီရင်ခံစာတွင် ရေးသား ဖေါ်ပြထားပါသည်။
ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများသို့ သွားရောက်ခွင့်ကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသို့ တင်ပြ တောင်းခံရပြီး လျှောက်လွှာများ စိစစ်ခြင်းသည် ပျှမ်းမျှ ၄ ရက်မှ ၅ ရက်အထိ ကြာသည်ဟု သိရသည်။
Posted by
54freedom
at
10:20 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
စစ်အစိုးရလက်အောက် မြန်မာအမျိုးသမီးများ၏ဒုက္ခ ဗြိတိန်ပါလီမန်မှာ တင်ပြမည်
09 July 2008
မြန်မာစစ်အစိုးရလက်အောက်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ဘယ်လို ဒုက္ခခံစားနေကြရသလဲဆိုတာကို ရှေ့တပတ် အင်္ဂါနေ့ကျရင် ဗြိတိသျှပါလီမန်မှာ မြန်မာအမျိုးသမီး၃ ယောက်က တင်ပြဆွေးနွေးကြဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား မိသားစုတွေရဲ့ဘ၀၊ အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ အခြေအနေနဲ့ နယ်စွန်နယ်ဖျားတွေက အမျိုးသမီးတွေအပေါ် အစိုးရစစ်တပ်တွေက လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်ခံရတဲ့ကိစ္စတွေကို အမျိုးသမီးလေး ၃ ယောက်က မီးမောင်းထိုး ပြောပြကြမှာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံက အဖိနှိပ်ခံ အမျိုးသမီးတွေရဲ့ ဘ၀တွေကို နိုင်ငံတကာက ပိုပြီးအာရုံစိုက်
လာစေဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ့အရေးလှုပ်ရှားနေတဲ့ Burma Campaign UK ရဲ့ စီစဉ်
ပေးမှုနဲ့ ဗြိတိန်ရောက် မြန်မာအမျိုးသမီးများအဖွဲ့က အမျိုးသမီး ၃ ယောက်ကနေပြီး
ဗြိတိန်ပါလီမန်မှာ အမျိုးသမီးတွေရဲ့အရေးကို ဇူလိုင်လ ၁၅ ရက်နေ့မှာ တင်ပြကြမှာ
ဖြစ်ပါတယ်။ အမျိုးသမီး ၃ ယောက်က သီးခြားခေါင်းစဉ် အကြောင်းအရာတွေကို
ပြောပြကြမယ့်အထဲမှာ အမျိုးသမီးတွေ လူကုန်ကူးခံရတဲ့ကိစ္စနဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်ခံရတဲ့ကိစ္စတွေကို အဓိကထား ပြောပြမယ့် မယုဝါလှိုင်က ဘာကြောင့် ဒီ
ခေါင်းစဉ်ကို ရွေးပြီးပြောမှာလဲဆိုတာကို ခုလိုပြောပြပါတယ်။
“အဓိကကတော့ ကရင်၊ ကယား၊ ကရင်၊ ချင်းတွေရဲ့ နယ်စပ်ကနေပြီး ထိုင်းနယ်စပ်တို့၊
တရုတ်နယ်စပ်တို့ အဲလိုနယ်စပ်ကြားထဲမှာရှိတဲ့ မိန်းကလေးတွေရဲ့အဖြစ်ကို အဓိက
ပြောချင်တာပါ။ ကျမတို့ မြန်မာနိုင်ငံမှာ မိန်းကလေးတွေဟာ တကယ့် လူ့အခွင့်အရေး
အပြည့်မရဘူး။ ကရင်ပြည်နယ်၊ ကယားပြည်နယ် တကယ့်နယ်တွေမှာဆိုရင်
တော်တော်ဒုက္ခရောက်နေတဲ့ မိန်းကလေးတွေ အများကြီးပါ။ အဲဒါကြောင့် ကျမက
ဒီခေါင်းစဉ်ကို ရွေးလိုက်တာပါ။
“ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ မိန်းကလေးတွေရဲ့အဖြစ်က တော်တော်ဆိုးတယ်ပေါ့
လေ၊ မြန်မာနိုင်ငံမှာနေရတာ။ လူ့အခွင့်အရေးခံစားခွင့် အပြည့်အ၀မရလို့ ကျမ
ဒီမိန်းကလေးတွေအကြောင်းကို ပြောလိုက်တာ။ ကယ်တင်မယ့်လူလည်း မရှိဘူး။
ဒါကြောင့် ဗြိတိသျှအစိုးရကလည်း သိရအောင်လို့။ မြန်မာမိန်းကလေးတွေက ဘယ်လို၊
ဘယ်လောက်အထိ ဒုက္ခရောက်နေလဲဆိုတာ။ သူတို့မှာ လူကုန်ကူးခံရတဲ့အပြင် နအဖ
စစ်အစိုးရက သူတို့ကိုလည်း အဓမ္မ လိင်ဆက်ဆံခြင်းကို ပြုလုပ်တယ်ပေါ့။ သူတို့ရဲ့ဆန္ဒ
မပါဘဲ အတင်းအဓမ္မလုပ်တဲ့ကိစ္စတွေကို မြန်မာအမျိုးသမီးတွေက ခံနေရတာ။ သူတို့မှာ
ငြင်းဆိုခွင့်လည်းမရှိဘူး၊ ဆန့်ကျင်မှုလည်း လုပ်လို့မရတဲ့အဖြစ်ကို မြန်မာအမျိုးသမီး
တွေက ခံစားနေရတာ။ ဒါကို နိုင်ငံတကာက သိအောင်ဆိုပြီး ကျမ ဒီခေါင်းစဉ်ကို
ရွေးလိုက်တာ။”
မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်က တိုင်းရင်းသား အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုနဲ့
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ကို စနစ်တကျ ပြုလုပ်နေတယ်ဆိုပြီး ဒီအပေါ်မှာ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူသင့်တယ်ဆိုတဲ့ ခေါင်းစဉ်ကိုလည်း
နောက်ထပ် အမျိုးသမီးတယောက်က ပြောပြပါလိမ့်မယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားရင်း ထောင်ကျ
နေသူတွေရဲ့ မိသားစုဘ၀ အခြေအနေတွေကိုလည်း ပြောပြကြမှာ ဖြစ်ပါတယ်။
ဒီအကြောင်းကို အဓိကထား ပြောပြမယ့်သူကတော့ လက်ရှိထောင်ကျနေတဲ့
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးရဲ့သမီး
မဝေနှင်းပွင့်သုန် ဖြစ်ပါတယ်။
“သမီးပြောမယ့်အကြောင်းအရာက သမီးရဲ့ မိသားစုဘ၀ပေါ့။ သမီးငယ်ငယ်တုန်းက
အဖေနဲ့ ဘယ်လိုမတွေ့ခဲ့ရဘူးဆိုတဲ့အကြောင်း၊ အဖေက သမီးငယ်ငယ်ကတည်းက
ထောင်ကျသွားပြီးတော့ ပြန်ထွက်လာပေမယ့်လည်း နောက်တခါ ထောင်ကျတယ်
ဆိုတဲ့အကြောင်း၊ သမီးမွေးပြီး ငါးလကတည်းက အဖေက ထောင်ကျသွားလို့ သမီး
အဖေကို မတွေ့ခဲ့ရဘူး။ သမီးအသက် လေးနှစ်လောက်အရွယ်ကျတော့မှ အဖေ့ကို
တွေ့ခဲ့ရတယ်။ အဲဒါကလည်း အင်းစိန်ထောင်မှာ သွားတွေ့ခဲ့ရတာ။ ဆိုတော့ သမီး
အဖေနဲ့ သမီးနဲ့ကြားမှာ သူများမိသားစုတွေလို ယုယကြင်နာမှုဆိုတာ မရှိခဲ့ဘူး။
စကားပြောတာလောက်ပဲရှိတယ်။
“အဖေတို့၊ သမီးတို့ မိသားစုတခုတည်း မဟုတ်ပါဘူး။ တခြားမှာလည်း မိသားစုတွေ
အများကြီးရှိတယ်။ အဲဒီလိုပဲ အမျိုးသမီးတွေကလည်း ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရဖို့
အတွက် သူတို့လည်း ဘယ်လိုကြိုးစားနေရတယ်၊ မနီလာသိန်းတို့ မမီးမီးတို့ အဲဒီဘက်
ကိုဦးတည်ပြီး သမီးက ပြောထားတယ်။”
ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားရင်း ထောင်ချခံရ ဒါမှမဟုတ်လည်း တိမ်းရှောင်နေ
ရတဲ့ အမျိုးသမီးလှုပ်ရှားသူတွေ မိသားစုဘ၀ကိုရင်းပြီး ပေးဆပ်နေကြရတဲ့ အကြောင်း
ကိုလည်း မဝေနှင်းက ပြောပြမှာပါ။
“မနီလာသိန်း သူ့ရဲ့မိသားစုနဲ့ ဘယ်လိုခွဲသွားရတယ်ဆိုတဲ့အကြောင်း၊ သူ အခုထိ
သူ့သမီးနဲ့ တွေ့ခွင့်မရှိဘူးဆိုတဲ့အကြောင်း၊ ပြီးတော့ မမီးမီးအကြောင်းကိုလည်း သမီး
ပြောထားတယ်။ မနီလာသိန်းတို့ မမီးမီးတို့ဆိုတာလည်း ၈၈ မျိုးဆက် ကျောင်းသား
အဖွဲ့ဝင်တွေပါပဲ။ သူတို့လည်း သမီးအဖေ ကိုမြအေးတို့ ကိုမင်းကိုနိုင်တို့နဲ့ လက်တွဲပြီး
လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေပါပဲ။”
ညီမတို့က ဗြိတိသျှပါလီမန်မှာ အခုလို နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ
အကြောင်း၊ အမျိုးသမီးတွေရဲ့အကြောင်း ပြောပြမယ်ဆိုတော့ ညီမတို့ရဲ့ အဖြစ်အပျက်
တွေကို ကြားသွားတဲ့ ဗြိတိန်ကအမတ်တွေက ဘယ်လိုမျိုး အကူအညီတွေ ပေးလာဖို့
ကိုရော မျှော်လင့်ပါသလဲ။
“သူတို့ မြန်မာနိုင်ငံအကြောင်း ပိုသိလာတဲ့အခါကျတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက
မြန်မာအမျိုးသမီးတွေကို ထောက်ခံမှုတွေ၊ အားပေးမှုတွေ၊ ကူညီမှုတွေ ရလာနိုင်မယ်
လို့ သမီးတို့ မျှော်လင့်ပါတယ်။”
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမြအေးရဲ့သမီး
မဝေနှင်းပွင့်သုန်က ရှေ့တပတ် အင်္ဂါနေ့ကျရင် ဗြိတိန်ပါလီမန်မှာ ပြောပြမယ့်အချက်
တွေကို ရှင်းပြခဲ့တာပါ။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ လူကုန်ကူးခံနေရတဲ့ကိစ္စ၊ နယ်စပ်ဒေသတွေမှာ အစိုးရ
စစ်တပ်တွေရဲ့ အဓမ္မပြုကျင့် ခံနေရတဲ့ကိစ္စတွေ ရပ်သွားအောင် ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီကနေ အရေးယူဆောင်ရွက်ပေးဖို့ ကမ္ဘာတ၀န်းမှာရှိကြတဲ့ မြန်မာအမျိုးသမီး
များအရေး လှုပ်ရှားနေသူတွေက တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
Posted by
54freedom
at
8:11 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
နိုင်ငံတကာ ကယ်ဆယ်ရေးဝန်ထမ်း ၁,၅၀၀ ကျော် မြန်မာပြည် ၀င်ခွင့်ဗီဇာ ထုတ်ပေးခဲ့
08 July 2008
မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်လူထုကို အကူအညီပေးဖို့ နိုင်ငံတကာ
အကူအညီပေးလုပ်သား ၁,၅၀၀ ကျော်ကို မြန်မာအစိုးရက ပြည်ဝင်ခွင့်ဗီဇာတွေ
ပေးခဲ့တယ်လို့ ဒီကနေ့ထုတ်ဝေတဲ့ အစိုးရအာဘော် သတင်းစာတွေကို ကိုးကားပြီး
အေပီသတင်းတပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။ ဒီလုပ်သားတွေထဲက တ၀က်ဟာ
ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ လုပ်ဆောင်ကြသူတွေဖြစ်တယ်လို့လည်း ဆိုပါ
တယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့တဲ့ မေလ ၂ ရက် ၃ ရက်နေ့တွေမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးတဲ့
နောက် အကူအညီပေးချင်ကြတဲ့ နိုင်ငံတကာက လုပ်သားတွေကို မြန်မာစစ်အစိုးရက
ပြည်ဝင်ခွင့်မပေးခဲ့တဲ့အတွက် အစောပိုင်းမှာ ဝေဖန်ခံခဲ့ရပါတယ်။ မုန်တိုင်းကြောင့်
လူပေါင်း ၁၃၀,၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ရပါတယ်။
မေလနှောင်းပိုင်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Ban Ki-moon) နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် နိုင်ငံတကာ အကူအညီပေး လုပ်သားတွေကို
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဆီ သွားခွင့်ပြုဖို့ မြန်မာစစ်ကောင်စီခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်သားတွေ လွတ်လွတ်
လပ်လပ် သွားလာလုပ်ကိုင်နိုင်ခွင့်တွေပေါ်မှာတော့ အကန့်အသတ်တွေ လုပ်ထားခဲ့ပါ
တယ်။
Posted by
54freedom
at
7:37 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ပဒေါင်အမျိုးသမီးများကိုကယ်တင်ရန် တရားရေးအဖွဲ့ ဖွဲ့စည်း
ဉာဏ်မောင်။ ဇူလိုင် ၉၊ ၂၀၀၈
ကမ္ဘာလှည့်ခရီးသည်များအားပြသရန် ပဒေါင်အမျိုးသမီးနှင့် ကလေးများအားလူကုန်ကူးခံရမှုမှ ကာကွယ်ရန် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ဒုတိယခရိုင်မှူးဦးစီးသည့် တရားရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်နီလူမျိုး၊ ပဒေါင်မျိုးနွယ်စုဝင် (၁၁) ဦးအား အခြားခရိုင်သို့ ဖြားယောင်းခေါ်ဆောင်ခံခဲ့ရပြီး နောက် ဒုတိယခရိုင်မှူး သွန်ချိုင်ဝမ်ဂရိယမ်သွန်ဦးဆောင်သည့် တရားရေးကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရက ကရင်နီပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ် သို့ ရောက်ရှိလာသည့် ပဒေါင်မျိုးနွယ်စုလူမျိုးများကို ချင်းရိုင်ခရိုင်နှင့် ခွန်ဘူရီခရိုင်များသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များအားပြသ၍ စီးပွားရေးလုပ်ကိုင်သူများထံ ရောင်းချရန် လူကုန်ကူးသူများက ယခုလ (၃) ရက်နေ့တွင် ပဒေါင်လူမျိုး (၁၁) ဦးအား ခေါ်ဆောင်သွားခဲ့သည်။
အဆိုပါ လူမှောင်ခိုပြုလုပ်သူများအနေဖြင့် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု၊ အလုပ်အကိုင်ခိုင်းစေမှု ဆိုင်ရာ ဥပဒေအရ လူဝင်မှုအကြမ်းဖက်ခြင်းနှင့် အာဏာပိုင်တို့၏ ထုတ်ပြန်ထားသော အမိန့်များ ကို အာခံမှုတို့ဖြင့် ယခုဖွဲ့စည်းထားသည့် တရားရေးအဖွဲ့၏ တရားစွဲဆိုခြင်းခံရမည်ဖြစ်သည်။
ကလေးငယ်(၄) ဦးအပါအ၀င် ပျောက်ဆုံးနေသော ပဒေါင်လူမျိုး(၁၁) ဦးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း အခြားရွာများသို့ ပြောင်းရွှေ့ခေါ် ဆောင်သွားသည်ဟုသာ သိရသည်။
ကရင်နီလူမျိုး၊ ပဒေါင်မျိုးနွယ်စု အမျိုးသမီးများ၏ လည်ပင်းတွင် ကြေးကွင်းများစွပ်၍ ၀တ်စား ဆင်ယင်ခိုင်းပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစားလုပ်ငန်းများကို ဆန့်ကျင်တိုက်ခိုက်ရန် ချင်းရိုင်၊ ချင်းမိုင်၊ ခွန်ဘူရီနှင့် အခြားခရိုင်များရှိ လုပ်ငန်းချင်းဆက်စပ်လျှက်ရှိသော အေဂျင်စီများသို့ လည်း ယခုတရားရေးအဖွဲ့မှ အကြောင်းကြားထားလိမ့်မည် ဖြစ်သည်။
အဆိုပါတရားရေးအဖွဲ့အနေဖြင့် လည်ပင်းရှည်ပဒေါင်အမျိုးသမီးများအား မယ်ဟောင်ဆောင်ရှိ ဒုက္ခသည်စခန်းများတွင်လည်း ထည့်သွင်းထားမည်မဟုတ်ပဲ မုန်းခရိုင်ရှိ ဟွေးဆွာတောင်နှင့် ဟွေးပူက ကျေးရွာများတွင် ထိမ်းသိမ်းစောင့်ရှောင့်ထားပြီး ခရီးသွားလုပ်ငန်းအေဂျင်စီများ၏ အစီအစဉ်ဖြင့်ရောက်ရှိလာသည့် ကမ္ဘာ့လှည့်ခရီးသည်များထံမှ ၀င်ငွေရရှိရန်ဖန်တီးပေးမည်ဟု လည်းဆိုသည်။
Posted by
54freedom
at
7:24 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ထိုင်းနိုင်ငံရောက် ပဒေါင်တိုင်းရင်းသား ၁၁ ဦး ပျောက်ဆုံး
08 July 2008
ပြီးခဲ့တဲ့သောကြာနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့ဟောင်ဆောင်ခရိုင် အတွင်းမှာရှိတဲ့
ဟွေပူကဲကျေးရွာအနီး ပဒေါင်တိုင်းရင်းသားတွေ နေထိုင်ရာကျေးရွာက ပဒေါင်လူမျိုး
၁၁ ယောက်ကို အမည်မသိလူတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထိုင်းအာဏာ
ပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး
ပြအစားခံရတဲ့ မြန်မာနိုင်ငံက ပဒေါင်တိုင်းရင်းသားတွေဟာ လူကုန်ကူးသူတွေ ဖမ်းဆီး
ခေါ်ဆောင်တာ ခံရလေ့ရှိတဲ့ လူမျိုးတမျိုး ဖြစ်လာနေတယ်လို့လည်း ဒေသခံတွေက
ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီ ပဒေါင်လူမျိုးတွေကို ဘယ်သူဘယ်ဝါ ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့
အတိအကျ မသိရသေးပါဘူး။ အဖမ်းခံရတဲ့အထဲမှာ ကလေးငယ် ၄ ယောက်နဲ့ လူကြီး
၇ ယောက် ပါဝင်ပါတယ်။
လည်ပင်းမှာ ကြေးကွင်းတွေ စွတ်ထားလေ့ရှိတဲ့ ပဒေါင်လူမျိုးတွေကို ထိုင်းနိုင်ငံရဲ့
ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး ပြသလေ့
ရှိပါတယ်။ နိုင်ငံခြားသားတွေကလည်း အထူးစိတ်ဝင်တစား ကြည့်လေ့ရှိပါတယ်။
ဒါကြောင့်လည်း နိုင်ငံခြားသားတွေကို ပြစားဖို့ လူကုန်ကူးသူတွေ မျက်စိကျစရာ
လူမျိုးစုတခု ဖြစ်လာနေတဲ့အကြောင်း ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ့ဝင်
တယောက်က ပြောပြပါတယ်။
“အရင်တုန်းက လိမ်ပြီး ခေါ်သွားတာတွေတော့ ရှိတယ်။ ပွဲစားတွေပေါ့။ သူတို့က
ချင်းမိုင်စခန်းမှာဖြစ်ဖြစ်၊ ပဒေါင်စခန်းလေးမှာပဲဖြစ်ဖြစ် ပြစားဖို့ ခေါ်သွားတာတို့ ရှိတော့
ရှိဖူးတယ်။ စီးပွားရေးသမားတွေ လုနေတဲ့သဘောမျိုး ရှိနေတယ်။”
ဒီလို အဖမ်းခံရတဲ့သူတွေဟာ လူကုန်ကူးသူတွေရဲ့လက်ချက်နဲ့ အဖမ်းခံရတာ ဖြစ်နိုင်
တယ်ဆိုတာကို မဲ့ဟောင်ဆောင် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေကလည်း သတ်မှတ်ထား
ကြပါတယ်။ ဒါကြောင့်လည်း အပြင်းအထန် ရှာဖွေနေပါတယ်။ မဲ့ဟောင်ဆောင်နဲ့
အခြားနေရာတွေကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ပြီး ရှာဖွေနေတာ
ပါ။ ပဒေါင်လူမျိုးတွေ နေထိုင်ရာဒေသ၊ အဖမ်းခံရတဲ့ နေရာကိုလည်း အခုလိုပြောပါ
တယ်။
“မဲ့ဟောင်ဆောင်နဲ့ ဟွေပူကဲက ခရီးတထောက်ဆိုရင် ၇ ကီလိုမီတာလောက်ပဲရှိမယ်။
မဲ့ဟောင်ဆောင်ခရိုင်ထဲမှာရှိတဲ့ နန်းစွယ်ရွာနားက ကယန်းသာယာဆိုတဲ့ ကယန်းရွာ
တရွာရှိတယ်။ နောက်တခုက မဲ့ဟောင်ဆောင်ခရိုင်မှာပဲ ဟွေပူကဲမှာ တရွာရှိတယ်။
ဟွေစထောက်မှာ တရွာရှိတယ်။ အမှန်ကတော့ သုံးရွာပဲ။ ဒီသုံးရွာထဲကပဲ ပြီးခဲ့တဲ့
နှစ်လောက်တုန်းကမှ ထိုင်းဒေသအာဏာပိုင်တွေ စီစဉ်တဲ့နေရာကို ရွှေ့ချင်တဲ့လူတွေ
ရွှေ့ပြောင်းလို့ရတယ်၊ သွားနေလို့ရတယ်ဆိုပြီး လုပ်ပေးတာရှိတယ်။ လူဦးရေက စုစု
ပေါင်းဆိုရင် တရွာမှာ အနည်းဆုံး ၅၀၀ လောက်ရှိတယ်။ သုံးရွာဆိုရင် အနည်းဆုံး
၁,၅၀၀ ပေါ့။ ဒါ ကျနော် ပျှမ်းမျှ ခန့်မှန်းတာပဲ။”
ပြီးခဲ့တဲ့ သောကြာနေ့က ပဒေါင်လူမျိုးတွေ အဖမ်းခံခဲ့ရတယ်ဆိုတာကို အဲဒီကျေးရွာ
အကြီးအကဲ လူကြီးတယောက်ကလည်း အခုလို အတည်ပြုပြောပါတယ်။
“ကီလို ၂၀ ကျော်လောက်ကွာမယ်။ ကားနဲ့သွားရင် တနာရီတောင်မရှိဘူးဗျ။ အားလုံး
သုံးရွာပေါင်းတော့ ၁,၅၀၀ ကျော်ရှိတယ်။”
တယ်လီဖုံးလိုင်း အခက်အခဲကြောင့် အသံမရှင်းမလင်းဖြစ်တာပါ။ အဖမ်းခံရတဲ့နေရာ
ဟာ မဲ့ဟောင်ဆောင်နဲ့ မိနစ် ၃၀ လောက်သွားရတဲ့နေရာလို့ ပြောပါတယ်။
ပဒေါင်လူမျိုးတွေဟာ အရင်က မြန်မာနိုင်ငံဘက်မှာ နေထိုင်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး
စုတွေ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခနဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ၊ စားဝတ်နေရေး အကျပ်အတည်းတွေကြားမှာ အိမ်နီးချင်းနိုင်ငံကို
ရွှေ့ပြောင်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်နီ လူမှုဖူလုံရေးကော်မတီ အဖွဲ့ဝင်
တယောက်ကတော့ ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။
“အဲဒီပဒေါင်ဆိုတာ ကျနော်တို့ရဲ့ ကရင်နီပြည်ကပေါ့။ ကရင်နီပြည်နဲ့ ရှမ်းပြည်
တောင်ပိုင်း ဖယ်ခုံဘက်မှာပဲ ရှိပါတယ်။ ကျန်တဲ့နေရာမှာ မရှိပါဘူး။ ထွက်လာတဲ့
အကြောင်းကလည်း နှစ်ပေါင်း ၂၀ နီးပါးလောက်ရှိပြီပေါ့။ ဖြတ်လေးဖြတ်ပေါ့။ မဆလ
ခေတ်ကတည်းက ရွာတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခံရတာတို့၊ ဖျက်ဆီးခံရတာတို့၊
အကန့်အသတ်တွေ လုပ်တာတို့ကြောင့် သူတို့က ဒီနယ်စပ်ကို ထွက်ပြေးလာတယ်လို့ပဲ
ပြောရမှာပေါ့။”
ပဒေါင်လူမျိုးတွေ အဖမ်းခံရတာနဲ့ပတ်သက်ပြီး မဲ့ဟောင်ဆောင် အုပ်ချုပ်ရေးမှူးက
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တက်တက်ကြွကြွ လုပ်ဆောင်တာမရှိဘူးဆိုပြီး ဝေဖန်ပြစ်တင်ပါ
တယ်။ ရဲနဲ့ အာဏာပိုင်တွေ ပူပေါင်းဆောင်ရွက်ရေး ကော်မတီတွေ ဖွဲ့ပြီးတော့လည်း
အပြင်းအထန် ရှာဖွေနေပါတယ်။
ဒီပဒေါင်တွေဟာ စစ်မက်ဖြစ်ပွားရာ နေရာတွေကနေ ဘေးလွတ်ရာကို ပြေးခဲ့ကြပေ
မယ့် ကမ္ဘာလှည့်ခရီးသည်တွေ အကြည့်ခံရဖို့ သူတို့ကို ခြံခတ်ပြီး အပြခံရတဲ့နေရာတွေ
မှာ အထားခံရတယ်၊ အခုတော့ လူမှောင်ခိုကူးသူတွေရဲ့ သားကောင်ဖြစ်နေပြီလို့
ပြောဆိုနေကြပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေကလည်း သူတို့ဘ၀သမိုင်းကြောင်းနဲ့ အကျပ်အတည်းတွေ
ထက် ကြေးကွင်းတွေတပ်ထားတဲ့ သူတို့လည်ပင်းတွေကိုပဲ ပိုပြီးစိတ်ဝင်စားနေကြတယ်
လို့လည်း ဝေဖန်သူတွေ ရှိနေပါတယ်။
Posted by
54freedom
at
7:18 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Tuesday, July 8, 2008
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရန် ကော့သောင်း ရောက်လာသူများအတင်းအကျပ် ပြန်ပို့ခံရ
ကျော်ထင်/ ၈ ဇူလိုင် ၂၀၀၈
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ရန် ရည်ရွယ်ပြီး အနယ်နယ်အရပ်ရပ်မှ ရောက်လာသူများအား ပြီးခဲ့သည့်လများမှ စ၍ ကော့သောင်းမှ မြိတ်မြို့သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဟားခါးသင်္ဘောဖြင့် လူ (၅၀) ကျော်ခန့်ကို ပို့ဆောင်လိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြန်ပို့ခံရသူများသည် ကော့သောင်းမြို့သို့ လေယာဉ်၊ သင်္ဘော၊ ကားလမ်းများမှတဆင့် ၀င်ရောက် လာသူများဖြစ်ကြပြီး ပြန်ပို့ခြင်းမခံရမီ မြို့ပေါ်ရှိ ရယကရုံး၊ ကြံဖွံ့ရုံးများတွင် ထိန်းသိမ်းခြင်း ခံထားရသူများဖြစ်သည်။
ယနေ့ ပြန်ပို့ခံရသူများထဲမှ တဦးကို ငွေဖြင့် ရွေးထုတ်လာသူ ကော့သောင်းမြို့ခံက “မနက် (၅) နာရီကို သင်္ဘောဆိပ်အရောက်ဆိုပြီးတော့ သူတို့ပြောထားတယ်လေ။ ဒီက ပတ်သက်တဲ့လူတွေက ကိုယ့်လူတွေကို ရွေးထုတ်လို့ ရလိုရငြားသွားတာ၊ ရဲကို အဖမ်းခံထားရတဲ့သူ သူ့နာမည်နဲ့ အဖေ နာမည် ပြောလိုက်တော့ ခေါ်ချလာတယ်။ အဲဒါ ဗမာငွေ (၂) သောင်း ပေးလိုက်ရတယ်လေ” ဟု ပြောသည်။
ဖမ်းဆီးပြန်ပို့မှုများ ပိုမိုများပြားလာသဖြင့် မြိတ်မြို့မှ ကားလမ်းဖြင့် လာသူများသည် ကော့သောင်း သို့ မရောက်မီ (၁၀) မိုင်ကျော်ခန့်တွင် ကားပေါ်မှ ဆင်းကာ ဆိုင်ကယ်တက္ကစီများဖြင့် ကော့ သောင်းသို့ ၀င်ရောက်နေကြကြောင်း သိရသည်။
အဆိုပါ ကော့သောင်းမြို့ခံက “မရောက်ခင် (၁၀) မိုင်၊ (၁၅) မိုင်လောက်ကနေပြီး ဆိုင်ကယ် သမားတွေက အုပ်စုဖွဲ့ပြီး စောင့်နေကြတယ်။ ကားရပ်ပေးတာနဲ့ ဆိုင်ကယ်သမားတွေက သူဆွဲ ငါဆွဲနဲ့လေ၊ သူ့လူ ကိုယ့်လူ အတင်းခေါ်ကြတာပေါ့။ လမ်းမှာတွေ့တဲ့ ဂိတ်တွေကိုပါ ရှင်းဖို့အတွက် ဆိုင်ကယ်သမားကို တခါတည်း ပေးရတယ်လေ။ ကျနော့်အိမ်ကို မနေ့က ရောက်လာတဲ့ လူငယ် (၂) ယောက်ဆိုရင် ဆိုင်ကယ်ခ (၃) သောင်းခွဲစီ ပေးလိုက်ရတယ်” ဟု ဆက်ပြောသည်။
ထိုင်းနိုင်ငံသို့ ၀င်ရောက်မည့်သူများကို နည်းမျိုးစုံနှင့် တားဆီးနေသော်လည်း အာဏာပိုင်များ၏ အကျင့်ပျက် ခြစားမှုများကြောင့် လူကုန်ကူးမှုကို တိုက်ဖျက်၍ မရနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်နေသည့် မြန်မာ့ဒီမိုကရေစီအရေး ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB) မှ ဦးမြင့်
ဝေက ပြောသည်။
၎င်းက “အခုက လူကုန်ကူးမှု တိုက်ဖျက်တာ အကြောင်းပြပြီး မတရားတဲ့နည်းနဲ့ ပိုက်ဆံစားခွင့် အခွင့်အလမ်းကို ဖန်တီးပေးထားတာနဲ့ အတူတူပဲပေါ့။ ဧပြီလက ကားပေါ်မှာ (၅၄) ယောက် လေမွန်းလို့ သေတဲ့နောက်ပိုင်းကျမှ နိုင်ငံတကာကလည်း လူကုန်ကူးမှု ဥပဒေနဲ့ ပြင်းပြင်း ထန် ထန် ကိုင်တွယ်ပြီး အားလုံးက သူတို့ကိုလည်း အပြစ်တင်တဲ့အခါကျတော့ သူတို့က အဲဒါကို
ထပြီး ဖြေရှင်းဖို့ ကြိုးစားတာပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလဆန်းကလည်း ရနောင်းမှတဆင့် ထိုင်းနိုင်ငံ ဖူးခက်ဒေသသို့ ခိုးဝင်လာသည့် မြန်မာ (၅၄) ဦး ကားနောက် အအေးခန်းတွင်း အသက်ရှူကျပ်ပြီး သေဆုံးခဲ့သည်။ အလားတူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတွင်းသို့ လူမှောင်ခိုသွင်းပြီး နယ်စပ်တနေရာရာတွင် အကြောင်းအမျိုး မျိုးဖြင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ။
Rest of your post
Posted by
54freedom
at
10:29 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အရေအတွက် ၂၀၀၆ ခုနှစ်ထက်လျော့လာ
NEJ/ ၈ ဇူလိုင် ၂၀၀၈
ထိုင်းနိုင်ငံအတွင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စုစုပေါင်းဦးရေသည် ယခုနှစ် မေလကုန် အထိ (၁) သိန်းခွဲခန့် ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် တီဘီဘီစီခေါ် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေးအဖွဲ့က ထုတ်ပြန်ထားပြီး ၂၀၀၆ ခုနှစ် စာရင်းထက် (၁) ရာနှုန်းနီးပါး လျော့နည်းသွားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းနိုင်ငံရှိ ပြည်နယ် (၅) ခုမှ မြန်မာဒုက္ခသည် အရေအတွက် စုစုပေါင်း (၁၄၀,၀၀၀) ခန့်ရှိပြီး မဲဟောင်ဆောင်ပြည်နယ်တွင် မြန်မာဒုက္ခသည် ပိုများလာသည်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း များမှာ ချင်းမိုင်ပြည်နယ်အတွင်း စခန်း (၁) ခု၊ မယ်ဟောင်ဆောင်ပြည်နယ်အတွင်း စခန်း (၄) ခု၊ တာ့ခ်ပြည်နယ်အတွင်း စခန်း (၃) ခု၊ ကန်ချနဘူရီနှင့် ရတ်ခ်ျဘူရီတို့တွင် စခန်း (၁) ခုစီတို့ ဖြစ်ကြ ပြီး ဒုက္ခသည်ဦးရေ (၁၃၉,၇၆၈) ဦးရှိကြောင်း တီဘီဘီစီ စာရင်း၌ ဖော်ပြသည်။
ထိုင်းနိုင်ငံရှိ ဒုက္ခသည်များတွင် ကရင်လူမျိုး အများစုဖြစ်ပြီး (၆၁) ရာခိုင်နှုန်းရှိကာ ၂၀၀၆ ခု စာရင်းနှင့် နှိုင်းယှဉ်လျှင် (၁) ရာခိုင်နှုန်း ကျဆင်းသွားသည်။ ကရင်နီလူမျိုးသည် ဒုတိယ အများဆုံးဖြစ်ပြီး (၁၇) ရာခိုင်နှုန်း ရှိသဖြင့် ၂၀၀၆ ခု စာရင်းနှင့် နှိုင်းယှဉ်လျှင် (၄) ရာခိုင်နှုန်း တိုးလာသည်။
နေရာဒေသအားဖြင့် ပဲခူးတိုင်းမှ (၆) ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းမှ (၁) ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းမှ (၂) ရာခိုင်နှုန်း အသီးသီးဖြစ်သည်ဟု ဖော်ပြထားသည်၊ ထို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့မှလည်း လာရောက် သူများရှိပြီး (၂) ရာခိုင်နှုန်းရှိကြောင်း တီဘီဘီစီ စာရင်း၌ ဖော်ပြသည်။
ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများအတွင်း၌ တာ့ခ်ပြည်နယ်အတွင်းရှိ မဲလစခန်းသည် လူဦးရေအများ ဆုံးဖြစ်ပြီး (၃၈,၀၀၀) ဦးကျော်ရှိသည်။ ဒုတိယအများဆုံးမှာ မယ်ဟောင်ဆောင်ပြည်နယ်အတွင်းရှိ ဘန်းနိုင်းစွိုင်စခန်းဖြစ်ပြီး (၁၉,၀၀၀) ဦးကျော်ရှိသည်။ မွန်ဒုက္ခသည် ပြန်လည်နေရာချထားရေး စခန်း (၄) ခုရှိပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ (၉,၄၈၉) ဦးရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ဒုက္ခသည် စုစုပေါင်း၏ (၅) ရာခိုင်နှုန်းရှိကြောင်း တီဘီဘီစီက ဖော်ပြသည်။
ယခင်လကုန်က ထုတ်ပြန်သည့် တီဘီဘီစီ စာရင်း၌ (ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ/ မတင်ထားသူ) ကျောင်းသူ/သားများ အပါအ၀င် စခန်းအတွင်း နေထိုင်သူအားလုံး ပါဝင်ပြီး စခန်းပြင်ပ၌ ခေတ္တ (သို့) အမြဲတမ်း နေထိုင်သူများ ပါဝင်ခြင်းမရှိပေ။
ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) ကလည်း မြန်မာဒုက္ခသည် အရေအတွက်ကို ယခင်လကုန်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာရင်းအတွင်း၌မူ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူများ၊ ဆိုင်းငံ့ခံထားရသော ပီအေဘီများနှင့် ကျောင်းသူ/သား အချို့ပါဝင်သည်။ သို့သော် ထပ်မံရောက်ရှိလာသော ဒုက္ခသည်များ မပါဝင်ပေ။
၎င်း၏ ထုတ်ပြန်ချက်အရမူ ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် မြန်မာဒုက္ခသည် အရေအတွက်မှာ (၁၂၅,၅၀၀) ဦးသာ ဖြစ်သည်။ ယင်းအပြင် အဆိုပါဒုက္ခသည်များအတွင်း၌ အမျိုးသမီး (၆၁,၆၁၆) ဦးနှင့် အမျိုးသား (၆၃,၈၈၄) ဦး ရှိကြောင်းလည်း ဖော်ပြသည်။ ။
Rest of your post
Posted by
54freedom
at
10:24 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ

