စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, April 20, 2008

Thay Chin Soe, Than Shwe 93


အပြည့်အစုံဖတ်လိုလျှင်

“ဘယ်လဲ သူငယ်ချင်း”

“ဘယလ် သဲူငယခ်ျင်း ”
နှစ်သစ်အတွက် အားလုံးကို နှုတ်ခွန်းဆက်ပါတယ်နော်။
ယောဂီဝတ်ပြီးတနှစ်၊ ဘုန်းကြီးဝတ်နဲ့ နှစ်နှစ်၊ မလေးရှားမှာ ခြောက်နှစ်နဲ့ ထိန်းသိမ်းရေးစခန်းမှာတနှစ်၊ အမေရိကား နှစ်နှစ်၊ စုစုပေါင်းတစ်ဆယ့်နှစ်နှစ်
သကြင်္န်နဲ့ ရှင်ကွဲကဲခွဲ့ရပြီးတ့ေဲ နာက် ဒီနှစ်သစ်အတာကို အကျဉ်းစံ အကျယ်ချုပ်များနည်းတူ အထီးကျန်စွာ ဖြတ်သန်းပေးနေမိတယ်။ ဒါမှလဲ ပိုမိုရင့်ကျက်တဲ့
ကိုယ်ချင်းစာနာမှုကို သတိပြုနိုင်မယ် ထင်ပါတယ်။
အထူးသဖြင့် ပူလောင်တဲ့ နွေေ နရောငေ် အာက်က လျှပ်လျှပ်ထနေတဲ့ ပကတိ တိတ်ဆိတ်မြေပြင်ကို သံတိုင်စကာတြွေကားကတဆင့် တွေဝေငေးမောစွာ
လှမ်းမျှော်ကြည့်ရင်း လွတ်ရက်မျှော်လင့်လို့ မသိနိုင်ရှာသူတို့ရဲ့ ပေးဆပ်စနွ့်လှုနေရဆဲ ဘဝတေဘွ က်က ဝငရ် ပ်ကြည့်မိနေရင်းပေါ့။
သူလဲလူ ကိုယ်လဲလူ၊ အဲဒီ လူလူချင်းတူတူမှာ ကွဲပြားခြားနားမှု အတုအယောင် အဟန်ဆောင်တွေနဲ့၊ တကယ်တမ်းမတော့ လွတ်မြောက်နေသူတွေ
ကိုယ်တိုင်က မလွတ်လပ်နိုင်ကြပါဘူးဆိုတာ သိပ်မကြာခင်ပဲ သူတို့သိခွင့်ရသွားတော့မှာပါ။ အဲဒီအခါမှာ ထောင်နံရံတံခါးတွေဟာ အတားအဆီးမရှိ
ပွင့်လင်းလို့၊ တိုင်းပြည်ြကီး တခုလုံးဟာလဲ ကြွေေ ကြာ်သံတေနွ့ဲ ပြည့်လျှမ်းလို့၊ လွတ်လပ်မှုတွေ ကိုယ်၌က လွတ်လပ်လာတော့မယ့်တနေ.့ .. ။
တားဆီးမရတဲ့ မျက်ရည်တွေ အလူးလူးနဲ့ ပြည်သူပြည်သားတွေဟာ ဘကြီးဦးလေးတို့ အမေတို့ အကိုအမတို့ ညီလေးညီမလေးတို့န့အဲ တူ အောင်လံတွေ
တလွှားလွှား၊ ဝင့်ကြွားအားမာန်များအပြည့်န့။ဲ သူတို့ရ့နဲ ဘေးမှာ သေနတ်တွေ စလွယ်ကျောပိုးထားတဲ့ ပြည်သူ့ရင်နှစ် သားချစ်ရတနာများက ပြုံးရွှင်ကျီစယ်စွာ
ဝိုင်းပတ်ကခုန်နေတဲ့ လူထုကို ပေ့ဖွ က်ပိုက်ထေွး လို့။ မိနမ့ိန့်ကြီးပြုံးရင်း ကြည့်နေတော်မူတဲ့ ဦးပဥ္ဇင်းဘုရားများက ဝမ်းသာလှိုက်လစွှဲာ။ အဒဲါ မြန်မာ...။
တကယ်တမ်းဖြစ်သင့်တာက ဒါ။
လှောင်အိမ်တွင်းမှာ ချုပ်နှောင်ခံထားရတဲ့ ငှက်တကောင်ကိုလွှတ်ပေးကြည့်၊ ဖွင့်ဟပေးလာတဲ့ တံခါးဝက အငမ်းမရ တိုးထွက်လို့ မိုးထက်ဝေဟင်ယံဆီ
ပျံသန်းရင်း တုံ့ပြန်သီကြေွး သွားတဲ့ တေးသံဟာ ကမ္ဘာမှာ အလှဆုံးဖြစ်လိမ့်မယ်။
မိဘပြည်သူများနဲ့ စစ်ကိုပူဆာနေကြတဲ့ လူတေအွ ကြားမှာ ကလေးများဟာ ခေါင်းမော့လည်မော့နဲ့ သေနတ်ပြောင်းကို နားမလည်နိုင်စွာ
စူးစမ်းကြည့်နေရှာတယ်။ အမေရိကားမှာ တကယ့်သေနတ်အစစ်နဲ့တူတာ ရုပ်ရှင်ထဲမှာတောင် ကလေးတွေ အမြင်မခံပါဘူး။
ပိုပြီးတော့နားလည်ရခက်စေတာက ဘာသာလူမျိုးမကြွဲပားပဲ တသားတည်းတူညီ တမြေထမှဲာ ရပ်တည်နေထိုင်စားသောက်လာခဲ့သူချင်း ရန်သူကြီးတွေပမာ
အငြိုးတကြီးနဲ့ စစ်ခင်းနေကြခြင်းပါ။
တကယ်တော့ ပြည်သူဆိုတာ ယနေ့ယခု သေနတ်တုတ်ဓါးတွေ ကိုင်ဆောင်ထားကြတဲ့ စစ်သည်ရဲမက်များရဲ့ တချိန်က မိဘများပဲ ဖြစ်ခဲ့တယ်ဆိုတာ
ကိုယ်ချင်းစာတွေးကြည့်မိရင် သိနိုင်လိမ့်မှာပါ။
ဆွေမျိုးသားချင်းများ ပျော်ရွှင်စွာ အတူတကွ လက်တွဲလို့ လူတန်းစေ့ အမြဲထာဝရ အေးချမ်းစွာ နေထိုင်သွားရဖို့ အားကြီးသူက အားနည်းသူကို ညှာတာ
စောင့်ရှောက် ဖေးမစာနာရမှာ မြင့်မြတ်သူတို့ရဲ့ အလုပ်။
သေနတ်ခလုတ်ကို မနားတမ်းဆညွှဲစ၊် အားမစိုက်ရပါဘူးဆိုပေမယ့် အဒဲီကျည်ဆံတွေ ဒရဟော ပြေးဝင် ထိုးစိုက်သွားလိုက်တ့ေဲ နရာမှာ စိတ်ကူးလေးနဲ့ဖြစ်ဖြစ်
ခဏတာ ကိုယ်ဝင်ြကည့်။ ပြီးတော့ အသဲ လိုမျိုး ကိုယ်က ပစ်သတ်လိုက်လို့ လက်ချည်းဗလာ သက်သက်က သေသွားရတဲ့ သူတေဟွာ ကိုယ်နည်းတူ
ထမင်းကိုလက်နဲ့စားပြီး အိုးထဲကရေကို ဆီဝေ့တက်နေတဲ့ ခက်ွနွမ်းလေးနဲ့ ခပ်သောက်ခဲ့ရတဲ့ ဆင်းရဲသားဗမာ။ တမြေထေဲ န တရေထဲသောက်နေလာတဲ့
တိုင်းရင်းသားအတူတူဟာ ရှေးအတီတေကနေ စပ်မယ်ဆို ဆွေမျိုးတွေချည်းပဲ။
မိဘနဲ့တူတဲ့ အစိုးရဆိုတာဟာ သားသမီးချင်းကို အပျင်းပြေသဘောမျိုးကလေးနဲ့တောင်မှ ရန်မတိုက်ပေးရဘူး။ ချစ်ခင်သင့်မြတ် နားလည်မှုရှိစွာနဲ့
သာယာစိုပြေချမ်းမြေ့တဲ့ တိုင်းနိုင်ငံတခုအဖြစ် အိမ်နီးချင်းတွေရဲ့ အလယ်မှာ တင့်တယ်ဂုဏ်ယူစဘွယ်ဖြစ်လာအောင် ပျိုးထောင်မြှင့်တင်နိုင်ရမယ်။
ကိုယ်တိုင်က သောက်စားမူးရူး ရမ်းကားနေပြီးတော့ ကိုယ့်ဘေးမှာ သားသမီးတွေ အငတ်ခံထား ထားတယ်ဆိုရင် မဟုတ်သေးဘူး။ ဒါဟာဖြင့်ရင်
မိဘအစစ်လား၊ ပထွေးဖြစ်မလား။
တိုက်ပွဲတခုထဲ ကိုယ့်တူရူမှာ ရင်ဆိုင်ရပ်ကြည့်နေသူဟာ ငယ်ငယ်က ကစားဖေါ် ညီလေးညီမလေး၊ သူငယ်ချင်းတွေများ ဖြစ်နေလေရော့မလား။
တနယ်ရပ်ကျေးမှာ ရောက်ရှိနေလို့ ကိုယ့်ရှေ့က ရပ်ကာနေတဲ့ကောင်ဟာ ငါ့အမျိုးတော့ မဖြစ်နိုင်ပါဘူးဆိုရင် တခြားတနေရာရာ အလားတူ
မြင်ကငွ်းတခုထမှဲာပဲ ရောက်ရှိနေနိုင်တဲ့ ကိုယ့်ညီလေးညီမလေးများ ဆွေမျိုးဝမ်းကဲမျွားအတကွ် မြင်ယောင်ကြည့်လို့ရပါတယ်။ ကိုယ်ချင်းစာတရားဟာ
အင်မတန်ကို လှပကြည်နူးစရာကောင်းတဲ့ လောကအဆင်တန်ဆာ တခုပါ။ ကိုယ့်ဟာကိုယ် စဉ်းစားပြီးတော့ ဆုံးဖြတ်ချက် ပြတ်သားစေချင်ပါပြီ။
၁၃၇၀ပြည့် နှစ်ကူးအတာမှာ သင်္ကြန်ကို အင်မတန်မှ ချစ်မြတ်နိုးတဲ့ ကိုမင်းကိုနိုင်န့တဲ ကွ အကျဉ်းစံ သူရေဲ ကာင်း အပေါင်းရဲ့ ဆုံးရှုံးနစ်နာခံ
ပေးဆပ်နေမှုတွေ...။
ချစေ် သာသားတို့ရဲ့ အိမ်ြပန်ချနိမျှော်နေရှာမယ့်အမေစုန့တဲ ကွ အားလုံးရဲ့ အမေတွေ...။
အလွမ်းတဝေဝေနဲ့ ပန်းပိတောက်တို့ ကြွေရာမြေဆီ သမင်လည်ပြန်ငေးကြည့်မိရင်း...။
ဘယ်သူမှ အမြငမ် ခံဝံ့တဲ့ ရှုံးနိမမ့ှ်ု မျက်ရည်များက အိမ်အပြန်ခက်နေရှာသူတို့ရဲ့ ဘဝ သက်ပြင်းမောများနဲ့အတူလေ။
“အတေ့ခွ က်သည်
ကမ္ဘာတည်သရွေ့၊ တမြေ့မြေ့ကျွမ်း
ပြန်လမ်းမသိ၊ ဖြေမရှိနှင့်
ဝေဒနာအတိဖြင့်၊ ရင်တွင်းငြိတွယ်
နွယ်တနွယ်။
ယနေ့ထက်တည်
ချစ်မပြေမီ၊ စကားလှများ
နားထဲကြားယောင်၊ အိပ်မက်အောင်ပင်
စွဲလမ်းစိတ်ဝယ်၊ သူဝင့်ထည်။
မမေ့ရက်ပြီ
ကြာရှည်သမျှ၊ ဘဝအပူ
ခဏကူပါ၊ မျှယူမပေး
ဖြေတေွး မပျော်၊ အဖေါ်မ့ကဲ င်း
မျှော်လင့်ခြင်းဖြင့်၊ စောင့်ရင်းလွင့်ပြယ်
နှင်းပွင့်ငယ်။”
“ကောင်းမြတ်သည့် နှစ်သစ်မှာ မြန်မာပြည်သူပြည်သားအပေါင်း ကောင်းကျိုးလိုရာ ဆန္ဒများဖြင့် မိဘနှင့်တူသော အစိုးရမျိုး ရရှိပိုင်ဆိုင်နိုင်ကြလျှက် ဘေးဒုက္ခ
ရန်အန္တရာယ်အသွယ်သွယ်တို့မှ ကျော်လွှားလွန်မြောက်ကြပြီးလျှင် ကြီးပွားတိုးတက် ကြွယ်ဝချမ်းသာမှုသုခအဖြာဖြာကို ဆွတ်ခူးရယူ
ပိုင်ဆိုင်နိုင်ကြပါစေကြောင်း အသက်တမျှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။”
ဇာနေယျ

အပြည့်အစုံဖတ်လိုလျှင်

ပြောပါ

ပြောပါ
“အခက်အခဲတော့ရှိတာပေါ့။ ပို့ပေးတ့ေဲ ငရွ တော့ ခမျာများ ကျေးဇူးတင်ရှာပါတယ်။ ဆေးဖို့းစုစုပေါင်းကတော့
ငါးသိန်းကျော်လောက်ကုန်သွားတယ်။ အဆင်တော့ပြေသွားတာပေါ့။ ပုံမှန်ထောင်ဝင်စာတွေ့တဲ့အခါ လိုတာတွေကို
စီစဉ်ပေးပါတယ်။ ကိုအောင်ထွန်းတို့ကလဲ တော်လှန်ရေးနေ့ ရုံးရှေ့ကိစ္စနဲ့ ချိတ်ပြီး ဖမ်းခံလိုက်ရတယ်။ စုစုပေါင်း ၁၂ယောက်။
ထောင်ဝင်စာအတွက် အားလုံးခက်ခဲကြတယ်။ ဒီအထဲက ထွန်းလင်းကျော်ဆိုတဲ့ ကောင်လေးကတော့ ဆေးရုံကြီး
တင်လိုက်ရတယ်။ သွေးတွေအန်လို့။ နဂိုက သူ့မှာ အဆုပ်ရောဂါရှိတယ်။ ဖမ်းခံလိုက်ရတော့ ပိုဆိုးသွားပုံရပါတယ်။”
ကိုယ်တိုင် သွေးအန်နေသလိုပဲ ခံစားလိုက်ရတယ်။
သူတို့ကို မမြင်မသိခ့ဖဲူးပေမယ့် မလေးရှားထောင်ထဲမှာ လူမျိုးခြား မြန်မာ(ဗမာလို့ မသုံးတာက ခံလိုက်ရတိုင်း
ညီအကိုတိုင်းရင်းသားတွေက အမြဲပါနေကျမို့ပါ)တွေရဲ့ အချိုးခံ အနှိမ်ခံ အဖဲ့ခံ ဘဝတွေ ကိုယ်တိုင်ရင်ဆိုင် ကြုံခဲ့ရဖူးတယ်လေ။
အထူးသဖြင့် အောင်ဆန်းစုကြည်အဖွဲ့(မလေးထောင်ရဲတွေက သံရုံးရှေ့ အမျိုးသားညီလာခံဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြရင်း
ဖမ်းခံရတဲ့သူတေကွို စုကြည်ရ့လဲူတေလွို့ ခေါ်တတ်ကြပြီး စုကြည် ကိုယ်တိုင်တောင် အဖမ်းခံထားရတာ
မင်းတို့ကဘာလုပ်နိုင်မှာမို့လနဲ့ဲ လှောင်မေးမေးလေ့ရှိပါတယ)် တိုင်းကို တခြား ထောင်ကျ မြန်မာများထက် ပိုပြီးတော့
ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပါတယ်။ သွေးထွက်ကွဲပြဲ အားရအောင် ထိုးကျိတ်ကန်ကျောက် ရိုက်နှက်နှိပ်စက်ပြီးမှ
တိုက်ပိတ်ဆောင်ဘက် ဆွဲထုတ်ခံသွားရတာမှာ ခံရတဲ့သူတွေဘက်က သူများနိုင်ငံထဲ တရားမဝင်ခိုးနေတဲ့ ကလေကချေတွေဘဝမို့
ခါးခါးသီးသီး အံကြိတ်လို့သာ ခံခြဲ့ကရတာပါ။
ကိုယ်ပိုင်ဆိုင်တဲ့ အမိမြေနဲ့ အဖနိုင်ငံတော်ကြီးကိုကျတော့ တရားမဝင်သူတွေက ခပ်တည်တည် တက်အုပ်ထားတာခံပြီး
တရားဝင်နိုင်ငံသားတြွေ ဖစ်တဲ့ တိုင်းရင်းသားအပေါင်းက တပါးသူစိမ်းတွေရဲ့မြေမှာ တရားမဝင် အဖြစ်ခံလို့(တချို့များဆို
ပျော်လို့ပါးလို့၊ တချို့တွေလဲ သေကြကြေကြပေါ့လေ)နေရတဲ့ ပုံတွေပြောပါတယ်။ ဒီစကားကို ဖိနှိပ်မှုတွေခံမနိုင်ကြတော့တဲ့အဆုံး
ထောင်ထဲ အစာငတ်ခံဆန္ဒပြကြစဉ်နဲ့ တရားရုံးချိန်းတခုမှာ ကျနော်တို့ဟာ အပြစ်သားတွေမဟုတ်ကြောင်း ရင်ကော့ ပြောခ့တဲုန်းက
အဒဲီမြန်မာစကားမတတ်တဲ့ မလေး၊ တရုတ်၊ ကုလား နိုင်ငံခြားသားများက တလေးတစား စဉ်းစားနားလည်ပေးကြတယ်။
အဒဲီရ့ေဲ နာက်ပိုင်းမှာတော့ မလေးထောင်ဝန်ထမ်းတွေဘက်က မစရဲတော့ဘူး။ မြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပြည်ပရောက်
မြန်မာနိုင်ငံသားတွေ ကိုယ်၌က ထောင်ပါအကျခံပြီး ဆန့်ကျင်ခဲ့ကြတဲ့ အဒဲီရှုတ်ရှက်ခတ်နေတဲ့ ရုတ်မတ်ခုနှစ်ချက်ရဲ့
အန္တရာယ်ကြီးမားပုံကို မင်းတို့နောက်ထပ် ဗမာဘယ်နှစ်သန်းလောက် ထပ်ပြီးလက်ခံနိုင်သေးလို့လဲဆိုတဲ့
နိမိတ်ပြမေးခွန်းတခုထနဲ့ တဲ င် ကောင်းကောင်းကြီးသိနားလည်သွားစေတဲ့ သူတို့ရဲ့ အစိုးရဌာနပိုင် ဝန်ကြီးအဆင့်တေကွ နေ
သက်ဆိုင်ရာ ထောင်ပိုင် ထောင်ချုပ်တွေဆီကို ဖုန်းဆက်ပြောဆိုလာရကုန်သည်အထိ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ
သိသိသာသာမဟုတ်ပေမယ့် ပေါ်ပေါ်ထင်ထင်ကြီးတော့ အသလွတ် ရိုက်နှက်နှိပ်စက် တိုက်ပိတ်တာတွေ မလုပ်ကြတော့ဘူး။
ဆိုလိုချင်တာက သူတို့လူမျိုး သူတို့နိုင်ငံတွေက သူတို့တိုင်းပြည် ဒုက္ခရောက်မှာကို စိုးရိမ်ပူပန်တတ်ကြသလောက် ကိုယ့်လူမျိုးသား
တနိုင်ငံတည်းအတူတူမှာကျတော့ အမလေးဟ့လဲို့ပဲ အမေတွေကိုတပြီး အော်နိုင်တော့တယ်။ ဗမာစကားကို ဗမာလိုပြောတာ
တပြည်ထောင်တည်းသား မြန်မာအချင်းချင်း နားမလည်ကြတော့ဘူးတဲ့လား။
လုပ်ရက်ကြပုံတွေပြောပါတယ်။ သူရို့ စစ်ခေါင်းဆောင်တွေကို ဘယ်ပြည်သူကမှ အဲဒီလောက် ဒုက္ခအရောက်ခံပြီး
အုပ်ချုပ်ခိုင်းမထားပါဘူးနော်။ တရားဝင် နိုင်ငံသားလက်မှတ်ကိုင်ထားတဲ့ ပြည်သူတွေနဲ့ အဒဲီပြည်သူများရဲ့
ရွေးချယ်တင်မြှောက်ထားခြင်းကို ခံရတဲ့ အစိုးရလွှတ်တော်အမတ်များက တရားမဝင် ဖမ်းဆီးခံရ၊ သတ်ဖြတ်ညှင်းပမ်းနှိပ်စက်ခံရ၊
အိမ်နီးချင်းနိုင်ငံတွေထဲ တရားမဝင်ခိုးကြောင်ခိုးဝှက်နဲ့ နေရစဉ်မှာ ဒီအာဏာရှင်စောက်ရူးတွေက အတည်ပေါက်နဲ့ လူထုကိုတပြန်
ဖြေဲ ဟာက်နေသေးတယ်။ အရှက်မရှိတဲ့ အာဏာသူခိုးတွေပါ။ သူခိုးဆိုမှတော့လဲ အရှက်ကဘယ်ရှိချင်တော့မလဲလေ၊ နော့။
အများကြီးပဲ။ သူခိုးတွေ၊ သူခိုးသားမယားတေနွ့ဲ သူတို့ရဲ့နောက်လိုက်တွေ...။
တနိုင်ငံလုံးမှာ ကျန်နေတဲ့ လူကောင်းများက အခုလို ထောင်ထဲတွေမှာ၊ ရပိသာ၊ ဘုန်းကြီးကျောင်းနဲ့ တရားစခန်းတွေမှာ၊
လမ်းတွေေ ပ်ါမှာနဲ့ ရေမလာ မီးမရတဲ့ ပိန်းပိန်းပိတ် အမှောင်ထုဖုံးလွှမ်းတဲ့ တိုက်ခန်းငယ်တွေမှာ မျှော်လင့်ချက်မဲ့စွာ...။
တိုင်းပြည်ဟာ ကံကြမ္မာရ့လဲ က်ထဲ ကျရောက်လို့နေပါပြီ...။ ဥပဒေအကာအကွယ်မဲ့နေရတဲ့ ပြည်သူတွေခမျာ ဘယ်တော့
လုယက်သတ်ဖြတ်ခံရမလဲ ဆိုတာပဲ တွေးကြောက်နေရှာရတော့မယ်။ လူထုဟာ လုံခြုံရာမဲ့ခံစားလာရချိန် ကံကိုသာလျှင်
ပုံချပြီးတော့ ဖြစ်လာသမျှ ဘာမဆိုကိုလက်ခံသွားရတော့မှာလား။ ဆရာတော်ဘုရားများ ဟောကြားခဲ့သလို ရတနာသုံးပါးဂိုဏ်းဝင်
ရဟန်းမြတ်သံဃာတော်တွေကို ညင်းပမ်းနှိပ်စက် စော်ကားသတ်ဖြတ် မောင်းထုတ်ခဲ့မှုတွေရဲ့ အကြောင်းကြောင့် ဖြစ်လာမယ့်
အကျိုးဆက်ရလဒ်က တိုင်းပြည်ပျက်သုန်းခြင်းပဲဖြစ်မလား။ ဆိုးဆိုးဝါးဝါး သဘာဝဘေးဒဏ်တွေ ကျရောက်လာမယ်။ သမိုင်းမှာ
မဖြစ်စဖူး မိုးခေါင်ရေရှား ရာသီဥတုတွေ ဖေါက်ပြန်လို့ စားနပ်ရိက္ခာရှားပါးမှုတွေ ကြုံလာမယ်။ လူလူချင်း အနိုင်ကျင့်ညှင်းပမ်း
နှိပ်စက်သတ်ဖြတ်တာတွေ ပေါလာမယ်။
ဗုဒ္ဓဘာသာထွန်းကားတ့နဲိုင်ငံတခုမို့ ဒီလောက်ဒုက္ခရောက်ရဖို့ရှိမလားဆိုရင် ဘာလို့ ဒီ ရဟန်းသံဃာ ရှင်သာမဏေနဲ့
သီလရှင်သူတော်စင်တွေ သွေးမြေကျ ပျံလွန် ညှင်းပမ်းနှိပ်စက်မှုကြီးတွေ ပြုခဲ့ရတာလဲ၊ ပြုခွင့်ကိုပေးခဲ့ကြတာလဲ ဆိုတာက အဖြေပဲ
ဖြစ်မှာပါ။ သေွး န့ေဲ ရးတဲ့ သာသနာမှာ သနပ်ခါးလိမ်း ပန်းပန်ပြီး ဆန္ဒမဲသွားထည့် ကန့်ကွက်ခဲ့ရုံနဲ့ ရလိမ့်မယ်လို့ထင်ရင်
လုပ်ကြည့်ပေါ့။ နိုင်ငံတော် အကြီးအကဲတွေဖြစ်တဲ့ တိုင်းပြည်ဥသျှောင်ပါတီ ကိုယ်စားပြု ဒီမိုကရေစီအမတ်များနဲ့
သခင်ခေါင်းဆောင်ကြီး စစ်စစ်များကလဲပဲ သိက္ခာနဲ့ ရိက္ခာကို မျှတဆင်ခြင်ကြည့်မနေပဲနဲ့ တာဝန်ရှိတဲ့အလျှောက်
ဆင်းရဲသားကျောမွဲ ပြည်သူတေရွ့ဲ ငယ်နေတဲ့ မျက်နှာကို ထောက်လို့ ထောင်ကျကျ တန်းကျကျ လိုအပ်သလို ပြက်ပြက်သားသား
အရေးယူ ကိုင်တွယ်ဆောင်ရွက်သင့်ပါပြီ။
ဒီအတိုင်းသာသွား၊ ခင်ဗျားတို့အားလုံး တနေ့သေလိမ့်မယ် ဆိုရင် ပြောတဲ့သူကို ရန်ရှာချင်လိမ့်မယ်။ သေရင်ပြီးပြီလို့
ကိုယ့်ကိုကိုယ်ထင်နေတဲ့ ဘာသာမ့ေဲ တအွ တကွ် ဘုန်းကြီးတို့ဘက်ကလဲ သရဏဂုံတင်ပေးဖို့ မလိုပါဗျာ။ နောင်တချိန်
ပြည်သူလူထုရဲ့ မေတ္တာစူးလို့ လောကနဲ့ ဓမ္မက ဒဏ်ခတ်တဲ့အခါ ဒီလိုလူမဆန်သူတွေရဲ့ အသုဘရှုဆွမ်းသွတ်မျိုးတော့
ဆောရီးပဲဒကာလို့သာ ငြင်းလွှတ်ဖို့ ပြည်သူ့ဘုန်းဘုန်းများအားလည်း ဒီစာလက်ခံရရှိကြသူများကနေတဆင့်
ကြားဖြတ်လျှောက်ထားလိုပါတယ်ဘုရား။ နောက်ထပ်ပြီးတော့ ဒီလိုလူစားမျိုးတွေအတွက် ပြောစရာက မသေခင်
ထမင်းဝဝစားထားကြဦးပေါ့လို့ပဲ။ အသလွတ်ကြီး ကျိန်းတယ်လို့ စိတ်တော့မခုကြနဲ့နော်။ ဒီကတရားစကားနဲ့ သံဝေဂယူနိုင်ဖို့
ပြောတာပါ။
သူရဲကောင်းဆိုတာ ခေတ်ကာလရ့ေဲ တာင်းဆိုမှုနဲ့ သမိုင်းရဲ့လိုအပ်ချက်အရသာ ပေါ်ထွက်လာရစမြဲပဲဖြစ်တယ်။ တိုင်းပြည်မှာ
လန်ွလန်ွမင်းမင်း နောက်ထပ်လိုအပ်နေသေးတဲ့ သူရဲကောင်းတွေအဖြစ် ၈၈လွန် ကာလတွေထဲက တံခွန်ထူခဲ့သူတေကွ
ဘယ်သူလဲ။ ကံမကောင်းလှစွာပဲ ကိုယ်တော့မဟုတ်ခဲ့ဘူး။ ပေါက်ပါတယ်နော်။ မြှောက်ပေးနေတာလဲမဟုတ်ဘူး။ ၁၉၉၀ပြည့်နှစ်
သမိုင်းကရေွး ချယ်ပေးအပ်ထားတဲ့ တာဝန်အရနဲ့ အဲဒီပြည်သူက လှိုက်လှိုက်လှဲလှဲ ပေးအပ်ခဲ့တဲ့ ပြောဆိုလုပ်ကိုင်ပိုင်ခငွ့်တွေက
ဘယ်သူ့ဆီမှာလဲ။ ဘာဖြစ်လို့ နှစ်နှစ်ဆယ်ကြာမှ ပြည်သူလူထုလက်ထဲ မလှိမ့်တပတ်နဲ့ ပြန်ထိုးအပ်ပြီးတော့ ခင်ဗျားတို့ပဲ
ကန့်ကွက်လိုက်ပါ၊ ဒီဟာခင်ဗျားတို့ ပြည်သူလူထုရဲ့ တာဝန်တွေချည်းပါပဲ လုပ်နေရတာလဲ။ ပြည်သူလူထုသာ အခရာ
အဓိကအကျဆုံးလို့ဆိုရင် ဘုံရန်သူတေနွ့ဲ အနီးကပ်ဆုံး ရင်ဆိုင်နေရတဲ့ ကိုယ့်လူမျိုး ကိုယ့်ပြည်သူတွေအတွက် အနည်းဆုံး
ရင်းနှီးပေးဆပ်မှုလေးတခုခုတော့ တိုင်းရင်းသား မိဘပြည်သူအသီးသီးရဲ့ ခေါင်းဆောင်တွေအနေနဲ့ အားနာပါးနာလေးပဲဖြစ်ဖြစ်
လုပ်ပြသင့်ပါတယ်။ လုပ်ကြဖို့အချိန်တန်ပြီလို့လဲ ထင်ပါတယ်။
ကိုယ်ကပြည်ပနိုင်ငံတွေမှာ ရှာဖွေထောက်ပံ့နိုင်လို့ ကိုယ့်တမိသား ချမ်းသာရာရပြီး ကုသိုလ်ကံတွေကောင်းမယ်လို့ ထင်ထားရင်
အဒဲီစားနငိုသောက်နိုင်နေတဲ့ မိသားစု ဆေမျွိုးတစုတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေက စစ်ဗိုလ်ချုပ်ကြီးများနဲ့ သူတို့ရဲ့
သားမယားဆေမျွိုးသားချင်းများလို မပနွ်းမပဲ့ လုံခြုံစိတ်ချစွာ ရှိနေမှာ သေချာလား။
ဇာနေယျ
(Ref: Hotel Rwanda)

အပြည့်အစုံဖတ်လိုလျှင်

NCGUB ၏ နှစ်သစ်ကူးသ၀ဏ်လွှာ


အပြည့်အစုံဖတ်လိုလျှင်