စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, May 22, 2008

အမေရိကန် စစ်သင်္ဘောတွေ ၀င်ရောက်ကူညီခွင့်ပြုရေး သမ္မတကတော် လော်ဒါဘုရှ် တောင်းဆို


22 May 2008


မြန်မာနိုင်ငံက ဆိုင်ကလုံး ဘေးဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စုရဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနိုင်ရေး ခွင့်ပြုဖို့အတွက် အမေရိကန် သမ္မတကတော် လော်ဒါဘုရှ်က မြန်မာ စစ်အစိုးရကို ထပ်မံ တောင်းဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ အကူအညီ အထောက်အပံ့တွေကို ပေးဖို့အတွက် ဘာမှ ချွင်းချက်ထား ကန့်သတ်တာတွေ မထားဘူးလို့လည်း သမ္မတ ကတော် လော်ဒါဘုရှ်က IBB အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အသံလွှင့်ဌာနကို ပြောပါတယ်။

မြန်မာ အစိုးရအနေနဲ့ ဒီအကူအညီ လေယာဉ်တွေကို ဆင်းသက် ခွင့်ပြုတယ်ဆိုတဲ့ အတွက်လည်း ကျမအနေနဲ့ ၀မ်းမြောက်မိပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ရေတပ် သင်္ဘောတွေကိုလည်း အလားတူ ကမ်းဆိုက်ခွင့် ပေးဖို့ လော်ဒါဘုရှ်က မြန်မာ စစ်အစိုးရကို တောင်းဆိုခဲ့ ပါတယ်။ လေယာဉ်နဲ့ သယ်လို့မရတဲ့ အထောက်အပံ့ ပစ္စည်းတွေကို သင်္ဘောတွေနဲ့ပဲ သယ်ဆောင် နိုင်တာကြောင့်ပဲ ဖြစ်တယ်လို့ သမ္မတကတော် လော်ဒါဘုရှ်က ပြောပါတယ်။

သင်္ဘောထဲမှာ ပင်လယ် ဆားငန်ရေကနေ သောက်ရေသန့် အဖြစ် စစ်ထုတ်လို့ရတဲ့ ပစ္စည်း ကိရိယာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေကြီးတဲ့ နေရာတွေကို ကယ်ဆယ်ရေး လုပ်သားတွေ ထောက်ပံ့ ပစ္စည်းတွေ သယ်ဆောင်ဖို့အတွက် ရဟတ်ယာဉ်တွေလည်း ဒီသင်္ဘော ပေါ်မှာလည်း ပါရှိတယ်လို့ သမ္မတကတော် လော်ဒါဘုရှ်က ပြောဆိုခဲ့ပါတယ်။

အခုဆိုရင်တော့ အမေရိကန်ဘက်က အထောက်အပံ့ လေယာဉ်တွေ အစီးပေါင်း (၄၀)စာ မြန်မာ နိုင်ငံကို မုန်တိုင်းဒဏ်ခံထားရတဲ့ ဒုက္ခသည်တွေအတွက် ပို့ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ မနေ့ကတော့ မြန်မာအစိုးရ သတင်းစာမှာတော့ အမေရိကန်ရဲ့ အထောက်အပံ့တွေပါ အနောက်ကနေပြီး နှောင်ကြိုး ပါတယ်လို့ ဝေဖန်ဆောင်းပါးရေးထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒုက္ခသည်များကို နမူနာပြ ဖမ်းဆီး


ပုဂ္ဂလိက အလှူရှင်များ၏ အကူအညီပစ္စည်းများ ရယူနိုင်ရန် ကားလမ်းနံဘေးတွင် စောင့်ဆိုင်း နေထိုင်သည့် လေဘေးဒုက္ခသည်များကို အာဏာပိုင်များက ဖယ်ရှားရှင်းလင်းနေပြီး အချို့ကို နမူနာပြ ဖမ်းဆီးအရေးယူနေကြောင်း ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်ဘက်မှ ပြန်လာသူများက ပြောသည်။

ယခုလ (၁၉) တွင် ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သူတဦးက “ကျနော်တို့ ကွမ်းခြံကုန်းမြို့နယ် က ပြန်လာတော့ လမ်းမှာ စစ်သားတွေ၊ ရဲတွေက ဒုက္ခသည်တွေကို လမ်းဘေးမှာ မနေဖို့ အော်လံတွေနဲ့ တားနေတာ တွေ့ရတယ်။ အမိန့်ကို မနာခံရင် ဖမ်းမယ်၊ တချို့နေရာတွေမှာတော့ တယောက်ကို ဒဏ်ငွေ ကျပ် (၃,၀၀၀) ရိုက်မယ်ဆိုပြီး ကြေညာတာ ကြားရတယ်” ဟု ပြောသည်။

ဒုက္ခသည်များက စစ်ကားနှင့် ရဲများ ချထားသည့် နေရာများတွင်မနေဘဲ အခြားနေရာများ၌ သွား စုရုံးကြကာ စစ်ကားများ ရောက်လာပါက လမ်းဘေးသို့ ဆင်းပြေးကြပြီး စစ်ကားများ လွန်သွား ပြီးနောက် လမ်းပေါ်သို့ ပြန်တက်လာကြကြောင်း သိရသည်။

ကော့မှူးမြို့နယ်နားရှိ ကျေးရွာတရွာ၌ လူ (၂၃) ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပညာပေး ပြန်လွှတ်လိုက်သော်လည်း နောက်နေ့များတွင် ထပ်ဖမ်းမိပါက ပြန်လွှတ်မည်မဟုတ်ဟု ပြောသည့် အတွက် ဒုက္ခသည်များ မကျေမနပ်ဖြစ်နေကြကြောင်း ပစ္စည်းသွားရောက်လှူဒါန်းသူတဦးက ပြောသည်။

မုန်တိုင်းဒဏ်ခံရသည့် ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်အတွင်း ကျေးရွာများ၌ ပြည်သူအများအပြား အိုးအိမ်ကျွဲနွားများ ဆုံးရှုံးကြပြီး အများစုမှာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသည်။

အချို့ရွာသားများမှာ ၎င်းတို့၏ ရွာများတွင် ဖြစ်သလို ပြန်နေကြရပြီး အစိုးရနှင့် နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေး အကူအညီများ မရရှိသေးပေ။

အဆိုပါ ကျေးရွာများမှ ဒုက္ခသည်များသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ပုဂ္ဂလိက အလှူရှင် များ မလာရောက်သည့်အတွက် ရန်ကုန်မြို့မှ အလှူရှင်အများအပြား လာရောက်သည့် ကော့မှူး၊ ကွမ်းခြံကုန်း ကားလမ်းများပေါ်သို့ တက်ပြီး အလှူခံကြခြင်းဖြစ်သည်။

နအဖ အာဏာပိုင်များက ကွမ်းခြံကုန်းမြို့အ၀င် ဘောလုံးကွင်း၌ ယာယီတဲ အလုံး (၂၀) ကျော် ထိုးပြီး ဒုက္ခသည်များကို စောင့်ရှောက်ထားသော်လည်း လုံလောက်မှုမရှိပေ။

လတ်တလောတွင် နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လေဘေးဒဏ်ခံ ဒေသများသို့ လှည့်လည်ကြည့်ရှုနေခြင်း၊ ယနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာ နိုင်ငံလာရောက်ပြီး ဒုက္ခသည်များကို လိုက်လံကြည့်ရှုရန် ရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့
လမ်းပေါ်ရှိ သောင်းနှင့်ချီသည့် ဒုက္ခသည်များကို ရှင်းလင်းရန် ကြိုးစားနေခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဝေဖန်ကြသည်။

ဖျာပုံ-ဘိုကလေး ကားလမ်းတလျှောက်၌လည်း ဒုက္ခသည် သောင်းနှင့်ချီ ရှိနေပြီး နအဖ အာဏာပိုင်များက စစ်တပ်နှင့် ရဲများကို အသုံးပြုကာ အဓမ္မ ရှင်းလင်းဖယ်ရှားနေကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်များအတွက် ဆန် ပြည်တွင်းဈေးကွက်မှာ WFP ကို ၀ယ်ခွင့်ပေး

NEJ/ ၂၂ မေ ၂၀၀၈

မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို ကျွေးရမည့်ဆန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ်အဖွဲ့ (WFP) အား ပြည်တွင်းဈေးကွက်တွင် ဆန်ဝယ်ရန် ကူးသန်းရောင်းဝယ်ရေး
ဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်။
မြစ်ဝကျွန်းပေါ် မုန်တိုင်းဒုက္ခသည်များကို (၃) လစာ ကျွေးရမည့် ဆန်ပမာဏထဲမှ ပဏာမ ဆန်တန်ချိန် (၁) သောင်းကို ယခုကဲ့သို့ ပြည်တွင်း၌ ၀ယ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ကုလ သမဂ္ဂလူသားချင်းစာနာမှု ကူညီရေးဆိုင်ရာအဖွဲ့ (UNOCHA) က သတင်းထုတ်ပြန်သည်။
သို့သော် မုန်တိုင်းဒုက္ခသည်များအတွက် လိုသည့်ဆန်ပမာဏ အများအပြားကို ပြည်ပမှ တင်သွင်းရမည်ဖြစ်သည်ဟု စုံစမ်းသိရသည်။
သို့သော် WFP ကို ရောင်းချမည့် ဆန်ကုန်သည်များမှာ WFP ကို ရောင်းချနေကြ ဆန်ကုန်သည် များသာ ဖြစ်ရမည်ဟု ခွင့်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း သားသမီးများပိုင်သည့် ကုမ္ပဏီများသာ ဆန်ရောင်းခွင့်ရမည်ဖြစ်ပြီး သာမန်ဆန်ကုန်သည်များမှာ WFP ကို ဆန်ရောင်းခွင့်မရနိုင်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတဦးက ပြောသည်။
မုန်တိုင်းဒုက္ခသည် (၇) သိန်းခွဲကို (၃) လစာကျွေးရန်အတွက် ဆန်တန်ချိန် (၅) သောင်းခွဲ လိုမည်ဟု WFP က မှန်းထားသည့်အနက် ဆန်လိုအပ်ချက်၏ (၅၀) ရာနှုန်းကို ပြည်တွင်း၌
ဝယ်ရန်များသည်ဟု UNOCHA အဖွဲ့က ပြောသည်။
ပြည်ပဆန်တင်ပို့ခွင့်ရှိသည့် ကုမ္ပဏီများအနေဖြင့် မုန်တိုင်းမတိုင်မီက ဆန်ဝယ်ခွင့်ပြုထားသည့် နှုန်းမှာ ဧရာဝတီတိုင်းက ဆန်တန်ချိန် (၅) သိန်း၊ ပဲခူးတိုင်းက ဆန်တန်ချိန် (၁) သိန်းနှင့် စစ်ကိုင်းတိုင်းမှ ဆန်တန်ချိန် (၁) သောင်းတို့ဖြစ်သည်။
နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ စပါးအပျက်နှုန်းမှာ သိုလှောင်ထားသည့် စပါးတန်ချိန် (၆) သိန်းအပါအ၀င် တန်ချိန် (၇) သိန်းကျော်ရှိသည်ဟု ကုလသမဂ္ဂက မှန်းထားသည်။ မြန်မာနိုင်ငံ၏ ပြည်ပ ဆန်တင်ပို့နှုန်းက လွန်ခဲ့သည့် နှစ် (၄၀) အတွင်း တနှစ်တန်ချိန် (၄) သန်းမှ တနှစ်တန်ချိန် (၄) သောင်းထိ ကျသွားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

အန်အယ်လ်ဒီ ပါတီဝင် (၁၁) ဦး ဖမ်းဆီးခံရ

ပီတာအောင်/ ၂၂ မေ ၂၀၀၈


ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင် (၁၁) ဦးတို့ကို ရဲအထူး သတင်းတပ်ဖွဲ့က ယနေ့နံနက် အစောပိုင်းတွင် ၎င်းတို့နေအိမ်များမှ လိုက်လံဖမ်းဆီးသွားကြောင်း အဖွဲ့ချုပ်က ပြောကြားသည်။

၎င်းတို့အား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားကြောင်းနှင့် မည်သည့်နေရာ၌ ထိန်းသိမ်း ထားကြောင်းကိုမူ မသိရသေးဟု အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်တို့ အတည်ပြုလို့ရတာ (၁၁) ဦးပါ။ နေအိမ်တွေကနေ ခေါ်သွားတာပါ။ ခေါ်သွား တာကတော့ သတင်းတပ်ဖွဲ့က ခေါ်သွားတာပဲ။ ဘယ်မှာထားထားလဲဆိုတာ ခုထက်ထိ အဆက် အသွယ်မရသေးဘူး။ ဘာကြောင့် ဖမ်းတာလဲဆိုတာ မသိရသေးဘူး။ (၂၄) ၇က်နေ့ ဆန္ဒမဲပေးပွဲ ကြောင့်ဖြစ်နိုင်တယ်လို့ ကျနော်ယူဆပါတယ်။ သူတို့အားလုံးဟာ တက်တက်ကြွကြွ အလုပ်လုပ် တတ်တဲ့လူတွေဆိုတော့ အဲဒီရက်အတွက်များ ဖြစ်လေမလားလို့ ကျနော်တော့ အဲသလို စဉ်းစား မိတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ အန်အယ်လ်ဒီ ဗဟိုလူငယ်အဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် ကိုခင်ထွန်း၊ ကြည့်မြင်တိုင်မြို့ နယ်မှ ကိုကျော်ကျော်မိုးနှင့် ကိုအောင်သိန်း၊ စမ်းချောင်းမြို့နယ်မှ ဦးသက်ဝေ (ခေါ်) ကိုပေါက်စ၊ ရွှေပြည်သာမြို့နယ်မှ ဒေါ်ရှမ်းမနှင့် ဒေါ်ထက်ထက်ဦးဝေ၊ ဒဂုံမြို့သစ် တောင်ပိုင်းမှ မချို၊ ကိုလေးလွင်နှင့် မဥမ္မာ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှ မ၀င်းပပတို့ဖြစ်ကြောင်း သိရသည်။

နအဖစစ်အစိုးရက အန်အယ်လ်ဒီပါတီဝင်များကို စက်တင်ဘာ အရေးအခင်း မတိုင်မီနှင့် အရေး အခင်းနောက်ပိုင်းတွင် တရားလက်လွတ် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ ယခု ဖမ်းဆီးမှုသည် မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေကိုဖော်ပြသည့် အဖြစ် အပျက်တခု ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီက ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဗိုက်ပြည့်ရေး တာဝန်

ဗိုက်ပြည့်ရေး တာဝန်

မခံကြနဲ့  အငတ် ၊
ပြန်ချဟဲ့အပြတ် ၊
သံသယနဲ့ရပ်မနေနဲ့ ..။

စစ်တပ်ဆိုတာ သတ်ယုံသတ်ရဲတဲ့ကောင်တွေ
ငဒို့ မှာဆုံးရှုံးစရာ
ဘ၀ဆိုးကြီးကလွဲလို့
ငရဲမရှိ....။

ကိုမွှေး

အပြည့်အစုံဖတ်လိုလျှင်

စောက်သုံးမကျတဲ့ ခွေးစိတ်ပေါက်နေတဲ့ စစ်အစိုးရကြောင့်

ဒါဟာ မုန်တိုင်းကြောင့် မဟုတ်ဘူး၊ စောက်သုံးမကျတဲ့ ခွေးစိတ်ပေါက်နေတဲ့ စစ်အစိုးရကြောင့် တချိန်က မြေကြီးမှာ ရွှေသီးပါတယ် ဆိုတဲ့ ငါတို့ မြန်မာလူမျိုးတွေ၊ အခုတော့ သူတောင်းစားဘ၀ရောက်ရပြီ။ ရင်နာလိုက်တာကွာ….တောက်!!!

အပြည့်အစုံဖတ်လိုလျှင်

ကြားဖြတ် သတင်း

ဘန်ကီမွန်းနှင့်လုံခြုံရေးလိုက်လာသည့် ကုလသမဂ္ဂ နိုင်ငံတကာတပ်ဖွဲ့ ဟု ယူဆရသော
တပ်ဖွဲ့ တစ်ဖွဲ့ သည် ရန်ကုန်မြို့တွင်းတွင်ပင်ရှိနေသော်လည်း နအဖသည် လက်ရဲဇက်ရဲဖြင့် ငတ်နေသော ပြည်သူကို ရိုက်နှက်ကာ
အလှူရှင်များအား ဖမ်းဆီးသော လူဖမ်းပွဲကြီးအား ကျင်းပနေပါသည်။


Posted by Moethee Zun at 05:27

အပြည့်အစုံဖတ်လိုလျှင်

ကြားဖြတ် သတင်း

ကူညီလှူဒါန်းသူများဖြစ်သော
ထွန်းဇော်ဇော် လူငယ်ပြန်လည်ဖွဲ့ စည်းရေးတာဝန်ခံ(NLD)
ခင်ထွန်း အောက်မြန်မာပြည် တာဝန်ခံ (NLD)
ကိုသက်ဝေ စမ်းချောင်းဥက္ကဌ(NLD)
မဥမ္မာ ဒဂုံမြို သစ်
ဓါတ်ပုံ လူမာန်သာနှင့် ကို ဇာဂနာ၏ အဖွဲ့ မှ ငါးယောက် နအဖ ၏ မတရားအဖမ်းဆီးခံလိုက်ရပါသည် ။
မဖြူဖြူသင်းလဲ ဒုက္ခသည်များ လှူဒါန်းမှုများအား ရဲဝံ့စွာ လုပ်ဆောင် ခဲ့သည်ဟု သိရပါသည်။
ဆက်လက်အသေးစိတ်သတင်းစုံစမ်းကြပါ။

မနက်သုံးနာရီခန့် ကတည်းက စတင် ကာ ဖမ်းဆီးခြင်းဖြစ်သည်ဟု သိရပါသည်။

ွှThere were some dispute between about 1000 workers and labour authority in a Chinese owned factory
but it was over.

A source from the township just confirmed that about 700 to 800 peoples from Htan Ta Bin and Zee Gone did march to Rangoon.
3:41 PM They are blocked at Hlaing Thar Yar Bridge and
fighting with police had happened there, this morning.
Authorities are arresting volunteer helpers without organisations from Rangoon and other cities.


မှတ်ချက်။ ။ ကုလသမဂ္ဂ အတွင်းအရေးမှူး ဘန်ကီမွန်းအပါအ၀င် ကုလသမဂ္ဂအဖွဲ့ ကြီးနှင့်တကွ တကမ္ဘာလုံးအား သန်းရွှေ စစ်အုပ်မှ မင်းတို့ ကို ဒါပဲထင်တယ်ကွ ဟု ဗြောင်ပင် လုပ်ရပ်ဖြင့် သက်သေပြလိုက်ခြင်းဖြစ်ပါသည်။

Posted by Moethee Zun at 04:53

အပြည့်အစုံဖတ်လိုလျှင်

(KNU)ဥက္ကဋ္ဌ ကွယ်လွန်


ကရင့်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဖဒိုစောဘသင်စိန်သည် ယနေ့နံနက် (၂) နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

အသက် (၈၂) နှစ်ရှိပြီဖြစ်သော (KNU)ခေါင်းဆောင်သည် လူကြီးရောဂါဖြင့် ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဖဒိုစောဘသင်စိန်သည် မကွယ်လွန်မီအချိန်ထိ ကရင့်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB) သဘာပတိအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(NDF) ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများကောင်စီ(ENC) ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဇနီးနှင့်အတူ သမီး (၃) ဦး၊ သား (၁) ဦး ကျန်ရစ်ခဲ့ပြီး ရက်ပိုင်းအတွင်း (KNU)ထိန်းချုပ်ရာ နယ်မြေတခုတွင် ဈာပနအခမ်းအနားပြုလုပ်သွားမည်ဟု သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

တောင်ဒဂုံတွင် လူထုနဲ့အာဏာပိုင် ရုန်းရင်းဆန်ခတ်ဖြစ်

ရိုးမ ၃။ မေ ၂၁၊ ၂၀၀၈

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)တွင် ဒုက္ခသည်များအတွက် ပစ္စည်းများအား ပေးဝေခြင်း မပြုဘဲ ကိုယ်ကျိုးအတွက်သုံးစွဲသည့် အာဏာပိုင်များနှင့် ပြည်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရပ်ကွက်လူထုက ရာအိမ်မှူးအိမ်အား ဖြိုဖျက်ခဲ့သည်။

တောင်ဒဂုံ (၇၁) ရပ်ကွက်မှ ရာအိမ်မှူး ဦးသိန်းအောင်က နေအိမ်တွင် ကိုယ်ကျိုးအတွက် ဆန်များသိုလှောင်ထားပြီး ဒုက္ခသည်များအား ဆန်ပေးဝေသည့်အခါ ဆဲဆိုကြိမ်းမောင်းခဲ့သဖြင့် ရပ်ကွက်နေပြည်သူများက ၎င်းး၏အိမ်အား ဖြိုဖျက်ခဲ့ခြင်းဖြစ်သည်။

“ဖြစ်တာက မနေ့က ည (၁၀) နာရီလောက်မှာ၊ ရာအိမ်မှူးအိမ်နဲ့ ဝေါဗွီးရှင်းအဖွဲ့က အဖွဲ့ဝင် တယောက်အိမ်လည်း ပါတယ်၊ သူတို့အိမ်မှာ ဆန်နဲ့ တခြားပစ္စည်းတွေ ယူထားကြတယ်၊ ပစ္စည်း ဝေတော့လဲ ဘက်လိုက်မှုတွေလုပ်တော့ ရပ်ကွက်က ဒေါသထွက်နေတဲ့လူတွေက လုပ်တာ” ဟု အဆိုပါရပ်ကွက်နေသူတဦးက ပြောသည်။

ယင်းကဲ့သို့ အိမ်ကိုဖြိုဖျက်နေစဉ် ရာအိမ်မှူးနှင့်ဇနီးမှာ ထွက်ပြေးသွားပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ ရောက်ရှိလာသဖြင့် ည (၁၂) နာရီလောက်တွင် အခင်းဖြစ်ပွားမှုပြီးဆုံးသွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ အဆိုပါရပ်ကွက်ရှိ (ရယက)ရုံးတွင် လေဘေးသင့်သူများအားမဝေဘဲ ဆန်များ သိမ်းဆည်းထားသဖြင့် ရပ်ကွက်လူထုက (ရယက)ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းအား လိုက်လံ ရှာဖွေ၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။

“ဖမ်းမလို့လိုက်ရှာတုန်း ရဲတွေက ဒုတ်တွေဒိုင်းတွေနဲ့ရောက်လာပြီး လူတွေကိုခြိမ်းခြောက်တော့ ရပ်ကွက်လူထုကလည်း ဒုတ်တွေဓားတွေဆွဲပြီး အကြီးအကျယ်ဖြစ်မလို့ပဲ၊ သေနတ်နှစ်ချက် ဖောက်လိုက်တော့မှ လူစုကွဲသွားတယ်”ဟု ရပ်ကွက်နေသူတဦးက ပြောသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၇၁) ရပ်ကွက်တွင် အိမ်ခြေ တထောင်ကျော်ခန့်ရှိပြီး မုန်တိုင်းဒဏ် ကြောင့် ပြည်သူအများမှာ စားဝတ်နေရေးကြပ်တည်းနေပြီး စစ်အစိုးရလက်အောက်ခံအဖွဲ့များမှ လေဘေးသင့်ပြည်သူများအား ပေးဝေမည့် ပစ္စည်းများအား ကိုယ်ကျိုးရှာသုံးစွဲခြင်း၊ ရောင်းချ ခြင်းများ ပြုလုပ်နေသဖြင့် ရပ်ကွက်အတွင်း မကျေနပ်မှုများ တိုးပွားလာနေခြင်းဖြစ်သည်။

“ကြံ့ခိုင်ရေးအဖွဲ့က ကိုစိန်လင်း၊ မအေးမှုံ၊ အမျိုးသမီးရေးရာက မအေးမူ၊ မမူမူအေး၊ သူတို့ အိမ်မှာ ဆန်တွေယူထားတာတွေ့တယ်၊ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းအိမ်မှာက သွပ်အချပ် ၅၀ နဲ့ ဆန် ၃ အိတ် တွေ့တယ်၊ ဒုက္ခသည်တွေကို နည်းနည်းပဲပေးပြီးတော့ သူတို့ယူထားကြတာလေ” ဟု ရပ်ကွက်နေသူတဦးက ပြောသည်။

ပြည်သူများအား ဆန်ဝေစဉ် ဥက္ကဋ္ဌဦးအောင်ကြည်သိန်း ဆက်ဆံပုံနှင့်ပတ်သက်၍ မျက်မြင် တဦးက “မင်းတို့ဆင်းရဲသားတွေ၊ စောက်သုံးလဲမကျတဲ့ကောင်တွေ၊ မင်းတို့ ဘာလား ညာလားဆိုပြီး ကြိမ်းမောင်းတာတွေ လုပ်တယ်၊ ပြီးတော့ လာတန်းစီတဲ့အထဲက အမျိုးသမီး နှစ်ယောက်ဆိုရင် လက်သီးနဲ့ ဗိုက်ကို အထိုးခံလိုက်ရတယ်”ဟု ပြောဆိုခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒုက္ခသည်များကို အာဏာပိုင်များ ရိုက်နှက်ဖမ်းဆီးပြီး ကျေးရွာများသို့ပြန်ပို့နေ

ဖြိုးကြီး။ မေ ၂၁၊ ၂၀၀၈

ကားလမ်းဘေးတလျှောက်တွင် ကယ်ဆယ်ရေးပစ္စည်းများ ထွက်တောင်းနေကြသည့် လေဘေး ဒုက္ခသည်များကို အာဏာပိုင်များက ရိုက်နှက်ပြီး အချို့ကို ဖမ်းဆီးကာ ကျေးရွာများသို့ အတင်းအကြပ် ပြန်ပို့နေသည်။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်း-ဘိုကလေးကားလမ်းတလျှောက်တွင် အလှူရှင်များကို မျှော်နေကြ သည့် လေဘေးဒုက္ခသည်များကို ရဲက ပစ္စည်းများထွက်မတောင်းရန် ပြောဆိုရိုက်နှက်ပြီး ဖမ်းဆီးမှုများပြုလုပ်ကာ ကျေးရွာများသို့ ပို့ဆောင်နေခြင်းဖြစ်သည်ဟု ကိုယ်တိုင်သွားရောက် ခဲ့သူတဦးက ယနေ့ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကွမ်းခြံကုန်း-ဘိုကလေးကားလမ်းဘေးတလျှောက်ရှိ ဒုက္ခသည်များ အခြေအနေနှင့်ပတ်သက်၍ “လမ်းဘေးတလျှောက် ရှင်းနေကြတယ်၊ ရဲကားတွေ ခပ်လှမ်းလှမ်းမှာ တစီးစီချထားပြီးတော့ အဲမှာရှိတဲ့သူတွေကို တုတ်တွေနဲ့ လိုက်ရိုက်တာ၊ ပြေးကြလွှားကြနဲ့ ဖြစ်နေတာ၊ ပုဂ္ဂလိက အလှူ ရှင်တွေကတော့ တော်တော်လေးလှူကြတယ်”ဟု ကိုယ်တိုင်သွားရောက်ခဲ့သူ (HRDP)အဖွဲ့ဝင် တဦးက ပြောသည်။

ထို့အပြင် ဘိုကလေးမြို့ပေါ်မှ ဘေဘေးသင့်ဒုက္ခသည်များကို အာဏာပိုင်များက သင်္ဘောများ ဖြင့် အတင်းဖမ်းဆီးကာ ကျေးရွာများသို့ ပြန်လည်ပို့ဆောင်နေ၍ ကြိမ်ချောင်းကြီးကျေးရွာသို့ သွားသည့် သင်္ဘောတစင်းမှာ နစ်မြုပ်သွားပြီး အသေအပျောက်ကို မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့လာရောက်၍ လေဘေးသင့်ဒေသ များကို ကြည့်ရှုမည်ဖြစ်သဖြင့် ယခုကဲ့သို့ အတင်းအဓမ္မ နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“အရင်ရက်တွေကဆို ဘာမှမတွေရဘူး၊ အခု ဘိုကလေးမြို့စွန်ဘက်မှာ မိုးကာအပြာနဲ့ တဲတွေ ထိုးထားပြီး စစ်သားတွေကို အစောင့်ချထားတယ်၊ နယ်တွေကတက်လာတဲ့ ဒုက္ခသည် တော်တော်များများကိုလည်း ညဘက်ဆို သင်္ဘောတွေနဲ့ ခေါ်သွားတာတွေလုပ်တယ်၊ အခု တရက်နှစ်ရက်အတွင်းမှာ လုပ်လာတာ”ဟု ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ကိုင်ပြီးဆုံး၍ ဒုတိယအဆင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများကို စတင်လုပ်ကိုင် နေသည်ဟု ယခင်ရက်ပိုင်းက စစ်အစိုးရပိုင်မီဒီယာများမှ ဖော်ပြနေလျှက်ရှိသည်။

အပြည့်အစုံဖတ်လိုလျှင်

မွန်ပြည်နယ်မှသိမ်းလာသည့် ကျွဲများကို ပုသိမ်သို့ပို့ဆောင်ခဲ့

ဗထူး။ မေ ၂၁၊ ၂၀၀၈

စစ်အစိုးရက ဧရာဝတီတိုင်းအတွင်း ပြန်လည်တည်ဆောက်ရေးအတွက်ဟုဆိုကာ ယမန်နေ့ ညနေက ကျွဲများကို ပုသိမ်မြို့သို့ ပို့ဆောင်ခဲ့သည်။

ကျွဲများမှာ မွန်နှင့် ကရင်ပြည်နယ်မှဖြစ်ပြီး အဆိုပါဒေသများမှ ကျေးရွာလူကြီးများကို ဆင့်ခေါ် ကာ အကောင်ရေအလိုက် ကျသင့်ငွေပေးချေမည်ဟုဆိုကာ ဒေသခံတပ်များက အတင်းအဓမ္မ သိမ်းယူခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ညနေ (၄) နာရီခွဲခန့်မှစတင်ကာ ရန်ကုန်မှ စစ်တပ်ပိုင်ကားများဖြင့် ပုသိမ်မြို့သို့ ညတွင်းချင်း အရောက်ပေးပို့ရန် ညွှန်ကြားထားခဲ့ကြောင်း စစ်တပ်နှင့် နီးစပ်သူတဦးက ပြောသည်။

“တစီးကို ငါးကောင်နှုန်းတင်ပြီးတော့ ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်း ထပရ ( ၅၂၅) က ကားတွေနဲ့ ပုသိမ်ကို ညအရောက် မောင်းခိုင်းတယ်၊ မွန်ပြည်နယ်ဘက်ကလို့ သိရတယ်၊ ရွာတွေမှာဆင့်ခေါ်ပြီး ပေါက်ဈေးအတိုင်း အစိုးရက ချေလိမ့်မယ်ဆိုပြီး အတင်းဆွဲလာတာလို့ ပြောတယ်၊ ပေးမပေးတော့မသိဘူး၊ ပေးရင်လည်း ဈေးနှိမ်မှာပဲ”ဟု ရန်ကုန်မှ စစ်တပ်အရာရှိ တဦးက ပြောသည်။

လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ဒုတိယအဆင့်အနေဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ စတင်နေသည်ဟု စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မကြာမီရက်ပိုင်းအတွင်းက ပြောဆိုခဲ့သည်။

ယမန်နေ့က ရန်ကုန်မှ ပုသိမ်သို့ ပထမအသုတ်အဖြစ် ကျွဲကောင်ရေ ၁၅၀၀ စတင်သယ်ဆောင် နေပြီး ကုလအတွင်းရေးမှူးချုပ် လာရောက်စဉ် ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ငန်း များ လုပ်ဆောင်နေသည်ကို ပြသရန် ရည်ရွယ်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရကမူ ယင်းတို့ပိုင် ရုပ်မြင်သံကြားအစီအစဉ်မှနေ၍ ယခုလ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ် သာအေးမှ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာရွာသို့ရောက်ရှိပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်း အတွက် ခိုင်းကျွဲများဝယ်ယူကာ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်နေသည်ကို ကြည့်ရှု အားပေးနေကြောင်း ထုတ်လွှင့်သွားခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်သိန်းချီရှိနေပြီး အစားအသောက်အခက်အခဲ ရေအခက်အခဲတို့ကြောင့် ၀မ်းရောဂါများဖြစ်ပွားနေ

ဖြိုးကြီး။ မေ ၂၁၊ ၂၀၀၈


ဘိုကလေးမြို့ပေါ်တွင် ကျေးရွာများမှရောက်ရှိနေသည့် ဒုက္ခသည်များ သိန်းချီရှိနေပြီး အစားအသောက်မလောက်ငမှုနှင့် ရေအခက်ခဲတို့ကြောင့် ၀မ်းရောဂါများ ဖြစ်ပွားနေသည်။


စစ်အစိုးရအာဏာပိုင်များပေးသည့် ထောက်ပံ့မှုများ မလုံလောက်သည့်အပြင် ဒုက္ခသည်များမှာ အမိုးအကာမရှိဘဲနေရသဖြင့် ယခုကဲ့သို့ ကျန်းမာရေးအခြေနေများ ဆိုးရွားလာခြင်းဖြစ်ကြောင်း ဘိုကလေးမြို့ပေါ် (၄) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောဆိုခြင်းဖြစ်သည်။


ဒုက္ခသည်များ၏ ကျန်းမာရေးအခြေနေနှင့်ပတ်သက်၍ “အမိုးအကာမရှိတဲ့အတွက် စားဝတ်နေ ရေးကိစ္စက တော်တော် အခက်အခဲဖြစ်နေတယ်၊ သောက်ရေပေါ့၊ ကလေးငယ်တွေ ဝမ်းပျက် ဝမ်းလျှောကတော့ မြို့ပေါ်မှာ နဲနဲ နည်းတယ်၊ တောဘက်ကတက်လာပြီး ဒုက္ခသည်စခန်းမှာ လာနေတဲ့လူတွေကျတော့ အိမ်သာက သုံးလေးလုံးလောက်ပဲရှိတော့ အိမ်သာမှာပဲ မသွားနိုင် ဘဲနဲ့ ကြုံရာမှာပဲသွားလိုက်ကြတော့ ၀မ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတယ်”ဟု ပြောသည်။


သက်ဆိုင်ရာအာဏာပိုင်များက ယာယီမိုးကာတဲများ၊ အစားသောက်နှင့် ဆေးဝါးများကို ထိထိရောက်ရောက် ပေးဝေခြင်းမရှိသည့်အတွက် ရန်ကုန်-ဘိုကလေးကားလမ်းတလျှောက် လမ်းဘေးတွင် ဒုက္ခသည်များမှာ တဲများထိုး၍ နေထိုင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။


“ဘိုကလေးအစွန်ဘက် ဧရာတို့ ဘာတို့ဘက်မှာဆိုရင် ရဟတ်ယာဉ်နှစ်စီးသုံးစီးနဲ့ တခါပဲ လာ တယ်၊ နောက်ထပ်ပေးတာ မရှိတော့ဘူး ဒီနေ့ထိ၊ ယာယီတဲတွေပေးတယ်ဆိုတာ ဘိုကလေး မြို့ပေါ်မှာ တလုံးမှမတွေ့ဘူး၊ လုံးဝမပေးဘူး၊ အာဏာပိုင်တွေလည်းသွားလာနေတာ တွေ့နေ တာဘဲ၊ ဘာမှကို မလုပ်ပေးတာ၊ အာဏာပိုင်အဖွဲ့စည်းတွေကဝေခြမ်းတာ လုံလုံလောက်လောက် ဘာမှမတွေ့ဘူး”ဟု အဆိုပါမြို့ခံက ဆက်လက်ပြောသည်။

ဒုက္ခသည်များအတွက် လာရောက်လှူဒါန်းသည့် အလှူရှင်များကို အာဏာပိုင်များဘက်က တားဆီးမှုများ ယနေ့ထိရှိနေပြီး ပျောက်ဆုံးသွားသည့် မိသားစုဝင်များကို ရှာဖွေရန်အတွက် ဘိုကလေးအောက်ဘက်သို့ သွားရောက်ခွင့်ကိုလည်း ပိတ်ပင်ထားသည့်ဟု ဆိုသည်။


ဘိုကလေးမြို့ပေါ်သို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် ရောက်လာသော်လည်း မည့်သည့် အကူအညီမျှ ပေးသွားခြင်းမရှိဘဲ ဒုက္ခသည်များကို “မင်းတို့ပြည်သူတွေ ဒီအချိန်မှာ မခိုးကြနဲ့၊ မ၀ှက်ကြနဲ့၊ ခိုးရင်ဝှက်ရင် ဖမ်းမယ်၊ တကယ်လို့ မင်းတို့စားစရာမရှိရင် အုန်းပင်ကို လက်ညှိုး ထိုးပြပြီးတော့ အုန်းသီးစား၊ အုန်းရေသောက်လို့” ပြောဆိုခဲ့သည်ဟု မြို့ခံက ဆက်ပြောသည်။


ဘိုကလေးအောက်ဘက် ကျေးရွာများတွင်လည်း လူသေအလောင်းများမှ လက်ဝတ်လက်စား များကို ပဲ့ထောင်စက်လှေများဖြင့် လိုက်လံချွတ်ယူမှုများရှိနေပြီး နေအိမ်များမှ ပစ္စည်းများကို တက်ယူကာ အချို့ရွာများတွင် လုယက်မှုများ ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။

အပြည့်အစုံဖတ်လိုလျှင်

သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း

ဟောင်ကောင်မှစေတနာရှင်များကအောက်ဖော်ပြပါဆေးဝါးပစည်းများကို ဘိုကလေး၊ကွမ်းခြံကုန်း၊ကော့မှုး၊ခလုပ်၊ ဟိုင်းကြီးကျွန်း များရှိ မုန်တိုင်းဒုက္ခသည်များသုံးစွဲနိုင်ရန် ရွှေတိဂုန် စေတီတော် အသင်းနာယက ဓါတ်တော်တိုက် ဆရာတော်မှ တဆင့် လှုဒါန်းပြီးဖြစ်ပါကြောင်း သာဓုအနုမောဒနာ ခေါ်နိုင်ရန် အသိပေးအပ်ပါသည်။


အပြည့်အစုံဖတ်လိုလျှင်