စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, May 29, 2008

ကဲအခု အမေရိကန်၊ဗြိတိသျှ၊ပြင်သစ် စစ်သဘောင်္တွေပြန်တော့မယ်တဲ့ ဘာဆက်လုပ်ကြမလဲ

US commander: Navy ships likely to leave MyanmarBy ROBERT BURNS – 4 hours agoWASHINGTON (AP) — The senior commander of U.S. forces in the Pacific says the Navy probably will withdraw a group of naval vessels from waters off the coast of Myanmar within days unless the government allows the ships to offload their relief supplies for cyclone victims.ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပစ္စိဖိတ်ဒေသရဲ့  ရေတပ်ဗိုလ်ချုပ်ကြီး က နအဖက ၀င်ခွင့်မပြုဘူးဆိုရင် သူရဲ့ သင်္ဘောတွေ ပြန်လှည့့်လာကောင်းလာရတော့မယ်လို့  ဆိုပါတယ်။ ရေတပ်ဗိုလ်ချုပ်ကြီး တင်မိုးသီ ကိတ်တင်း ဟာကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်နဲ့ ဒီအပတ်ထဲမှာတွေ့ပြီးဒီကိစ္စကိုဆုံးဖြတ်ကြဖို့ရှိနေပါတယ်။ အမေရိကန်ရေတပ်တွေ ပြန်လှည့်သွားရင်တော့ ဒုက္ခသည်များကိုကယ်တင်ရေးနဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စဟာ အလားအလာအလွန်နည်းသွားတော့မှာဖြစ်ပါတယ်။ သဘောင်္ပေါ်မှာလူတသောင်းကျော်ပါလာတယ်။ သူတို့ ဟာ သဘောင်္ပေါ်မှာသုံးပတ်နီးပါးစောင့်ဆိုင်းနေခဲ့ကြတယ်။ မိုင်ပေါင်းတသောင်းကျော်ကသူတို့ ကူညီဖို့ လာခဲ့ပေမဲ့ ကျနော်တို့ က ခြေတလှမ်းထပြီး မလှမ်းနိင်တာတော့ ၀မ်းနည်းစရာကောင်းတယ်။ မုန်းတိုင်းဖြစ်ပြီးပြီးခြင်းမှာ သူတို့ ဝင်ရောက်ကူညီနိုင်ဖို့လှုပ်ရှားမှုကိုကျနော်တို့ လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်နိင်တဲ့သူတွေအများစုက ကယ်ဆယ်ရေးလုပ်ငန်းတွေထဲမှာ စုပြုံ သွားတယ်။ အရေးကြီးတဲ့နိင်ငံရေးလှုပ်ရှားမှုကြီးကိုလုပ်ဆောင်ဖို့ မေ့ နေကြတယ်။ ပြင်သစ်စစ်သဘောင်္ကတော့လှည့်ပြန်သွားပြီ။ အမေရိကန်တွေပဲကျန်တော့တယ်။ သူတို့ လည်း မကြာခင်လှည့် ပြန်တော့မယ်။၈၈ တုံးကလည်း အမေရိကန်ရေတပ်သဘောင်္ မြန်မာရေပိုင်နက်ထဲကိုဝင်ရောက်လာဘူးပါတယ်။ဒီတုံးကလည်း အခွင့်အလမ်းကိုအသုံးမချနိင်ခဲ့ကြပါဘူး။ ဒါဟာ ဒုတိယအကြိမ် မြန်မာတွေရတဲ့အခွင့်အလမ်းပါ။ ဒီသင်္ဘောပေါ်မှာ စားနပ်ရိက္ခာတွေပါတယ်။အပြောင်းအလဲဖြစ်နိင်တဲ့အခွင့်အလမ်းတွေပါ ပါလာပါတယ်။ ဒီအခွင့်အလမ်းကြီးကိုမေ့ ပြီး ရှိစုမဲ့စုပိုက်ဆံတွေကောက်၊အကန့် အသတ်တွေဒီလောက်လုပ်နေတဲ့ကြားတဲ့ကအဖမ်းခံပြီး မစို့မပို့ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေတဲ့ ကျနော်တို့ မြန်မာ တွေကိုလည်းအံ့သြမိတယ်။တကယ်လုပ်ရမဲ့ သေရေးရှင်ရေးလုပ်ငန်းက သဘောင်္တွေ မြန်မာကမ်းခြေကိုရောက်လာအောင် ပြည်တွင်းမှာ လူထုလှုပ်ရှားမှုကြီးကိုလုပ်ကြရမှာ။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီစစ်သဘောင်္တွေပေါ်မှာ အစားသောက် ( Food) တွင်မကဘူး၊ နအဖလက်အောက်ကလွတ်မြောက်ရေး(Freedom )က Hidden Gift အဖြစ်ပါလာလို့ ပါပဲ။ ဒါကြောင့်နအဖက အကြောက်အကန် ငြင်းဆန်နေတာဖြစ်ပါတယ်။အခြေအနေက တကယ်ကိုစိတ်ပျက်စရာကောင်းလှပါတယ်။ အမေရိကန်တွေ က မိုင်သောင်းနဲ့ ချီပြီးဝေးတဲ့နေရာက လာခဲ့ပြီ။ ကျနော်တို့ ခြေတလှမ်းပဲလှမ်းရမှာပါ။ သူတို့လူတသောင်းသဘောင်္ပေါ်မှာ နေစဉ်အကျဉ်းကျနေသလိုဖြစ်နေတယ်။အမေရိကန်သံရုံးထဲမှာလည်း သံအမူထမ်းတွေရော မုန်းတိုင်းမကျခင်ထဲက ကမ္ဘာလှည့် ခရီးသည်တွေအဖြစ်နဲ့ ရောက်နေတဲ့  သူတွေကို သံရုံးထဲမှာ ခေါ်ထားတာ သုံးပတ်ကျော်သွားပြီလို့ သိရပါတယ်။ သံရုံးထဲမှာပိတ်မိနေတဲ့ရိုးရိုး အရပ်သားအမေရိကန်တွေကို အမေရိကန်သံရုံးက ပြန်မလွှတ်သေးပဲ မရိမ်းတပ်တွေနဲ့ အတူပြန်ရမှာပါလို့ ပြောထားကြောင်းလည်းသိရပါတယ်ခင်ဗျား။အခွင့်အလမ်းကိုအသုံးချတတ်ပါစေ၊မြန်မာတွေ အဓိကနဲ့ သာမည ကိုခွဲခြားသိနိင်ပါစေ။

ကိုမိုးသီး ဘလောဂ့်မှ......


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတကာအကူအညီ မပါဘဲ ကယ်ဆယ်ရေးနဲ့ ထူထောင်ရေး မဖြစ်နိုင်

ဧရာဝတီတိုင်းက မုန်တိုင်းဒဏ် အပြင်းအထန်ခံစားခဲ့ရတဲ့ လူထုဟာ နိုင်ငံတကာကလှူတဲ့ ချောကလက်တောင့်တွေ မစားရရင်လည်း ကိုယ့်အားကိုယ်ကိုး ရှင်သန်နိုင်တယ်၊ မကြာခင်မှာဘဲ ပြန်လည်လန်းဆန်း ဖူလုံလာကြလိမ့်မယ်ဆိုပြီး မြန်မာအစိုးရအာဘော် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတပုဒ်မှာ ဆိုထားပါတယ်။

မုန်တိုင်းဒဏ်သင့်လူထုကိုလှူဒါန်းမည့် ပစ္စည်းများကို ပြင်ဆင်နေသည့် ပြည်တွင်း ပုဂ္ဂလိက အလှူရှင်များ။ မေ ၂၇၊ ၂၀၀၈။
မြန်မာနိုင်ငံကို အကူအညီပေးလုပ်ငန်းတွေ အဓိက ဦးစီးဆောင်ရွက်နေတဲ့ ကုလသမဂ္ဂတာဝန်ရှိသူတဦးကတော့ အကူအညီတွေ လိုနေသေးတယ်ဆိုတာ ဘယ်လိုမှ သံသယ ဖြစ်စရာမရှိဘူးလို့ ဆိုပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂရဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတွေကို ပြည်ဝင်ခွင့်ဗီဇာတွေ အဟန့်အတားမရှိ ထုတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။ ဒီအကြောင်းတွေကို စုစည်းပြီး ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
နိုင်ငံတကာက အကူအညီတွေ ပေးနေတာကို သတင်းစာဆောင်းပါးက ကျေးဇူးတင်စကား ဆိုထားပေမယ့် မြန်မာပြည်သူတွေဟာ နိုင်ငံခြားအကူအညီ အထောက်အပံ့တွေ မရပေမယ့်လည်း မိမိတို့ဘာသာ ရပ်တည်ထူမတ်နိုင်သူတွေ ဖြစ်ကြတယ်လို့ ဆိုထားပါတယ်။ ဒီအဆိုကို မြန်မာနိုင်ငံတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အဓိက ဦးစီးဆောင်ရွက်နေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ခရစ္စ ကေး (Mr. Chris Kaye) က သဘောမတူပါဘူး။
“ကျနော် အဲဒီဘက်ကို မနေ့ကရောက်ခဲ့ပါတယ်။ အင်မတန်ကို ထင်ရှားပါတယ်။ ရွာနှစ်ရွာကို ကျနော်ရောက်ခဲ့ရာမှာ အဲဒီရွာတွေက လူတွေဟာ အထိတ်တလန့် အခြေအနေမှာ ရှိနေကြဆဲပါ။ မုန်တိုင်းတိုက်ခတ်ပြီး ၂၄ ရက်ကြာပြီးတဲ့နောက်မှာတောင်မှ သူတို့ရွာတွေကို ပြန်ဆောက်ရမယ့်လုပ်ငန်းတွေ စတင်နိုင်အောင် သူတို့တွေ ရုန်းကန်နေကြရဆဲ ရှိပါသေးတယ်။ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ပြန်စနိုင်ဖို့ဆိုတာကို ထားလိုက်ပါဦး။ ကျနော်တို့ ထောက်ပံ့နိုင်သမျှ အကူအညီအားလုံးကို သူတို့လိုအပ်ပါတယ်။ ဒါကို ဘယ်လိုနည်းနဲ့မှ ကျနော့်မှာ သံသယမရှိပါဘူး။” လို့ ခရစ္စ ကေးက ပြောသွားပါတယ်။
သူပြောတာကို သဘောတူလက်ခံတဲ့ နောက်တဦးကတော့ အကူအညီပေးရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတဲ့ ပြည်တွင်းက ပုဂ္ဂလိက အလှူရှင်တဦးပါ။ မုန်တိုင်းဒဏ်သင့်ထားတဲ့ လူထုဟာ ကိုယ့်ဘာသာ ရပ်တည်ရှင်သန်နိုင်ဖို့ လုံးဝကို မဖြစ်နိုင်သေးပါဘူးတဲ့။
“အခုလောလောဆယ် စားဖို့အတွက်တောင် ပြည့်ပြည့်၀၀ မရနိုင်သေးဘူး။ လက်ရှိ ရန်ကုန်ဘက်က စေတနာရှင်တချို့ ပေးနေတာကလည်း လတ်တလော ပေးနေတဲ့ အချိန်ကာလမှာ စားနိုင်ရုံလောက်ပဲရှိတယ်။ ကျနော်တို့သွားတဲ့ဟာက နှစ်နပ်စာ၊ တရက်စာ အများဆုံးပေါ့။ သူတို့ ကျန်တဲ့ စားဖို့သောက်ဖို့အတွက် လနဲ့ချီပြီး ကြာမယ့်ကိစ္စကိုး။ ကျနော်တို့လည်း အဲဒီလောက်အထိ ကြာကြာသွားမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင် ရန်ကုန်မှာလည်း လူတယောက်က အနည်းဆုံး သွပ် တချပ်လောက်တော့ လန်တာချည်းပဲ။ ကျနော်တို့လည်း ဒီထဲမှာ အပါအ၀င်ပဲ။ ဒါပေမယ့် ကျနော်တို့က ကိုယ့်ထက်ဆိုးတဲ့ လူတွေရှိလို့ သွားပေးတာ။
“နိုင်ငံတကာကလည်း မြန်မာပြည်မှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ပြည့်ပြည့်၀၀ မလုပ်နိုင်တဲ့အတွက် နိုင်ငံတကာကလည်း ဒီ့ထက်ချမ်းသာတဲ့လူတွေက ကျနော်တို့ဆီကိုလာပေးတာ။ ဒါပါပဲ၊ သေချာ ပေါက်လိုအပ်နေပါတယ်။ နောက်ထပ် အများကြီးလိုအပ်နေပါသေးတယ်။”
ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂရဲ့ အကူအညီပေး လုပ်သားတွေအတွက် အရင်က ဆိုင်းငံ့ထားခဲ့တဲ့ ပြည်ဝင်ခွင့်ဗီဇာတွေအားလုံးကို မြန်မာအာဏာပိုင်တွေက အတည်ပြု ပေးလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ ဒါကို WFP ရဲ့ မစ္စတာ ခရစ္စ ကေးက အတည်ပြုပါတယ်။
“ဟုတ်ပါတယ်။ ကျနော်ရရှိတဲ့ သတင်းတွေအရဆိုရင်တော့ အရင်တုန်းက လျှောက်ထားခဲ့တဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို ပြဿနာတခုခုမရှိဘဲ အတည်ပြု ထုတ်ပေးလိုက်ပါပြီ။” လို့ဆိုပါတယ်။
မုန်တိုင်းဒဏ် အပြင်းအထန်သင့်ခဲ့ရတဲ့ ဧရာဝတီတိုင်းက ဒေသတွေဆီ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေကလူတွေ သွားခွင့်ရကြပြီဆိုပေမယ့် ဗျူရိုကရေစီ ကြိုးနီစနစ် အတားအဆီးတွေကတော့ ရှိနေဆဲပါ။ ခရစ္စ ကေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ လပွတ္တာကို သွားရောက်ခဲ့ပြီး အဲဒီမှာ တညနေပြီးတဲ့နောက် မနေ့ညကမှ ရန်ကုန်ကိုပြန်ရောက်လာတာပါ။
“ဒါပေမယ့် လပွတ္တာကိုသွားတဲ့လမ်းမှာ စစ်ဆေးရေးဂိတ်ကို ဖြတ်နိုင်ဖို့အတွက် ခွင့်ပြုမိန့် စာရွက်စာတမ်း လိုပါတယ်။ ခရီးသွားဖို့ ခွင့်မပြုခင်မှာ ကျနော်တို့ လိုက်နာလုပ်ဆောင်ဖို့ အာဏာပိုင်တွေက ချမှတ်ထားတဲ့ ဗျူရိုကရေစီ ယန္တရားအဆင့်တွေကို ဖြတ်သန်းရပါတယ်။ ဆိုတော့ မုန်တိုင်းဒဏ်သင့်ဒေသတွေဆီကို ရောက်ဖို့ ကားပေါ် တက်သွားလိုက်ရုံနဲ့ရတဲ့ လွတ်လပ်ခွင့်မျိုး ကျနော်တို့မှာ မရှိပါဘူး။” လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ခရစ္စ ကေးက ပြောပါတယ်။
လေဘေးသင့်ပြည်သူတွေအတွက် ဘယ်သူမဆို၊ ဘယ်သူ့အတွက်မဆို၊ ဘယ်ဒေသမှာမဆို လွတ်လွတ်လပ်လပ် လှူဒါန်းနိုင်ပါတယ်လို့ အစိုးရအာဘော် သတင်းစာတွေမှာ အခုရက်ပိုင်း ဆက်တိုက်ဖော်ပြလာပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကအလှူရှင်တွေကို ခြိမ်းခြောက်တာတွေ၊ ဟန့်တားနှောင့်ယှက်တာတွေ စတဲ့သတင်းတွေကတော့ ထွက်လာနေဆဲပါ။
ဒါ့အပြင် မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေ လုပ်နေတာကိုလည်း ဖော်ပြနေပေမယ့် မုန်တိုင်းဒဏ်သင့်သွားလို့ နေမရသေးတဲ့၊ ရေတွေပြည့်နေတဲ့ သူတို့ဒေသတွေဆီ လူတွေကို အတင်းအကျပ်ပြန်ခိုင်းတာတွေ၊ အဓမ္မအလုပ်ခိုင်းစေတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်နေပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ပုဂ္ဂလိကကုမ္ပဏီတွေက တာဝန်ယူ လုပ်ဆောင်နေတဲ့ သတင်းတွေကိုလည်း ဖော်ပြနေပါတယ်။ တဖက်မှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို စစ်အစိုးရနဲ့ အကြောင်းအပေါင်းသင့်တဲ့ စီးပွားရေးသမားတွေက လက်ဝါးကြီးအုပ်လိုက်တာကြောင့် လယ်သမားတွေ ထပ်ပြီး နစ်နာကြရဦးမှာကို စိုးရိမ်မှုတွေကလည်း ပေါ်ထွက်နေပါတယ်။
ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁,၀၀၀ လိုမယ်လို့ မြန်မာစစ်အစိုးရက တောင်းခံထားပါတယ်။ ဒါပေမယ့် ဘာ့ကြောင့် ဒီငွေပမာဏလိုတယ်၊ ဘာတွေလုပ်မယ်၊ လိုအပ်တာတွေက ဘာတွေ၊ ဘယ်လို အကောင်အထည်ဖော်မယ် စတဲ့ အသေးစိတ် တိုင်းတာစစ်ဆေးထားတဲ့ အချက်အလက်တွေ၊ ကျကျနနရေးဆွဲထားတဲ့ အစီအစဉ်တွေကို ပြောမထားပါဘူး။ ဒါ့ကြောင့်လည်း ဒီငွေပမာဏကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအ၀င် ဘယ်သူကမှ အတည်ပြု လက်ခံထားတာလည်း မရှိသေးပါဘူး။ လက်ရှိအချိန်မှာ ကူညီကယ်ဆယ် ရေးလုပ်ငန်းတွေအတွက် သက်သက် ကုလသမဂ္ဂက မေတ္တာရပ်တောင်းခံထားတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၂၀၁ သန်းဖြစ်ပြီး ဒီငွေပမာဏရဲ့ တ၀က်နီးပါးလောက်ကိုပဲ ရပါသေးတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန် ကီ-မွန်း (Ban Ki-moon) အပါအ၀င် ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ တာဝန်ရှိသူတွေကတော့ မုန်တိုင်းဒဏ်သင့်လူထုကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ မပြီးသေးဘူး၊ အနည်းဆုံး နောက်ခြောက်လလောက်တော့ ဆက်သွားရဦးမယ်၊ လက်ရှိအဆင့်ဟာ ပြန်လည်ထူထောင်ရေးအဆင့် မရောက်သေးဘူးလို့ ပြောဆိုနေကြပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရ ၀င်ခွင့်မပေးရင် အမေရိကန် စစ်သင်္ဘောများ ရက်ပိုင်းအတွင်း ပြန်လည် ဆုတ်ခွါဖို့ရှိ

မြန်မာနိုင်ငံအတွက် ဆိုင်ကလုံး ကပ်ဘေး ကယ်ဆယ်ရေး သဘောတူညီချက် ပစ္စည်းတွေကို အမေရိကန်က ပေးပို့တဲ့နေရာမှာ ဒုက္ခသည်တွေကို ဘယ်လောက်ထိ ရောက်ရှိသလဲဆိုတာ သူ့အနေနဲ့ အသေအချာ မသိရှိတဲ့အကြောင်း ပစိဖိတ် ၀န်းကျင်ဆိုင်ရာ တပ်မမှူးက ပြောပါတယ်။ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေမှာလည်း အမေရိကန် စစ်မှုထမ်းတွေကို မြန်မာ စစ်ခေါင်းဆောင် ပိုင်းက ပါဝင်ကူညီခွင့်မပြုဘူးဆိုရင်တော့ မြန်မာ ကမ်းလွန်ပိုင်းမှာ စောင့်နေဆဲရှိတဲ့ အမေရိကန် ရေတပ်သင်္ဘောတွေကို သိပ်ကြာကြာတော့ သူ့အနေနဲ့ ဆက်ထားနိုင်မှာ မဟုတ်တဲ့ အကြောင်းလည်း ရေတပ်ဗိုလ်ချုပ်ကြီး တင်မိုသီ ကီတင်က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပန်တဂွန် စစ်ဌာနချုပ်ကနေပြီး ဗွီအိုအေ သတင်းထောက် အယ်ပတ်ဆင် သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး တင်မိုသီ ကီတင်အပြောအရကတော့ ထိုင်းနိုင်ငံကနေ ရန်ကုန်မြို့ ကို တခေါက်ကို မက်ထရစ်တန်ချိန် ၃၇၀ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဆီ ၁၃၀ အမျိုးအစား အမေရိကန် စစ်လေယာဉ် အခေါက်ပေါင်း (၇၀) ပို့ဆောင် ပေးနိုင်ခဲ့ပေမယ့် အဲဒီ ကယ်ဆယ်ရေး ပစ္စည်းတွေဟာ အခုလ စောစောပိုင်း တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ ဘယ်ပုံ၊ ဘယ်နည်း ဒုက္ခသည်တွေကို ဖြန့်ချီမှုပေးနေတယ်ဆိုတာကိုတော့ သူ့အနေနဲ့ အသေအချာ မပြောနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ အခုလို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
“ကယ်ဆယ်ရေး ပစ္စည်းတွေ ဒုက္ခသည်လက်ထဲကို ရောက်မရောက်ကတော့ သိနိုင်ဖို့ ခဲယဉ်း နေတုန်းပါပဲ။ ပစ္စည်းတွေကိုတော့ ရန်ကုန်မှာပဲ ပို့ပေးခဲ့ရပါတယ်။ အဲဒီကနေတဆင့် ဖြန့်ချီ ပေးတာကိုတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အကန့်အသတ်နဲ့ လုပ်ခွင့်ရတာ ရှိပေမယ့် အများစုကတော့ မြန်မာစစ်အစိုးရက ကြီးကြပ်ဖြန့်ချီပေးနေတာပါ။ အဲဒီပစ္စည်းတွေ ဘယ်တွေကို ရောက်နေပြီဆိုတာ ကျွန်တော်တို့ သိသလားလို့ မေးမယ်ဆိုရင်တော့ အဲဒီ ကယ်ဆယ်ရေး ပစ္စည်း တွေ ဘယ်ကို ပို့ကြသလဲဆိုတာကို ကျွန်တော်တို့ မသိဘူးလို့ ဖြေရမှာပါပဲ။”
မြန်မာနိုင်ငံအတွင်းမှာ ကယ်ဆယ်ရေး အမှုတမ်းတွေရှိကြတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ မှာတော့ သတင်း အချက်အလက်တွေ သူ့အနေနဲ့ ရရှိခဲ့ပေမယ့် အဲဒီအချက်အလက်တွေ ကလည်း မပြည့်မစုံတဲ့အကြောင်း ပစ္စည်းတွေဟာ ဒုက္ခသည်တွေ လက်ထဲ ရာနှုန်းပြည့်ရောက်တယ်လို့ မဆို နိုင်ပေမယ့် ရောက်သင့်သလောက်တော့ ရောက်တယ်လို့ သူယူဆရကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ကီတင်က ပြောသွားပါတယ်။
ကုလသမဂ္ဂအရာရှိတွေကတော့ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ လူ ၂သန်းခွဲအနက် တသန်းနီးပါးလောက် ထံကို ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်တယ်လို့ ဆိုကြပါတယ်။ လောလောဆယ်မှာတော့ မြန်မာ စစ်ခေါင်းဆောင်တွေက ထိုင်းနိုင်ငံကတဆင့် အမေရိကန် စစ်လေယာဉ်တွေကို ရန်ကုန်မှာ လာပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို ပို့ဆောင်ခွင့် ပေးနေတာဖြစ်ပါတယ်။
မြန်မာ့ကမ်းလွန်ပိုင်း နိုင်ငံတကာ ရေပြင်ပိုင်နက်မှာတော့ အမေရိကန်နဲ့ တခြား ရေတပ် သင်္ဘောတွေ ပေါ်မှာ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ဆေးဝါးပစ္စည်းတွေ အတော်များများရှိပြီး မြန်မာ နိုင်ငံတွင်းကို တိုက်ရိုက် အဲဒီပစ္စည်းတွေ ပို့ဆောင်ပေးနိုင်ရေးအတွက် ၀င်ခွင့်ရဖို့ စောင့်နေကြတာ သတင်းနှစ်ပတ်ရှိသွားပြီ ဖြစ်ပါတယ်။ US စစ်သဘောင်္ကြီးဟာ လူနာ (၆၀၀)ကို လက်ခံ ကုသပေး နိုင်ပြီး ခွဲစိတ်ခြောက်ခန်းလည်း ပါပါတယ်။ ဒါ့အပြင် ကမ်းတက် ရေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ လည်း ရှိတဲ့အတွက် သာမန် အရောက်အပေါက်ခက်ခဲတဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေကို အလွယ်တကူ သွားရောက် ကူညီနိုင်မှာလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရဘက်ကတော့ နိုင်ငံတကာ ကယ်ဆယ်ရေး အမှုထမ်းတွေကို လက်ခံပေမယ့် စစ်ဘက် ကယ်ဆယ်ရေး အမှုထမ်းတွေကိုတော့ လက်မခံနိုင်ဘူးလို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ရေတပ် ဗိုလ်ချုပ်ကြီး ကီတင်ကတော့ ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုအတွက် ကူညီဖို့ မြန်မာစစ်စိုးရက သူတို့ကို ၀င်ခွင့်မပြုဘူးဆိုရင်တော့ သူ့ရဲ့ စစ်သင်္ဘောတွေကို ကြာကြာဆက်ပြီး စောင့်ခိုင်းနိုင် တော့မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“မြန်မာစစ်အစိုးရ အရာရှိတွေဘက်က လာခွင့်ပြုမယ့် မီးစိမ်းမပြဘူးဆိုရင်တော့ အမေရိကန် စစ်သင်္ဘောတွေအနေနဲ့ နောက်ထပ် သီတင်းပတ်ပေါင်းများစွာ ဆက်ပြီးတော့ စောင့်နိုင်မယ် လို့တော့ ကျွန်တော် မထင်ပါဘူး။ လာမယ့်ရက် အနည်းငယ်အတွင်းမှာတော့ အဖြေထွက် ပါလိမ့်မယ်။”
မြန်မာ မုန်တိုင်းဘေး ဒုက္ခသည်တွေအတွက် သေရေးရှင်ရေး တမျှလိုအပ်တဲ့ အကူအညီတွေ ပေးနိုင် ဖို့ ထိုင်းနိုင်ငံမှာ စောင့်နေ၊ မြန်မာ့ကမ်းလွန်ပိုင်းမှာလည်း စောင့်နေကြသူတွေကို အကူအညီ ပေးနိုင် ဖို့ ၀င်ခွင့်မပြုတဲ့အတွက်လည်း သူ့အနေနဲ့ သိပ်ကို စိတ်ပျက်မိတယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး ကီတင် က ပြောပါတယ်။
“ကယ်ဆယ်ရေး အကူအညီတွေကို လက်ခံမယ်လို့ ပြောရုံပါပဲ။ အဲဒီလိုမျိုး မြန်မာစစ်အစိုးရဘက်က ပြောလိုက်တာနဲ့ တစ်နာရီအတွင်း ကယ်ဆယ်ရေး ပစ္စည်းတွေ တော်တော်များများကို ကမ်းခြေ အထိအရောက် ကျွန်တော်တို့ ပေးပို့နိုင်ပါတယ်လို့ ကျွန်တော် ပြောပါရစေ။”
ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒါ့ထက် အတိုင်းအတာ ပိုကြီးကြီးမားမား ပေးပို့ခွင့်အပေါ် အရင်က ကန့်သတ်မှုတွေ ရှိပေမယ့် မြန်မာစစ်ခေါင်းဆောင်ဘက်က အခု လျော့ပေးမယ့် အနေအထားမျိုးမှာ ရှိနေပုံပေါ်တယ်လို့ ထိုင်းနိုင်ငံရှိ အမေရိကန် အစိုးရ အရာရှိတွေ ယုံကြည်နေပုံရတယ်လို့လည်း ရေတပ်ဗိုလ်ချုပ်ကြီး ကီတင်ပြောပါတယ်။
ဒါ့အပြင် အမေရိကန် စစ်သဘောင်္တွေဆီက ကယ်ဆယ်ရေး ပစ္စည်းတွေကို မြန်မာသင်္ဘောတွေ တဆင့် ကယ့်ယူပြီး ကမ်းကို ယူဆောင်သွားနိုင်မယ့် အစီအစဉ်ကိုလည်း သူအနေနဲ့ သဘောတူ နိုင်မယ့် အခြေအနေမှာ ရှိတယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။
ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာနကတော့ မြန်မာစစ်အစိုးရအနေနဲ့ အဲဒီလိုမျိုး အစီအစဉ်ကို သဘောတူခဲ့တယ်လို့ ပြောပေမယ့် ဗိုလ်ချုပ်ကြီး ကီတင်ကတော့ သူအနေနဲ့ အဲဒီအကြောင်း မကြားသိသေးရပါဘူးလို့ ပြောပါတယ်ရှင်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အလှူရှင်များ လွတ်လပ်စွာ လှူဒါန်းခွင့်ရဟု ပြောဆို


ဝိုင်းပီး
ကြာသပတေးနေ့၊ မေလ 29 2008 19:17 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဧရာဝတီတိုင်းရှိ လေဘေးဒုက္ခသည်များထံ ယမန်နေ့က လွတ်လပ်စွာ တိုက်ရိုက် လှူဒါန်းခွင့် ပြုလိုက်ပြီဟု ကိုယ်တိုင် သွားရောက်ခဲ့သူ တဦးက ပြောဆိုသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အလှူရှင်များ ကိုယ်တိုင် တိုက်ရိုက် လှူဒါန်းလိုသည့် မြို့နယ်၊ ကျေးရွာများသို့ စိတ်ချလက်ချ သွားရောက်ပေးလှူခွင့်ကို ယမန်နေ့က အမျိုးသား သဘာဝ ဘေးကာကွယ်ရေး ကော်မတီမှ ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း သူက ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “အခုကတော့ ဘယ်သွားချင်လဲ စာရင်းပေး၊ လူဘယ်လောက်ပါလဲ၊ ဒီလောက်ပဲ မေးတယ်။ တခြား အရင်လို ဘာမှ ကောက်ခံတာမျိုး မရှိတော့ဘူး” ဟု ဒေးဒရဲနှင့် ဖျာပုံသို့ သွားရောက်ခဲ့သူ အလှူရှင်က ပြောသည်။ အလှူရှင် အချို့၏ ကားအစီး ၇ဝ ကျော်ကို ယခုလ ၂၅ ရက်နေ့က မော်တော်ယာဉ် ဥပဒေပုဒ်မ ကျူးလွန်မှုနှင့် တားဆီး ထိန်းသိမ်းကာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်တရက်တွင် အမျိုးသား သဘာဝ ကာကွယ်ရေး ကော်မတီမှ ထုတ်ပြန် ကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ယခုလို ခွင့်ပြုလိုက်ခြင်းသည် အဆိုပါ လုပ်ရပ် ပြင်းထန်သွားသည့်အပေါ် အလှူရှင်များကို ပြန်လည် ချွေးသိပ်သည့် သဘော ဖြစ်နိုင်ကြောင်း အလှူရှင် တဦးကလည်း ပြောသည်။ “အလှူအတန်းကို တင်းတင်းရင်းရင်း လုပ်လို့ ရသွားတော့၊ စိတ်ချမ်းသာတယ်။ နို့မို့ဆို ဘယ်လိုများ နှောင့်ယှက်မလဲ စိုးရိမ်နေရတာ” ဟု သူက ပြောသည်။ လေဘေး ကယ်ဆယ်ရေး အလှုရှင်အချို့က ယခုလို လွတ်လပ်စွာ သွားခွင့် ပြုလိုက်သည်ကို ဝမ်းသာကြသော်လည်း တဖက်လှည့်နှင့် တစုံတရာ အကျပ်ကိုင်မည်ကိုလည်း စိုးရိမ်နေသည်ဟု အလှူရှင်တဦးက ပြောသည်။ ဧရာဝတီတိုင်းအတွင်း သွားရောက်ကြသည့် အလှူရှင် အများပြားက ဒုက္ခသည်များထံ ကားများပေါ်မှ ပစ္စည်းများကို ပေးကမ်းသည့်အတွက် ယာဉ်ကြော ပိတ်ဆို့ခဲ့ပုံများကို မှတ်တမ်းတင်ကာ ရန်ကုန်အဝင်တွင် ကားကို ဖမ်းဆီးကာ ရန်ကုန်မြို့ လမ်း ၅ဝ ရှိ မော်တော်ယာဉ် ဌာနတွင် ကျပ် ၁ သောင်း ဒဏ်ရိုက်ကာ ကားမောင်းသမားများကို ဝန်ခံကတိ လက်မှတ် ထိုးခိုင်းခဲ့သေးသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လမ်းများပေါ်သို့ ပစ္စည်းများ ပစ်ချလှူဒါန်းမှုများ ရပ်နား


မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 29 2008 10:59 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ လေဘေးသင့်ဒေသများရှိရာ ဧရာဝတီတိုင်းသို့သွားရာ လမ်းများတလျှောက် အတိဒုက္ခရောက်နေသော ပြည်သူများနှင့်ကလေး များသို့ ခရီးသွားများ၊ အလှူရှင်များက ကားပေါ်မှ ပစ္စည်းပစ်ချ လှူဒါန်းမှုများ မရှိတော့ကြောင်း သိရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လှူမည်ဆိုပါက ကားများကို လမ်းဘေးသို့ချရပ်နားပြီး နီးစပ်ရာသူများကို လှူနေကြသည်။ယခင်အပတ်မှစ၍ သက်ဆိုင်ရာမှ လမ်းများပေါ်သို့ပစ္စည်းများ ပစ်ချခွင့်နှင့် လမ်းဘေးဝဲယာမှ တောင်းရမ်းနေမှုများ မလုပ်ကြရန် ညွှန်ကြားထား ခဲ့ခြင်းကြောင့် ယခုလို ဖြစ်ဖွယ်ရှိသည်ဟု မျက်မြင်တဦးက ပြောသည်။ ထိုသို့သော ကားပေါ်မှ ပစ်ချပေးသည့် လုပ်ရပ်များကြောင့် စာရိတ္တပျက်ပြားစေနိုင်ပြီး ကလေးများကို တောင်းရမ်းစားသောက်လျှင် ရနိုင်သည်ဆို သော စိတ်များ ၀င်ရောက်နိုင်ခြင်းကြောင့် ယခုလို လုပ်ရသည်ဖြစ်ကြောင်းနှင့် အလှူရှင်များ ထိုသို့ ဆက်လက်ပြုလုပ်ပါက ကားများဖြင့် ကလေး များကို ၀င်ရောက်တိုက်မိနိုင်သလို အများအမြင် မတင့်တယ်ခြင်းများ ဖြစ်စေပြီး အစိုးရကို သိက္ခာကျစေသည်ဟု သက်ဆိုင်ရာ အာဏာပိုင်များက ပြောဆိုခဲ့သည်။လမ်းဘေး ၀ဲယာမှ လေဘေးသင့် ပြည်သူများက ယင်းတို့အတွက် ထိရောက်သော ထောက်ပံ့မှုများမရ၍ ထိုသို့ တောင်းရမ်းနေရတာဖြစ်ပြီး လက်ရှိတွင် မျိုးစပါးမရှိခြင်း၊ နေထိုင်စရာ မရှိခြင်း၊ စားသောက်စရာမရှိခြင်း စသည့် ဆုံးရှုံးမှုများရှိနေခြင်းကြောင့် လမ်းမအနီး လာရောက်နေ ထိုင်ရကာ လယ်ယာအလုပ်များ ပြန်လည် လုပ်ကိုင်ကြောင်း ပြောဆိုကြသည်။ ထို့အပြင် အစိုးရက နေ့စဉ်စားသောက်မှုကို တာဝန်ယူထောက်ပံ့ပေးမည် ဆိုပါက တောင်းရမ်းနေမှာ မဟုတ်ကြောင်းလည်း ပြောဆိုကြသည်။ယခုထက်ထိ ထောက်ပံ့မှုဆို၍ ဆန် ၂ ပြည်ပင်မရသေးကြောင်းနှင့် တန်ဖိုးကြီးပစ္စည်းဆို၍ တချို့တလေသာ ရရှိသည့် တာလပတ်သာဖြစ်ကြောင်း သိရသည်။ ယနေ့တွင် လူတဦးလျှင် ဆန်နို့ဆီဗူးတဗူး ဝေငှကြောင်း ဘိုကလေး - ဖျာပုံလမ်းမပေါ်ရှိ နေရာအချို့က ပြောသည်။ယခင်က အစားအစာများ၊ အ၀တ်အထည်များ၊ ပိုက်ဆံများ ပစ်ချလှူဒါန်းခဲ့ကြရာ လမ်းတလျှောက် ထောင်ချီရှိသော ကလေး - လူကြီးများမှာ လိုက်လံကောက်ယူကြပြီး ယခုတွင်မူ လမ်းဘေးတလျှောက် မျှော်လင့်ချက်ကိုယ်စီဖြင့် ထိုင်နေသောလူတန်းကြီးသာ တွေ့မြင်ရသည်ဟု ပြန်လာ သော အလှူရှင်တဦးက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပြည်ပရောက်မျိုးချစ်မြန်မာများ၏ ကော့မှုး၊ကုန်းခြံကုန်း၊ဒေးဒရဲ၊ဖျာပုံ ခရီးစဉ်ဓါတ်ပုံများ (၃၇၉) ပုံ



ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်တိုင်းမှ ဧရာဝတီသို့ ထွက်ခွာသော အလှူကားများ ဆက်လက်ဖွင့်ထား


မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:24 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ ဧရာဝတီတိုင်းဘက်သို့ သွားရောက်မည့် လေဘေး အလှူရှင်များ၏ ကားများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အာဏာပိုင်များက တားဆီးခြင်း၊ အပြန်ကားများကို ယာယီ ထိန်းသိမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၆ ရက်နေ့ညမှ စတင်ပြီး ကားများကို တားဆီးခြင်း မပြုတော့ပါ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၂၆ ရက်နေ့တွင် ဖျာပုံမှ ပြန်လာသော အလှူရှင်ကားများ၊ ၂၇ ရက်နေ့တွင် သွားရောက်သော ကားသမားများ အဆိုအရ ဧရာဝတီတိုင်းသို့ သွားရောက်မည့် ကားများကို အလှူပေးရန် သွားလိုက ကားနံပါတ်နှင့် ယဉ်မောင်း အမည်ကို ပြောခဲ့ရပြီး မည်သည့် မြို့နယ်သို့ သွားရောက်မည် ဖြစ်ကြောင်းကိုပါ အသိပေးခဲ့ရသည်။ အလှူပစ္စည်း မပါသော ကားများအနေဖြင့် လွတ်လပ်စွာ သွားလာနိုင်သည်။ ထိုသို့ စာရင်း ကောက်ယူရခြင်း အကြောင်းအရင်းကို အရာရှိတဦးက “ကျနော်တို့ အနေနဲ့က တာဝန်အရ လုပ်ရတာ ဖြစ်ပါတယ်။ စာရင်း ကောက်တာက အလှူရှင်တွေ ဘယ်လောက်၊ ဘယ်ဒေသကို သွားရောက်တယ် ဆိုတာ သိရအောင်နဲ့ လိုအပ်တဲ့ အကူအညီတွေကို သက်ဆိုင်ရာက ကူညီလို့ ရတာရှိရင် ကူညီရအောင်ပါ။ နိုင်ငံခြားသားတွေ သွားမယ်ဆိုရင်တော့ တရားဝင် သွားရောက်ခွင့် ပြုတဲ့ စာရွက်စာတမ်း တခုခု ပါလာရင် လွတ်လပ်စွာ သွားရောက်နိုင်ပါတယ်” ဟု ပြောသည်။လှိုင်သာယာဘက်မှတဆင့် တွံတေး၊ ဒေးဒရဲဘက်က သွားသူများ အနေဖြင့် ပန်းလှိုင်တံတား ဂိတ်တခုတည်းသာ စစ်ဆေးမှုရှိပြီး၊ ညောင်တုန်း-မအူပင် လမ်းများမှ သွားရောက်ပါက လှိုင်သာယာ တိုးဂိတ် အကျော်တွင်သာ စစ်ဆေးသည်။ ယနေ့နံနက်တွင် ဖျာပုံမှ ပြန်လာသော အလှူရှင်တဦး အဆိုအရ အပြန်ကားများကို မည်သည့် ဂိတ်ကမှ စစ်ဆေးမှု မရှိကြောင်း သိရသည်။လှိုင်သာယာ တံတားထိပ်မှ စစ်ဆေးမှုများ ပြုလုပ်ကာ အလှူရှင်ကားများကို ပြန်ခိုင်းသည်ဆိုသော သတင်းများနှင့် အပြန်ကားများကို ဖမ်းဆီး စစ်ဆေးခြင်းများ ရှိခဲ့သဖြင့် ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံနှင့် လေဘေးသင့် ပြည်သူများ အများအပြားရှိရာ ဒေသများသို့ ကူညီလိုသော ပြည်တွင်းမှ အလှူရှင်များ အနေဖြင့် မသွားရောက်ဝံ့ဘဲ စောင့်ဆိုင်းနေခဲ့ရသည်။ ထို့အတွက် အခက်အခဲ ကြုံနေရသော ဒုက္ခသည်များ အနေဖြင့် အလွန်ပင် ပိုမိုသော ဒုက္ခများကို ဆက်လက် ခံစားရဖွယ် ရှိနေသည်။ ယခုရက်ပိုင်းအတွင်း ဘိုကလေးဘက်သို့ ဖျာပုံမှတဆင့် ၀င်ရောက်လာသော အလှူရှင်ကားများ လုံးဝနီးပါး အသွားအလာ ရပ်ဆိုင်းခဲ့ကြောင်း ဘိုကလေးမြို့ခံ တဦးက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်အလှူအပေါ် မယက မှ ခွဲတမ်း ကောက်နေ


ဝိုင်းပီး
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:15 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နအဖ ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အမျိုးသား သဘာဝ ကာကွယ်ရေး ဗဟိုကော်မတီ အမည်သုံးကာ ဒေးဒရဲမြို့နယ် အတွင်းရှိ မြို့နယ် မယကရုံးများသည် လေဘေး အလှူရှင်များထံမှ အလှူငွေနှင့် ပစ္စည်းများ၏ ၂၅ ရာခိုင်နှုန်းကို အချိုးကျ တောင်းယူနေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့က ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်သို့ သွားရောက် လှူဒါန်းခဲ့သည့် INGO အဖွဲ့မှ အလှူရှင်များကို မြို့အဝင်ဝဂိတ်မှ ရဲများက တားဆီးပြီးနောက် အလှူပမာဏာ၏ ၄ ပုံ ၁ ပုံ ကို မယက ရုံးက ကောက်ခံလိုက်ခြင်း ဖြစ်သည်။ “ဝေးလံခေါင်းပါးတဲ့ နေရာတွေ၊ အလှူမရနိုင်တဲ့ ဒုက္ခသည်တွေဆီကို မယက အနေနဲ့ ပြန်ဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ ပြောပြီး ယူတာပါ” ဟု လေဘေး ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တဦးက ပြောသည်။ မေလ ၃ ရက်နေ့မှစတင်ကာ အမျိုးသား သဘာဝ ကာကွယ်ရေး ဗဟိုကော်မတီကို နအဖ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ဖွဲ့စည်းကာ လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖော်ပြနေပြီး နယ်မြို့များရှိ မယက ရုံးများက အဆိုပါ ကော်မတီ နာမည်သုံးကာ အလှူရှင်များထံမှ ရာခိုင်နှုန်းအလိုက် အချိုးကျ တောင်းယူနေခြင်း ဖြစ်သည်။ ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အလှူရှင်များကို တဦးချင်းသော်လည်းကောင်း၊ အစုလိုက် သော်လည်းကောင်း သွားရောက်လိုသည့် နေရာဒေသသို့ စနစ်တကျသွားရောက် လှူဒါန်းခွင့်ပြုပြီး အကူအညီလိုပါကာ ကော်မတီမှ လိုက်လံ ကူညီမည်ဟု ဖော်ပြထားသည်။ အမျိုးသား သဘာဝကာကွယ်ရေး ကော်မတီက ဧရာဝတီတိုင်း ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ ဒေးဒရဲနှင့် ကွမ်းခြံကုန်းမြို့နယ်တွင် တမြို့နယ်လျှင် ဝန်ကြီး တဦးကျ အထက်မှ ချုပ်ကိုင်ကာ ကော်မတီ၏ လုပ်ဆောင်ချက်များအဖြစ် မယကရုံးများမှတဆင့် ကိုင်တွယ် လုပ်ဆောင်နေပြီး အလှူရှင်များထံမှ ရာခိုင်နှုန်းအလိုက် ရရှိသည့် ငွေနှင့် ပစ္စည်းများကို လေဘေးဒုက္ခသည်များထံသို့ အနည်းငယ်သာ ပြန်လည် မျှဝေနေသည်။ ဒေးဒရဲမြို့နယ် မယကရုံးသည် စေတနာရှင်များထံမှ အတင်းအဓမ္မ ကောက်ယူထားသည့် ငွေနှင့် ပစ္စည်း များစွာ ရှိနေသော်လည်း ဒုက္ခသည်များကို ဆန်နို့ဆီဗူး ၂ ဗူးသာ ဝေပေးနေသည်ဟု ဒေသခံများက ဆိုသည်။ အိမ်ရှင်မ မရှိတော့သည့် ကလေး ၃ ဦး၏ ဖခင်ဖြစ်သူက “ကျနော်က ဒီကလေးတွေကို မကျွေးနိုင်တော့ဘူး၊ ကလေးတွေကို သတ်ပစ်ဖို့ပဲ ရှိတော့တယ်လို့ သွားပြောမှ မယက က ဆန် ၁ဝ ပြည် ပေးလိုက်တယ်” ဟု ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည် ကယ်ဆယ်ရေး ကာလအတွင်း နိုင်ငံရေး အကျဉ်းသားများ ပိုမိုနှိပ်စက်ခံရ


မောင်ဒီး
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:11 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နာဂစ်နောက်ပိုင်း ကယ်ဆယ်ရေးကို နိုင်ငံတကာက ပိုမို အာရုံစိုက်နေချိန်တွင် အခြားတဖက်၌ အကျဉ်းထောင်ထဲရှိ အမေ့ခံ နိုင်ငံရေး အကျဉ်းသားများမှာ ထောင်အာဏာပိုင်များ၏ ညှဉ်းပမ်းနှိပ်စက်မှုများ ပိုခံလာကြရသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) - အေအေပီပီက ဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကိုသာ အာရုံထားနေချိန် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများမှာ မတရား ရိုက်နှက်ခံရခြင်း၊ လမ်းလျှောက်ခွင့်နှင့် ထောင်ဝင်စာ ပိတ်ပင်ခံရခြင်းများ ခံနေရသည်ဟု ယမန်နေ့က ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။“နာဂစ်ဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာ အဝန်းအဝိုင်းက အဖွဲ့အစည်းတွေ၊ အစိုးရတွေက ကယ်ဆယ်ရေးဘက်ကိုပဲ အာရုံထားပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေဘက်ကို အာရုံပြုမှု နည်းလာတဲ့အတွက်ကြောင့် သူတို့မှာ ထောင်အာဏာပိုင်တွေရဲ့ နှိပ်စက်မှုတွေကို ပိုခံနေရပါတယ်” ဟု ထိုင်းအခြေစိုက် အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သို့ လာရောက်စဉ် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခဲ့ခြင်း မရှိသည်မှာလည်း နိုင်ငံရေး အကျဉ်းသားများ အရေးကို အလေးမထားသည့် သဘောသက်ရောက်ခဲ့သည်ဟု သူက ပြောသည်။“ဒါက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အလေးမထားတဲ့ သဘော သက်ရောက်သွားတယ်။ အဲဒီတော့ အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို ကိုင်တွယ်မှုက ပိုပြင်းထန်လာတယ်။ နှိပ်စက် ညှဉ်းပမ်းမှုက ပိုများလာတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။အေအေပီပီ၏ သတင်းထုတ်ပြန်ချက်တွင် ယခုလ ၁ဝ ရက်နေ့က အင်းစိန်ထောင် အဆောင် ၅ ရှိ နိုင်ငံရေးအကျဉ်းသား ဦးတင်မြ၊ ဦးမြင့်ထွန်း၊ ကိုသန့်ဇော်၊ ဦးကျော်၊ အရှင်ဓမ္မိက (ခ) ဦးထွန်းထွန်းတို့ကို ထောင်အာဏာပိုင်များက အလုပ်ခိုင်းရာ ငြင်းဆန်သဖြင့်ဟု ဆိုကာ ခေါင်းစွပ် စွပ်ကာ ရိုက်နှက်ခဲ့ပြီး ၁ဝ ရက်တိတိ ခြေကျင်းခတ်ကာ တိုက်ပိတ်ခဲ့သည်ဟု ဖော်ပြထားသည်။ယခုလ ၃ ရက်နေ့ နံနက်က အင်းစိန်ထောင်၌ မီးလောင်မှု ဖြစ်ပြီးနောက်ပိုင်း အာဏာပိုင်များက သာမန် အကျဉ်းသားများနှင့်အတူ နိုင်ငံရေးသမားများကို ပိုမို တင်းကျပ်စွာ ချုပ်ချယ်လာသည်ဟု သိရသည်။“အထဲမှာ တော်တော်လေး အခြေအနေ ဆိုးနေတယ်။ မုန်တိုင်းဖြစ်တဲ့ည ထောင်မီးလောင်တဲ့ ကိစ္စနောက်ပိုင်း ဆေးလိပ်သောက်တာ မိတဲ့ ဘယ်သူမဆို ၆ လ ပြစ်ဒဏ်တိုးမယ်၊ ၃ လ ထောင်ဝင်စာ ပိတ်မယ်ဆိုတာတွေ ဖြစ်လာတယ်” ဟု NLD လူငယ်သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင်တဦးက ပြောသည်။အင်းစိန်ထောင် အဆောင် ၁ မီးလောင်မှုတွင် အာဏာပိုင်များ၏ ပစ်ခတ်မှုကြောင့် အကျဉ်းသား ၃၆ ဦး သေခဲ့ပြီး နိုင်ငံရေး အကျဉ်းသား ကိုအုန်းကျော်မှာလည်း ထောင်ဖောက်ရန် ကြိုးစားမှုဖြင့် အာဏာပိုင်များက စစ်ဆေးစဉ် သေဆုံးသွားခဲ့သည်။အင်းစိန်ထောင်အတွင်းရှိ အမျိုးသမီးဆောင် အတွင်း၌လည်း သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားဆိုင်ရာ ရောဂါများနှင့် အခြား ရောဂါများ ပြန့်ပွားနေပြီး အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများမှာ အာဏာပိုင်များ၏ စနစ်တကျ ဆေးဝါးကုသမှုကို မခံရဘဲ ကျန်းမာရေး အခြေအနေ ဆိုးနေသည်ဟု အေအေပီပီက ပြောထားသည်။စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် ထောင်ဒဏ် အနှစ် ၂ဝ တဖြစ်လဲ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသူ ဦးအုန်းသန်းမှာလည်း အကြောင်းပြချက် မရှိဘဲ တိုက်ပိတ်ခံနေရစဉ် ငှက်ဖျားပိုး ဦးနှောက်ထဲသို့ ဝင်ရောက်သွားသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရသည့် အခြေအနေ ရှိနေသည်ဟု မဇ္ဈိမက သတင်း ရရှိထားသည်။“ခန္တီးထောင်တို့၊ ကလေးထောင်တို့ ဆိုတာ တကယ့်ကို ရာသီဥတု ဆိုးဝါးပြီးတော့ ငှက်ဖျားရောဂါ ကူးစက်လွယ်တဲ့ နေရာတွေဖြစ်တယ်။ တစိမ်းတယောက် သွားမယ်ဆိုရင် ငှက်ဖျားရောဂါဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ အဲဒီ အခြေအနေမျိုးမှာ ဦးအုန်းသန်းကို အညိုးတကြီးနဲ့ ခန္တီးထောင်ကို ပြောင်းပေးတာဖြစ်တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။အကျဉ်းထောင် လက်စွဲဥပဒေအရ အကျဉ်းသားများကို ၎င်းတို့၏ နေရပ်များနှင့် အနီးဆုံးထောင်၌သာ ထားရမည်ဟု ဖော်ပြထားသော်လည်း အစိုးရက ဥပဒေကို ချိုးဖောက်ကာ ရန်ကုန်မှ နိုင်ငံရေး အကျဉ်းသားများကို ခန္တီးထောင်၊ မြစ်ကြီးနားထောင်၊ ပူတာအိုထောင် စသည်တို့ကို ပြောင်းရွှေ့ပေးခြင်းဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုကို နှိပ်စက်နေသည်ဟု အတိုက်အခံများကလည်း ဝေဖန်ကြသည်။မြန်မာပြည်တဝှမ်းရှိ အကျဉ်းထောင်များတွင် အကျဉ်း ချခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၉ဝဝ ကျော် ရှိနေသေးသည်ဟု အေအေပီပီ ၏ စာရင်းအရ သိရသည်။၂ ရက်နေ့ညက တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း နောက်ပိုင်း သိန်းနှင့်ချီသော ပြည်သူများ၏ အသက်ကို ကယ်ဆယ်ရန်အတွက် အာရုံစိုက် ကြိုးပမ်းနေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကိုလည်း တစေ့တစောင်း အကဲခတ် စောင့်ကြည့်ပေးကြပါရန်လည်း အေအေပီပီက တောင်းဆိုထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အဖွဲ့ချုပ်ဝင် ၃ဝ ခန့် ထပ်မံ ဖမ်းဆီးခံရ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 28 2008 21:08 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အန်အယ်ဒီ အဖွဲ့ဝင် ၃ဝ ခန့်ကို ယမန်နေ့ ညပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြန်သည်။ ၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ပါတီရုံးချုပ်မှ လမ်းလျှောက် ချီတက်သွားသည့် ပါတီလူငယ် ၁၈ ဦးကို ယမန်နေ့ နေ့ခင်းပိုင်းတွင် ဖမ်းဆီးပြီးနောက် ညပိုင်းတွင်မူ လူဦးရေ ၃ဝ ခန့်ကို လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မနေ့ညက ပြန်လာဆွဲတာ ဦးကြည်လွင် (တောင်ဒဂုံ) တယောက်ပဲ သိသေးတယ်။ သူက အဖွဲ့ဝင်ပါ။ မနေ့ ၁၈ ယောက် အပါအဝင် ၅ဝ ကျော် ရှိသွားပြီလို့ ပြောတယ်။ ကျနော့် အသိတယောက်က ကျနော်တို့ကို ပြောတယ်” ဟု အဖွဲ့ချုပ် လူငယ်ပြန်ကြားရေးမှ ကိုနိုင်ငံလင်းက မဇ္ဈိမကို ပြောသည်။ သူက မည်သည့် မြို့နယ်များက ပါတီများ ဖြစ်ကြောင်း အသေးစိတ် ပြောဆိုခြင်း မရှိဘဲ အတည်ပြုနိုင်ရန် ဆက်လက်၍ စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။ “မနေ့ညက ရဲအထူးသတင်း တပ်ဖွဲ့ရယ်၊ နယ်မြေခံရဲရယ်၊ ရယက ရယ်က လာဖမ်းတာ။ ဦးကြည်လွင်ရဲ့ နေအိမ်မှာ လာဖမ်းတယ်၊ တောင်ဒဂုံမှာပါ” ဟု တောင်ဒဂုံ ရဲသတင်း ရပ်ကွက်တခုက ပြောသည်။ ကိုနိုင်ငံလင်းက “ကျနော်တို့ ကြားတာကတော့ ဓာတ်ပုံတွေ ကြည့်ပြီး လိုက်ဖမ်းတယ်။ ကျနော်ထင်တာကတော့ မနေ့က ဆန္ဒပြတဲ့ လူတွေကို ကျနော်တို့ ရုံးရှေ့မှာ လာရိုက်တယ်လေ၊ ထောက်လှမ်းရေးတွေပေါ့။ အဲဒီအချိန်မှာ ဆန္ဒပြတဲ့ လူတွေနဲ့ ကပ်ပြီး ဘေးမှာ ရပ်တာတို့ ဖြစ်နိုင်တယ်။ သူတို့ကိုယ်တိုင် လုပ်တဲ့လူ ဖြစ်ချင်မှ ဖြစ်မယ်။ သူတို့ သံသယရှိတဲ့ လူတွေကိုပေါ့” ဟု ပြောသည်။ အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အန်ကယ် တခြားမကြားရသေးဘူး။ မနေ့ကတော့ ၁၈ ယောက် ဖမ်းသွားတယ်။ နောက်ထပ်တော့ သတင်းမကြားသေးဘူး။ အခုထိ ပြန်လွတ်လာတာလည်း မရှိသေးဘူး။ အသက် ၁၂ နှစ်အရွယ်ကလေးလည်း ပါသွားတယ်။ ဘာဆက်လုပ်ရမလဲဆိုတာတော့ မသိသေးဘူး။ သူတို့ကို ဘယ်နေရာ ဘယ်လိုအရေးယူမလဲဆိုတာ မသိရသေးပါဘူး” ဟု ပြောသည်။ ယမန်နေ့ နေ့ခင်းပိုင်းက ကိုထွန်းထွန်းဝင်း (လူငယ်တာဝန်ခံ - ၁ ၊ စမ်းချောင်း)၊ ကိုရန်နိုင်ထွန်း (တာဝန်ခံ - ၁ ၊ ကြည့်မြင်တိုင်)၊ ကိုထက်စိုးဝင်း (တာဝန်ခံ ၁ ၊ ဒလ)၊ ကိုကျော်မျိုးနိုင် (လူငယ်တာဝန်ခံ ၂ ၊ တာမွေ)၊ ကိုပြည့်ပြည့် (အဖွဲ့ဝင် ၊ စမ်းချောင်း)၊ ကိုစောပြည့်ဖြိုးအောင် (အဖွဲ့ဝင် ၊ ဒလ)၊ ကိုဖြိုးကိုနိုင် (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မထက်ထက်ဦးဝေ (အဖွဲ့ဝင် ၊ ရွှေပြည်သာ)၊ မောင်ရဲရင့်မင်းထက်ဦး (မထက်ထက်ဦးဝေ၏ သား - ၁၂ နှစ်)၊ ဦးအောင်ဖေ (အဖွဲ့ဝင် ၊ တွံတေး)၊ ကိုမောင်စန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုကျော်နိုင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ကိုမိုးကျော်ဇင် (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုသက်နိုင်ထွန်း (အဖွဲ့ဝင် ၊ လှိုင်သာယာ)၊ ကိုလှမျိုးနိုင် (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ)နှင့် ထွန်းဝင်းသိန်း (အဖွဲ့ဝင် ၊ မင်္ဂလာဒုံ) ဖြစ်သည်။ ကျန်ရှိသည့် ၂ ဦး၏ အမည်စာရင်းကို မသိရသေးပါ။ ပါတီလူငယ် ၂၄ ဦးက ရုံးချုပ်ရှေ့တွင် ‘ဒေါ်အောင်ဆန်းစုကြည် ... ချက်ခြင်းလွှတ်၊ ချက်ခြင်းလွှတ်’၊ လေဘေးဒုက္ခသည်များအတွက် ‘နိုင်ငံတကာ အကူအညီ ... ချက်ခြင်းပေး၊ ချက်ခြင်းပေး’ ကြွေးကြော်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ တက္ကသိုလ် ရပ်သာလမ်းသို့ ချီတက်သွားရာ ကမ္ဘာအေးဘုရားအနီး နှင်းဆီကုန်း ဘိုးဘွားရိပ်သာနားတွင် အာဏာပိုင်များက ဒိုင်နာကားများနှင့် တင်ဆောင်ကာ ဖမ်းဆီးသွားခြင်း ဖြစ်သည်။ သူတို့အနက် အချို့မှာ ထွက်ပြေး လွတ်မြောက်သွားသည်။ နေအိမ် အကျယ်ချုပ် သက်တမ်း ၅ ပြည့်ပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ၆ လ သက်တမ်း ပြန်တိုးလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အစိုးရ သတင်းရပ်ကွက် တခုကမူ တနှစ် သက်တမ်းတိုးသည်ဟု ပြောဆိုသည်။ သို့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဘိုကလေးမှာ ဆန်တအိတ် (၃) သောင်းခွဲ ၊ငါးဖမ်းလှေတစီး (၁) သိန်းခွဲပေါက်

NEJ / ၂၈ မေ ၂၀၀၈

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင်းရှိ အထွေထွေကုန်ဈေးနှုန်း (၁၉) မျိုးနှင့် ပတ်သက်၍ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က စာရင်းထုတ်ပြန်ထားရာ ဆန်တပြီ (၁,၅၀၀) ကျပ် ရှိသည်ဟု ဖော်ပြထားသည် ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
UNDP စာရင်းအရ ဘိုကလေးမြို့နယ် ဒေသခံဈေးကွက်တွင် ပဲဆီ တပိဿာ ကျပ် (၄,၅၀၀) ရှိပြီး ဆားဈေးမှာ တပိဿာ (၁,၄၀၀) ကျပ်ပေါက်သည်။ ဒီဇယ်ဈေးက တဂါလံ (၇,၀၀၀) ကျပ်ရှိပြီး ဓာတ်ဆီဈေးက တဂါလံ (၆,၅၀၀) ရှိသည်။ UNDP စာရင်းအရ ဘိလပ်မြေ တအိတ် (၁၁,၀၀၀) ကျပ်ဈေးမှာ ရှစ်ပေသုံးပေ သွပ်တချပ်နှင့် ဈေးချင်းတူနေသည်။ သဲတအိတ် (၁,၅၀၀)၊ လက်ကိုင်ထွန်စက်တလုံး (၁၃၀,၀၀၀)၊ မော်တော်ဘုတ်တစီး (၃၅၀,၀၀၀)၊ ငါးဖမ်းလှေငယ်တစီး (၁၄၀,၀၀၀) စသဖြင့် မုန်တိုင်းလွန် ပေါက်ဈေးများကို ဖော်ပြထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဘန်ကောက်မြန်မာသံရုံး မီးလောင်မှု

NEJ/ ၂၈ မေ ၂၀၀၈
ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံး မီးလောင်မှုတွင် ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာန (၂) ခုရှိ စာရွက်စာတမ်းများသာ ကွက်ပြီး လောင်သွားသည့်အတွက် သံရုံးတွင်း အဂတိလိုက်စားမှုများနှင့် ပတ်သက်နိုင်သည်ဟု နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘန်ကောက်မြန်မာသံရုံး မီးလောင်မှုကို ၀ါယာလျှော့ဖြစ်၍ လောင်သည်ဟု သံရုံးအရာရှိတဦးက ပြောသော်လည်း ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဌာန (၂) ခုရှိ စာရွက်စာတမ်းများသာ ကွက်ပြီး မီးလောင်ခြင်းကြောင့် သံရုံးတွင်း အဂတိလိုက်စားမှုများကို ဖျောက်ဖျက်ပစ်ရန် ရှို့မီးဖြစ်နိုင်သည် ဟု ဘန်ကောက်သံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်ကလည်း ခေတ်ပြိုင်ကို ပြောသည်။
ဘန်ကောက်မြန်မာသံရုံး မီးလောင်မှုနှင့် ပတ်သက်ပြီး မကြာခင် စသုံးလုံးနှင့် သီးခြား ထောက်လှမ်းရေးအဖွဲ့များ၊ စာရင်းစစ်ချုပ်ရုံးတို့မှ လာရောက် စစ်ဆေးတော့မည်ဖြစ်ဖြစ်သည်။ မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့များကို ဗီဇာထုတ်ပေးမှု နှောင့်နှေးသည့်အတွက် ဘန်ကောက် မြန်မာသံရုံးကို နိုင်ငံတကာက အာရုံစိုက်နေချိန်တွင် ယခုကဲ့သို့ မီးလောင်မှုဖြစ်သည့်အတွက် အမှုကို ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုယ်တိုင် ကိုင်တွယ်ရန်များသည်ဟု စုံစမ်းသိရသည်။
နိုင်ငံခြား မြန်မာသံရုံး အတော်များများတွင် အဂတိလိုက်စားမှုများနှင့် ရှုပ်ထွေးနေသည့်အတွက် ၂၀၀၆ ခုနှစ် မလေးရှား မြန်မာသံရုံး မီးလောင်မှုနောက်ပိုင်း မြန်မာသံရုံးမီးလောင်မှုများ ခေတ်စား လာခြင်းဖြစ်သည်ဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ မလေးရှားသံရုံး မီးလောင်မှု၌ ကွယ်လွန်သူ ၀န်ကြီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးဝင်းကိုယ်တိုင် စစ်ဆေးရန် အမိန့်ပေးခဲ့သည်။
ဂျပန်ရှိ မြန်မာသံရုံးဆိုလျှင် မြန်မာသံတမန်တဦး၏ လက်မှတ်တခါ ထိုးရန်အတွက်ပင် ဂျပန် ယန်းငွေ (၈) ထောင်ထိ သံရုံးက တောင်းသည့်အတွက် လက်မှတ်တကြိမ်ထက်မက ထိုးရမည့် ဥပမာ-မင်္ဂလာဆောင်ကဲ့သို့ ကိစ္စမျိုးအတွက် ပြည်ပရောက် မြန်မာများ ယန်းသောင်းနှင့် ချီပေး နေရသည်။
မလေးရှားနိုင်ငံ မြန်မာသံရုံးမှ သံအမတ်ကတော်ဆိုလျှင် သံရုံးတွင်း ငွေကြေးကိစ္စများ၌ ၀င်ရောက်စွက်ဖက်သူအဖြစ် နာမည်ထွက်နေသလို ဂျာမနီ မြန်မာသံအမတ် ဗိုလ်မှူးကြီး တင်ဝင်းမှာလည်း အဂတိလိုက်စားမှု များသည်ဟု မြန်မာသံရုံးလောကတွင် လူသိများသူ တဦးဖြစ်သည်။ ဂျာမနီ မြန်မာသံအမတ် ဗိုလ်မှူးကြီးတင်ဝင်း၏ သမီးဆိုလျှင် ဂျာမန်မြန်မာ အတိုက်အခံဘက်မှ ပုဂ္ဂိုလ်တချို့နှင့်ပင် အပြင်မှာ သွားသွားလာလာ ရှိနေသည်ဟု မျက်မြင် သက်သေများက ပြောသည်။
ယခုအချိန်သည် နိုင်ငံခြား မြန်မာသံအမတ်များကို အပြောင်းအရွှေ့လုပ်လေ့ရှိသည့် အချိန်ဖြစ် သော်လည်း နာဂစ်မုန်တိုင်းကြောင့် အပြောင်းအရွှေ့များကို စစ်အစိုးရဘက်က မကိုင်နိုင်ဖြစ် နေသည်။ စစ်အစိုးရ၏ ထိုဟာကွက်သည် အဂတိလိုက်စားသည့် မြန်မာသံအမတ်များအတွက် အခွင့်ကောင်း ဖြစ်နေပုံရသည်ဟု နေပြည်တော်အရာရှိတဦးကလည်း ပြောသည်။
၂၀၀၆ ခုနှစ် မလေးရှားမြန်မာသံရုံးမီးလောင်မှုဖြစ်ပြီး မကြာခင် မြန်မာသံတမန် (၄) ဦးကို နေပြည်တော်ပြန်ခေါ်ခဲ့သလို သံအမတ်ကြီး ဗိုလ်မှူးချုပ်မြင့်အောင်ကို ရာထူးမှ ဖြုတ်ပစ်ခဲ့သည်။

၂၀၀၆ ခုနှစ် မလေးရှား မြန်မာသံရုံး မီးလောင်မှုသတင်းဖြစ်စဉ် အကျဉ်းချုပ်

.............................................................................................
- မလေးရှားနိုင်ငံ မြန်မာသံရုံး မီးလောင်ပြီးနောက် သေဆုံးသူ သံရုံးစာရေး ကိုကျော်ကျော်၏ ရုံးစားပွဲအံဆွဲထဲတွင် ဘဏ်မသွင်းရသေးသည့် မလေးရှားရင်းဂစ်ငွေ ရှစ်သောင်းတွေ့

- ကိုကျော်ကျော်၏ နေအိမ်ကို ရှာဖွေရာတွင် (၃) နှစ်အတွင်း ကိုကျော်ကျော် မြန်မာနိုင်ငံ မိသားစုထံ ပြန်ပို့သည့် မြန်မာငွေ သိန်း (၈၀) ကျော်ဖိုးရှိသည့် ငွေလွှဲအထောက်အထားများ သိမ်းဆည်းမိ

- ကိုကျော်ကျော်နှင့် အထက်အရာရှိ သံတမန်တဦးကို မြန်မာကုမ္ပဏီများ၏ ချက်လက်မှတ်များ ထိန်ချန်မှုဖြင့် အရေးယူရန် ပြင်ဆင်နေစဉ်တွင် ကိုကျော်ကျော်က သံရုံးကို မီးတင်ရှို့ပြီး မီးပုံထဲ ခုန်ချခဲ့ခြင်းဖြစ်

- ထိုအချိန်က မလေးရှားမြန်မာသံရုံး သံအမတ်ကြီး ဗိုလ်မှူးချုပ်မြင့်အောင်သည် မလေးရှား
နိုင်ငံရှိ မြန်မာစီးပွားရေးကုမ္ပဏီများနှင့် အရောတ၀င် နေထိုင်သူဖြစ်

- မလေးရှားနိုင်ငံ မြန်မာသံရုံးတွင် ရုံးအကူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီး သိန်းကျော် သံရုံး၌ လုပ်နေစဉ် မြန်မာနိုင်ငံမှ မလေးရှား လာချင်သူများထံက ငွေယူပြီး လူသွင်းသည့်လုပ်ငန်း လုပ်ကိုင်မှုကြောင့် အလုပ်ပြုတ်

- မလေးရှားမြန်မာသံရုံးအတွင်း ဖြစ်ပျက်နေသည့် ကိစ္စများနှင့်ပတ်သက်ပြီး သံရုံးဝန်ထမ်းများ နိုင်ငံခြားရေးဝန်ကြီးဌာန မတိုင်ရဲအောင် မလေးရှား မြန်မာသံရုံး သံအမတ်ကြီး ဗိုလ်မှူးချုပ် မြင့်အောင်က ခြိမ်းခြောက်ခဲ့

- မလေးရှားမြန်မာသံရုံး ဧည့်ခံပွဲ စားသောက်စရိတ်များကို မလေးရှားရောက် မြန်မာစီးပွားရေး သမားများက အကုန်အကျခံလေ့ရှိ

- မလေးရှားမြန်မာသံရုံး မီးလောင်မှု သံရုံးအတွင်း ငွေကြေး အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး သံအမှုထမ်း(၄) ဦးကို နေပြည်တော်ပြန်ခေါ်

- မလေးရှားမြန်မာသံရုံး သံအမတ်ကြီး ဗိုလ်မှူးချုပ် မြင့်အောင်သည် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူဖြစ်သော်လည်း နောက်ဆုံး ရာထူးမှ အဖြုတ်ခံရ

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လယ်လုပ်ငန်းအတွက် ခိုင်းကျွဲဖိုး ငွေကောက်ခံ

NEJ/ ၂၈ မေ ၂၀၀၈



အာဏာပိုင်များက ဧရာဝတီတိုင်းအတွင်း လယ်ယာလုပ်ငန်းများ၌ အသုံးပြုရန် မွန်ပြည်နယ် အတွင်း ခိုင်းကျွဲများ ၀ယ်ယူစုဆောင်းနေပြီး ထိုသို့ ၀ယ်ယူရာတွင် ရွာသားများထံမှ ငွေကောက် ခံခြင်း၊ ဈေးနှိမ်ဝယ်ခြင်းတို့ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ ကရုပပ္ပိရွာသားတဦးက “ဧရာဝတီတိုင်းမှာ လေဘေးသင့်လို့ လူတွေသေကြတယ်။ ကျွဲနွားတွေလည်း သေတယ်။ ဒီတော့ လယ်ပြန်လုပ်ဖို့ ကျွဲနွားတွေ ၀ယ်ပြီး ပို့ပေးရမယ်လို့ ကျေးရွာဥက္ကဋ္ဌက ပြောပြီး ငွေကောက်တယ်။ တအိမ် ကျပ် (၁,၀၀၀) ကောက်တယ်။ နိုင်ငံခြားမှာ အလုပ်သွားလုပ်သူ ရှိတဲ့အိမ်တွေကတော့ (၂,၀၀၀-၃,၀၀၀) လောက်ထည့်ရ တယ်” ဟု ပြောသည်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကွမ်တာကျေးရွာမှ ရွာသားတဦးကမူ ဧရာဝတီတိုင်းမှ လယ်သမားများ အတွက်ဆိုပြီး အာဏာပိုင်များ ခိုင်းကျွဲလာရောက်ဝယ်ယူလျက်ရှိကြောင်း၊ သို့သော် ပေါက်ဈေး အတိုင်းမပေးဘဲ (၁) သိန်း၊ (၁) သိန်းခွဲလောက် ဈေးနှိမ်ဝယ်ယူနေကြောင်း ပြောသည်။
မွန်ပြည်နယ်အတွင်း ခိုင်းကျွဲတကောင် ကျပ် (၅) သိန်းမှ (၇) သိန်း ခန့် ဈေးရှိပြီး အာဏာပိုင်များက အဆိုပါ ငွေအတွက် ကျေးရွာများတွင် ငွေကောက်ခံခြင်းနှင့် ဈေးနှိမ်ဝယ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်အစိုးရက လောလောဆယ် ဆန်ဈေးမြင့်တက်ခြင်း၊ မကြာခင် ဆန်ရှားပါးနိုင်ခြင်း၊ စသည့် အခြေအနေများကို ကောင်းကောင်း ရိပ်မိပုံရသည့်အတွက် ယခုမိုးရာသီ ဧရာဝတီတိုင်းအတွင်း ရသမျှ နေရာများများ၌ စပါးပြန်စိုက်နိုင်ရန် ဒုက္ခသည်များကို ပျက်စီးသွားသည့် နေရပ်ရွာများဆီ အတင်းပြန်ပို့ကာ လယ်လုပ်ကိရိယာများကို စုဆောင်းခိုင်းနေကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်ပွဲရုံပိုင်ရှင်တဦးက ပြောသည်။
“ဒါပေမယ့် လိုအပ်တဲ့ငွေတွေကို နိုင်ငံတော် ဘတ်ဂျက် သို့မဟုတ် နိုင်ငံတကာ အကူအညီ၊ ဘဏ် ချေးငွေတို့ကို အသုံးမပြုဘဲ ပြည်သူတွေထံက ကောက်ခံတာမျိုး၊ ဈေးနှိမ်ဝယ်ယူတာမျိုးကတော့ မလုပ်ကောင်းပါဘူး” ဟု ၎င်းက ပြောသည်။
နအဖစစ်အစိုးရက တဖက်သတ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို အတင်းအကျပ် အတည်ပြုလိုက် နိုင်သော်လည်း ဧရာဝတီတိုင်းအတွင်းမှ ဆန်စပါးစိုက်ပျိုးမှု ပြဿနာကို မဖြေရှင်းပေးနိုင်ပါက စပါးအထွက်နည်းပြီး ဆန်မလုံမလောက်ဖြစ်ကာ နိုင်ငံမတည်မငြိမ် ဖြစ်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်တဦးက သုံးသပ်သည်။
မြန်မာတနိုင်ငံလုံး၏ ဆန်စပါးထွက်ရှိမှုသည် တင်း သန်းပေါင်း (၁,၅၀၀) ၀န်းကျင်ဖြစ်ပြီး ဧရာဝတီတိုင်းမှ စပါးတင်း သန်းပေါင်း (၄၀၀) ကျော် ထွက်ရှိမှုသည် တနိုင်ငံလုံး၏ လေးပုံ တပုံကျော် ပမာဏဖြစ်သည့်အတွက် အဆိုပါအရေးကို အရေးတကြီး ဖြေရှင်းသင့်ကြောင်း အက်ဖ်အေအို တာဝန်ရှိသူများကလည်း ရန်ကုန်မြို့ စစ်အာဏာပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Wednesday, May 28, 2008

အာဏာသိမ်းစစ်အုပ်စု နှင့် ပြည်သူလူထုသို့ GW ၏ အသိပေးကြေငြာချက်


အာဏာသိမ်းစစ်အုပ်စု နှင့် ပြည်သူလူထုသို့ GW ၏ အသိပေးကြေငြာချက်ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဆန္ဒခံယူပွဲရလဒ်ကို လက်မခံဟု အဖွဲ့ချုပ် တရားဝင်ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ ဌာနချုပ်မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာသို့ ၂၇.၅.၂၀၀၈ နေ့က ချီတက်သွားနေစဉ်။လမ်းခရီးတွင်ပင် လူငယ်များကို ရဲများက ဖမ်းဆီးသွားခဲ့သည်။


နေသွင်
အင်္ဂါနေ့၊ မေလ 27 2008 18:53 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၁၉၉ဝ ရွေးကောက်ပွဲရလဒ် လွှတ်တော်ခေါ်ယူရေးကို တောင်းဆိုသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ယနေ့ ကြေညာချက်တွင် မကြာသေးခင်က ပြီးစီးသွားသော ဆန္ဒခံယူပွဲ ရလဒ်ကို လက်မခံနိုင်ဟု တရားဝင် ထုတ်ဖော် ပြောဆိုလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်ချက်သည် ဖွဲ့စည်းပုံကို တနိုင်ငံလုံးရှိ မဲဆန္ဒရှင်များ၏ ၉၂ ရာခိုင်နှုန်းက ထောက်ခံသည် ဟူသော သတင်း ထုတ်ပြန်ချက်နှင့် ရက်ဆက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ် တရားဝင် တုံ့ပြန်ချက် ဖြစ်သည်။ အဖွဲ့ချုပ်ရုံးတွင် ယနေ့ ကျင်းပသော ရွေးကောက်ပွဲ (၁၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အပြီးတွင် ထွက်ပေါ်လာသော အဖွဲ့ချုပ်၏ ကြေညာချက်တွင် စစ်အစိုးရက ပြုလုပ်သော ဆန္ဒခံယူပွဲသည် နိုင်ငံတကာ စံချိန်မမှီရုံမျှမက မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က စံချိန်ကို မမှီဟု ဝေဖန်ထားသည်။ “အာဏာပိုင်တို့က ဖွဲ့စည်းပုံကို ၁၄ နှစ်ကြာ အချိန်ဆွဲယူခဲ့ပြီး၊ ဖွဲ့စည်းပုံ မူကြမ်းအား ဆုံးဖြတ်ပေးရမည့် ပြည်သူလူထု၏ သဘောထားကို တလအတွင်း တောင်းခံခဲ့ခြင်းသည် နိုင်ငံတကာ စံနှုန်းများကို ညီညွတ်ရန် မဆိုထားနှင့် တပါတီစနစ် ကျင့်သုံးသည် မြန်မာ့ဆိုရှယ်လစ် ပါတီ၏ ၁၉၇၃ ခုနှစ် ဆန္ဒခံယူပွဲ အဆင့်ကိုပင် မမှီပါ” ဟု ဆိုထားသည်။ ကြေညာချက်တွင် စာမျက်နှာ (၄) မျက်နှာ ပါဝင်ပြီး လွှတ်တော်ခေါ်ပေးရေး၊ ခေါင်းဆောင်များ ပြန်လွှတ်ပေးရေး၊ အဖွဲ့ချုပ်ရုံးများ ပြန်ဖွင့်ပေးရေး၊ ဖျက်သိမ်းခံ တိုင်းရင်းသား ပါတီများကို ပြန်လည် တရားဝင်ခွင့်ပေးရေး၊ လွတ်လွတ်လပ်လပ် နိုင်ငံရေး လှုပ်ရှားခွင့်ပေးရန် အချက်များကိုလည်း ထုံးစံအတိုင်း ထည့်သွင်း တောင်းဆိုထားသည်။ ဆန္ဒခံယူပွဲနှင့် ပတ်သက်သော အဖွဲ့ချုပ်၏ ရပ်တည်ချက်တွင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူလူထု၏ လွတ်လပ်သော ဆန္ဒကို အခြေခံသည့် အဆုံးအဖြတ်ကို လက်ခံမည် ဖြစ်သော်လည်း အာဏာပိုင်များ၏ အတုအယောင် ဆန္ဒခံယူပွဲကို လက်ခံနိုင်မည် မဟုတ်ပေ” ဟု ပါရှိသည်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးနေချိန်တွင် စစ်အစိုးရသည် “ကိုယ်ကျိုးအာဏာ နိုင်ငံရေးအတွက် တဇွတ်ထိုး ကျင်းပခဲ့သည်” ဟုလည်း အဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။ လူထုကိုယ်စားလှယ်များ ပါဝင် ရေးဆွဲခြင်း မရှိသော ဖွဲ့စည်းပုံ မူကြမ်းတွင် ပြည်သူတို့၏ သဘော အကြံဥာဏ်များကို တောင်းခံခဲ့ခြင်း မရှိသလို ဆန္ဒခံယူပွဲ ကျင်းပသည့် အချိန်တွင်လည်း စစ်အစိုးရ ကိုယ်တိုင် ချမှတ်ထားသော ဆန္ဒခံယူပွဲ ဥပဒေ နည်းဥပဒေများကို ချိုးဖောက်ကာ ထောက်ခံမဲရအောင် နည်းမျိုးစုံ ကြိုးပမ်းခဲ့သဖြင့် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်မှုမရှိ ဟုလည်း အဖွဲ့ချုပ်က ဆိုသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးသင့် ဒေသသို့ ခရီးသွားလာခွင့် ကက (ကြည်း) ထိန်းချုပ်

အေးချမ်းမြေ့ မေ ၂၇၊ ၂၀၀၈
နိုင်ငံတကာ အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများ လေဘေးသင့်ဒေသများသို့ သွားလာမည်ဆိုပါက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) သို့ အကြောင်းကြားကာ ခရီးသွားလာခွင့် တင်ပြ၍ ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးကိုယ်စား အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ရန်နိုင်က ထုတ်ပြန်ကြေညာထားသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းထုတ်ပြန်ချက်ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၀၈ ခုနှစ် မေလ ၂၃ ရက် ရက်စွဲပါ စာအမှတ် ၁၂ က ၂၀၀၈/ နပတ/ ၂၅၄၇ ဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကို ပေးပို့ခဲ့ရာ အသင်းဝင်ကုမ္ပဏီများ သိရှိစေရန် “ခရီးသွားလုပ်ငန်း သတင်းလွှာ” အဖြစ် ဖြန့်ချိထားခြင်း ဖြစ်သည်။
“ကာကွယ်ရေး လုပ်သားတွေ လေဘေးသင့်ဒေသတွေကို မြန်မြန်မရောက်အောင် အချိန်ဆွဲတာပဲ။ နေပြည်တော်ကို စာတင်ရင် အနည်းဆုံး ၁ လ၊ ၁ လ ခွဲလောက် ကြာမှာ” ဟု ခရီးသွားကုမ္ပဏီ တခု၏ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ယခုအခါ နိုင်ငံတကာအဖွဲ့အစည်းများကို လေဘေးသင့် ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ လုပ်ဆောင်ရန် မြန်မာစစ်အစိုးရက ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း ၎င်း အဖွဲ့အစည်းများ၏ ခရီးသွားလာ ခွင့်ကို ကန့်သတ်နိုင်ရန် ယခုကဲ့သို့ သတိပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထိုသူက ဆက်ပြောသည်။
လေဘေးဒုက္ခသည်များကိုလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်တော့မည် ဆိုကာ ယမန်နေ့ ညနေ ၃ ရာရီမှစ၍ ဒုက္ခသည်စခန်းများတွင် နေခွင့်မပြုတော့ကြောင်း လပွတ္တာမြို့မှ ပြန်လာသူ တဦးကပြောပြသည်။
“ဘုန်းကြီးကျောင်းတွေမှာ ဘုန်းကြီးတွေပဲရှိရမယ်လို့ပြောတယ်။ လူတွေ အစုအဝေးနဲ့ မမြင်ချင်ဘူး။ ဒုက္ခသည်စခန်းတွေ မှာကော လမ်းတွေမှာ တောင်းနေတာကော မမြင်ချင်ဘူးတဲ့။ အဲလိုတွေ့ရင်ဖမ်းမယ် ခြိမ်းခြောက်တယ်” ဟု ၎င်းက ဆက်ပြောသည်။
ယခင်ရက်ပိုင်းများက ကဲ့သို့ လမ်းတလျှောက် အလှူရှင်များကို စောင့်ဆိုင်းနေသော ဒုက္ခသည်များမှာ နေ့ခင်းပိုင်းတွင် မတွေ့ရသလောက်ဖြစ်သွားပြီး ညဘက်မှောင်မှသာ ထွက်လာရဲကြတော့သည်ဟု သူက ပြောသည်။
“တကယ်ဖမ်းမှာလား ခြောက်တာလားတော့မသိဘူး။ လူတွေကတော့ တော်တော်လေး ကြောက် နေကြတယ်။ စစ်သားတွေ စစ်ကားတွေ တွေ့တာနဲ့ ထွက်ပြေးတာပဲ။ ရေကန်တွေ့ ရေကန်ထဲခုန်ချကြတယ်” ဟု ၎င်းက ဆိုသည်။
ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ ဘုရားကြီးကျောင်းတိုက်မှ ဒုက္ခသည် ၃၃ ဦးကိုလည်း ရယက များက မနက်ဖြန် အပြီး ထွက်သွားပေးရန် ဖိအားလာပေးကြောင်း ၎င်း ဒေသမှ ပြန်လာသူတဦးကပြောသည်။
စစ်အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ မေလ ၂၄ ရက်နေ့ထုတ်တွင် မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ခံ ရသော ရွာပေါင်း ၈၄ ရွာမှ ဒုက္ခသည် ၉၂၀၀ ကို ဧရာဝတီတိုင်း ဝါးခယ်မ မြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် စောင့်ရှောက်ထားခဲ့ရာမှ ယခုအခါ ပြန်လည် နေရာချထားရေးအစီအစဉ်အရ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဟု ပါရှိသည်။
ယခုအခါတွင် ဧရာဝတီတိုင်းအတွင်း နေထိုင်သူအားလုံး အခြားဒေသများသို့ သွားလာခွင့် လုံးဝမရှိတော့ပေ။ ထိုဒေသမှ ထွက်လာသူတိုင်း၏ မှတ်ပုံတင်ကို တောင်းယူစစ်ဆေးကာ ဧရာဝတီတိုင်း မှတ်ပုံတင်ဖြစ်နေပါက ကွမ်းခြံကုန်းမှ လှည့်ပြန် သွားရကြောင်း ၎င်းဒေသသို့ သွားရောက်လေ့လာသူ တဦးက ပြောပြသည်။
ပြီးခဲ့သည့် ၂၅ ရက်နေ့ကလည်း ဒုက္ခသည်များကို လှူဒါန်းရန်သွားသော ကားများကို အပြန်တွင် တွံတေး အထွက်နှင့် ပန်းလှိုင်တံတားထိပ်တို့မှ စောင့်၍ ဖမ်းဆီးကြောင်း မျက်မြင်တဦးထံမှ သိရသည်။ လှူဒါန်းရန် သွားရောက်မည့် ကားများကို လမ်းတလျှောက် စောင့်ဆိုင်းကာ တောင်းနေသော ဒုက္ခသည်များအား ရပ်နားပေးကမ်းလျင် နံပါတ်မှတ်၍ အပြန်၌ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းကပြောပြသည်။
“ဘာပုဒ်မနဲ့ ဖမ်းတာလဲလို့မေးကြည့်တော့ နိုင်ငံတော်ကို အကြည်ညိုပျက်စေသောပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းတာတဲ့” ဟု သူကပြောသည်။
ယာဉ်အစီး ၂၀ ကို ၎င်းရှေ့တွင်ပင် ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး အများစုမှာ ပစ္စည်းတင်သည့် ဒိုင်နာကားများ ဖြစ်သည်ဟု ဆိုသည်။ ကားနှင့် ယာဉ်မောင်းကိုသာ ခေါ်ထားလိုက်ခြင်းဖြစ်ပြီး ပါလာသည့် လူများကို ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို ပြည်ဝင်ခွင့်ပြုမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို ပြောခဲ့သော်လည်း မစ္စတာ ဘန်ကီမွန်းနှင့် နိုင်ငံတကာ အလှူရှင်များ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ဗိုလ်ချုပ်မှူးကြီး၏ ကတိစကားကို သတိနှင့်သာ ကြိုဆိုကြောင်း ၂၅ ရက်နေ့က ကျင်းပသည့် နိုင်ငံတကာ လေဘေးဒုက္ခသည်များအကူ အညီပေးရေးနှင့် ကတိ က၀တ်ပြုညီလာခံအပြီး ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စု ဆက်လက်ထိန်းသိမ်းထားခြင်း ကုလ အတွင်းရေးမှူးချုပ် စိတ်မကောင်းဖြစ်

28 May 2008

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချထားမှု ဆဋ္ဌမနှစ် သက်တမ်းတိုးဖို့ စစ်အစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ် (George Bush) က ပြောပါတယ်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အသက် ၆၂ နှစ်အရွယ်ရှိ မြန်မာ့အတိုက်အခံခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်ကျော် နေအိမ်အကျယ်ချုပ် ချခံနေခဲ့ရပါတယ်။ မြန်မာ့နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တခြားသော ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ နိုင်ငံရေးစကားဆိုပါလို့ သမ္မတအိမ်ဖြူတော်က စစ်အစိုးရကို အင်္ဂါနေ့က တိုက်တွန်းလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးခြင်းဟာ မြန်မာပြည်က နိုင်ငံရေးလွတ်လပ်ခွင့်အတွက် ၀မ်းနည်းစရာတရပ်ဖြစ်တယ်၊ ဒါပေမယ့် ဆိုင်ကလုံးလေပြင်းမုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေးကိုတော့ ထိခိုက်စေမှာမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာနကလည်း ကြေညာပါတယ်။
မြန်မာစစ်အစိုးရ တာဝန်ခံများ ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ မနေ့က သွားရောက်ပြီးနောက် နေအိမ်အကျယ်ချုပ်ချထားမှု သက်တမ်းတိုးကြောင်း အသိပေး ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုက နိုင်ငံတကာအသိုင်းအ၀ိုင်းအဖို့ အလွန်အရေးအကြီးဆုံးနဲ့ အကြီးအကျယ်စိုးရိမ်ရတဲ့ အမှုတွေထဲမှာ တခုအပါအ၀င်ဖြစ်ကြောင်း ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားအားလုံး စောနိုင်သမျှစောပြီး လွတ်လာကြတာကို မြင်တွေ့ရရေး ကုလသမဂ္ဂက ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ကတိပြု ပြောဆိုသွားပါတယ်။
မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စကို ထည့်သွင်းဆွေးနွေးခြင်း မပြုခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူ မြန်မာပြည်ကိုသွားရောက်တာဟာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဘေးသင့်ခံရတဲ့အတွက် ကူညီဖို့ကိစ္စဖြစ်ပြီး နိုင်ငံရေးကိစ္စမဟုတ်လို့ ဆွေးနွေးခဲ့ခြင်းမပြုတာလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရှင်းပြပြောဆိုပါတယ်။

Rest of your post


အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စု နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမှု သမ္မတဘုရှ် လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်သက်တမ်းကို မြန်မာစစ်အစိုးရက ထပ်တိုးလိုက်တဲ့အပေါ် အမေ ရိကန်ပြည်ထောင်စုက အင်္ဂါနေ့မှာ အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ အခုလို မြန်မာစစ်အစိုးရအပေါ် ဝေဖန်မှုတွေ ရှိပေမယ့်လည်း မြန်မာဆိုင်ကလုံး ဒုက္ခသည်တွေအတွက် အကူအညီတွေကိုတော့ အမေရိကန်ပြည်ထောင်စုက ဆက်ပေးသွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘုရှ်က ဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနကနေ ဗွီအိုအေသတင်းထောက် ဒေးဗစ် ဂေါလ်လပ်စ်တ် (David Gollust) သတင်းပေးပို့ထားတဲ့အတိုင်း မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာစစ်အစိုးရလက်ကိုင်တုတ် အဖွဲ့အစည်းတွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းကစလို့ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားသလို အခုလို ဆက်ပြီး အကျယ်ချုပ်သက်တမ်း တိုးလိုက်တဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ သမ္မတဘုရှ်က ဆိုပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပါဝင်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုစတင်ဖို့ သမ္မတဘုရှ်က ကြေညာချက်တစောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပေမယ့် မြန်မာစစ်အစိုးရက အာဏာလွှဲမပေးခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ပဲ အများအားဖြင့် ရှိနေခဲ့တာပါ။
မြန်မာစစ်အစိုးရက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်သက်တမ်းကို တိုးလိုက်တာဟာ သူတို့လုပ်နေကြအရာတခု လုပ်လိုက်တာဖြစ်လို့ အံ့သြစရာမဟုတ်ပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်တော့ ဒါဟာ ၀မ်းနည်းစရာအချက်ပါလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင် မက်ကောမက် (Sean McCormack) က မှတ်ချက်ချ ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဆက်လက်ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး အမေ ရိကန်ပြည်ထောင်စုက အပြင်းအထန် ဝေဖန်ရှုတ်ချပေမယ့် ဒီ့အတွက်ကြောင့် မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရရဲ့ ကူညီကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကိုတော့ ထိခိုက်မှာမဟုတ်ပါဘူးလို့ အမေရိကန်သမ္မတဘုရှ်က ပြောဆိုခဲ့သလိုပဲ ရှောင် မက်ကောမက်ကလည်း ဒါကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့အနေနဲ့ ဒီကိစ္စနှစ်ခုကို ခွဲခြားထားပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အရင်ကတည်းက လူသိရှင်ကြား ပြောဆိုနေခဲ့ကြတဲ့အတိုင်း အခုလည်း ဒီအတိုင်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့ ဆက်ပြီး ဝေဖန်ပြောဆိုမှုတွေကို လုပ်သွားမှာပါ။ ဒါပေမယ့် မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ကျနော်တို့ အခုလို ဝေဖန်ပြောဆိုနေတဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံသားတွေအတွက် အခုအချိန်မှာ တကယ့်ကိုလိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ၊ အထောက်အပံ့တွေပေးဖို့ ကျနော်တို့ ဆက်ပြီးကြိုးစားသွားမှာပါ။”
မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ အမေ ရိကန်ပြည်ထောင်စုက ကူညီဖို့ ကတိပြုထားသလို အခြေခံလိုအပ်ချက် အထောက်အပံ့ ပစ္စည်းတွေကိုလည်း လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပို့ပေးခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်းဒုက္ခသည်တွေ အမှန်တကယ်လိုအပ်နေတာကို ကူညီနိုင်ဖို့ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး သင့်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမေရိကန် ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုတော့ မြန်မာစစ်အစိုးရက လာရောက်ခွင့်မပြုပါဘူး။ အဲဒီဒေသက ဒုက္ခသည်တွေကို အမေရိကန်စစ်ဖက်က အထောက်အပံ့ပစ္စည်းတွေ တိုက်ရိုက်ဖြန့်ဝေခွင့်ကိုလည်း မြန်မာစစ်အစိုးရက ပိတ်ပင်ထားဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးက ကမကထပြု ကြီးမှူးကျင်းပခဲ့တဲ့ အလှူရှင်များညီလာခံမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ သန်းနဲ့ချီတဲ့ မုန်တိုင်းဒုက္ခသည်တွေကိုကူညီဖို့ အမေရိကန်အနေနဲ့ အထောက်အပံ့ပစ္စည်းတွေနဲ့အတူ ကျွမ်းကျင်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ကမ်းလှမ်းထားတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့အပတ်က ကတိပြုထားတဲ့အတိုင်း ဒါကို ချက်ချင်း အကောင်အထည်ဖော်ဖို့ကိုလည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
အများဝေဖန်ခံနေရတဲ့ မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အတည် ပြုနိုင်ရေးအတွက် မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ရွှေ့ဆိုင်းထားတဲ့ လူထုဆန္ဒခံယူပွဲကို မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့စနေနေ့က အပြီးသတ် ဆန္ဒကောက်ယူခဲ့တဲ့အပေါ်မှာလည်း စိတ်ပျက်မိတဲ့အကြောင်း ဒီကြေညာချက်ထဲမှာ ဆက်လက်ဖော်ပြထားပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

သတင်းဆောင်းပါး လေဘေး ဒုက္ခသည်များအတွက် ကမ္ဘာ့နိုင်ငံများ ကူညီမည် အောင်သက်ဝိုင်း | မေ ၂၆ ၊ ၂၀၀၈

မုန်တိုင်းဒဏ်သင့် ဒုက္ခသည် နှစ်သန်းကျော်ကို အရေးပေါ်အကူအညီများ ပေးအပ်နိုင်ရန်အတွက် အာဆီယံ ဦးဆောင်၍ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ သုံးဦးသုံးဖလှယ် ပါဝင်သော လူသားချင်း စာနာ ထောက်ထားမူ ကူညီရေးအထူးအဖွဲ့ ဖွဲ့စည်းအတည်ပြုပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံဥက္ကဌ စင်ကာပူ နိုင်ငံခြား ရေးဝန်ကြီး မစ္စတာဂျော့ရိုး (Mr.GEORGE YEO )က ကြေညာလိုက်သည်။

နာဂစ်မုန်တိုင်းမြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်ပြီး သီတင်းသုံးပတ်ကျော်အကြာ မေလ၂၅ ရက်နေ့က ရန်ကုန်မြို့ စီဒိုးနား ဟိုတယ်တွင် ကျင်းပသော ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း(INGO)များ ပါဝင်သည့် လေဘေးဒုက္ခသည်များအကူ အညီပေးရေးနှင့် ကတိ က၀တ်ပြုညီလာခံအပြီး ကျင်းပ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ဦးဆောင်ပြီး ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများမှ သဘာဝဘေးအန္တရာယ် ပြန်လည် ထူထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ ကယ်ဆယ်ရေးလုပ်သားများ၊ ကျန်းမာရေးနှင့် ဆေး ပညာရှင် များ ၊ မြန်မာအစိုးရ အရာရှိများ ပူးပေါင်းပါဝင်မည့် ယင်းအထူးအဖွဲ့ကို ရန်ကုန်တွင် အခြေစိုက်ထားရှိမည်ဖြစ်ပြီး ကူညီရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အတားအဆီးမရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ တကာ အကူအညီများ မုန်တိုင်းဒဏ် သင့်ဒေသများရှိ ဒုက္ခသည်များထံ အမြန်ဆုံးရောက်ရှိနိုင်ရန် လုပ်ငန်းစဉ်များ ကိုချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာ ဂျော့ရိုးက ပြောသည်။
တနင်္ဂနွေနေ့က ကျင်းပသော ယင်းညီလာခံတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အာဆီ ယံ အထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်၊ အာဆီယံဥက္ကဌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျော့ရိုး နှင့် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ထိပ်တန်း အစိုးရ အရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့များမှ ဌာနေကိုယ်စားလှယ်များက အာဆီယံဦးဆောင်သည့် အကူအညီ ပေးရေးအထူး အဖွဲ့ ဖွဲ့စည်းရေးကို တခဲနက် ထောက်ခံကြကြောင်း သိရှိရသည်။
“အာဆီယံဦးဆောင်တဲ့ မုန်တိုင်းဒဏ်သင့်ပြည်သူများ အကူအညီပေးရေးအထူးအဖွဲ့ပေါ်ပေါက်ရေး မြန်မာအစိုးရရဲ့သဘော တူညီချက်ကို ကြိုဆိုပါတယ်။ ပြီးတော့ ဒီအဖွဲ့ကို အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ဦးဆောင် မယ်ဆိုတာကိုလည်း ကြိုဆိုပါတယ်”ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ညီလာ ခံ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။
အာဆီယံအထူးကူညီရေးအဖွဲ့သည် နိုင်ငံတကာနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ယုံကြည်မှုနှင့် နား လည်မှု ပျောက်ဆုံးနေသော မြန်မာအစိုးရကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ မုန်တိုင်းဒုက္ခသည်များ အသက် ရှင်ရေးအတွက် အချိန် အနည်းငယ်သာကျန်ရှိတော့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး က ပြောသည်။
“ဒုက္ခသည်တွေအတွက် အတားအဆီးမှန်သမျှကျော်လွှားပြီး အကူအညီတွေ ရောက်အောင်လုပ်သွားမယ်”ဟု အာဆီယံ အတွင်းရေးမှူးချုပ် က ဆိုသည်။
မြန်မာ ပြည်တွင်း အစိုးရမဟုတ်သော ပုဂ္ဂလိက အန်ဂျီအို အဖွဲ့များကလည်း အာဆီယံ ဦးဆောင်သော အထူး အဖွဲ့တရား ၀င်ဖွဲ့စည်းလိုက်ခြင်းအပေါ် ကြိုဆိုပါကြောင်း၊ ဒုက္ခသည်များအတွက် အစိုးရ၏ဆောင်ရွက် ချက်များ အလွန်ညံ့ဖျင်းနေချိန် တွင် အာဆီယံနှင့် နိုင်ငံတာကာ ၏ တိုက်ရိုက် အကူအညီပေးမှုများ အရေးပေါ် ရရှိရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
“မုန်တိုင်းတိုက်ပြီး နှစ်ပတ်အတွင်းမှာတောင် နိုင်ငံတကာအကူအညီ လက်ခံဖို့ ချီတုံချတုံ ဖြစ်နေတဲ့အစိုးရ က ပြည်သူတွေကို ဘယ်လို ပြန်လည်ထူထောင်ပေးမလဲ။ အခု အာဆီယံက ၀င်မယ်။ ဒါ မုန်တိုင်းဒဏ်ခံရတဲ့ ကျနော် တို့ မြန်မာပြည်သူတွေ အတွက်တော့ မင်္ဂလာသတင်းပဲ” ဟု ပြည်တွင်းအန်ဂျီအိုတခုမှ ဦးဆောင်လူငယ် တဦးက ဆိုသည်။
ပြည်တွင်း သတင်းအယ်ဒီတာတဦးကလည်း မြန်မာနိုင်ငံလက်ရှိရင်ဆိုင်နေရသောအခြေ အနေမှာ ပြည်တွင်း အလှူရှင်များ နှင့် ပြည်တွင်းအန်ဂျီအိုများ၏ အားသွန်ခွန်စိုက်ဆောင်ရွက်နေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ နှင့် မလုံ လောက်ကြောင်း၊ ယခုအာဆီယံဦးဆောင်သော နိုင်ငံတကာအကူအညီပေးရေး အဖွဲ့ များ ၀င်ရောက်မည် ဆိုသောသတင်း ကို အလွန်အားရမိကြောင်း ပြောသည်။
မုန်တိုင်းဒဏ်ခံခဲ့ရသော တွံတေးမြို့နယ်မှ ကုန်စုံဆိုင်ဖွင့်လှစ်ထားသည့် တက္ကသိုလ်ဘွဲ့ရ ဒေသခံတဦးကလည်း “လူတွေမှာ လယ်ယာ ကျွဲ နွားတွေ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေအားလုံး ဆုံးရှုံးကုန်တာ ။ ဒါတွေကို ပြန်လည်ထူထောင်ဖို့ ဆိုရင် နိုင်ငံတကာ က ၀င်ကို ၀င်မှရမှာ။ နိုင်ငံတကာအကူ အညီ မရရင် သေချာတယ် ဒီဒုက္ခသည်တွေ ရဲ့ ဘ၀ လုံးဝ နာလန်မထူဘူး”ဟု ပြောသည်။
ယခု ညီလာခံတက်ရောက်လာသော နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအဖွဲ့များနှင့်အစိုးရမဟုတ်သော အဖွဲ့ များ က မြန်မာအစိုးရအား မုန်တိုင်းသင့် ပြည်သူများကိုကူညီရာတွင် အကန့်အသတ် အချုပ်အနှောင်မရှိ ဆောင် ရွက်ခွင့်ပြုရန်ပန်ကြားကြပြီး အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နိုင်ငံတကာကယ်ဆယ်ရေးလုပ်သား များ ပြည်ဝင်ခွင့်ပြုမည်ကို သတိနှင့် ကြိုဆိုကြကြောင်း သိရှိရသည်။
မုန်တိုင်းသင့်ပြည်သူများ ကူညီရေး ကတိက၀တ်ပြု ညီလာခံတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က မုန်တိုင်းသင့် ပြည်သူများကို ပထမအဆင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ် အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း တရားဝင် ပြောဆို သော်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာအစိုးရများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ရန်လိုအပ်နေကြောင်းနှင့် လက်ရှိအကူအညီများမှာ လုံလောက်မှူမရှိသော အနေအထား တွင်ရှိကြောင်း အလေးထား ပြောကြားကြသည်။
“ကယ်ဆယ်ရေးလုပ်ငန်းတွေက လပေါင်းများစွာ လုပ်ဆောင်ရမှာပါ။ အနည်းဆုံးခြောက်လလောက်တော့ ကုန်းကောက်စရာ မရှိအောင် အရာရာအားလုံးဆုံးရှုံးသွားကြတဲ့ဒုက္ခသည်တွေကို ကျွေးမွေးစောင့်ရှောက်ရမယ်။ တခြား တဘက်မှာလည်း ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေး၊ ပြန်လည်နာလန်ထူထောင်နိုင် အောင် တပြိုင်နက်လုပ်ဆောင် သွားမှာပါ”ဟု မစ္စတာဘန်ကီမွန်းက ပြောသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး ဦးစိုးသာက နာဂစ်မုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၁၀.၆၇ ဘီလီယံ ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပြီး ပြည်သူပိုင် အဆောက်အအုံ၊ စိုက်ပျိုးရေး၊ စက်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဆက်သွယ်ရေး နှင့် စွမ်းအင်အပိုင်း၊ ဘာသာရေး၊ သစ်တောနှင့် သစ်ပင်များစုစုပေါင်း တန်ဖိုးအားဖြင့် အမေရိ ကန် ဒေါ်လာ ၃.၀၅ ဘီလီယံရှိ ကြောင်း၊ ပုဂ္ဂလိကပိုင်အနေဖြင့်မူ အမေရိကန်ဒေါ်လာ ၇.၆၂ ဘီလီယံ ဆုံးရှုံး ကြောင်း ပြောသည်။
“ပြည်သူပိုင်အဆောက်အအုံ ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၂.၁၃ ဘီလီယံ၊ အစိုးရပိုင် စိုက်ပျိုးရေးလုပ်ငန်းမှာ ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၀.၀၀၇ ဘီလီယံ၊ အစိုးရပိုင်စက်မှုလုပ်ငန်းမှာ ဆုံးရှုံးမှုက ဒေါ်လာ ၀.၁၂ဘီလီယံ၊ လျှပ်စစ်နဲ့ဆက်သွယ် ရေးလုပ်ငန်းမှာ ၀.၈၂၈၀ ဘီလီယံ၊ အစိုးရပိုင်ဘာသာရေးအဆောက်အအုံတွေမှာ ဒေါ်လာ ၀.၀၀၂၀ ဘီလီယံ၊ ပုဂ္ဂလိကပိုင် အဆောက်အအုံ ဆုံးရှုံးမှုက ၅.၁၀ ဘီလီယံ၊ ပုဂ္ဂလိကပိုင်စိုက်ပျိုရေးနဲ့မွေးမြူရေး မှာ ၀.၉၁၈ ဘီလီယံ၊ ပုဂ္ဂလိကပိုင်စက်မှု၊ ယဉ်နဲ့ ရေယဉ်ဆုံးရှုံးမှုက ၁.၄၇ ဘီလီယံနဲ့ ပုဂ္ဂလိကပိုင် ဘာသာရေး အဆောက်အအုံဆုံးရှုံးမှုက ၀.၁၂၅ ဘီလီယံ၊ သစ်တော ဆုံးရှုံးမှုက ၀.၀၁၄ ဘီလီယံရှိပါတယ်”ဟု ဦးစိုးသာက ပြောသည်။
မုန်တိုင်းဒဏ်သင့် ဒေသများပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင်အနည်းဆုံး ၂ နှစ် အချိန်ယူရဖွယ်ရှိပြီး မုန်တိုင်းသင့် ဒေသများတွင် ၂.၄၃ သန်းစိုက်ပျိုးမြေဧကရှိပြီး ၅၄၃၀၄၂ ဧကမှာ ဆားငန်ရေများဝင်ရောက် ခံခဲ့ရကြောင်း၊ မုန်တိုင်းဒဏ် သင့်ဒေသတွင် ၀.၈၃ မက်ထရစ်တန် ဆန်ရိက္ခာာများလိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး အတွက်ဓာတ်မြေသြဇာများ ၊ မျိုးစပါးများနှင့် အခြားစိုက်ပျိုးရေးသုံးဆေးဝါးများနှင့် စက်ပစ္စည်း များလိုအပ် ကြောင်း၊ စိုက်ပျိုးရေးအပိုင်းအတွက် လိုအပ် သည့် ငွေကြေးပမာဏမှာ ဒေါ်လာ ၂၂၀.၇၈ သန်းဖြစ် ကြောင်း၊ စိုက်ပျိုးမြေများအတွက် ဓာတ်မြေသြဇာလိုအပ်မှုမှာ တန်ချိန် ၀.၄၄ သန်းဖြစ်ကြောင်း ဦးစိုးသာက ရှင်းပြသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသော ဧရာဝတီတိုင်းမှရေလှောင်တမံများပြုပြင်ရန်လည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀.၄၇ လိုအပ်နေကြောင်း၊ ဆားချက်လုပ်ငန်းများအတွက် ဒေါ်လာ ၂၁.၃၀ သန်း၊ ကျန်းမာရေးစောင့်ရှောက် မှု အဆောက်အအုံများ ပြင်ဆင်ခြင်းနှင့်ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄၂.၅၂ သန်း၊ ပညာရေးအဆောက်အဦး များပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် ဒေါ်လာ ၁၃၅.၁၃ သန်းနှင့် စက်သုံး ဆီ များ၊ အကြီးစားပြုပြင်သည့် စက်ယန္တရားကြီးများ၊ ရေစုပ်စက်များနှင့် ငါးဖမ်းသဘောင်္အများအပြားနှင့် အခြား အကူအညီအများအပြား လိုအပ်နေ ကြောင်း ၄င်းကဆိုသည်။
၎င်းကဆက်လက်ပြောကြားရာတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အလှူရှင်များအနေဖြင့် မုန်တိုင်းသင့် ကျေးရွာများ၊ မြို့နယ် များကို ရွေးချယ်ပြီးပြန်လည်ထူထောင်ရေးနှင့် ကူညီဆောင်ရွက်မှုများပြုလုပ်လိုပါကလည်း မြန်မာ အစိုးရက လက်ခံသွား မည်ဖြစ်ကြောင်း၊ သို့ရာတွင်အလှူရှင်များအနေဖြင့် မြန်မာအစိုးရကို ကြိုတင်အသိပေး အကြောင်းကြားမှုများ ပြုလုပ်ရ မည်ဖြစ်ကာ လှူဒါန်းမှုပြုလုပ်လိုသော ဒေသများနှင့်ပတ်သက်သော လိုအပ် သည့် သတင်းအချက်အလက်များကို မြန်မာ အစိုးရ ကပေးမည်ဖြစ်ကြောင်း ပြောသည်။
ဝန်ကြီးဦးစိုးသာ က ပြန်လည်ထူထောင်ဦးစားပေးလုပ်ငန်းစဉ်များချပြပြီး နိုင်ငံတကာကို လိုအပ်သည့်အကူအညီများ တင်ပြခဲ့သော်လည်း နိုင်ငံတကာ အသိုင်းအ၀န်းကမူ ဒုက္ခသည်များအတွက် စားဝတ်နေရေးနှင့် မပြီးပြတ်သေးသော ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်ပြောဆိုကြပြီး ငွေကြေးလှူဒါန်းမှုများကို မြန်မာအစိုးရသို့ တိုက်ရိုက်ပေး ခြင်းမရှိဘဲ မြန်မာနိုင်ငံတွင် အခြေစိုက်လုပ်ကိုင်နေသော ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများထံသို့ လွှဲပြောင်း လှူဒါန်းမှုများသာ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ညီလာခံတွင်ဥရောပသမဂ္ဂ အီးယူက အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀န်းကို မုန်တိုင်းသင့်ဒုက္ခ သည်များအတွက်ပူးတွဲအလုပ်လုပ် ကြရန်တိုက်တွန်းပြီး ဥရောပသမဂ္ဂက ယူရိုငွေ သန်း ၆၃ သန်းတန်အရေး ပေါ် အကူအညီများပေးအပ်ပြီးဖြစ်ကြောင်း ဥရောပကော်မရှင်အနေဖြင့် မုန်တိုင်းသင့် ဒုက္ခသည်များအတွက် ယူရိုငွေ ၁၇,၀၀၀,၀၀၀ ကူညီမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။
တခြား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် သြစတီးယားနိုင်ငံက ယူရိုငွေ ၂၅၀၀၀၀ ၊ ဘယ်လ်ဂျီယံ က ယူရို ၁၀၀၀၀၀၀၊ ချက်သမ္မတနိုင်ငံက ယူရို၈၂၅၀၀၀၊ ဆိုက်ပရပ်စ်နိုင်ငံက ယူရို ၃၀၀၀၀ ၊ ဒိန်းမတ်နိုင်ငံက ယူရို ၆၄၀၀၀၀၀ ၊ အက်စတိုးနီးယား နိုင်ငံက ယူရို ၃၁၉၅၆ ၊ ဖင်လန်နိုင်ငံက ယူရို၁၁၀၀၀၀၀ ၊ ပြင်သစ်နိုင်ငံက ယူရို ၂၀၀၀၀၀၀ ၊ဂျာမနီ နိုင်ငံက ယူရို ၄၀၀၀၀၀၀ ၊ ဂရိက ယူရို ၁၃၀၀၀၀ ၊ ဟန်ဂေရီ နိုင်ငံက ယူရို ၅၀၀၀၀၊ အိုင်ယာ လန် က ယူရို ၁၀၃၀၀၀၀ ၊ အီတလီက ယူရို ၁၉၀၀၀၀၀၊လက်ဗီးယားနိုင်ငံက ယူရို ၂၀၀၀၀ ၊ လူဇင်ဘတ်နိုင်ငံက ယူရို ၃၀၀၀၀၀၊ နယ်သာလန်နိုင်ငံက ယူရို ၁၅၀၀၀၀၀၊ ပိုလန်နိုင်ငံက ယူရို ၁၅၀၀၀၀၊ ရိုမေးနီးယားနိုင်ငံက ၁၀၀၀၀၀၊ ဆလိုဗက်ကီးယားနိုင်ငံက ၅၀၀၀၀၊ စပိန်နိုင်ငံက ၂၂၀၀၀၀၀၊ ဆွီဒင်နိုင်ငံက ၁၆၀၀၀၀၀၊ဗြိတိသျှ က ၂၁၄၀၀၀၀၀ ကူညီမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကြေညာချက်က ဆိုသည်။
မြန်မာနိုင်ငံ၏အိမ်နီးချင်းတရုတ်နိုင်ငံက ၄င်းကိုယ်တိုင် ငလျှင်ဒဏ်ကြောင့် အခက်အခဲများကြုံတွေ့ရလင့်ကစား မြန်မာ မုန်တိုင်းသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း ကူညီမည်ဖြစ်ကြောင်း တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရမ်ဂျီချီ(Mr.Yang Jiechi)က ပြောသည်။
မြန်မာနိုင်ငံသို့ အကူအညီအများဆုံးပေးနေသည့် ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁.၇ သန်းညီမည့် အပြင် ဂျပန် ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံသို့ လာရောက်ပြီး ဆေးဝါးကုသမှုများဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းအပြင် ရန်ကုန် ဆိပ်ကမ်းးတွင် နစ်မြုပ်သွားသော သဘောင်္များဆယ်ယူရေးအတွက် ဆောင်ရွက် ပေးမည်ဖြစ် ကြောင်း၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက်လည်းဆောင် ရွက်ပေး မည်ဖြစ်ကြောင်း ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုဆာမူးယူနို( Mr.Osamu UNO ) ကပြော သည်။
အမေရိကန်ပြည်ထောင်စုကလည်း ကယ်ဆယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ရန်ပြောဆိုပြီး လက်ရှိတွင် ဒေါ်လာ ၂၀.၅ သန်းတန် အကူအညီများပေးအပ်မည်ဖြစ်ကြောင်း၊ အကူအညီများထပ်မံတိုးမြှင့်ရန်ရှိကြောင်း ကြေညာချက်ထုတ်ပြန်သည်။
အာဆီယံ နိုင်ငံများဖြစ်သော စင်္ကပူ၊ အင်ဒိုနီးရှား ၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဘရူနိုင်း၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင် တို့ကလည်း လေဘေး ဒုက္ခသည်များအတွက် အလှူငွေများ ထည့်ဝင်မည်ဖြစ် ကြောင်း ကတိပြုကြသည်။
လက်ရှိ အာဆီယံ အတွင်းရေးမှူးတာဝန်ယူထားသော ထိုင်းနိုင်ငံက မြန်မာလေဘေး ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိ အကူအညီများကို ပေးအပ်ပြီးဖြစ်ကြောင်းနှင့် နိုင်ငံတကာ အကူအညီ အဖွဲ့များ၊ INGO များနှင့် ကုလသမဂ္ဂဆိုင်ရာ အကူအညီပေးရေး လေယာဉ်များ အတွက် ဘန်ကောက်မြို့ရှိ ဒွန်မောင်း နိုင်ငံတကာလေဆိပ်ကို အသုံးပြုခွင့်ပေးထားကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး နပ္ပဒွန် ပတ္တမာက ပြောဆိုသည်။
အာဆီယံ ဥက္ကဌ စင်ကာပူနိုင်ငံအနေဖြင့် မုန်တိုင်းသင့်မြန်မာပြည်သူများအတွက်အမေရိကန် ဒေါ်လာ ၅ သန်း အကူအညီ ပေးမည်ဖြစ်ပြီး တခြားရဟတ်ယဉ်အပါအ၀င်ပို့ဆောင်ဆက်သွယ်ရေး ပစည်းများနှင့် လိုအပ်သော ပစ္စည်များ ထောက်ပံ့မည် ဖြစ်ကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို လည်းထပ်မံကူညီသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး ကပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ဟာဆန်ဝီရာ ယုဒ က ၎င်းတို့ နိုင်ငံအနေနှင့် နာဂစ် မုန်တိုင်း ဒုက္ခသည်များ အတွက် အမေရိကန် ဒေါ်လာ ၁ သန်း ငွေသား အကူအညီကို အာဆီယံ အဖွဲ့သို့ ပေးအပ်မည်ဖြစ်သည်ဟု ဆို သည်။
လေးရှားနိုင်ငံကလည်း မလေးရှား ရင်းဂစ် ငွေ ၅ သိန်း တန်ဖိုးရှိ အကူအညီများပေးပြီးသည့် အပြင် အမေရိကန် ဒေါ်လာ ၁ သန်း ကိုလည်း အလှူငွေထည့်ဝင်မည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။
ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံများက အမေရိကန် ဒေါ်လာ ၂၅၀၀၀၀ စီ ငွေသား လှူဒါန်းမည်ဖြစ်ပြီး ဗီယက်နမ် နိုင်ငံကမူ အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ ငွေသားအကူအညီပေးမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုသည်။
တောင်ကိုရီးယားက အမေရိကန်ဒေါ်လာ ၂.၅ သန်း တန်ဖိုးရှိ အကူအညီပစ္စည်းများကို လှူဒါန်းမည်ဖြစ်ပြီး ဘရူနိုင်း နိုင်ငံက ဒေါ်လာ ၁ သန်း လှူမည်ဖြစ်သည်ဟု ဆိုသည်။
သြစတြေးလျှနိုင်ငံကလည်း မြန်မာနိုင်ငံအတွက် သြစတေးလျှဒေါ်လာ ၂၅ သန်း ကူညီမည်ဖြစ်ပြီး ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ မှတဆင့်ပေးအပ်သွး မည်ဖြစ်ကြောင်း သြစတြေးးလျှ နိုင်ငံတကာ ဖွံ့ဖြိုးရေး အထောက်အကူဝန်ကြီး မစ္စတာ ဘော့ မက်မူလန်(Mr.Bob McMullan) ကပြောသည်။
ကနေဒါနိုင်ငံ အနေနှင့် မြန်မာလေဘေး ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာ ၂ သန်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ INGO အဖွဲ့များသို့ ပေးအပ် လှူဒါန်း သွားမည်ဖြစ်ကြောင်း ပြောသည်။
နော်ဝေး နိုင်ငံက မူ ငွေသား အမေရိကန်ဒေါ်လာ သန်း ၂၀ ကို မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာ INGO အဖွဲ့များသို့ လှူဒါန်းမည်ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် တောင်အာဖရိက နိုင်ငံနေနှင့် အမေရိကန် ဒေါ်လာ ၈ သန်း လှူဒါန်းမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
ရုရှ နိုင်ငံအပါအ၀င် တခြားသော နိုင်ငံအစိုးရများကလည်း မြန်မာနိုင်ငံမှ မုန်တိုင်းသင့် ပြည်သူများအတွက် ငွေကြေးကူညီမှု များပြုလုပ်ရန်ကတိပြုကြပြီး မည်မျှကူညီမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။ယင်းညီလာခံအပြီး ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာအကူအညီငွေမည်မျှရရှိကြောင်း ထုတ်ပြန်ခြင်း မပြုနိုင်သေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိုနှိုင်းရေးမှုးရုံးအကြီးအကဲ ဒုတိယ အတွင်းရေးမှူးချူပ် မစ္စတာ ဂျွမ်းဟုန်းက သတင်းထောက်များကို ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပြည်ပရောက်မျိုးချစ်မြန်မာများ၏ အေရာဝတီတိုင်းခရီးစဉ်တစ်ချို့

ကျွန်တော်တို့မှာဆန်ကိုပဲလိုအပ်ပါတယ် ဆန်ကိုပဲပေးပါ၊ဆန်ပဲအရေးကြီးပါသည် ဟု တစ်စာစာတောင်းခံကြသူများနှင့်၊လေဘေးဒုက္ခသည်များမှ တပ်မတော်အားလှုဒါန်းခြင်းဟုပြက်ရယ်ပြုကြခြင်း၊ပြည်ပရောက်မျိုးချစ်မြန်မာများ၏ အေရာဝတီတိုင်းခရီးစဉ်တစ်ချို့

အပြည့်အစုံဖတ်လိုလျှင်

Myanmar extends Aung San Suu Kyi's house arrest


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း စစ်အစိုးရ ထပ်တိုး

YANGON (AFP) - - Myanmar's ruling junta has extended the house arrest of Aung San Suu Kyi by another year, an official said Tuesday, as 16 of the democracy leader's supporters were arrested.


Seven Myanmar officials went to the lakeside Yangon home that has been Aung San Suu Kyi's prison for most of the last 18 years and delivered the news on Tuesday afternoon during a 10-minute meeting, a state official said.
"Her detention was extended by one year," the official told AFP.
The Nobel Peace Prize winner's most recent period in detention began on May 30, 2003, when her convoy was ambushed while she toured upcountry.
The junta says four people were killed in that attack, but the party puts the toll at nearly 100.
After the ambush, Aung San Suu Kyi was initially confined at the notorious Insein prison, but was allowed to return to her home in September 2003.
About 100 uniformed and plainclothes police, along with pro-junta militia, patrolled around the rambling lakeside house in Yangon ahead of the afternoon meeting.
Earlier Tuesday, about 30 of her supporters tried to march towards her home, but security forces broke up the protest and arrested 16 people including a 12-year-old boy, a spokesman from her National League for Democracy party said.
Six police trucks were stationed near the NLD's rundown headquarters in the centre of the country's main city Yangon, while plainclothes police stood watch from across the street, witnesses said.
The arrests came as the NLD held a ceremony to mark the anniversary of its victory in 1990 elections, which was ignored by the ruling military junta.
Instead, the generals kept Aung San Suu Kyi in detention and pressed ahead with their own "roadmap to democracy," which led this month to a referendum on a constitution that democracy activists say enshrines the army's grip on power.
Forging ahead with the vote on May 10 and May 24 despite a devastating cyclone which left more than 133,000 people dead or missing, the junta on Monday declared an overwhelming referendum victory.
The regime claimed that despite the devastation, 98 percent of voters turned out for the referendum and more than 92 percent had endorsed the charter.
The NLD rejected the outcome, calling the approval of the text a "sham."
"Although the NLD is ready to accept the verdict of the people, based on their free will, it will not be able to accept the sham referendum of the authorities," the party said in a statement.
"The authorities used coercion, intimidated, deceived, misrepresented and used undue influence, and abused their power to get the affirmative votes.... Hence the outcome is not the true judgement of the people."
The party also denounced the regime for holding the referendum after the cyclone, which left 2.4 million people in desperate need of food, shelter and medicine, the United Nations has said.
The NLD said the regime had ignored the public welfare "by obstinately holding the referendum, considering only power politics and self-interest, after the devastation to the people caused by Cyclone Nargis."
International calls for Aung San Suu Kyi's release have been overshadowed by the high-level diplomacy aimed at convincing Myanmar's junta to allow a full-scale relief effort for victims of the cyclone.
UN Secretary General Ban Ki-moon was in Myanmar last week for talks with the generals, but said that the country's struggling pro-democracy movement was not discussed as his trip was purely humanitarian.

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်သက်တမ်း စစ်အစိုးရ ထပ်တိုး


အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးလိုက်တယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို စစ်အစိုးရအရာရှိတဦး ကားမောင်းဝင်သွားခဲ့ပြီး သက်တမ်းတိုးကြောင်း အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ထပ်ခါတလဲလဲ တောင်းဆိုနေတာကို စစ်အစိုးရက ဂရုမစိုက်၊ လျစ်လျူရှုပြီး ဒီကနေ့ နောက်ထပ်သက်တမ်း တနှစ်တိုးလိုက်တာဖြစ်တယ်လို့ ရန်ကုန်ကလာတဲ့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ငြိမ်းချမ်းစွာ ချီတက် တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၁၅ ယောက်ထက်မနည်း ဒီနေ့ အဖမ်းခံရပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ နှစ်ပြည့် အောင်ပွဲခံ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကျင်းပရာ အန်န်အယ်လ်ဒီဌာနချုပ်ကနေ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာကို မိုးရေထဲမှာ ခမောက်တွေဆောင်းပြီး အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီချီတက်ကြတဲ့သူတွေထဲက ၁၅ ယောက်ထက်မနည်းကို လုံထိန်းတွေက ထရပ်ကားတွေပေါ်တင်ပြီး ဖမ်းဆီးသွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မုန်တိုင်းဘေးသင့်ဒုက္ခသည်တွေအတွက် တကမ္ဘာလုံးက စာနာမှုနဲ့ ကူညီနေကြတဲ့အချိန်မှာ မြန်မာစစ်အစိုးရအနေနဲ့ စိတ်ကောင်းစေတနာထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒ (Hassan Wirajuda) က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

နေရပ်ပြန်ခိုင်းခံရသည့် ဒုက္ခသည် နှင့် ရဲများ ပြဿနာတက်...DVB မှ


အပြည့်အစုံဖတ်လိုလျှင်

အလှူပစ္စည်းလက်ခံသူ သွေးထွက်သံယို ရိုက်နှက်ခံရ...DVBမှ


အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်များအား သွားလှူသည့်ကားများ အပြန် ထိန်းသိမ်းခံရ...DVB မှ


အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒုက္ခသည်များကို ကူညီတဲ့ ကား ၇ဝ ကျော် ဖမ်းဆီးခံရ

ဖနိဒါ
တနင်္လာနေ့၊ မေလ 26 2008 19:24 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်းအတွင်း လေဘေး ဒုက္ခသည်များကို ကူညီပြီး ပြန်လာသည့် အလှူရှင်များ၏ ကားစီးရေ ၇ဝ ကျော်ကို ယမန်နေ့က ရန်ကုန်သို့ ပြန်အဝင်တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။

ရန်ကုန်သို့ ပြန်ဝင်လာသည့် ကားများကို ရဲမှူးကြီး လူလူဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့ ပန်းလှိုင် တံတားအနီးတွင် ယမန်နေ့ ညနေပိုင်းမှ စတင်ကာ တညလုံး ဖမ်းဆီးနေခဲ့ခြင်း ဖြစ်သည်။“တံတား ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် အစီး ၅ဝ လောက် တန်းထားတယ်။ နောက် အင်းစိန် ဂျီတီအိုင် ဝင်းထဲမှာ ၂၂ စီး။ မနေ့ည ၈ နာရီကမှ ဖမ်းတာ။ အခု လောလောဆယ် ပြန်မပေးသေးဘူး၊ အခုထိပါပဲ။ ကားပိုင်ရှင်တွေကို ဒီနေ့ ခေါ်တယ်။ ကား ပြန်မပေးသေးဘူး” ဟု အန်အယ်ဒီ လူငယ်အဖွဲ့ (ဗဟို) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဖမ်းဆီးရခြင်းသည် ဥပဒေ ချိုးဖောက်ခြင်းကြောင့်ဟု ရဲများက ပြောဆိုသည့်အပြင် လှူဒါန်းလိုများသည် ရန်ကုန်တိုင်း ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲမြို့ရှိ မြို့နယ် မယက အာဏာပိုင်များကို အကူအညီ တောင်းပြီးနောက် လှူဒါန်းရန်နှင့် လမ်းပေါ်သို့ ပစ်ချပေးခြင်းသည် အကျင့်စာရိတ္တ ပျက်ပြားစေသော စိတ်ဓာတ်များ ပေါ်ပေါက်ရန် နှိုးဆော်ပေးသည့်အတွက် ထိုကဲ့သို့ မလှူဒါန်းရန် ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ကြေညာချက် ထုတ်ခဲ့သည်ဟု ဆိုသည်။

အနုပညာရှင် ကိုဇာဂနာက “ဒီလို လှူဒါန်းတာက ပြဿနာမရှိဘူး။ ဒါပေမဲ့ လမ်းလယ်ခေါင်မှာ ဟိုပစ်ပေး ဒီပစ်ပေး၊ နောက်ပြီး ပြဿနာတွေလည်း ဖြစ်တယ်ပေါ့လေ။ အဲလိုမျိုးကျတော့ လှူဒါန်းတာတွေက လှူရာမရောက်ဘူး။ နောက်တော့ နိုင်ငံတော်က စနစ်တကျ လုပ်တာကို အနှောင့်အယှက် ဖြစ်တယ်ပေါ့။

ဒုက္ခသည်တွေက စခန်းသွားဖို့ လုပ်တာကို သူတို့က စခန်းမသွားဘဲနဲ့ လမ်းပေါ်မှာပဲ လုပ်တာပေါ့လေ။ တချို့က အဲလိုရှိတယ်” ဟု ဖမ်းဆီးရာ၌ အကြောင်းပြပုံကို ပြန်ပြောပြသည်။

ကားများကို အင်းစိန် ရွာမရှိ ဂျီတီအိုင် ကျောင်းထဲတွင် ထားရှိကာ ကားပိုင်ရှင်များကို ယနေ့တွင် ထပ်မံခေါ်ထားကြောင်းနှင့် ယခု ဖမ်းဆီး နေသူများသည် ကျိုက္ကဆံ စစ်ကြောရေး စခန်းမှ စစ်တပ်နှင့် ရဲများဖြစ်ကြောင်း ကြားသိရသည်ဟု နာရေး ကူညီမှုအသင်းမှ ရုပ်ရှင်မင်းသား (ဦး) ကျော်သူက ပြောသည်။“အများ ပြောနေတာက ကျိုက္ကဆံ စစ်ကြောရေးက ခေါ်သွားတယ်လို့ ပြောတယ်။ ရဲရော၊ စစ်တပ်ရော ပါမယ်ထင်တယ်။ ညဘက် ကားအစီး ၁ဝဝ လောက်ရှိမယ်။ မနေ့က ကား တော်တော်များတယ်၊ ကျနော်တို့ ကားတော့ အဖမ်းမခံရဘူး။ ဒီနားက သူတို့က အသင်းအဖွဲ့တော့ မဟုတ်ဘူးပေါ့နော်။ ဆန်တို့သွားလှူတာ ဟိုင်းလပ်စ် နှစ်စီးလည်း ကားရော လူရော အဖမ်းခံရတယ်။ လူကိုတော့ ညမိုးချုပ်မှ ပြန်လွှတ်လိုက်တယ်” ဟု ဦးကျော်သူက ပြောသည်။

သူက ဆက်ပြီး “နိုင်ငံတကာ လူကြီးတွေလည်း ရောက်နေတာကို အဲလို လုပ်နေတယ်ဆိုတော့ မကောင်းပါဘူး။ အကုန်လုံးက မြန်မာလူမျိုး မိသားစုတွေ။ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးကြတာကို အဲလိုကြီး ဖမ်းဆီးတာကတော့ မကောင်းပါဘူး။ ဒီနေ့ ကျနော်တို့ကို လာပြီး သတိပေးတာရှိတယ်။ ကားတွေကို အပြစ်ရှာတယ်ပေါ့လေ။ မီးလင်းလား၊ မီးမလင်းရင် ယာဉ်စည်းကမ်းနဲ့ ဖမ်းမယ်လို့ ပြောတယ်” ဟု ပြောသည်။

ထို့အပြင် ယနေ့တွင်လည်း ရန်ကုန်မှ ဝင်လာမည့် လေးဘေးကူညီရေး အလှူရှင်များ၏ ကားများကို ဒေးဒရဲ၊ မအူပင် ဂိတ်များတွင် အာဏာပိုင်များက တားဆီးထားသဖြင့် အလှူရှင်များက ကားနှင့် အစောင့် ထားခဲ့ကာ ပြန်လှည့်ရကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဒေါ်မြင့်မြင့်မူက ပြောသည်။ယနေ့တွင် လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်တံတား အနီးတွင် လုံထိန်းများလည်း ချထားသည်။

အပြည့်အစုံဖတ်လိုလျှင်

Tuesday, May 27, 2008

စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း

စင်္ကာပူ မှ စေတနာရှင် များ သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာခြင်း


ပြည်ပရောက် မျိုးချစ်မြန်မာများ မှ စင်္ကာပူမှ စေတနာရှင်များကိုယ်စား မြန်မာနိုင်ငံအတွင်း လေမုန်တိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရသည့် ဘိုကလေးမြို့ရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၂၀၀)၊ လပွတ္တာမြို့ရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၂၀၀)မော်ကျွန်းမြို့ရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၂၀၀) နှင့် ဟိုင်းကြီးကျွန်း၊ပြင်ခရိုင်ရွာရှိ ဒုက္ခသည် ပြည်သူများ၏ လက်ထဲသို့ ဆန်အိတ် (၄၀၀) နှင့် ကုန်ခြောက် သိန်း၅၀ဖိုး၊ တို့ကို ၂၇.၅.၂၀၀၈ နေ့ တွင်၊ ထပ်မံလှူဒါန်းပြီးပြီ ဖြစ်ကြောင်း၊ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် လေးစားစွာ အသိပေးကြေငြာအပ်ပါသည်။


ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

15 Aung San Suu Kyi supporters arrested in Myanmar: witnesses


YANGON (AFP) - - Myanmar security forces arrested 15 members of detained opposition leader Aung San Suu Kyi's party Tuesday as they tried to march to her home, a party spokesman said.
About 30 members of her National League for Democracy (NLD) marched from the party's headquarters towards her home, but security forces broke up the protest and made the arrests, witnesses and party members said.
"Altogether, 15 were arrested," NLD spokesman Nyan Win told AFP.
The march began as the NLD held a ceremony to mark the anniversary of its victory in 1990 elections, which was ignored by the ruling military junta.
Aung San Suu Kyi has been detained for most of the years since, and the regime is believed to be preparing to extend her house arrest.
Security around her home and the NLD headquarters had been tightened since morning, with dozens of uniformed and plainclothes police as well as pro-junta militia standing guard.
Six police trucks had also been stationed near the NLD's dilapidated headquarters in Myanmar's main city of Yangon.
Aung San Suu Kyi's most recent period in detention began on May 30, 2003, when her convoy was ambushed while she toured up-country. The junta says four people were killed in the attack, but the party puts the toll at nearly 100.
After the ambush, Aung San Suu Kyi was initially confined at the notorious Insein prison, but was allowed to return to her home after undergoing a gynaecological operation in September 2003.
International calls for her release have been overshadowed by the high-level diplomacy aimed at convincing Myanmar's junta to allow a full-scale relief effort for victims of Cyclone Nargis, which left 133,000 dead or missing.

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆန္ဒပြသည့်

ပီတာအောင်/ ၂၇ မေ ၂၀၀၈




ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ် ဒီ) ပါတီဝင် (၁၅) ဦးကို ယနေ့ နေ့လယ်ပိုင်းက လုံထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီ ဗဟိုဌာနချုပ်မှ ပါတီဝင်တဦးက ပြောသည်။
အဖွဲ့ချုပ်လူဝင်များသည် အဖွဲ့ချုပ်ရုံးရှေ့၌ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ကြွေးကြော်သံများ အော်ဟစ် ဆန္ဒပြကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဘက်သို့ လမ်းလျှောက် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
အန်အယ်လ်ဒီပါတီဝင်တဦးက “နေ့ခင်း (၁) နာရီခွဲလောက်မှာ ကလေးတွေက ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွှတ်ဆိုတဲ့ ဆိုင်းဘုတ်ရယ်၊ ဗိုလ်ချုပ်ပုံရယ် ကိုင်ပြီး အန်တီစု အိမ်ဘက်ကို လျှောက်သွားကြတယ်။ အဲဒါကို ကမ္ဘာအေးဘုရားလမ်း မြရိပ်ညိုဟိုတယ်နား နှင်းဆီကုန်းနား အရောက်မှာပဲ သူတို့ကို ဒိုင်နာကားနဲ့ ဆွဲတင်သွားတယ်။ အန်တီအိမ်နား မရောက်ခင်မှာဘဲ ဒိုင်နာကားနဲ့ တင်ခံရတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူတို့မှာ ဒလမှ စောပြည့်ဖြိုးအောင်နှင့် ထက်စိုးလင်း၊ မင်္ဂလာဒုံမှ ထွန်းဝင်းသိန်းနှင့် လှမျိုးနိုင်၊ တွံတေးမြို့မှ ဆရာဦးအောင်ဖေ၊ စမ်းချောင်းမှ ထွန်းထွန်းဝင်းနှင့် ပြည့်ပြည့်၊ တာမွေမှ ကျော်မျိုးနိုင်နှင့် ကြည့်မြင်တိုင်မှ ရန်နိုင်ထွန်း၊ ရွှေပြည်သာမှ ထက်ထက်ဦးဝေနှင့် ၎င်း၏ သမီး (၁၂) နှစ်၊ လှိုင်သာယာမှ မောင်ဆန်း (ခေါ်) ဆန်းနိုင်၊ ကျော်နိုင်၊ မျိုးကျော်ဇင်၊ သက်နိုင်ထွန်း၊ ခရမ်းမှ ၀င်းမြင့်မောင်တို့ဖြစ်ကြောင်း၊ ၎င်းတို့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးသော်လည်း မရမ်းကုန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
ယနေ့မွန်းလွဲပိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရသည့် (၁၈) နှစ်မြောက် အခမ်းအနားတခု ဗဟိုဌာနချုပ်တွင် ကျင်းပပြီး ယမန်နေ့က စစ် အစိုးရ ကြေညာသည့် ဖွဲ့စည်းပုံမူကြမ်း ဆန္ဒခံယူပွဲရလဒ်ကို လက်မခံကြောင်းနှင့် ဒေါ်အောင် ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရရဲ့ ကတိတည်မတည် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ စတင်စမ်းသပ်

27 May 2008



စစ်အစိုးရက ကယ်ဆယ်ရေးဝန်ထမ်းတွေကို အကန့်အသတ်မရှိ သွားရောက်ကူညီခွင့်ပြုမယ်လို့ အလှူရှင်တွေရဲ့ ညီလာခံမှာ ကတိပြုခဲ့ပြီးတဲ့နောက် အကူအညီပေးရေးအဖွဲ့တွေဟာ မုန်တိုင်းဒဏ်သင့် ဒေသတွေကို ကယ်ဆယ်ရေးအဖွဲ့တချို့ တနင်္လာနေ့မှာ စေလွှတ်နေပြီဖြစ်ပါတယ်။



ဆိုင်ကလုံးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ဖျာပုံမြို့နယ်မှ မိသားစုတစု။ မေ ၂၆၊ ၂၀၀၈။


မြန်မာနိုင်ငံရဲ့ အဓိကဆန်စပါးစိုက်ပျိုးရာဒေသကို မုန်တိုင်းကျရောက်ခဲ့တာ ၃ ပတ် ကျော်လာခဲ့ပါပြီ။ လူပေါင်း ၁၃၄,၀၀၀ က သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေကြပါတယ်။ စစ်အစိုးရက အရေးပေါ်ကယ်ဆယ်ရေးအလုပ်တွေ ပြီးဆုံးသွားပြီလို့ ပြောခဲ့ပြီး ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ သန်းပေါင်း ၁၁,၀၀၀ ကို တောင်းဆိုထားပါတယ်။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်သူ ၄ ယောက်မှာ ၃ ယောက်က ကယ်ဆယ်ရေးအကူအညီ မရရှိကြသေးပါဘူးလို့ ကုလသမဂ္ဂက ဆိုပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့လူတွေက လမ်းဘေးတလျှောက် အစားအသောက်တွေကို တောင်းခံနေကြဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဆိုပါတယ်။ အစိုးရ စစ်ဆေးရေးဂိတ်တွေက မပေးဖို့ လူတွေကို သတိပေးနေပါတယ်။ လူ ၂,၀၀၀,၀၀၀ ကျော်ဟာ သန့်ရှင်းတဲ့ရေမရှိ၊ အမိုးအကာမဲ့နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း မရကြသေးပါဘူး။
ဘန်ကောက်မြို့မှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ မြန်မာနိုင်ငံတွင်း ၀င်ရောက်ဖို့ ရက်သတ္တပတ်ပေါင်းများစွာ ဗီဇာစောင့်နေကြရပါတယ်။ တနင်္လာနေ့မှာတော့ မြန်မာသံရုံး ဗီဇာဌာန မီးလောင်ခဲ့တာမို့ ဗီဇာဌာနကို ယာယီပိတ်ထားခဲ့ရပါတယ်။ မီးလိုင်းဓာတ်ကြိုးတွေ မှားသွယ်မိလို့ မီးလောင်ရတာလို့ သံရုံးကဆိုပါတယ်။
တနင်္ဂနွေနေ့မှာ အလှူရှင်များညီလာခံ ပြီးဆုံးသွားခဲ့ပါပြီ။ အမေရိကန် အပါအ၀င် နိုင်ငံ ပေါင်းများစွာက ကယ်ဆယ်ရေးလိုအပ်မှု အကဲဖြတ်ချက် ဆောင်ရွက်ဖို့ မုန်တိုင်းသင့်ဒေသတွေကို နိုင်ငံတကာ ကျွမ်းကျင်သူတွေ သွားရောက်ခွင့်ပြုမှသာ အကူအညီကို ပိုပေးနိုင်မယ်လို့ ဆိုကြပါတယ်။
စစ်အစိုးရက နိုင်ငံခြားကယ်ဆယ်ရေးဝန်ထမ်းတွေကို တိုင်းပြည်တွင်း ၀င်ရောက်ခွင့်ပြုခဲ့ပေမယ့် အမေရိကန်နဲ့ ပြင်သစ် စစ်သင်္ဘောတွေ၊ အကူအညီပေးပစ္စည်းတွေ ကမ်းကပ်ပို့ဆောင်ရေးကိုတော့ ငြင်းဆိုထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

၁၈ နှစ်ပြည့်လာသော်လည်း ရွေးကောက်ပွဲရလဒ်ကို ဒီမိုကရေစီ အင်အားစုများ ဆုပ်ကိုင်ထားဆဲ

27 May 2008


ဒီကနေ့ဟာ ၁၉၉၀ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တာ ၁၈ နှစ်ပြည့်မြောက်ခဲ့ပေမယ့် ဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ပါတီကို စစ်အစိုးရက အခုအချိန်အထိ အာဏာလွှဲမပေးသေးတဲ့အပြင် လာမယ့် ၂၀၁၀ ခုနှစ်မှာ နောက်ထပ် ရွေးကောက်ပွဲအသစ်တခု ထပ်ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီလို စစ်အစိုးရက စီစဉ်နေတဲ့အပေါ် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်မှာ အရွေးခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုယူဆပါသလဲဆိုတာ သိရအောင် ဗွီအိုအေက ရွေးကောက်ပွဲ ၁၈ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ မဲပေးခဲ့သူတချို့ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ပထမဆုံး ဒီမိုကရေစီပါတီအတွက် ပေါက်ခေါင်းမြို့နယ် မဲဆန္ဒနယ်မြေက ရွေးကောက်တင်မြှောက်ခံခဲ့ရသူလည်းဖြစ်၊ အဝေးရောက်ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ၀န်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာစိန်ဝင်းကို မေးကြည့်တော့ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက ဘာကြောင့် လျစ်လျူရှုတယ်ဆိုတာ အခုလို စပြောပြပါတယ်။
“၁၉၉၀ ရွေးကောက်ပွဲကိုတောင်မှ သူတို့က လျစ်လျူရှုခဲ့တယ်။ တကယ်တော့ အန်န်အယ်လ်ဒီပါတီနိုင်လို့ လျစ်လျူရှုခဲ့တာ။ သူတို့ပါတီနိုင်ရင်တော့ လျစ်လျူရှုမှာမဟုတ်ဘူး။ ဒီလိုလျစ်လျူရှုပြီးတော့ နောက်ရွေးကောက်ပွဲတခု လုပ်တယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ နောက်လုပ်တဲ့ရွေးကောက်ပွဲကို ဘယ်လောက် ယုံကြည်နိုင်မလဲ၊ လူထုအနေနဲ့။ အခုလည်း လူထုဆန္ဒခံယူပွဲ ဘယ်လိုလုပ်သွားလဲဆိုတာ အားလုံးအသိပဲ။”
အဲဒီတော့ ဘယ်လိုလုပ်ကြမလဲ၊ တကယ်လို့ ရွေးကောက်ပွဲက လွှတ်တော်အမတ်တွေ ထွက်လာပြီ၊ အစိုးရသစ်ဖွဲ့ပြီဆိုရင် အပြင်မှာရှိနေတဲ့၊ ဒါမှမဟုတ် အရင်အရွေးခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ ဘယ်လိုဖြစ်ကုန်ကြမလဲ၊ သူတို့ရဲ့ အခန်းကဏ္ဍတွေက။
“ဟုတ်ကဲ့၊ ကျနော်လည်း လွှတ်တော်ကိုယ်စားလှယ်တယောက်ပဲ။ ကျနော်တော့ ဂရုမစိုက်ဘူး။ ဒါ ဘာမှမထူးပါဘူး။ သူတို့က အဲဒီလိုလုပ်လို့ နိုင်ငံတကာကလည်း သူတို့ကို တကယ်ကြိုဆိုပြီး သွားမှာမဟုတ်ပါဘူး။ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကလည်း ဆက်ရှိနေမှာပဲ။ တုတ်ပြ၊ ဓားပြ၊ သေနတ်ပြပြီး အုပ်ချုပ်တဲ့စနစ်တွေလည်း ဆက်ရှိနေဦးမှာပဲ။ ဒီပါလီမန်နဲ့ အမတ်တွေဆိုတာ ရုပ်ပြပဲ၊ ဘာမှမလုပ်နိုင်ဘူး။ ရုပ်သေးတွေပဲ။ နအဖကိုလက်ခံထားတဲ့ နိုင်ငံတွေကလည်း ဆက်လက်ခံပေါ့။ တိုက်ပွဲကတော့ ဆက်သွားမှာပဲ။ ဒီတိုက်ပွဲရဲ့ အသွင်သဏ္ဏာန်ကတော့ ပြောင်းချင်ပြောင်းသွားမယ်။ သို့သော်လည်း တိုက်ပွဲကတော့ ဆက်ရှိနေမယ်။”
တကယ်လို့ စစ်အစိုးရပြောထားသလို ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲအသစ် ကျင်းပလိုက်ရင် ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အလိုလိုဖျက်သိမ်းလိုက်တဲ့သဘော ရောက်သွားပါသလား၊ အဲဒီလိုဖြစ်ခဲ့ရင်ရော အရွေးခံခဲ့ရတဲ့ လွှတ်တော်အမတ်တွေအနေနဲ့ ဘာဆက်လုပ်သင့်ပါသလဲလို့ မိုင်းရှူးမြို့နယ်၊ အက်စ်အန်န်အယ်လ်ဒီ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းဖေကို မေးကြည့်ပါတယ်။
“သူတို့ကတော့ အဲဒီသဘောမျိုး ဖြစ်ချင်ပုံရပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲက အရင်ကလည်း ပြောနေပါတယ်။ နှစ်ပေါင်း ဒီလောက်ကြာလာပြီ။ မရှိသင့်တော့ဘူး၊ မလိုအပ်တော့ဘူး၊ စသည်ဖြင့် ပြောတာမျိုးတွေ ရှိခဲ့ပါတယ်။ အဲဒီတော့ တကယ်လို့ ရွေးကောက်ပွဲအသစ် နောက်ထပ် ထပ်လုပ်မယ်ဆိုရင် ပိုဆိုးရောပေါ့။ ဒီလိုပဲပြောတော့မှာပေါ့။ ဂရုလည်းစိုက်တော့မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့လည်း ဒါ တရားဝင်တယ်လို့ မယူဆချင်ပါဘူး။
“ဘယ်လောက်ပဲ သူတို့ကိုယ်၌က ကတိပေးခဲ့၊ ပေးခဲ့၊ တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲပါလို့လည်း ပြောခဲ့ဘူးတယ်။ ၉၀ ခုနှစ်က ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ လွှတ်တော်ကို ဖွဲ့စည်းရမယ်လို့လည်း သူတို့ဥပဒေက ဆိုထားခဲ့တယ်။ သူတို့ပဲရေးတာ၊ အဲဒီဥပဒေကို။ အဲလိုဖြစ်ခဲ့တာကိုတောင်မှ သူတို့ လျစ်လျူရှုနိုင်ခဲ့ရင် နောက် ရှေ့ဆက်ဖြစ်လာမယ့် ရွေးကောက်ပွဲမှာတောင်မှ သူတို့စိတ်ကြိုက်မတွေ့တဲ့ အနေအထားမျိုးတွေ့ရင် အသိအမှတ်ပြုဖို့ ၀န်လေးချင်လေးနေမှာပဲ။ အသိအမှတ်မပြုဘဲ နေချင်လည်း နေမှာပဲ။ အဲတော့ စိတ်ကြိုက်လုပ်သွားမယ်။ စိတ်ကြိုက်ဖြစ်လာရင်ဖြစ်လာ၊ မဖြစ်လာရင် သူတို့ ပစ်ပယ်မှာပဲ။ ဒီလိုပဲ ကျနော်ယူပါတယ်။” မိုင်းရှူးမြို့နယ်က လွှတ်တော်အမတ် ဦးစိုင်းဝင်းဖေ ပြောသွားတာပါ။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဟာ နိုင်ငံတကာအပါအ၀င် ကျင်းပပေးခဲ့တဲ့ သူတွေကိုယ်၌က တရားမျှတတယ်လို့ ယူဆထားတဲ့အတွက် ဒီ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မစွန့်ပယ်ဘဲ အဖွဲ့ချုပ်အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ့်အကြောင်း အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ပြောပါတယ်။
“ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဘယ်တုန်းကမှ မစွန့်ပယ်ခဲ့ပါဘူး။ ကျနော်တို့ တရားဝင်ဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲ၊ မျှတတယ်လို့ ကမ္ဘာက လက်ခံတယ်၊ ကျင်းပပေးတဲ့ပုဂ္ဂိုလ်တွေကလည်း လက်ခံတယ်။ ဒီဟာကို ဘယ်တုန်းကမှ ကျနော်တို့ မစွန့်ဘူး။ ဒီအခြေခံနဲ့ ဆက်လက်ပြီး အဖွဲ့ချုပ်က လုပ်သွားပါမယ်။”
ဒါဆိုရင် ဒီ ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေကရော ဘယ်လိုသဘောထားတွေနဲ့ မဲပေးခဲ့ကြတာပါလဲ။ ၉၀ ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲပေးခဲ့တဲ့ မဟန်နီထွန်းကတော့ သူမဲပေးခဲ့စဉ်တုန်းက ခံစားချက်ကို ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“ကျမတို့ မဲပေးတာတော့ ရိုးရိုးပါပဲ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လိုချင်တယ်။ အဲဒီတုန်းကတော့ ကျမတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဏာရခဲ့ရင် တိုင်းပြည်ကောင်းမယ်၊ ဒီမိုကရေစီရမယ်၊ အဲဒါမျိုးနဲ့ မဲပေးခဲ့တာပါ။”
အဲဒီအချိန်က ကိုယ်တိုင်မဲပေးခဲတဲ့ စာရေးဆရာ၊ ပန်းချီဆရာ၊ ဒါရိုက်တာ ဦးဝင်းဖေကလည်း အဲဒီတုန်းက သူဘယ်လိုခံယူချက်နဲ့ မဲပေးခဲ့တယ်ဆိုတာ ဗွီအိုအေကို အခုလိုပြောပြပါတယ်။
“၁၉၉၀ တုန်းက မဲပေးရတာနဲ့ပတ်သက်လို့ အဓိက ကျနော် နှစ်ချက်ပဲပြောချင်တယ်။ တချက်က ဘာလဲဆိုတော့ မယုံပါဘူးဗျာ။ မယုံကြည်ဘဲနဲ့ ယုံတာမယုံတာအပထား၊ ပေးတာတော့ ပေးရမှာပဲဆိုပြီး ပေးတာ။ အခုတော့ ပိုမယုံဘူးပေါ့ဗျာ၊ အဲဒီတုန်းကကို မယုံဘူး။
“နှစ်အချက်က အဲဒီတုန်းက ကျနော်တို့ရပ်ကွက်မှာဆိုရင် အထူးသဖြင့် အန်န်အယ်လ်ဒီ ကိုယ်စားလှယ်ထက် ဒီ့ပြင်ပါတီတခုက ကိုယ်စားလှယ်က ပိုတော်တယ်။ သို့သော် ကျနော်က ကျနော့်မိသားစုကို မဲအကွဲခံလို့မဖြစ်ဘူး၊ ငါတို့ အန်န်အယ်လ်ဒီကိုပေးမှဖြစ်မယ်ဆိုပြီး ကျနော့်ဆီမှာရှိတဲ့ မဲတွေအကုန်ပေးတယ်။ ပေးတဲ့အခါ အဲဒီတုန်းက ကျနော်က သြော် ငါတို့အိမ်ကသာ ဒါလုပ်တာပေါ့၊ တတိုင်းပြည်လုံး ဒီလိုမှလုပ်ပါ့မလားလို့ ကျနော် အောက်မေ့တယ်။
“ရလဒ်ထွက်လာတော့ တတိုင်းပြည်လုံးက အဲဒီလိုလုပ်တယ်။ မဲအကွဲမခံဘူး။ အန်န်အယ်လ်ဒီကိုပေးတယ်။ ဒါဟာ ဗမာပြည် တနေရာ၊ တချိန်မှာ နိုင်ငံရေးအဆင့် သိပ်မြင့်တယ်ဆိုတာကို ပြတာပါပဲ။ ကျနော်ပေးခဲ့တုန်းကတော့ ကျနော်က မယုံပါဘူးဗျာ။ အဲဒီတုန်းက စစ်တပ်ကတော့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးနေတဲ့အချိန်ပေါ့။ နောက်ဆုံးကျတော့ သူတို့လည်း လန့်ဖျပ်သွားပြီး မှင်တက်တွေဘာတွေ မိသွားပြီး အကုန် ရလဒ်တွေ အမှန်အတိုင်း ကြေညာရတဲ့ဘ၀ရောက်တယ်။ နောက်တော့မှ ဇွတ်ရော၊ အဓမ္မရော ဓားနဲ့ထောက်ပြီး ညစ်တော့တာပါပဲ။ ဒါပါပဲဗျာ။”၁၉၉၀ မှာ မဲပေးခဲ့တဲ့ ဆရာဦးဝင်းဖေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

တနိုင်ငံလုံး၏ ဆန္ဒခံယူပွဲရလဒ် စစ်အစိုးရကြေညာ


NEJ/ ၂၇ မေ ၂၀၀၈

မေလ (၁၀) ရက်နှင့် (၂၄) ရက်တို့တွင် ကျင်းပခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများ၌ မြန်မာ နိုင်ငံတ၀န်းလုံးရှိ မဲဆန္ဒပေးသူများ၏ (၉၂) ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အတည်ပြုရန် ထောက်ခံခဲ့ကြသည်ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံရှိ ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၇,၂၈၈,၈၂၇) ဦးအနက် (၂၆,၇၇၆,၆၇၅) ဦးက မဲပေးကြပြီး (၂၄,၇၆၄,၁၂၄) ဦးက ထောက်ခံမဲပေးသဖြင့် ဖွဲ့စည်းပုံမူကြမ်းကို အတည်ပြုပေးရန် ထောက်ခံသည့် ရာခိုင်နှုန်းသည် (၉၂.၄၈) ရာခိုင်နှုန်းရှိသည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ ယမန်နေ့ ကြေညာချက်၌ ဖော်ပြသည်။
ကန့်ကွက်မဲပေးသူဦးရေ (၁,၆၃၁,၇၁၂) ဦး၊ ရာခိုင်နှုန်းအားဖြင့် (၆.၁) ရာခိုင်နှုန်းရှိပြီး ပယ်မဲ ဖြစ်သွားသူ (၃၈၀,၈၃၉) ဦး သို့မဟုတ် (၁. ၄၂) ရာခိုင်နှုန်းရှိကြောင်း၊ (၈၂.၇၄) ရာခိုင်နှုန်းက မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးခဲ့ကြပြီး (၁၇.၂၆) ရာခိုင်နှုန်းက ကြိုတင်ဆန္ဒမဲပေးခဲ့ကြ သည်ဟု ဖော်ပြသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေ (၁၀) ရက်နေ့က မုန်တိုင်းဘေးသင့်သည့် နေရာများမှလွဲ၍ မြန်မာတနိုင်ငံလုံးရှိ မြို့နယ် (၂၇၈) မြို့နယ်၌ ကျင်းပခဲ့ပြီး မေ (၂၄) ရက်တွင် မုန်တိုင်းဒဏ် ခံရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ကျန်မြို့နယ် (၄၇) မြို့နယ်၌ ကျင်းပခဲ့သည်။
မေ (၁၀) ရက် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် (၂၂,၄၉၆,၆၆၀) ဦးအနက် (၉၂.၄) ရာခိုင်နှုန်းက ထောက်ခံကြောင်း မေ (၁၅) ရက်၌ စစ်အစိုးရက ကြေညာခဲ့ပြီး မေ (၂၄) ရက် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် (၄,၂၈၀,၀၁၅) ဦးအနက် (၉၂.၉၃) ရာခိုင်နှုန်းက ထောက်ခံကြောင်း ယမန်နေ့က ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၌ အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း(၂၇,၃၆၉,၉၅၇) အပါအ၀င် လူဦးရေ (၅၇,၅၀၄,၃၆၈) ဦးရှိသည့်အနက် မုန်တိုင်းကြောင့် ဆန္ဒမဲပေးခွင့်ရှိသူ (၈၁,၁၃၀) ဦး သေဆုံးပျောက်ဆုံးသွားသဖြင့် လူဦးရေ (၅၇,၃၇၀,၇၁၃) ဦးအနက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၂၇,၂၈၈,၈၂၇) ရှိသည်ဟု စစ်အစိုးရ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ထုတ်ပြန်သည်။
နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ပံ့ပိုးထားသည့် ဥပဒေဖြစ်သဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဆန္ဒခံယူပွဲသည်လည်း တရား မျှတမှုမရှိသဖြင့် ဆန္ဒခံယူပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများက ထုတ်ဖော်ပြောကြားထားပြီးဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

ဘိုကလေး၊ ဖျာပုံ လေဘေးဒုက္ခသည်များအား မအူပင်မှ ပြန်ပို့

NEJ/ ၂၆ မေ ၂၀၀၈

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်တို့မှ ဒုက္ခသည်များကို နအဖစစ်အစိုးရက မအူပင် လေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေး ခဲ့ပြီးနောက် ယခုလ (၂၄-၂၅) ရက်တို့တွင် အဆိုပါဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့နေကြောင်း သိရသည်။

ဘိုကလေးမြို့နယ်မှ ကိုအောင်ဆန်းဆိုသူက “ကျနော်တို့ကို ကားပေါ်တက်၊ ကားပေါ်တက်ဆိုလို့ တက်လာတာ။ မေးကြည့်တော့ မင်းတို့ကို မင်းတို့နေရာ ပြန်ပို့မလို့ဆိုတာနဲ့ တက်လိုက်လာတာ” ဟု ပြောသည်။
၎င်းက “ကျနော်က ပန်းဘူး စလောင်းကျ၊ ကြိမ်ချောင်းကြီး အုပ်စု ဘိုကလေးကပါ။ ကျနော့်မှာ မိသားစု (၇) ယောက်ရှိတယ်။ ကျနော်တယောက်ပဲ ကျန်တယ်” ဟု ပြောသည်။
မအူပင်၌ ဒုက္ခသည်စခန်းကို အထက (၁) မအူပင်တွင် ဖွင့်လှစ်ထားပြီး ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ တို့မှ ဒုက္ခသည်များအား ထားရှိခြင်းဖြစ်သည်။
မအူပင်ရောက်စတွင် ထမင်း ၀၀လင်လင် ကျွေးသော်လည်း နောက်ပိုင်းတွင် ပုဂ္ဂလိကများ လာလှူ သည့် အစားအသောက် အ၀တ်အထည်များကိုပင် ပြည့်ပြည့်စုံစုံ မရတော့ကြောင်း ဘိုကလေးမှ ဒုက္ခသည်တဦးက ပြောသည်။
၎င်းက “ကျနော်တို့ကို နေရပ်ဒေသပြန်ပို့ပြီး နေရာချပေးဖို့လို့ ပြောတာပဲ။ ထောင်သားတွေကို တင်သလိုပဲ၊ တက်တက် အားလုံးကို ပြန်ပို့ပေးမယ်လို့ပြောတယ်။ ဘိုကလေးရောက်ရင်တော့ ဘယ်နေရာမှာထားမယ်၊ ဘာလုပ်မယ် ဒါတွေကို ဘာမှမပြောသေးဘူး” ဟုဆိုသည်။
ဘိုကလေးမြို့မှ ဒုက္ခသည်များကို ယခုလ (၂၀) ရက်က ကယ်ဆယ်ရေးစခန်းများမှ မိမိနေရပ် ဒေသများသို့ နောက်ဆုံးထား၍ ပြန်ကြရန် နအဖ လက်အောက်ခံကြံ့ဖွံ့များက အသိပေးခဲ့ပြီး နောက်ပိုင်း အချို့ဒုက္ခသည်များက ပြန်ရန်နေရာ မရှိသည့်အတွက် ခေတ္တခိုလှုံနေသော ဘုန်းတော် ကြီးကျောင်းများ၌ ဆက်လက်နေထိုင်ကြကြောင်း သိရသည်။
“အခု (၂၄-၂၅) ရက်တွေမှာ ပို့တဲ့ဒုက္ခသည်ဟာ ကားတစီးကို (၆၅) ဦးနဲ့ ကားအစီးရေ (၂၀) ရှိပြီ။ တနေ့ကို ကား (၁၀) စီးစီပါ” ဟု ဒုက္ခသည်များအား သယ်ယူပို့ဆောင်နေသည့် ကားဒရိုင်ဘာ တဦးက ပြောသည်။
(၂၄) ရက်၌ ဖျာပုံမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည် (၆၅) ဦးကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဆန် (၅) ပြည်၊ ငွေ (၅) ထောင်နှင့် မိုးကာဖျင်များပေးပြီး ၎င်းတို့၏ နေအိမ်သို့ ပြန်ခိုင်းကြောင်း သိရသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရေးလုပ်ရန် အများ ကြီးလိုအပ်နေသေးကြောင်း ပြောကြားနေချိန်တွင် ယခုကဲ့သို့ ဒုက္ခသည်များအား နေရပ်များသို့ အတင်းပြန်လွှတ်နေခြင်းဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်