စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 2, 2008

မဲရုံအဖြစ် အသုံးပြုသော ကျောင်းမီးရှို့ခံရ၍ ကျောင်းသားများ စာမသင်ရဘဲ ဖြစ်နေ


7/1/2008

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရှောက်ခုံကျေးရွာတွင် မေလ ၉ ရက်နေ့က မီးရှို့ခံလိုက်ရသော ကျောင်းကို သက်ဆိုင်ရာမှ ယခုအချိန်ထိ ပြန်လည်တည်ဆောက် ပေးခြင်း မရှိသဖြင့် ကလေးများစာမသင်ရဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမည်မဖေါ်လိုသူ ရွာသားတဦးက “ ကျွန်တော်တို့ရွာ မူလတန်း ကျောင်းကို အမည်မသိလူတွေက မဲရုံအဖြစ်ပြုလုပ်တာကို မကျေနပ်တဲ့အတွက် မေလ ၉ ရက်နေ့ ညဉ့်အချိန်မှာ မီးရှို့လိုက်ပါတယ်။ ကျောင်းတခုလုံး ပြာကျသွားခဲ့ပါတယ်။ သက်ဆိုင်ရာက ခုအချိန် ထိ ပြန်လည်တည်ဆောက် မပေးဘဲရှိနေတဲ့အတွက် ခလေးတွေကျောင်းမတက်နိုင်ဘဲ ဖြစ်နေကြ ရပါတယ်။”ဟု ပြောသည်။

သက်ဆိုင်ရာ အာဏာပိုင်များက ကျောင်းကို မီးရှို့သူများအား ကျေးရွာသားများ အနေဖြင့် ရှာဖွေဖေါ်ထုတ် ပေးရမည်ဖြစ်ပြီး မဖေါ်ထုတ်ပေးပါက ကျောင်းကို ပြန်လည် တည်ဆောက် ပေးမည်မဟုတ်ဟု ပြောကြားထားသည်ဟု အဆိုပါ ကျေးရွာသားက ပြောသည်။

သို့သော်လည်း မြေပုံရဲက မသင်္ကာမှုဖြင့် လူငယ် ၅-ဦးကို ယခုအချိန်ထိ အမှုတစုံတရာ မရှိဘဲ ဆက်လက် ဖမ်းဆီး ထိန်သိမ်းထားသည်။

ဖမ်းဆီးထိန်းသိမ်းခံနေရသော လူငယ် ၅-ဦးမှာ မောင်ဌေးဝင်း (ဖ) ဦးလှမောင်၊ ထွန်းမြချေ (ဖ) မောင်ငယ်၊ မောင်ကျော်နိုင် (ဖ) ဦးကျော်လှ၊ အောင်ရွှေမြ (ဖ) ဦးကျော်ထွန်သာနှင့် မောင်ကျော်သာ (ဖ) မောင်လှစိန်တို့ ဖြစ်သည်။

ကျောင်းမီးရှို့ခံရသည့်နေ့က ကျေးရွာသား အများအပြားကို မြေပုံရဲက ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် လက်ပူးလက်ကြပ် တဦးမှဖမ်းဆီးရမိခြင်း မရှိ၍ ပြန်လည် လွတ်ပေးခဲ့ သည်။

ယခုကဲ့သို့ ကျောင်းမီးရှို့ခံရပြီးနောက်ပိုင်း နအဖ စစ်အာဏာပိုင် များက ကျောင်းကို ပြန်လည်တည်ဆောက်ပေးခြင်း မရှိသဖြင့် ကျေးရွာသားများမှာ သူတို့၏ သားသမီးများ ပညာရေးအတွက် အထူးစိုးရိမ်နေကြောင်း သတင်းရရှိသည်။

ရှောက်ခုံကျေးရွာတွင် အိမ်ခြေပေါင်း ၈၀ နီးပါးရှိပြီး အဆိုပါကျေး ရွာမှာ သမိုင်းဝင် ကြာအင်းတောင်ရွာအနီးတွင် တည်ရှိသည်။

အပြည့်အစုံဖတ်လိုလျှင်

သာသနာ့ဥသျှောင် ကြေငြာချက် ၂၆.၆.၂၀၀၈


ဒီစာကို Select ပေးပြီးရေးပါ...
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နာဂစ် ... မင်းကို စိန်ခေါ်လိုက်ပြီ


နာဂစ် ... မင်းကို စိန်ခေါ်လိုက်ပြီ
ဖျာပုံနီလုံဦး
ဇွန် ၃၀၊ ၂၀၀၈


ရုတ်တရက် မမျှော်လင့်ဘဲ
အကြမ်းတမ်းဆုံး အရက်စက်ဆုံးလက်နဲ့
တံခါးလာခေါက်
မင်းဘယ်သူလဲဟေ့ ... ။

တို့ဘိုးဘေးလက်ထက် ပုံပြင်တောင်မရှိခဲ့ဘူး
တို့ဘိုးဘွားလက်ထက် အိပ်မက်တောင်မမက်ခဲ့ဘူး
တို့ဘိုးဘွားလက်ထက် စိတ်ကူးတောင်မရှိခဲ့ဘူး
တို့လက်ထက်ကျမှ
ှမင်းက အဆိုးဝါးဆုံး ကျိန်စာနဲ့
တို့အိမ်ပေါက် အချိန်မတော် တံခါးလာခေါက်
မင်းနာမည် ဘယ်သူလဲဟေ့ ... ပြောစမ်း
အို ... “နာဂစ်” တဲ့လား ... ။


၁၉၈၈ ခုနှစ်ကနေ ... ယနေ့အထိ
တို့မျက်ရည်တွေ တသွင်သွင်ကျခဲ့
တို့အသွေးတွေ တစ်ပေါက်ပေါက်စီးခ
ဲ့ကိုဒါသ မပဋာထုံး
တို့ကျောကုန်းတွေမှာ
တို့မျက်နှာတွေမှာ
တို့နှလုံးသားတွေမှာ
စစ်ဒဏ်ရာ ဗရပွနဲ့
ဒုက္ခတွေ သုက္ခတွေ တင်းကြမ်း
အနှိပ်စက်ခံရလို့မှ မဆုံးသေး
မင်းက ထပ်ပြီး
တို့အသွေးအသား တို့မျက်ရည်တွေနဲ့
ခြေဆေးဖို့ ရောက်လာပြန်ပြီ။


ရက်စက်ပါပေ့ ... နာဂစ်ရယ်
်ရွေးမြစ်ကမ်း ... ပြာမလော့မြစ်တန်း
ထိုင်ကူမြစ်တန်း ... ဖျာပုံမြစ် ... ဘိုကလေးမြစ်
တိုးမြစ် ... လှိုင်မြစ် ... ပန်းလှိုင်မြစ် ... ရန်ကုန်မြစ်
်ဟိုင်းကြီးကျွန်း ... လက်ခုပ်ကုန်း မကျန်
မင်းရဲ့ လက်သည်း ချွန်မြမြနဲ့ကုတ်ခြစ်
တို့ရဲ့အရေခွံတွေကို တဗျစ်ဗျစ်ဆုပ်ခွာ
တို့ရဲ့အိုးအိမ်တွေကို ဖျက်ဆီး
တို့သား တို့သမီး တို့ဘိုးဘွား ... တို့မိဘ
တို့ဆွေမျိုးမကျန် အပြုတ်နှံတိုက်ခတ်
်ဘယ်ရန်ငြိုးကြောင့်များ
အသည်းမညှာ ရက်စက်ပါ့ပေ့
အခုမှ ... ကမ္ဘာမီးလောင် သားကောင်ချနင်းခဲ့ရပြီ။


ကယ်ပါ ... ကူပါ ... တစာစာနဲ့
ပြည်သူတွေရဲ့အော်ဟစ်သ
ံမိုးထိညံခဲ့သပ
ရွာတွေက ငိုပြီ ... လယ်တွေက ငိုပြီ
ယာတွေက ငိုပြီ ... ဥယျာဉ်တွေက ငိုပြီ
အိုးအိမ်တွေလည်း ကုန်ပြီ
စက်ရုံအလုပ်ရုံတွေလည်း ပြိုပြီ ...
ကျောင်းကန်ဘုရား ... စေတီပုထိုးများလည်း ပြိုပြီ ...
ပင်လယ်ရဲ့ငိုသံဟာ
တို့နှလုံးသားကို ကျိန်စာတိုက်
်တို့ဘ၀တွေကို မီးလောင်တိုက်သွင်း
ပြာပူတွင်း ချောက်ကမ်းပါးထဲ
ဲမင်း ဆွဲသွင်းလိုက်တာ ... တို့အသက်ထက်ဆုံး
အရက်စက်ဆုံး ... ကမ်းကုန်ပါပဲလား။

မင်း နှိပ်စက်သမျှ
မင်းပေးတဲ့ဒဏ်ရာ ဗရပွနဲ့
ဲ့အသက်ရှူလို့မှ မ၀ အကျဉ်းအကျပ်တွေကြားထဲမှာ
သောက ပင်လယ်ဝေနေရတဲ့
ဆွေကွဲ ... မျိုးကွဲ ... သားတကွဲ ... မယားတကွဲနဲ့
အသက်ပေါင်းများစွာစတေးခံ
ဆုံးရှုံးခဲ့ရတဲ့ ... ဘ၀အမှောင်မိုက်နှင့်အတူ...
မင်း ... မင်းနှင့်တကွသော
မင်းရဲ့မုန်တိုင်းလက်ကြမ်းကြီးကို
ိုငါ့အိမ်တံခါးပေါက်...
နောက်တကြိမ်လာမခေါက်နဲ့တော့
့ငါ့ပြည်သူတွေက အဆင်သင့်
မင်းကို တိုက်ထုတ်ဖို့ ပြင်ထားပြီဟေ့ ။ ။

အပြည့်အစုံဖတ်လိုလျှင်

အလုပ်သမား အခွင့်အရေး ပြောဆိုသူများအမှု တရားရုံးချုပ် ပယ်ချ

01 July 2008

မခင်ဖြူထွေး


ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် မေလ ၁ ရက် အလုပ်သမားနေ့တုန်းက ရန်ကုန်မြို့က အမေရိကန်
စင်တာမှာ အလုပ်သမား အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြမှုတွေ လုပ်ခဲ့
လို့ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ကြရတဲ့ ကိုသူရိန်အောင် အပါအ၀င် ၆ ဦးရဲ့
အမှုအတွက် အယူခံလွှာ တင်ထားတာကို တရားရုံးချုပ်က ပြီးခဲ့တဲ့ သောကြာနေ့ကပဲ
ထပ်ပြီး ပယ်ချလိုက်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်
အရေးကော်မရှင်က ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ ကုလသမဂ္ဂကို တိုင်ကြားဖို့
ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦးကို
မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းကြည့်တော့ အမှုနဲ့ပတ်သက်ပြီး ဦးမင်းလွင်ဦးက
အခုလို စရှင်းပြပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကိုသူရိန်အောင်ပါ ၆ ဦးအမှုမှာ စွဲဆိုထားတဲ့အမှုတွေက ပုဒ်မ ၁၂၄(က) ရှိတယ်၊
လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေရှိတယ်၊ မတရားအသင်းနဲ့ ဆက်သွယ်တဲ့ကိစ္စတွေ
ရှိတယ်၊ ပြီးတော့ အသင်းအဖွဲ့ ထူထောင်ရေးကိစ္စတွေရှိတယ်။ အဲဒါတွေအားလုံးနဲ့
ပတ်သက်ပြီး သီးခြားစီ ပြစ်ဒဏ်ကျခံစေဆိုပြီး အမိန့်ချမှတ်ထားတဲ့အတွက် တယောက်
ကို အနည်းဆုံး ၂၈ နှစ်လောက် ပြစ်ဒဏ်ကျခံရမယ်လို့ သိရပါတယ်။

“အဲဒါတွေနဲ့ပတ်သက်ပြီး ဥပဒေနဲ့ မညီညွတ်ဘူးဆိုပြီး သက်ဆိုင်တဲ့ အကျိုးဆောင်တွေ
က တရားရုံးချုပ်ကို အယူခံလွှာတင်သွင်းတာကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက
တင်သွင်းခဲ့တာဖြစ်တယ်။ ဒါပေမယ့် အဲဒီအမှုကိုတော့ ဆိုင်းထားပြီး ပြီးခဲ့တဲ့ သောကြာ
နေ့ကမှ ဒီအမှုကို တရားရုံးချုပ်က အမိန့်ချမှတ်လိုက်တယ်လို့ ကျနော်တို့ သိရှိရပါ
တယ်။”

အခုလို နောက်ဆုံးအဆင့် တရားရုံးချုပ်က ပယ်ချလိုက်တဲ့အတွက် ကိုသူရိန်အောင်တို့
အနေနဲ့ ဘယ်လောက်ထိ ပြစ်ဒဏ်ကျခံရနိုင်ဖို့ ရှိသလဲရှင့်။

“သူတို့ကို စွဲဆိုထားတဲ့ပုဒ်မတွေအရဆိုရင် အားလုံး ၂၈ နှစ်လောက် ကျခံရဖို့ရှိပါ
တယ်။”

ဆိုတော့ ဒီအမှုနဲ့ပတ်သက်ပြီး ဦးမင်းလွင်ဦးတို့ရဲ့ AHRC အဖွဲ့က ဘာတွေ ဆက်လုပ်ဖို့
ရှိပါသလဲ။

“ကျနော်တို့ အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေး
ကိစ္စ၊ အလုပ်သမားဥပဒေကို ရှင်းပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမှုမမြောက်တဲ့အကြောင်း၊
ဒီလိုမျိုး ရှင်းပြခြင်းဟာလည်း ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ
အရ ပြဋ္ဌာန်းချက်တွေကို ရှင်းပြခြင်းသာဖြစ်တဲ့အတွက် ဒီလူတွေမှာ အပြစ်မရှိတဲ့
အကြောင်း၊ ဒီလိုမျိုး စွဲဆိုထားတဲ့ကိစ္စရပ်တွေက မမှန်ကန်တဲ့အကြောင်း၊ ဒီလိုမျိုး
အလုပ်သမား အခွင့်အရေးတွေနဲ့ပတ်သက်လို့ ရှင်းပြတဲ့ကိစ္စက နိုင်ငံတော်ပုန်ကန်မှု
လည်း မဟုတ်ဘူး၊ နိုင်ငံတော်ရဲ့သိက္ခာကို ညှိုးနွမ်းအောင် လုပ်ဆောင်တာလည်း
မဟုတ်ဘူး၊ နိုင်ငံတော်အတွင်းမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြည်သူလူထု
နားလည်အောင် ရှင်းပြတာပဲဖြစ်တယ်ဆိုတာကို ကျနော်တို့ ဆက်လက်ပြီး တင်ပြ
သွားမယ်။

“ပြစ်ဒဏ်ချမှတ်တဲ့ဟာက ဥပဒေနဲ့မညီဘူး၊ ဥပဒေကို မျက်ကွယ်ပြုပြီး ဆုံးဖြတ်ရာ
ရောက်တယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကို ဆက်တင်ပြဖို့ ရည်ရွယ်
ထားပါတယ်။ ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာ
အဖွဲ့အစည်း အသီးသီးကိုလည်း ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့
အတွက် တင်ပြပေးဖို့ အစီအစဉ်ရှိပါတယ်။”
AHRC အဖွဲ့က ရှေ့နေ ဦးမင်းလွင်ဦး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံခြားသားများတည်းခိုသည့် ဟိုတယ်များကို မကြာခဏစစ်ဆေးနေ

တင့်လွင်/ရန်ကုန် ဇူလိုင် ၁၊ ၂၀၀၈

ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများတွင် ဧည့်သည်မရှိချိန် အခန်းတွင်းဝင်ရောက်စစ်ဆေးမှုများပြုလုပ်ကြောင်း နိုင်ငံခြားသား ဧည့်သည်များက ပြောသည်။

ယခုလဆန်းပိုင်းက ရန်ကုန်မြို့အလံပြဘုရားလမ်းရှိ ဂရင်းပလာဇာ ဟိုတယ်တွင် တည်းခိုခဲ့သော ပြင်သစ် အမျိုးသမီးတဦး က ၎င်းမရှိချိန်တွင် အခန်းတွင်းသို့ ဝင်ရောက်ရှာဖွေစစ်ဆေးထားကြောင်း တွေ့ရသည်ဟု ပြောပြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

“ကျမအပြင်ကပြန်ရောက်လာတော့ အခန်းထဲမှာ ပုံမှန်မဟုတ်တာတွေ့ရတယ်။ လက်ဆွဲ သေတ္တာကို စစ်ဆေးကြည့်တော့ ပွင့်နေတယ်။ ပစ္စည်းတွေတော့ ဘာတခုမှမပျောက်ပါဘူး” ဟု သူမက ပြောသည်။

သူမက ၄င်းဟိုတယ်တွင် ရောက်ရှိပြီး ဒုတိယနေ့တွင် ယခုကဲ့သို့ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

လွန်ခဲ့သည့် မေလကုန်ပိုင်းခန့်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ဟောင်ကောင်နိုင်ငံသား တဦးကလည်း ၄င်း မသိရှိဘဲ အခန်းအတွင်းသို့ ၀င်ရောက် ရှာဖွေနေသူတဦးကို တွေ့ကြုံရကြောင်း ပြော သည်။

“အခန်းထဲဝင်လိုက်တော့ မထင်မှတ်ဘဲ လူတယောက်ကိုတွေ့လိုက်ရ တယ်။ ဘာလုပ်တာလဲလို့မေးလိုက်တော့ လုံခြုံရေး (Security)လို့ အဲဒီလူကပြန်ပြောတယ်။ တခန်းလုံး ဟိုကြည့်ဒီကြည့်နဲ့ ခုတင်အောက်တောင် မချန်ဘူး။ သူ့ကြည့်ရတာလည်း ဟိုတယ်ဝန်ထမ်း ဟုတ်ပုံမရဘူး” ဟု အဆိုပါ ဟောင်ကောင်နိုင်ငံသား က ဆိုသည်။

ရန်ကုန်မြို့ရှိ ဟိုတယ်ကြီးများသို့ လာရောက်တည်းခိုသော ဧည့်သည်မှတ်တမ်းများနှင့်စာရင်းများကိုလည်း သက်ဆိုင်ရာ မ.ယ.က၊ ရဲစခန်းနှင့် ထောက်လှမ်းရေး တပ်ဖွဲ့များထံသို့ နေ့စဉ်ပေးပို့ရသည်ဟု ဟိုတယ် ၀န်ထမ်းတဦးက ပြော သည်။

“ဟိုတယ်မှာရှိတဲ့ ဧည့်သည်စာရင်းကို နေ့တိုင်းပို့ပေးရတယ်။ သူတို့မသင်္ကာလို့စစ်ဆေးချင်ရင် တပ်က ဒု ဗိုလ်မှူးကြီး တစ်ယောက်နဲ့ သူ့အဖွဲ့တွေလာတယ်။ ဟိုတယ်ဝန်ထမ်းတွေကတော့ အခန်းလိုက်ပြရုံပါပဲ။ သူတို့စစ်ဆေးချင်တဲ့ အခန်းကို ဖွင့်ပေးရတယ်” ဟု ၄င်းဟိုတယ် ၀န်ထမ်းကပြောပြသည်။

ပြင်သစ်အမျိုးသမီး ဧည့်သည်ကမူ “လူမရှိတုန်းအခန်းထဲဝင်ရောက်ရှာဖွေတာဟာ ပုဂ္ဂလိကလွတ်လပ်ခွင့် ကိုထိပါး တာပါပဲ။ နိုင်ငံတကာနဲ့ဆက်ဆံနေတဲ့ ဟိုတယ်တခုအနေနဲ့ မဖြစ်သင့်တဲ့ကိစ္စပါ”ဟု ပြောဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးပြီးချင်း နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက်များ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မုန်တိုင်းဒဏ်သင့်ဒေသများသို့ သွားရောက်သတင်းယူခဲ့ကြပြီး နိုင်ငံတကာ ရုပ်မြင်သံကြားသတင်းများတွင် မြန်မာနိုင်ငံ ၏ မုန်တိုင်းသတင်းများကိုပြန်လည် ထုတ်လွှင့်ခဲ့သည့်အတွက် မေလ ၁၁ ရက် နေ့ မှ စတင်ကာ နိုင်ငံခြားသားများကို ကန့်သတ်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ယခုလ ၂၂ ရက်တွင် ကိုရီးယား အမျိုးသမီး အလွတ်သတင်းထောက် Lee Yu Kyong ကို ပြန်လည် နှင်လွှတ်ခဲ့ပြီး မေလ ၅ ရက်နေ့ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက် ရှိလာသော ဘီဘီစီ သတင်းထောက် Mr. Andrew Willam Harding ကို မြန်မာစစ်အာဏာပိုင်များက အဝင်မခံဘဲ လေဆိပ် မှ ပြန်လည် နှင်လွှတ်ခဲ့သည်။

အလားတူ နာဂစ်မုန်တိုင်းတိုက်ခတ်အပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းက စီအင်အင်သတင်းထောက်နှင့် တိုင်းမဂ္ဂဇင်း သတင်းထောက်များကို ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့ကြောင်း ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ထုတ်ပြန်ထားသည်။

ထိုအချိန်မှစတင်ပြီး ဟိုတယ်များရှိဧည့်သည် စာရင်းများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ထံသို့ပုံမှန်ပေး ပို့ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်စုမွေးနေ့ အဖမ်းခံရသူများလွှတ်ရန် အဖွဲ့ချုပ်တောင်းဆို

အေးလဲ့ ဇူလိုင် ၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်မွေးနေ့၌ ဖမ်းဆီးထိန်းသိမ်းခံရသည့် အန်အယ်လ် ဒီအဖွဲ့ဝင် ၁၄ဦးမှာ ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် ၎င်းတို့အားလုံးကို အမြန်ဆုံးပြန်လွှတ် ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်(အန်အယ်လ်ဒီ) က ယမန်နေ့တွင် ကြေညာချက် တစောင်ထုတ်ပြန်၍ တောင်းဆို လိုက်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယင်းကြေညာချက်၌ လုံခြုံရေးအဖွဲ့အစည်းများဟုဆိုသည့် လုံခြုံရေးစီမံကွက်ကဲသူများရှေ့တွင် အန်အယ်လ်ဒီ အဖွဲ့ဝင်များ အား အကြမ်းဖက်ရိုက်နှက် ထိုးကြိတ်ဖမ်းဆီးနေခြင်းကို မည်သူမျှ ဟန့်တားခြင်း၊ ထိန်းသိမ်းခြင်း မပြုခဲ့ကြကြောင်း၊ ယင်း လုပ်ရပ်သည် တရားဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် လည်း ဆန့်ကျင်ကြောင်းတို့ ပါဝင် သည်ဟု အန်အယ်လ်ဒီ ပြည်ကြားရေးအဖွဲ့မှဒေါက်တာဝင်းနိုင် က ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကိုထွန်းမြင့် (ဗဟန်းမြို့နယ် အတွင်းရေးမှူး) ၊ ဦးလှအေး (လှိုင်သာယာ မြို့နယ် စည်းရုံး ရေး အဖွဲ့ဝင်) ၊ ကိုမောင်မောင်သိမ်း(မင်္ဂလာဒုံ အဖွဲ့ဝင်)၊ ဦးစိုးအုန်း (ဗဟန်းမြို့နယ် တွဲဖက် အတွင်းရေမှူး)၊ ဦးစံဘော်၊ ဦးချစ်ခင်(တွံတေး အဖွဲ့ဝင်) ၊ ဦးဌေးအောင်(ဝါးခယ်မမြို့နယ် ဒု ဥက္ကဌ)၊ ဦးဟန်စိန် (အင်းစိန်မြို့ နယ် အဖွဲ့ဝင်)၊ ဦးသိန်းအေး (တောင်ဥက္ကလာ အဖွဲ့ဝင်)၊ ဦးရောဘတ်ဆန်းအောင်၊ ဦးမြင့်ဆွေ(ခေါ်) ဦးပဉ္ဖင်း တပါး၊ အမည်မသိသူ ၃ ဦး တို့ ပါဝင်ကြောင်း သိရသည်။

ဇွန်လ ၁၉ရက်နေ့တွင် အန်အယ်လ်ဒီ ရုံးချုပ်ရှေ့၌ ဒေါ်အောင်ဆန်းစုကြည် ၆၃ နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အဖြစ် အန်အယ်လ်ဒီ အဖွဲ့ဝင်များက ငှက်များလွှတ်ပြီး ဆုတောင်းမေတ္တာပို့နေစဉ် လူ အင်အား ၃၀၀ ခန့်ရှိ ရဲများ၊ ကြံ့ဖွံ့များ၊ စွမ်းအားရှင်များက ဒိုင်နာကား ၁၀ စီး ခန့်ဖြင့် ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။

ယင်းဖမ်းဆီးထားသူများအား မည့်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယခုအချိန်အထိ အာဏာပိုင်များက မိသားစုသို့ အကြောင်းကြားခြင်း မရှိသေးကြောင်းလည်း သိရသည်။


အပြည့်အစုံဖတ်လိုလျှင်

ဒီပဲယင်းတွင် ဦးတင်ဦးကားမောင်းခဲ့သူ ကွယ်လွန်

အေးလဲ့ ဇူလိုင် ၁၊ ၂၀၀၈

ဒီပဲယင်းအရေးအခင်းတွင် ဦးတင်ဦး၏ ကားမောင်းခဲ့သူ၊ မန္တလေးတိုင်း အန်အယ်လ်ဒီစည်းရုံးရေးအဖွဲ့ဝင် အသက် ၆၁ နှစ်ရှိ ဦးအောင်စိုးသည် ယနေ့နံနက်အစောပိုင်း ၁ နာရီခန့်တွင်ကွယ်လွန်သွားကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဦးအောင်စိုးသည်မကွယ်လွန်မီတွင် နှလုံးရောဂါဝေဒနာခံစားခဲ့ရပြီး ၎င်းဝေဒနာဖြင့် မန္တလေးမြို့ရှိ နေအိမ်တွင် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။

လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် အန်အယ်လ်ဒီ စည်းရုံးရေးမှုးဦးမျိုးနိုင်က “ဦးအောင်စိုးက ဈေးချိုထဲမှာ ဆိုင်ခန်းနဲ့ အတော်ကို စီးပွားရေး တောင့်တင်းခဲ့သူတယောက်ပါ၊ နောက်ပိုင်းမှာတော့သူ့ နိုင်ငံရေးယုံကြည်ချက်အရ နိုင်ငံရေးကိုဝင်ခဲ့ပါတယ်၊ အခု အသက် ၆၀ ကျော်လည်း လူငယ်တယောက်လို ထက်ထက်မြက်မြက်နဲ့ ဖြစ်ပါတယ်၊ ကျနော်တို့ အဖွဲ့ချူပ်အနေနဲ့ရော လုပ်ဖော်ကိုင်ဖက်တွေကပါ ဆုံးရှုံးရပါတယ်”ဟု ပြောသည်။

ဦးအောင်စိုးသည် ၁၉၉၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝန်းအတွင်း လူရွှင်တော် ဦးပါပါလေး နှင့် ဦးလူဇော်တို့၏ အငြိမ့်ပွဲကို စီစဉ်ညွန်ကြားခဲ့သောကြောင့် အာဏာပိုင်းများက ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ထောင် ၇ နှစ် ချမှတ်ခဲ့သည်။

၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း အရေးအခင်းတွင် အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦး၏ ကားမောင်းတာဝန် ယူခဲ့သူ အဆိုပါ ဦးအောင်စိုးသည် ယင်း မေ ၃၀ မှ စပြီး ၉ လကြာ ရွှေဘိုထောင်တွင် ထိန်းသိမ်းခံခဲ့ရကြောင်းလည်း သိရသည်။

ဦးအောင်စိုး ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်ခင်ရီနှင့် သားသမီးသုံးဦး ကျန်ရစ်သည်။ ကြွင်းကျန်ရစ်သည့် ရုပ်အလောင်းကို မန္တလေးတောင်မြင့် သုသာန်တွင် မီးသင်္ဂြီုဟ်မည် ဖြစ်သည်ဟု အန်အယ်လ်ဒီက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်