စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, July 4, 2008

မူးယစ်ဆေးဝါးအမှု စုံစမ်းနေ၊ မောင်ဝိတ် အပြစ်ကြီးလေးစွာ ခံရဖွယ်ရှိ



မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008 17:41 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြီးဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လျှို့ဝှက် စုံစမ်းစစ်ဆေးမှု အပြီးတွင် ငယ်ရွယ်သော စီးပွါးရေး လုပ်ငန်းရှင် မောင်ဝိတ်သည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည်ဟူသော စွပ်စွဲချက်ဖြင့် ကြီးလေးစွာ အပြစ်ပေးခံရဖွယ် ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အသက် ၃၅ နှစ်အရွယ်ရှိ ဘီလျံနာ မောင်ဝိတ်ကို ရဲစစ်ကြောရေး စခန်းတွင် စစ်ဆေးနေရာမှ လွန်ခဲ့သော သောကြာနေ့ ကတည်းက နာမည်ဆိုး ဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်သို့ လသာ၊ ဒဂုံ၊ ကြည့်မြင်တိုင် မြို့နယ်များတွင် နေထိုင်သော သူ့မိတ်ဆွေ ၆ ဦးနှင့်အတူ ပြောင်းရွှေ့ချုပ်နှောင် ထားလိုက်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းထောင် အာဏာပိုင်တို့နှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။

“သူ (မောင်ဝိတ်) ထောင် နှစ် ၂ဝ ကနေ တသက်တကျွန်းအထိ ကျနိုင်တယ်” ဟု ပုဂ္ဂိုလ်တဦးက ပြောသည်။

ဤမူးယစ်ဆေးရာဇာ တရားခံကို ဗဟန်းမြို့နယ် သံလွင်လမ်းရှိ သူ့နေအိမ်မှ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အထက်လွှာ ရေပေါ်ဆီများအကြား မူးယစ်ဆေးဝါး သုံးစွဲနေမှုများကို နှိမ်နင်းရာမှ ငွေကျပ် သန်း ၁၂ဝဝ နှင့် မက်တာအင်ဖက်တမင်း ဆေးပြားများ ထုတ်လုပ် နိုင်သည့် စက်တလုံးကိုပါ ရဲများက သိမ်းဆည်း ရမိခဲ့သည်။ ဤမူးယစ်ဆေးဝါး ဂိုဏ်းကြီးကို မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီ လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာက ခေါင်းဆောင် လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ရဲများက ဆိုသည်။

ဤမူးယစ်ဆေးဝါး ဂိုဏ်းတွင် ပါဝင်နေသူ နောက်တဦးဖြစ်သည့် ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်နှင့် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏ သားဖြစ်သူ အောင်ဇော်ရဲမြင့်ကိုမူ ဝက်ထီးကန် မူးယစ်ဆေးစွဲလူနာ ပြန်လည်ပျိုးထောင်ရေး စခန်းသို့ ပို့လိုက်သည်ဟု သိရသည်။

ဤအငြင်းပွါးဘွယ် မူးယစ်ဆေးဝါး ဂိုဏ်းကြီးတွင် သူ၏သား ပါဝင်နေသည်ဟု သင်္ကာမကင်း ဖြစ်ခံရပြီးနောက် အမှတ် ၁ စစ်ဆင်ရေး အထူး ဌာနမှူး (ကစထ ၁) ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကို စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနားယူခိုင်းလိုက်သည်ဟု ဆိုသည်။ သို့သော် ဤသို့ ရဲမြင့်အား အငြိမ်းစားယူစေသည့် ညွှန်ကြားချက် ထုတ်ပြန်အပြီး စစ်တပ်အတွင်း အကြီးအကျယ် အရွှေ့အပြောင်း၊ အပြောင်းအလဲများနှင့် အတူ ထွက်ပေါ်လာခဲ့သည်။

အကဲခတ်များနှင့် မိတ်ဆွေများကမူ မောင်ဝိတ်အပေါ် အာဏာရှိ ထိပ်တန်း အသိုင်းအဝိုင်းမှ ပူးပေါင်း လုပ်ကြံမှုများ ရှိခဲ့သလောဆိုသည်ကို သံသယ ပွါးနေကြသည်။

“ကျနော် သိသလောက်တော့ မောင်ဝိတ်က မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ထဲမှာ မပါပါဘူး” ဟု စစ်တပ်နှင့် အဆက်အသွယ်ရှိသူ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ အကဲခတ် ဦးဝင်းမင်းက ပြောဆိုသည်။

“ဒါပေမဲ့ မောင်ဝိတ်နဲ့ အောင်ဇော်ရဲမြင့်က ပါတီတွေ တက်ရင် မူးယစ်ဆေးဝါးတော့ အတူသုံးကြတယ်။ ရုပ်ရှင်သရုပ်ဆောင်တချို့ အပါအဝင် ပါတီတက်တဲ့သူတွေကို မူးယစ်ဆေးဝါးကို လက်ဆောင်အဖြစ် ပေးတာမျိုးတော့ ရှိတယ်” ဟု သူက ဆက်ပြောသည်။

“မောင်ဝိတ်က ရာဘတော့ ထုတ်မှာ မဟုတ်ဘူးလို့ ကျနော် ရိုးရိုးသားသား ထင်တာပါပဲ။ ကျနော် ဒီသတင်းကြားတယ်။ ဒါပေမဲ့ သံသယ ရှိတယ်” ဟု ရန်ကုန်မြို့မှ စီးပွါးရေးသမား တဦးက ပြောသွားသည်။

မြန်မာနိုင်ငံသည် အာရှတွင် မက်တာအင်ဖက်တမင်း အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်လာနေပြီး၊ ဤဓာတုဆေးဝါး အခြေခံ မူးယစ်ဆေးဝါး များသည် ဘိန်းနှင့် ဘိန်းဖြူကို အစားထိုး တွင်ကျယ်နေသည်ဟု နိုင်ငံတကာ မူးယစ်ဆေးဝါး အေဂျင်စီများက ပြောကြားကြသည်။

၁၉၈၈ ခုနှစ်က ဒီမိုကရေစီ လိုလား၍ လမ်းပေါ်ဆန္ဒပြသူများကို သတ်ဖြတ်နှိမ်နင်း၍ အာဏာသိမ်းခဲ့သော အစိုးရသည် မူးယစ်ရာဇာကြီးများနှင့် ပလဲနံပသင့် လက်တွဲလုပ်ဆောင်မှုများ ရှိခဲ့သည်ဟု ကျယ်ပြန့်စွာ စွပ်စွဲခံခဲ့ရသည်။ ထိုသို့ ထင်မြင်အောင်လည်း ပံ့ပိုးပေးသည့် အချက်များမှာ တချိန်တခါက ကမ္ဘာ့နိုင်ငံများက ဖမ်းဆီရမိရန် အလိုချင်ဆုံး ဘိန်းရာဇာထဲမှ တဦးဖြစ်သည့် ခွန်ဆာမှာ အောက်တိုဘာလ ၂ဝဝ၇ ခုနှစ် မသေဆုံးမီအထိ ရန်ကုန်တွင် သူ၏ အစောင့်အရှောက်နှင့် နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့သည်။

တချိန်က ကွန်မြူနစ်ဖြစ်ခဲ့ပြီး အင်အားကောင်းလှသော လက်နက်ကိုင် တပ်များရှိသော မူးယစ်ရာဇာ အဖွဲ့တခုဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သည် ၁၉၈၉ ခုနှစ်ကတည်းက စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုကာ သူ၏ ပင်တိုင် လုပ်ငန်းဖြစ်သော ဘိန်းနှင့် မက်တာဖီတမင်း ဆေးပြား ထုတ်လုပ်မှုကို အနိမ့်ဆုံး သူ ထိန်းချုပ်ထားသော နယ်မြေများတွင် လုံးဝနီးပါး လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရထားသည်။

ထို့အပြင်လည်း များပြားလှစွာသော မူးယစ်ဆေးဝါး ကုန်သည်ကြီးများ၏ ငွေဖြူလျော်ဖွတ်ရာ နိဗာန်ပုံတခုလည်း ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ အကျော်အမော် ရုပ်ရှင်သရုပ်ဆောင်များ၊ ချမ်းသာ ကြွယ်ဝလှသည့် စီးပွါးရေးသမားများ၊ အာဏာရ အသိုင်းအဝိုင်းမှ ဆွေမျိုး သားချင်းများ ပါဝင်ပတ်သက်နေသည့် ဤလူပြောများလှသော မူးယစ်ဆေးဝါးဂိုဏ်း နှိမ်နင်းမှုကြီးသည် တိုင်းပြည်၏ အာဏာအရှိဆုံးပုဂ္ဂိုလ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုဝင်များ အရေးနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့် (၁၇ နှစ်) သည် ဤအမှုကြီး၏ ဗဟိုအချက်အချာ နေရာတွင် ရှိနေသည်ဟု ရုပ်ရှင်လုပ်ငန်း အသိုင်းအဝိုင်းမှ ထင်မြင် ယူဆကြသည်။ နည်းပညာတက္ကသိုလ် (ရန်ကုန်အနောက်ပိုင်း) မှ ကျောင်းသားဖြစ်သူ လက်ဝယ်တွင် မူးယစ်ဆေးပြားများ တွေ့ရှိရပြီးနောက် သန်းရွှေ အလွန် ဒေါသထွက်ခဲ့သည်ဟု ဆိုသည်။


နေရွှေသွေးအောင် တက်ရောက်နေသည့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်
ဓါတ်ပုံ - မဇ္ဈိမ


ဤနိုင်ငံတော် အကြီးအကဲ မိသားစုက ဖိုးလပြည့်ကို မူးယစ်ဆေးဝါး စတင်သုံးစွဲစေခဲ့သူ သူ့သူငယ်ချင်းများနှင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများကို အပြစ်ဖို့ခဲ့ကြသည်။

ဤအချက်မှာ အံ့သြစရာ မရှိပါ။ မြန်မာ့အာဏာရှင်ကြီး၏ မိသားစုနှင့် ရင်းနှီး ကျွမ်းဝင်လိုသောကြောင့် စီးပွါးရေးသမား အချို့က ဤအချစ်တော် မြေးကလေးကို မူးယစ်ဆေးဝါးနှင့် မြှူဆွယ်ခဲ့ကြသည်။ အသက် ၁၇ နှစ်အရွယ် ငယ်ရွယ်သေးသော်လည်း တေဇ အပါအဝင် စီးပွါးရေး လုပ်ငန်းရှင်ကြီးများက သူ့ကို အနှိပ်ခန်းများ၊ အခြား ဖျော်ဖြေရေး ဌာနများ စသည်တို့ကို ခေါ်ဆောင်သွားတတ်ပြီး နောက်ဆုံး အင်ဖက်တင်းပုံစံ စိတ်ကြွဆေးပြားများ (ATS) ကို စွဲသွားတော့သည်။

ဤမြေးတော်ကလေးကို မည်သူက မူးယစ်ဆေးဝါး ပုံမှန် ထောက်ပံ့ ပေးကမ်းနေသည် ဆိုသည်ကို ရှင်းလင်းစွာ မသိသော်လည်း နောက်ပိုင်း တွင် ပုလိပ်က မောင်ဝိတ်နှင့် အောင်ဇော်ရဲမြင့်ကို သင်္ကာမကင်း ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးဖြစ်သော ထူးထရေဒင်း ကုမ္ပဏီမှ တေဇ နှင့် ဖိုးလပြည့်ကို ဟိုတယ်၏ (Siam Spa) ရေချိုးခန်းတွင် အမြဲတွေ့နေကျ ဖြစ်သည်ဟုလည်း ဟိုတယ်နစ်ကိုး (Hotel Nikko) ၏ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

“စီးပွါးရေးသမား အားလုံးက စီးပွါးရေး အဆက်အသွယ်ကောင်းတွေ ရဘို့ သန်းရွှေမြေးကို မိတ်ဖွဲ့ချင်ကြတဲ့ သူချည်းပါပဲ” ဟု စီးပွါးရေးသမား တဦးက ပြောသွားသည်။

သူ့မြေးကလေး မူးယစ်ဆေးဝါး သုံးစွဲနေသည်ကို တွေ့၍ သန်းရွှေ ဒေါကန်ခဲ့သည်မှာ မှန်သော်လည်း ဤနှိမ်နင်းရေး အမိန့်ကြီးသည် သန်းရွှေထံမှ လာသည် မဟုတ်ခဲ့ပါ။

ဤအဖြစ်အပျက် တရပ်လုံးမှာ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်နှင့် သတို့သား ဇေသီဟ တို့က တပ်မတော်တွင် နံပါတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ယခုနှစ် မေလတွင် ကျင်းပခဲ့သည့် မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ပါရန် သွားရောက် ဖိတ်ကြားရာမှ မတော်တဆ ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဇေသီဟသည် မြရိပ်ညိုဟိုတယ် ပိုင်ရှင်၏ သားဖြစ်ပြီး သူ့ယောက်ဖမှာ ရွှေမန်း၏ သားဖြစ်သည်။

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဒွေး ဘာကြောင့် သေခဲ့ရသလဲ ဆိုသည်ကို သိသလားဟု ရွှေမန်းက မင်းသမီးကို မေးခဲ့သည်ဟု မင်းသမီး၏ မိတ်ဆွေတဦးက မဇ္ဈိမကို ပြောသည်။ ဒီကိစ္စ သူမ မသိပါဟု မင်းသမီးက တုံးတိတိ ယဉ်ကျေးစွာပင် ပြန်ဖြေခဲ့သည်ဟု ဆိုသည်။ ထို့နောက် ရွှေမန်းက ရုပ်ရှင်သရုပ်ဆောင်များအကြား မူးယစ်ဆေးဝါး ကျယ်ပြန့်စွာ သုံးစွဲနေမှုများ ရှိကြောင်း၊ ဤကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာနမှတဆင့် ကိုင်တွယ်နှိမ်နင်းရန် သူ ကြံစည်နေကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့နောက် တတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ် ရွှေမန်း၏ ကိုယ်ရေးအတွင်းရေးမှူးက သူ့သူငယ်ချင်း ပြည်ထဲရေးဌာန ဝန်ကြီး မောင်ဦး၏ ကိုယ်ရေး အတွင်းရေးမှူးထံ ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့နောက် မောင်ဦးက စုံစမ်းစစ်ဆေးမှုများကို ချက်ချင်း စတင်ခဲ့သည်ဟု သိရသည်။ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သော်လည်း စစ်အစိုးရကမူ ဤအကြောင်းကို နှုတ်ပိတ်ရေငုံနေပြီး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းကိုပင် ဝန်မခံဘဲ ငြင်းဆိုခဲ့သည်။

“ကျနော်တို့ ဘယ်နာမည်ကြီး ပုဂ္ဂိုလ်ကိုမှ ဖမ်းဆီးထားတာ မရှိပါဘူး။ ဘယ်စီးပွါးရေးသမားကိုမှလည်း မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ စွဲချက်တင်ထား တာ မရှိပါဘူး” ဟု နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့မူးယစ်ဆေးဝါး ဆန့်ကျင်ရေးနေ့ သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီ က ပြောကြား သွားခဲ့သည်။



နေရွှေသွေးအောင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်များနှင့် နိုင်ငံတော် အခမ်းအနားတခုတွင် တွေ့ရစဉ်
ဓါတ်ပုံ - မဇ္ဈိမ

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ချက်ဗလေ ဘတ်စ်ကားကြီးများ ရန်ကုန်မှ တဖြည်းဖြည်း ဆုတ်ခွါရတော့မည်

နန်းဒေဝီ
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008 19:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့တွင် အမှတ်အသား တခုဖြစ်နေခဲ့သော ဒုတိယကမ္ဘာစစ် လက်ကျန် ချက်ဗလေ ဘတ်စ်ကားကြီး အစီးရေ ၄ဝဝ ကျော်ကို တဖြည်းဖြည်းချင်း လျှော့ချသွားကာ ယာဉ်လိုင်းပြေးဆွဲခွင့် ရုပ်သိမ်းတော့မည် ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိမ်းသိမ်းရေး (မထသ) မှ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် သစ်သားဖြင့် ရောစပ်ထားသော ကိုယ်ထည် ရှိသည့် ချက်ဗလေ ကားများအား ခေတ်ပေါ်ကားများဖြင့် အစားထိုးရေး စီမံကိန်း စတင်လျက် ရှိသည်။

ရန်ကုန်မြို့တွင်း ယဉ်ကြောပိတ်ဆို့မှု လျော့ကျနိုင်ရန်အတွက် ဂျပန်မှ ထုတ်လုပ်သည့် City Bus များဖြင့် အစားထိုး ပြောင်းလဲ ပြေးဆွဲမည် ဖြစ်ကြောင်း မထသ မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက မဇ္ဈိမကို ယခုလို ပြောသည်။

“City Bus တွေကို သုံးတာပါ။ အခုတော့ ဂျပန်များတယ်။ အဟောင်းတွေက လူနည်းနည်းပဲ တင်လို့ရတယ်လေ။ City Bus ကျတော့ လူများများ တင်နိုင်တယ်။ လူများများဆန့်တဲ့ ကားတွေကို သုံးမှ မြို့ထဲမှာ ယဉ်ပိတ်ဆို့မှု နည်းသွားမှာပေါ့။ အရင်တုန်းက မြို့ထဲကို ၂ စီးဝင်ရပေမယ့် နောက်ပိုင်းတော့ တစီးပဲ ဝင်ရတဲ့ သဘော ဖြစ်သွားတာပေါ့” ဟု သူက ပြောသည်။

ချက်ဗလေများသည် အင်ဂျင်စက်များ ကောင်းနေဆဲ ဖြစ်သော်လည်း City Bus များသည် ခရီးသည် ပိုမိုဆန့်ခြင်းကလည်း အကြောင်းတရပ်ဟု မထသ အရာရှိက ပြောသည်။

ဓဇွန်လ ၁ ရက်ကတည်းက ကျနော်တို့ ရသလောက်နဲ့ ထိုးနေတာပဲ။ ကျနော်တို့က ဟိုကရောက်လာရင် ထိုးလိုက်တာပဲ။ ၁ဝ စီး ရောက်လိုက်၊ ၁၅ စီး ရောက်လိုက်ဆိုတော့၊ ဘယ်နှစ်စီး အစားထိုးမလဲ ဆိုတာတော့ မရှိပါဘူး။ ငွေရေးကြေးရေးပေါ်မှာပဲ မူတည်ပါတယ်။ စုစုပေါင်း အစီး ၆ဝ ကျော်ပဲ ရောက်ပါသေးတယ်” ဟု သူက ပြောသည်။

City Bus များသည် ပါရမီ လိုင်းကားများကဲ့သို့ပင် ယာဉ်စီးခ ခရီးသည်တဦး ကျပ်ငွေ ၂ဝဝ ဖြစ်ပြီး ခရီးသည် အထိုင်ကိုသာ ဦးစားပေးကာ မတ်တပ်စီး ခရီးသည်များ တင်ဆောင်ပါက ယဉ်မောင်းအား ဖမ်းဆီး အရေးယူလေ့ ရှိကြောင်းလည်း မထသ အရာရှိက ပြောသည်။

သို့သော်လည်း ရန်ကုန် ဆင်ခြေဖုံးမြို့များဖြစ်သည့် သာကေတ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စသည့် မြို့နယ်များတွင် ချက်ဗလေ ဘတ်စ်ကားများ ဆက်လက် အသုံးပြုဆဲ ဖြစ်သည်။

လတ်တလော ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် လိုင်းကားစီးရေ စုစုပေါင်း ၅ဝဝဝ ကျော်ရှိသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

“လူထုဆန္ဒကို ဆန့်ကျင်သည့် မဲပြားများ” အစီရင်ခံစာ ပလောင်က ထုတ်ပြန်


မြင့်မောင်
ကြာသပတေးနေ့၊ ဂျူလိုင်လ 03 2008 19:07 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မေလ ၁ဝ ရက် လူထုဆန္ဒ ခံယူပွဲတွင် ထောက်ခံမဲရရန် အာဏာပိုင်များက နည်းမျိုးစုံဖြင့် ဖိအားပေး လုပ်ဆောင်ခဲ့ကြောင်း ပလောင်အလုပ်အဖွဲ့က ယနေ့တွင် ပြောဆိုလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပလောင်လူထုများ နေထိုင်ရာ ရှမ်းပြည်နယ် မြို့နယ်အချို့တွင် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ကျင်းပရာ ပြည်သူ့သဘောထား မပါရှိဘဲ ထောက်ခံမဲရရန် အာဏာပိုင်များက အတင်းအဓမ္မ ပြုလုပ်ခဲ့သည်များအား စုံစမ်း ဖော်ထုတ်ကာ “လူထုဆန္ဒကို ဆန့်ကျင်သည့် မဲပြားများ” အမည်ရှိ အစီရင်ခံစာကို ပလောင်အလုပ်အဖွဲ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မဲရုံစောင့်တဲ့ သူတွေက မဲပေးတဲ့ သူတွေကို အဓမ္မ ထောက်ခံခိုင်းတယ်။ မဲပုံးထဲကို မထည့်ခင်အချိန်မှာ အဲဒီ မဲပြားကို ဖွင့်ကြည့်စစ်ဆေးတယ်။ တချို့နေရာတွေမှာ ဥက္ကဋ္ဌ က တရွာလုံးကိုယ်စား မဲပေးတာတွေ ရှိတယ်။ မဲပေးဖို့ အချိန် သတ်မှတ်ထားပေမယ့် သတ်မှတ်တဲ့ အချိန်အတိုင်း မလုပ်ဘူးဆိုတဲ့ မသမာမှုတွေ အများကြီး တွေ့နေရတယ်” ဟု ပလောင်လူငယ် လုပ်ငန်းကွန်ယက်အဖွဲ့ ပြောခွင့်ရ ကိုမိုင်းအောင်ကို က ပြောသည်။

ပလောင် အလုပ်အဖွဲ့တွင် ထိုင်းနိုင်ငံအခြေစိုက် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ပလောင်လူငယ် လုပ်ငန်းကွန်ယက်အဖွဲ့ (PYNG) နှင့် ပလောင် အမျိုးသမီး အစည်းအရုံး (PWO) စုပေါင်းပါဝင်ပြီး သူတို့က ပလောင်လူထုများ နေထိုင်ရာ နမ့်ဆန်၊ လားရှိုး၊ ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါ၊ မန်တုန်၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ် တို့တွင် ကန့်ကွက်မဲ ထည့်ဝင်ရေး လှုပ်ရှားမှုများ၊ လူထုဆန္ဒခံယူပွဲ စောင့်ကြည့်ရေး လုပ်ငန်း စဉ်များအရ သက်ဆိုင်ရာ ဒေသများတွင် စုံစမ်း ဖော်ထုတ်ကာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

အတင်းအဓမ္မ ထောက်ခံမဲ ထည့်ခိုင်းခြင်း၊ ကြိုတင် ထောက်ခံမဲပေးခြင်း၊ မဲလိမ်ခြင်း အစရှိသည့် လူထု၏ ရိုးသားသော သဘောထား ဆန္ဒကို နည်းမျိုးစုံဖြင့် မတရား အာဏာအလွှဲသုံးစား လုပ်ခဲ့သည့် နအဖ လုပ်ရပ်များကို အဆိုပါ မြို့နယ်များ အတွင်းရှိ မဲရုံ ၅၇ ရုံကို အနီးကပ် စောင့်ကြည့်ကာ ဒေသခံပြည်သူများ၊ မဲရုံစောင့်ကြည့်ရေး တာဝန်ခံများနှင့် တွေ့ဆုံမေးမြန်းချက်များ၊ အချက်အလက်များကို စုစည်း၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အချို့နေရာများတွင် မဲရုံတာဝန်ရှိများ၏ ရင့်ဖွင့် ပြောဆိုချက်နှင့် ဓာတ်ပုံ အထောက်အထားပါ ပါရှိသည်။

ကိုမိုင်းအောင်ကို က ဓကျောက်မဲ ငြိမ်းချမ်းရေးကုန်းမှာရှိတဲ့ ပလောင်ငြိမ်းချမ်းရေးအဖွဲ့ (ကျောက်မဲ) ဦးကျော်ရင် ပြောတာက ဒီရွာထဲမှာ နေပြီးတော့ ကန့်ကွက်မဲ ထွက်လာလို့ရှိရင် ဒီရပ်ကွက်ထဲကနေ နှင်ထုတ်မယ် ပြောတယ်။ နမ့်ဆန်ဘက်မှာ ပလောင် လ္ဘက်စက်ရုံ လုပ်တဲ့ ဗိုလ်ကြီး သန်းထွဋ်က ပြောတယ်။ ပလောင်ဒေသမှာ ကန့်ကွက်မဲတွေ များမယ်ဆိုရင် အောက်ပိုင်းက တင်သွင်းတဲ့ ဆန်တွေကို ပိတ်ဖြစ်မယ်ဆိုတဲ့ အမိန့်စာ ထုတ်ပြန်တာတွေ ရှိတယ်တဲ့” ဟု ပြောသည်။

အစီရင်ခံစာထဲတွင် ပလောင်ဒေသ အတွင်းရှိ မဲရုံစောင့်ကြည့်ရေးတွင် ပါဝင်သူတဦးက “ပလောင်ဒေသအတွင်း ကျေးရွာအုပ်စုများရှိ မဲပေးနိုင်တဲ့သူရဲ့ ၃ဝ ရာခိုင်နှုန်း ဝန်းကျင်လောက်သာ မဲရုံသို့ ကိုယ်တိုင်လာရောက် မဲပေးခဲ့ကြရပြီး၊ ကျန်တဲ့ သူတွေကတော့ ကြိုတင်မဲနဲ့ ကိုယ်စားပြုမဲတွေနဲ့ပဲ အားလုံးပြီးသွားတယ်။ မဲရုံကို မဲလာပေးဖို့ ခေါ်လာတဲ့သူတွေဟာ ပလောင်ရိုးရာ ဝတ်စုံတွေဝတ်ပြီး ဟန်ပြ ထောက်ခံမဲတွေပဲ ပေးခဲ့ကြရပါတယ်” ဟု ပြောဆိုသည်ကိုလည်း ဖော်ပြထားသည်။

ထို့အပြင် မြို့တွင်းတွင် နေထိုင်သူများနှင့် နအဖ စစ်အုပ်စု၏ မတရားဖိနှိပ်မှုကို မကြောက်မရွံ့ ဆန့်ကျင်သူများသည် လူထုဆန္ဒ ခံယူပွဲတွင် ကန့်ကွက်မဲများ ထည့်ခဲ့ကြသော်လည်း၊ လူထုဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်၏ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အရ နအဖ စစ်ခေါင်းဆောင်များ ညွှန်ကြားထားသည့်အတိုင်း ထောက်ခံမဲပြားများ အဖြစ်သို့သာ ပြောင်းလဲခဲ့ရသည်ဟုလည်း ဆိုထားသေးသည်။

နအဖ ၏ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေသည်များကို နိုင်ငံတကာမှ သိရှိစေရန်၊ နိုင်ငံတကာ မိသားစုအနေဖြင့် စုစည်းညီညွတ်စွာ ဝိုင်းဝန်း ကန့်ကွက်ရန်နှင့် မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို ဝိုင်းဝန်းကူညီ အဖြေရှာရန်အတွက် အစီရင်ခံစာကို ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် အာဆီယံနိုင်ငံများထံ ပေးပို့သွားမည်ဟု ပလောင်အလုပ်အဖွဲ့က ပြောသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စစ်မှုထမ်းဟောင်းများကို ပါတီဝင်ရန် စည်းရုံးမှုများစတင်

ဗထူး။ ဇူလိုင် ၃၊ ၂၀၀၈

စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်နေချိန် တွင် စစ်မှုထမ်းဟောင်းများအား ပါတီဝင်ရန် စည်းရုံးမှုများ စတင်နေပြီဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအား တဖက်သတ် အနိုင်ရသည်ဟုကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်နေမှုများ ပြုလုပ်လာနေခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မြို့နယ်ကြံ့ဖွံ့က ကျနော့်ကို လာစည်းရုံးနေတယ်၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ကလည်း ပြောတာပဲ၊ ပါတီနာမည်လည်းမသိသေးဘူး၊ ကျနော့်လို စစ်မှုထမ်းဟောင်းတချို့ စည်းရုံးခံနေရ တယ်လို့လည်း သိရတယ်၊ သေချာတာတော့ ပါတီထောင်ဖို့ အကြီးအကျယ်ပြင်ဆင်နေကြပြီ”ဟု အမည်မဖော်လိုသူ အရာရှိဟောင်းတဦးက ပြောသည်။

စစ်တပ်အတွင်း ကြီးမားသည့် အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါစစ်ဗိုလ်ချုပ်ကြီး များပင် ရွေးကော်ပွဲတွင် ပါဝင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဦးအောင်သောင်းနဲ့ ဗိုလ်ချုပ်ဌေးဦးဆိုတာတွေကတော့ ပြန့်နေတဲ့သဘောပဲ၊ ကြံ့ဖွံ့ဗဟိုအတွင်း ရေးမှူးတွေ၊ ဗဟိုအလုပ်အမှုဆောင်တွေက သူ့တို့ကို အရင်ခွဲတမ်းချထားတဲ့ နယ်မြေတွေကနေ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်လို့တော့ သိနေရတယ်”ဟု အဆိုပါ အရာရှိဟောင်းက ဆက်လက် ပြောဆိုသည်။

စစ်အစိုးရခေါင်းဆောင်များအနေဖြင့် ယခုလက်ရှိတွင် ၂၀၁၀ ရွေးကောက်ပွဲကိုသာ စိတ်ဝင်စား နေပြီး နာဂစ်မုန်တိုင်း နောက်တကြိမ်တိုက်ခတ်လည်း အဆိုပါကိစ္စကို စိတ်ဝင်စားမည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာလေဘေးဒုက္ခသည် ၈၀ ကို လူမှောင်ခိုလက်ထဲမှ ထိုင်းရဲတပ်ဖွဲ့ ကယ်တင်

03 July 2008

နာဂစ်လေမုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်း မုန်တိုင်းသင့်ဒေသက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို အိမ်နီးချင်း တဖက်နိုင်ငံတွေဆီ တရားမ၀င် လူကုန်ကူးတဲ့ ပြဿနာတွေကို မြန်မာအာဏာပိုင်တွေက အချိန်မှီ တားဆီးနိုင်ခဲ့တယ် လို့ Weekly Eleven Journal မှာ ဒီနေ့ ဖော်ပြထားပါတယ်။ ဒါဟာ မုန်တိုင်းသင့်ပြီးနောက်ပိုင်း ပထမဆုံး မုန်တိုင်းသင့် ဒုက္ခသည်တွေရဲ့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ပထမဆုံး ထွက်လာခဲ့တဲ့သတင်းပါ။ အကြောင်းစုံကို မသင်းသီရိက တင်ပြထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ပျဉ်းမနား နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမ၀င် တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ နိုင်ငံဖြတ်ကျော် ကူးသန်းမှု တားမြစ်ရေး ဌာနက ရဲမှုးကြီးက ပြောခဲ့တာကို Weekly Eleven Journal မှာရေးသားထားတာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းက တောင်ဒဂုံမှာ ဖြစ်ပွားခဲ့တဲ့ ကလေးမွေးစားတဲ့ ပြဿနာတွေနဲ့အတူ လေဘေးသင့် ဧရာဝတီတိုင်း အတွင်းက ကလေးသူငယ်တွေနဲ့ အမျိုးသမီး ၈၀ ကို နိုင်ငံဖြတ်ကျော်ပြီး လူကုန်ကူးဖို့ ကြိုးစားတာကို အာဏာပိုင်တွေက အချိန်မှီ တားဆီးနိုင်ခဲ့တယ်လို့ အဲဒီဂျာနယ်ထဲမှာ ရေးသားထားပါတယ်။

အထူးသဖြင့် ကလေးငယ်တွေကို အာဏာပိုင်တွေရဲ့ ခွင့်ပြုစစ်ဆေးမှုမရှိဘဲ မွေးစားချင်တိုင်း မွေးစားခွင့် မရှိသလို ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးသလိုလိုနဲ့ အလုပ်အကိုင်နဲ့ ငွေကို အကြောင်းပြပြီး လူကုန်ကူးဖို့ ကြိုးစားတာကို အာဏာပိုင်တွေ တားဆီးဖို့ ကြိုးစားနေတယ်လို့လည်း ရေးသားထားပါတယ်။ မြန်မာနိုင်ငံထဲမှာ မုန်တိုင်းကာလတွေ နောက်ပိုင်း အလားတူ ပြဿနာမျိုးတွေ ရှိခဲ့ပေမယ့် အခုမှသာ လူကုန်ကူးတဲ့ သတင်းကို ပထမဆုံး ရေးသားခွင့် ရတာလို့ ရန်ကုန်က ဂျာနယ်သတင်းထောက် တဦးက ပြောပါတယ်။

"မုန်တိုင်းတိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒါ ပထမဦးဆုံး လူကုန်ကူးမှုနဲ့ပတ်သက်ပြီးတော့ ပြည်တွင်းဂျာနယ်တွေကလည်း ရေးလို့ရတဲ့သတင်းပေါ့နော်။ ကလေးသူငယ်တွေကို မွေးစားတာတွေဘာတွေပေါ့နော်။ လူကုန်ကူးတဲ့ကိစ္စ အဲဒီသတင်းကြားတယ်။ ဒါပေမယ့် အဲဒါက ရေးခွင့်မရခဲ့ဘူးပေါ့နော်။ ရေးတာကတော့ ဒီနေ့မှာ Weekly Journal ကပဲ ထွက်တာလေ။ ကျန်တဲ့ဂျာနယ်တွေက မတွေ့ရသေးဘူးပေါ့။ နောက်ရက်ပိုင်းတွေဆိုရင်တော့ မပြောတတ်သေးဘူးပေါ့နော်။ ပထမရက် ထွက်တဲ့ဂျာနယ်တွေထဲမှာတော့ အဲဒီသတင်းကတော့ ရေးလို့မရဘူး။ ကျန်တဲ့ဂျာနယ်တွေကတော့ ရေးလို့မရသေးပါဘူး။ ရေးတာ မတွေ့သေးဘူးပေါ့နော်။"

ရန်ကုန်မြို့က လူငယ်သတင်းသမားတယောက် ပြောပြခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာတော့ လေဘေးသင့်ဒေသက ပြည်သူတွေဟာ စားဝတ်နေရေးပြဿနာ အခက်အခဲတွေကြောင့် အလုပ်အကိုင်ရနိုင်မယ့်နေရာကို သွားချင်နေကြတယ် လို့လည်း သိရပါတယ်။ အာဏာပိုင်တွေကတော့ အိမ်နီးချင်း တဖက်နိုင်ငံတွေကို ကူးနိုင်တဲ့နေရာတွေက စစ်ဆေးရေး ဂိတ်တွေ အားလုံးမှာ စီမံချက်တွေချပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အများစုသွားနေကြတဲ့ မြ၀တီဘက်မှာတော့ အလွယ်တကူ အစစ်အဆေးမရှိဘဲ သွားနိုင်ပါတယ်လို့ ဖားအံမြ၀တီကို သွားနေကျ ခရီးသည်တဦးက အခုလို ပြောပြပါတယ်။

"သွားတာကတော့ ဒီမှာက သွားနေကြတာပဲ။ ဧရာဝတီဘက်က ဆင်းလာတဲ့လူတွေဆိုရင် နည်းနည်းလေး စစ်ဆေးတာတော့ ရှိတယ်။ ဥပမာအားဖြင့် ၁၄/ ပေါ့နော်။ အဲဒီလူတွေ ဆိုလို့ရှိရင်တော့ သူတို့က နည်းနည်းလေး သတိထားတယ်။ ဥပမာ - ဖားအံ ၀င်တော့မယ်ဆိုလို့ရှိရင် ဒီဘက်မှာ သူတို့ကားတွေ ရောက်လာပြီ။ သူတို့ကားတွေမှာ လာလာပြီးတော့ လူခေါ်တယ်။ ပုဂ္ဂလိကတွေလည်း ရှိတယ်။ တချို့ကတော့ သူတို့ ဘယ်လို ပြောလဲဆိုတော့ အဖွဲ့အစည်းကား ဆိုပြီးတော့ ပြောတယ်။ အဖွဲ့အစည်းဆိုတာကတော့ သူများ နားလည်တာကတော့ ဒီကေဘီအေ အဖွဲ့အစည်းတွေကို ပြောတာ။ အဲဒီလိုမျိုး ဗဟိုက လာခေါ်တာပေါ့။ အဖွဲ့အစည်းကားပေါ့။ အဖွဲ့အစည်းကားနဲ့လိုက်လို့ရှိရင် မှတ်ပုံတင် ပြစရာ မလိုဘူး။ ဟိုအရောက် အားလုံး အပြီးအစီး လုပ်ပေးမယ် ဆိုပြီး အဲဒီလို ခေါ်တာမျိုးတွေ ရှိတယ်။ ကျပ်တဲ့အချိန်မျိုးဆိုရင်တော့ တယောက်ကို ၆,၀၀၀ တို့၊ ၇,၀၀၀ တို့။ နည်းနည်းလေး သိပ်မကျပ်ဘူးဆိုရင်တော့ ၄,၀၀၀၊ ၅,၀၀၀ လောက်နဲ့ပေါ့။ အဲဒီလိုမျိုးသူတို့ကလည်း နေ့တိုင်း ခေါ်နေတာပဲ။ တခါတလေကျရင် ဟိုး ဘီးလင်းလောက် ကနေပြီးတော့ ခေါ်နေတာပဲ။ မြ၀တီ၊ မြ၀တီ ဆိုပြီးတော့။ အဲဒီမှာလည်း လူတွေ တပုံကြီးပဲ သွားနေတာပဲ။"

ဖားအံ မြို့ခံတဦး ပြောပြခဲ့တာဖြစ်ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

တောင်ကုတ်မြို့မှ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်လေးဦး ထောင်ဒါဏ်(၁)နှစ်စီချမှတ်ခံရ

7/3/2008
မောင်အေး(နိရဉ္စရာ)


ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်လေးဦးကို တောင်ကုတ် တရားရုံးမှ ထောင်ဒဏ် တနှစ်စီ အသီးသီး အပြစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ထောင်ဒဏ် ချမှတ် ခံရသူများမှာ ကိုမိုးကျော်၊ ကိုသန်းဌေး၊ ကိုဇော်နိုင်နှင့် ကိုအောင်နိုင်မင်းတို့ ဖြစ်ကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သူတို့ ၄ ဦးကို မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့က အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကြေငြာချက်ကို ဖြန့်ဝေမှုကြောင့် တောင်ကုတ်ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။

သူတို့ ၄ ဦးသည် မတ်လ ၁၃-ရက်နေ့က တောင်ကုတ်မြို့နယ် အဖွဲ့ချုပ် စည်းရုံးရေး ကော်မတီမှ ထုတ်ဝေသည့် ကြေငြာချက်ကိုလည်း တောင်ကုတ်မြို့နယ် အတွင်း ဖြန့်ဝေ ခဲ့ကြသည်။ ထိုစဉ်က ဖမ်းဆီးမခံရဘဲ မတ်လ ၂၇ ရောက်မှ အဖွဲ့ချုပ် စာရွက် စာတန်းများကို ဖြန့်ဝေမှုကြောင့် ဖမ်းဆီးခံကြရခြင်း ဖြစ်သည်။

သူတို့ကို ရဲအဖွဲ့က ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၅၁)နှင့် တရားစွဲဆိုပြီး တောင်ကုတ် တရားရုံးရက ယခုကဲ့သို့ ထောင်ဒဏ်တနှစ်စီ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယခုအခါ အဆိုပါ လူငယ်လေးဦးကို စစ်တွေထာင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးသန့် အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်