စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, January 1, 2008

Happy New Year 2008 Wish

What can be said in New Year rhymes,

That's not been said a thousand times?

The new years come, the old years go,

We know we dream, we dream we know.

We rise up laughing with the light,

We lie down weeping with the night.

We hug the world until it stings,

We curse it then and sigh for wings.

We live, we love, we woo, we wed,

We wreathe our prides, we sheet our dead.

We laugh, we weep, we hope, we fear,

And that's the burden of a year.


Ella Wheeler Wilcox

အပြည့်အစုံဖတ်လိုလျှင်

စည်းလုံးကြပါ …

စည်းလုံးကြပါ …

2008 Jan 2 ရက်နေ့တွင် စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှ Mandarin Hotel, Orchard မှာပြုလုပ်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကပွဲ၌ Poly ကျောင်းသားဟောင်း/သစ်များ အပါအ၀င် န အ ဖ ကပ်ဖား ရပ်ဖား အောက်ဆွဲများ၊ မျိုးချစ်စိတ် ကင်းမဲ့သူများ ဖျော်ဖြေကပြ အသုံးတော်ခံရန် ရှိပါသည်။

န အ ဖ တွေကို ကပြဖျော်ဖြေမယ့် အက၀ါသနာရှင်များ စက်တင်ဘာအရေးအခင်း အပါအ၀င် အရးအခင်းတိုင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်း၊ ရှင်လူ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ု န အ ဖ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို ဘယ်တော့မှမမေ့ပါနဲ့။ သေတောင် မမေ့လိုက်ပါနဲ့။

လူတွေအကုန်လုံး ကြေကွဲစွာ ခံစားနေရချိန်မှာ န အ ဖ လို ကျက်သရေ တစ်စက်မှ မရှိတဲ့ လူ့မိစ္ဆာတွေရဲ့ ဖျော်ဖြေခိုင်းမှု့ကို လက္ခံတာ န အ ဖ ရဲ့လုပ်ရပ်တွေကို ထောက်ခံနေတာနဲ့ အတူတူပါပဲ။

ဒီတော့ မိမိတို့ဟာ ဘာလဲ။ န အ ဖ အောက်ဆွဲတွေလား။ ဒါဆိုရင်လည်း ရှင်းပါတယ်။ ဒါမှ မဟုတ်ဘူးဆိုရင်တော့ မိမိတို့ ဘာလုပ်သင့်တယ်ဆိုတာ အချိန်မနှောင်းခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ။ လူ့အသိုင်းအ၀ိုင်းက စက်ဆုတ်ရွံရှာရတဲ့သူ မဖြစ်ပါစေနဲ့။ တလွဲဆံပင် မကောင်းကြပါနဲ့။

န အ ဖ စစ်အာဏာရှင်အုပ်စုတွေရဲ့ ဒီပွဲကို မပျက်ပျက်အောင် ဖျက်ဖို့ လွတ်လပ်ရေးနေ့ တိုက်ပွဲအနေနဲ့ မျိုးချစ်စိတ်ရှိသူတိုင်း မိမိတတ်နိုင်ရာ နေရာကနေ ပါဝင်ဆောင်ရွက်ကြပါ။

ဖိတ်ကြားထားခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်များ မျိုးချစ်စိတ်ဓါတ် ရှိတယ်ဆိုရင် ဆန္ဒပြတဲ့ အနေနဲ့ မတက်ရောက်ကြပါနဲ့။ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကို မကြည့်ကြပါနဲ့။ ထိုဖော်လံဖားပွဲကို မသွားခြင်းအားဖြင့် ၊ အားလုံးဟာ တစ်သွေးတစ်သားတည်းရှိကြောင်း ပြကြပါ။

စစ်အာဏာရှင် ဆန့်ကျင်သူ

အပြည့်အစုံဖတ်လိုလျှင်