စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, June 26, 2008

မျိုးရန်နောင်သိန်းကို ဆေးကုသခွင့်မပေး


ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:50 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်း၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသော်လည်း ထောင်အာဏာ ပိုင်များက ဆေးကုသခွင့် မပေးသည့်အပြင် ယနေ့တွင် ရုံးထုတ်ခဲ့သည်။ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ကာ အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အသက် ၃၄ အရွယ် ကိုမျိုးရန်နောင်သိန်းမှာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်သလို ဖြစ်နေသော်လည်း ဆေးကုသခွင့် ပိတ်ပင် ထားခံရခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒီနေ့ ရုံးထုတ် စစ်ဆေးတယ်။ ဆေးကုသခွင့် မရသေးဘူး။ ဆေးစာ အပြင်ထုတ်ခွင့် မရသေးဘူး။ သူက စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်ပေါ့နော်၊ အောက်ပိုင်း သေသွားသလို ဖြစ်နေတယ်။ ဒီအတိုင်း လမ်းလျှောက်မရဘူး။ ထမ်းစင်နဲ့ တရားရုံး တက်ရတယ်” ဟု မျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးမြင့်သောင်းကလည်း “ဒီနေ့ ရုံးထုတ်တာ ခြေထောက် နှစ်ချောင်းက လုံးဝ လမ်းမလျှောက်နိုင်ဘူး။ သူက ကျန်းမာရေး မကောင်းတော့။ ကျနော်တို့ အာမခံလည်း မရဘူး။ ပွေ့ချီပြီးတော့ ရုံးထုတ်တယ်။ သက်သေမလာတော့ ရမန် ပြန်ယူရတယ်” ဟု မဇ္ဈိမကို ပြောသည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းသား ဆန္ဒပြပွဲများတွင် ခေါင်းဆောင်ခဲ့သဖြင့် အခြား ၈၈ မျိုးဆက် ကျောင်းသားများ ၈ ဦးနှင့်အတူ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် ကိုမျိုးရန်နောင်သိန်းအား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ လ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်ခဲ့ပြန်သဖြင့် ယခုလို ထပ်မံ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ နှစ်ကြိမ်စလုံးတွင် အာဏာပိုင်များက နှိပ်စက် ညှဉ်းပမ်းခံရသည်ဟု မျိုးရန်နောင်သိန်း၏ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံနေ ကိုကျော်လင်းဦးက ပြောသည်။ ရှေ့နေ ကိုဖိုးဖြူ အဆိုအရ လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သည်ဟု ဆိုသည်။ ကိုမျိုးရန်နောင်သိန်းနှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄ ဦးကိုလည်း ယနေ့တွင် ရုံးထုတ်ခဲ့သေးသည်။ သံလျင်မြို့နယ်မှ ကိုဇော်မင်း၊ ကမာရွတ်မြို့နယ်မှ မင်းမင်း ခေါ် ဘောင်ဘောင်၊ မြောက်ဥက္ကလာပမှ မခင်မိုးမိုး၊ ကိုကျော်စိုးတို့ကိုလည်း ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ထားရာ မခင်မိုးမိုးနှင့် ကိုကျော်စိုးအား နိုင်ငံခြား ဒေါ်လာငွေ လက်ဝယ် တွေ့ရှိသဖြင့် ငွေကြေးလဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ နှင့်ပါ ပူးတွဲ စွဲချက် တင်ထားသည်ဟု အကျိုးဆောင်ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကယ်ဆယ် ထောက်ပံ့ရေး လုပ်သူများအကြား အတိုက်အခံများ ရှာဖွေနေ

ဇာနည်

ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:44 - မြန်မာစံတော်ချိန်

ဘန်ကောက်။ ။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ သွားရောက် လုပ်ဆောင်နေသော ပုဂ္ဂလိက အသင်းအဖွဲ့များအကြား အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများ ပါဝင်ခြင်းကို စိုးရိမ်ကာ အာဏာပိုင်များက စောင့်ကြည့်မှုများ ပြုလုပ်နေသည်။ ကယ်ဆယ်ရေး အသင်းအဖွဲ့များသို့ ၀င်ရောက် လုပ်ကိုင်သူများနှင့် လာရောက် လှူဒါန်းကြသူများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တကွ အခြားသော စစ်အစိုးရ အတိုက်အခံ နိုင်ငံရေးပါတီများ ပါဝင်မှု ရှိ၊ မရှိ ထောက်လှမ်းရေးများက ရှာဖွေနေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
"ဘယ်ပါတီတွေက လာလှူလဲ၊ ဘာလဲပေါ့၊ ဒါပေမဲ့ လတ်တလောက တနေ့ကို ၂ ခါလောက်လာပြီး မေးလား မြန်းလား လုပ်နေတော့ စိတ်က အနှောင့်အယှက် ဖြစ်လာတယ်" ဟု ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင် ကျောင်းထိုင်ကာ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေ သော ရွှေည၀ါဆရာတော် အရှင်ပညာသီဟက မဇ္ဈိမကို မိန့်ကြားသည်။ မည်သည့် အလှူရှင်မဆို ဒုက္ခ ရောက်နေသူများအတွက် ရိုးသားစွာ ကူညီကြခြင်းဖြစ်၍ မိမိအနေဖြင့် လက်ခံခဲ့သည်ဟု ဆရာတော်က ဆက်လက် မိန့်ဆိုသည်။ "မည်သည့် ပုဂ္ဂိုလ်မဆို တခြား ပယောဂ ကင်းကင်း ရှင်းရှင်းနဲ့ ရိုးရိုးသားသားလေး လှူရင် အကုန်လုံး လက်ခံပါတယ်" ဆရာတော်က ဆိုသည်။ ဘိုကလေးတွင် ကယ်ဆယ်ရေး လုပ်ကိုင်နေသော ပုဂ္ဂလိက အဖွဲ့တခုမှ အဖွဲ့ဝင်တဦးကလည်း "ကျနော်တို့ကိုတော့ အဲလို လာမေးတာမျိုး မရှိပေမယ့် ဘာတွေ လုပ်တယ်ဆိုတာကို စောင့်ကြည့် နေတာမျိုးတွေတော့ ရှိတယ်။ စိတ်ကျဉ်းကျပ်တာပေါ့။ ကိုယ်က ဘာမှ လုပ်တာ မဟုတ်တော့လေ" ဟု ပြောသည်။ အာဏာပိုင်များ အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့များတွင် နိုင်ငံရေး လှုပ်ရှားမှုများ ပါဝင်ခြင်း ရှိလာမည်ကို စိုးရိမ် နေကြ၍ ဤသို့ စောင့်ကြည့်ခြင်း ဖြစ်သည်ဟု သူက ထင်ကြေးပေး ပြောဆိုသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြို့တော်ခန်းမအနီး ဆန္ဒပြသူအမျိုးသမီး (၁) ဦးဖမ်းဆီးခံရ


NEJ / ၂၆ ဇွန် ၂၀၀၆

ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုဆန္ဒပြသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါအမျိုးသမီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးသော်လည်း သူမသည် မြို့တော်ခန်းမ အနီး လူစည်ကားရာနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၁၀) မိနစ်ခန့် ကြွေးကြော်သံများ အော်ဟစ်၍ တကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ရဲ၏ ဆွဲခေါ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင် သက်သေတို့၏ ပြောဆိုချက်ကိုကိုးကားပြီး သတင်း၌ ဖော်ပြသည်။
ဆန္ဒပြသည့်သတင်းကို ကြားသိရသော်လည်း ဆန္ဒပြသူအမျိုးသမီးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင် ဟုတ်မဟုတ် မသိရှိရသေးဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
မြန်မာစစ်အစိုးရသည် ဆန္ဒပြသူများကို ပြင်းထန်စွာအရေးယူလေ့ရှိပြီး ယမန်နှစ် သြဂုတ်လက အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို ထောင်ဒဏ်တသက် တကျွန်းချမှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်၌ အကျဉ်းချထားခဲ့သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လက်တွန်းထွန်စက် မလုံလောက်၍ လယ်သမားများ အခက်ကြုံ


NEJ/ ၂၆ ဇွန် ၂၀၀၈

ဧရာဝတီတိုင်းအတွင်း လယ်မြေများတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ရန် နအဖက လက်တွန်း ထွန်စက်များ ချပေးသော်လည်း မလုံလောက်သည့်အတွက် အခက်တွေ့နေကြသည်။
မော်လမြိုင်ကျွန်းမြို့နယ် ကျူကျောင်းရွာတွင် နအဖက ပြီးခဲ့သည့်ရက်သတ္တပတ်က ထွန်စက် (၄) လုံးလာရောက်ပေးခဲ့ရာ (၁) လုံးကို တပ်ဆင်ပေးခဲ့ပြီး ကျန်သည့် (၃) လုံးကို မတပ်ဆင်ဘဲ ထားခဲ့ကြောင်း၊ တပ်ဆင်ပြီးတလုံးကိုလည်း ၎င်းတို့ ထပ်မံလာရောက်မှသာ မောင်းနှင်အသုံးပြု ရမည်ဟု ပြောကြောင်း ကျူကျောင်းရွာသားတဦးက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “လယ်ထွန်စက်မှာ (၂) ဘီးနဲ့ (၁) ဘီး ရှိတယ်။ ဒီဒေသမှာက ကျွဲကိုအားကိုးပြီးလုပ်ရတာ၊ နွံကြီးတယ်၊ ထွန်စက်ကိုသုံးလို့ အဆင်မပြေနိုင်ဘူး။ ဒီမြေမှာ (၂) ဘီးက နဲနဲအဆင်ပြေနိုင်တယ်၊ အသုံးပြုလို့ပေါ့။ ဒါပေမယ့် သူတို့ပြန်လာမှ ထွန်ရမယ်တဲ့။ ဘယ်ကဆီကို သုံးရမလဲမသိဘူး၊ ဘယ်က ပိုက်ဆံနဲ့ ဆီကိုဝယ်ထည့်ရမှာလဲ။ ရွာမှာ အရင်က ကျွဲကောင်ရေ (၁၀၀) လောက်ရှိတယ်။ အခု (၄၊၅ ) ကောင်လောက်ပဲ ကျန်တော့တာ။ သူတို့က ဘယ်တော့ပြန်လာမယ်ဆိုတာလည်း မသိရ၊ ပျိုးက နောက်ကျနေပြီ” ဟု ၎င်းက ပြောသည်။
ကျူကျောင်းရွာတွင် လယ်ဧကပေါင်း (၂,၈၀၅) ဧကရှိပြီး လယ်မြေများအားလုံးနီးပါး နာဂစ် မုန်တိုင်းကြောင့် ဆားငန်ရေလွှမ်းသွားခဲ့ကာ တ၀က်ခန့်ပျက်စီးနေကြောင်း သိရသည်။
နအဖနေ့စဉ်ထုတ် သတင်းစာများတွင် ဧရာဝတီတိုင်းရှိ မြို့နယ်ကျေးရွာအသီးသီးသို့ လက်တွန်း ထွန်စက်ငယ်များ၊ ပျိုးထောင်ရန်စပါးများ ပေးနေကြောင်း ဖော်ပြနေသော်လည်း အချို့ကျေးရွာ များတွင်သာ မလုံမလောက် ဟန်ပြရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
လပွတ္တာတွင် နအဖက ဘတ်ဂျက်ယာယီစာရင်းမှတ်စနစ်ဖြင့် (၁၃၆) ဧကလျှင် လက်တွန်း ထွန်စက် (၁) စီးနှုန်းပေးကြောင်း ကြေညာသော်လည်း မလောက်ငသည့်အတွက် ရွာသား အချင်းချင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေသည်ဟုလည်း လပွတ္တာမြို့နယ်တွင်းရှိ ပျဉ်ထောင် ရွာသားတဦးက ပြောသည်။
၎င်းက “ဒီထွန်စက်တွေက တနေကုန်မောင်းမှ (၅) ဧကလောက်ပဲပြီးတာ။ (၁၃၆) ဧကကို တလ လောက်ကြာမယ်၊ အခုဆို ထွန်စက် မလောက်မငဖြစ်တော့ ခုထိ ပျိုးမချရသေးဘူး။ ဘယ်အချိန် သွားစိုက်မှာလဲ၊ အမှန်ဆို နအဖအနေနဲ့ တနေ့ကို (၂၅) ဧကလောက်ပြီးတဲ့ ထွန်စက်ကြီးတွေ ပေးသင့်တယ်။ အခုဆို ရွာသားတွေအချင်းချင်း ငါအရင်ထွန်မယ် သူအရင်ထွန်မယ် ဖြစ်ကုန်ပြီ” ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားများကမူ ၎င်းတို့အနေဖြင့် ထွန်စက်ကို အသုံးမပြုတတ် ကြောင်း၊ ကျွဲကိုသာအသုံးပြုရ အဆင်ပြေကြောင်း ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု သိသိသာသာ လျော့နည်းလာ


Xinhua/ ၂၆ ဇွန် ၂၀၀၈

ပြီးခဲ့သည့် (၁၀) နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုသည် (၁၄၀,၀၀၀) ဟက်တာမှ (၂၇,၇၀၀) ဟက်တာအထိ သိသိသာသာကြီး ထိုးကျသွားသည့်အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ချက်များကို ကျေးဇူးတင်ရမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ယနေ့ ပြောကြားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတကာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ သ၀ဏ်လွှာတွင် မူးယစ် ဆေးဝါးသုံးစွဲသူ အရေအတွက်သည်လည်း ၂၀၀၅ ခုတွင် (၆၁,၄၅၅) ဦးရှိခဲ့ရာမှ ၂၀၀၈ ခု ဇန်န၀ါရီတွင် (၅၄,၇၀၉) ဦးအထိ လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။ မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားမှုများ အောင်မြင်လာရခြင်းမှာ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ် စသည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆိုပြီး ဒေသတွင်းရှိ နိုင်ငံများနှင့် သဘောတူစာချုပ်များချုပ်ဆိုကာ နိုင်ငံဖြတ်ကျော်၍ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ၁၉၉၉-၂၀၀၀ မှ စတင်သည့် မူးယစ်ဆေးဝါး ချေမှုန်းရေးစီမံချက်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ မူးယစ်ဆေးဝါး ကင်းမဲ့သည့် အ၀န်းအ၀ိုင်းတခု ဖန်တီးရန်အတွက် မြန်မာနိုင်ငံတွင် မွေးမြူရေး၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊ ဆေးဝါးကုသရေး၊ ပြန်လည်ထူထောင်ရေးနှင့် သတိပေးအစီ အစဉ်များကိုလည်း ပြုလုပ်ကြောင်း ၎င်းက ပြောသည်။ ထိုသို့အားထုတ်မှု၏ တစိတ်တဒေသအနေနှင့် ဆေးကုသဌာနကြီး (၂၆) ခု၊ ဆေးကုသဌာနငယ် (၄၀) ခုတို့ကို ထူထောင်ပေးထားပြီး နိုင်ငံတ၀န်းတွင် ပြန်လည်ထူထောင်ရေးစခန်း (၇) ခု ဖွင့်လှစ် ထားကာ ၎င်းအနက် (၃) ခုမှာ ရန်ကုန်မြို့တွင် ရှိသည်ဟု ဆိုသည်။ ၂၀၀၈ ခုအတွက် ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် “မူးယစ်ဆေး လွှမ်းမိုးစိုးမိုးနေရင် မင်းဘဝ၊ မင်းမိသားစု၊ မင်းပတ်ဝန်းကျင် မလုံခြုံပါ” ဆိုသည့် ဆောင်ပုဒ်နှင့်ညီရန် မူးယစ်ကင်းစင်နယ်မြေ ဖြစ်ရေးအတွက်လည်း ပြည်ထဲရေးဝန်ကြီးက တောင်းဆိုထားသည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ချေမှုန်းရေး နှစ်ပတ်လည်အခမ်းအနားကို ယနေ့ ညနေတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီကို ကူညီခွင့်မရသည့် ပြင်သစ် ဆက်သွယ်ရေးအဖွဲ့ မြန်မာပြည်က ထွက်ခွာ

26 June 2008

နိုင်ငံတကာက သဘာဝဘေးအန္တရာယ်သင့် ဒေသတွေမှာ ဆက်သွယ်ရေးပိုင်းဆိုင်ရာအထောက်အကူပြုပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားပြီး လုပ်ဆောင်ခွင့်မရတဲ့အတွက် မြန်မာနိုင်ငံကနေ ပြန်ထွက်လိုက်ရပါပြီ။ သူတို့သာ ကူညီလုပ်ဆောင်ခွင့်ရမယ်ဆိုရင် ကူညီကယ်ဆယ်ရေးတွေမှာ ပိုပြီးတော့ မြန်မြန်ဆန်လုပ်နိုင်မှာပါလို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတွင်းမှာ ၁၅ ရက်ကြာ ရောက်နေခဲ့ပြီးတဲ့နောက် မတူထူးခြားတဲ့ အခြေအနေတခုနဲ့ကြုံတွေ့ခဲ့ရပြီးချိန်မှာ ပြန်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက်နယ်စည်းမခြား ဆက်သွယ်ရေးအဖွဲ့ (TSF) ရဲ့ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ သွားရောက်လုပ်ဆောင်ခွင့်ပြုဖို့ TSF ကခွင့်ပြုမိန့်တောင်းခံတာ မရခဲ့ဘဲ ရန်ကုန်မှာပဲ ရပ်တန့်နေခဲ့ရပြီးတဲ့နောက် အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အခြေစိုက်ရုံးတွေဆီ ပြန်ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
တခြား နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို မြစ်ဝကျွန်းပေါ်ဒေသဆီ သွားရောက်လုပ်ကိုင်ခွင့်ပြုပြီး TSF ကို သွားခွင့်မပြုတာဟာ သူတို့အဖွဲ့ရဲ့ဆက်သွယ်ရေးပစ္စည်းတွေ၊ နည်းပညာတွေနဲ့ လုပ်ကိုင်ရတဲ့ သဘောသဘာဝကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံသွားခဲ့တဲ့အဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့သူ TSF ရဲ့ ဘန်ကောက်အခြေစိုက် အာရှ-ပစိဖိတ်ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာ ဆိုင်မွန်(Simon) က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“သတင်းဆက်သွယ်ရေးအပေါ် စိုးရိမ်စိတ်၊ မယုံကြည်စိတ်၊ သံသယစိတ် ရှိတယ်ဆိုတာကို သိထားတဲ့အတွက် ဒီအချက်က ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း ဒီအလုပ်ဟာတကယ့်ကို ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ကျနော်တို့ ကြိုးစားကြည့်တာပါ။ ကျနော်တို့အလုပ်ရဲ့ သဘောသဘာဝကိုက သိပ်ကိုအထိမခံတဲ့ကိစ္စ ဖြစ်နေတာကြောင့် အခုလိုခွင့်မပြုတာလို့ ကျနော်တော့ ယုံကြည်ပါတယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် TSF အဖွဲ့ဝင်လေးဦးပါ အဖွဲ့တဖွဲ့ကိုမြန်မာနိုင်ငံစေလွှတ်ဖို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ခဲ့ပါတယ်။ ဒါပေမယ့် သံရုံးက ဘာမှ အကြောင်းပြန်ကြားခြင်းမရှိဘဲ တလကြာမြင့်ပြီးတဲ့နောက်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ပြည်ဝင်ခွင့်လျှောက်ဖို့ ဆုံးဖြတ်ပြီးစွန့်စားသွားရောက်ခဲ့တာပါလို့ ဆိုင်မွန်က ပြောပါတယ်။
ဒါပေမယ့် သူတို့သွားတဲ့အချိန်မှာ ဆက်သွယ်ရေးပစ္စည်း ကိရိယာတွေကို ယူဆောင်မသွားဘဲ ကျွမ်းကျင်မှုနဲ့ အထောက်အကူပြုဖို့ လူပုဂ္ဂိုလ်တွေချည်းပဲ သွားခဲ့ကြတာပါ။ရန်ကုန်ကို ရောက်ခဲ့ပြီးတဲ့နောက် မြစ်ဝကျွန်းပေါ်ဒေသကို သွားခွင့်ပြုဖို့ မြန်မာအာဏာပိုင်တွေဆီမှာ အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပေမယ့် ဘာအကြောင်းပြန်ကြားချက်မှ မရခဲ့တာကြောင့် ပြန်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူတို့သာ လုပ်ကိုင်ခွင့်ရမယ်ဆိုရင် အကူအညီပစ္စည်းတွေကို လျှင်လျှင်မြန်မြန်နဲ့အချိန်မီပေးပို့နိုင်ရေးမှာ အကျိုးဖြစ်စေမှာပါလို့ ဆိုင်မွန်က ပြောပါတယ်။
“ကျနော်တို့ အဲဒီမှာရှိနေမယ်ဆိုရင် ရမယ့်အကျိုးကျေးဇူးကတော့ မြန်မြန်ဆန်ဆန်တုံ့ပြန်လုပ်ဆောင်နိုင်မှုဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ဆက်သွယ်ရေးပြဿနာကို သိထားပြီး ဒါဟာ စနစ်ကို နှေးကွေးစေပါတယ်။ ဒီစခန်းအတွက် အစားအစာတွေ လိုနေပြီဆိုတာကို ပြောဖို့ သုံးရက်ကြာနိုင်ပါတယ်။ ဒါဟာပြဿနာပါ။ တကယ်လို့သာ စနစ်ကျတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေ ရှိမယ်ဆိုရင်လိုအပ်တာကို ချက်ချင်း သတင်းပို့ တောင်းခံနိုင်ပြီး မြန်မြန်ဆန်ဆန် ရောက်လာမှာမို့ပိုပြီးတော့ မြန်မြန်လုပ်ကိုင်နိုင်ပါတယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။
TSF အဖွဲ့ဟာ ကုလသမဂ္ဂနဲ့ ဆက်စပ်လုပ်ကိုင်တဲ့အဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်က သဘာဝဘေးအန္တရာယ်သင့်တဲ့ ဒေသတွေမှာ အရေးပေါ် ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေအတွက် ဆက်သွယ်ရေးပစ္စည်းတွေကို တပ်ဆင်ပေးပါတယ်။
အကူအညီလိုအပ်နေသူတွေ အနီးဆုံးမှာရှိနေတာကို သိလျက်နဲ့ မကူညီနိုင်တာဟာစိတ်ပျက်စရာပါပဲလို့ ဆိုင်မွန်က ဆိုပါတယ်။
“အကူအညီ လိုအပ်နေသူတွေ ကိုယ်နဲ့အနီးဆုံးမှာ ရှိနေတာကို သိထားပြီး ဒုက္ခရောက်နေတာကို လျော့ပါးအောင် လုပ်ဆောင်မပေးနိုင်တာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရတာကတော့ အသေအချာပါပဲဗျာ။ သတင်းဆက်သွယ်ရေးဟာ အသက်တွေကိုကယ်တင်တယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းက အရေးပေါ်အခြေအနေဖြစ်တဲ့ ဒေသ ၁၅ ခုလောက်ဆီ ကျနော် သွားဖူးပါတယ်။ အခုလို ဟန့်တားခံရပြီးအလုပ်မလုပ်နိုင်ဖြစ်ရတဲ့ အခြေအနေဟာ ဒါ ပထမဆုံးပါပဲ။” လို့ TSF ရဲ့ အာရှ-ပစိဖိတ်ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာဆိုင်မွန်က ပြောပါတယ်။
TSF အဖွဲ့ဟာ ၂၀၀၆ ခုနှစ်ကတည်းက အခုလို အရေးပေါ်အခြေအနေ လုပ်ငန်းတွေကိုလုပ်ဆောင်လာခဲ့တဲ့အဖွဲ့ဖြစ်ပြီး အင်ဒိုနီးရှား၊ လက်ဘနွန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ သိပ်မကြာသေးခင်ကဆိုရင် ဖေဖော်ဝါရီလက ရေကြီးခဲ့တဲ့ မိုဇမ်ဘစ်နိုင်ငံတွေမှာ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။



အပြည့်အစုံဖတ်လိုလျှင်

ကချင်ပြည်နယ်တွင်း မူးယစ်ဆေးပျံ့နှံ့မှု စိုးရိမ်စရာ အခြေအနေ ရောက်နေ



26 June 2008

ကချင်ပြည်နယ်အတွင်းက ကျောင်းသားလူငယ်တွေကြားမှာ ဘိန်းဖြူ၊ ဘိန်းမည်းနဲ့စိတ်ကြွဆေးပြား သုံးစွဲမှုတွေ များလာနေတဲ့အတွက် ဒီလိုသုံးစွဲမှုတွေကို အရေးယူနှိမ်နင်းပေးဖို့ ကချင်လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တရားမ၀င် သုံးစွဲမှုနဲ့ မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာကချင်ကျောင်းသားလူငယ်တွေက မူးယစ်ဆေးဝါးဆန့်ကျင်ရေး စာရွက်စာတမ်းတွေမြစ်ကြီးနားမြို့တွင်းမှာ လိုက်ကပ်ခဲ့ကြပါတယ်။ အသေးစိတ်ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ထိုင်းအခြေဆိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကချင်ကျောင်းသားအဖွဲ့တွေက ဒီနေ့မနက်မှာ မြစ်ကြီးနားမြို့အတွင်းက ဈေးနဲ့ တခြားလူစည်ကားရာနေရာတွေမှာ မူးယစ်ဆေးဝါး အလိုမရှိဆိုတဲ့ စာရွက် ၂၀၀ လောက်ကပ်ခဲ့တာဖြစ်ပါတယ်။ အခုလို စာကပ်ပြီး တိုက်တွန်းရတာဟာ ကချင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးသုံးစွဲမှုတွေ မြင့်မားလာနေလို့ လို့ ပြောပါတယ်။
“အခု ကျနော်တို့ ကချင်ပြည်နယ်မှာ ဒီ မူးယစ်ဆေးဝါး အများကြီး ပျံ့နှံ့နေပြီလေ။ရပ်ကွက်တိုင်းလိုလို၊ ရွာတိုင်းလိုလိုမှာ မူးယစ်ဆေးဝါး ရနိုင်တယ်။ ပြီးတော့ စာသင်ခန်းတွေမှာကို ရနေပြီ။ ကျောင်းတွေမှာလည်း ရနေပြီ။ တက္ကသိုလ်ကျောင်းတွေ၊ကောလိပ်ကျောင်းတွေမှာလည်း ရနေပြီ။ အဲဒါက အလားအလာမကောင်းဘူး။နောင်အနာဂတ်အတွက်၊ တိုင်းပြည်အတွက်၊ ကျနော်တို့ပြည်နယ်အတွက်က အလားအလာမကောင်းလို့ ကျနော်တို့ အားလုံးသိဖို့အတွက် ကပ်ခြင်းဖြစ်တယ်။”မြစ်ကြီးနားမြို့က ကချင်လူငယ်တယောက် ပြောသွားတာပါ။
ကချင်ပြည်နယ်အတွင်းမှာ အများဆုံးပျံ့နှံ့နေတာက ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ ယာဘခေါ်စိတ်ကြွဆေးဖြစ်ပြီး ကျောင်းသားထုအတွင်းမှာတော့ ဘိန်းအရည်နဲ့ ချောင်းဆိုးပျောက်ဆေး ရောစပ်ထားတဲ့ ဖော်မြူလာလို့ခေါ်တဲ့ ဆေးတွေ အများဆုံးသုံးစွဲနေတာဖြစ်ပါတယ်။
ဒီလို မူးယစ်ဆေးသုံးစွဲသူဦးရေ များပြားနေတဲ့အကြောင်းကို ကချင်ကျောင်းသားလူငယ်က အခုလို ဆက်ပြောပါတယ်။
“အခုက လယ်လုပ်တဲ့သူလည်း ဘိန်းရှူနေကြပြီ၊ ကားမောင်းတဲ့သူလည်း ဘိန်းရှူနေတာ၊နောက်ဆုံး ဆိုက်ကားနင်းတဲ့သူလည်း ဘိန်းရှူနေပြီလေ။ အခုက နေရာတကာလိုဖြစ်နေတာ။ ကျောင်းသားထုထဲမှာလည်း ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းပြီးရင် တက္ကသိုလ်ကျောင်းသားတွေ အားလုံးနီးနီးက ဒီ ယောက်ျားလေး ၅၀% က ဖော်မြူလာသောက်နေကြတာ။ အစတုန်းက အပျော်ပေါ့လေ။ နောက်ဆုံးကျ စွဲကုန်တော့ ဒီ မသောက်နိုင်တော့ ဘိန်းဖြူဘက်ကို ပြန်ကူးလာတာ။”
ဒီလို ဖော်မြူလာခေါ် မူးယစ်ဆေးသုံးစွဲမှုဟာ ကျောင်းသူတွေအကြားမှာပါ ပျံ့နှံ့နေတယ်၊မူးယစ်ဆေးသုံးစွဲမှုဟာ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်ဘက်တွေက ကျေးရွာတွေမှာဆိုရင် ပိုပြီးဆိုးတယ်လို့ အဲဒီဒေသကို သွားရောက်အလုပ်လုပ်ကိုင်သူ အမျိုးသမီးတယောက်က ပြောပါတယ်။
“အခြေအနေကတော့ တော်တော်ဆိုးတယ်။ တအိမ်မှာဆိုရင် နှစ်ယောက်၊ တခါတလေသုံးယောက်အထိ သောက်တဲ့သူရှိတယ်။ ဘိန်းကလည်း ဒီလို အစားစားရှိတယ်။ ပထမဆုံး ဘိန်းအမည်း သူတို့ ခပ်ပုံရှူကြတယ်။ ခပ်ပုံကတော့ နည်းနည်းဈေးကြီးတာပေါ့နော်။ဈေးကြီးတော့ သူတို့ လုပ်အားခ မတတ်နိုင်ဘူးဆိုရင် မြန်မြန်လေး သူတို့ခံစားချက်အာနိသင်ရဖို့အတွက်ကို ရှူကြတယ်။ ပိုသက်သာတာကတော့ ထိုးတာပေါ့။ နောက်ပိုင်းကျ သူတို့ ထိုးတဲ့အဆင့်ကို ရောက်သွားတယ်။
“ပထမအဆင့်က ဘိန်းမည်းရှူတယ်။ ဒုတိယအဆင့်က အဖြူ နံပါတ်ဖိုးကို မီးခိုးရိုက်ပြီးမှရှူတယ်ပေါ့နော်။ နောက်ဆုံးအဆင့်ကတော့ သူတို့ ရေနဲ့တောင်မရောဘူး။ Drip ပိုက်ထဲကို ဆေးမှုန့်ထည့်ပြီး သွေးကို စုတ်ယူပြီးမှ အဲဒီသွေးနဲ့ပဲ ရောလိုက်ပြီးတော့ ပြန်ထိုးလိုက်တာပေါ့၊ အဲဒါ နောက်ဆုံးအဆင့်ပဲ။ ခုနက ပြောသလို တအိမ်မှာအနည်းဆုံးတယောက်တော့ ရှိတယ်။ နှစ်ယောက်မဟုတ်ရင် သုံးယောက်ပေါ့၊ အဲလိုမျိုး ရွာသားတွေပြောတာကတော့ အိမ်တိုင်းလိုလိုမှာ ရှိတယ်တဲ့။ မရှိတာက ဘာသာရေးဆရာအိမ်လောက်ပဲ မရှိဘူးတဲ့။”
ကချင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံးဖြစ်တဲ့ ဒေသကတော့ ဖားကန့်က ကျောက်စိမ်းတူးဖော်တဲ့ မှော်တွေပဲဖြစ်ပါတယ်။ အဲဒီဒေသမှာကတော့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး ဘိန်းနဲ့ ယာဘခေါ် စိတ်ကြွဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်နေကြပါတယ်။ မြင်းဆေးခေါ် ယာဘက တပြားကို ကျပ်ငွေ ၈,၀၀၀လောက်ရှိပြီး ဂေါ်လီလုံးအရွယ် ဘိန်းမည်းတလုံးက ၁,၀၀၀ လောက်နဲ့ ဘိန်းဖြူကတော့တခါရှူလောက်ရုံကို လေး-ငါးထောင်လောက် ဈေးပေါက်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖားကန့်ဒေသက ရောင်းအားကောင်းတဲ့ မူးယစ်ဆေးရောင်းသူတဦးဟာ တရက်ကို သိန်း ၈၀ ကျော်လောက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“ရောင်းအားက တရက်ကို အရောင်းရဆုံးသူဆိုရင် တရက်ကို သိန်း ၈၀-၁၀၀ကြားမှာရှိတယ်လို့တောင် ပြောသံကြားတာကြီးကို။ ဟို မြင်းဆေးတို့ ဘာတို့ ရောင်းတာ မပါသေးဘူး။ ခပ်ပုံအဆင့်လောက် ရောင်းတာတောင်မှ သိန်း ၆၀-၇၀-၈၀-၁၀၀ ရှိတယ်လို့ပြောတာကိုး။ ကျနော်တို့ဒေသက မှော်များတာဆိုတော့ မြို့ပေါ်တော့ မရှိဘူးပေါ့၊မှော်ကြိုမှော်ကြားမှာပဲပေါ့။ ရှရော်ခါးတို့ မနတို့ ဖားကန့်မြို့အထွက်တို့ ဆိပ်မူရဲ့ ရွာအထွက်တွေတို့ အဲလို ရွာအပြင်ဘက်တွေမှာ သွားလုပ်ကြတာလေ။”
ကချင်ပြည်နယ်အတွင်းမှာ ဒီလို မူးယစ်ဆေးသုံးစွဲတာ မြင့်တက်လာတာနဲ့အတူ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါပြန့်ပွားနှုန်းကလည်း တိုးမြင့်လာနေတယ်လို့ မူးယစ်ဆေးသုံးစွဲတာကို ဆန့်ကျင်တဲ့ ကချင်ကျောင်းသားခေါင်းဆောင်က ပြောပါတယ်။
အခုအခါ ကချင်ပြည်နယ်အတွင်းမှာ ဘိန်းစိုက်ပျိုးတာတွေ များပြားလာနေပြီး ဘိန်းစိုက်တာကို မြန်မာစစ်တပ်နဲ့ အပစ်ရပ် ကချင်အဖွဲ့ဝင်တချို့က အခွန်ကောက်ယူပြီးခွင့်ပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာလည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ သားနဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမ၀င်ရောင်းဝယ်ရေး တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒီဆယ်စုနှစ်အတွင်းမှာ ဘိန်းစိုက်ဧရိယာ ဟက်တာ၁၄၀,၀၀၀ ကနေ ၂၇,၀၀၀ ကျော်အထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။
UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ကတော့ ၂၀၀၆ခုနှစ်နဲ့နှိုင်းစာရင် ၂၀၀၇ ခုနှစ်အကုန်မှာ ဘိန်းစိုက်ဧရိယာ ၂၉% ပြန်လည်တိုးမြင့်လာပြီး ထုတ်လုပ်မှု ၄၆% မြင့်တက်လာတယ်လို့ အစီရင်ခံထားပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စစ်အာဏာရှင်အစိုးရကို ထောက်ခံအားပေးမှု ပြုနေတဲ့သူတွေ



















အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့အရေးဆိုင်ရာ ဥရောပပါလီမန်အမတ်များအဖွဲ့ ဖွဲ့စည်းလိုက်ခြင်း


အပြည့်အစုံဖတ်လိုလျှင်

ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်း တိုက်ပွဲတွင် စစ်သား ၆၀ ကျဆုံး

6/26/2008

ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် ကျဆုံးသူ စစ်သား အရေအတွက် ၆၀ ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ကျဆုံးသွားသူ စစ်သားများမှာ စကခ ၁၅ လက်အောက်ခံ စစ်တပ် တပ်ရင်း ၁၀ ရင်းမှ ဖြစ်ပြီး အများစုမှာ မြန်မာနိုင်ငံ အရှေ့ဘက် ကရင်နှင့် ရှမ်း ရှေ့တန်းနယ်မြေများတွင် ကျဆုံးသွားခြင်း ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
များမကြာမှီက စကခ ၁၅ မှ ထုတ်ပြန်သော အစီရင်ခံစာ တစောင် အရ စကခ ၁၅ တွင် ၂၀၀၇-၀၈ ခုနှစ်အတွင်း ရိုးရိုးသေဆုံးသွားသူ စစ်သား အရေအတွက်မှာ ၆ ဦးရှိပြီး တိုက်ပွဲတွင် ခြေနှစ်ဖက် ပြတ်သွားသူမှာ ၂ ဦး ရှိကြောင်း သိရှိရသည်။

၎င်းပြင် ခြေတဖက် ပြတ်သွားသူမှာ ၆၆ ယောက်ရှိပြီး မျက်လုံး တဖက် ကန်းသွားသူမှာ ၅ ဦးရှိသည်။ တိုက်ပွဲများ အတွင်း ဒဏ်ရာရပြီး မသန်မစွမ်း ဖြစ်သွားသူမှာ ၄၄ ဦးရှိပြီး ရိုးရိုး ထိခိုက်ဒဏ်ရာ ရသွားသူမှာ ၈၃ ဦးရှိကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖေါ်ပြသည်။

အဆိုပါ စကခ ၁၅ အား ဗိုလ်မှူးချုပ် အောင်နိုင်မှ ဦးစီးကွပ်ကဲပြီး ယခုအခါ စကခ ၁၅ တပ်မှူးမှာ ကရင်ရှေ့တန်းသို့ရောက်နေကြောင်း သတင်း တရပ်တွင် ဖေါ်ပြသည်။

စကခ ၁၅ လက်အောက်ခံ တပ်ရင်းများမှာ ခမရ ၃၅၂၊ ၃၄၅၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅၊ ၅၃၆ နှင့် ၅၃၇ တို့ဖြစ်ကြပြီး အဆိုပါ တပ်ရင်းများ အားလုံးမှာ စစ်တွေမြို့ မြောက်ဘက် မိုင် ၈၀ အကွာတွင် တည်ရှိသော ဘူးသီတောင် မြို့နယ်တွင် အခြေစိုက်ကြသည်။


အပြည့်အစုံဖတ်လိုလျှင်

မောင်တောမြို့တွင် နစက ဒေါက်တိုင် တဦး သတ်ဖြတ်ခံရ

6/26/2008
မင်းအောင် (နိရဉ္စရာ)

ရခိုင်ပြည်နယ် မောင်တောမြို့တွင် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးနှင့် ပူးပေါင်း စီးပွားရေး လုပ်ကိုင်နေသူ တဦးကို အမည်မသိသူ လူတစုက သူနေအိမ်အတွင်း ၀င်ရောက်ပြီး ဓါးနှင့် ခုတ်သတ်သွားကြောင်း သတင်းရရှိသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဓါးနှင့် ခုတ်သတ်ခံရသူမှာ ဦးဇော်မင်းခေါ် မော်တာဇာ (၄၂) နှစ်ဖြစ်ပြီး နစကဌာနချုပ်မှ အိမ်သို့ မော်တော်ဆိုင်ကယ်နှင့် ပြန်လာစဉ် အိမ်ထဲအရောက်တွင် အသင့်စောင့်ဆိုင်းနေသော အမည်မသိသူ လူလေးဦးမှ ဓါးနှင့် ခုတ်သတ်သွားခြင်း ဖြစ်သည်။

အဆိုပါ ဓါးခုတ်မှုမှာ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဦးဇော်မင်းမှာ အဆိုပါ နေအိမ်အတွင်းတွင်ပင် ဓါးဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

အမည်မဖေါ်လိုသူ အရပ်သားတဦးမှ ဦးဇော်မင်းမှာ မောင်တောမြို့နယ် မောင်နှမကျေးရွာမှဖြစ်ပြီး မောင်တောမြို့အမှတ် ၅ ရပ်ကွက်ရှိ သူ့ယောက္ခမနေအိမ်၌ နေထိုင်စဉ် ယခုကဲ့သို့ အသတ်ခံရခြင်း ဖြစ်သည်။

သူ့မှာ နစက တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စီးပွားရေး လုပ်ကိုင်နေသူတဦးဖြစ်ပြီး နစကအားကိုးဖြင့် ဒေသခံ ပြည်သူများ အပေါ် အနိုင်ကျင့် ဗိုလ်ကျ နေသူတဦး ဖြစ်ကြောင်း သိရှိရသည်။

ယခုအခါ မောင်တောရဲမှ လူသတ် တရားခံအား အပူတပြင်းလိုက်လံရှာဖွေနေပြီး သူနှင့် ရန်ဘက်ဖြစ်သူ အဆိုပါ ကျေးရွာမှ ရ၀တ လူကြီးဟောင်း တဦးအား ရဲကဖမ်းဆီးပြီး ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရရှိသည်။




Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မင်းပြားမြို့သိမ်းရာတွင် ပါဝင်ခဲ့သည့် ရခိုင်ပြည်ကွန်မြူနစ်ပါတီမှ အဖွဲ့ဝင် နှစ်ဦး ထောင်ထဲမှ ပြန်လည် လွတ်မြောက်လာ

6/26/2008
မောင်အေး (နိရဥရာ)


ရခိုင်ပြည်နယ် မင်းပြားမြို့ကို ရခိုင်ပြည် ကွန်မြူနစ်ပါတီမှ ၁၉၈၆ ခုနှစ် သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူ ကွန်မြူနစ် အဖွဲ့ဝင် နှစ်ဦးမှာ များမကြာမီက ထောင်ထဲမှ ပြန်လည် လွတ်မြောက် လာကြောင်း သိရှိရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခု လွတ်မြောက်လာသူ နှစ်ဦးမှာ ခိုင်ကြည်စိုးနှင့် မောင်ရဲခိုင်တို့ဖြစ်ပြီး သာယာဝတီ ထောင်မှ ဇွန်လ ၁၆-ရက်နေ့က လွတ်မြှောက် လာခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးမှာ ၁၉၈၆-ခုနှစ်က မင်းပြားမြို့ကို ရခိုင်ပြည် ကွန်မြူနစ်ပါတီမှ သိမ်းပစ် ပြီးနောက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ခိုလှုံရန် ထွက်ပြေးလာစဉ် စစ်တွေမြို့တွင် ဖမ်းဆီး ခံခဲ့ကြရသည်။

ဖမ်းဆီးခံပြီးနောက် စစ်အာဏာပိုင်များက သူတို့နှစ်ဦးကို ထောင်ဒဏ်အနှစ် ၂၀- ချမှတ်ခဲ့သည်။ ယခုလွတ်လာခြင်းမှာ ထောင်သက်ပြည့်၍ ပြန်လည်လွတ်မြောက် လာခြင်း ဖြစ်သည်။

သူတို့နှစ်ဦး ဖမ်းဆီးခံရစဉ်က အသက် ၁၉-နှစ် အရွယ်သာ ရှိသေးပြီး ယခု ထောင်မှ လွတ်လာသည့် အချိန်တွင် အသက် ၄၁-နှစ်ရှိနေပြီဖြစ်သည်။ သူတို့နှစ်ဦး ထောင်ထဲမှ လွတ်မြှောက်လာသော်လည်း ကျန်ရှိနေသေးသော တခြား ရခိုင် ကွန်မြုနစ် ပါတီဝင်များမှာ လွတ်မြှောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။

၁၉၈၆ ခုနှစ် မင်းပြားမြို့ကို ရခိုင်ပြည် ကွန်မြူနစ်ပါတီက သိမ်းပိုက်စဉ် မင်းပြားရဲစခန်းမှ လက်နက် ၁၀၀ နှင့် မင်းပြားဘဏ်မှ ကျပ်ငွေ ၁၆ သိန်းကို သိမ်းယူခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် ဗမာ့ စစ်တပ်မှ စစ်ဆင်ရေး အကြီး အကျယ် ပြုလုပ်ပြီး ပိတ်ဆို့ ရေး လုပ်မှုကြောင့် လက်နက်များနှင့် ငွေများကို ရခိုင်ကွန်မြုနစ်များ လက်ထဲက အစိုးရမှ ပြန်လည်၍ ရရှိခဲ့သည်။

အဆိုပါ စစ်တပ်မှ ပြုလုပ်သော စစ်ဆင်ရေး အတွင်း မင်းပြားမြို့နယ် အတွင်းမှ အရပ်သား ၃၀၀ နီးပါးခန့် ဗမာ စစ်တပ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး စစ်ဆင်ရေး ပြုလုပ်ရာ ကျေးရွာ အများအပြားများမှ အမျိုးသမီးများမှာ စစ်တပ်၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်။

တချို့ လူ့အခွင့်အရေး လှုပ်ရှားသူများက မင်းပြား အရေးအခင်းတွင်သေဆုံးသွားသူများနှင့် မုဒိမ်းကျင့်ခံရသူ အမျိုးသမီးများ၏ အမည်များအား မှတ်တမ်းပြုစုထားပြီး မုဒိမ်းကျင့်ခံရသူများ အထဲတွင် အရွယ်မရောက်သေးသော မိန်းခလေးများသာမက လင်ရှိ အမျိုးသမီးများလည်း ပါဝင်သည်ဟု ပြောသည်။

ရခိုင်ပြည်ကွန်မြူနစ်ပါတီကို ၁၉၉၄ ခုနှစ်က လက်နက်ကိုင် ရခိုင် တော်လှန်ရေး ပါတီများအား ဖျက်သိမ်းပြီး တခုတည်းသော ပါတီ ရခိုင်အမျိုးသား ညီညွတ်ရေးပါတီကို ဖွဲ့စည်းစဉ်က ဖျက်သိမ်းခဲ့ပြီး ယခုအခါ လက်ကျန် တချို့မှာ ရခိုင်ပြည် ဒီမိုကရက်တစ် ပါတီ အနေဖြင့် ရပ်တည်လှုပ်ရှားနေသည်။

ရခိုင်ပြည် ကွန်မြူနစ် ပါတီကို ၁၉၆၂ နှစ်က သခင်စိုး ဦးခေါင်းဆောင်သည့် အလံနီ ကွန်မြူနစ်ပါတီ ခွဲထွက်ပြီး ဦးကျော်ဇံရွီက စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Hollywood မင်းသားများ မြန်မာ့အရေး ကြေငြာလှုပ်ရှားမှု











အပြည့်အစုံဖတ်လိုလျှင်

Pitt, Clooney and Damon Push for Cyclone Aid

By Sara Hammel

They're known for their love of pranks and practical jokes, but good friends Brad Pitt, George Clooney and Matt Damon have come together for something far more serious.

The Ocean's 11 stars – all past or present winners of PEOPLE's Sexiest Man Alive title – helped launch an advertising campaign aimed at getting more aid into Myanmar, whose ruling regime has made access to the country difficult for aid agencies and relief workers in the wake of last month's cyclone Nargis. ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
The ad campaign is sponsored by the activist group Not On Our Watch, headed up by Pitt, Clooney, Damon and other Hollywood heavy-hitters. On Wednesday, the group bought a full page in the Indonesian English-language newspaper, the Jakarta Post, reports the Agence France-Presse.

"Burma's neighbors have the power to help victims who remain desperately in need," reads the ad, which was signed by the likes of former Philippine president Corazon Aquino, East Timorese President Jose Ramos-Horta, Archbishop Desmond Tutu, Nobel peace laureate Shirin Ebadi and former Czech president Vaclav Havel.

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

Burmese Resilient After Cyclone


Relief agencies now acknowledge that many of the fears of wide spread death from disease did not happen because the Burmese found a way to take care of themselves.
AP
Wednesday, Jun. 25, 2008 By AP/GRANT PECK

(BANGKOK, Thailand) — Dire warnings that cyclone survivors in Burma might fall prey to disease and starvation failed to take into account the survival instincts of those affected, aid agencies and disaster experts say.ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
The resilience of the people — along with the skills of Burma citizens working for local and international humanitarian agencies — proved to be the most critical survival weapons and helped mitigate the limited access allowed to foreign disaster experts, they said.

U.N. agencies and private humanitarian groups agree a feared second wave of post-cyclone casualties did not take place. And barriers the junta put in the way of foreign aid appears not to have caused a measurable increase in deaths from illness and lack of food. "These parts of Burma are visited by cyclones almost every year, although not of the same scale," said Ramesh Shrestha, the UNICEF representative in Burma. "Hence people were quite able to adapt to this sudden impact."

Burma's government said this week that a survey undertaken jointly with the U.N. and the regional Association of Southeast Asia Nations found no post-cyclone deaths related to lack of assistance, though the findings are preliminary.

No one is saying Cyclone Nargis was not a tragedy of epic proportions or that Burma's military government was justified in turning aside offers of outside aid.

The images of swollen bodies lying unattended weeks after the May 2-3 storm and lines of desperate refugees camped along roadsides waiting for food handouts testify to the failures of the initial relief effort.

The government's official death toll now stands at 84,537 dead, with 53,836 missing. But almost all the casualties appear to have been caused directly by the cyclone — surprising in view of warnings circulated immediately after the storm, when most foreign assistance and foreign aid workers were kept out of the disaster zone.b"The stories that were coming out after the disaster were very focused on what wasn't getting in," said Melanie Brooks, a spokeswoman in Bangkok for the humanitarian agency CARE.

Journalists could not get permission to enter the country, and those who sneaked in faced tight restrictions in reporting. Consequently, much of the news came from Thailand, where the main story was how the junta was rejecting outside aid.

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နော်ဝေမှ နာဂစ်မုန်တိုင်းအလွန် မြန်မာ့အရေးဆွေးနွေးပွဲ






ဟာရဲဘိုဂင်(၀ဲအစွန်)၊ ရေမွန် ယိုစင် (အလယ်)၊ ဒေါက်တာသောင်းထွန်း နှင့် တက်ရောက်လာသူများ

အောင်မျိုးရှိန် ၊ ဇွန် ၂၅


နော်ဝေနိုင်ငံအော်စလိုမြို့တော်တွင် မြန်မာနိုင်ငံ၏ နာ၈စ်မုန်တိုင်းအလွန် မြန်မာ့ နိုင်ငံရေးအား ကူညီနိုင်ရန် ဆွေးနွေးပွဲကို ဇွန် ၂၃ ရက်နေ့ က ပြုလုပ်ကြောင်း သတင်းရရှိသည်။

ဆွေးနွေးပွဲကို နော်ဝေမြန်မာကော်မတီမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နော်ဝေမြန်မာ ကော်မတီ ဥ့က္ကဌ ဟာရဲဘိုဂင် က အခန်းအနားအကျိုးဆောင်အဖြစ် အဖွင့် မိန့်ခွန်း ပြောကာ နံနက် ၁၁ နာရီတွင် စတင်ကျင်းပသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းကယ်ဆယ် ကူညီရေးညီလာခံသို့ ကိုယ်တိုင်တက်ရောင်ခဲ့သည့် နော်ဝေအစိုးရ အဖွဲ့ အတွင်းဝန် ရေမွန် ယိုစင်က῝ မြန်မာပြည်ကို ကိုယ်ကိုယ်ကျသွားရောက်ခဲ့တော့ မြန်မာ အစိုးရက စိတ်ပျက်ဖွယ်ရာ တွေ့ရတယ်။ စည်းဝေးပွဲတက်လာကြတဲ့ အလှူရှင်နိုင်ငံတွေက မေးတဲ့ မေးခွန်းတောင် ကောင်းကောင်း မဖြေနိုင်ဘူး။ မုန်တိုင်းဒုက္ခသည်တွေက စစ်တပ်အစိုးရကို စိတ်ဆိုးနေတာ တွေ့ ရတယ်။ နော်ဝေနိုင်ငံအနေနဲ့ အရေးပေါ် ကန်းမာရေး။ပညာရေး အခြေအနေတွေကို ဆက်ပြီးကူညီ သွားမှာ ဖြစ်ပါတယ်῝ ဟုပြောကြားသည်။

အစည်းအဝေးတွင် နာဂစ် မုန်တိုင်းကျပြီးနောက် စစ်အာဏာရှင်တို့ရဲ့  ကယ်ဆယ်ရေး တုန့် ပြန်မှာ အလွန်နှေးကွေးကြောင်း၊ တချိန်တည်းမှာ စစ်အစိုးရက သူတို့ လမ်းပြမြေပုံ (၇)ချက်ထံက နံပါတ် ၄အဆင့်ဖြစ်တဲ့ အခြေခံဥပဒေ အတည်ပြုရေးကို လုပ် ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၀ တွင် တရားဝင်လွှတ်တော်တရပ် ရရှိဖို့အတွက် ရွေးကောက်ပွဲ လုပ်တော့မှာဖြစ်ကြောင်း၊ ဒါ ကြောင့် ဒီမိုကရေစီအစိုးရ တရပ်ဆီ ဦးတည်စေမည့် အသွင်ပြောင်းလဲရေးတွင် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနှင့် မည်သို့ ကူညီနိုင်မည်၊ အခြေခံဥပဒေနှင့် ဆက်စပ်မှု ဘာတွေရှိနေသည်၊ အပြုသဘောဆောင် သည့် ဆက်ဆံမှုများနှင့် တွေ့ဆုံဆွေး နွေးမှုများ ပိုမိုအားဖြစ်စေမည့် အရာများကို အကောင်းဆုံး မည်ကဲ့သို့  ကူညီကြမည် ဆိုသည်များဆွေး နွေးကြကြောင်း လည်း သိရှိရသည်။

အမျိုးသား ညွန့်ပေါင်းအစိုးရ၏ ကုလသမ၈္ဂကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ῝ တွေ့ဆုံဆွေးနွေးရေး နှင့် အမျိုး သား ပြန်လည်သင့်မြတ်ရေး ဖြစ်နိုင်ခြေ ရှိပါသလား῝ ခေါင်းစဉ်ဖြင့်၎င်း။ အင်္ဂလန်တော်ဝင်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ၈က်စတာ ဟိုမန်က῝ ၂၀၀၇ စက်တင်ဘာလရွှေဝါရောင်တော်လှန်ရေးအကြောင်းနှင့် ဗုဒ္ဒဘာသာ ဘုန်းတော်ကြီး များရဲ့  နိုင်ငံ ရေး အခန်းကဏ္ဍ῝ခေါင်းစဉ်ဖြင့်၎င်း ဆွေးနွေးဟောပြောကြသည်။

ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သွင်မှ(၁) နိုင်ငံတကာတွင် ပြန့်ကျဲနေသည့် မြန်မာ့ ဒီမိုကရေစီအဖွဲ့ များ တစုတဝေးတည်း အဖွဲ့ချုပ်ကြီးဖြစ်စေရေးအတွက် နော်ဝေနိုင်ငံမှ လက်ခံ အစည်းအဝေးကျင်းပပေးရန် (၂) ပြည်တွင်း တွင် ရှိသည့် စီအာပီပီ(ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ)အား နိုင်ငံတကာမှ ၀ိုင်းဝန်း ထောက်ခံဝန်းရံပေးရန် (၃) မြန် မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ဆောင်ရွက်ကူညီပေးမည့် နော်ဝေ ပါလီမန်အမတ်များ အဖွဲ့ ဖွဲ့ စည်းပေးရန် တောင်းဆိုချက် များကို နော်ဝေအစိုးရ အဖွဲ့ အတွင်းဝန် ရေမွန် ယိုစင်ကလက်ခံပြီး အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည်ဟု ဖြေ ကြားပြောဆို ကြောင်းလည်းသိရသည်။

အခန်းအနားသို့ နော်ဝေနိုင်ငံရေး အသိုင်းအ၀ိုင်းမှ နော်ဝေနိုင်ငံသား ၅၀ ကျော်နှင့် နော်ဝေရောက် မြန်မာများ တက်ရောက် ကြပြီး တက်ရောက်လာသူများမှ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ဆေွးနွေးကြကာ နေ့လည် ၂နာရီအထိ ကျင်းပ ကြောင်း သတင်းရရှိပါသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာစစ်ခေါင်းဆောင်များကို အရေးယူရန် အမျိုးသမီးအဖွဲ့ တောင်းဆို

ခွန်အောင်မြတ်။
ဇွန်လ ၂၅ ရက်၊ ၂၀၀၈ ခုနှစ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အသစ်ချမှတ်လိုက်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ပတ်သက်သည့် ဆုံး ဖြတ်ချက်ကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ကြိုဆိုလိုက်ပြီး ယင်းဆုံးဖြတ်ချက်အရ မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်များကို နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးသို့ လွဲအပ်၍ တရားစွဲဆိုရန် တောင်းဆိုလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇွန်လ ၁၉ ရက်နေ့က အသစ်ချမှတ်လိုက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အမှတ် (၁၈၂၀) တွင် မုဒိမ်းကျင့်မှု နှင့် တခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုများအား စစ်ရာဇ၀တ်မှုများ (တနည်းအား ဖြင့်) လူသားဖြစ်လိုမှုကို ဆန့်ကျင်သော ရာဇ၀တ်မှုများအဖြစ် သတ်မှတ်ပြီး ဤရာဇ၀တ်မှု ကျူးလွန်သူများကို အပြစ်မှကင်းလွတ်ခွင့် မပြုရန် အရေးကြီးကြောင်း ဖော်ပြ ထားသည်။

မြန်မာစစ်တပ်သည် တိုင်းရင်းသားလူမျိုးစုများအပေါ်တွင် ၄င်းတို့၌ အာဏာရှိကြောင်းနှင့် ခုခံသူ မှန်သမျှအား ဒဏ်ခတ် ခြိမ်းခြောက်ရန်အတွက် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာ ခဲ့ပြီဟု အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ တောင်းဆိုချက်ထဲတွင် ဖော်ပြထားသည်။

တိုင်းပြည်ရှိ အစိုးရကိုယ်တိုင်က လူ့အခွင့်အရေးနှင့် မုဒိမ်းမှုအပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူး လွန်နေသည့် အခြေအနေမျိုးတွင် ဤဆိုးရွားလှသော ရာဇ၀တ်မှု များကို ကိုင်တွယ်ဖြေရှင်းရန်မှာ နိုင်ငံ တကာဥပဒေများနှင့် တရားရုံးများကို အားကိုးရတော့ မည်ဖြစ်သည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ သဘာပတိ အဖွဲ့ဝင်တဦး ဖြစ်သည့် လွေးအေးနန်း က ပြောသည်။

"ကျမတို့နိုင်ငံရဲ့ အကြီးအကဲဖြစ်နေတဲ့သူဟာ စစ်ခေါင်းဆောင်ကြီးဖြစ်နေတဲ့အတွက် သူတို့ လူတွေ လုပ်နေတဲ့ဟာတွေအပေါ်မှာ သူတို့က လုပ်ပိုင်ခွင့်တွေ ပေးထားသလိုဖြစ်တယ်။ အရေးယူမှုတွေ မလုပ် နေဘူးပေါ့နော်။ ကျမတို့ဆီမှာက အခက်အခဲဖြစ်နေတာက ဖြစ်နေတဲ့ အမျိုးသမီးတွေကို သွားပြီး တော့ သူတို့ကိုကာကွယ်ပေးလို့ရမယ်၊ လုပ်လို့ရမယ်၊ ဘယ်တရားဥပဒေနဲ့စွဲလို့ရမယ်ဆိုတာက ကျမ တို့ဆီမှာ တရားဥပဒေစိုးမိုးရေးလည်း မရှိဘူး။ ဒီအချိန် ဒီအခြေအနေဟာ လုံခြုံရေးကောင်စီက နေ ပြီးမှ ဒီဆုံးဖြတ်ချက်အမှတ်ကို ချလိုက်တဲ့ ဟာပေါ့နော် ကျနော်တို့အတွက် လမ်းကြောင်းတခုအပေါ် မှာ ဒီပြစ်မှု ကျူးလွန်တဲ့လူတွေကို ဒါကို သွားပြီးတော့ တရားစွဲ အရေးယူနိုင်တဲ့ နေရာတခုလိုမျိုး အ ခွင့်အလမ်းတခုပေါ်လာတဲ့ ဟာမျိုးဖြစ်တာပေါ့နော်။ ကျမတို့နိုင်ငံအနေနဲ့ တကယ်ပြစ်မှုကျူးလွန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တဲ့၊ မုဒိမ်းမှုကို ကျူးလွန်တဲ့လူတွေ တကယ်တရားစွဲလို့ ရတဲ့နေရာမှာ ကျမတို့ ဖန်တီးပေးလာသလိုဖြစ်တာပေါ့။"

စစ်တပ်မှ ကျုးလွန်နေသောရာဇ၀တ်မှုများအတွက် တာဝန်အရှိဆုံးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်း အပါများအား နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးသို့ လွဲအပ်၍ တရားစွဲဆိုရန်၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ဆုံးဖြတ်ချက်ချစဉ်က ပြောခဲ့ကြ သော ကတိစကားများအတိုင်း ရပ်တည်ရန် တောင်းဆိုချက်ထဲတွင် မေတ္တာရပ်ခံ ထားသည်။

"ကျမတို့ကို ထောက်ခံအားပေးနေတဲ့ အဖွဲ့တွေရှိတယ်ပေါ့နော်။ အမျိုးသမီးအဖွဲ့တွေ ရှိတယ်။ နိုင်ငံ တကာ အစိုးရတွေ ရှိတယ်ပေါ့နော်။ သူတို့တွေနဲ့ လက်တွဲပြီးတော့ ဆက်လုပ် သွားဖို့ ရှိတယ်။ နောက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကနေပြီးမှ ဒီဆုံးဖြတ်ချက် အသစ်ကို လက်တွေ့အကောင် အထည်ဖော်နိုင်အောင် ကျမတို့ကလည်း စည်းရုံးလှုံ့ဆော် ရေးတွေလည်း လုပ်သွားမှာပေါ့။" ဟု လွေးအေးနန်းက ဆက်ပြောသည်။

စစ်အစိုးရ၏ ထိပ်တန်းခေါင်းဆောင်တဦးအား အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စစ်ဆေး အရေးယူခြင်းသည် အခြား စစ်တပ်အရာရှိများကို သတိပေးရာ ရောက်သကဲ့သို့ အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ ညွှန်ကြားမှု များကို လက်ခံနေခြင်းသည် ၎င်းတို့ အတွက် အကျိုးမရှိနိုင်ကြောင်း သဘောပေါက်စေလိမ့်မည်ဟု တောင်းဆို ချက်တွင် ထောက်ပြထားသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်းကြောင့်သေဆုံးသူဦးရေ (၁) သိန်းခွဲနီးပါးရှိနိုင်

NEJ/ ၂၅ ဇွန် ၂၀၀၈

မုန်တိုင်းကြောင့် သေဆုံးသူဦးရေကို (၈) သောင်းခွဲရှိသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရဘက်က တရားဝင်ထပ်မံ အတည်ပြုလိုက်သည့်အတွက် မူလမှန်းထားသည့် ကိန်းဂဏန်းထက် (၉) ရာနှုန်း တက်လာသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာစစ်အစိုးရတို့ ပါဝင်သည့် သုံးပွင့်ဆိုင်အဖွဲ့က ဧရာဝတီတိုင်း ပျက်စီးမှုများကို လေ့လာအပြီးတွင် မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဒုတိယ၀န်ကြီးတဦးက မုန်တိုင်းကြောင့် သေဆုံးသူဦးရေ (၈) သောင်းခွဲရှိသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် ပျောက်ဆုံးသူဦးရေကိုလည်း (၅၃,၈၃၆) ရှိသည်ဟု ထုတ်ပြန်သည့်အတွက် လွန်ခဲ့သည့်
(၁) လခွဲက စစ်အစိုးရ ကိန်းဂဏန်းထက် (၄) ရာနှုန်း လျော့ကျသွားသည်။

မုန်တိုင်းကျပြီး (၂) လနီးပါးကြာသည်ထိ ပျောက်ဆုံးသူ ဦးရေ (၅) သောင်းကျော်နေသေးသည် ဆိုသော်လည်း ထိုပျောက်ဆုံးသူများအတွက် မည်သို့ရှာဖွေ ကယ်ဆယ်ရေးလုပ်နေသည်ကိုမူ စစ်အစိုးရဘက်က ယခုထိ ပြောဆိုခြင်းမရှိပေ။ အဆိုပါ ပျောက်ဆုံးသူအားလုံး သေသည်ဟု တွက်လျှင် မြန်မာနာဂစ်မုန်တိုင်းကြောင့် စုစုပေါင်းသေဆုံးသူဦးရေမှာ စစ်အစိုးရကိန်းဂဏန်း အရပင် (၁) သိန်းခွဲနီးပါး ရှိမည်ဖြစ်သည်။

မုန်တိုင်းကြောင့် သေဆုံးသူဦးရေ (၁) သိန်းခွဲထိ ရှိနိုင်ကြောင်း Oxfam ကယ်ဆယ်ရေးအဖွဲ့ ကြီးက မုန်တိုင်းကျပြီး (၁) ပတ်အတွင်း ခန့်မှန်းခဲ့သည်။ တချိန်တည်းမှာပင် မုန်တိုင်းကြောင့် သေဆုံးသူ (၁) သိန်းထိ ရှိနိုင်ကြောင်း ရန်ကုန် အမေရိကန်သံရုံး ယာယီတာဝန်ခံ Ms Shari Villarosa ကလည်း မှန်းခဲ့သည်။

မုန်တိုင်းကြောင့် သေဆုံးသူဦးရေ (၈) သောင်းခွဲရှိသည်ဟု စစ်အစိုးရဘက်က ပြင်ဆင်အတည်ပြု ခဲ့သော်လည်း စုစုပေါင်းသေဆုံးသူ (၁) သိန်းထိ ရှိနိုင်ပြီး ပျောက်ဆုံးသူ အရေအတွက်ကို (၂၂၀,၀၀၀) ရှိနိုင်သည်ဆိုသည့် ကုလသမဂ္ဂ၏ ခန့်မှန်းချက်ကို ယခုထိ ပြင်ဆင်ခြင်း မရှိသေးပေ။

သုံးပွင့်ဆိုင်အဖွဲ့ကို မေ (၁၉) ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်မာနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကြား ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်ဒဏ်ခံရသည့် ဘောလုံးကွင်းများပြန်ပြင်ရန် ဖီဖာက ဒေါ်လာ (၁) သိန်းကူညီမည်

ပီတာအောင်/ ၂၅ ဇွန် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ပျက်စီးသွားသည့် ဘောလုံးကွင်းများနှင့် အဆောက်အအုံများကို ပြုပြင်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ (၁) သိန်း အကူအညီပေးသွားမည်ဟု ဖီဖာတာဝန်ရှိသူတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဖီဖာမှ ဖွံ့ဖြိုးရေးအရာရှိ မစ္စတာ ၀င်ဆာပေါလ်ဂျွန်က “ဆိုင်ကလုန်းကြောင့် ပျက်စီးခဲ့ရတဲ့ ဘောလုံး ကွင်းတွေနဲ့ ဆက်စပ်နေတဲ့ အဆောက်အအုံတွေကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ ဖီဖာက အမေရိကန်ဒေါ်လာ (၁) သိန်း အကူအညီပေးမှာ ဖြစ်ပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်ဆီက အပျက်အစီးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ကျနော်တို့ ရရှိထားပါတယ်။ ရန်ကုန်မှာရှိတဲ့ ဘောလုံး လေ့ကျင့်ရေးကွင်း၊ အဆောက်အအုံနဲ့ အားကစားပစ္စည်းတွေ ရေလျှံပြီး ပျက်စီးဆုံးရှုံးမှုရှိပါတယ်။ ပျက်စီးမှုတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ကျနော်တို့ သွားကြည့်မယ်။ ပြီးတော့ ဘယ်ဒေသက ဘယ်ကွင်းတွေမှာ အဓိက ပြင်ဆင်ဖို့လိုအပ်သလဲဆိုတာကြည့်ပြီး ပြုပြင်ဖို့ အစီအစဉ်တွေ လုပ်သွားမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

လာမည့် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ ဘောလုံးကွင်း အပျက်စီးများကို ကိုယ်တိုင် သွားရောက် ကြည့်ရှုလေ့လာမည်ဖြစ်ကြောင်း၊ အကူငွေ ဒေါ်လာ (၁) သိန်းကို မြန်မာဘောလုံး အဖွဲ့ချုပ်ကို တိုက်ရိုက်ပေးမည်မဟုတ်ဘဲ အပျက်စီးများပြင်ဆင်ရန် ကန်ထရိုက်ငှား၍ ကန်ထရိုက် ကို ပေးအပ်သွားမည်ဖြစ်ကြောင်း မစ္စတာ ၀င်ဆာပေါလ်ဂျွန်က ပြောသည်။

အလားတူ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ကလည်း လေဘေးဒဏ်ခံရသည့် ဘောလုံး ကွင်းများပြုပြင်ရန် မြန်မာဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ (၃) သောင်း ကူညီထောက်ပံ့ မည်ဟုသိရသည်။

ဖီဖာက မြန်မာ့ဘောလုံး အဆင့်အတန်း တိုးတက်ရန် ဘောလုံးသမားများ နေထိုင်သည့် အဆောင်များ၊ လေ့ကျင့်ရေး ဘောလုံးကွင်း၊ ရုံးခန်းစသည့် အဆောက်အအုံများကို ဂိုးစီမံကိန်းများ ချမှတ်၍ ကူညီထားကြောင်း၊ မုန်တိုင်းကြောင့် ၎င်းတို့ဆောက်ပေးထားသည့် အဆောက်အအုံ အချို့ပျက်စီးခဲ့ကြောင်းနှင့် သုဝဏ္ဏရှိ မိုးလုံလေလုံ အားကစားကွင်း၌လည်း အမိုးများလန်ကာ ပျက်စီးမှုအချို့ရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

မေလဆန်းက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် လူနေအိမ်၊ ကျောင်း၊ ဆေးရုံနှင့် အားကစားကွင်းများအပါအ၀င် အခြေခံအဆောက်အအုံ အမြောက် အမြား ပျက်စီးဆုံးရှုံးခဲ့သည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အဖွဲ့ချုပ်ရုံးရှေ့ရိုက်နှက်ဖမ်းဆီးသည့် စွမ်းအားရှင်များတွင် လုံထိန်းပါဝင်

ကျော်ထင်/ ၂၅ ဇွန် ၂၀၀၈

ဇွန် (၁၉) ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်တွင် ဒေါ်အောင် ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်နေစဉ် လူ (၄) ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည့် စွမ်းအား ရှင်ဆိုသူများထဲတွင် အရပ်ဝတ် လုံထိန်း တဦးပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာ (၂၆) ရက်တွင် ရွှေတိဂုံဘုရား၊ ကြားတောရလမ်း၌ အဆိုပါ လုံထိန်း၏ ရိုက်နှက်ဖမ်းဆီးမှု ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ယခုရိုက်နှက် ဖမ်းဆီးမှုတွင်လည်း ၎င်းလုံထိန်းကို စွမ်းအားရှင်ပုံစံ အရပ်ဝတ်နှင့် တွေ့ရကြောင်း ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ဘယ်လိုမှတ်မိလဲဆိုတော့ အဲဒီတုန်းက လဲသွားတဲ့ ကောင်မလေးတယောက်ကို သူရိုက် နေလို့ ဆက်မရိုက်ဖို့ သွားတောင်းပန်တာ။ ဒါနဲ့ပဲ ကျနော့်ကို ဆက်ရိုက်တာ။ နောက်ပြီးတော့ လဲသွားတော့ မျက်နှာကို သူကကန်တယ်၊ ဘာမှလုပ်တာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် ကျနော့်ကို လုပ်စရာမလိုဘူးလို့ ကျနော်ပြန်ပြောတယ်။ သူနဲ့မျက်နှာချင်းဆိုင် ပြောလိုက်တာပေါ့၊ ရာဇ၀တ်
ကောင်လည်းမဟုတ်ဘူးလို့” ဟု ပြောသည်။

“နောက်ထပ် သေချာမှတ်မိတာတခုက ကျနော်တို့ကို ဒိုင်နာပေါ်မှာ ဖမ်းထားတဲ့အချိန်မှာ ဗဟန်း (၃) လမ်းဘက်က သံဃာတွေကိုရိုက်တော့ ဘုန်းကြီးကျောင်းထဲက ပြန်ချတယ်လေ။ လုံထိန်း တွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်တော့ ကားပေါ်က ဖမ်းခံထားရတဲ့ ကောင်မလေးတွေက ကြောက်ပြီး အော်တယ်။ အဲဒီမှာ ဒီလုံထိန်းပဲ နောက်ရဲ (၂) ယောက်နဲ့ ကားပေါ်တက်လာပြီး ဆက်ရိုက်သေးတယ်၊ ဒီလုံထိန်းက (၂) ရစ်နဲ့လေ” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် စွမ်းအားရှင်များက ရိုက်ဖမ်းဆီးမှုသည် အာဏာပိုင်များကိုယ်တိုင် ဥပဒေချိုးဖောက်နေခြင်းဖြစ်ကြောင်း နယ်စပ်အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က ပြောသည်။

BLC အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက “စွမ်းအားရှင်တွေထဲ လုံထိန်းတွေ ထည့်ထား တာက အာဏာပိုင်တွေနဲ့ ဆိုင်တယ်လေ။ ဥပဒေကြောင်းအရတော့ သာမန်ပြည်သူကိုဖမ်းမယ် ဆိုရင် ယူနီဖောင်းဝတ်တဲ့ ရဲသာလျှင် ဖမ်းခွင့်ရှိတယ်။ လုံထိန်းဖြစ်စေ၊ စွမ်းအားရှင်ဖြစ်စေ၊ ဒီလို ဖမ်းဆီးတယ်ဆိုရင်တော့ မတရားဖမ်းဆီးချုပ်နှောင်မှုကို အစိုးရအာဏာပိုင်တွေက ကျူးလွန် တာပဲလို့ ပြောရမှာ” ဟု ပြောသည်။

မြန်မာစစ်အစိုးရသည် ၂၀၀၃ ခု ဒီပဲယင်းအရေးအခင်းမှစပြီး နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီး ရိုက်နှက်ရာတွင် စွမ်းအားရှင်ဆိုသူများကို စတင်အသုံးချလာခြင်းဖြစ်သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

သီတဂူဆရာတော် မဲဆောက်တွင် အထူးတရားပွဲကျင်းပ

NEJ/ ၂၅ ဇွန် ၂၀၀၈

နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်သည် မဲဆောက်မြို့ရှိ တောရဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ညက အထူး တရားပွဲတရပ် ကျင်းပခဲ့သည်။

ယမန်နေ့ တရားပွဲတွင် ဆရာတော်က နာဂစ်မုန်တိုင်း ဘေးဒုက္ခကျရောက်သူများအပေါ် ကရုဏာ တရားဖြင့် ကူညီပေးကြရန် (ကရုဏာ) တရားတော်ကို ဟောကြားခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆရာတော်က “ဆွေမျိုးများပျက်စီးခြင်း၊ အိုးအိမ်များပျက်စီးဆုံးရှုံးခြင်း၊ ရောဂါမျိုးစုံ နှိပ်စက်ခံ ရခြင်း၊ ကိုယ်ကျင့်တရားပျက်စီးခြင်း၊ ဘုရားတရားသံဃာတို့အား မသိရှိတော့ခြင်းဆိုတဲ့ ဗျသနတရား ငါးပါးဆိုတာ လူသားတွေကို ဒုက္ခအပေးဆုံးပဲ။ ကမ္ဘာ့လူသားတွေရဲ့ လိုအပ်ချက်က ဒုက္ခရောက် သူတို့ (သို့မဟုတ်) ဗျသနတရားငါးပါး ခံစားနေရသူတို့အတွက် ကရုဏာလိုပါတယ်။ ဒုက္ခ ရောက်သူတွေ ဒုက္ခမှ လွတ်ပါစေ၊ ဘေးရန်သင့်သူတွေ ဘေးရန်မှ လွတ်ပါစေ၊ သောကရောက် သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ၊ အဲတာ ကရုဏာပို့တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ လူ (၂) သန်းလောက် အသက်ရှင်လျက် ဒုက္ခဖြစ်ပြီးကျန်ရစ်တာ၊ လူ (၂) သိန်းလောက်အသက်သေပြီး ဒုက္ခဖြစ်သွားကြတာ၊ အဲဒီဒုက္ခကို တို့ကဘယ်လိုကူညီပြီး ဖြေရှင်းနိုင်မလဲ၊ ကာယကံမြောက်ဖို့တော့ လုပ်ဖို့လိုတယ်” ဟု ဟောကြားသည်။

မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူ ဆရာတော်သည် နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းအများ အပြားကို ပေးပို့လှူဒါန်းလျက်ရှိပြီး နိုင်ငံတကာသို့ လှည့်လည်ပြီး ကယ်ဆယ်ထောက်ပံ့ရေးအတွက် တရားပွဲများ ကျင်းပလျက်ရှိသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့အထိ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ အမာမြို့နယ်တို့မှ ဘုန်းတော်ကြီးကျောင်း (၁,၃၄၅) ကျောင်းအတွက် သွပ်အချပ်ရေ (၁၀၀)၊ ကျောင်းပြင်ဆင်ရန် တကျောင်းလျှင် ငွေကျပ် (၁) သိန်း၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို ကားအစီး (၃၀၀) တိုက်ဖြင့် ကျေးရွာပေါင်း (၇၇၀) ကျော်အထိ ပေးပို့လှူဒါန်းပြီး အမာမြို့နယ်ဆေးရုံ၊ ကဒုံကနိကျေးရွာဆေးရုံနှင့် ဘိုကလေးမြို့နယ်ဆေးရုံတို့အတွက် ဆေးရုံသုံး ဆေးဝါးကိရိယာများနှင့် ဆက်စပ်ပစ္စည်း ဒေါ်လာ (၂) သိန်းဖိုး လှူဒါန်းခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။

ဆရာတော်၏တရားပွဲသို့ ဒေသတွင်းရောက် မြန်မာများနှင့် ဒေသခံများအပါအ၀င် တရားနာ ပရိသတ် (၂,၀၀၀) ခန့် လာရောက်ခဲ့ကြပြီး ကယ်ဆယ်ထောက်ပံ့ရေး အလှူအတွက် ငွေသားနှင့် ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

သီတဂူဆရာတော်၏ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေး အထူးတရားပွဲတွင် တရားနာ ကြွရောက်လာသူများမှ ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းကြပြီး မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင် ဦးဆောင်သည့် အရေးပေါ်ကူညီစောင့်ရှောက်ရေး Emergency Assistance Team အဖွဲ့ကလည်း ထိုင်းဘတ်ငွေ (၃) သိန်း လှူုဒါန်းခဲ့သည်။

ယနေ့ညတွင်လည်း ဆရာတော်၏တရားပွဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

သတင်းထောက် မအိမ့်ခိုင်ဦးကို ငြိမ်ဝပ်ပိပြားရေးထိခိုက်စေမှုဖြင့် စွဲချက်တင်

ပီတာအောင်/ ၂၅ ဇွန် ၂၀၀၈

လေဘေးဒုက္ခသည် သတင်းယူသည့် Ecovision ဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦးကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်စေသည့် ပြစ်မှုဖြင့် အာဏာပိုင်များက
ယနေ့ တရားစွဲဆိုလိုက်ကြောင်း သူမ၏ ဆွေမျိုးအသိုင်းအ၀န်းက ပြောသည်။

မအိမ့်ခိုင်ဦးသည် ယခုလ (၁၀) ရက်၌ လေဘေးဒုက္ခသည်များက နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (အိုင်စီအာစီ) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီရုံး) တို့တွင် ကယ်ဆယ်ရေး အကူရရှိရေး သွားရောက် ဆန္ဒပြတောင်းဆိုကြသည်ကို သတင်းယူစဉ် ဖမ်းဆီးခံရပြီး တာမွေရဲစခန်း၌ အချုပ် ကျခံနေရာမှ ယနေ့ တရားရုံး၌ တရားစွဲခံရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သူမ၏မိသားစုနှင့် နီးစပ်သူတဦးက “ဒီနေ့ ရုံးထုတ်ဖြစ်ပါတယ်။ မနက် (၉) နာရီလောက်မှာ တာမွေ တရားရုံး ရောက်လာတယ်။ နေ့လယ် (၂) နာရီခွဲလောက်မှာ ရုံးထုတ်တယ်။ ပုဒ်မ ၅၀၅ (ခ) နဲ့ စွဲထား တယ်။ အချုပ်မှာ ထုထောင်းခံရတာတော့မရှိပါဘူး။ ကျန်းကျန်းမာမာပါပဲ။ ညနေ အင်းစိန်ထောင်မ ကြီးကို ပို့မယ်ကြားတယ်” ဟု ပြောသည်။

ပုဒ်မ ၅၀၅ (ခ) သည် မည်သူမဆို ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုလုပ်ဖြန့်ချိရာ တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်စေသည့် ပြစ်မှုဖြစ်ပြီး ထောင်ဒဏ် (၂) နှစ်ထိ ချနိုင်သည်။ လာမည့် ဇူလိုင် (၂) ရက်တွင် သူမ၏အမှုကို ထပ်မံစစ်ဆေး မည်ဖြစ်ပြီး အင်းစိန်မြို့နယ်နေ ကိုကျော်ကျော်သန့်သည်လည်း သူမနှင့်အတူ တရားစွဲခံနေ ရကြောင်း သိရသည်။

မအိမ့်ခိုင်ဦးသည် အပတ်စဉ်ထုတ် စီးပွားရေးဂျာနယ်တစောင်ဖြစ်သည့် Ecovision ဂျာနယ်၌ သတင်းထောက်တဦးအဖြစ် လွန်ခဲ့သည့် (၂) လခန့်ကတည်းက လုပ်ကိုင်ခဲ့သူဖြစ်ပြီး နာဂစ်မုန်တိုင်း လေဘေးကယ်ဆယ်ရေး၌လည်း တက်ကြွစွာဆောင်ရွက်နေသူဖြစ်သည်။

မအိမ့်ခိုင်ဦးအား ဖမ်းဆီးတရားဆွဲဆိုခြင်းသည် မတရားမှုဖြစ်ပြီး သူမအား အမြန်ဆုံးပြန်လွှတ်ပေး ရန် တောင်းဆိုကြောင်း မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

၎င်းက “သူဟာ သတင်းသမားအစစ်ဖြစ်တယ်။ သတင်းသမားတယောက်အနေနဲ့ သတင်းသမား အလုပ်လုပ်တာကို စစ်အစိုးရအနေနဲ့ မတရားလုပ်တာ ကျနော်တို့အနေနဲ့ လက်ခံစရာ အကြောင်း မရှိဘူး။ သတင်းနဲ့ မီဒီယာသမားတွေအပေါ်မှာ နအဖက တစထက်တစ ပိုပိုပြီးတော့ နှိပ်ကွပ်လာနေ တယ်ဆိုတာ ထင်ထင်ရှားရှားမြင်ရတာပဲ။ အဲတော့ ကျနော်တို့ အပါအ၀င် တကမ္ဘာလုံးမှာရှိတဲ့ သတင်းသမားတွေ၊ မီဒီယာသမားတွေအားလုံးဟာ နအဖရဲ့လုပ်ရပ်ကိုပြစ်တင်ရှုတ်ချသင့်တယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက လေဘေးကယ်ဆယ်ရေး အကူအညီပေးနေသည့် စာနယ်ဇင်းသမားများကို ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ ယခုလ (၁၆) ရက်က မြန်မာထရီဗြူး ဂျာနယ်ထုတ်ဝေသူ ဦးအောင် ကျော်ဆန်း၊ ယခုလ (၁၃) ရက်က First Eleven အားကစားဂျာနယ် အယ်ဒီတာဟောင်း ကိုဇော် သက်ထွေး၊ ယခုလ (၄) ရက်က စာရေးဆရာနှင့် လူရွှင်တော် ကိုဇာဂနာတို့ ဖမ်းဆီးခံထား ရသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းစွမ်းအင်ကုမ္ပဏီနှင့် နအဖစစ်အစိုးရ သဘာဝဓာတ်ငွေ့စာချုပ် ချုပ်

AFP/ ၂၅ ဇွန် ၂၀၀၈

ထိုင်းစွမ်းအင်ကုမ္ပဏီတခုသည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့တူးဖော်ရန် စစ်အစိုးရနှင့် အရေးပါသော စာချုပ်တရပ် ချုပ်ဆိုလိုက်သည်ဟု ကုမ္ပဏီမှ အရာရှိတဦးက ပြောသည်။

မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက် M9 ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူစာချုပ်ကို ထိုင်းကုမ္ပဏီ PTT ရှာဖွေထုတ်လုပ်ရေး (PTTEP) နှင့် မြန်မာစစ်အစိုးရတို့သည် နေပြည်တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း အဆိုပါအရာရှိက သတင်းထောက်များကို ယနေ့ ပြောကြားခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စာချုပ်ပါ ငွေကြေးပမာဏကို ယင်းအရာရှိက ပြောဆိုရန် ငြင်းဆိုသော်လည်း ထိုင်းနိုင်ငံထုတ်
The Nation သတင်းစာတွင် ထိုစာချုပ်ပါ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ (၂) ဘီလီယံ ခန့်ရှိမည်ဟု ဆိုထားသည်။

စာချုပ်ပါအတိုင်း ထိုလုပ်ကွက် M9 တိုးတက်ရေးအတွက် PTTEP သည် အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် ပူးတွဲလုပ်ဆောင်သွားမည်ဟု ထိုင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ အနွန်သီရိဆန်းတက်ဆင်က စတော့အိတ်ချိန်းသို့ ပေးပို့သည့် အစီရင်ခံစာတစောင်တွင် ပြောကြားထားသည်။

ထိုလုပ်ကွက်မှ တနေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း (၃၀၀) ထုတ်လုပ်နိုင်မည်ဟု ယူဆ ထားပြီး ယင်းအနက် (၈၀) ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ကာ ကျန် (၂၀) ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ထောက်ပံ့သွားမည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

လောင်စာစွမ်းအင်လိုအပ်မှု မြင့်တက်လာသည်ကို ထောက်ပံ့ရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် သဘာဝဓာတ်ငွေ့ရရှိခြင်းသည် နိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိစေပြီး တိုင်းပြည်၏ ရေရှည် စွမ်းအင်လုံခြုံရေးအတွက်လည်း အားသာစေသောကြောင့် ထိုသဘောတူစာချုပ်သည် အလွန်ပင် အရေးကြီးကြောင်း ထိုင်းစွမ်းအင်ဝန်ကြီး ပွန်ပီရွမ် လစ်တပန်လော့ပ်က အစီရင်ခံစာတခုတွင် ပြောထားသည်။

စွမ်းအင်သုံးစွဲမှု လိုအပ်နေသည့် ထိုင်းနိုင်ငံသည် နိုင်ငံတွင်းသုံး သဘာဝဓာတ်ငွေ့ (၂၀) ရာခိုင်နှုန်း ကို မြန်မာနိုင်ငံမှ တင်သွင်းနေခြင်းဖြစ်သည်။

မြန်မာအစိုးရ မီဒီယာများက လုပ်ကွက် M9 တွင် ရှိသော သဘာဝဓာတ်ငွေ့မှာ ကုဗပေ (၈.၀) ထရီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

၂၀၀၆ ခု တရားဝင်စာရင်းအရ မြန်မာနိုင်ငံတွင်း၌ နိုင်ငံခြား ရေနံကုမ္ပဏီ (၁၃) ခုသည် စီမံကိန်း ပေါင်း (၃၃) ခုတွင် လုပ်ကိုင်နေကြသည်ဟု သိရှိရသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ ဆိုင်ကလုန်းအကူအညီများ လျော့နည်းလာ

Aljazeera/ ၂၅ ဇွန် ၂၀၀၈

နိုင်ငံတကာမှ အလှူငွေများ ထပ်မံမရရှိပါက (၃) ပတ်ကြာခန့်ကာလအတွင်း ဆိုင်ကလုန်းဒုက္ခ သည်များအား စားနပ်ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းသွားမည်ဟု ကုလသမဂ္ဂက သတိပေးသည်။

မေလဆန်းပိုင်းကတည်းက မုန်တိုင်းဒုက္ခခံစားခဲ့ရသော သန်းချီသည့် ဒုက္ခသည်များသည် ယခု အချိန်အထိ အခြေခံရိက္ခာ ထောက်ပံ့မှုများ လိုအပ်နေဆဲဖြစ်သည်ဟု လူသားချင်းစာနာ ထောက်ထားမှု ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂရုံးမှ ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလသမဂ္ဂ သတိပေးချက်သည် ဆိုင်ကလုန်းဒုက္ခသည်များ၏ လိုအပ်ချက်များ ပြည့်စုံနေပြီဟု အင်္ဂါနေ့က ပြောကြားသွားသည့် အာဆီယံအဖွဲ့၏ အကောင်းမြင်သုံးသပ်ချက်နှင့် လုံးဝ ဆန့်ကျင် နေသည်။

ဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များနှင့် ပတ်သက်၍ ဇူလိုင်လလယ်ခန့်တွင် အာဆီယံမှ အစီရင် ခံစာ တင်ရမည်ဖြစ်သော်လည်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ကမူ မုန်တိုင်းကွင်းဆင်း အဖွဲ့များအနေဖြင့် အထိနာသည့် ဒေသများအားလုံးသို့ အကန့်အသတ်မရှိ၊ အချုပ်အချယ်မရှိ သွားရောက်ခွင့် ရရှိနေသည်ဟု ရန်ကုန်မြို့တွင် အင်္ဂါနေ့က ပြောသည်။

“စောစောစီးစီး နာလန်ထူနိုင်ဖို့အတွက် ဒုက္ခသည်တွေရဲ့ အခြေခံလိုအပ်ချက်တွေ အဆင်ပြေ နေပါပြီ” ဟု အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် စူရင် ပစ်စ၀မ်က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအစီအစဉ် (WFP) က ရရှိနိုင်မည့် ဆန်ထောက်ပံ့မှုများသည် ဇွန်လကုန် အထိသာ ခံမည်ဟု သိရသည်။

မုန်တိုင်းဖြစ်ပြီးစအချိန်တွင် မြန်မာစစ်အစိုးရသည် ကယ်ဆယ်ရေးအတွက် တုံ့နှေးမှုများရှိခဲ့ပြီး နိုင်ငံတကာမှ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း ၀င်ခွင့်ပြုရန် ခါးခါးသီးသီး ငြင်းဆန်ခဲ့သောကြောင့် ကယ်ဆယ်ရေး အေဂျင်စီများနှင့် ကုလသမဂ္ဂက စစ်အစိုးရကို အကြီးအကျယ်ဝေဖန်ခဲ့ကြသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်းရှိ အဖွဲ့အစည်းများ၊ အာဏာပိုင်များထံမှ အရေးပေါ် အထောက် အပံ့ တောင်းဆိုမှုများ တစထက်တစ လျော့နည်းလာနေပြီဖြစ်ပြီး အစီရင်ခံစာများအရ အဆိုးဆုံး အခြေအနေကို ကျော်လွန်ပြီဟု မဆိုသာသော်လည်း အခြေတကျဖြစ်သွားပြီဟု မြန်မာနိုင်ငံခြား ရေး ဒု-၀န်ကြီး ဦးကျော်သူက မိန့်ခွန်းတခုတွင် ပြောကြားခဲ့သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဥရောပပါလီမန်အဖွဲ့ကြေညာချက်ကို အာစီယံ ပါလီမန်အတွင်းမှ ထောက်ခံကြိုဆို

ဉာဏ်မောင်။ ဇွန် ၂၅၊ ၂၀၀၈

ဥရောပ ပါလီမန်အတွင်းမှ မြန်မာ့အရေး ဆောင်ရွက်နေသူများအဖွဲ့ကြေညာချက်ကို အာစီယံ ပါလီမန်အတွင်းမှ ထောက်ခံကြိုဆိုလိုက်သည်။

ဥရောပ (၈) နိုင်ငံမှ ပါလီမန်အမတ်များပါဝင်သည့် မြန်မာ့အရေးဆောင်ရွက်သူများ၏ ကြေညာ ချက်သည် လက်ရှိမြန်မာနိုင်ငံအခြေအနေများကို အချိန်ကိုက်ထုတ်ပြန်ကြေညာခြင်းဖြစ်၍ ထောက်ခံအားပေးကြောင်း အာစီယံ ပါလီမန်အတွင်း မြန်မာ့အရေးဆောင်ရွက်နေသူများက ယခုလ (၁၉) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာစစ်အစိုးရအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အခြား အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့များမှ ပြင်းထန်စွာအရေးယူမှုကို တွန်းအားပေးရန် အဓိကထား၍ ထည့်သွင်းထားပြီး ဥရောပနှင့် အာစီယံနိုင်ငံများမှ ပါလီမန်အမတ်များ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ပိုမိုအင်အားကောင်းသောလုပ်ငန်းများ၊ အခွင့်အရေးကောင်းများ လုပ်ကိုင်ဆောင်ရွက်နိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖေါ်ပြထားသည်။

နှစ်စဉ်မပြတ် မြန်မာ့ဒီမိုကရေစီပြောင်းလဲရေးအတွက် ဥရောပအမတ်များက ဖိအားပေး ဆောင် ရွက်နေမှုအပေါ် အာစီယံအမတ်များက အသိအမှတ်ပြုလေးစားကြောင်းလည်း ထုတ်ပြန်ချက် က ဆိုသည်။

ထို့အပြင် ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက တရုတ်နှင့် အိန္ဒိယအစိုးရ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလိုက်သည်။

ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းက “ကျွန်တော်အနေနဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်ရာ နိုင်ငံပြည်သူများကဲ့သို့ လက်ရှိကျွန်တော်တို့ရဲ့ အမြင်တွေကို အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးလိုပါတယ်” ဟုဆိုသည်။

အဆိုပါ နိုင်ငံနှစ်နိုင်ငံသည် စစ်အစိုးရနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်ကြောက်ရွံ့သည့် အတွက် မိမိတို့နှင့် တွေ့ဆုံဆွေးနွေးရန်ကို ရှောင်ဖယ်နေသော်လည်း မြန်မာပြည်တည်ငြိမ်ရေး၊ အကျိုးစီးပွားကို ရှေ့ရှု၍ ပြည်ပရောက် မြန်မာအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာအစိုးရနှစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု ဆက်လက်ပြောဆိုသည်။

“၁၉၉၀ ခုကတည်းက ကျွန်တော်ဟာ တရုတ်နဲ့ အိန္ဒိယတို့ကို မသွားနိုင်ခဲ့ပါဘူး၊ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ရုံးထိုင်တာထက် အိန္ဒိယနိုင်ငံမှာ ပိုပြီး အခြေချလိုပါတယ် ” ဟု ဒေါက်တာစိန်ဝင်းက တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုလိုက်သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လယ်ယာထွန်ယက်မှုများကို လူ့အခွင့်အရေးအဖွဲ့က ကူညီဆောင်ရွက်ပေးနေ

ရိုးမ ၃။ ဇွန် ၂၅၊ ၂၀၀၈

မုန်တိုင်းဒဏ်သင့် ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လယ်ယာထွန်ယက်မှုများနှင့် ရေတွင်းတူးပေးခြင်းများကို လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) က လုပ်ဆောင်ပေးနေလျှက်ရှိသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာများနှင့် ငပုတောမြို့နယ် ကျေးရွာများတွင် လွန်ခဲ့သည့် တပတ်ခန့်က စတင်လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်ဟု အဆိုပါဖွဲ့ဝင်တဦးက ပြောဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လယ်ယာထွန်ယက်စိုက်ပျိုးမှု အခြေအနေများနှင့်ပတ်သက်၍ “လယ်စိုက်ချိန်က အခုမှထွန်မယ် ဆိုတော့ နောက်ကြနေတယ်လို့ ပြောကြတာပဲ၊ ကျနော်တို့က ဒေသခံတွေနဲ့ ဆွေးနွေးတဲ့အခါ ကျတော့လည်း သူတို့က မှီပါတယ်၊ ကျနော်တို့ကို ထွန်သာပေးပါဆိုလို့၊ သူတို့လယ်တွေက စိုက်ခင်းမဟုတ်ဘူး ကြဲခင်းတွေဆိုတော့ ဖြစ်နိုင်သေးတယ်လို့ သူတို့ကပြောတယ်” ဟု ပြော သည်။

ဘိုကလေးမြို့နယ်တွင် ထွန်ယက်ရန် ဧက (၇,၀၀၀)၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၄၀၀)ကျော် ခန့်ရှိပြီး ကညင်ငူ၊ သင်္ဃန်းကုန်းကျေးရွာအုပ်စုများတွင် ထွန်ယက်မှုများလုပ်ဆောင်ရာတွင် လိုအပ်သည့် စက်ပစ္စည်းများကို လယ်သမားများကိုခေါ်၍ တတ်နိုင်သလောက် စိတ်ကြိုက် ၀ယ်ယူပေးခဲ့ကြောင်း သူကဆက်လက်ပြောသည်။

လယ်ဧက မည်မျှထွန်ယက်နိုင်မည်ကို မခန့်မှန်းနိုင်သော်လည်း၊ ထွန်စက်များ အခြေအနေ၊ လုပ်အားနှင့် လောင်စာဆီရရှိနိုင်မှုအပေါ် မူတည်သည့်အပြင် ဒေသအာဏာပိုင်များ၏ လုပ်ငန်း အပေါ်နားလည်ပေးမှုမှာလည်း အရေးကြီးကြောင်း ပြောဆိုသည်။

“အလှူရှင်တွေပေါ်မှာလည်း မူတည်ပါတယ်၊ ကျနော်တို့အခုကူညီပေးနေတာဟာ စိုက်ပျိုးနိုင်မဲ့ လယ်ဧကတွေရဲ့ တ၀က်လောက်ပဲလုပ်ပေးနိုင်မှာပါ၊ စက်အား လူအားထည့်ဖြည့်ပေးနိုင်ရင် တော့ ပိုပြီးလုပ်နိုင်မှာပါ” ဟု (HRDP) အဖွဲ့ကပြောသည်။

စိုက်ပျိုးရန်အတွက် မျိုးစပါးများကို အခြားပံ့ပိုးပေးသည့် အဖွဲ့များရှိနေသည့်အတွက် တောင်သူ အချို့မှာ မျိုးစပါးနှင့်လိုအပ်သည့် မြေသြဇာများကိုရရှိသည်ဟု ဆက်လက်ပြောသည်။

ထို့အပြင် ဘိုကလေးမြို့နယ်အတွင်းမှ တညင်းဖြူ၊ မုန်တိုင်းကြီး၊ အေးချမ်းသာယာ၊ ဧရာ အစရှိ သည့် ကျေးရွာ (၁၀) ရွာကျော်တွင် အခြားလိုအပ်သည့် အ၀ီစိရေတွင်းများကို တူးဖော်ပေးရန် ယနေ့ သွားရောက်နေပြီ ဖြစ်သည်။

ယခုကဲ့သို့ လုပ်ပေးနေမှုနှင့် ပတ်သက်၍ “ဒါကအားလုံးကို ကူညီရာ ရောက်ပါတယ်၊ လူထုကို ကူညီရာရောက်တဲ့အတွက် တက်နိုင်သလောက်ချဲ့ထွင်လုပ်ချင်ပါတယ်” ဟုပြောဆိုသွားခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရက အာစီယံနိုင်ငံများ၏ကျန်းမာရေးဆိုင်ရာ ပူးပေါင်းပါဝင်မှုကို အလေးထားသည်ဟုဆို


ဉာဏ်မောင်။ ဇွန် ၂၅၊ ၂၀၀၈

မြန်မာနိုင်ငံမှ လေဘေးဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် အာစီယံနိုင်ငံများ၏ ပူးပေါင်းပါဝင်မှုကို အလေးထား သည်ဟု ဆိုသည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများကြားတွင် အတွေ့အကြုံ၊ ဗဟုသုတများဖလှယ်၍ တိုးမြှင့်လုပ်ဆောင်နေ ကြောင်း စစ်အစိုးရ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်၏ ပြောကြားချက်ကို ယမန်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြခြင်းဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာ၊ အာစီယံ၊ ကုလသမဂ္ဂသုံးပွင့်ဆိုင်အဖွဲ့များ အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဗဟိုကော်မတီဝင်ဖြစ်သူ ဒေါက်တာကျော်မြင့်က မုန်တိုင်း ကျရောက်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မုန်တိုင်းကျရောက်ပြီးနောက် ပြည်တွင်းကျန်းမာရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာ NGO အဖွဲ့ များ၊ ကိုယ်ပိုင်ဆေးရုံ၊ ဆေးခန်းများ၊ တိုင်းရင်းဆေးပညာရှင်များက မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကာ အခမဲ့ကုသပေးခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် ကူးစက်ရောဂါများ၊ ကပ်ရောဂါများ ကျရောက်မှုမရှိဘဲ တလအတွင်း မုန်တိုင်းကြောင့်ဖြစ်ပွားသည့် လူနာ (၂၀၆,၀၃၉) ဦးကို လက်ခံ၍ ဆေးဝါးကုသ ပေးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းစာတွင် ဖေါ်ပြထား သည်။

ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ ကျန်းမာရေးအဖွဲ့များ ကို မုန်တိုင်းကျရောက်ခဲ့သည့် ဒေသများသို့ သွားရောက်ခွင့်များပေးခဲ့ပြီး လေဘေးသင့်ပြည်သူ များ၏ ကျန်းမာရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ဟု ဆိုသည်။

စစ်အစိုးရက နိုင်ငံတကာမှ ကျန်းမာရေးအဖွဲ့များကို အဆိုပါဒေသများသို့ သွားရောက်ခွင့်ပြုခဲ့ သည်ဟု ဆိုသော်လည်း ဖိလစ်ပိုင်နိုင်ငံမှ လာရောက်သည့် ကျန်းမာရေးအဖွဲ့များကိုမူ ပုသိမ်မြို့ မှပင် ဆက်လက်သွားရောက်ခွင့် မပြုခဲ့သည့်အတွက် ပြန်လှည့်သွားခဲ့ရကြောင်း အခမဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့် ပုသိမ်မြို့မှ ဒေါက်တာစစ်တင်က ပြောသည်။

စစ်အစိုးရအာဏာပိုင်များက မုန်တိုင်းဒဏ်ကြောင့် လူပေါင်း (၈၄,၅၃၇) ဦးသေဆုံးပြီး (၅၃,၈၃၆) ဦး ပျောက်ဆုံးနေကာ (၂၀,၀၀၀) ဦး ဒဏ်ရာရှိခဲ့သည်ဟု ပြောဆိုထားသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

တတိယနိုင်ငံရွှေ့ ပြောင်းအခြေချမှု မြန်မာဒုက္ခသည်အများဆုံး


25 June 2008
ဦးကျော်အောင်လွင်


ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ဒုက္ခသည်စခန်းတွေကနေ တတိယနိုင်ငံကိုအခြေချဖို့ရွှေ့ ပြောင်းကြသူတွေထဲမှာ မြန်မာဒုက္ခ သည်တွေကအများဆုံးပဲလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကပြောလိုက်ပါတယ်။ ကိုယ့်ရဲ့  ဇာတိမြေမှာဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာကြတဲ့သူတွေဟာ ထိုင်းနိုင်ငံက ဒုက္ခသည် စခန်းတွေမှာ အမြဲတန်းနေထိုင်ဖို့ကလည်းမဖြစ်နိုင်၊ မြန်မာပြည်ကိုမကြာခင်ပြန်ရဖို့ကလည်းလမ်းမမြင်ရလို့တတိယနိုင်ငံ မှာအခြေချဖို့စီစဉ်ရတာလို့ဆိုပါတယ်။ ဒီအကြောင်းကို ဦးကျော်အောင်လွင်ကတင်ပြပေးပါမယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်း ၉ခုကနေ မြန်မာဒုက္ခသည်တွေကို တတိယနိုင်ငံမှာအခြေချရေးကုလသမဂ္ဂ ဘက်က ၂၀၀၅ ခုနှစ်ဆန်းပိုင်းကစပြီးစီစဉ်လာခဲ့တာ အခုဆိုရင် ဒုက္ခသည်ပေါင်း ၃၀၁၄၄ ယောက်ရှိသွားပြီဖြစ်လို့ဒီ အရေ အတွက်ဟာ ကမ္ဘာမှာအများဆုံးရွှေ့ ပြောင်းနေထိုင်ကြတာပဲဖြစ်တယ်လို့ UNHCR အဖွဲ့ ကပြောပါတယ်။ ဒီအကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ်ရှဲ မွန်းတတ်စ်ကလည်း မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ ပါတယ်။

“သူတို့ရဲ့ ဇာတိမြေမှာဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့်ထွက်ပြေးလာခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေအတွက် မကြာခင်မှာ ကိုယ့်ဇာတိမြေကို ပြန်နိုင်ဖို့အရေးကလည်း မရေရာ။ ထိုင်းနိုင်ငံအတွင်း အမြဲတန်းနေထိုင်ဖို့အရေးကလည်းမဖြစ်နိုင်ဘူးလို့ UNHCR ကပြောပါတယ်။ အခုတပါတ်အတွင်းထိရရှိတဲ့စာရင်းအရာ မြန်မာဒုက္ခသည် သုံးသောင်းကျော် တတိယနိုင်မှာ အခြေချ နေထိုင်ဖို့စီစဉ်နိုင်ခဲ့လို့ ဒါဟာ ကမ္ဘာမှာ အများဆုံးရွှေ့ ပြောင်းမှုအဖြစ်ထူးခြားတယ်လို့ဆိုရမှာပါ”

ရွှေ့ ပြောင်းလာတဲ့ ဒုက္ခသည်တွေထဲက ၂၁၅၀၀လောက်ဟာ အမေရိကန် ပြည်ထောင်စု၊ ၃၄၀၀က သြစတေးလျ၊ ၂၆၀၀က ကနေဒါနိုင်ငံတို့ကနေ လက်ခံကြတယ်လို့ အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။ တခြား လက်ခံတဲ့ နိုင်ငံတွေ ကတော့ ဗြိတိန်။ ဖင်လန်။ အိုင်ရာလန်။ နယ်သာလန်။ နယူးဇီလန်။ နော်ဝေနဲ့ ဆွီဒင်နိုင်ငံတွေပဲဖြစ်ပါတယ်။ မြန်မာ ဒုက္ခသည်တွေကိုအများ ဆုံးလက်ခံတဲ့ အမေရီကန်နိုင်ငံက IRCလို့ခေါ်တဲ့ နိုင်ငံတကာ ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ကော်မတီမှာ တာဝန်ယူ လုပ်ကိုင်နေသူတဦးဖြစ်တဲ့ ကိုထွန်းထွန်းသန်းကို ကျွန်တော်ဆက်သွယ်ပြီး ဒုက္ခသည်တွေရဲ့ အခြေချ နေထိုင်ရေးမှာ ထူးခြားချက်တွေဘာတွေရှိသလဲဆိုတာကို မေးမြန်းထားပါတယ်။

ကိုထွန်းထွန်းသန်းတို့ရဲ့ အတွေ့အကြုံအရ မြန်မာဒုက္ခသည်တွေ အမေရိကန် နိုင်ငံကို အခြေချ ရွေ့ပြောင်းလာတဲ့အခါမှည အဓိက ကြုံတွေ့နေရတဲ့ ကောင်းတာ ဆိုးတာတွေကို ရှင်းပြပါခင်ဗျ။

”အဓိက ကြုံတွေ့ရတဲ့ အခက်အခဲက စားရေး ၀တ်ရေး နေရေးပေါ့။ အဲဒါတွေကို ဖြည့်ဆည်းပေးရတာ သူတို့အတွက် အရမ်းခက်ပါတယ်။ ဒါပေမယ့် အစိုးရကလည်း ကူညီပေးတယ်။ ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့တွေက ဖြေရှင်း ပေးလို့ ကြီးကြီးမားမားတော့ မရှိကြတော့ပါဘူး။ နောက်တခုက ဘာသာစကားက ပြဿနာရှိတယ်။ အခက်အခဲရှိတယ်။ သူတို့က ဒီနိုင်ငံမှာ ကြီးတဲ့သူမဟုတ်တဲ့ အခါကျတော့ ဒီစနစ်ကြီးနဲ့ တအားလုပ်ရတာပေါ့။ အဲဒါမှာ သူတို့ အချိန်တော်တော် ယူရပါတယ်။”

စရောက်ခါစ မြန်မာ ဒုက္ခသည်တွေ အနေနဲ့က စနစ်သစ်၊ လူသစ်၊ ပတ်ဝန်းကျင်အသစ်မှာ သူတို့ မပျော်ကြဘူးဆိုတဲ့ သဘောလားခင်ဗျ။

“စရောက်ခါမှာတော့ သူတို့ ကြောက်တာပေါ့။ ကြောက်တယ်ဆိုတာက အနိုင်ကျင့် ခံရမှာမျိုး၊ ဘာသာစကား မကျွမ်းကျင်တဲ့ အခါကျတော့ လုပ်ငန်းခွင်မှာ ပြဿနာတတ်မှာ သူတို့ ကြောက်တယ်။ နောက်တခုက သူတို့ အိမ်မိသားစု ပေါ့။ အိမ်လခတွေက သိပ်ဈေးကြီးတော့ အလုပ်လုပ်နေရင်နဲ့ အလုပ် ပြုတ်သွားမှာ ကြောက်တယ်။”

ဒီတည်ငြိမ်တဲ့ဘ၀ကို ရောက်လာဖို့အတွက် အချိန်ဘယ်လောက်ယူရပါလဲ။

“အဲဒါကတော့ သူတို့ရဲ့ ဖြတ်သန်းလာတဲ့ နောက်ခံသမိုင်းပေါ်မှာ မူတည်တယ်။ တချို့လူငယ်တွေ ခေတ်ပညာတတ်တွေ ထွက်လာတာရှိတယ်။ အဲဒီလူတွေကျတော့ မြန်တယ်။ သူတို့တောင်မှ အနည်းဆုံး ငါးနှစ်၊ အများဆုံး ရှစ်နှစ်ပေါ့။ တချို့ ကျတော့ တောထဲ တောင်ထဲမှာပဲ တသက်လုံး နေလာတယ်။ စစ်ဘေးဒဏ်ခံရတဲ့သူတွေရှိတယ်။ ဒုက္ခသည် စခန်းထဲ မှာလည်း ဆယ်နှစ်လောက်နေလာတယ်။ ရောဂါဘယတွေနဲ့၊ ကလေးတွေကလည်း ခဲအဆိပ်သင့်ထားတဲ့ မိသားစုတွေ ရှိတယ်။ ဘာသာစကားကလည်း မကျွမ်းကျင်တဲ့အခါကျတော့ တော်တော်အခက်အခဲကြီးပါတယ်။”

အခုလို တတိယနိုင်ငံကို ရောက်လာတာဟာ ကိုယ်ရဲ့ ဇာတိမြေမှာထက် ပိုပြီးတော့ ကောင်းမွန်တဲ့ ဘ၀ကို ရောက်လာ တယ်။ ပိုကံကောင်းတယ်လို့ ပြောလို့ မရဘူးလားခင်ဗျ။

“ဒီဘက်ကိုရောက်တာက သူတို့ ကံကောင်းလို့ ရောက်လာတယ်လို့တော့ ကျွန်တော်မပြောချင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မိကွဲဖကွဲ၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေနဲ့ ကိုယ့်တိုင်းပြည်ကို ခွဲပြီးလာရတော့ ဒါဟာ ကံဆိုးတာပေါ့ဗျာ။”
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးသင့်ဒေသ ရိက္ခာ ပြတ်လပ်နိုင်ဟု အကဲဖြတ်အဖွဲ့ ဖော်ပြ

25 June 2008
ဦးကျော်ကျော်သိန်း

မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မိသားစု ၄၆% မှာ နှစ်ရက်စာအတွက်တောင် စားစရာ အပြည့်အ၀မရှိဘူးလို့ ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာရုံး OCHA ရဲ့ ဒေသတွင်းသတင်းကွန်ယက် IRIN က ဒီကနေ့ မှာပဲ ဖော်ပြလိုက်ပါတယ်။ မနေ့က ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတခုအတွင်း သုံးပွင့်ဆိုင် တိုင်းတာ စစ်ဆေးမှု အဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ကနဦးတင်ပြခဲ့တာကနေ အခုလိုထွက်ပေါ်လာတာပါ။ အပြည့်အစုံကို ဘန်ကောက် ရောက်၊ ဗွီအိုအေ ၀ိုင်းတော်သား ဦးကျော်ကျော်သိန်းက တင်ပြပေးပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပျောက်ဆုံး သေဆုံးသူပေါင်း ၁၃၈,၀၀၀ ရှိသွားပြီဖြစ်တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး သီတင်းရှစ်ပတ် အကြာ မှာ တောင် မုန်တိုင်းဒဏ်သင့်လူထုအတွက် စားရေရိက္ခာတွေ ပိုပေးပို့ဖို့လိုအပ်နေတယ်ဆိုတာကို ဒီတွေ့ရှိချက်က မီးမောင်း ထိုးပြနေ တယ်လို့ IRIN ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစားအစာပြတ်လပ်မှုဟာ ကနဦးတွေ့ရှိမှုရဲ့ တစိတ်တပိုင်းပဲရှိပါသေးတယ်။ မိသားစု ၆၀% ဟာ သန့်ရှင်းတဲ့ သောက်ရေ တွေ မရှိ သလို ၂၂% ကတော့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ ခံစားနေကြရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြစ်ဝကျွန်းပေါ် ဒေသက အိမ်ခြေ ၅၉% ဟာ အပြင်းအထန်ပျက်စီးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မုန်တိုင်းဒဏ်သင့်လူထုဟာ သူတို့နေဖို့အိမ်တွေကို တနည်းနည်းနဲ့ပြန်ဆောက်ခဲ့ကြပေမယ့် အိမ်တွေဟာ မခိုင်မခန့်ဝါးတွေနဲ့ ဆောက်ထားတာကြောင့် နှစ်နှစ်လောက်ပဲခံမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ နဂိုက ခိုင်မာတဲ့ သစ်သားအိမ်တွေထက် ပိုဆိုးရွား ပါတယ်တဲ့။

တရွာချင်းတိုင်းတာစစ်ဆေးမှုအဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ရစ်ချတ် ဘလူးဝစ်တ် (Richard Blewitt) က လူတွေဟာ ပြန်တည် ဆောက်နေကြပြီဖြစ်ပေမယ့် နှေးကွေးကြောင်း၊ သူတို့ဟာ မတည်မငြိမ်ရှိနေပြီး ကူညီကယ်ဆယ်ရေး လိုအပ်ချက်တွေ ဆက် ရှိနေ သေးကြောင်း၊ ရွာသားတွေဟာ ပိုကောင်းလာဖို့ ပြန်တည်ဆောက်နေကြတာမဟုတ်ဘဲ၊ ပိုဆိုးလာဖို့ တည်ဆောက် နေကြကြောင်း စသည်ဖြင့်ပြောပါတယ်။

အခုထွက်ပေါ်လာတဲ့ အချက်အလက်တစိတ်တပိုင်းက ဖော်ပြသလို လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို တိတိကျကျ သိနိုင် တာကြောင့် ပြီးခဲ့တဲ့ တိုင်းတာစစ်ဆေးမှုဟာ အရေးကြီးတယ်လို့ ကုလသမဂ္ဂနဲ့ အာဆီယံတာဝန်ရှိသူတွေက ပြော ကြတာပါ။ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ဘန်ကောက်အခြေစိုက်၊ အာရှ-ပစိဖိတ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ္စလေ (Paul Risley) က -

"ဒီတွေ့ရှိချက်တွေကနေ အဖွဲ့အစည်းအားလုံးအနေနဲ့ သူတို့ရဲ့အကူအညီတွေကို သက်ဆိုင်ရာဒေသရဲ့ လိုအပ်ချက်နဲ့အညီ တိတိကျကျ ပေးအပ်နိုင်စေမှာမို့ အင်မတန်ကို အထောက်အကူဖြစ်ပါတယ်။ နေရာတိုင်းမှာ လိုအပ်ချက်တွေက အရမ်းကို ကွာ ခြားမှာဖြစ်ပြီး အဲဒီ မတူကွဲပြားတဲ့ လိုအပ်ချက်တွေကို သိရှိနိုင်ရေးမှာ ဒီ တိုင်းတာစစ်ဆေးမှုဟာ အရေးပါပါတယ်။" လို့ ပြောပါ တယ်။

WFP ဟာ တိုင်းတာစစ်ဆေးတဲ့အဖွဲ့ကို သယ်ယူပို့ဆောင်ရေးအတွက် ရဟတ်ယာဉ်တွေနဲ့ အကူအညီပေးခဲ့ပါတယ်။

ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့ တိုင်းတာစစ်ဆေးမှုအဖွဲ့မှာ အဖွဲ့ဝင် စုစုပေါင်း ၃၅၀ ပါဝင်ပြီး ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က အထောက်အကူပေးခဲ့ပါတယ်။ နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ဒေသတွေမှာ မေလနှောင်းပိုင်းကနေ ဇွန်လ ပထမသီတင်းသုံးပတ်အထိ သုံးပွင့်ဆိုင်အဖွဲ့က စစ်ဆေး မှုတွေလုပ်ခဲ့ကြတာပါ။ တိုင်းတာစစ်ဆေးမှုမှာပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေဟာ အခြေအနေတွေကို ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ တွေ့ခဲ့ ရပြီး မုန်တိုင်းဒဏ်သင့် ရွာသူ ရွာသားတွေရဲ့ အတွေ့အကြုံတွေကို နားထောင်ပြီးချိန်မှာ ဒီသဘာဝဘေးအန္တရာယ်ရဲ့ သက်ရောက်မှုတွေဟာ သူတို့မျှော်လင့် ထားတာထက် ပိုကြီးမားနေတယ်ဆိုတာကို နားလည်ခဲ့ကြတယ်လို့ ရန်ကုန် အခြေစိုက် ကုလသမဂ္ဂတာဝန်ရှိသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။ အခုထွက်ပေါ်လာတဲ့ တွေ့ရှိချက် တစိတ်တပိုင်းကိုကပဲ တိုင်းတာစစ်ဆေးမှုအဖွဲ့ဝင်တွေရဲ့ နားလည် မှုကို ထပ်ပြီးထင်ရှားစေပါတယ်။

သူတို့စုဆောင်းခဲ့တဲ့ အချက်အလက်တွေကို အဆင့်ဆင့် သုံးသပ်ပြုစုနေတဲ့ လုပ်ငန်းနဲ့ ပတ်သက်လို့ ရောက်နေတဲ့ အခြေအနေကို မနေ့က ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ အာဆီယံဆွေးနွေးပွဲမှာ ကနဦးတင်ပြခဲ့ပါတယ်။ သုံးပွင့်ဆိုင် တိုင်းတာ စစ်ဆေးမှုအဖွဲ့ရဲ့ တွေ့ရှိချက်အပြည့်အစုံပါဝင်တဲ့ အစီရင်ခံစာကိုတော့ နောက်လ စင်္ကာပူမှာကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၄၁ ကြိမ်မြောက် အစည်းအဝေးအတွင်း တင်သွင်းဖို့ စီစဉ်ထားကြောင်းပါခင်ဗျား။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်