စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, May 16, 2008

သောကြာနေ့ (၁၆.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း

သောကြာနေ့ (၁၆.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း



လေဘေးဒုက္ခသည်များအတွက် ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ ၁၆.၅.၂၀၀၈ (သောကြာနေ့) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်းမှာ S$ ၂၂၁၃.၀၀ တိတိဖြစ်ပါ သည်။

ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

ကြဿပတေးနေ့ (၁၅.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း

ကြဿပတေးနေ့ (၁၅.၅.၂၀၀၈) တွင် စင်္ကာပူနိုင်ငံရှိ

အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်း

လေဘေးဒုက္ခသည်များအတွက် ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ) မှ ၁၅.၅.၂၀၀၈ (ကြဿပတေးနေ့) တွင် စင်္ကာပူနိုင်ငံရှိ အလှူခံဌါနများမှ ကောက်ခံရရှိသော ငွေပေါင်းမှာ S$ ၂၂၈၀.၀၀ တိတိ
ဖြစ်ပါ သည်။


ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အပြည့်အစုံဖတ်လိုလျှင်

လေဘေးသင့် ဒုက္ခသည်များကို အမြန်ဆုံးကူညီရန် ပြည်ပရောက် မြန်မာများ နှိုးဆော်

လေဘေးသင့် ဒုက္ခသည်များကို အမြန်ဆုံးကူညီရန် ပြည်ပရောက် မြန်မာများ နှိုးဆော်ဧရာဝတီ

မေ ၁၅၊ ၂၀၀၈

ပြည်ပရောက် မြန်မာအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီးက မြစ်ဝကျွန်းပေါ်ဒေသရှိ လေဘေး ဒုက္ခသည်များကို အမြန်ဆုံး ကယ်ဆယ်ခြင်း ပြုရန် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်များ ဖြစ်ကြသော အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ် နိုင်ငံတို့အား တောင်းဆိုလိုက်သည်။
မြန်မာစစ်အစိုးရက ကုလသမဂ္ဂ ကူညီရေး အဖွဲ့များကို လက်ခံသည့်တိုင်အောင် ထိရောက်သော ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်နိုင်ခြင်း မရှိသေးသဖြင့် ယခုကဲ့သို့ အတိုက်အခံ အဖွဲ့အစည်းများက ထပ်မံ တောင်းဆို လိုက်ရခြင်း ဖြစ်သည်။
“အခုအချိန်က အလုပ်လုပ်ရမယ့်အချိန်ပါ။ ခင်ဗျားတို့မှာ ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ အဆင်သင့်ရှိတယ်။ မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်တဲ့ အလုပ် ရပ်လိုက် ပါတော့။ ချက်ချင်း အကူအညီတွေ ပို့လွှတ်ပေးကြပါ” ဟု အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (USCB) ၏ ဒါရိုက်တာ ဦးအောင်ဒင်က အမေရိကန်နိုင်ငံ့ ခေါင်းဆောင်များသို့ လိပ်မူပေးပို့သည့် စာတွင် ရေးသားထားသည်။
အလားတူ အခြားသော အဓိက မြန်မာအတိုက်အခံအဖွဲ့အစည်း တခုဖြစ်သည့် အင်္ဂလန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (UKCB) သည်လည်း လာမည့် စနေနေ့တွင် အမေရိကန်သံရုံး၊ ပြင်သစ်သံရုံးနှင့် အင်္ဂလန်နိုင်ငံခြားရေးရုံးများ ရှေ့တွင် ဆန္ဒပြမည်ဖြစ်ကြောင်း နှိုးဆော်ထားသည်။
UKCB ၏ ဒါရိုက်တာ မာ့ခ်ဖာမနာကလည်း “ကျနော်တို့ အဖြစ်မှန်ကို ရင်ဆိုင်မှဖြစ်မယ်။ ခုလို အချိန်ဆွဲနေရင် တနေ့ထက် တနေ့ လူတွေရဲ့ အသက်တွေ ဆုံးရှုံးကုန်တော့မယ်။ အင်္ဂလန်၊ အမေရိကန်နဲ့ ပြင်သစ် နိုင်ငံရဲ့ ကယ်ဆယ်ရေး သင်္ဘော တွေက ပင်လယ်ဝထိ ရောက်နေပြီ။ အစာငတ်၊ ဆေးမရှိလို့ ဘယ်လောက်မှ မဝေးတော့တဲ့ နေရာက ထောင်ပေါင်းများ စွာသော လူတွေ သေကုန်တာကို ဒီတိုင်းထိုင်ကြည့်နေတော့ မှာလား” ဟု ပြောသည်။
ပြည်ပရောက် မြန်မာအတိုက်အခံ အဖွဲ့အစည်း အသီးသီးက တောင်းဆိုစာများကို အမေရိကန်၊ နှင့် ပြင်သစ်နိုင်ငံ သမ္မတ များနှင့် အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ်ထံသို့ ပေးပို့ နေချိန်တွင် ယနေ့မှစ၍ သုံးရက်တိုင်တိုင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် သံဃာအဖွဲ့တဖွဲ့က ဒုက္ခသည်များ အတွက် အစာငတ်ခံ ဆန္ဒပြမည်ဖြစ်သည်။
ယမန်နေ့ကလည်း မြန်မာပြည်မှ သံဃာများကို ကိုယ်စားပြုသည့် သံဃာတပါးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အထွေထွေ အတွင်းရေးမှူးကို မြန်မာနိုင်ငံသို့ အမြန်ဆုံး သွားရောက်ကူညီပါရန် မေတ္တာရပ်ခံ ရေးသားထားသည့် စာများကို အမေရိကန် နိုင်ငံတွင် ဖြန့်ဝေလျှက်ရှိကြောင်း သိရသည်။“ကျုပ်တို့ နိုင်ငံသားတွေ ငတ်နေတဲ့အချိန်မှာ ကျုပ်တို့လည်း မစားတော့ဘူး။ UN က လူတွေငတ်နေတာကို ထိုင်ကြည့်နေ တယ်။ ကမ္ဘာကြီးတခုလုံးက ဘယ်လိုကူရမလဲ လို့ စောင့်နေတဲ့ အချိန်မှာ စစ်အစိုးရကတော့ လှူတဲ့ပစ္စည်းတွေကို ခိုးနေ တယ်” ဟု ကိုလံဘီယာ တက္ကသိုလ်သို့ ဧည့်ပါမောက္ခအဖြစ် ရောက်ရှိနေသူ မြန်မာဘုန်းတော်ကြီး တပါးက ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

လပွတ္တာက ပြန်ခဲ့တယ်

လပွတ္တာက ပြန်ခဲ့တယ်ဧရာဝတီ မေ ၁၅၊ ၂၀၀၈

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီရုံးမှ အယ်ဒီတာတဦးနှင့် မုန်တိုင်းဒဏ် ခံခဲ့ရသော လပွတ္တာမြို့နယ်မှ ရန်ကုန်သို့
ပြန်လည်ရောက်ရှိလာသည့် ဧရာဝတီ
သတင်းထောက်တဦးတို့ မေလ ၁၅ ရက်နေ့က
အင်တာနက်ပေါ်တွင် ချက်တင် လုပ်ခဲ့သည်များကို တိုက်ရိုက် တင်ပြပေးလိုက်ပါသည်။
သတင်းထောက်။ ။ မင်္ဂလာပါအကို။ ကျနော်ပြန်လာပါပြီ။
အယ်ဒီတာ။ ။ ကြိုဆိုပါတယ်ဗျာ။ ခရီးစဉ် ဘယ်လိုလဲ။
သတင်းထောက်။ ။ အသက်မသေလို့ ပြန်တွေ့ရတာပါ။ အရမ်းကို ဒုက္ခရောက်ခဲ့ပါတယ်။ ဒါပေမယ့်လိုချင်တာတွေ ရခဲ့တယ်။
အယ်ဒီတာ။ ။ တွေ့ခဲ့တာတွေပြန်ရေးပေါ့။
သတင်းထောက်။ ။ ရွာတွေဘက် သွားမယ်ပြင်တော့ မုန်တိုင်းမိတယ်။ မြစ်လယ်မှာလေ။ တော်သေးတယ် မုန်တိုင်းက မိုးပဲရွာလို့။ မနေ့က ပြန်လာတော့ ကားမှောက်မလိုဖြစ်တယ်။ ကျနော့် တသက်တော့ ဒီလောက်ကြမ်းတဲ့ ခရီး မသွားဖူး သေးဘူး။
အယ်ဒီတာ။ ။ ဂုဏ်ယူပါတယ်ကွာ။
သတင်းထောက်။ ။ ကျနော်တော့ ဂုဏ်ယူတဲ့စိတ်ထက် ပြန်တွေးပြီး ကြောက်နေတယ်။ မြစ်လယ်မှာသာ သေရင်တော့ ငါလည်း ငါးတွတ်ခံရပြီလို့ ထင်နေတာ။ ပြီးတော့ ဆယ်သူမဲ့ ပေါလောပေါ်နေမယ် ဆိုရင်… ဆိုပြီး လန့်နေတာ။ အခုတော့ လည်း အဲဒီစိတ်ကို ရယ်ချင်နေပါတယ်။ ရှက်လည်း ရှက်မိပါတယ်။
အယ်ဒီတာ။ ။ ခင်ဗျားရဲ့ ခံစားမှုကို ကျနော်နားလည်ပါတယ်ဗျာ။
သတင်းထောက်။ ။ အကိုရေ လပွတ္တာက ဘိုကလေးထက် ပိုဆိုးတယ်တဲ့ဗျ။ လပွတ္တာက တာဝန်ရှိသူ တယောက်ပြောဖူး တာက သေတဲ့သူ ၂၀၀၀၀ တဲ့။ ဒါပေမယ့် ခုကျတော့ လပွတ္တာ ကြက်ခြေနီ အသင်းကနေ ရထားတဲ့ စာရင်းအရ လပွတ္တာ တမြို့တည်းတင် ၁၂၀၀၀၀ သေတယ်လို့ အတိအကျ ရထားတယ်။ တော်တော်ကို ဆိုးတာ။
အယ်ဒီတာ။ ။ ကယ်ဆယ်ရေးတွေ အကြောင်းကော ပြောပါဦး။
သတင်းထောက်။ ။ ပြောရရင်တော့ သြချရတော့မယ်။ မလုံလောက်ဘူး ... ။
အယ်ဒီတာ။ ။ ပြောပါဦး။
သတင်းထောက်။ ။ နမိုးနီးယားနဲ့ ဝမ်းရောဂါတွေ ဖြစ်နေတယ်။ ကာလဝမ်းရောဂါ အဆင့်တော့ မရောက်သေးဘူးပေါ့။ ဒါပေမယ့် ဒီပုံစံအတိုင်း ဆက်သွားရင် သေချာပေါက် ဖြစ်တော့မှာ။
အယ်ဒီတာ။ ။ မိုးရွာတာရယ်။ အမိုးအကာ မလုံလောက်တာရယ်ကြောင့် အဖျားဝင်ကြတာ ဖြစ်မယ်ထင်တယ်။
သတင်းထောက်။ ။ ကုလသမဂ္ဂကလည်း ဆန်ပဲပေးနိုင်တယ်။ ကျန်တာ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ ကျန်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဒါပေမယ့် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူး။
အယ်ဒီတာ။ ။ ဒါဆို ဒုက္ခသည်တွေ ဘယ်လို ရပ်တည်နေကြလဲ။ ဘယ်သူက သူတို့ကို တိုက်ရိုက် ကူညီလဲ။
သတင်းထောက်။ ။ ဓာတ်ပုံတွေ မြင်ရင် သိလိမ့်မယ်။ ဘယ်လောက် ဆိုးလဲဆိုတာ။ ရွာတွေမှာလည်း တော်တော်ဆိုးတယ်။ ဒုက္ခသည်အားလုံး မြို့ပေါ်က ကယ်ဆယ်ရေး စခန်းတွေဆီ မရောက်နိုင်သေးဘူး။ ကယ်ဆယ်ရေးက အသက်ရှင်တဲ့သူတွေ ရှာဖွေတာ သိပ်မလုပ်တော့ဘူး။ ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်း မသိတော့ပါဘူး။ အလှူရှင်တွေက တိုက်ရိုက်လှူနိုင် တယ်။ လှူလည်း လှူကြပါတယ်။ ရန်ကုန်နဲ့ နယ်ပေါင်းစုံက လှူကြတာ။ ဒါပေမယ့် မလုံလောက်ဘူး။
အယ်ဒီတာ။ ။ တချို့သတင်းတွေမှာ UN ကဆန်ကို အာဏာပိုင်တွေက ရောင်းတယ်လို့ သိရတယ်။ အဲဒါကကော … ။
သတင်းထောက်။ ။ အဲလိုတော့လည်း မတွေ့ရပါဘူး။ လောလောဆယ် ခက်နေတာက ဒုက္ခသည်တွေကို အာဟာရဖြစ် အောင် ကျွေးဖို့လိုတယ်။ ရိက္ခာကဆန်ပဲ ပေးတာ။ ဆန်ပေးရုံနဲ့တင် မလုံလောက်ဘူး။ ဆန်ဆိုတာ အဓိက အစားအစာပေမယ့် ဆန်တခုတည်းပေးရုံနဲ့ အာဟာရမဖြစ်နိုင်ဘူးလေ။ လူတွေ အရမ်း ဒုက္ခရောက်နေတယ်။ အဝတ်အထည်လည်း မရကြဘူး။
အယ်ဒီတာ။ ။ အမိုးအကာကော လုံလောက်ရဲ့လား..။
သတင်းထောက်။ ။ မိုးတွေရွာတော့ အမိုးအကာမရှိတဲ့ နေရာတွေမှာ ခိုက်ခိုက်တုန်အောင် ချမ်းနေကြတဲ့ မြင်ကွင်းက ကျနော့်ကို ဆို့နင့်ကြေကွဲစေတယ်။ တော်တော် သနားဖို့ကောင်းတယ်။ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက မေးခွန်းထုတ်ဖို့လိုပြီ။ ဘာတွေ လုပ်နေလဲ။ ဘယ်မှာလဲ အကူအညီဆိုတာ။
အယ်ဒီတာ။ ။ အစိုးရဆီမှာ အကူအညီပေးခွင့်ရဖို့ သူတို့ တောင်းဆိုနေတာပဲလေ။
သတင်းထောက်။ ။ ဆန်လေးပေးတာနဲ့ ဆေးလေး တခွက်နှစ်ခွက် ပေးတာကို အကူအညီလို့ ပြောနေတာလား။ ဘယ်လို နားလည် ရမလဲ။ ကုလသမဂ္ဂမရောက်ခင်က လူတွေ ဆန်ပြုတ် သောက်ရတယ်။ ရောက်လာတော့ အခုလူတွေ ဆန်ကြမ်း စားရတယ်။ ကလိုရင်းခတ်ထားတဲ့ ရေသောက်ရတယ်။ ဘီစကစ် တချပ် နှစ်ချပ် စားရတယ်။ အကူအညီဆိုတာ ဒါလား ခင်ဗျား။ စားရတဲ့ ဆန်ကြမ်းက မီးဒုံး ဆိုတဲ့ ဆန်ကြမ်းပါ။
အယ်ဒီတာ။ ။ မင်္ဂလာဒုံလေဆိပ်မှာ US က အထောက်အပံ့ တွေ လေယဉ် ၆ စင်းနဲ့ ရောက်နေပြီလေ။ အားလုံးက နိုင်ငံတကာ အဆင့်မီ ပစ္စည်းကိရိယာတွေချည်းပဲ။
သတင်းထောက်။ ။ အဲဒီဆန်တွေက အနီးအနားပတ်ဝန်းကျင်.. မြောင်းမြတို့ ဘာတို့က ဝယ်ခဲ့တဲ့ ဆန်ကြမ်းတွေ။ ကျနော်တော့ စိတ်တိုလွန်းလို့ အကုန်လုံးကို ထိုင်ဆဲနေခဲ့တာ။
အယ်ဒီတာ။ ။ ဥပမာအားဖြင့် စွမ်းအင်မြင့် ဘီစကစ်တွေဆို ဒုက္ခသည်တွေဆီ မရောက်ဘူးလို့ ကြားတယ်။ ကောလာဟလ သတင်းတွေ အရတော့ အာဏာပိုင်တွေက အလှူပစ္စည်းတွေကို အရင်ယူတယ်တဲ့…။
သတင်းထောက်။ ။ မုန်တိုင်းတိုက်ပြီးတာ ၁၃ ရက်ကျော်ကြာပြီဗျာ..။ သူတို့တွေ ကံဆိုးကြတယ်။
အယ်ဒီတာ။ ။ သူတို့တွေ နိုင်ငံခြားက လာတဲ့ ယာယီတဲ အပြာရောင်လေးတွေ ရတယ် မဟုတ်လား။ လှိုင်သာယာက ဓာတ်ပုံမှာ မြင်ရတယ်။
သတင်းထောက်။ ။ မြင်ခဲ့ရပါတယ်။ အလုံး ၁၀၀ လောက်။ လပွတ္တာမှာ။ အဲဒါက ဟန်ပြပါ။ တကယ်ဘယ်လိုနေရတယ် ဆိုတာ။ သေချာလေ့လာမှ သိရတာ။
အယ်ဒီတာ။ ။ ဟာ..တကယ်..။
သတင်းထောက်။ ။ သာမန်လာကြည့်ရုံနဲ့ မသိနိုင်ဘူး။ လူတွေနဲ့ စကားပြောကြည့်မှ သိလာရတာ။ ကျနော်လေ သူတို့ကို ဘယ်လိုများ ကူညီနိုင်ပါ့မလဲလို့ စဉ်းစားမိတယ်။ ပြောရင်းနဲ့ စိတ်ထိခိုက်တယ် အကိုရေ။
အယ်ဒီတာ။ ။ သိပ်တော့မမျှော်လင့်နဲ့ဗျာ။ ကျနော်တို့ ဂျာနယ်လစ်တွေဆိုတာ အမှန်ကို အမှန်အတိုင်း တင်ပြနိုင်ဖို့က ပိုအရေးကြီးတယ်။ ဒီခရီးနဲ့ ပတ်သက်လို့ အကောင်းဆုံးရေးနိုင်ရင် လုံလောက်ပါပြီ။
သတင်းထောက်။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တခုတော့ ဝန်ခံမယ်။ ကျနော့်အရေးအသားတွေမှာ ဒုက္ခသည်တွေ ဘက်က ဘက်လိုက်ရေးတာလေးတွေ ပါကောင်းပါလိမ့်မယ်ဗျာ။ ဒါဟာ ကျင့်ဝတ်ကို ချိုးဖောက်တယ် ဆိုရင်တော့ ကျနော် ဖောက်မယ်။ အခုရေးတာတွေ ဖတ်ကြည့်တာနဲ့တင် ဘယ်လောက် ဆိုးတယ်ဆိုတာ အကိုနားလည်လိမ့်မယ် ထင်ပါတယ်။
အယ်ဒီတာ။ ။ ခင်ဗျား လွတ်လွတ်လပ်လပ်သာ ရေးပါ။
သတင်းထောက်။ ။ ကျနော် စကားပြောခဲ့တဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေက ဒုက္ခသည်တွေကို အပြစ်တင်တယ်ဗျ။ ဒီဒုက္ခ သည်တွေက ဘယ်လောက်ပဲ ဆန်ပေးပေး။ လာတဲ့ သူတိုင်းကို မရဘူးပဲ ဖြေကြတယ်။ေ—ာက်ကျင့် မကောင်းတဲ့ သူတွေလို့ ပြောတယ်ဗျ။ အဲဒါ မြန်မာ ဝန်ထမ်းပါ။
အယ်ဒီတာ။ ။ တကယ်ပဲလားဗျာ။ ဆိုးလှချည်လား။
သတင်းထောက်။ ။ ပင်လယ်နား နီးလာလေ..ေ—-ာက်ကျင့် မကောင်းလေလို့ အဲဒီ ဝန်ထမ်းက ပြောတယ်ဗျ။ ကျနော်လေ လက်ကိုယားနေတာပဲ။ ထထိုးလိုက်ရင် ကောင်းမလား..။ ဒါမှမဟုတ် ဖက်ကိုက်လိုက်ရင် ကောင်းမလားဆိုပြီး စဉ်းစားသေး တယ်။ေ—ာက်သုံးမကျတဲ့ ကောင်..။
သတင်းထောက်။ ။ အဲဒီကောင်က လပွတ္တာမြို့နယ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ကွပ်ကဲ ရေးမှူးပေါ့ဗျာ။ လူတွေ ဒုက္ခရောက်နေတဲ့အချိန် သူတို့တတွေက ကားကြီးတွေနဲ့ မြို့ကိုလှည့်မှာ ကြားကြတာပေါ့ဗျာ..။
အယ်ဒီတာ။ ။ ခင်ဗျားဆောင်းပါးထဲမှာ အဲဒီအကြောင်းတွေပါ ထည့်ရေးဗျာ။
သတင်းထောက်။ ။ သူတင်မဟုတ်ဘူးဗျ။ တခြား လူတွေလည်း တသံတည်းပဲ။ ဒုက္ခသည်တွေကေ—ာက်ကျင့်မကောင်း ဘူးပေါ့။ လာတဲ့ သူတိုင်းကို ဒုက္ခသည်တွေကို ပေးမယ့် ကမ်းမယ့် သူပဲလို့ထင်လို့ အဲလိုပြောတယ် ပေါ့ဗျာ။ မိသားစုတွေ အသက်ဆုံးရှုံးပြီး အိုးအိမ်တွေ စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေ စကားကို ကျနော် ယုံကြည်ခဲ့တယ်။ သူတို့ မညာလောက်ဘူး။ သူတို့ မျက်နှာမှာ မျက်ရည်တွေ ပူဆွေးမှုတွေ ကြေကွဲထိခိုက်မှုတွေနဲ့…။
အယ်ဒီတာ။ ။ ခင်ဗျား ခံစားရတာကို ကျနော်လည်း ဝေမျှ ခံစားကြည့်လို့ ရပါတယ်ဗျာ..။
သတင်းထောက်။ ။ အဲဒီလို ခံစားနေရတဲ့ သူတွေမှာ ညာဖို့ အင်အားမရှိကြပါဘူး။ သူတို့မှာ ဆုံးရှုံးမှုတွေကို နှစ်သိမ့်ဖို့ လူတွေလိုနေပါတယ်။ ဆန်ပေးရုံ၊ သောက်ရေပေးရုံနဲ့ မလုံလောက်ဘူး ဆိုတာ မြင့်မြတ်တဲ့ အဖွဲ့အစည်းပါဆိုတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတွေ နားမလည်ကြဘူးလားဗျာ။ အကို နေ့လယ်စာ စားတော့မလား။
အယ်ဒီတာ။ ။ ရတယ်။ မစားသေးပါဘူး။
သတင်းထောက်။ ။ ကြုံလို့ ထပ်ပြောရဦးမယ်။ နောက် တခြား အဖွဲ့အစည်းကလူတွေက ပြောသေးတယ်ဗျ။ လှူတာတွေ ချည်းပဲ စားနေရင် ဒီလူတွေ ကြာရင် ပျင်းသွားလိမ့်မယ်တဲ့။ အဲဒီ ခွေးမသားက ကျနော့်ကို ပြောတယ်ဗျ..။ အဖွဲ့အစည်း နာမည်တော့ မမှတ်မိတော့ဘူး..။
အယ်ဒီတာ။ ။ UN ကပဲလား။
သတင်းထောက်။ ။ မဟုတ်ဘူး။ ဒေါသထွက်လွန်းလို့ မမှတ်မိတော့ဘူး။ ပြန်ကြည့်ရမယ်။ မှတ်တော့ မှတ်ထားတယ်။ အဲဒါကို ကျနော် သေသေချာချာ ရေးဦးမယ်။ ခုလောလောဆယ်တော့ ကျနော် ဖျားနေတယ်။မှတ်ချက်။ ။ ၎င်း သတင်းထောက် ရေးသားပေးပို့မည့် လပွတ္တာမှ အပြန် ဆောင်းပါးကို ဓာတ်ပုံများဖြင့် ဆက်လက်ဖော်ပြ သွားပါမည်။

အပြည့်အစုံဖတ်လိုလျှင်

Un Chief Calls Emergency Meeting on Burma

Un Chief Calls Emergency Meeting on Burma

By LALIT K JHA
Thursday, May 15, 2008


United Nations Secretary-General Ban Ki-moon on Wednesday held an emergency meeting on Burma with a select group of countries at the UN headquarters in New York in an effort to tackle the humanitarian crisis unfolding in the Irrawaddy delta.

In particular, Ban directed attention toward the rescue and relief operations in Burma in the aftermath of Cyclone Nargis and the Burmese military junta’s refusal to allow foreign aid workers into affected areas.

Besides the 10 members of the Association of Southeast Asian Nations (Asean) and the five permanent members of the Security Council (the US, Britain, France, China and Russia), major donors such as Japan and South Korea attended the meeting, as did Burma’s neighbors India and Bangladesh. The Burmese ambassador to the UN, Kyaw Tint Swe, also addressed the group.

The meeting lasted more than 90 minutes and saw as many as 16 countries speaking on the proposals put forward by the secretary-general. Prominent proposals included a high-level meeting on Burma, better UN-Asean coordination and pressuring Asean to become more involved.

However, little progress was made in terms of consolidating emergency relief for the 1.5 million people stranded in devastated areas of the Irrawaddy delta. The group could not find a solution to the burning issue of effective distribution of relief material and the Burmese authorities opening up their borders to foreign aid workers.

As ambassador after ambassador came out of the meeting and spoke to the eagerly awaiting media outside the meeting hall at the UN headquarters, it became increasingly evident that sharp differences persisted among the member nations—primarily between the US, France and Britain, and Burma's immediate neighbors, including India and China—on how to proceed with the relief operations.

However, both camps insisted that this is a humanitarian crisis and should not be politicized.
"There were expressions of concern that this should not be the subject of politicization,” Ban said, adding: “This is purely, genuinely, a humanitarian crisis. I have assured the delegations that I'll try to lead this humanitarian work in a purely, genuinely humanitarian way."

The secretary-general also noted that he appreciated the "flexibility shown" by the Burmese government in last few days in receiving aid, but insisted that this is not enough.

Among proposals made by the secretary-general were designating a UN/Asean joint humanitarian coordinator, establishing a logistical hub outside Burma and holding a high-level pledging conference.

"We agreed that all the humanitarian assistance should be made now in a more systematic, organized and coherent manner, looking at more mid-term construction issues," he said.
Ban informed the media that he was considering sending Under-Secretary-General for Humanitarian Affairs John Holmes to Burma with a World Food Programme airplane carrying relief supplies.

The Asean foreign ministers are meeting on May 19. Ban is also likely to address a special meeting of the General Assembly on Friday.

Having high expectations from the coming meeting of the Asean foreign ministers in Singapore, Ban said: "I am sure the Asean foreign ministers' meeting will reflect on these specific proposals which I have put forward. Many delegations have expressed their support and on the merit of this issue, but this needs to be discussed with the Myanmarese [Burmese] government, as well as Asean countries."

However, earlier in the day the under-secretary-general of humanitarian affairs expressed his disappointment over the slow response of the Burmese military junta in receiving international aid workers and experts in handling the humanitarian crisis. Holmes said there is "huge frustration" at the UN.

Quoting Burmese officials, Holmes said the official death toll was now 38,491 with 27,838 missing. But the figures could turn out to be significantly higher, he feared. Current estimates pointed to between 1.6 million and 2.5 million people severely affected by the consequences of the cyclone, and there was more heavy rain forecasted, he said.

Holmes added that the UN is in touch with Burma's immediate neighbors and fellow Asean members to encourage them to use their contacts and influences on the junta.

The Burmese ambassador to the UN earlier had insisted that although this was a humanitarian disaster of huge proportions, politicization would further complicate the situation and make challenging situations even more difficult.

The British and US ambassadors, however, said the onus for this was purely on the Burmese regime as it was not doing enough.

"No one is politicizing this issue—certainly not us. But if that aid is held up then it is the Burmese government, which would make it a political issue—no one else," the British envoy, Sir John Sawers, said.

"We feel that there is a sense of real urgency. The overwhelming need, which every speaker endorsed, is getting in aid for the people of Burma, which is desperately needed," he said.
Sawers said he hoped the initiative taken by Ban could be respected and followed by countries of the region, and the international community as a whole, and that the distribution of aid would be managed professionally.

Stating that one of the big issues now is how to get the Burmese authorities to be more open to removing the conditions and restrictions on the supply of humanitarian aid, US Ambassador to the UN Zalmay Khalilzad said, "A clear message was sent by many speakers to the Myanmar authorities that they need to remove those conditions."

Khalilzad added: "We all emphasized that this is a humanitarian situation to which we are all responding and everyone wants to avoid politicizing it. But it will get politicized if the needed assistance is not allowed to arrive in a timely manner to save lives."

အပြည့်အစုံဖတ်လိုလျှင်

Myanmar junta warns against hoarding cyclone aid

Myanmar junta warns against hoarding cyclone aid

Thu May 15, 4:26 PM ET


YANGON, Myanmar - Myanmar's junta warned Thursday it will punish anyone found hoarding or trading foreign aid meant for cyclone survivors, but relief groups said they had seen no evidence of people selling or stockpiling donated goods.

The government's warning came as the official death toll from Cyclone Nargis was raised to 43,318, an increase of almost 5,000 from a day earlier, but still far below U.N. and Red Cross estimates. The number of people listed as missing remained at 27,838.

Myanmar's military, which has ruled for 46 years, has itself come under suspicion of diverting relief supplies. Its warning against hoarding alluded to the allegations, saying the regime is rushing all donated supplies to those in need.

Tons of food, water, blankets, mosquito nets, medicine and tents have been flown in to Myanmar from international donors, but delivery to the 1.5 million to 2 million affected by the May 3 storm has been slowed by bottlenecks, poor infrastructure and bureaucratic tangles.
New York-based Human Rights Watch said countries delivering aid to Myanmar should insist on monitoring the shipments to ensure all aid reaches the neediest and to prevent the military from diverting any supplies.

The group also said it had confirmed an Associated Press report this week that the junta took control of high-protein biscuits supplied by the international community and then distributed low-quality, locally produced substitutes to civilians.

Leaving the aid at Yangon's airport "under the control of the abusive and ill-equipped ... military will not necessarily help victims of the cyclone," Human Rights Watch said.

The government warning on hoarding obliquely referred to such concerns.
"The government has systematically accepted donations and has distributed the relief goods immediately and directly to the victims," said the warning, carried on state radio. "Effective legal action will be taken against those who hoard, sell or buy, use or misuse the international or local donations or relief goods or cash to the cyclone victims."

Private citizens who have tried to carry food and other aid to the Irrawaddy River delta, the low-lying coastal area ravaged by the cyclone, said they had been stopped and forced to hand over the supplies to the army, which is directing the relief operation.

The civilians, who asked not to be identified for fear of retribution by authorities, expressed worry their supplies would be pilfered by the army.

Elisabeth Byrs, spokeswoman for the U.N. Office for the Coordination of Humanitarian Affairs, said the United Nations had looked into whether people were misusing emergency supplies.
"Some aid workers visited all the major markets in Yangon to see whether they could find out anything by observations or interviewing people. They found no evidence of any sale of relief goods or hoarding or any credible report on this," she said.
The International Federation of Red Cross and Red Crescent Societies also said it had seen no evidence of hoarding.

"We haven't had any reports at all back from the delta or Yangon on that. Obviously we're aware of the media reports," Red Cross spokesman Matthew Cochrane said in Geneva.

The U.S. military, which has been allowed to fly in supplies to Yangon airport despite the prickly relations between the junta and Washington, said it is optimistic aid is getting through.

"It's impossible for us to completely verify that all the relief supplies are getting to the affected areas, but we are monitoring that through our contacts that are inside the country," Pentagon spokesman Bryan Whitman said, referring to U.N. and private aid groups. "And to the best of our ability, to date, we have not seen any U.S. assistance that has been diverted."

The junta announced Thursday that voters overwhelmingly endorsed a new constitution designed to perpetuate the military's power.

State radio said 92.4 percent of the votes approved the charter in last Saturday's referendum, which went ahead even though the country was reeling from the cyclone's devastation. The report said turnout was more than 99 percent.

Voting was postponed until May 24 in the Irrawaddy delta and Yangon because of storm damage, but the radio said results from those areas could not mathematically reverse the approval.

Human rights groups have dismissed the vote as a sham because few would have dared to reject the constitution backed by the military. The voting was also marred by widespread complaints of intimidation and rigging.

The junta says the constitution will lead to national elections in 2010. But the charter guarantees 25 percent of parliament seats to the military and allows the president to hand over all power to the military in a state of emergency.

"People are dying and they are talking about the referendum?" said Kyaw Muang, owner of a food shop in Yangon. "They (the generals) don't even care about dying people, you think they care about democracy for living people? I don't care about the referendum. It doesn't mean anything."
___
Associated Press writers Alexander G. Higgins in Geneva and Pauline Jelinek in Washington contributed to this report.

အပြည့်အစုံဖတ်လိုလျှင်

ကုလသမဂ္ဂစစ်တပ် မြန်မာနိုင်ငံတွင်းဝင်ပြီး ဒုက္ခသည်များကို ကူညီခွင့်ရှိဟု

ကုလသမဂ္ဂစစ်တပ် မြန်မာနိုင်ငံတွင်းဝင်ပြီး ဒုက္ခသည်များကို ကူညီခွင့်ရှိဟုဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးပြောNEJ/ ၁၅ မေ ၂၀၀၈

မြန်မာနိုင်ငံ မုန်တိုင်းဒုက္ခသည်များ ကယ်ဆယ်ရေးကိစ္စအတွက် နည်းလမ်းမျိုးစုံ စဉ်းစားရာတွင် နိုင်ငံတကာ အသိုင်းအ၀န်းက စစ်အင်အားဖြင့် မြန်မာနိုင်ငံတွင်း ၀င်ရောက်ကူညီရေး နည်းလမ်း သည် ပယ်ချ၍မရသကဲ့သို့ ဥပဒေကြောင်းအရ ကျားကန်ပေးရန်လည်း လိုသည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောသည်။
အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်းမရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့် ရှိသည်ဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက မကြာသေးခင်က ပြောခဲ့သည်။ သဘာဝ ဘေးအန္တရာယ်ကျသည့်ကိစ္စမျိုးတွင် ထိုကုလသမဂ္ဂ လုပ်ပိုင်ခွင့်ကို အသုံးချနိုင်သလား ဆိုသည့် BBC Channel 4 ၏ အမေးကို စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ရန် ဖြစ်နိုင်သည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
အစိုးရတရပ် အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်ဆိုသည့် ကုလသမဂ္ဂ လုပ်ပိုင်ခွင့် (Responsibility to Protect) သည် အစိုးရတရပ်က မိမိပြည်သူများ အတွက် ကယ်ဆယ်ရေး အကူအညီများ လက်မခံဘဲ ငြင်းဆန်နေလျှင်လည်း အကျုံးဝင်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans ကလည်း မေလ (၁၃) ရက်တွင် ပြောသည်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Gareth Evans သည် အစိုးရတရပ်အနေဖြင့် မိမိ ပြည်သူများအပေါ် ကာကွယ်နိုင်စွမ်း မရှိတော့လျှင် လူမှုရေးကိစ္စ အခြေခံပြီး နိုင်ငံတကာ အသိုင်း အ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့်ရှိသည်ဆိုသည့် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) ကို ၂၀၀၅ နှစ်တွင် ချမှတ်နိုင်အောင် ဦးဆောင်စည်းရုံးခဲ့သူဖြစ်သည်။
စစ်ရေးနည်းဖြင့် အရေးပေါ် ၀င်ရောက်စွက်ဖက်နိုင်ခွင့်သည် နိုင်ငံတခုတွင် အစိုးရက လူအစု လိုက်သတ်ဖြတ်နေမှုနှင့် လူမျိုးစုများကို မျိုးပြုတ်အောင် သတ်ဖြတ်ခြင်း စသည့်ကိစ္စမျိုးအတွက် မူလက ရည်ညွှန်းထားခြင်းဖြစ်သည်။ သို့ဖြစ်၍ မြန်မာစစ်အစိုးရကဲ့သို့ ကိုယ့်ပြည်သူများကို နိုင်ငံတကာက ကယ်ဆယ်ရေး မလုပ်နိုင်အောင် ဟန့်တားနေသည့် သဘောဝဘေးအန္တရာယ် ကျရောက်သည့်ကိစ္စမျိုးအတွက် ဥပဒေကြောင်းအရလည်း နည်းလမ်းရှာရန်လိုသည်ဟု ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ဥပမာ-မြန်မာစစ်အစိုးရ ခွင့်ပြုချက်မယူဘဲ ကယ်ဆယ်ရေးပစ္စည်းများကို စစ်တပ်အစောင့် အရှောက်ဖြင့် ပေးလျှင် မရနိုင်ဘူးလားဟု BBC Channel 4 က မေးရာတွင် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းမျိုးစုံကို စဉ်းစားနိုင်သော်လည်း မြန်မာစစ်တပ်အင်အား (၄) သိန်းရှိသည့်အတွက် အဆိုပါကိစ္စကို အလွယ်တကူ အဖြေပေးနိုင်သည့်ကိစ္စဟု မယူဆသင့်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး David Miliband က ဖြေကြားခဲ့သည်။ သို့သော် နိုင်ငံတခု၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ခြင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အလုပ်မဟုတ်ဆိုပြီး သဘောထား ကွဲပြားနေသည့် နိုင်ငံများလည်း ရှိသည်ဟု Mr Miliband က ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများ ခိုးဝှက်နေ

မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများ ခိုးဝှက်နေ NEJ/ ၁၅ မေ ၂၀၀၈

မုန်တိုင်းဒုက္ခသည်များအတွက် နိုင်ငံတကာပေးသည့် ကယ်ဆယ်ရေး အကူညီပစ္စည်းများကို ရောင်းချသူ၊ အလွဲသုံးစားလုပ်သူများကို အရေးယူမည်ဟု စစ်အစိုးရ ရေဒီယိုမှ ယနေ့ ကြေညာသော်လည်း ကယ်ဆယ်ရေးပစ္စည်းများကို စစ်တပ်အတွက် ဦးစားပေး သုံးနေဆဲ ဖြစ်သည်ဟု မြန်မာစစ်အရာရှိတဦးက ပြောသည်။
မှောင်ခိုဈေးကွက်တွင် နိုင်ငံတကာ ကယ်ဆယ်ရေး ပစ္စည်းများ ရောင်းချခြင်း၊ မသမာသည့် နည်းဖြင့် သိုလှောင်ခြင်းများ တွေ့ရှိပါက အစိုးရထံ အကြောင်းကြားရန် အာဏာပိုင်များဘက်မှ နှိုးဆော်ထားသည်။
သို့သော် မြန်မာစစ်တပ်ကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများကို ခိုးဝှက် သိုလှောင် ခြင်းများလုပ်နေသည်ဟု မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ စစ်အစိုးရ ငြိုငြင်မှာစိုးသည့်အတွက် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံများက အမည်ထုတ်ဖော် မပြောသော်လည်း စစ်တပ်ကိုယ်တိုင်က နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများကို ခိုးဝှက် သိုလှောင်နေကြောင်း Adventist Development and Relief Agency ညွန်ကြားရေးမှူး Marcel Wagner က အတည်ပြု ပြောသည်။
ရန်ကုန် ပဲခူးကြားရှိ ခမရ (၁၀၁)၊ ခမရ (၁၀၄) ခမရ (၁၀၅) တပ်ရင်းများရှိ မုန်တိုင်းဒဏ်ထိ စစ်တန်းလျားများ ဦးစားပေး ပြန်ပြင်ရေးအတွက် နိုင်ငံတကာမှပေးသည့် သွပ်ပြားများကို သုံးနေရသည်။ ထို့ကြောင့် ဒုက္ခသည် ပြည်သူများအတွက် ဦးစားမပေးနိုင်သေးဟု အမည်မဖော် လိုသည့် စစ်အရာရှိတဦးက ပြောသည်။ နိုင်ငံတကာ ကယ်ဆယ်ရေးပစ္စည်းများဖြင့် စစ်တန်း လျားများ ပြုပြင်ရန်အတွက် ဦးစားပေးရမည်ဆိုသည့် ကိစ္စကို နေပြည်တော်မှ တိုက်ရိုက်ညွှန်ကြား ထားသလားဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ထိုအတောအတွင်း ရန်ကုန်မြောက်ဒဂုံအပါအ၀င် မြို့နယ်အတော်များများအား ဆန္ဒခံယူပွဲအတွက် ထောက်ခံမဲပေးလျှင် တအိမ်ထောင် သွပ်ပြား (၅) ချပ် ရောင်းပေးမည်ဟု ယယက ဥက္ကဋ္ဌများက လိုက်လံစည်းရုံးနေကြောင်း မြို့ခံများက ပြောသည်။ သို့သော် ပြည်သူအများစုက စစ်အစိုးရကို နေ့စဉ် ပြစ်တင်နေပြီး မေ (၂၄) ဆန္ဒခံယူပွဲတွင်လည်း ကန့်ကွက်မဲထည့်ကြမည်ဟု စုံစမ်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး

မုန်တိုင်းဒုက္ခသည်များထံ အကူအညီများ ရောက်ရှိရေး နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ လိုအပ်ဟု ကုလသမဂ္ဂပြောNEJ/ ၁၅ မေ ၂၀၀၈

ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ ဖြန့်ဖြူးရေးနှင့် ထိရောက်သည့် အကူအညီများ ပေးနိုင်ရန် နိုင်ငံတကာမှ ကယ်ဆယ်ရေး လုပ်သားများကို နာဂစ်လေမုန်တိုင်း ကျရောက်ရာ ဒေသများသို့ ၀င်ခွင့်ပေးရန် မြန်မာစစ်အစိုးရအား ကုလသမဂ္ဂအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက တိုက်တွန်းလိုက်သည်။
မုန်တိုင်းသင့် အချို့ဒေသများတွင် အကူအညီပေးရေးလုပ်ငန်း အနည်းငယ်မျှကို လုပ်ဆောင်လာ နိုင်သော်လည်း စစ်အစိုးရ၏ အကန့်အသတ်များကြားမှ လုပ်ဆောင်ရသည့် ကယ်ဆယ်ရေး လုပ်ငန်းများသည် မည်သို့မျှ ပြည့်ပြည့်၀၀ အကူအညီပေးနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ ဂျွန်ဟုမ်းစ်က ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သည့် ယမန်နေ့ အစည်းအဝေးတွင် သတင်းထောက်များကို ပြောသည်။
ပြည်တွင်းရှိ လုပ်သားများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) များက ဒုက္ခသည် များအား ကူညီလုပ်ဆောင်ပေးနေကြသော်လည်း စစ်အစိုးရက အကူအညီများကို အချိန်ဆွဲ ထားမှုမှာ လွန်ကဲနေကြောင်း၊ နိုင်ငံတကာမှ ကျွမ်းကျင်သူများ၏ အကူအညီနှင့် ဦးဆောင်မှုများ လိုအပ်နေကြောင်း ဂျွန်ဟုမ်းစ်က ပြောသည်။
မုန်တိုင်းကြောင့်သေဆုံးသူဦးရေ (၃၈,၄၉၁) ဦးနှင့် ပျောက်ဆုံးသူ (၂၇,၈၃၈) ရှိကြောင်း မြန်မာ အာဏာပိုင်များက ကြေညာထားသော်လည်း ကုလသမဂ္ဂက မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံရ သူပေါင်း (၁.၆) သန်းမှ (၂.၅) သန်းအကြား ရှိမည်ဟု လောလောဆယ် ခန့်မှန်းထားပြီး နောက် ထပ် မိုးသည်းထန်စွာ ရွာသွန်းမည်ဟုလည်း သတိပေး ကြေညာထားသည်။
ကုလသမဂ္ဂ ဧဂျင်စီများ၊ ကမ္ဘာ့ကြက်ခြေနီ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် နိုင်ငံအချို့မှ လှူဒါန်းသည့် အစားအစာ၊ ရေ၊ ဆေးဝါးအထောက်အကူနှင့် နေရာထိုင်ခင်းအတွက် ပစ္စည်းများ မြန်မာနိုင်ငံသို့ အရေအတွက် မြောက်မြားစွာ ရောက်ရှိနေသော်လည်း ထိုကယ်ဆယ်ရေး အထောက်အပံ့များ မုန်တိုင်းသင့် ဒေသများနှင့် ဒုက္ခသည်များထံ မည်မျှ ရောက်ရှိနေသလဲဆိုသည့်အချက်မှာ အဓိက မေးခွန်းထုတ်စရာ ဖြစ်သည်ဟုလည်း ဂျွန်ဟုမ်းစ်က ထောက်ပြသည်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ တန် (၇၀၀) ရှိသည့် လူ(၁) သိန်း စားသုံးနိုင်သည့် ဆန်၊ အာဟာရ ပြည့်ဘီစကွတ်များနှင့်ပဲ စသည့်စားနပ်ရိက္ခာများကို လေမုန်တိုင်းဒုက္ခသည်များအတွက် မြန်မာ နိုင်ငံသို့ ပေးပို့ပေးထားပြီးဖြစ်သည်။
မြန်မာစစ်အစိုးရက ယခုအချိန်အထိ သာမန်အရပ်သားများ အပါအ၀င် စစ်ဘက်ဆိုင်ရာ ၀န်ထမ်း များ၊ ရဟတ်ယာဉ်နှင့် အင်ဂျင်နီယာအဖွဲ့ စသည်တို့၏ အကူအညီ ကမ်းလှမ်းမှု မှန်သမျှကို လက်မခံသေးသည်မှာ စိတ်မကောင်းစရာဖြစ်ကြောင်း၊ မုန်တိုင်းကျရောက်ခဲ့သည့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးရာတွင် ထောက်ပံ့ပို့ဆောင်ရေးသည် အဓိက အရေးကြီးကြောင်း ဂျွန်ဟုမ်းစ်က ပြောကြားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

အနုပညာသည်များ ကူညီထောက်ပံ့မှု အရှိန်အဟုန်ကောင်း၊

အနုပညာသည်များ ကူညီထောက်ပံ့မှု အရှိန်အဟုန်ကောင်း၊ အချို့နေရာတွင် နှောင့်ယှက်ခံရNEJ/ ၁၅ မေ ၂၀၀၈

လေဘေးဒုက္ခသည်များကို ကူညီထောက်ပံ့နေကြသည့် စာပေ၊ ရုပ်ရှင် အနုပညာသည်များ၏ ဆောင်ရွက်မှုများ အရှိန်အဟုန် ကောင်းလာသကဲ့သို့ နှောင့်ယှက်ခံရမှုများလည်း ရှိကြောင်း သိရသည်။
မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံလိုက်ရသည့် မြို့များတွင် ကူညီထောက်ပံ့နိုင်ရန်အတွက် လူခွဲ ဖြန့်ပြီး လုပ်ဆောင်မှုများကြောင့် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ထင်ရှားသည့် အနုပညာရှင် ကိုဇာဂနာက ပြောသည်။
၎င်းက “မြို့တိုင်း တော်တော်များများကို ကျနော်တို့ အခု ရောက်ကုန်ပါပြီ။ အခု ပန်းတနော်မှာ ဆိုရင် ကိုဧရာတို့အဖွဲ့၊ လပွတ္တာမှာဆိုရင် ကိုဝေဠုကျော်တို့အဖွဲ့ရှိတယ်။ ကိုငှက်ပျောကျော်တို့က မအူပင်နဲ့ ကွမ်းခြံကုန်းကို တာဝန်ယူထားပါတယ်။ ဒီကနေ ကိုယ့်လူနဲ့ကိုယ် ကျနော်တို့ဆီက အဖွဲ့ထဲက ရုပ်ရှင်သရုပ်ဆောင်တွေရော၊ တခြားပြည်သူတွေရော၊ တခြား စိတ်ပါဝင်စားတဲ့ လူငယ်တွေရော စုပြီးတော့ အထိုင်သွားနေတယ်။ ကျနော်တို့က ရန်ကုန်ကနေပြီး သူတို့ဆီက အကြောင်းကြားတာနဲ့ ကားနဲ့မနက်ကို ပုံမှန်ပို့ပါတယ်” ဟု ပြောသည်။ အနုပညာသည်များ၏ ကူညီထောက်ပံ့မှုများကို ဒုက္ခသည်များ တုံ့ပြန်မှုနှင့် ပတ်သက်ပြီး ကိုဇာဂ နာက “မနေ့က ကျနော်တို့အဖွဲ့ ကွမ်းခြံကုန်းကို ဆင်းပြီးပေးတဲ့ အချိန်မှာ ပြည်သူတွေ အကုန် လုံးက နေ့တိုင်းလာကြပါ သားတို့ရယ်၊ အမေတို့ကို ပစ်မထားပါနဲ့ဆိုပြီး ငိုယိုပြီးတော့ကို ကယ်တင်ရှင်တွေလာသလိုပေါ့ဗျာ၊ အဲလိုမျိုးကြီးကို ဖြစ်နေတာ” ဟု ပြောသည်။
ပြီးခဲ့သည့် မေ (၁၃) ရက်က ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ရုပ်ရှင်မင်းသား ကျော်သူနှင့်အဖွဲ့အား သံလျင်မှ ကျောက်တန်းအသွား လမ်းခုလတ်တွင် ကြံ့ဖွံ့ အဖွဲ့ဝင်များက နှောင့်ယှက်မှုများ ရှိခဲ့ကြောင်း သိရသည်။
ကျော်သူက “တညင်၊ ပါဒကြီးအကျော်မှာပေါ့လေ၊ အယောက် (၂၀) လောက်ရှိတယ်၊ ကားကို ၀င်ဝိုင်းတာပေါ့လေ၊ ထိခိုက်ဒဏ်ရာရမှုထိတော့မရှိဘူး၊ ကျနော်တို့လည်း မောင်းပြေးတဲ့ အပိုင်း ဖြစ်တာပေါ့၊ ကျနော်ပြောလည်း ပြောထားပြီးပါပြီ၊ ကျနော့်ကိုသာ ဆွဲစိပါတော့လို့” ဟု ပြောသည်။
ယင်းဖြစ်ရပ်အပေါ် ကိုဇာဂနာက “အဖြစ်မှန်က ဒီလိုဗျ။ နှောင့်ယှက်တယ်ဆိုတာထက် သူတို့က တောင်းတာဗျ။ တောင်းတဲ့ခါကျတော့ ကျနော့်သူငယ်ချင်း ကိုကိုမောင် (ကျော်သူ) က မပေး ချင်ဘူး။ မပေးချင်တော့ သူတို့က လုမယ်၊ ယက်မယ်အဆင့်ဖြစ်သွားတာပေါ့။ အမှန်တိုင်း ပြောရမယ်ဆိုရင်တော့ အဲဒီကြံ့ဖွံ့တွေကလည်း လေဘေးဒဏ် ခံနေရတဲ့ ကြံ့ဖွံ့တွေပါပဲ” ဟု ပြောသည်။ ယခု ကူညီထောက်ပံ့ပေးနေသော အနုပညာရှင်များနှင့် စစ်အစိုးရ ဖွဲ့စည်းပေးထားသော ရုပ်ရှင် အစည်းအရုံးမှ လေဘေးကူညီရေး အစီစဉ်များနှင့် မပတ်သက်ကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ခိုကိုးရာမဲ့လေဘေးဒုက္ခသည်များ နှင်ထုတ်ခံနေရ

ခိုကိုးရာမဲ့လေဘေးဒုက္ခသည်များ နှင်ထုတ်ခံနေရပီတာအောင်/ ၁၅ မေ ၂၀၀၈

ရန်ကုန်တိုင်း၊ မြို့နယ်အချို့ရှိ စာသင်ကျောင်းများတွင် ခေတ္တ ခိုအောင်းနေကြသည့် လေဘေး ဒုက္ခသည်များကို အာဏာပိုင်များက နှင်ထုတ်နေကြောင်း ဒုက္ခသည်များက ပြောသည်။
ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံ ရပ်ကွက်ရှိ အ.မ.က (၁၂) ၌ ခိုအောင်းနေသော လေဘေးဒုက္ခသည် (၆၀၀) ကျော်ကို ပြီးခဲ့သည့် တနင်္လာနေ့က ရပ်ကွက်အာဏာပိုင်များက နှင်ထုတ်ခဲ့သည်။ ထို့အပြင် နေအိမ်များ ပြိုပျက်သွားကာ နေစရာ လုံးဝမရှိသဖြင့် ဗိုလ်ထွန်းဇံရပ်ကွက် ဗိုလ်မြတ် ထွန်းလမ်းထိပ်ရှိ အစိုးရပိုင် ဆန်ဂိုဒေါင်၌ ခိုအောင်းနေရသည့် ဒုက္ခသည် (၅၂) ဦးတို့မှာလည်း နှင်ထုတ်ခံခဲ့ရသည်ဟု ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။
၎င်းက “ရယက ဥက္ကဋ္ဌက သမီးတို့ကို မောင်းထုတ်တယ်။ နင်တို့ ထွက်ကြတဲ့၊ မထွက်လို့ရှိရင် စစ်တပ်နဲ့ခေါ်ပြီး ငါတို့ မောင်းထုတ်မယ်လို့ ပြောတယ်။ မောင်းထုတ်လိုက်ပြီဆိုတော့ သမီးတို့ လမ်းမမှာပဲ နေရတော့မှာပေါ့။ အခု မောင်းထုတ်နေတယ်။ အကုန်လုံး ကိုယ်စီကိုယ်စီ ဆင်းနေရပြီ၊ ထွက်နေရပြီ။ မိုးရွာရွာ နေပူပူ သမီးတို့ဘ၀ အဲလိုပဲ နေရတော့မှာပေါ့” ဟု ပြောသည်။
အဆိုပါဒုက္ခသည် (၅၂) ဦးအနက် လူကြီး (၂) ဦးနှင့် ကလေး (၁) ဦးတို့ ၀မ်းရောဂါဖြစ်နေပြီး ဒုက္ခသည်များသည် အစားအစာအတွက် အခက်အခဲဖြစ်နေကြသည်။
“အစားအသောက်အတွက် ထမင်းထုပ်ပေးတယ်။ ပေးတာလည်း ထမင်းထုပ်က ပဲပြုတ်နဲ့ဆိုတော့ ပဲပြုတ်တွေက ချဉ်ပြီးနံနေတယ်။ ထမင်းထုပ်ကိုတောင် နေ့တိုင်းမကြွေးဘူး။ အလှူရှင်ရှိမှ လာကြွေးတယ်။ နိုင်ငံတကာက အလှူရှင်တွေ လာတယ်လို့သာ ပြောတယ်။ သမီးတို့ဆီကို နိုင်ငံတကာက ပစ္စည်းတွေ ဘာပစ္စည်းမှ မရဘူး။ အခု စက်မှု (၁) ကထုတ်တဲ့ ဘီစကွတ်မုန့်တွေ ဝေပေးတယ်။ ခေါက်ဆွဲခြောက်တွေ ဝေပေးတယ်။ ဒုက္ခသည်တွေကို တအိမ်ထောင် အာလူး (၃) လုံး၊ ကြက်သွန် (၅) လုံးနဲ့ ဆန် (၂) ဘူး ဝေတယ်” ဟု အဆိုပါ ဒုက္ခသည်က ပြောသည်။
အလားတူ တောင်ဒဂုံနှင့် ရွှေပေါက္ကံမြို့နယ်တို့ရှိ စာသင်ကျောင်းများ၌ ခိုအောင်းနေသည့် ဒုက္ခ သည်များကိုလည်း အာဏာပိုင်များက နှင်ထုတ်နေကြောင်း ဒေသခံများက ပြောသည်။
တောင်ဒဂုံ၌ နေထိုင်သူတဦးက “တောင်ဒဂုံမှာလည်း အဲလိုမျိုး ညွှန်ကြားထားတာရှိတယ်။ ဒဂုံ တောင်မြို့နယ် ပညာရေးမှူး ဦးသန်းဌေးက ကျောင်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို (၁) ရက်၊ (၂) ရက်အတွင်းမှာ အပြီးဖယ်ပေးပါလို့ ပြောတယ်။ အဲဒီညွှန်ကြားမှုကို မနာခံဘူးဆိုရင် မနာ ခံတဲ့လူကို တာဝန်အရ အရေးယူမယ်လို့ ပြောတယ်” ဟု ပြောသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် တောင်ဒဂုံရှိ စာသင်ကျောင်းမှ အပျက်အစီးများကို ပြုပြင်ရန် အတွက် ကျောင်းသားမိဘများအား တာဝန်ယူခိုင်းကြောင်းနှင့် ဒုက္ခသည်များအတွက် ကုလ သမဂ္ဂမှ လှူဒါန်းသည့် ပစ္စည်းထုပ်များအား ဖွင့်ကြည့်ရာတွင် စက်မှု (၁) ထုတ် ၀င်းသူဇာပုဆိုးများ ဖြစ်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
နအဖ စစ်အစိုးရကမူ ဒုက္ခသည်များအတွက် ရွက်ဖျင်တဲများ ဆောက်လုပ်ကာ အကူအညီပေး ထားပုံနှင့် နိုင်ငံတကာ အကူအညီများ ဖြန့်ဖြူးပေးနေပုံတို့ကို ၎င်းတို့ပိုင် သတင်းစာနှင့် ရုပ်မြင် သံကြားတို့မှ ထုတ်လွှင့်ပြသလျက်ရှိသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဆန္ဒခံယူပွဲမပြီးဆုံးသေးခင် မဲရလဒ် စစ်အစိုးရကြေညာ

ဆန္ဒခံယူပွဲမပြီးဆုံးသေးခင် မဲရလဒ် စစ်အစိုးရကြေညာNEJ / ၁၅ မေ ၂၀၀၈


ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးသူများက တခဲနက်အတည်ပြုကြသည်ဟု ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၏ မြန်မာ့အသံမှ ကြေညာချက်ကို ကိုးကား၍ အေဂျင် စီသတင်းများတွင် ဖော်ပြသည်။
ပြီးခဲ့သည့် မေလ (၁၀) ရက်က ကျင်းပခဲ့သည့် အခြေခံဥပဒေမူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ ဆန္ဒမဲပေးသူ (၂၀,၇၈၆,၅၉၆ ) သို့မဟုတ် (၉၂. ၄) ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ပြီး (၁,၃၇၅,၄၈၀) က ကန့်ကွက်မဲပေးကာ ပယ်မဲ (၃၃၄, ၅၈၄) ရှိသည်ဟု ကော်မရှင်က ကြေညာ သည်။
မြန်မာတနိုင်ငံလုံးရှိ မြို့နယ် (၃၂၅) မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၂,၇၀၈,၄၃၄) ဦးရှိသည့် အနက် (၂၇၈) မြို့နယ်မှ (၂၂,၄၉၆,၆၆၀) ဦး သို့မဟုတ် (၉၉.၀၇) ရာခိုင်နှုန်းက မေ (၁၀) ရက်က ဆန္ဒမဲ ပေးခဲ့ကြပြီးဖြစ်သည်ဟု သတင်းတွင် ပါရှိသည်။
လေဘေးဒဏ်ခံရသည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ မြို့နယ် (၄၇) မြို့နယ်တို့၌ လာမည့် (၂၄) ရက်၌ ဆန္ဒခံယူပွဲ ကျင်းပရန် ကျန်ရှိနေသေးသည်။
တနိုင်ငံလုံး၌ ဆန္ဒခံယူပွဲ မပြီးစီးသေးဘဲ ယခုကဲ့သို့ မဲရလဒ် ကြေညာခြင်းသည် တရားမျှတမှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
၎င်းက “သူတို့ကတော့ အတင်းရော အဓမ္မရော ဇွတ်လုပ်နေတာပါပဲ။ ဆန္ဒခံယူပွဲ စလုပ်ကတည်း က မဲရုံကအစ ဘယ်ဟာမှ သူတို့ ထုတ်ပြန်ထားတဲ့ တရားဥပဒေနဲ့ မညီပဲ လုပ်သွားတယ်။ လက် တွေ့မှာလည်း အန်ကယ်လ်တို့ရတဲ့ သတင်းတွေအရ လုံးဝ တရားမျှတမှု မရှိဘူး။ အတင်းအဓမ္မ ထောက်ခံမဲရအောင် လုပ်သွားတယ်၊ အဲဒါကြောင့် ဒီဟာနဲ့ ပတ်သက်ရင် တရားဥပဒေအရ အတည်မဖြစ်ဘူးလို့ ပြောချင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ (ဘီအယ်လ်စီ) ကလည်း ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ဥပဒေ ၁/၂၀၀၈ အခန်း (၉) အပုဒ် (၂၃) ပါ ဆန္ဒခံယူပွဲ ပြီးစီးသည့်အခါ မဲစာရင်းများကို တပေါင်းတည်း စာရင်းချုပ်၍ ကြေညာရမည်ဆိုသည့် ပြဋ္ဌာန်းထားချက်ကို ကော်မရှင်က ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ပြောကြားသည်။
ဘီအယ်လ်စီမှ ဥပဒေရေးရာ သုံးသပ်ရေးအဖွဲ့တာဝန်ခံ ဦးမျိုးက “ဒီလိုကြေညာတာ လုံးဝတရား မ၀င်ပါဘူး။ ဆန္ဒခံယူပွဲဆိုတာ ဆန္ဒခံယူပွဲပြီးမှ မဲစာရင်းကို အတိအကျ ကြေညာရပါတယ်။ တခု လုံးရဲ့စာရင်းကို ကြေညာရပါတယ်။ ခု (၄၇) မြို့နယ် ကျန်သေးတယ်ခင်ဗျ။ (၄၇) မြို့နယ်မှာ ဘာမှ မဲပေးပွဲ မလုပ်ရသေးဘူး။ ဘာမှ အဆင်သင့်မဖြစ်တဲ့အပေါ် မူတည်ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေအရ သူတို့ ကြောက်အား ကြောက်ကန်နဲ့ ကြေညာတယ်လို့ သဘောရပါတယ်” ဟု ပြောသည်။
မေလ (၁၀) ရက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် မတရားမှု၊ မသမာမှု၊ ဖိနှိပ်ချုပ်ချယ်မှုများဖြင့် ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲဖြစ်၍ ထိုဆန္ဒခံယူပွဲရလဒ်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာက လုံးဝ အသိအမှတ် မပြုရန်နှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကော်မရှင်ကို ဖျက်သိမ်းရန်လည်း ဘီအယ်လ် စီက တောင်းဆိုသည်။
အခြေခံဥပဒေမူကြမ်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅၀) ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရပါက အခြေခံဥပဒေမူကြမ်းကို အတည်ပြုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်