စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 10, 2008

ထိန်းသိမ်းခံ လူရွှင်တော် ဇာဂနာအတွက် ကုလ စိုးရိမ်မကင်းဖြစ်

10 June 2008

မြန်မာနိုင်ငံက ဆိုင်ကလုံးမုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ရေးတွေလုပ်နေတဲ့ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာစစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အပေါ် သူ့ အနေနဲ့ အလွန့်အလွန် စိုးရိမ်ပူပန်နေရတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အသစ် ထောမတ်စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုဇာဂနာရဲ့သတင်းကိုရဖို့ သူ့အနေနဲ့ မြန်မာစစ်အစိုးရကို ဆက်သွယ်ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူး၊ အခုအခါ ကိုဇာဂနာ ဘယ်ကိုရောက်နေတယ်ဆိုတာ မသိရှိရဘူးလို့ လည်း မစ္စတာ ကင်တာနားက ဆိုပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေကို စေတနာ့ဝန်ထမ်း ကူညီစောင့်ရှောက်နေတဲ့ ကိုဇာဂနာကို ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးပြီး ကိုဇာဂနာရဲ့အိမ်ကို အာဏာပိုင်တွေက ရှာဖွေရာမှာ ဒုက္ခသည်တွေကို ကူညီဖို့ အလှူငွေ အမေရိကန်ဒေါ်လာ ၁,၀၀၀ နဲ့ ဆိုင်ကလုံးဒဏ်သင့်ဒေသတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ စီဒီခွေတွေ ကိုလည်း သိမ်းယူသွားခဲ့ပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံခြားမြန်မာသံတမန်များ၏ နိုင်ငံကူးလက်မှတ်များ အသိမ်းခံရ

NEJ/ ၁၀ ဇွန် ၂၀၀၈

လန်ဒန်မြန်မာသံရုံး သံတမန်တဦး ထွက်ပြေးပြီးနောက်ပိုင်း နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊
ဝန်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သံအမတ်ကြီးများက သိမ်းထားသည်ဟု ခိုင်လုံသည့် သံတမန် သတင်းရပ်ကွက်က ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊ ၀န်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သိမ်းထားရန် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင်စာဖြင့် ညွှန်ကြားချက် မရှိသော်လည်း နှုတ်မိန့်အရ ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်များကို သိမ်းထားခြင်းဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။

မြန်မာသံရုံးဝန်ထမ်းများ ထွက်ပြေးမှုများလာပြီးနောက်ပိုင်း အလားတူ ထွက်ပြေးမှုများကို ကာကွယ်သည့်အနေဖြင့် နိုင်ငံကူးလက်မှတ်များကို ယာယီ သိမ်းထားခြင်းဖြစ်သည်ဟု လန်ဒန် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ မြန်မာသံတမန်များအပေါ် သံအမတ်ကြီးများ ပြုမူပုံမှာ မလေးရှားတွင် လာအလုပ်လုပ်သည့် မြန်မာအလုပ်ကြမ်းသမား
များ၏ နိုင်ငံကူးလက်မှတ်ကို အလုပ်ရှင်က သိမ်းထားသည့် ပုံစံမျိုးဖြစ်နေ၍ သံရုံးဝန်ထမ်း
အများစုက မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

လန်ဒန်မြန်မာသံရုံးမှ ရုံးအုပ်ကြီး ဒေါ်နွယ်နီ ထွက်မပြေးခင် လပိုင်းအတွင်း ဒုတိယအတွင်းဝန် ဦးရဲမင်းထွန်း လန်ဒန်မြန်မာသံရုံးမှ ထွက်ပြေးခဲ့သည်။ ဒုတိယ အတွင်းဝန် ဦးရဲမင်းထွန်းနှင့် မရှေးမနှောင်းမှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးရဲထွဋ်လည်း မြန်မာသံရုံးမှ ထွက်ပြေးခဲ့သည်ဟု ခေတ်ပြိုင်က စုံစမ်းသိရသည်။

၁၉၉၀ ခုနှစ်များ နှောင်းပိုင်းတွင် ဂျာမနီ မြန်မာသံရုံးမှ ဦးဇင်မောင်မောင် ထွက်ပြေးပြီးနောက်ပိုင်း ဂျာမနီ မြန်မာသံအမတ်ကို အရေးယူ ရာထူးမှ ဖြုတ်ပစ်သကဲ့သို့ သံရုံးဝန်ထမ်း အတော်များများ ကိုလည်း အပြောင်းအရွှေ့ လုပ်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် လက်ထက်ထိ သံရုံးထွက်ပြေးမှုများနှင့် ပတ်သက်၍ သံအမတ်ကြီးများကို အရေးယူခဲ့သည်။ သို့သော် လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း
လက်ထက် သံရုံးပြေးကိစ္စများအတွက် သက်ဆိုင်ရာ သံအမတ်များကို သီးခြား အရေးမယူဘဲ နိုင်ငံခြား မြန်မာသံရုံး သံတမန်များ၊ ၀န်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို သံအမတ်ကြီး များက ယခုကဲ့သို့ သိမ်းထားခြင်းဖြစ်သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်မြို့တော်တွင် ငွေပေးမှ လျှပ်စစ်မီးမြန်မြန်ရ၊ ငွေကောက်ခံသူ ရယက အဖွဲ့ဝင်တဦး အရိုက်ခံရ

NEJ/ ၁၀ ဇွန် ၂၀၀၈

ရန်ကုန်တွင် နာဂစ်မုန်တိုင်းအပြီး (၁) လကျော်ကြာသည်အထိ မြို့နယ်လျှပ်စစ်ရုံး (EPC) သို့ ပိုက်ဆံပေးနိုင်သည့်မြို့နယ်များတွင် မီးမြန်မြန်ရရှိပြီး ပိုက်ဆံမပေးနိုင်သည့် မြို့နယ်များတွင် ယခုတိုင်လျှပ်စစ်မီး မရသေးကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သာကေတမြို့နယ် ထူပါရုံရပ်ကွက်တွင် ကြံ့ဖွံ့က တအိမ်ကို ကျပ် (၅၀၀) မီးရရှိရန် ကောက်ခံပြီး ရပ်ကွက်စေတနာရှင်တဦးက EPC သို့ ငွေကျပ် (၂) သိန်း ပေးလိုက်ပြီးသည့်နောက် ရပ်ကွက်တွင် မီးရရှိခဲ့သော်လည်း တာမွေမြို့နယ် ကျိုက္ကဆံအိမ်ယာအတွင်း နေထိုင်သူများက ပိုက်ဆံမပေးဘဲ နေသဖြင့် ယခုထိ လျှပ်စစ်မီး မရရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာမြို့နယ် EPC ရုံးများကို ဆက်သွယ်
၍ ငွေပေးပါက မီးမြန်ဆန်စွာ ရရှိကြောင်း တောင်ဥက္ကလာ (၄) ရပ်ကွက်သားတဦးက ပြောသည်။

၎င်းက “ကျနော်တို့ နာဂစ်ဖြစ်ပြီး (၃) ရက်အကြာမှာ EPC ကို (၂) သိန်းခွဲ ပေးလိုက်ကြတယ်။ မီးလာတာပဲ” ဟု ပြောသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးဘုတ်အဖွဲ့ဝင်က တရားဝင်ထုတ်ပြန်ထားသည့် ကြေညာချက်တွင် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ငွေကြေးကောက်ခံမှု ပြုလုပ်ပါက ၎င်းတို့ လျှပ်စစ်ရုံးကို ဆက်သွယ်တိုင်ကြားနိုင်သည်ဟု ဖော်ပြထားသည်။

လျှပ်စစ်လိုင်း ပြန်လည်ပြုပြင်သူများမှာ ရန်ကုန်မှ ၀န်ထမ်းများအပြင် အခြား နာဂစ်ဒဏ်မခံရ
သော ဒေသတို့မှ ၀န်ထမ်းများလည်း ပါဝင်ကြောင်း၊ အဆိုပါ အခြားဒေသမှ ၀န်ထမ်းများကို ကျွေးမွေးဧည့်ခံရန်အတွက် EPC နှင့် ကြံ့ဖွံ့က ယခုကဲ့သို့ ငွေကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လျှပ်စစ်မီးရရန်အတွက် ပြည်သူများထံမှ ငွေကောက်ခံသည့် သုဝဏ္ဏမြို့နယ် (၂၉) ရပ် ကွက်မှ ရယက အဖွဲ့ဝင် ဦးသိန်းဟန်မှာမူ အရိုက်ခံရပြီး ဦးခေါင်းတွင် (၆) ချက် ချုပ်လိုက်ရ ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတဦးက ခေတ်ပြိုင်သို့ ပြောသည်။

“ပြီးခဲ့တဲ့ ဇွန် (၂) ရက်က ဖြစ်တာ။ ရိုက်တာကောင်းတယ်။ ဘာလို့လဲဆိုတော့ အခု နာဂစ်မုန်တိုင်း ပြီးတာ (၁) လကျော်နေပြီ။ ပထမတုန်းက ဒီရပ်ကွက်မှာ ဓာတ်တိုင်တွေ ထူတယ်ဆိုပြီး ကျပ် (၂,၀၀၀) လာကောက်တယ်၊ အားလုံးက ထည့်လိုက်တယ်။ နောက်တခါ မီးလာဖို့ဆိုပြီး ကျပ် (၂,၀၀၀) လာကောက်တယ်၊ မီးလာမယ်ဆိုလို့ ထည့်ကြတယ်။ နောက်တခါ မီးကြိုးဝယ်ဖို့ဆိုပြီး ကျပ် (၂,၀၀၀) လာကောက်တော့ ရိုက်တော့တာပေါ့။ ဒီပိုက်ဆံက ကျမတို့အိမ်တွေ အားလုံး ထည့်ရတာ၊ အခုထိ မီးမရသေးဘူး” ဟု သုဝဏ္ဏမြို့နယ် (၂၉) ရပ်ကွက်တွင်နေသူ့ မနိုင်နိုင်အေး က ပြောသည်။

နာဂစ်အပြီး ပျက်စီးသွားသော လျှပ်စစ်ဆက်စပ်ပစ္စည်းများ ပြန်လည်ပြုပြင်ရန်အတွက် အမှတ်
(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တမြို့နယ်ကို ငွေကျပ် သိန်း (၄၀) နှုန်းဖြင့် မြို့နယ်တိုင်းသို့ ချပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်ရုံး ခိုင်လုံသော သတင်းရပ်ကွက်မှ သိရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသူ (၁၅) ဦး ပြန်လည်လွတ်မြောက်

ပီတာအောင်/ ၁၀ ဇွန် ၂၀၀၈


ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှ ပါတီဝင် (၁၅) ဦးတို့သည် အင်းစိန်ဂျီတီစီတွင် ထိန်းသိမ်းခံ ထားရရာမှ ယမန်နေ့ည၌ ပြန်လွတ်လာကြသည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဖွဲ့ချုပ်ဝင်များသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းပြည့်သည့် ပြီးခဲ့ သည့် မေ (၂၇) ရက်တွင် ဓာတ်ပုံနှင့် ပိုစတာတို့ ကိုင်ဆောင်၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းဘက်သို့ လမ်းလျှောက်ဆန္ဒပြစဉ် အာဏာပိုင်များ၏ ဒိုင်နာကားပေါ် အဓမ္မဆွဲတင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပြန်လွတ်လာသူတဦးဖြစ်သူ အန်အယ်လ်ဒီ ရွှေပြည်သာမြို့နယ်မှ ဒေါ်ထက်ထက်ဦးဝေက
“(၁၄) ရက် နေခဲ့ရပြီးတော့ မနေ့က ည (၉) နာရီကမှ ပြန်လွှတ်ပေးလိုက်တယ်။ ဆန္ဒပြမှုတခုကို ဖြစ်ပေါ်စေတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေတယ်။ နောက်တခါ ထပ်လုပ်မယ်
ဆိုရင် နိုင်ငံတော်ရဲ့တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်ဆိုတာကို သိရှိကြောင်း ခံဝန်ချက်
လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု ပြောသည်။

ဖမ်းထားချိန်၌ အာဏာပိုင်များက ကောင်းမွန်စွာ ဆက်ဆံသော်လည်း အေးချမ်းစွာ ဆန္ဒပြသူ များအား အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သက်တမ်းတိုးချဲ့၍ ဆက်ဖမ်းဆီးထားခြင်း သည် တည်ဆဲဥပဒေနှင့် ဆန့်ကျင်နေသည့်အပြင် တရားမျှတမှုလည်းမရှိသဖြင့် အယူခံဝင်ခွင့် ပေးရန် အန်အယ်လ်ဒီက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုသည်။

ဦးဉာဏ်ဝင်းက “ဒီဥစ္စာဟာ ဥပဒေအရ လုံးဝမှားနေတယ်။ ဥပဒေနဲ့အညီ အယူခံခွင့်ပေးပါ။ အယူခံမှာ ဥပဒေအရ ကျနော်တို့ဘက်က ခိုင်ခိုင်လုံလုံတင်ပြဖို့ အပြည့်အစုံရှိတယ်ဆိုတာ ကျနော်တို့ ကြေညာချက်ထုတ်တာပါ။ ဘယ်အချိန်ကပဲ စတွက်တွက် ဒေါ်အောင်ဆန်းစုကြည်ကို စဖမ်းတာ မေ (၃၀) ၂၀၀၃ ခုကပါ။ ခုဆို (၅) နှစ်ကျော်ပါပြီ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပေဒေ ပုဒ်မ ၁၀(ခ) ဖြင့် ဖမ်းထားခြင်းဖြစ်ပြီး လက်ရှိ တည်ဆဲ ဥပဒေအရ အများဆုံး သက်တမ်း (၅) နှစ်ထိသာ နေအိမ်အကျယ်ချုပ် ချခွင့်ရှိသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းကို (၂၈) ရက် မေလ ၂၀၀၈ ခုမှ (၂၇) ရက် မေလ ၂၀၀၉ ခု အထိထပ်တိုးလိုက်ကြောင်း၊ ထိုသို့ ထပ်တိုးခြင်းသည် (၄) နှစ်နှင့် (၆) လ တားဆီးကန့် သတ်လိုက်ခြင်းဖြစ်ပြီး ဥပဒေသတ်မှတ်ချက်ထက် မပိုဟု ဇွန် (၆) ရက် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ ဆွေးနွေးပွဲ၌ ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဆန်ဝါများ ၀င်ရောက်၊ ဆန်ဈေး အနည်းငယ်ကျ

NEJ/ ၁၀ ဇွန် ၂၀၀၈

ရန်ကုန်မြို့ ဆန်စပါးဈေးကွက်သို့ မိုးစိုစပါးများကို ကြိတ်ခွဲထားသည့် ဆန်ဝါများ အဆက်မပြတ်
ဝင်ရောက်လာမှုကြောင့် အခြားအမျိုးအစား ဆန်များလည်း ဈေးနှုန်း အထိုက်အလျောက် ကျဆင်းလာကြောင်း ဆန်ကုန်သည်များက ပြောသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘုရင့်နောင်ပွဲရုံမှ ဆန်ကုန်သည်တဦးက “ဒီ (၁၀) ရက်လောက်အတွင်း ဧရာဝတီတိုင်း လေဘေး
ထိ မြို့တွေက ဆန်စက်တချို့ ပြန်လည်လာ နိုင်တယ်။ ဒီအခါ မုန်တိုင်းမိပြီး ရေစိုထားတဲ့ စပါး တွေကို နေလှမ်း ကြိတ်ခွဲပြီး စားတာစား၊ တချို့ကို ဈေးပေါပေါနဲ့ ရောင်းဖို့ ရန်ကုန်ကို တင်လာ ကြတယ်” ဟု ပြောသည်။

မြောင်းမြ၊ ဒေးဒရဲ၊ မော်ကျွန်းဘက်မှ အဓိက ၀င်ရောက်ပြီး ဘိုကလေးနှင့် လပွတ္တာဘက်တို့မှ
အ၀င်နည်းကြောင်း၊ ဆန်ကောင်းမကောင်းပေါ် မူတည်ပြီး တအိတ် ကျပ် (၁) သောင်း၊ (၁) သောင်းကျော်ခန့် ရှိကြောင်း၊ အဆိုပါဆန်များသည် ရေစိုထားသည့်အတွက် ကြာကြာထားမခံဘဲ အနံ့ထွက်ကာ ပျက်စီးသည့်အတွက် မြန်မြန်အရောင်းဝယ် လုပ်ကြကြောင်း အဆိုပါ ဆန်ကုန် သည်က ပြောသည်။

ယခုကဲ့သို့ အထားမခံသည့် ရေစိုဆန်ဝါများ ဈေးကွက်အတွင်း အလုံးအရင်းဖြင့် ၀င်ရောက်လာမှု ကြောင့် အခြားဆန်အမျိုးအစားများလည်း တအိတ် ကျပ် (၂,၀၀၀) ကျော်မှ ကျပ် (၅,၀၀၀) ခန့် အထိ ကျဆင်းသွားကြောင်း သိရသည်။

ဇီယာ အမျိုးအစား ဧည့်မထဆန် တအိတ်ကို ယခင်က ကျပ် (၂၂,၀၀၀) မှ ကျပ် (၂၀,၃၀၀) ခန့်၊ မော်ကျွန်းပေါ်ဆန်းမွှေးတအိတ်ကို ယခင်က ကျပ် (၃၅,၀၀၀) မှ ကျပ် (၃၀,၀၀၀) ခန့်၊ ပေါ်ဆန်း ရှယ်စ ယခင်က ကျပ် (၄၀,၀၀၀) ၀န်းကျင်မှ ကျပ် (၃၄,၀၀၀) ခန့်အထိ ယခုရက်ပိုင်းအတွင်း ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

ဆန်ဈေးနှုန်းများ ကြီးမြင့်ပြီး ဆင်းရဲသား လူတန်းစားများ ၀ယ်မစားနိုင်ပါက ဆူပူမှုများ ဖြစ်လာ မည်ကို စိုးရိမ်သည့်အတွက် နအဖစစ်အစိုးရက အထူးဆန်ဆိုင်များဖွင့်ပြီး ဆန်တပြည် (၇၀၀) ကျပ်နှင့် တအိတ် ကျပ် (၁၆,၈၀၀) နှုန်းဖြင့် ရောင်းချပေးနေသော် လည်း ပြည်သူအများစုမှာ ဆင်းရဲသည့်အတွက် စားသုံးရန်မသင့်သည့် တပြည်ကျပ် (၅၀၀) ဖြင့် ရရှိသည့် ရေဆိုဆန်ဝါ
များကို ယခုကဲ့သို့ ၀ယ်ယူစားသုံးနေကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်းမှာ မိုးစပါးမစိုက်နိုင်တော့ နောက်တနှစ်ထိ ရိက္ခာထောက်ပံ့ရန်လို

NEJ/ ၁၀ ဇွန် ၂၀၀၈

ဧရာဝတီတိုင်းတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့် လယ်များ၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရန် မဖြစ်နိုင်တော့ သည့်အတွက် နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးလိုက်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Fig: ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ပြောခွင့်ရပုဂ္ဂိုလ် Mr Paul Risley

ဧရာဝတီတိုင်း စပါးစိုက်ဧက (၃) သန်းကျော်အနက် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွားပျက်စီးသည့် စပါးစိုက်ဧက (၅) သိန်းကျော်ရှိပြီး ယခုနှစ် မိုးစပါးအမီ စပါးစိုက်ရန် မဖြစ်နိုင်တော့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ပြောသည်။

ဧရာဝတီတိုင်းတွင် အနည်းဆုံး နောက်နှစ် နွေစပါးပေါ်သည်အထိ စားနပ်ရိက္ခာ အကူအညီ လိုမည် ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ပြောခွင့်ရပုဂ္ဂိုလ် Paul Risley ကလည်း ပြောသည်။
ဧရာဝတီတိုင်းတွင် ယခုနှစ် မိုးစပါးရာသီ လွတ်မသွားအောင် စပါးအတန်အသင့် စိုက်နိုင်ရန် FAO အဖွဲ့က ကြိုးပမ်းကူညီပေးနေသည်။ သို့သော် လယ်သမားအများစုအတွက် ဆုံးရှုံးသွားသည့် ရိက္ခာပြန်လည် ဖြည့်တင်းနိုင်ရန် နောက်ထပ် အနည်းဆုံး (၆) လခန့် လိုဦးမည်ဟု Mr Risley က ပြောသည်။

ဇူလိုင်လကုန်အထိ စပါးပျိုးထောင်မှု ပြီးပြတ်အောင် မလုပ်နိုင်ပါက ဆန်အထွက် အကြီးအကျယ် ထိခိုက်ပြီး နောက်ဆုံး မြန်မာနိုင်ငံ၏ ဆန်ဖူလုံမှုပြဿနာကိုပါ တဖြည်းဖြည်း ထိခိုက်စေမှာ ဖြစ်သည် ဟု ဘန်ကောက်အခြေစိုက် FAO ဒေသဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Hiroyuki Konuma က သတိပေးထားသည်။ မုန်တိုင်းကြောင့် လယ်ယာမြေ အထိအခိုက်နည်းသည့် လယ်သမားများမှာ လည်း လယ်လုပ်ကိရိယာများ ဆုံးရှုံးသွားသည့်အတွက် အခက်အခဲဖြစ်နေသည်ဟု Mr Konuma က ဆက်ပြောသည်။

ယခုနှစ် မိုးစပါးစိုက်နိုင်သည့် လယ်သမားများမှာ ထိုစပါးပေါ်မည့် နောက် (၆) လလုံးလုံး စားစရာ မရှိဖြစ်နေကဲ့သို့ ယခုနှစ် မိုးစပါး မစိုက်လိုက်ရသည့် လယ်သမားများမှာလည်း နောက်နှစ်ထိ စပါး မရှိဖြစ်နေမည်ဟု WFP ပြောခွင့်ရပုဂ္ဂိုလ် Paul Risley က ထောက်ပြသည်။ ။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီတိုင်းအရေး မကြာခင် တပြည်လုံးအရေး ဖြစ်တော့မည်

ဧရာဝတီတိုင်း လယ်ယာတွေ မုန်တိုင်းထိထားသည့်အတွက် ယခုနှစ် မိုးစပါးစိုက်ဖို့ မဖြစ်နိုင်တော့ဟု ကုလသမဂ္ဂမှ သတိပေးလိုက်သဖြင့် မကြာခင် မြန်မာတပြည်လုံး ဆန်ပြဿနာကြုံပြီး သရောကြီး ခိုင်းတော့မည်ဟု မှန်းလို့ရသည်။ လူမှုရေး အုံကြွမှုတွေ ပြည်လုံးကျွတ် ဖြစ်တော့မည်။
မိုးစပါးသည် မြန်မာနိုင်ငံ၏ ရိက္ခာဖြစ်၏။ မိုးစပါး မစိုက်နိုင်ခြင်းသည် နိုင်ငံ၏ ထမင်းအိုးကွဲသည်နှင့် တူ၏။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာစစ်အစိုးရ၏ ၂၀၀၃-၂၀၀၄ စာရင်းအရ ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ဧက (၃.၅) သန်းရှိပြီး နွေစပါးစိုက်ဧက (၁.၇) သန်းရှိ၏။ တပြည်လုံး စပါးစိုက်ဧက (၁၆) သန်းရှိသည့်အတွက် ဧရာဝတီ တိုင်း စပါးစိုက်ဧကသည် တပြည်လုံး စပါးစိုက်ဧက စုစုပေါင်း၏ (၃၃) ရာနှုန်းရှိ၏။ ထို့ကြောင့်
ဧရာဝတီတိုင်း စပါးအပျက်နှုန်းသည် မြန်မာပြည် ဆန်ပြဿနာ၏ သော့ချက်ဖြစ်လာနိုင်၏။

ဧရာဝတီတိုင်း စပါးအပျက်အစီးကို တန်ချိန် (၇) သိန်းကျော်ရှိပြီး ဆန်အပျက်အစီးမှာ ၂၀၀၇-၂၀၀၈ ခုနှစ်အထွက်နှုန်း၏ (၂.၃) ရာနှုန်းသာရှိသည်ဟုသာ စစ်အစိုးရဘက်က ဖော်ပြသည်။ သို့သော် မုန်တိုင်းကြောင့် နွေစပါးအပျက်နှုန်းမှာ ပြည်နယ်နှင့် တိုင်း (၅) ခုတွင် စုစုပေါင်း ထုတ်လုပ်မှု၏ (၆၆) ရာနှုန်းရှိပြီး မိုးစပါး အပျက်နှုန်းမှာ စုစုပေါင်း ထုတ်လုပ်မှု၏ (၆၂) ရာနှုန်းရှိနိုင်သည်ဟု မြန်မာ စီးပွားရေးပညာရှင်များက တွက်ချက်ခန့်မှန်း၏။

ဧရာဝတီတိုင်း လယ်ယာမြေကဏ္ဍ နာလန်ထူရေးအတွက် ဒေါ်လာ သန်း (၂၀၀) ကျော် လိုသည်ဟု စစ်အစိုးရက လောဘတကြီးဖြင့် နိုင်ငံတကာကို တွက်ပြ၏။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်။ မည်သည့် နိုင်ငံကမျှ စစ်အစိုးရ တောင်းသည့်ငွေကို အာမမခံ။

အတိတ်ကို ပြန်ကြည့်လျှင် ဆန်ပြဿနာစဖြစ်တိုင်း ရန်ကုန်သည် လူမှုရေးအုံကြွမှု၏ အခရာဖြစ်၏။ ထို့ကြောင့် စစ်အစိုးရသည် ရန်ကုန်ကိုသာ ဦးစားပေးပြီး တပွဲတိုးနည်းများဖြင့် ဖြေရှင်းလေ့ရှိ၏။ တနည်းဆိုရလျင် ရန်ကုန်လူထုသည် အုံကြွမှုတိုင်းအတွက် အခရာဖြစ်၏။ ထို့ကြောင့် ရန်ကုန်မှာ ဆန်လုံလောက်ပါ့မလားဆိုသည်ကို တွက်ကြည့်ရန်လို၏။

ဆန်စပါး လက်ကားရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ အပြောအရ ရန်ကုန်ကို
နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက ၀င်နေမှ ရန်ကုန်ဆန်ဈေး ငြိမ်သည်ဆို၏။
သို့သော် မြန်မာနိုင်ငံ၌ လူတဦး တလကို ဆန် (၈) ပြည်နှုန်းစားသုံးသည်ဟု ကျွမ်းကျင်သည့်
ပုဂ္ဂလိက ဆန်ကုန်သည်ကြီးတွေက ပြော၏။ ထိုအချက်ကို အခြေခံ၍ ရန်ကုန်လူဦးရေ (၆) သန်းနှင့်
တွက်လျှင် ရန်ကုန်မြို့ တနေ့ စားသုံးဖို့အတွက်ပင် နေ့စဉ် ဆန်အိတ် (၆၀,၀၀၀) ကျော် လို၏။

လက်ရှိအနေအထားကိုကြည့်လျှင် မြန်မာစစ်အစိုးရဘက်က စပါးပျက်ဒေသများ ပြန်လည်ထူထောင် ရေးအတွက် ထိထိရောက်ရောက် အကူအညီမပေးနိုင်ချိန်တွင် ဆန်ဈေးက တနေ့တခြား ခုန်တက် နေ၏။ ထိုအချက်သည် ရန်ကုန်ကို နေ့စဉ် ဆန်အိတ် (၅,၀၀၀) ၀န်းကျင် ဧရာဝတီက မ၀င်နိုင်
ဖြစ်နေသည့် သဘောဖြစ်၏။ ဧရာဝတီတိုင်းမှာပင် သိုလှောင်ဆန် စပါးမရှိတော့သည့်အတွက်
ရန်ကုန် ဆန်ကုန်သည်တွေ ဆန်လှောင်၍ ဈေးတက်သည်ဟု စစ်အစိုးရဘက်က ခါတိုင်းလို စွပ်စွဲ လာလျှင် ယုတ္တိရှိမည်မဟုတ်။

မုန်တိုင်းမဖြစ်ခင် မြန်မာနိုင်ငံ အခြေအနေကို ကြည့်လျှင် သြဂုတ် စက်တင်ဘာသည် ဈေးကွက်မှာ နွေစပါးပြတ်ပြီး မိုးစပါးပေါ်ဖို့ သုံးလေးလ လိုသေးသည့်ကာလဖြစ်၏။ ထို့ကြောင့် သြဂုတ်၊ စက်တင်ဘာသည် ပုံမှန်အားဖြင့်ပင် တပြည်လုံးမှာ နှစ်စဉ်လို ဆန်ပြဿနာ အနည်းနှင့်အများ ဖြစ်လေ့ရှိသည့် လတွေဖြစ်၏။ ဆန်ဈေး အဆမတန် မြောက်လေ့ရှိသည့် လတွေဖြစ်၏။ ထိုကာလ များတွင် စစ်အစိုးရ ဆန်ပြဿနာ အကျပ်အတည်းနှင့် ကြုံခဲ့သည့် သာဓကတွေ ရှိ၏။

လက်ရှိ ဧရာဝတီတိုင်း စပါးနှင့် ဆန်အပျက်အစီး၊ တိုင်းနှင့် ပြည်နယ် (၅) ခုမှ စပါးနှင့် ဆန်အပျက် အစီးနှုန်းတွေအရ မြန်မာနိုင်ငံတ၀ှမ်း ဆန်ပြဿနာသည် ၂၀၀၈ ခု သြဂုတ် စက်တင်ဘာမှာ မုချကြုံနိုင်သည်ဟု ရန်ကုန် ဆန်ကုန်သည်ကြီးတွေက မှန်း၏။ ထိုအချက်ကို မြန်မာစီးပွားရေး ပညာရှင်အချို့ကလည်း လက်ခံ၏။ မိုးစပါးပေါ်မည့် ဒီဇင်ဘာမှာလည်း စိုက်ဧက ဟုတ်တိ ပတ်တိ မရှိသည့်အတွက် ရိတ်သိမ်းစရာပင် စပါးရှိမည်မဟုတ်။

ထို့ကြောင့်လည်း ဧရာဝတီတိုင်းမှာ မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့် လယ်တွေ ယခုနှစ် မိုးစပါး စိုက်ပျိုးရန် မဖြစ်နိုင်တော့သည့်အတွက် ဧရာဝတီတိုင်းမှာ နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးခြင်းဖြစ်၏။

မြန်မာနိုင်ငံမှာ ဖြစ်လာမည့် ဆန်ပြဿနာသည် ၂၀၀၈ ကုန်အထိသာမက နောင်နှစ် နွေစပါး ပေါ်သည်ထိ ပြဿနာကြီးမားနိုင်၏။ တတိုင်းပြည်လုံး ရုန်းရင်းဆန်ခတ်မှုတွေနှင့်ကြုံရနိုင်၏။ စားစရာမရှိလျင် မြန်မာလူထုသည် ဘာကိုမျှ မကြောက်။ နီးရာ ဓားဆွဲပြီး တော်လှန်တော့မည်။ ထိုအခြေအနေမျိုး ရောက်လျှင် စစ်အစိုးရ မည်သို့နှိမ်နင်းမည်နည်း။ တပြည်လုံးကို စစ်တပ်က ပစ်သတ်နိုင်မလားဆိုသည်မှာ မေးခွန်းထုတ်ဖို့လို၏။

တိုင်းပြည်တွင် အမှန်တကယ် ဆန်သိုလှောင်ထားနိုင်သူမှာ မြန်မာစစ်တပ်အပြင် မြန်မာနိုင်ငံတွင်
စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းသား၊ ဗိုလ်ချုပ်ကြီးရွှေမန်းသား စသည့် ဗိုလ်ချုပ်သားတွေ ပိုင်သည့် ကုမ္ပဏီတွေဖြစ်၏။ အဆိုပါ သိုလှောင်ဆန်တွေကို ဧရာဝတီတိုင်း ဒုက္ခသည်တွေအတွက် စစ်အစိုးရက ယခုထိ ဖြန့်ဝေခြင်းမရှိ။ မသိသလိုလုပ်နေ၏။

တပြည်လုံး ဆန်ပြဿနာဖြစ်လာချိန်တွင် ထိုသိုလှောင်ဆန်ကို ပြည်သူလက် ဖြန့်ဝေ ပေး မပေး စောင့်ကြည့်ဖို့ လို၏။ ဖြန့်ဝေပေးလျှင် စစ်တပ်မှာ ရိက္ခာပြတ်ပြီး သေနတ်ပြောင်းက စစ်ခေါင်းဆောင် တွေဘက် လှည့်တော့မည်။ မဖြန့်ဝေဘဲထားလျှင်လည်း လူထုတရပ်လုံး ဆူပူအုံကြွမည်။ နိုင်ငံခြားက ဆန်သွင်း ရအောင်လည်း ကမ္ဘာ့ဆန်ဈေးက ခေါင်ခိုက်နေ၏။ စစ်အစိုးရသာမက နိုင်ငံတကာ အဖွဲ့တွေပါ တတ်နိုင်မည်မဟုတ်။

ကျားနှင့်ဆင် လယ်ပြင်မှာ တွေ့တော့မည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်