စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 10, 2008

ထိန်းသိမ်းခံ လူရွှင်တော် ဇာဂနာအတွက် ကုလ စိုးရိမ်မကင်းဖြစ်

10 June 2008

မြန်မာနိုင်ငံက ဆိုင်ကလုံးမုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ရေးတွေလုပ်နေတဲ့ အနုပညာရှင် လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြန်မာစစ်အစိုးရက ဖမ်းဆီးခဲ့တဲ့အပေါ် သူ့ အနေနဲ့ အလွန့်အလွန် စိုးရိမ်ပူပန်နေရတယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အသစ် ထောမတ်စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုဇာဂနာရဲ့သတင်းကိုရဖို့ သူ့အနေနဲ့ မြန်မာစစ်အစိုးရကို ဆက်သွယ်ကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူး၊ အခုအခါ ကိုဇာဂနာ ဘယ်ကိုရောက်နေတယ်ဆိုတာ မသိရှိရဘူးလို့ လည်း မစ္စတာ ကင်တာနားက ဆိုပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းဒဏ်သင့်ဒုက္ခသည်တွေကို စေတနာ့ဝန်ထမ်း ကူညီစောင့်ရှောက်နေတဲ့ ကိုဇာဂနာကို ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးပြီး ကိုဇာဂနာရဲ့အိမ်ကို အာဏာပိုင်တွေက ရှာဖွေရာမှာ ဒုက္ခသည်တွေကို ကူညီဖို့ အလှူငွေ အမေရိကန်ဒေါ်လာ ၁,၀၀၀ နဲ့ ဆိုင်ကလုံးဒဏ်သင့်ဒေသတွေကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ စီဒီခွေတွေ ကိုလည်း သိမ်းယူသွားခဲ့ပါတယ်။

Rest of your post

No comments: