စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 5, 2008

ကြံ့ဖွံ့များ ၂၄ နာရီ လုံခြုံရေးကင်း ချမည်

အောင်သက်ဝိုင်း ဇူလိုင် ၄ ၊၂၀၀၈

ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ရုံးများအားလုံး အပါအ၀င် ကြံ့ဖွံ့အသင်းနှင့် ဆက်စပ်သော အဆောက်အအုံများ အားလုံး တွင် လုံခြုံရေးများ ၂၄ နာရီချထားမည်ဖြစ်ပြီး ကြံ့ဖွံ့အဖွဲ့ဝင်များကိုလည်း လုံခြုံရေးတပ်အသွင်ဆောင်သည့် အဖွဲ့ များပြုလုပ်ဖွဲ့ စည်းရန်ရှိကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံ၊ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောဆိုကြောင်း သိရှိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇူလိုင်လ ၂ ရက်နေ့ ပြည်တွင်းသတင်းဂျာနယ်များနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ပြောဆိုခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အရာရှိကြီး တဦးက ပြောသည်။

“အဘ(ဗိုလ်မှူးချူပ်အောင်သိန်းလင်း)က ပြည်ခိုင်ဖြိုးရုံးတွေအားလုံးမှာ အလှည့်ကျ ၂၄ နာရီ လုံခြုံရေးကင်းတွေ ကိုချဖို့်ရှိတယ်လို့ ပြည်တွင်းဂျာနယ်တွေ ကိုပြောတယ်။ ပြီးတော့ ပြည်ခိုင်ဖြိုးအသင်းဝင်တွေ လုံခြုံရေးတပ်ဖွဲ့ ပုံစံ မျိုးပြင်ဆင်ဖွဲ့စည်းမယ်ဆိုတာကိုပြောတယ်”ဟု ယင်းစည်ပင်အရာရှိကြီးက ပြောသည်။

ဇူလိုင် ၁ရက်နေ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက်ရှိ မြို့နယ်ကြံ့ဖွံ့ရုံးတွင် ပြင်းထန်သော ဗုံး ပေါက်ကွဲမှုတရပ်ဖြစ်ပွားပြီးနောက်ပိုင်း ယင်းသို့သော လုံခြုံရေးအစီအမံများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိ ရသည်။

၂၄ နာရီလုံခြုံရေးချထားမည့်နေရာများတွင် ကြံ့ဖွံ့ရုံးများသာမက ကြံ့ဖွံ့အဖွဲ့က ဆောင်ရွက်နေသည့် အခမဲ့ ဆေးခန်းများ၊ တခြားသော ကြံ့ဖွံ့အဖွဲ့နှင့် သက်ဆိုင်သော နေရာရုံးအဆောက်အဦးများတွင်လည်း လုံခြုံရေးများ ချထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ကြံ့ဖွံ့အဖွဲ့ဝင်တဦးကပြောသည်။

လုံခြုံရေးများချထားမည့်အပြင် ကြံ့ဖွံ့အဖွဲ့ဝင်များကိုလည်း လုံခြုံရေးနှင့်ပတ်သက်သော သင်တန်းများ ပို့ချ ပေးမည်ဖြစ်ကြောင်း အထက်ပါ ကြံ့ဖွံ့အဖွဲ့ဝင်ကဆိုသည်။

“ရန်ကုန်တိုင်းအတွင်းက မြို့နယ်၊ ရပ်ကွက်အလိုက် လုံခြုံရေးတွေလုပ်ကြဖို့သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အလိုက် အစည်းအဝေး တွေခေါ်နေပါပြီ။ ဒီလိုလုံခြုံရေးတာဝန်နဲ့အစီအစဉ်တွေကို ကြံ့ဖွံ့အသင်း ၀င်တွေက ဦးဆောင်လုပ်ကြ ဖို့ရှိပါတယ်”ဟု ရန်ကုန် ကျောက်တံတား မြို့နယ် မယက အဖွဲ့ဝင်တဦးကပြောသည်။

ရန်ကုန်တိုင်းရှိ ရပ်ကွက်များအားလုံးတွင်လည်း ရပ်ကွက်လုံခြုံရေးကောင်စီများ မဖြစ်မနေဖွဲ့စည်းရန် ညွှန်ကြား ချက် များထွက်ရှိလာပြီး ရက်ပိုင်းအတွင်းဖွဲ့စည်းရန် တိုင်း၊ ခရိုင်နှင့်မြို့နယ် မယက အဖွဲ့များက ဖိအားပေးနေ ကြောင်း လှိုင်သာယာ၊ ရန်ကင်းနှင့် ပန်းဘဲတန်း မြို့နယ်များမှ ရပ်ကွက် ပြည်သူများ ကဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့က ရွှေပြည်သာ ကြံ့ဖွံ့ရုံးတွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ကြံ့ဖွံ့ရုံးအောက်ထပ် အ၀င် တံခါးမကြီး၊ ပြတင်းပေါက်မှန်များ၊ စာရေးစားပွဲသုံးလုံး၊ ကုလားထိုင်ခြောက်လုံး၊ လက်နှိပ်စက်တလုံး၊ တယ်လီဖုန်း ကိုယ်ထည် တခုပျက်စီးပြီး အုတ်နံရံအကျယ် ခြောက်လက်မ၊ အမြင့် ကိုးလက်မခန့် ပေါက်ထွက် ပျက်စီးသွားကာ လူထိခိုက် ဒဏ်ရာရမှု မရှိကြောင်း စစ်အစိုးရသတင်းစာများ က သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့သော ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏ တန်ဖိုးအားဖြင့် ငွေ ၁၅ သိန်းကျော်ရှိသည်ဟု သိရ ကြောင်း ရွှေပြည်သာ မြို့နယ်ရဲတပ်ဖွဲ့၏ လျှို့ဝှက်သတင်းပေးပို့ချက်ကို ကိုးကားပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

အဆိုပါ ရွှေပြည်သာ ကြံ့ဖွံ့ရုံး ဗုံးကွဲပြီး ၂ ရက်ခန့်အကြာတွင် ပြည်ပ အခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များအဖွဲ့(VWSB) က ၎င်းတို့လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒဏ်ခံ မြန်မာလူထုအတွက် ကူညီကယ်ဆယ်ရေး ရန်ပုံငွေ ပြတ်လတ်မှုများရှိနေ

04 July 2008

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကျရောက်ခဲ့တာ အခုဆို နှစ်လပြည့်သွားပါပြီ။ ပြည်တွင်းရော ပြည်ပကပါ မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက်
လုပ်ခဲ့ကြလို့ ကူညီရေးလုပ်ငန်းတွေ အချို့ အောင်အောင်မြင်မြင်ရှိခဲ့တယ်ဆိုပေမယ့် ပြန်လည်ထူထောင်ရေးအတွက်တော့ လအတန်ကြာ အချိန်ယူရဦးမှာဖြစ်ပြီး ဒီအတွက် ရန်ပုံငွေပြတ်လတ်မှုတွေ ရှိနေတယ်လို့ အဓိကအထောက်အပံ့တွေ ကူညီပေးနေတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိ
ပေးခဲ့ပါတယ်။ WFP ကနေ အခု နာဂစ်အလွန် နှစ်လအခြေအနေ ဘယ်လိုများ သုံးသပ်ထားပါသလဲဆိုတာ စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းကျရောက်ခဲ့တာ အခု နှစ်လကြာပြီဆိုပေမယ့် အပျက်အစီး အတော်များများကတော့ ရှိနေဆဲပဲလို့ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက သုံးသပ်ထားပါတယ်။ မိုးရာသီရောက်လာတာနဲ့အမျှ လယ်မြေဧက အတော် များများ ရေလွှမ်းခံထားရတာမို့ သုံးမရဖြစ်နေတာကြောင့် စာနပ်ရိက္ခာ
အထောက်အပံ့တွေ လုပ်အပ်နေတုန်းပဲလို့လည်း တွက်ဆထားပါတယ်။
ဒါ့အပြင် မိုးတွင်းကျရောက်တာကြောင့် ကျန်းမာရေးအခြေအနေတွေလည်း
စိုးရိမ်စရာဖြစ်လာတယ်လို့ WFP နယူးယောက်ခ်ရုံး ပြောခွင့်ရသူ ဘက်တင်
လူရှာ (Bettin Luescher) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“နေရာအတော်များများကို ရဟတ်ယာဉ်တွေ ကုန်တင်တုန်ကင်းတွေနဲ့ပဲ
သွားလာလို့ရပါတယ်။ ဒီ တုန်ကင်းတွေ မော်တော်တွေနဲ့ စားစရာတွေ
အထောက်အပံ့တွေကို ပို့ပေးနေပါတယ်။ စိုးရိမ်ရတဲ့ အခြေအနေကတော့
ကူးစက်ရောဂါတွေ ဖြစ်လာမယ့်ကိစ္စပါ။ အခု မိုးတွင်း မိုးရွာသွန်းတာက
အိုးအိမ်မဲ့ဖြစ်နေသူတွေ၊ နောက် သူတို့မှာကျန်ရှိတဲ့ အစားအစာတွေကို
ထိခိုက်တာတွေရှိတဲ့အပေါ် အခြားကူးစက်ရောဂါတွေဖြစ်လာမှာ စိုးရိမ်ရပါ
တယ်။”

အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အတော်အတန် ဆောင်ရွက်ပြီးစီး
ခဲ့ပြီဆိုပေမယ့် လာမယ့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ပိုပြီး
ငွေကြေးကုန်ကျမယ်၊ ပိုပြီးတော့ အချိန်ယူရမယ်လို့လည်း WFP က တွက်ဆ
ထားပါတယ်။ မုန်တိုင်းသင့် မြစ်ဝကျွန်းပေါ်ဒေသဟာ လယ်ယာလုပ်ငန်းတွေ
ကို အားထားရတာဖြစ်ပြီး အခုအခြေအနေမှာ လယ်သမားတွေကိုယ်တိုင်
စိုက်ပျိုးရေးအခက်အခဲတွေ ကြုံနေရဆဲရှိတယ်လို့ WFP ပြောခွင့်ရသူက
ပြောပါတယ်။

“ဒုက္ခသည်တွေ ပြန်ပြီး နလန်ထူနိုင်ဖို့ဆိုရင် လအတန်ကြာ အချိန်ယူရဦးမှာပါ။
အခု အခြေအနေကိုကြည့်မယ်ဆိုရင် စိုက်ပျိုးရာသီ ရောက်နေပါပြီ။
လယ်သမားတွေ အတော်များများမှာ မျိုးစပါးတွေ၊ သိုလှောင်ထားတဲ့ အစား
အစာတွေ မရှိတော့ပါဘူး။ ဒါကြောင့် လာမယ့်လတွေအတွင်းမှာ ကျမတို့ရဲ့
အကူအညီပေးရေးလုပ်ငန်းတွေက အတော်အရေးကြီးပါတယ်။”

လယ်သမားတွေအတွက် မျိုးစပါးထုတ်ပေးတာတွေ၊ လယ်ထွန်ဖို့ လက်ထွန်
စက်တွေ ထုတ်ပေးတာတွေကို ကူညီရေးအဖွဲ့ အာဏာပိုင်တွေက လုပ်ပေး
နေပေမယ့် တကယ်တမ်း မျိုးစပါး အလုံအလောက်မရတာ၊ လယ်ထွန်ဖို့လည်း
ဒီဇယ်ဆီ မလုံလောက်တာတွေရှိနေပြီး အချို့လယ်မြေတွေကတော့ သုံးမရ
အောင် ရေလွှမ်းခံနေရတယ်လို့ အဲဒီဒေသကို ရောက်ခဲ့သူတွေက ဗွီအိုအေကို
ပြောထားပါတယ်။ တဖက်မှာလည်း ကူညီရေးလုပ်ငန်းတွေအတွက် ကုလ
သမဂ္ဂကိုယ်တိုင်က ငွေကြေးအခက်အခဲတွေ ရှိနေပြီး ကုလသမဂ္ဂဘက်က
အရင် နိုင်ငံတကာကို မေတ္တာရပ်ခံထားတဲ့ ငွေကြေးတောင် အပြည့်အ၀ မရခဲ့
ပါဘူး။ ဒါကြောင့်လည်း အခု ဒီလအတွင်းမှာလုပ်မယ့် ဒုတိယအကြိမ် နိုင်ငံ
တကာညီလာခံ ကျင်းပစဉ်အတွင်းမှာ ကုလသမဂ္ဂရော နိုင်ငံတကာ အန်န်ဂျီ
အိုတွေကပါ လိုအပ်ချက်တွေကို နိုင်ငံတကာအစိုးရတွေကို ထပ်မံတောင်းခံဖို့
ပြင်ဆင်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ WFP ရဲ့ ပြောခွင့်ရအမျိုးသမီးက
အခုလိုပြောပါတယ်။

“အခုလာမယ့် ဇူလိုင်လုပ်မယ့် နိုင်ငံတကာညီလာခံမှာ ကုလသမဂ္ဂအနေနဲ့
ဒီအတွက် ရန်ပုံငွေတွေကို တောင်းခံဖို့ရှိပါတယ်။ အခြေအနေတွေ ပြန်လည်
ထူထောင်နိုင်ဖို့ လပေါင်းအတော်ကြာ လိုနေသေးတာမို့ ဒီအကူအညီလုပ်ငန်း
တွေအတွက် ရန်ပုံငွေတွေက တော်တော်အရေးကြီးပါတယ်။ ဒါကြောင့်
လာမယ့်ရက်အတွင်းမှာပဲ နိုင်ငံတကာ အန်န်ဂျီအိုတွေရော ဒီအစည်းအဝေး
မှာတက်ပြီး ရန်ပုံငွေကြေးရရှိရေးအတွက် ပြောဆိုဖို့ရှိပါတယ်။”

ဒီလို အခက်အခဲတွေကြားမှာပဲ WFP အနေနဲ့ကတော့ သူတို့တတ်နိုင်သ
လောက် ပြီးခဲ့တဲ့နှစ်လအတွင်း လုပ်ဆောင်နိုင်ခဲ့တာတွေ ရှိပါတယ်လို့တော့
ပြောခွင့်ရသူ ဘက်တင် လူရှာက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“အရေးသိပ်ကြီးတဲ့အချက်ကတော့ ကျမတို့အနေနဲ့ နိုင်ငံတကာဝန်ထမ်းတွေ
ကို မြန်မာနိုင်ငံကိုရောက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ မုန်တိုင်းဒဏ် အဆိုး
ဆုံးခံလိုက်ရတဲ့ ဒေသတွေက လူဦးရေ ၇၃၀,၀၀၀ လောက်ကို အစားအစာ
တွေ ပို့ပေးနိုင်ခဲ့ပါတယ်။ လာမယ့်လတွေအတွင်းမှာ ဒီထက်ပိုပြီး လုပ်ဆောင်
နိုင်ဖို့လည်း ဆက်လုပ်နေပါတယ်။”

ဒါပေမယ့် အခု မုန်တိုင်းဒဏ်ခံထားရတဲ့ မြစ်ဝကျွန်းပေါ်ဒေသဟာ သွားရေး
လာရေး အခက်အခဲရှိနေပြီး ကုလသမဂ္ဂအနေနဲ့ မော်တော်တွေ၊ ရဟတ်
ယာဉ်တွေကိုတောင် ဆက်ငှားရမ်းဖို့ အခက်ကြုံနေရပြီလို့ ပြီးခဲ့တဲ့လအတွင်း
ကပဲ ပြောခဲ့ပါတယ်။ ဒါကြောင့် အခု သူတို့လုပ်နေရတဲ့ ကယ်ဆယ်ရေး
လုပ်ငန်းဟာ အခြား ကုန်တင်ထရတ်ကားတွေနဲ့ အကူအညီ အထောက်အပံ့
တွေ ပို့ပေးရတဲ့ လုပ်ငန်းတွေထက် ပိုပြီး ရှုပ်ထွေးမှုရှိတယ်လို့လည်း WFP
ပြောခွင့်ရသူက ပြောဆိုသွားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

စွမ်းအားမြှင့် ကို အပြတ်ထောက်ခံတယ် (ဒေါက်တာ ကျားခင်စိန်)

Read this document on Scribd: I support brave students pdf5-7-2008

အပြည့်အစုံဖတ်လိုလျှင်

ရက်ပေါင်း ၁၂၀ မြောက်၊ မိုင် ၃၀၀၀ကျော် ခရီးရှည်ချီတက်ပွဲကြီး

Read this document on Scribd: the walk -- 120

အပြည့်အစုံဖတ်လိုလျှင်

လူမျက်နှာပျောက်တဲ့လူသား




လူအချင်းချင်း…..မီးထက်ပြင်းတဲ့ထိုးနှက်မှူတွေ
အချစ်ကိုဝယ်စားကြသူတွေနဲ့ အချစ်ကိုရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့မေတ္တာမဲ့တဲ့နှလုံးသားတွေ ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ငါတို့ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုး
အသွေးအသားတွေကိုဝါးမျို
အရိုးတွေနဲ့မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။

ငါတို့ခေတ်မှာ..ကမ္ဘာရဲ့သစ္စာ
ပျောက်ဆုံးနေတဲ့လောကပါလ ဟာ..
ဘယ်မှာမှရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်…..
ဟင်!
လူသားတွေဟာ လူမျက်နှာတွေပျောက်နေကြပြီ။ ။
ဇေယျာသော်
၂၇.၆.၀၈

အပြည့်အစုံဖတ်လိုလျှင်

၄၆နှစ်မြောက် 7 July အမှတ်တရ


အပြည့်အစုံဖတ်လိုလျှင်

7 July အခမ်းအနားဖိတ်ကြားလွှာ

အပြည့်အစုံဖတ်လိုလျှင်