စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 5, 2008

ကြံ့ဖွံ့များ ၂၄ နာရီ လုံခြုံရေးကင်း ချမည်

အောင်သက်ဝိုင်း ဇူလိုင် ၄ ၊၂၀၀၈

ရန်ကုန်တိုင်းရှိ ကြံ့ဖွံ့ရုံးများအားလုံး အပါအ၀င် ကြံ့ဖွံ့အသင်းနှင့် ဆက်စပ်သော အဆောက်အအုံများ အားလုံး တွင် လုံခြုံရေးများ ၂၄ နာရီချထားမည်ဖြစ်ပြီး ကြံ့ဖွံ့အဖွဲ့ဝင်များကိုလည်း လုံခြုံရေးတပ်အသွင်ဆောင်သည့် အဖွဲ့ များပြုလုပ်ဖွဲ့ စည်းရန်ရှိကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း တာဝန်ခံ၊ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောဆိုကြောင်း သိရှိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇူလိုင်လ ၂ ရက်နေ့ ပြည်တွင်းသတင်းဂျာနယ်များနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ပြောဆိုခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အရာရှိကြီး တဦးက ပြောသည်။

“အဘ(ဗိုလ်မှူးချူပ်အောင်သိန်းလင်း)က ပြည်ခိုင်ဖြိုးရုံးတွေအားလုံးမှာ အလှည့်ကျ ၂၄ နာရီ လုံခြုံရေးကင်းတွေ ကိုချဖို့်ရှိတယ်လို့ ပြည်တွင်းဂျာနယ်တွေ ကိုပြောတယ်။ ပြီးတော့ ပြည်ခိုင်ဖြိုးအသင်းဝင်တွေ လုံခြုံရေးတပ်ဖွဲ့ ပုံစံ မျိုးပြင်ဆင်ဖွဲ့စည်းမယ်ဆိုတာကိုပြောတယ်”ဟု ယင်းစည်ပင်အရာရှိကြီးက ပြောသည်။

ဇူလိုင် ၁ရက်နေ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက်ရှိ မြို့နယ်ကြံ့ဖွံ့ရုံးတွင် ပြင်းထန်သော ဗုံး ပေါက်ကွဲမှုတရပ်ဖြစ်ပွားပြီးနောက်ပိုင်း ယင်းသို့သော လုံခြုံရေးအစီအမံများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိ ရသည်။

၂၄ နာရီလုံခြုံရေးချထားမည့်နေရာများတွင် ကြံ့ဖွံ့ရုံးများသာမက ကြံ့ဖွံ့အဖွဲ့က ဆောင်ရွက်နေသည့် အခမဲ့ ဆေးခန်းများ၊ တခြားသော ကြံ့ဖွံ့အဖွဲ့နှင့် သက်ဆိုင်သော နေရာရုံးအဆောက်အဦးများတွင်လည်း လုံခြုံရေးများ ချထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ကြံ့ဖွံ့အဖွဲ့ဝင်တဦးကပြောသည်။

လုံခြုံရေးများချထားမည့်အပြင် ကြံ့ဖွံ့အဖွဲ့ဝင်များကိုလည်း လုံခြုံရေးနှင့်ပတ်သက်သော သင်တန်းများ ပို့ချ ပေးမည်ဖြစ်ကြောင်း အထက်ပါ ကြံ့ဖွံ့အဖွဲ့ဝင်ကဆိုသည်။

“ရန်ကုန်တိုင်းအတွင်းက မြို့နယ်၊ ရပ်ကွက်အလိုက် လုံခြုံရေးတွေလုပ်ကြဖို့သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အလိုက် အစည်းအဝေး တွေခေါ်နေပါပြီ။ ဒီလိုလုံခြုံရေးတာဝန်နဲ့အစီအစဉ်တွေကို ကြံ့ဖွံ့အသင်း ၀င်တွေက ဦးဆောင်လုပ်ကြ ဖို့ရှိပါတယ်”ဟု ရန်ကုန် ကျောက်တံတား မြို့နယ် မယက အဖွဲ့ဝင်တဦးကပြောသည်။

ရန်ကုန်တိုင်းရှိ ရပ်ကွက်များအားလုံးတွင်လည်း ရပ်ကွက်လုံခြုံရေးကောင်စီများ မဖြစ်မနေဖွဲ့စည်းရန် ညွှန်ကြား ချက် များထွက်ရှိလာပြီး ရက်ပိုင်းအတွင်းဖွဲ့စည်းရန် တိုင်း၊ ခရိုင်နှင့်မြို့နယ် မယက အဖွဲ့များက ဖိအားပေးနေ ကြောင်း လှိုင်သာယာ၊ ရန်ကင်းနှင့် ပန်းဘဲတန်း မြို့နယ်များမှ ရပ်ကွက် ပြည်သူများ ကဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့က ရွှေပြည်သာ ကြံ့ဖွံ့ရုံးတွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုကြောင့် ကြံ့ဖွံ့ရုံးအောက်ထပ် အ၀င် တံခါးမကြီး၊ ပြတင်းပေါက်မှန်များ၊ စာရေးစားပွဲသုံးလုံး၊ ကုလားထိုင်ခြောက်လုံး၊ လက်နှိပ်စက်တလုံး၊ တယ်လီဖုန်း ကိုယ်ထည် တခုပျက်စီးပြီး အုတ်နံရံအကျယ် ခြောက်လက်မ၊ အမြင့် ကိုးလက်မခန့် ပေါက်ထွက် ပျက်စီးသွားကာ လူထိခိုက် ဒဏ်ရာရမှု မရှိကြောင်း စစ်အစိုးရသတင်းစာများ က သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့သော ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏ တန်ဖိုးအားဖြင့် ငွေ ၁၅ သိန်းကျော်ရှိသည်ဟု သိရ ကြောင်း ရွှေပြည်သာ မြို့နယ်ရဲတပ်ဖွဲ့၏ လျှို့ဝှက်သတင်းပေးပို့ချက်ကို ကိုးကားပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဝင် တဦးက ပြောသည်။

အဆိုပါ ရွှေပြည်သာ ကြံ့ဖွံ့ရုံး ဗုံးကွဲပြီး ၂ ရက်ခန့်အကြာတွင် ပြည်ပ အခြေစိုက် စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များအဖွဲ့(VWSB) က ၎င်းတို့လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

No comments: