စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 3, 2008

ရန်ကုန်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်စီးပါက ဆိုင်ကယ်သိမ်းရုံမက လူပါအဖမ်းခံရမည်

NEJ/ ၂ ဇူလိုင် ၂၀၀၈

ရန်ကုန်တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို စီးနင်းခြင်းတွေ့ရှိပါက ယခု ဇူလိုင် (၁) ရက်မှစ၍ ဆိုင်ကယ်ကို နိုင်ငံပိုင်သိမ်းကာ လူကို ပုဒ်မ (၁၈၈) အရ ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခင်က လိုင်စင်မဲ့စီးခြင်းတွေ့ပါက ဆိုင်ကယ်ကို နိုင်ငံပိုင်သိမ်းကာ ဒဏ်ငွေ (၅) သောင်း ဒဏ်ရိုက် ခဲ့သော်လည်း ယခု ဆိုင်ကယ်ကိုသိမ်းရုံသာမက လူကိုပါ ဖမ်းဆီးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၊ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိမ်းတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးကြီး အောင်နိုင်က ပြောသည်။

၎င်းက “အခု ဌာနဆိုင်ရာဝန်ထမ်းတွေ ဆိုင်ကယ်စီးမယ်ဆိုရင် စီးနင်းသူဝန်ထမ်းရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်ပါ ကတ်ပြားကို လည်မှာဆွဲပြီး စီးဖို့ အကြောင်းကြားထားတယ်။ အဲလို လုပ်ရတာ စီးလာတဲ့ဆိုင်ကယ်သမားတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ၀န်ထမ်းနဲ့ အရပ်သား ကွဲကွဲပြားပြားသိနိုင်ပြီး ၀န်ထမ်းတွေအနေနဲ့ ကိုယ်ရေးကတ်ပြားမပါရင် အရေးယူဒဏ်ရိုက်ခံရမှာ ဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် လိုင်စင်ခွင့်ပြုထားသော ဒေသများမှ မော်တော်ဆိုင်ကယ်များသည်လည်း ရန်ကုန် မြူနီစပယ် ဧရိယာသို့ ၀င်မရကြောင်း၊ တွေ့ရှိပါက ဆိုင်ကယ်သိမ်း၊ လူဖမ်းခံရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တွင် ဆိုင်ကယ်စီးသော ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် သတ်မှတ်ထားသော ဆိုင်ကယ် စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်ဆင် ဆောင်းရန်၊ (၂) ဦး စီးနင်းမှုမပြုရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်းသိရသည်။

သို့သော် ထိုသို့အမိန့် ဥပဒေထုတ်ထားသော်လည်း ညီတူညီမျှလုပ်သင့်ကြောင်း ပြီးခဲ့သည့် (၃) လ ခန့်က ဆိုင်ကယ် (၂) ယောက်စီး၍ အဖမ်းခံခဲ့ရသူတဦးက ပြောသည်။

၎င်းက “သူတို့က အမိန့်ပဲထုတ်နေတာ။ ကျနော် ဆိုင်ကယ်ကို (၂) ယောက်စီးတုန်းက ဖမ်းခံထိ တယ်။ ဒါနဲ့ အသိဗိုလ်ကြီးတယောက်ကတဆင့် ကိုယ်ဆိုင်ရာပိုင်ရာနဲ့ဆိုတော့ တပြားမှကို ပေးစရာ မလိုဘူး။ ယာဉ်ထိန်းနဲ့ ဗိုလ်ကြီးနဲ့က ရင်းနှီးတယ်လေ၊ ကိစ္စက ပြတ်သွားရော။ ကျနော်ပြောချင် တာက ဥပဒေထုတ်ရင် ညီတူညီမျှလုပ်ပေါ့။ ဒီလူက ဘယ်သူနဲ့သိလို့၊ ဘယ်သူ့ရဲ့မိတ်ဆွေ၊ ကြည့်ပြီး လုပ်ပေးရမှာပေါ့ ဆိုတာမျိုး မဖြစ်သင့်ဘူးပေါ့ဗျာ။ ယာဉ်ထိန်းမှာ အသိမရှိတဲ့သူကျတော့ သူတို့ ဥပဒေအတိုင်း ခံရတယ်။ အဓိပ္ပာယ်မရှိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် မေ (၃) ရက်မှ ဇွန် (၂၀) ရက်အထိ လိုင်စင်မဲ့ဆိုင်ကယ်နှင့် နယ်ကျော်ဆိုင်ကယ် အပါ
အ၀င် (၂) ဦးစီးခြင်း၊ ဦးထုပ်မပါဘဲ စီးခြင်းတို့အား ဖမ်းဆီးခဲ့သည့် ဆိုင်ကယ်စီးရေ (၁၄၀) ကျော် ခန့်ရှိသည်ဟု ပြည်တွင်သတင်းဂျာနယ်များတွင် ဖော်ပြရေးသားခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီကေဘီအေနှင့်နအဖ ပူးပေါင်းတပ်များ ကေအန်ယူနယ်မြေမှ ပြန်လည်ဆုတ်ခွာ

NEJ/ ၂ ဇူလိုင် ၂၀၀၈

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) တည်ရှိရာ ဝေါ်လေခီး
ဒေသအား တနင်္လာနေ့ နံနက် (၄) နာရီက ဒီကေဘီအေနှင့် နအဖ ပူးပေါင်းအဖွဲ့မှ နယ်မြေသိမ်း ပိုက်နိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့ည (၉) နာရီခန့်က ပြန်လည်ဆုတ်ခွာသွားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီကေဘီအေ တပ်ရင်း (၉၀၇) မှ တပ်ဖွဲ့ဝင် (၃၀) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) မှ တပ်ဖွဲ့ဝင် (၈၀) တို့က ဝေါ်လေခီးဒေသအား လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲကာလအတွင်း နအဖစစ်သည် (၂) ဦးနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးသည်။ ကေအန်ယူဘက်မှ
(၁) ဦးကျဆုံးကာ (၂) ဦး လက်ရဖမ်းဆီးခံရကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက ပြောသည်။

၎င်းက “မနေ့ည (၉) နာရီမှာ သူတို့ ပြန်ဆုတ်သွားတယ်။ ကျနော်တို့ ကိုယ့်နယ်မြေကို ပြန်ထိန်း ချုပ်လို့ရသွားပြီ။ အခု နေရာရှင်းလင်းနေတယ်။ နအဖစစ်သားအလောင်း (၂) လောင်းနဲ့ ဒီကေ ဘီအေ (၁) လောင်း ကျန်ခဲ့တယ်။ သူတို့ဆုတ်သွားပေမယ့် မိုင်းတွေ အများကြီးထောင်သွားတယ်။ အဲဒါတွေကို လိုက်ရှင်းလင်းနေတုန်းပဲ။ အဖမ်းခံရတဲ့ ရဲဘော် (၂) ယောက်ကိုလည်း ရန်သူ့လက် ကနေ ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၇) အဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ တပ်ရင်းတာဝန်ရှိသူတဦးက ယခု ဖြစ်ပွားသည့်တိုက်ပွဲနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်အခြေအနေ
ကို ပြောကြားရန် ငြင်းဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာပြည် ဒီမိုကရေစီရရှိရေး ကုလအတွင်းရေးမှူးချုပ် ဖိအားပေးမည်


တိုကျို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း။ ဇူလိုင် ၁၊ ၂၀၀၈။

02 July 2008

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(Ban Ki-moon) က မြန်မာနိုင်ငံ ဒီမိုကရေစီ
ရေး တိုးတက်ကောင်းမွန်လာအောင်လုပ်ဆောင်မယ်လို့ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့က
ကတိပေး ပြောကြားလိုက်ပါတယ်။ အန်န်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်း
အစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခဒေါက်တာသောင်းထွန်းကတော့ မြန်မာနိုင်ငံ
ဒီမိုကရေစီရေး တိုးတက်စေဖို့ လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂဘက်က လုပ်ဆောင်နိုင်
တဲ့ အတိုင်းအတာ အပြည့်အ၀ ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေ
မယ့် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံအရေးဆောင်ရွက်မှုတွေကိုတော့ သူက ချီးကျူးလိုက်ပါတယ်။ အပြည့်အစုံကိုဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဂျပန်နိုင်ငံမှာရောက်နေတုန်း အင်္ဂါနေ့က သတင်းစာ
ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာပါ။ သူက မြန်မာနိုင်ငံ
ဒီမိုကရေစီရေး တိုးတက်လာအောင် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်
တွေကို တိုက်တွန်းပါတယ်။ နာဂစ်ဆိုင်ကလုံးဒဏ်ခံရတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက
ကူညီသူတွေ လက်လှမ်းမမီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်
ပြီး အကူအညီတွေလက်ခံဖို့ စစ်ခေါင်းဆောင်တွေကို နားချခဲ့တဲ့ မစ္စတာဘန်ကီမွန်းက
မြန်မာနိုင်ငံသားတွေအတွက် စစ်မှန်တဲ့ လွတ်လပ်ရေးရစေဖို့ မြန်မာနိုင်ငံကို ဖိအား
ပေးမယ်လို့ သတင်းထောက်တွေကို ပြောခဲ့တဲ့အကြောင်း ဂျပန်ကလာတဲ့ အေအက်ဖ်ပီ
သတင်းမှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့ ကုလသမဂ္ဂရုံး သတင်းစာရှင်းလင်းပွဲမှာတော့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ
မစ်ရှဲလ် မွန်းတပ်စ် (Michelle Montas) က အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံ ဒီမို
ကရေစီရေးကို အခုထက်ပိုပြီးလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲလာအောင် အခုထက်ပိုပြီး
ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် နာဂစ်ဆိုင်ကလုံးဒဏ် ခံရသူတွေထဲ
က အကူအညီ တကယ်တမ်းလိုအပ်နေသူတွေအတွက် ကယ်ဆယ်ကူညီရေးပစ္စည်းတွေ
ပေးပို့တဲ့နေရာမှာတော့ တိုးတက်မှုတွေ ရှိနေတယ်ဆိုတာကိုတော့ သူအသိအမှတ်ပြုပါ
တယ်” လို့ မစ္စမွန်းတပ်စ်က ပြောသွားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြင်ပကမ္ဘာကို ကြည့်တဲ့အခါ သံသယမျက်လုံးတွေနဲ့
ကြည့်တတ်တာမို့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ပြီး လူပေါင်း သိန်းနဲ့ချီ
သေဆုံး၊ ပျောက်ဆုံးနေတာတောင် နိုင်ငံတကာကပေးအပ်တဲ့ အကူအညီတွေကို
လက်မခံရဲဘဲ ရက်သတ္တပတ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အဖြစ်မျိုးကို ရောက်ခဲ့ရ
တာပါ။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက လိုအပ်ရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူ
စကားပြောဆိုတဲ့ကိစ္စတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင်
ဆောင်ရွက်မယ်လို့ ဂျပန်နိုင်ငံ တိုကျိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာစစ်အစိုးရဘက်က မုန်တိုင်းဒဏ် ခံရသူတွေအတွက် နိုင်ငံတကာရဲ့ ကူညီမှုတွေကို
နှောင့်နှေးအောင် လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့တဲ့အတိုင်း
ဆောင်ရွက်ခဲ့တာမို့ ဒါဟာ လမ်းကြောင်းမှန်ပေါ်မှာ လျှောက်နေတဲ့ တိုးတက်မှုတခုပဲ
လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေ စစ်မှန်တဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရသာကို ပျော်ပျော်ရွှင်ရွှင်
ကြီး ခံစားရအောင် ကူညီဖို့အတွက် သူ အပြင်းအထန် ဆောင်ရွက်မယ်လို့လည်း ကတိ
ပေးခဲ့ပါတယ်။ အန်န်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
အဖွဲ့က ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ ကုလသမဂ္ဂဟာ သူ
လုပ်နိုင်တဲ့အတိုင်းအတာကို အပြည့်အ၀ မလုပ်သေးဘူးလို့ ထောက်ပြပါတယ်။

“နအဖရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ယူအန်ရဲ့သဘောထား
ကို မစ္စတာဘန်ကီမွန်းအနေနဲ့ ပြတ်ပြတ်သားသားပြောတာ မရှိသေးဘူး။ ပြီးခဲ့တဲ့
ရက်ပိုင်းတွေမှာ ကျနော်တို့တွေ့ရတာက ဇင်ဘာဘွေကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ
ဟာ နိုင်ငံတကာထုံးစံတွေနဲ့ မညီဘူး၊ အတိုက်အခံတွေကို ဖမ်းတာဆီးတာ၊ သတ်တာ
ဖြတ်တာတွေရှိတယ်၊ ဒါကြောင့် ဒီရွေးကောက်ပွဲရလဒ်က တရားမ၀င်ဘူးဆိုတဲ့ သဘော
မျိုးတွေ ဘန်ကီမွန်းပြောတာ တွေ့ရတယ်။

“ဇင်ဘာဘွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒီလို တရားမ၀င်ဘူးဆိုပြီးပြောရင် မြန်မာ
ပြည်ရဲ့ ဆန္ဒခံယူပွဲဟာလည်း နအဖဘက်က ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ လိမ်ညာ
မှုတွေ၊ ဥပဒေကြောင်းနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ မညီတာတွေရှိတယ်။ ဒါကြောင့် နအဖ
ရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံကို ဒါဟာ တရားမ၀င်ဘူးဆိုတဲ့အပိုင်းပြောဖို့
ကျနော်တို့ ချဉ်းကပ်ပြီး တိုက်တွန်းနေတာတွေ ရှိပါတယ်။

“ဆန္ဒခံယူပွဲလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့တော့ ယူအန်ရဲ့သဘောထား ပြတ်ပြတ်
သားသားပေးဖို့ လိုလိမ့်မယ်။ နအဖရဲ့ လမ်းပြမြေပုံဆိုတာ ဆန္ဒခံယူပွဲမှာ အခုလို
မတရားမှုတွေ လုပ်သွားပြီးနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘာမှမျှော်လင့်
စရာ မရှိတော့ဘူး။ ဆိုလိုတာက နအဖရဲ့ လမ်းပြမြေပုံဟာ နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့
လုပ်ငန်းစဉ်တရပ် မဟုတ်တော့ဘူး။ ဒါကိုတော့ ယူအန်ဘက်က ပြတ်ပြတ်သားသား
ပြောဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂ တာဝန်ခံ
ဒေါက်တာသောင်းထွန်း ပြောသွားတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ဒီကေဘီအေသိမ်းပိုက် လိုက်တဲ့ ဝေါ်လေခီး စခန်းကို ကေအန်န်ယူ ပြန်တိုက်နေ

01 July 2008

ဒီကေဘီအေခေါ် တိုးတက်တဲ့ ကရင်ဗုဒ္ဓဘာသာ ဒီမိုကရက်တစ်တပ်ဖွဲ့တွေ မနေ့က
သိမ်းယူခဲ့တဲ့ စခန်းကုန်းတခုကို ပြန်လည်ရရှိဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး
(ကေအန်န်ယူ) ရဲ့လက်အောက်ခံတပ်ဖွဲ့တွေဟာ ဒီကနေ့မနက်ကစတင်ပြီး ပြည်လည်
ထိုးစစ်ဆင် တိုက်ခိုက်နေတာ အခုညနေပိုင်းထိ တိုက်ပွဲတွေမပြီးဆုံးသေးဘူးလို့
ကေအန်န်ယူ ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြ၀တီမြို့
တောင်ဘက် မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ ကေအန်န်ယူ ရှေ့တန်းစခန်းတခုဖြစ်တဲ့
ဝေါ်လေခီးစခန်းကို ပြန်လည်ရယူဖို့အတွက် ကေအန်န်ယူက ပြန်လည်ထိုးစစ်ဆင်
နေတာလို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က
တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီကေဘီအေနဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေဟာ မနေ့မနက် အစောပိုင်းက ကေအန်န်ယူ
အထူးတပ်ရင်း ၂၀၁ ရဲ့ဌာနချုပ်စခန်းကုန်းတခုကို လျှပ်တပြက် ၀င်ရောက်သိမ်းပိုက်
ခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကေအန်န်ယူတပ်ဖွဲ့တွေက ဒီစခန်းကုန်းကို ရရှိဖို့
အတွက် ပြန်လှန်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်န်ယူ ပြန်ကြားရေးဌာနက တာဝန်ခံတဦး
ဖြစ်တဲ့ ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

“ဒီကနေ့မနက်မှာပဲ ပြန်တိုက်တယ်။ တောက်လျှောက်ပစ်နေတာပဲ။ တိုက်ပြီး အခုတော့
ခေတ္တရပ်နေတယ်။ သူတို့ အဲဒီမှာ ရိက္ခာတို့၊ လက်နက်ကျည်တို့ ပြန်ဖြည့်တာ လုပ်မယ်
ထင်တယ်။ တမနက်လုံးပစ်နေတော့ အများကြီး လျော့သွားမှာပေါ့။ လောလောဆယ်
တော့ ရပ်နေတယ်လို့ သူတို့ပြောတယ်။ နောက်ဆုံးအခြေအနေကတော့ စခန်း
ပြန်သိမ်းပြီး ၀င်ထားနိုင်တယ်။ အဲဒီမှာတော့ လောလောဆယ်က ကြိုးကြားကြိုးကြား
ပစ်နေတယ်။ စခန်းတခုလုံးရှင်းနိုင်ဖို့ အခြေအနေကတော့ ပြောလို့မရသေးဘူး။”

ဒီညနေပိုင်းအထိတော့ တိုက်ပွဲမှာ နှစ်ဖက် အသေအပျောက် အထိအခိုက်စာရင်းကို
ဘာမှမသိရသေးကြောင်း ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

မနေ့က ဒီကေဘီအေတပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ ဝေါ်လေခီးစခန်းဟာ မြ၀တီမြို့ကနေ
မိုင် ၃၀ ခန့်ကွာဝေးပြီး ထိုင်း-မြန်မာနယ်စပ်အနီးမှာ တည်ရှိတာဖြစ်ပါတယ်။

ဒီစခန်းဟာ ကေအန်န်ယူအတွက် အရေးကြီးစခန်းတခု မဟုတ်ပေမယ့် ဒီစခန်းကို
ခြေကုပ်ရသွားရင် ကေအန်န်ယူဘက်က သွားလာလှုပ်ရှားဖို့ ခက်ခဲသွားနိုင်တယ်၊
ဒါကြောင့် ဒီစခန်းကို ကေအန်န်ယူက ရအောင်ပြန်တိုက်သိမ်းတာဖြစ်တယ်လို့
ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်ပါတယ်။

အခုအခါမှာတော့ ထိုင်း-မြန်မာနယ်စပ်မှာ မတည်မငြိမ်ဖြစ်နေတာကြောင့် ထိုင်း
ရွာသားတချို့ထွက်ပြေးတိမ်းရှောင်နေကြပြီး ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသ
တလျှောက်ကို စစ်တပ်တွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စိတ်ခြောက်ခြားနေဆဲ အသက်ရှင်ကျန်ရစ်သူများ


အစားအစာ လက်ခံယူနေသော ဒုက္ခသည်များ (တေဇ/ဟစ်တိုင်)

ဇူလိုင် ၁။ ထူးအောင်

နာဂစ် မုန်တိုင်း ဒုက္ခသည်များထဲတွင် စိတ်ထိခိုက်သောကရောက်ကျန် သူများ၊ စိတ်အားငယ်တုန်လှုပ်နေသူများမှာ အစီအစဉ်တကျ ပြုစု စောင့်ရှောက်မှုများ ယခုထိ မရရှိသေးဘဲ ဖြစ်လျက်ရှိသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကလေးတယောက်ဆို သူ့အဖေအမေရော တမိသားစုလုံး သေပြီး သူတယောက်ပဲ ကျန်ခဲ့တာ။ သူ့မိသားစုတွေက ရေထဲအကုန် မျော သွားပြီ။ အခု အဲဒီကလေးက သူ့ကို ကယ်လိုက်တဲ့လူနားက မခွာ တော့ဘူး။ အရမ်းအားကိုးပြီး ဒီလူ့နားမှာပဲ ဘယ်သွားသွား တောက် လျှောက်လိုက်နေတယ်။ တခြားလူတွေလဲ ဒီလိုပဲ။ ကိုယ့်မိသားစုဝင်တွေ မျက်စိရှေ့မှာတင် ရေထဲ မျောသွားတာတို့၊ ရေထဲမှာ လူချင်းကွဲသွားတာ ခုထိ ပြန်မတွေ့တာတို့ အများကြီးပဲ”ဟု ကယ်ဆယ်ရေး အလှူ ရှင်တဦးက ပြောပြသည်။


“တချို့လဲ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတဲ့လူလို ခံစားမကျန်အောင် သေချာရှင်းပြ အားပေးနိုင်ရင် ကောင်းမယ်။ ရေတက်နေတုန်း ကိုယ့်မိဘတွေ၊ သားသမီးတွေကို ဆွဲတော့ ဆွဲကြတာပဲ။ ဆွဲတဲ့ကြားက မျောပါသွားတာ ရှိတယ်။ လက်အံသေပြီး လွတ်ထွက်သွားတာတို့၊ အချိန်မီ မဆွဲလိုက်နိုင်တာတို့၊ ကလေးတွေဆိုလဲ ပုခုံးပေါ် ထမ်းထားသားနဲ့ လူပေါ်ကနေ ပြုတ်ကျသွားတာတို့က ပြန်ပြောပြရင်း ကျန်တဲ့လူတွေ စိတ်ထိခိုက်ကျန်ခဲ့တယ်။ သူတို့အပြစ် မဟုတ်တဲ့အကြောင်း ရှင်းပြပြီး အားပေးဖို့ လိုတယ်”ဟု ဆက်လက် ပြောကြားသည်။

အချို့ ဒုက္ခသည်များမှာ ဖြစ်ပုံကို ပြန်ပြောပြရင်း ငိုကြွေးကြသည်။ ရေထဲ ရွှံ့နှင့် လတာပြင်ထဲတွင် ပုံပန်းပျက်နေသော အလောင်းများထဲတွင် ပျောက်ဆုံးနေသော မိမိတို့ မိသားစုဝင်များ ပါရှိမည်ကို သိရှိသော်လည်း အချို့ဒုက္ခသည်များမှာ မိမိတို့၏ ဇနီး၊ လင်သား၊ သားသမီးများ သေဆုံး၊ သို့မဟုတ် ပျောက်ဆုံး မသဲကွဲဘဲ ဖြစ်လျက် ရှိသည်။ “ရေကျသွားလို့မှ ပြန်မတွေ့ရင် သေပြီဆိုတာ သိသာပါပြီ။ ခုထိ ပြန်မလာရင် ပိုတောင် သေချာတာပေါ့။ ကျန်ခဲ့တဲ့ လူတွေက သေပြီဆိုတာ ယုံရမလို၊ မယုံရမလို ဖြစ်ကုန်တာပေါ့။ တချို့ စိတ်ကယောက်ဂယက် ဖြစ်တာတွေ၊ အရမ်းကြောက်ပြီး ဘာဖြစ်ဖြစ် အားငယ်နေတာတွေ ဖြစ်ကုန်တယ်။ မိသားစုဆုံးပြီး တယောက်တည်း ကျန်ခဲ့တဲ့လူတွေ ပိုဆိုးတယ်။ သေတုန်းက ငါပါ ပါသွားရင် ကောင်းမှာဆိုတာ အဲဒါမျိုးတွေ ဖြစ်ကုန်တာ”ဟု ဒုက္ခသည်များကို ဆန်များ ပေးလှူသည့် လူငယ်အုပ်စုမှ မအေးချမ်းက ပြောကြားသည်။

“တချို့လဲ ဖြစ်ပြီးပြီးချင်း စိတ်တွေ တော်တော် ထိခိုက်ကျန်ခဲ့တယ်။ လူတယောက်နဲ့တယောက် ဖြစ်တာ မတူဘူး။ တချို့က ချက်ချင်း သိသာတယ်။ အရမ်းငိုတယ်၊ ရယ်တယ်။ တချို့က ငိုင်ငိုင်ကြီးတွေ။ တချို့လဲ စ,ဖြစ်တုန်းက ခံနိုင်ရည် ရှိပြီး အချိန်ကြာလာတော့ သူတို့ပါ လိုက်ဖြစ်တာ”ဟု ဆက်လက် ပြောပြသည်။ လယ်သမားများမှာ လယ်ထဲ ပြန်ဆင်းနေကြပြီ ဖြစ်သော်လည်း မုန်တိုင်းဘေးသင့်သူ အားလုံးအတွက် စိတ်ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ထိထိရောက်ရောက် မရှိသေးကြောင်း သိရသည်။

သီတဂူ ဆရာတော်အဖွဲ့၊ အရှင်ဆန္ဒာဓိက၊ ဓမ္မဓူတအရှင်ဆေကိန္ဒ စသည့် ရဟန်းတော်များသည် မုန်တိုင်းဒဏ် ခံရသော ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်တော်မူနေကြသည်။

အပြည့်အစုံဖတ်လိုလျှင်

လွတ်ရက်စေ့ မြန်မာထောင်သား ၁၃၃-ဦး ဘင်္ဂလာဒေ့ခ်ျ ထောင်များထဲတွင် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရ


7/1/2008

မောင်ရမ္မာ(နိရဉ္စရာ)

မြန်မာနိုင်ငံမှ လွတ်ရက်စေ့ ထောင်သား ၁၃၃-ဦးမှာ ယခုအခါ မြန်မာစစ်အစိုးရက လက်မခံ သဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံရှိ ထောင်တချို့တွင် ပြည်တော်မပြန်နိုင်ဘဲ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင် နေကြရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံသား ထောင်သားများကို ပြန်လည် ပေးပို့ရန်အတွက် ဘင်္ဂလာ အာဏာပိုင်များ ဘက်က မြန်မာအာဏာပိုင်များအား အစဉ်တစိုက် တောင်းဆိုကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော် လည်း မြန်မာအာဏာပိုင်များဘက်က စိတ်ဝင်စားမှု မရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရေးတွင် အခက်အခဲ ကြုံတွေ့နေကြရသည်။

ကော့(စ်)ဘာဇာ ထောင်မှူး မိုဟာမတ် ဟီလာအူဒင်က “ကျနော်တို့ ကော့စ်ဘာဇာ ထောင်ထဲမှာတော့ ပြစ်ဒက်ကျေပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသား ၉၇-ယောက် ရှိပါတယ်။ သူတို့ကို ပြန်လည် ပို့ဆောင်နိုင်ဖို့အတွက် ကျနော်တို့နိုင်ငံက နိုင်ငံခြားရေးနဲ့ ပြည်ထဲရေး ၀န်ကြီးဌာနကို ကျနော်တို့အကြောင်း ကြားထားပါတယ်။ ဒီလိုမျိုး တခြားထောင် တွေမှာရှိနေကြတဲ့ လွတ်ရက်စေ့ မြန်မာနိုင်ငံသား ထောင်သားတွေကို သူတို့ရဲ့နိုင်ငံကို ပြန်ပို့ဖို့ တခြားထောင်အာဏာပိုင်တွေက အကြောင်းကြားထားတယ်လို့ သိရှိရပါတယ်။”ဟု ပြောသည်။

ပြစ်ဒဏ်ကျေပြီး လွတ်ရက်စေ့နေသော အကျဉ်းသားများမှာ ကော့စ်ဘာဇာ အကျဉ်းထောင် ထဲတွင် ၉၇-ဦး၊ ဒက္ကား ဗဟိုထောင်တွင် ၂၁-ဦး၊ စစ်တကောင်း ထောင်တွင် ၃-ဦး၊ ရွာတော်ခေါ် ဘင်ဒရိုဘင် ထောင်တွင် ၉-ဦးနှင့် ရန်ဂါမတီထောင်တွင် ၃-ဦး စုစုပေါင်း ၁၃၃-ဦး ဖြစ်သည်။

ပြည်တော် မပြန်နိုင်ဘဲ ဘင်္ဂလာဒေခ်ျ့ အကျဉ်းထောင်းများထဲတွင် ရှိနေကြသော ထောင်သား များမှာ မူဆလင်ဘာသာဝင်များ ဖြစ်ကြပြီး ကျန်ထောင်သားများမှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး များ ဖြစ်ကြသည်။

အလားတူ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေး ဒုတိယ အတွင်းဝန် မိုဟာမတ် အေလန်ဂါက “ထောင်ထဲမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြဿနာကို ဖြေရှင်းဖို့ အတွက် နိုင်ငံခြားရေးဝန်ကြီးထံကို စာတစောင် ပေးပို့ခဲ့ပါတယ်၊ ကျနော်တို့ ၀န်ကြီးက မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနကို ဒီဇွန်လ ၁၂ ရက်နေ့က နောက်ထပ် အကြောင်းကြားခဲ့တယ်။ ဒါပေမယ့် အခုအချိန်ထိ မြန်မာ အာဏာပိုင်တွေက ဘာမှ ပြန်လည် တုံ့ပြန်တာ မရှိသေးပါဘူး။”ဟု သတင်းထောက်များသို့ ပြောသည်။

ယခု လွတ်ရက်စေ့နေသော မြန်မာနိုင်ငံသားမျာမှာ ဘင်္ဂလာဒေ့ခ်ျထောင်ထဲတွင် ၁၉၉၆-နှင့် ၁၉၉၈-ခုနှစ်ကပင် ပြစ်ဒဏ်ကျေပြီး လွတ်မြောက် နေသူများဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခံနေရသော မြန်မာနိုင်ငံသား အများစုမှာ မြန်မာနိုင်ငံ အတွင်း စားဝတ်နေရေး အဆင်မပြေ မှုများကြောင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံသို့ လုပ်ကိုင်စား သောက်ရန် နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င် ၀င်ရောက်လာစဉ် ဘင်္ဂလာဒေ့ခ်ျ ရိုင်ဖယ် တပ်ဖွဲ့၏ ဖမ်းဆီး ခြင်းကို ခံခဲ့ကြရသူများ ဖြစ်သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရခိုင်ပြည်တွင် အကြီးဆုံး ထိုင်တော်မူဆင်းထုတော် တည်ဆောက်ပြီးစီး


7/1/2008

အများပြည်သူများ ဖူးမျှော်နိုင်ရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်တွင် တည်ဆောက်နေသော အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားဆင်းထုတော်မှာ များမကြာမီက တည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကြောင်း ပေါက်တောမြို့မှ ကျောင်းဆရာတဦးက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါ ဆင်းထုတော်ကို ပေါက်တောမြို့ မြို့ဦးစေတီအနီးတွင် အဓိဌာန် ဆရာတော် ကုလရက္ခိတမှ ကြီးမှူး တည်ထားခြင်းဖြစ်ပြီး ကျပ်ငွေ သိန်း ၅၀၀-နီးပါး ကုန်ကျကြောင်း သိရှိရသည်။

ဆင်းထုတော်မှာ တင်ပလ္လင်ခွေ ထိုင်နေသော ဘုရားဆင်းထုတော်ဖြစ်ပြီး ဆင်းထုတော် ဥာဏ်တော် အမြင့်ပေမှာ ၄၉-ပေရှိပြီး ပလ္လင်ခုံမှာ ၁၀- ပေအမြင့်ရှိသည်။

ဆင်းထုတော်အား ရခိုင်ပန်းပုဆရာများက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တနှစ်ကျော်ကြာ အောင် အချိန်ယူ တည်ဆောက်ခဲ့ရသည်။

ဘုရားပေါ်သို့တက်သည့် လှေကားကို ရန်ကုန်မြို့တွင် နေထိုင်သူ ပေါက်တောမြို့ဇာတိ ဦးငန်းကျားမှ သိန်း ၂၀၀-အကုန်အကျခံ တည်ဆောက်နေကြောင်း သတင်းရရှိသည်။

ယခုအခါ အဆိုပါဘုရားတွင် ဘုရားဖူးလာသူများဖြင့် အထူးစည်ကားနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်