Saturday, June 28, 2008
နိုင်ငံရေးအကျဉ်းသားများကို လွှတ်ရေး ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံများ တောင်းဆို
Posted by
54freedom
at
6:39 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Friday, June 27, 2008
ထောက်ပံ့ရေးလုပ်ငန်းအတွက် ကန့်သတ်ချက်များလျှော့ပေးရန် G8 တောင်းဆို
ဧရာဝတီ ဇွန် ၂၇၊ ၂၀၀၈
လေဘေးကူညီထောက်ပံ့ရေး လုပ်ငန်းများအတွက် စစ်အစိုးရ၏ ကန့်သတ်ချက်များကို လျှော့ချပေးရန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် ကမ္ဘာ့စက်မှုအင်အားကြီးနိုင်ငံ ၈ နိုင်ငံ (G8) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲက တောင်းဆိုလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့က ဂျပန်နိုင်ငံ ကျိုတိုမြို့တွင်ပြုလုပ်သည့် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီ၊ ကနေဒါ၊ ရုရှားနှင့် ဂျပန်နိုင်ငံတို့ပါဝင်သည့် G8 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲက မြန်မာ့အရေးနှင့်ပတ်သက်၍ စစ်အစိုးရအား တောင်းဆိုကြခြင်းဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားအရေးကို အဓိကထား ဆွေးနွေးကြကြောင်း သိရသည်။
G8 နိုင်ငံခြားရေးဝန်ကြီးများက မုန်တိုင်းသင့်ဒေသများအထိ နိုင်ငံခြားသား ကယ်ဆယ်ရေးလုပ်သားများ ၀င်ရောက်ကူညီ နိုင်ရန် တင်းကျပ်ထားသည့် စည်းကမ်းသတ်မှတ်ချက်များကို လျှော့ချပေးရန် တောင်းဆိုခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်ကိုလည်း တောင်းဆိုသည်။
မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို မေလဆန်းပိုင်းက တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ ၁၃၄၀၀၀ ခန့်သေဆုံးကာ ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
Rest of your post
Posted by
54freedom
at
10:01 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
မူးယစ်ဆေးမှု သတင်းပြေးနေသော အနုပညာရှင်များ ပုဂ္ဂလိကဂျာနယ်များတွင် ငြင်းဆို
မေလကုန်ခါနီးနှင့် ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် အနုပညာရှင်များ ခေါ်ယူစစ်မေးခြင်း ဖမ်းဆီး ခြင်း ခံနေရသည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် သီတင်း ၂ ပတ်ကျော်၌ ပြည်တွင်း ပုဂ္ဂလိက သတင်းဂျာနယ် များတွင် အနုပညာရှင်များအား ဆက်သွယ်မေးမြန်းပြီး ယခုလိုထွက်ပေါ်ခဲ့သည့် ကောလာဟလ သတင်းများ မှန်ကန်မှုမရှိ ကြောင်း ရှင်းလင်းပြောဆိုချက်များအား ဖေါ်ပြထားသည်ကို တွေ့ရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇွန်လ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေသော Weekly Eleven ဂျာနယ်တွင် သရုပ်ဆောင် နန္ဒာလှိုင်နှင့် တွေ့ဆုံ မေးမြန်း ရာတွင် လတ်တလောပြောဆိုနေကြသည့် မူးယစ်ဆေးသုံး စွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး နန္ဒာလှိုင်က “အဖြေမှန်မပေါ် သေးခင်တော့ ဂယက်ဆိုတာရှိမှာပါ။ အဲဒီကိစ္စ ကအချိန်တန် ရင် အဖြေမှန်ပေါ်လာမှာပါ။ အဲဒီ အခါ ပရိသတ်တွေလည်း သိသွားမှာပါ။ အကုန်လုံးကိုယ်စား ဘာမှမပြောလိုပါဘူး” ဟုဖြေဆိုသည်ကို ဖေါ်ပြ ထားသည်။
ထို့အတူ ယခုတပတ်ထုတ် ဆဲဗင်းဒေးစ် သတင်းဂျာနယ်၊ News Watch သတင်းဂျာနယ် စသည်တို့တွင်လည်း မူးယစ်ဆေး သုံးစွဲမှုကြောင့် ခေါ်ယူစစ်မေးခြင်းခံခဲ့ရသည့် အနုပညာရှင်တချို့ကို ဆက်သွယ်မေးမြန်းကာ ဖြေဆိုချက် များကို ဖေါ်ပြခဲ့ကြ သည်။
ဂျာနယ်ဖတ်သူ အိမ်ရှင်မ တဦးကမူ “ကျမကတော့ ဂျာနယ် ထဲမှာ ရေးထားတဲ့ ဘာမှ မဖြစ်ပါဘူးဆိုတာကို သိပ် မယုံဘူး။ လူတွေ အားလုံးသိနေကြတဲ့ ကိစ္စကို ဘာမှမဖြစ်သလို ပြန်ဖြေတဲ့အတိုင်းရေးထားတော့ နောက်ကွယ် မှာ အကြောင်း တခုခုကြောင့် အမှန်အတိုင်း မဖြေတာ၊ မဖေါ်ပြတာလို့ဘဲ ထင်တယ်” ဟုပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာ တဦးက''သတင်းမှန်ကို ရေးခွင့်မရဘဲ နအဖ အစိုးရက ပုံဖေါ်တဲ့ဖြစ်စဉ်အတိုင်း ဖေါ်ပြကြရတာဟာ သတင်းစာဆိုင်ရာ ကျင့်ဝတ်နဲ့မညီပါဘူး။ အဖြစ် မှန်က ရုပ်ရှင် သရုပ်ဆောင် တချို့ကို ပြန်ကြားရေးဝန်ကြီးက ၀ါဒဖြန့်ကားတွေ ရိုက်လက်စ ရှိနေတာကြောင့် အရေးမယူဖို့ အာမခံပြီး လွှတ်စေလိုက် တာ၊ အဲဒီအနုပညာရှင်တွေလည်း ပြန်ကြားရေးဝန်ကြီးရဲ့ အာမခံမှု အပေါ်နောက်နောင် ၀ါဒဖြန့်ဇာတ်လမ်းနဲ့ သီချင်းတွေ ရိုက်ပေးရ ဆိုပေးရ ဦးမှာပါ။ ဒီအဖြစ်ကို ဖုံးကွယ်ပြီး ရေးသားဖေါ်ပြတဲ့ ဟာတွေက စာဖတ်သူကို လှည့်ဖြား သလို ဖြစ်စေ တယ်၊ အမှန်ကို ရေးသားခွင့်မရရင် အဲဒီလိုသတင်းမျိုးကို မဖေါ်ပြဘဲ လက်ရှောင်သင့်ပါတယ်” ဟု ဝေဖန် ပြောဆိုသည်။
မေလကုန်နှင့် ဇွန်လဆန်းတွင် မကြာမီရက်ပိုင်းကမှ ရာထူးမှဖယ်ရှားခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်၊ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၊ သရုပ်ဆောင် နန္ဒာလှိုင်၏ ညီမဖြစ်သူ နွေးနွေးလှိုင်နှင့် သရုပ်ဆောင် အဆိုတော် အများအပြား မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး မေးမြန်း ခြင်းခံရသည့်သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။
သို့သော် နအဖ အစိုးရအရာရှိကြီးများ ၏ သားသမီးများနှင့် ပတ်သက်နေသဖြင့် တရားဝင်ထုတ်ပြန်ခြင်း မပြုသောကြောင့် အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်ပြီး ယခုလို ပြည်တွင်း ပုဂ္ဂလိက မီဒီယာများတွင် ဖြေရှင်းချက်များကိုသာ ဖေါ်ပြခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
Rest of your post
Posted by
54freedom
at
9:58 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ငြိမ်းအဖွဲ့များ မူးယစ်ဆေးဝါးနှင့်ကင်းရှင်းရန် ခေါ်ယူသတိပေးခံရ
NEJ/ ၂၇ ဇွန် ၂၀၀၈
ရန်ကုန်တိုင်းသို့ အသစ်ရောက်ရှိလာသည့် စစ်ဒေသမှူး ဗိုလ်မှူးကြီးမြင့်ဦးက ဇွန်လ (၂၅) ရက်၌ ရန်ကုန်မှ ငြိမ်းချမ်းရေးအဖွဲ့များကို ခေါ်ယူပြီး မူးယစ်ဆေးဝါးလုပ်ငန်းနှင့် ကင်းကင်းရှင်းရှင်း နေကြရန် ညွှန်ကြားကြောင်း ရှမ်းပြည်အခြေစိုက် ငြိမ်းအဖွဲ့တဖွဲ့မှ အရာရှိတဦးက ပြောသည်။
“ကျနော်တို့ကို အခုပြောင်းလာတဲ့ စစ်ဒေသမှူးအသစ်က ခေါ်တွေ့တယ်။ သူ အဓိကပြောတာက မူးယစ်ဆေးဝါးကိစ္စ ပြဿနာမပေါ်ဖို့၊ ပြဿနာပေါ်လာရင် ဘယ်လောက်ကြီးတဲ့ ခေါင်းဆောင် ဖြစ်ပါစေ၊ သူတို့ မကယ်နိုင်ဘူး။ သူတို့ရဲ့ခေါင်းဆောင်ဖြစ်ရင်တောင် သူတို့ မကယ်နိုင်ဘူး” ဟု ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။
စစ်ဒေသမှူး၏ ညွှန်ကြားချက်များတွင် ၎င်းတို့၏ စစ်ဒေသရုံးကို နဂိုက ရန်ကုန်မြို့တော်ခန်းမ၌ ဖွင့်ထားသော်လည်း ယခု ပြည်သူ့လွှတ်တော်ဝင်းအနီး ယခင် အမှတ်(၇) ထောက်လှမ်းရေး တပ်စခန်းအတွင်း ပြောင်းလဲဖွင့်လှစ်ထားကြောင်း၊ ဖုန်းနံပါတ်အားလုံး ပြောင်းထားပြီး နံပါတ်သစ်များဖြင့် ဆက်သွယ်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအဖွဲ့မှ ခေါင်းဆောင်များ၊
တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်များ ရန်ကုန်ရောက်ပါက အသေးစိတ် အချက်အလက်များနှင့်တကွ အချိန်နှင့်တပြေးညီ သတင်းပို့ကြရန် ပါရှိကြောင်း သိရသည်။
၎င်း၏ ပြောပြချက်တွင် ဖမ်းဆီးခံနေရသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၏သား အောင်ဇော်ရဲမြင့်နှင့် နေအိမ်အကျယ်ချုပ်ကျခံနေရသည့် သူ့ဖခင်တို့အကြောင်း ရည်ညွှန်းပြောဆိုသော်လည်း နာမည် များကို ထုတ်ဖော်ပြောဆိုခြင်းမျိုး မလုပ်ခဲ့ကြောင်း၊ အဆိုပါနေ့က ငြိမ်းအဖွဲ့ (၁၈) ဖွဲ့ကို (၃) သုတ် ခွဲပြီး တွေ့ဆုံညွှန်ကြားချက် ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်သည် အနုပညာရှင် များအား တရားမ၀င် မူးယစ်ဆေးဝါးရောင်းချမှုဖြင့် နအဖစစ်အစိုးရ အာဏာပိုင်များက မေလ ကုန်ပိုင်း၌ ဖမ်းဆီးစစ်ဆေးနေကြောင်း ရုပ်ရှင်လောကမှ သိရသည်။
အနုပညာရှင်များအား မူးယစ်ဆေး ဖြန့်ဖြူးရောင်းချနေသူများမှာ နအဖနှင့် အပေးအယူမျှနေသည့် စီးပွားရေးသမားများနှင့် အောင်ဇော်ရဲမြင့်ပါ ပါဝင်ကြောင်း၊ အချို့ရုပ်ရှင်လောကနှင့် ဂီတလောကမှ အနုပညာရှင်အချို့ မူးယစ်ဆေး သုံးစွဲမှုကြောင့် ခေါ်ယူစစ်ဆေးခံရကာ ၀န်ခံကတိထိုးရကြောင်း ခိုင်လုံသော အနုပညာသတင်းရပ်ကွက်မှ သိရသည်။
အောင်ဇော်ရဲမြင့်ကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပြီး ပါဝင်ပတ်သက်သည့် အနုပညာသည်များကို ဖမ်းဆီးစစ်ဆေးပြီးနောက် အာမခံဖြင့် ပြန်လွှတ်ထားကြောင်း၊ အောင်ဇော်ရဲမြင့်၏အဖေ ကာကွယ်
ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကိုမူ နေအိမ်အကျယ်ချုပ် ချထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသကဲ့သို့ နအဖစစ်အစိုးရကလည်း တစုံတရာ ဖြေရှင်းခြင်း မပြုလုပ်သေးပေ။
ကချင်ပြည်နယ်မှ ငြိမ်းအဖွဲ့ဝင် အရာရှိတဦးက ရန်ကုန်မြို့၌ ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါး (၂) မျိုး ရှိပြီး တမျိုးက ငြိမ်းအဖွဲ့များ ထိန်းချုပ်ထားရာ ဒေသများတွင် ထုတ်လုပ်သည့် ဘိန်း၊ ဘိန်းဖြူနှင့် အဖက်တမင်းခေါ် စိတ်ကြွဆေးများဖြစ်ကာ အခြားတမျိုးမှာ နိုင်ငံခြားမှ ၀င်ရောက်လာသည့် အက်စ်စတာစီခေါ် ခေါင်းခါဆေး အပါအ၀င် အဆင့်မြင့် မူးယစ်ဆေးဝါးများဖြစ်ကြောင်း ပြောသည်။
၎င်းက ယခုလက်ရှိ အောင်ဇော်ရဲမြင့်နှင့် အနုပညာရှင်များ သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းပြုပြီး ပြဿနာပေါ်နေသည့်ကိစ္စသည် နိုင်ငံခြားမှ တင်သွင်းလာသည့် အက်စ်စတာစီနှင့် အဆင့်မြင့် မူးယစ်ဆေးဝါးများဖြစ်ပြီး ဈေးနှုန်းကြီးမြင့်ကြောင်း၊ ဆေးတပြားကို ကျပ် (၂) သောင်းခွဲခန့် ပေးရသည့်အတွက် တော်ရုံလူ မသုံးစွဲနိုင်ကြောင်း၊ နိုင်ငံခြား အိမ်နီးချင်းနိုင်ငံတို့မှ လေယာဉ်ဖြင့် တင်သွင်းလာရန်လည်း အာဏာပိုင်သားသမီးများသာ လုပ်နိုင်သည့်အလုပ်ဖြစ်ကြောင်း၊ ထို့ကြောင့် လတ်တလော မူးယစ်ဆေးဝါးပြဿနာအား ငြိမ်းအဖွဲ့များကို ခေါ်ပြီး ဖိအားပေးခြင်းသည် မူးယစ် ဆေးဝါးပြဿနာကို ငြိမ်းအဖွဲ့များထံ အပြစ်ပုံချရန်အတွက် ခြေလှမ်းပြင်ခြင်းသာဖြစ်ကြောင်း ရှင်းပြသည်။
နအဖစစ်အစိုးရသည် ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲအဆင့် ခေါင်းဆောင်မိသားစု ပါဝင်ပတ် သက်သည့် မူးယစ်ဆေးဝါးပြဿနာကိစ္စကို တစုံတရာ သတင်းထုတ်ပြန်ခြင်း မပြုသကဲ့သို့ ငါးလောင်းပြိုင် လူသတ်မှုကဲ့သို့ ကြီးကျယ်သည့် မှုခင်းကိစ္စကိုလည်း တရားခံ ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး သုံးစွဲသူအရေအတွက်သည် ၂၀၀၅ ခုတွင် (၆၁,၄၅၅) ဦးရှိခဲ့ရာမှ ၂၀၀၈ ခု ဇန်န၀ါရီတွင် (၅၄,၇၀၉) ဦးထိလျော့ကျခဲ့ကြောင်း ပြောကြားခဲ့သည်။
Posted by
54freedom
at
9:50 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ဂြိုဟ်တုစလောင်း စစ်ဆေးရန် ညွှန်ကြားချက်ထုတ်
NEJ/ ၂ ၇ ဇွန် ၂၀၀၈
ရန်ကုန်မြို့ရှိ ဂြိုဟ်တုစလောင်းများကို ကွင်းဆင်း၊ စစ်ဆေး၊ စာရင်း ကောက်ခံရန် မြန်မာ့ ဆက်သွယ်ရေးက ညွှန်ကြားထားကြောင်း သိရသည်။
သက်ဆိုင်ရာမြို့နယ်အတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသည့် ဂြိုဟ်တုစလောင်းများကို စာရင်းကောက်ခံပြီး တင်ပြရန် ညွှန်ကြားချက်ရရှိထားကြောင်း ကျောက်တံတားမြို့နယ် မယကရုံးမှ ၀န်ထမ်းတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ခယက ကနေ ပြီးခဲ့တဲ့ တနင်္လာနေ့က စာဝင်ထားတယ်။ အဲဒါကို ဆက်ပြီး အရေးယူ ဆောင်ရွက်ဖို့ အောက်ခြေ ရယကတွေကို ညွှန်ကြားချက် ထုတ်မှာဖြစ်ပါတယ်။ ညွှန်ကြားချက်မှာ စလောင်းတပ်ဆင်ထားတဲ့ အိမ်လိပ်စာနဲ့ အမည်တွေကို စာရင်းကောက်ခံရန်၊ စာရင်းကောက်ခံ ရာမှာ အဆိုပါ နေအိမ်အနေနဲ့ ယခင်က ဂြိုဟ်တုစလောင်း လိုင်စင် လုပ်ခဲ့ဖူးခြင်း ရှိမရှိ စတဲ့ အချက်အလက်တွေပါ ကောက်ခံရမယ်လို့ ပါရှိတယ်” ဟု ပြောသည်။
ပထမအဆင့်အနေဖြင့် စာရင်းတိတိကျကျ ကောက်ခံပြီးသည့်နောက် စလောင်း တပ်ဆင်ထား သူများကို ဆင့်ခေါ်ကာ ဂြိုဟ်တုစလောင်းကို ဆက်သွယ်ရေးဌာနတွင် ပြန်လည် အပ်နှံခိုင်းပြီး ဒဏ်ရိုက် အရေးယူခြင်း ပြုလုပ်နိုင်ကြောင်းလည်း ရန်ကုန်မှ ဆက်သွယ်ရေး ၀န်ထမ်းတဦးက ပြောသည်။
“ရန်ကုန်မြို့မှာ တပ်ဆင်ထားတဲ့ ဂြိုဟ်တုစလောင်း အတော်များများက လိုင်စင်မဲ့တွေဖြစ်တယ်။ လိုင်စင်ရှိသူတွေကလည်း ပြီးခဲ့တဲ့ နှစ်ဆန်း လိုင်စင်သက်တမ်း တိုးမယ့်အချိန်က အစိုးရက တိုးခွင့်မပေးလို့ သက်တမ်းကုန်ဆုံးနေကြတယ်။ ဂြိုဟ်တုစလောင်း အားလုံး တရားမ၀င်ဖြစ်နေ တဲ့အတွက် အစိုးရက အရေးယူသိမ်းဆည်းနိုင်တယ်” ဟုလည်း ၎င်းက ပြောသည်။
စစ်အစိုးရက တရားဝင် တင်သွင်းခွင့် မပြုသည့်အတွက် မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသည့် ဂြိုဟ်တုစလောင်း အားလုံးသည် မှောင်ခိုပစ္စည်းသဘောသာ ဖြစ်သော်လည်း စစ်အစိုးရ၏ ရုပ်သံ ချယ်နယ် (၄) ခုမှလွဲ၍ အခြားကြည့်ရှုစရာ မရှိသည့်အတွက် ရန်ကုန်မြို့၌ ဂြိုဟ်တုစလောင်းများကို လူအများက တပ်ဆင်ကြည့်ရှုနေကြခြင်းဖြစ်သည်။
အဆိုပါ ဂြိုဟ်တုစလောင်းများ အားလုံးနီးပါးသည် ပြီးခဲ့သည့် နာဂစ်လေမုန်တိုင်း တိုက်စဉ် ပျက်စီး ခဲ့ရပြီးနောက်ပိုင်း မြို့နယ်အချို့၌ ပြန်လည်တပ်ဆင်သူများ ရှိသော်လည်း အနည်းငယ်သာ ရှိသေး ကြောင်း သိရသည်။
ယခင်လအတွင်း၌ အာဏာပိုင်များက လသာမြို့နယ် မောင်ခိုင်လမ်းအတွင်းရှိ ဂြိုဟ်တုစလောင်း အရောင်းဆိုင်များကို ၀င်ရောက်ဖမ်းဆီး၊ ပစ္စည်းများသိမ်းကာ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး ဆိုင်ပိုင်ရှင်များကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ အခြားလျှပ်စစ်ပစ္စည်း ဆိုင်များကိုလည်း ဂြိုဟ်တုစလောင်းများ ရောင်းချခြင်း မပြုရန် ၀န်ခံကတိ လက်မှတ်များ ရေးထိုး ခိုင်းခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဂြိုဟ်တုစလောင်း အရောင်းဆိုင်ပိုင်ရှင်တဦးက ပြောသည်။
စစ်အစိုးရက ဂြိုဟ်တုစလောင်းမှ ထုတ်လွှင့်နေသည့် နော်ဝေအခြေစိုက် ဒီဗွီဘီ ရုပ်သံချယ်နယ်ကို ပြည်သူများ ကြည့်ရှုမည်ကို မလိုလားသည့်အတွက် ယခုကဲ့သို့ ဂြိုဟ်တုစလောင်း အနည်းငယ်သာ တပ်ဆင်ထားသည့်အချိန်၌ ပိုင်ပိုင်နိုင်နိုင် အရေးယူရန် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုနေသည်။ ။
Rest of your post
Posted by
54freedom
at
9:48 PM
0
comments
Labels: ပြည်တွင်းသတင်းများ
စည်းမဲ့ကမ်းမဲ့အကြမ်းဖက်မှု တားဆီးပေးရန်ဝါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို
ပီတာအောင်/ ၂၇ ဇွန် ၂၀၀၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်များအား လုံခြုံရေးဝန်ထမ်းများမဟုတ်ဘဲ လူအုပ်ဖြင့် ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးမှုပြုလုပ်ခြင်းကို တားမြစ်ပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီး များက နအဖစစ်အစိုးရကို ယနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇွန်လ (၁၉) ရက် အန်အယ်လ်ဒီရုံး၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်းအားရှင်နှင့် ကြံ့ဖွံ့တို့က မော်တော်ယာဉ်များဖြင့် လူအုပ်စုများ ရောက်ရှိလာကာ ရုံးရှေ့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ခြင်းဖြစ်သည်။
ထိုလုပ်ရပ်သည် ဥပဒေမဲ့ တရားလက်လွတ်ပြုမူခြင်းဖြစ်သဖြင့် တိုင်းပြည်၏ အနာဂတ်ရေးအတွက် အင်မတန်ရင်လေးဖွယ်ရာဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့ကို စည်းကမ်းမဲ့ ချိုးဖျက် အကြမ်းဖက်ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် တိုင်းပြည်အတွက် ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာ ကျဆင်းစေသည့် အဖြစ်အပျက်ဖြစ်ကြောင်း ကြေညာချက်၌ ပါရှိသည်။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက“ ဒီလုပ်ရပ်ဟာ အင်မတန်ကို သိမ်ဖျင်းတဲ့၊ ညံ့ဖျင်းတဲ့ လုပ်ရပ်ကြီးဖြစ်နေတယ်။ အန်အယ်လ်ဒီပါတီ သူ့ဘာသာ အခမ်းအနားလေး လုပ်တာပဲ။ စွမ်းအား ရှင်ဆိုပြီးတော့ အရပ်ထဲမှာ တေလေဂျပိုးလိုလူတွေက ဒီလိုဝင်လုပ်သွားတယ်ဆိုတော့ အန် အယ်လ်ဒီကို ချေမှုန်းတဲ့လုပ်ငန်းဟာ ပိုပြီးတော့ ကြမ်းလာပြီလို့မြင်တယ်။ အပြစ်ရှိတယ်ဆိုရင် လုံခြုံရေးဝန်ထမ်းရဲက လာဖမ်းပေါ့။ အခုဟာက ဘာမှမဟုတ်ဘဲနဲ့ ဗရုတ်သုတ်ခလာပြီး အနိုင် ကျင့်တဲ့ အပေါက်မျိုးနဲ့ တုတ်တွေဘာတွေနဲ့ လူအုပ်ကြီးနဲ့ ကားတွေနဲ့ လာပြီးတော့ လုပ်သွားတယ် ဆိုတာ မလုပ်သင့် မလုပ်ထိုက်တဲ့ဟာကို လုပ်သွားတယ်လို့ ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။
ပြစ်မှုကျူးလွန်သည်ဟု ယူဆပါ၍ ဖမ်းဆီးလိုပါက တာဝန်ရှိ လုံခြုံရေးဝန်ထမ်းများကသာ ဥပဒနှင့် အညီ ဖမ်းဆီးအရေးယူသင့်ကြောင်းနှင့် ထိုသို့ လူမိုက်ဂိုဏ်းဆန်ဆန် လူအုပ်ဖြင့် အကြမ်းဖက်
ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးခြင်းများ နောင်တွင် မဖြစ်ပေါ်စေရန် နအဖအနေဖြင့် တားမြစ်သင့်
သည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီးများ၏ ကြေညာချက်တွင် ပါရှိသည်။
အဆိုပါဖြစ်ရပ်တွင် (၄) ဦးဖမ်းဆီးခံရပြီး (၁) ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု အန်အယ်လ်ဒီက ပြောသော်လည်း အဖမ်းခံရသူ အရေအတွက်မှာ ယင်းထက်ပိုများသည်ဟု အေဂျင်စီသတင်း များတွင် ဖော်ပြသည်။
ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မထိခိုက်စေဘဲ အခမ်းအနား ကျင်းပလို့ရတယ်ဆိုတာ ကျနော်တို့ သူတို့ကို ပြောထားပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဆောင် မှုဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတယ်။ ဒါကြောင့် သူတို့ကို ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲဆိုတာ ခေါ်ယူမေးမြန်းနေတာ ဖြစ်တယ်။ သူတို့ အဖမ်းခံထားရတာ မဟုတ်ပါဘူး” ဟု ယမန်နေ့က အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။ ။
Rest of your post
Posted by
54freedom
at
9:46 PM
0
comments
Labels: ပြည်တွင်းသတင်းများ
နိုင်ငံခြားအကူအညီ ပိုမိုလက်ခံရန် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ဖိအားပေး
Reuters/ ၂၇ ဇွန် ၂၀၀၈
မေလ၌ ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ထိခိုက်ရာဒေသများသို့ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများအား ပိုမိုဝင်ရောက်ခွင့်ပေးရန် မြန်မာအစိုးရကို ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံ အုပ်စုက ဖိအားပေးလိုက်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းကြောင့် သေပျောက်သူ စုစုပေါင်း (၁၃၈,၀၀၀) ရှိခဲ့ပြီးနောက် ထိုဒေသများတွင် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဆက်လက်ထောက်ပံ့သွားရန် တိုကျိုမြို့တွင် အစည်းအဝေးပြုလုပ်ခဲ့သည့် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက သဘော တူလိုက်ခြင်းဖြစ်သည်။
စစ်အစိုးရသည် နိုင်ငံခြားအကူအညီများအတွက် အချိန်ဆွဲနေခဲ့သောကြောင့် မုန်တိုင်းကာလ အတွင်း သေဆုံးမှုများ ပိုမိုဆိုးဝါးစေသည်ဟု အင်အားကြီးနိုင်ငံ ခေါင်းဆောင်များက စွပ်စွဲထားပြီး နိုင်ငံတကာ အကူအညီကိစ္စတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပါဝင်ရန် တွန်းအား ပေးခဲ့ကြသည်။
“နိုင်ငံတကာအသိုင်းအ၀န်းက လှူဒါန်းတဲ့ငွေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိအောင် ဘန်ကီမွန်းအနေနဲ့ တိုက်တွန်းပေးဖို့ ကျနော်တို့ ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံက ကုလသမဂ္ဂကို တရားဝင်လျှောက်ထားတဲ့အထဲမှာ အဆိုပြုခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အားထားရမယ့် အနေအထားတခုနဲ့ ပါဝင်နိုင်မယ်လို့လည်း ကျနော်တို့ မျှော်လင့်တယ်” ဟု ကမ္ဘာ့စက်မှုထိပ်သီး
(၈) နိုင်ငံ အစည်းအဝေးပြီးနောက်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး ဖရက်တီနီက သတင်း ထောက်များကို ပြောသည်။
နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ပိုမိုဝင်ခွင့်ပြုရေးအတွက် မြန်မာနိုင်ငံကို ဖိအားပေး သွားရန် ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ သဘောတူညီမှု ရရှိခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး
ဌာန ပြောရေးဆိုခွင့်ရှိသူ ကဇူအိုကိုဒမ ကလည်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးအတွက် မည်သို့လုပ်ရမည်နှင့် ပတ်သက် ၍လည်း ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ၀န်ကြီးများက စိုးရိမ်ပူပန်နေကြသည်ဟု ၎င်းက ပြောသည်။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် နိုင်ငံတကာက တောင်းဆိုနေ သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းကို ယခင်လတွင် စစ်အစိုးရက
(၁) နှစ် ထပ်တိုးခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်သီတင်းပတ်၌ အဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ကျင်းပနေစဉ် စစ်အစိုးရလက်ကိုင်တုတ် စွမ်းအားရှင်များမှ ၀င်ရောက်ရိုက်နှက် လူစုခွဲခဲ့သည်။
ကမ္ဘာ့စက်မှုထိပ်သီး (၈) နိုင်ငံမှ ၀န်ကြီးများသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ဖြစ်ထွန်းရေး အတွက် အားပေးရန် သဘောတူညီမှု ရရှိခဲ့သည်ဟုလည်း သိရသည်။ ။
Rest of your post
Posted by
54freedom
at
9:44 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ


