ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:50 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်း၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသော်လည်း ထောင်အာဏာ ပိုင်များက ဆေးကုသခွင့် မပေးသည့်အပြင် ယနေ့တွင် ရုံးထုတ်ခဲ့သည်။ ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ကာ အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အသက် ၃၄ အရွယ် ကိုမျိုးရန်နောင်သိန်းမှာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်သလို ဖြစ်နေသော်လည်း ဆေးကုသခွင့် ပိတ်ပင် ထားခံရခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒီနေ့ ရုံးထုတ် စစ်ဆေးတယ်။ ဆေးကုသခွင့် မရသေးဘူး။ ဆေးစာ အပြင်ထုတ်ခွင့် မရသေးဘူး။ သူက စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်ပေါ့နော်၊ အောက်ပိုင်း သေသွားသလို ဖြစ်နေတယ်။ ဒီအတိုင်း လမ်းလျှောက်မရဘူး။ ထမ်းစင်နဲ့ တရားရုံး တက်ရတယ်” ဟု မျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးမြင့်သောင်းကလည်း “ဒီနေ့ ရုံးထုတ်တာ ခြေထောက် နှစ်ချောင်းက လုံးဝ လမ်းမလျှောက်နိုင်ဘူး။ သူက ကျန်းမာရေး မကောင်းတော့။ ကျနော်တို့ အာမခံလည်း မရဘူး။ ပွေ့ချီပြီးတော့ ရုံးထုတ်တယ်။ သက်သေမလာတော့ ရမန် ပြန်ယူရတယ်” ဟု မဇ္ဈိမကို ပြောသည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းသား ဆန္ဒပြပွဲများတွင် ခေါင်းဆောင်ခဲ့သဖြင့် အခြား ၈၈ မျိုးဆက် ကျောင်းသားများ ၈ ဦးနှင့်အတူ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် ကိုမျိုးရန်နောင်သိန်းအား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ လ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်ခဲ့ပြန်သဖြင့် ယခုလို ထပ်မံ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ နှစ်ကြိမ်စလုံးတွင် အာဏာပိုင်များက နှိပ်စက် ညှဉ်းပမ်းခံရသည်ဟု မျိုးရန်နောင်သိန်း၏ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံနေ ကိုကျော်လင်းဦးက ပြောသည်။ ရှေ့နေ ကိုဖိုးဖြူ အဆိုအရ လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သည်ဟု ဆိုသည်။ ကိုမျိုးရန်နောင်သိန်းနှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄ ဦးကိုလည်း ယနေ့တွင် ရုံးထုတ်ခဲ့သေးသည်။ သံလျင်မြို့နယ်မှ ကိုဇော်မင်း၊ ကမာရွတ်မြို့နယ်မှ မင်းမင်း ခေါ် ဘောင်ဘောင်၊ မြောက်ဥက္ကလာပမှ မခင်မိုးမိုး၊ ကိုကျော်စိုးတို့ကိုလည်း ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ထားရာ မခင်မိုးမိုးနှင့် ကိုကျော်စိုးအား နိုင်ငံခြား ဒေါ်လာငွေ လက်ဝယ် တွေ့ရှိသဖြင့် ငွေကြေးလဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ နှင့်ပါ ပူးတွဲ စွဲချက် တင်ထားသည်ဟု အကျိုးဆောင်ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။
Rest of your post
Thursday, June 26, 2008
မျိုးရန်နောင်သိန်းကို ဆေးကုသခွင့်မပေး
Posted by
54freedom
at
11:59 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ကယ်ဆယ် ထောက်ပံ့ရေး လုပ်သူများအကြား အတိုက်အခံများ ရှာဖွေနေ
ဇာနည်
ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:44 - မြန်မာစံတော်ချိန်
ဘန်ကောက်။ ။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများ သွားရောက် လုပ်ဆောင်နေသော ပုဂ္ဂလိက အသင်းအဖွဲ့များအကြား အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများ ပါဝင်ခြင်းကို စိုးရိမ်ကာ အာဏာပိုင်များက စောင့်ကြည့်မှုများ ပြုလုပ်နေသည်။ ကယ်ဆယ်ရေး အသင်းအဖွဲ့များသို့ ၀င်ရောက် လုပ်ကိုင်သူများနှင့် လာရောက် လှူဒါန်းကြသူများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တကွ အခြားသော စစ်အစိုးရ အတိုက်အခံ နိုင်ငံရေးပါတီများ ပါဝင်မှု ရှိ၊ မရှိ ထောက်လှမ်းရေးများက ရှာဖွေနေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
"ဘယ်ပါတီတွေက လာလှူလဲ၊ ဘာလဲပေါ့၊ ဒါပေမဲ့ လတ်တလောက တနေ့ကို ၂ ခါလောက်လာပြီး မေးလား မြန်းလား လုပ်နေတော့ စိတ်က အနှောင့်အယှက် ဖြစ်လာတယ်" ဟု ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင် ကျောင်းထိုင်ကာ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေ သော ရွှေည၀ါဆရာတော် အရှင်ပညာသီဟက မဇ္ဈိမကို မိန့်ကြားသည်။ မည်သည့် အလှူရှင်မဆို ဒုက္ခ ရောက်နေသူများအတွက် ရိုးသားစွာ ကူညီကြခြင်းဖြစ်၍ မိမိအနေဖြင့် လက်ခံခဲ့သည်ဟု ဆရာတော်က ဆက်လက် မိန့်ဆိုသည်။ "မည်သည့် ပုဂ္ဂိုလ်မဆို တခြား ပယောဂ ကင်းကင်း ရှင်းရှင်းနဲ့ ရိုးရိုးသားသားလေး လှူရင် အကုန်လုံး လက်ခံပါတယ်" ဆရာတော်က ဆိုသည်။ ဘိုကလေးတွင် ကယ်ဆယ်ရေး လုပ်ကိုင်နေသော ပုဂ္ဂလိက အဖွဲ့တခုမှ အဖွဲ့ဝင်တဦးကလည်း "ကျနော်တို့ကိုတော့ အဲလို လာမေးတာမျိုး မရှိပေမယ့် ဘာတွေ လုပ်တယ်ဆိုတာကို စောင့်ကြည့် နေတာမျိုးတွေတော့ ရှိတယ်။ စိတ်ကျဉ်းကျပ်တာပေါ့။ ကိုယ်က ဘာမှ လုပ်တာ မဟုတ်တော့လေ" ဟု ပြောသည်။ အာဏာပိုင်များ အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့များတွင် နိုင်ငံရေး လှုပ်ရှားမှုများ ပါဝင်ခြင်း ရှိလာမည်ကို စိုးရိမ် နေကြ၍ ဤသို့ စောင့်ကြည့်ခြင်း ဖြစ်သည်ဟု သူက ထင်ကြေးပေး ပြောဆိုသည်။
Rest of your post
Posted by
54freedom
at
11:57 PM
0
comments
Labels: ပြည်တွင်းသတင်းများ
မြို့တော်ခန်းမအနီး ဆန္ဒပြသူအမျိုးသမီး (၁) ဦးဖမ်းဆီးခံရ
NEJ / ၂၆ ဇွန် ၂၀၀၆
ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုဆန္ဒပြသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါအမျိုးသမီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးသော်လည်း သူမသည် မြို့တော်ခန်းမ အနီး လူစည်ကားရာနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၁၀) မိနစ်ခန့် ကြွေးကြော်သံများ အော်ဟစ်၍ တကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ရဲ၏ ဆွဲခေါ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင် သက်သေတို့၏ ပြောဆိုချက်ကိုကိုးကားပြီး သတင်း၌ ဖော်ပြသည်။
ဆန္ဒပြသည့်သတင်းကို ကြားသိရသော်လည်း ဆန္ဒပြသူအမျိုးသမီးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင် ဟုတ်မဟုတ် မသိရှိရသေးဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
မြန်မာစစ်အစိုးရသည် ဆန္ဒပြသူများကို ပြင်းထန်စွာအရေးယူလေ့ရှိပြီး ယမန်နှစ် သြဂုတ်လက အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို ထောင်ဒဏ်တသက် တကျွန်းချမှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်၌ အကျဉ်းချထားခဲ့သည်။ ။
Rest of your post
Posted by
54freedom
at
11:28 PM
0
comments
Labels: ပြည်တွင်းသတင်းများ
လက်တွန်းထွန်စက် မလုံလောက်၍ လယ်သမားများ အခက်ကြုံ
NEJ/ ၂၆ ဇွန် ၂၀၀၈
ဧရာဝတီတိုင်းအတွင်း လယ်မြေများတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ရန် နအဖက လက်တွန်း ထွန်စက်များ ချပေးသော်လည်း မလုံလောက်သည့်အတွက် အခက်တွေ့နေကြသည်။
မော်လမြိုင်ကျွန်းမြို့နယ် ကျူကျောင်းရွာတွင် နအဖက ပြီးခဲ့သည့်ရက်သတ္တပတ်က ထွန်စက် (၄) လုံးလာရောက်ပေးခဲ့ရာ (၁) လုံးကို တပ်ဆင်ပေးခဲ့ပြီး ကျန်သည့် (၃) လုံးကို မတပ်ဆင်ဘဲ ထားခဲ့ကြောင်း၊ တပ်ဆင်ပြီးတလုံးကိုလည်း ၎င်းတို့ ထပ်မံလာရောက်မှသာ မောင်းနှင်အသုံးပြု ရမည်ဟု ပြောကြောင်း ကျူကျောင်းရွာသားတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “လယ်ထွန်စက်မှာ (၂) ဘီးနဲ့ (၁) ဘီး ရှိတယ်။ ဒီဒေသမှာက ကျွဲကိုအားကိုးပြီးလုပ်ရတာ၊ နွံကြီးတယ်၊ ထွန်စက်ကိုသုံးလို့ အဆင်မပြေနိုင်ဘူး။ ဒီမြေမှာ (၂) ဘီးက နဲနဲအဆင်ပြေနိုင်တယ်၊ အသုံးပြုလို့ပေါ့။ ဒါပေမယ့် သူတို့ပြန်လာမှ ထွန်ရမယ်တဲ့။ ဘယ်ကဆီကို သုံးရမလဲမသိဘူး၊ ဘယ်က ပိုက်ဆံနဲ့ ဆီကိုဝယ်ထည့်ရမှာလဲ။ ရွာမှာ အရင်က ကျွဲကောင်ရေ (၁၀၀) လောက်ရှိတယ်။ အခု (၄၊၅ ) ကောင်လောက်ပဲ ကျန်တော့တာ။ သူတို့က ဘယ်တော့ပြန်လာမယ်ဆိုတာလည်း မသိရ၊ ပျိုးက နောက်ကျနေပြီ” ဟု ၎င်းက ပြောသည်။
ကျူကျောင်းရွာတွင် လယ်ဧကပေါင်း (၂,၈၀၅) ဧကရှိပြီး လယ်မြေများအားလုံးနီးပါး နာဂစ် မုန်တိုင်းကြောင့် ဆားငန်ရေလွှမ်းသွားခဲ့ကာ တ၀က်ခန့်ပျက်စီးနေကြောင်း သိရသည်။
နအဖနေ့စဉ်ထုတ် သတင်းစာများတွင် ဧရာဝတီတိုင်းရှိ မြို့နယ်ကျေးရွာအသီးသီးသို့ လက်တွန်း ထွန်စက်ငယ်များ၊ ပျိုးထောင်ရန်စပါးများ ပေးနေကြောင်း ဖော်ပြနေသော်လည်း အချို့ကျေးရွာ များတွင်သာ မလုံမလောက် ဟန်ပြရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
လပွတ္တာတွင် နအဖက ဘတ်ဂျက်ယာယီစာရင်းမှတ်စနစ်ဖြင့် (၁၃၆) ဧကလျှင် လက်တွန်း ထွန်စက် (၁) စီးနှုန်းပေးကြောင်း ကြေညာသော်လည်း မလောက်ငသည့်အတွက် ရွာသား အချင်းချင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေသည်ဟုလည်း လပွတ္တာမြို့နယ်တွင်းရှိ ပျဉ်ထောင် ရွာသားတဦးက ပြောသည်။
၎င်းက “ဒီထွန်စက်တွေက တနေကုန်မောင်းမှ (၅) ဧကလောက်ပဲပြီးတာ။ (၁၃၆) ဧကကို တလ လောက်ကြာမယ်၊ အခုဆို ထွန်စက် မလောက်မငဖြစ်တော့ ခုထိ ပျိုးမချရသေးဘူး။ ဘယ်အချိန် သွားစိုက်မှာလဲ၊ အမှန်ဆို နအဖအနေနဲ့ တနေ့ကို (၂၅) ဧကလောက်ပြီးတဲ့ ထွန်စက်ကြီးတွေ ပေးသင့်တယ်။ အခုဆို ရွာသားတွေအချင်းချင်း ငါအရင်ထွန်မယ် သူအရင်ထွန်မယ် ဖြစ်ကုန်ပြီ” ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်မှ လယ်သမားများကမူ ၎င်းတို့အနေဖြင့် ထွန်စက်ကို အသုံးမပြုတတ် ကြောင်း၊ ကျွဲကိုသာအသုံးပြုရ အဆင်ပြေကြောင်း ပြောသည်။ ။
Rest of your post
Posted by
54freedom
at
11:26 PM
0
comments
Labels: ပြည်တွင်းသတင်းများ
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု သိသိသာသာ လျော့နည်းလာ
Xinhua/ ၂၆ ဇွန် ၂၀၀၈
ပြီးခဲ့သည့် (၁၀) နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုသည် (၁၄၀,၀၀၀) ဟက်တာမှ (၂၇,၇၀၀) ဟက်တာအထိ သိသိသာသာကြီး ထိုးကျသွားသည့်အတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ချက်များကို ကျေးဇူးတင်ရမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက ယနေ့ ပြောကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတကာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ သ၀ဏ်လွှာတွင် မူးယစ် ဆေးဝါးသုံးစွဲသူ အရေအတွက်သည်လည်း ၂၀၀၅ ခုတွင် (၆၁,၄၅၅) ဦးရှိခဲ့ရာမှ ၂၀၀၈ ခု ဇန်န၀ါရီတွင် (၅၄,၇၀၉) ဦးအထိ လျော့ကျခဲ့ကြောင်း ဖော်ပြထားသည်။ မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားမှုများ အောင်မြင်လာရခြင်းမှာ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ် စသည့်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆိုပြီး ဒေသတွင်းရှိ နိုင်ငံများနှင့် သဘောတူစာချုပ်များချုပ်ဆိုကာ နိုင်ငံဖြတ်ကျော်၍ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ ၁၉၉၉-၂၀၀၀ မှ စတင်သည့် မူးယစ်ဆေးဝါး ချေမှုန်းရေးစီမံချက်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ မူးယစ်ဆေးဝါး ကင်းမဲ့သည့် အ၀န်းအ၀ိုင်းတခု ဖန်တီးရန်အတွက် မြန်မာနိုင်ငံတွင် မွေးမြူရေး၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊ ဆေးဝါးကုသရေး၊ ပြန်လည်ထူထောင်ရေးနှင့် သတိပေးအစီ အစဉ်များကိုလည်း ပြုလုပ်ကြောင်း ၎င်းက ပြောသည်။ ထိုသို့အားထုတ်မှု၏ တစိတ်တဒေသအနေနှင့် ဆေးကုသဌာနကြီး (၂၆) ခု၊ ဆေးကုသဌာနငယ် (၄၀) ခုတို့ကို ထူထောင်ပေးထားပြီး နိုင်ငံတ၀န်းတွင် ပြန်လည်ထူထောင်ရေးစခန်း (၇) ခု ဖွင့်လှစ် ထားကာ ၎င်းအနက် (၃) ခုမှာ ရန်ကုန်မြို့တွင် ရှိသည်ဟု ဆိုသည်။ ၂၀၀၈ ခုအတွက် ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် “မူးယစ်ဆေး လွှမ်းမိုးစိုးမိုးနေရင် မင်းဘဝ၊ မင်းမိသားစု၊ မင်းပတ်ဝန်းကျင် မလုံခြုံပါ” ဆိုသည့် ဆောင်ပုဒ်နှင့်ညီရန် မူးယစ်ကင်းစင်နယ်မြေ ဖြစ်ရေးအတွက်လည်း ပြည်ထဲရေးဝန်ကြီးက တောင်းဆိုထားသည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ချေမှုန်းရေး နှစ်ပတ်လည်အခမ်းအနားကို ယနေ့ ညနေတွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။ ။
Rest of your post
Posted by
54freedom
at
11:23 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ဧရာဝတီကို ကူညီခွင့်မရသည့် ပြင်သစ် ဆက်သွယ်ရေးအဖွဲ့ မြန်မာပြည်က ထွက်ခွာ
26 June 2008
နိုင်ငံတကာက သဘာဝဘေးအန္တရာယ်သင့် ဒေသတွေမှာ ဆက်သွယ်ရေးပိုင်းဆိုင်ရာအထောက်အကူပြုပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားပြီး လုပ်ဆောင်ခွင့်မရတဲ့အတွက် မြန်မာနိုင်ငံကနေ ပြန်ထွက်လိုက်ရပါပြီ။ သူတို့သာ ကူညီလုပ်ဆောင်ခွင့်ရမယ်ဆိုရင် ကူညီကယ်ဆယ်ရေးတွေမှာ ပိုပြီးတော့ မြန်မြန်ဆန်လုပ်နိုင်မှာပါလို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတွင်းမှာ ၁၅ ရက်ကြာ ရောက်နေခဲ့ပြီးတဲ့နောက် မတူထူးခြားတဲ့ အခြေအနေတခုနဲ့ကြုံတွေ့ခဲ့ရပြီးချိန်မှာ ပြန်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက်နယ်စည်းမခြား ဆက်သွယ်ရေးအဖွဲ့ (TSF) ရဲ့ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ သွားရောက်လုပ်ဆောင်ခွင့်ပြုဖို့ TSF ကခွင့်ပြုမိန့်တောင်းခံတာ မရခဲ့ဘဲ ရန်ကုန်မှာပဲ ရပ်တန့်နေခဲ့ရပြီးတဲ့နောက် အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အခြေစိုက်ရုံးတွေဆီ ပြန်ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
တခြား နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို မြစ်ဝကျွန်းပေါ်ဒေသဆီ သွားရောက်လုပ်ကိုင်ခွင့်ပြုပြီး TSF ကို သွားခွင့်မပြုတာဟာ သူတို့အဖွဲ့ရဲ့ဆက်သွယ်ရေးပစ္စည်းတွေ၊ နည်းပညာတွေနဲ့ လုပ်ကိုင်ရတဲ့ သဘောသဘာဝကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံသွားခဲ့တဲ့အဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့သူ TSF ရဲ့ ဘန်ကောက်အခြေစိုက် အာရှ-ပစိဖိတ်ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာ ဆိုင်မွန်(Simon) က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“သတင်းဆက်သွယ်ရေးအပေါ် စိုးရိမ်စိတ်၊ မယုံကြည်စိတ်၊ သံသယစိတ် ရှိတယ်ဆိုတာကို သိထားတဲ့အတွက် ဒီအချက်က ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း ဒီအလုပ်ဟာတကယ့်ကို ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ကျနော်တို့ ကြိုးစားကြည့်တာပါ။ ကျနော်တို့အလုပ်ရဲ့ သဘောသဘာဝကိုက သိပ်ကိုအထိမခံတဲ့ကိစ္စ ဖြစ်နေတာကြောင့် အခုလိုခွင့်မပြုတာလို့ ကျနော်တော့ ယုံကြည်ပါတယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် TSF အဖွဲ့ဝင်လေးဦးပါ အဖွဲ့တဖွဲ့ကိုမြန်မာနိုင်ငံစေလွှတ်ဖို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ခဲ့ပါတယ်။ ဒါပေမယ့် သံရုံးက ဘာမှ အကြောင်းပြန်ကြားခြင်းမရှိဘဲ တလကြာမြင့်ပြီးတဲ့နောက်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ပြည်ဝင်ခွင့်လျှောက်ဖို့ ဆုံးဖြတ်ပြီးစွန့်စားသွားရောက်ခဲ့တာပါလို့ ဆိုင်မွန်က ပြောပါတယ်။
ဒါပေမယ့် သူတို့သွားတဲ့အချိန်မှာ ဆက်သွယ်ရေးပစ္စည်း ကိရိယာတွေကို ယူဆောင်မသွားဘဲ ကျွမ်းကျင်မှုနဲ့ အထောက်အကူပြုဖို့ လူပုဂ္ဂိုလ်တွေချည်းပဲ သွားခဲ့ကြတာပါ။ရန်ကုန်ကို ရောက်ခဲ့ပြီးတဲ့နောက် မြစ်ဝကျွန်းပေါ်ဒေသကို သွားခွင့်ပြုဖို့ မြန်မာအာဏာပိုင်တွေဆီမှာ အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပေမယ့် ဘာအကြောင်းပြန်ကြားချက်မှ မရခဲ့တာကြောင့် ပြန်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူတို့သာ လုပ်ကိုင်ခွင့်ရမယ်ဆိုရင် အကူအညီပစ္စည်းတွေကို လျှင်လျှင်မြန်မြန်နဲ့အချိန်မီပေးပို့နိုင်ရေးမှာ အကျိုးဖြစ်စေမှာပါလို့ ဆိုင်မွန်က ပြောပါတယ်။
“ကျနော်တို့ အဲဒီမှာရှိနေမယ်ဆိုရင် ရမယ့်အကျိုးကျေးဇူးကတော့ မြန်မြန်ဆန်ဆန်တုံ့ပြန်လုပ်ဆောင်နိုင်မှုဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ဆက်သွယ်ရေးပြဿနာကို သိထားပြီး ဒါဟာ စနစ်ကို နှေးကွေးစေပါတယ်။ ဒီစခန်းအတွက် အစားအစာတွေ လိုနေပြီဆိုတာကို ပြောဖို့ သုံးရက်ကြာနိုင်ပါတယ်။ ဒါဟာပြဿနာပါ။ တကယ်လို့သာ စနစ်ကျတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေ ရှိမယ်ဆိုရင်လိုအပ်တာကို ချက်ချင်း သတင်းပို့ တောင်းခံနိုင်ပြီး မြန်မြန်ဆန်ဆန် ရောက်လာမှာမို့ပိုပြီးတော့ မြန်မြန်လုပ်ကိုင်နိုင်ပါတယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။
TSF အဖွဲ့ဟာ ကုလသမဂ္ဂနဲ့ ဆက်စပ်လုပ်ကိုင်တဲ့အဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်က သဘာဝဘေးအန္တရာယ်သင့်တဲ့ ဒေသတွေမှာ အရေးပေါ် ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေအတွက် ဆက်သွယ်ရေးပစ္စည်းတွေကို တပ်ဆင်ပေးပါတယ်။
အကူအညီလိုအပ်နေသူတွေ အနီးဆုံးမှာရှိနေတာကို သိလျက်နဲ့ မကူညီနိုင်တာဟာစိတ်ပျက်စရာပါပဲလို့ ဆိုင်မွန်က ဆိုပါတယ်။
“အကူအညီ လိုအပ်နေသူတွေ ကိုယ်နဲ့အနီးဆုံးမှာ ရှိနေတာကို သိထားပြီး ဒုက္ခရောက်နေတာကို လျော့ပါးအောင် လုပ်ဆောင်မပေးနိုင်တာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရတာကတော့ အသေအချာပါပဲဗျာ။ သတင်းဆက်သွယ်ရေးဟာ အသက်တွေကိုကယ်တင်တယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းက အရေးပေါ်အခြေအနေဖြစ်တဲ့ ဒေသ ၁၅ ခုလောက်ဆီ ကျနော် သွားဖူးပါတယ်။ အခုလို ဟန့်တားခံရပြီးအလုပ်မလုပ်နိုင်ဖြစ်ရတဲ့ အခြေအနေဟာ ဒါ ပထမဆုံးပါပဲ။” လို့ TSF ရဲ့ အာရှ-ပစိဖိတ်ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာဆိုင်မွန်က ပြောပါတယ်။
TSF အဖွဲ့ဟာ ၂၀၀၆ ခုနှစ်ကတည်းက အခုလို အရေးပေါ်အခြေအနေ လုပ်ငန်းတွေကိုလုပ်ဆောင်လာခဲ့တဲ့အဖွဲ့ဖြစ်ပြီး အင်ဒိုနီးရှား၊ လက်ဘနွန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ သိပ်မကြာသေးခင်ကဆိုရင် ဖေဖော်ဝါရီလက ရေကြီးခဲ့တဲ့ မိုဇမ်ဘစ်နိုင်ငံတွေမှာ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။
Posted by
54freedom
at
11:18 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ကချင်ပြည်နယ်တွင်း မူးယစ်ဆေးပျံ့နှံ့မှု စိုးရိမ်စရာ အခြေအနေ ရောက်နေ
26 June 2008
ကချင်ပြည်နယ်အတွင်းက ကျောင်းသားလူငယ်တွေကြားမှာ ဘိန်းဖြူ၊ ဘိန်းမည်းနဲ့စိတ်ကြွဆေးပြား သုံးစွဲမှုတွေ များလာနေတဲ့အတွက် ဒီလိုသုံးစွဲမှုတွေကို အရေးယူနှိမ်နင်းပေးဖို့ ကချင်လူငယ်တွေက တောင်းဆိုလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တရားမ၀င် သုံးစွဲမှုနဲ့ မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာကချင်ကျောင်းသားလူငယ်တွေက မူးယစ်ဆေးဝါးဆန့်ကျင်ရေး စာရွက်စာတမ်းတွေမြစ်ကြီးနားမြို့တွင်းမှာ လိုက်ကပ်ခဲ့ကြပါတယ်။ အသေးစိတ်ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ထိုင်းအခြေဆိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကချင်ကျောင်းသားအဖွဲ့တွေက ဒီနေ့မနက်မှာ မြစ်ကြီးနားမြို့အတွင်းက ဈေးနဲ့ တခြားလူစည်ကားရာနေရာတွေမှာ မူးယစ်ဆေးဝါး အလိုမရှိဆိုတဲ့ စာရွက် ၂၀၀ လောက်ကပ်ခဲ့တာဖြစ်ပါတယ်။ အခုလို စာကပ်ပြီး တိုက်တွန်းရတာဟာ ကချင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးသုံးစွဲမှုတွေ မြင့်မားလာနေလို့ လို့ ပြောပါတယ်။
“အခု ကျနော်တို့ ကချင်ပြည်နယ်မှာ ဒီ မူးယစ်ဆေးဝါး အများကြီး ပျံ့နှံ့နေပြီလေ။ရပ်ကွက်တိုင်းလိုလို၊ ရွာတိုင်းလိုလိုမှာ မူးယစ်ဆေးဝါး ရနိုင်တယ်။ ပြီးတော့ စာသင်ခန်းတွေမှာကို ရနေပြီ။ ကျောင်းတွေမှာလည်း ရနေပြီ။ တက္ကသိုလ်ကျောင်းတွေ၊ကောလိပ်ကျောင်းတွေမှာလည်း ရနေပြီ။ အဲဒါက အလားအလာမကောင်းဘူး။နောင်အနာဂတ်အတွက်၊ တိုင်းပြည်အတွက်၊ ကျနော်တို့ပြည်နယ်အတွက်က အလားအလာမကောင်းလို့ ကျနော်တို့ အားလုံးသိဖို့အတွက် ကပ်ခြင်းဖြစ်တယ်။”မြစ်ကြီးနားမြို့က ကချင်လူငယ်တယောက် ပြောသွားတာပါ။
ကချင်ပြည်နယ်အတွင်းမှာ အများဆုံးပျံ့နှံ့နေတာက ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ ယာဘခေါ်စိတ်ကြွဆေးဖြစ်ပြီး ကျောင်းသားထုအတွင်းမှာတော့ ဘိန်းအရည်နဲ့ ချောင်းဆိုးပျောက်ဆေး ရောစပ်ထားတဲ့ ဖော်မြူလာလို့ခေါ်တဲ့ ဆေးတွေ အများဆုံးသုံးစွဲနေတာဖြစ်ပါတယ်။
ဒီလို မူးယစ်ဆေးသုံးစွဲသူဦးရေ များပြားနေတဲ့အကြောင်းကို ကချင်ကျောင်းသားလူငယ်က အခုလို ဆက်ပြောပါတယ်။
“အခုက လယ်လုပ်တဲ့သူလည်း ဘိန်းရှူနေကြပြီ၊ ကားမောင်းတဲ့သူလည်း ဘိန်းရှူနေတာ၊နောက်ဆုံး ဆိုက်ကားနင်းတဲ့သူလည်း ဘိန်းရှူနေပြီလေ။ အခုက နေရာတကာလိုဖြစ်နေတာ။ ကျောင်းသားထုထဲမှာလည်း ၈ တန်း၊ ၉ တန်း၊ ၁၀ တန်းပြီးရင် တက္ကသိုလ်ကျောင်းသားတွေ အားလုံးနီးနီးက ဒီ ယောက်ျားလေး ၅၀% က ဖော်မြူလာသောက်နေကြတာ။ အစတုန်းက အပျော်ပေါ့လေ။ နောက်ဆုံးကျ စွဲကုန်တော့ ဒီ မသောက်နိုင်တော့ ဘိန်းဖြူဘက်ကို ပြန်ကူးလာတာ။”
ဒီလို ဖော်မြူလာခေါ် မူးယစ်ဆေးသုံးစွဲမှုဟာ ကျောင်းသူတွေအကြားမှာပါ ပျံ့နှံ့နေတယ်၊မူးယစ်ဆေးသုံးစွဲမှုဟာ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်ဘက်တွေက ကျေးရွာတွေမှာဆိုရင် ပိုပြီးဆိုးတယ်လို့ အဲဒီဒေသကို သွားရောက်အလုပ်လုပ်ကိုင်သူ အမျိုးသမီးတယောက်က ပြောပါတယ်။
“အခြေအနေကတော့ တော်တော်ဆိုးတယ်။ တအိမ်မှာဆိုရင် နှစ်ယောက်၊ တခါတလေသုံးယောက်အထိ သောက်တဲ့သူရှိတယ်။ ဘိန်းကလည်း ဒီလို အစားစားရှိတယ်။ ပထမဆုံး ဘိန်းအမည်း သူတို့ ခပ်ပုံရှူကြတယ်။ ခပ်ပုံကတော့ နည်းနည်းဈေးကြီးတာပေါ့နော်။ဈေးကြီးတော့ သူတို့ လုပ်အားခ မတတ်နိုင်ဘူးဆိုရင် မြန်မြန်လေး သူတို့ခံစားချက်အာနိသင်ရဖို့အတွက်ကို ရှူကြတယ်။ ပိုသက်သာတာကတော့ ထိုးတာပေါ့။ နောက်ပိုင်းကျ သူတို့ ထိုးတဲ့အဆင့်ကို ရောက်သွားတယ်။
“ပထမအဆင့်က ဘိန်းမည်းရှူတယ်။ ဒုတိယအဆင့်က အဖြူ နံပါတ်ဖိုးကို မီးခိုးရိုက်ပြီးမှရှူတယ်ပေါ့နော်။ နောက်ဆုံးအဆင့်ကတော့ သူတို့ ရေနဲ့တောင်မရောဘူး။ Drip ပိုက်ထဲကို ဆေးမှုန့်ထည့်ပြီး သွေးကို စုတ်ယူပြီးမှ အဲဒီသွေးနဲ့ပဲ ရောလိုက်ပြီးတော့ ပြန်ထိုးလိုက်တာပေါ့၊ အဲဒါ နောက်ဆုံးအဆင့်ပဲ။ ခုနက ပြောသလို တအိမ်မှာအနည်းဆုံးတယောက်တော့ ရှိတယ်။ နှစ်ယောက်မဟုတ်ရင် သုံးယောက်ပေါ့၊ အဲလိုမျိုး ရွာသားတွေပြောတာကတော့ အိမ်တိုင်းလိုလိုမှာ ရှိတယ်တဲ့။ မရှိတာက ဘာသာရေးဆရာအိမ်လောက်ပဲ မရှိဘူးတဲ့။”
ကချင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲမှု အများဆုံးဖြစ်တဲ့ ဒေသကတော့ ဖားကန့်က ကျောက်စိမ်းတူးဖော်တဲ့ မှော်တွေပဲဖြစ်ပါတယ်။ အဲဒီဒေသမှာကတော့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး ဘိန်းနဲ့ ယာဘခေါ် စိတ်ကြွဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်နေကြပါတယ်။ မြင်းဆေးခေါ် ယာဘက တပြားကို ကျပ်ငွေ ၈,၀၀၀လောက်ရှိပြီး ဂေါ်လီလုံးအရွယ် ဘိန်းမည်းတလုံးက ၁,၀၀၀ လောက်နဲ့ ဘိန်းဖြူကတော့တခါရှူလောက်ရုံကို လေး-ငါးထောင်လောက် ဈေးပေါက်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖားကန့်ဒေသက ရောင်းအားကောင်းတဲ့ မူးယစ်ဆေးရောင်းသူတဦးဟာ တရက်ကို သိန်း ၈၀ ကျော်လောက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“ရောင်းအားက တရက်ကို အရောင်းရဆုံးသူဆိုရင် တရက်ကို သိန်း ၈၀-၁၀၀ကြားမှာရှိတယ်လို့တောင် ပြောသံကြားတာကြီးကို။ ဟို မြင်းဆေးတို့ ဘာတို့ ရောင်းတာ မပါသေးဘူး။ ခပ်ပုံအဆင့်လောက် ရောင်းတာတောင်မှ သိန်း ၆၀-၇၀-၈၀-၁၀၀ ရှိတယ်လို့ပြောတာကိုး။ ကျနော်တို့ဒေသက မှော်များတာဆိုတော့ မြို့ပေါ်တော့ မရှိဘူးပေါ့၊မှော်ကြိုမှော်ကြားမှာပဲပေါ့။ ရှရော်ခါးတို့ မနတို့ ဖားကန့်မြို့အထွက်တို့ ဆိပ်မူရဲ့ ရွာအထွက်တွေတို့ အဲလို ရွာအပြင်ဘက်တွေမှာ သွားလုပ်ကြတာလေ။”
ကချင်ပြည်နယ်အတွင်းမှာ ဒီလို မူးယစ်ဆေးသုံးစွဲတာ မြင့်တက်လာတာနဲ့အတူ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရောဂါပြန့်ပွားနှုန်းကလည်း တိုးမြင့်လာနေတယ်လို့ မူးယစ်ဆေးသုံးစွဲတာကို ဆန့်ကျင်တဲ့ ကချင်ကျောင်းသားခေါင်းဆောင်က ပြောပါတယ်။
အခုအခါ ကချင်ပြည်နယ်အတွင်းမှာ ဘိန်းစိုက်ပျိုးတာတွေ များပြားလာနေပြီး ဘိန်းစိုက်တာကို မြန်မာစစ်တပ်နဲ့ အပစ်ရပ် ကချင်အဖွဲ့ဝင်တချို့က အခွန်ကောက်ယူပြီးခွင့်ပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းမှာလည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ သားနဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနဲ့ တရားမ၀င်ရောင်းဝယ်ရေး တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ဒီဆယ်စုနှစ်အတွင်းမှာ ဘိန်းစိုက်ဧရိယာ ဟက်တာ၁၄၀,၀၀၀ ကနေ ၂၇,၀၀၀ ကျော်အထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။
UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ကတော့ ၂၀၀၆ခုနှစ်နဲ့နှိုင်းစာရင် ၂၀၀၇ ခုနှစ်အကုန်မှာ ဘိန်းစိုက်ဧရိယာ ၂၉% ပြန်လည်တိုးမြင့်လာပြီး ထုတ်လုပ်မှု ၄၆% မြင့်တက်လာတယ်လို့ အစီရင်ခံထားပါတယ်။
Rest of your post
Posted by
54freedom
at
11:14 PM
0
comments
Labels: ပြည်တွင်းသတင်းများ
