စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 23, 2008

စစ်တပ်တွင် ရာထူးအရွှေ့အပြောင်းများဇယား

Read this document on Scribd: Changes inside Military

အပြည့်အစုံဖတ်လိုလျှင်

စစ်တပ်တွင် ရာထူးအရွှေ့အပြောင်းလုပ် (ကာတွန်း)


အပြည့်အစုံဖတ်လိုလျှင်

Time to do the right thing (Cartoon)


အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့် လယ်ယာမြေအချို့ သစ်တောကြိုးဝိုင်းထဲ ရောက်သွားမည်

မြင့်မောင်
တနင်္လာနေ့၊ ဇွန်လ 23 2008 20:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ လယ်ယာမြေဧက နှစ်သောင်းခွဲခန့်သည် တိုးချဲ့ သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားတော့မည် ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုလ ၁၅ ရက် နေ့စွဲဖြင့် ထွက်ပေါ်လာသည့် ဧရာဝတီတိုင်း သစ်တောဦးစီးဌာန လမ်းညွှန်ချက်ဖြင့် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးကံထွန်းက ၁၇ ရက်နေ့တွင် ထပ်ဆင့်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါ စာရင်းအင်းအရ မုန်တိုင်းသင့် မြေဧက ၂ သောင်းခွဲ ကျော်သည် သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်သွားမည်ဟု ဒေသခံများက ပြောဆိုခြင်း ဖြစ်သည်။

“ကြေညာတဲ့ အတိုင်းဆိုရင် မြေဧက ၂ သောင်းခွဲကျော် ထိန်းသိမ်းလာနိုင်တယ်” ဟု ဘိုကလေး မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

သစ်တောမြေဧရိယာ ၃၃၃၄ဝ ရှိပြီး မြေဧက တိုးချဲ့လိုက်ပါက ဧကပေါင်း ၅၈၄၄၃ အထိ ရောက်ရှိလာမည်။

သစ်တောကြိုးဝိုင်းအတွင်း ပါဝင်သွားမည့် လယ်ယာများကို ပိုင်ဆိုင်သည့် လယ်သမားများ ပြောင်းရွှေ့ရမည်ကို တိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး အစရှိသည့် မြို့များမှ ဌာနဆိုင်ရာများအပြင် ဘိုကလေးမြို့နယ် ကတုန်းကနီ ကျေးရွာအုပ်စုအတွင်းရှိ ကျင်ချောင်းနှင့် ကျွန်းသာယာကျေးရွာ ရယက ဥက္ကဋ္ဌ များထံ အမိန့်စာမိတ္တူ ပေးပို့ထားပြီး ဖြစ်သည်။

ဧရာဝတီတိုင်းရှိ မုန်တိုင်းထိ လယ်သမားများ အနေဖြင့် မကြာခင် မြေယာလက်မဲ့ဘဝ ကျရောက်မည့် အခြေအနေသို့ သက်ရောက်နေကြာင်း ဘိုကလေး မြို့ခံများက ပြောဆိုသော်လည်း လယ်သမား အရေအတွက် မည်ရွေ့မည်မျှ ပါရှိသွားမည်ကို အသေးစိတ် မသိရပေ။

ဘိုကလေး ဒေသခံတဦးက “တချို့ လယ်သမားတွေက ထွန်ယက် စိုက်ပျိုးနေတာ ရှိသလို၊ တချို့ကလည်း စက်ပစ္စည်းတွေ မစုံသေးတဲ့ အတွက် ကြောင့်လည်း မလုပ်နိုင်သေးတဲ့ လူတွေလည်း ရှိသေးတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “သစ်တော အာဏာပိုင်တွေဘက်က အတင်းအဓမ္မ လုပ်လာမယ်ဆိုရင် မူလတုန်းက ဒီမြေတွေကို ကုန်သွယ်လ ယ်ယာဆီက ဝယ်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထား စာရွက်စာတမ်းတွေ၊ ဒီလယ်ယာမြေတွေဟာ အရင်ကတည်းက စာရင်းပေါက်ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေ၊ သစ်တောနဲ့လည်း အပြန်အလှန် သဘောတူညီမှု ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို စုပြီးတော့ အသနားခံစာ တင်မယ်” ဟု ပြောသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဖားကန့်တွင် ရေကြီး

ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 23 2008 19:03 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ကျော် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေသည်။

ယခုလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ မိုးများစွာ ရွာသွန်းသဖြင့် ဖားကန့်မြို့ပေါ်ရှိ ဖားကန့်၊ အေးမြသာယာ၊ ငှက်ပျောတော၊ ဆိုင်းတောင်၊ လုံးခင်း၊ မြို့မ ရေတက်လာခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

“ရေက တော်တော်ကို ကြီးတာ။ ဖားကန့်မှာ ပထမဦးဆုံး စ ရေကြီးတယ်ဆိုပေမယ့် မနှစ်တုန်းကထက် တအားလွန်သွားတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ မနှစ်တုန်းက စံချိန်ထက်ဆိုရင် ၇ ခေါက် ၈ ခေါက်လောက် ရေကြီးပြီးမှ ဒီအဆင့်ကို ရောက်တယ်လေ။ အခုဟာက ပထမဆုံး စကြီးတဲ့ ရေကိုက ဒီအဆင့် ရောက်တာ” ဟု ဖားကန့်မြို့ ငှက်ပျောတော ရပ်ကွက်နေ ဒေသခံတဦးက ပြောသည်။

ဥရုချောင်းသည် မြောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ်ရှိ ကျောကန် တောင်တန်းဒေသမှ အစပြုကာ အနောက်မြောက်မှ တောင်ဘက်သို့ စီးဆင်းကာ ချင်းတွင်းမြစ်ထဲသို့ စီးဝင်သွားသည်။

ယခုရက်ပိုင်းအတွင်း ဆိုင်းတောင်မြို့မှ ဖားကန့်မြို့သို့ စက်လှေနှင့် သွားရာ စက်လှေမှောက်သဖြင့် ကျောက်ကုန်သည်တဦး သေဆုံးကာ လူတဦး ပျောက်ဆုံးနေသည်။

နှစ်စဉ်လိုပင် ရေကြီးမှုသည် ဇူလိုင်တွင် စဖြစ်တတ်ပြီး လက်ရှိ ရေတက်နှုန်းသည် သြဂုတ်နှင့် စက်တင်ဘာ၌ ဖြစ်ပေါ်လေ့ ရှိသော်လည်း ယခုနှစ်တွင် စောစွာ ရေတက်လာခြင်း ဖြစ်သည်။

“နှစ်တိုင်းလုပ်နေတဲ့ ကျောက်တွင်း မြေဇာတွေကို ဥရုမြစ်ထဲ ပုံတော့ မြစ်က ကျဉ်းသွားတာပေါ့။ တရက်နှစ်ရက်ကြီးပြီး ပြန်ကျသွားတယ်လေ” ဟု ဖားကန့်မြို့ရှိ အေးမြသာယာ ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

ဖားကန့်တွင် နှစ်စဉ် ရေလွှမ်းမိုးမှု ဖြစ်ခြင်းမှာ ၁၉၉၄ ခုနှစ်အတွင်းက ဝင်ရောက်လာသည့် ကျောက်တူး ကုမ္ပဏီများက မြေဇာများကို ဥရုချောင်းထဲ စွန့်ပစ်သဖြင့် ရေသွားလမ်း ပိတ်ဆို့ရာမှ ဘေးသို့ စီးဆင်းလာခြင်း ဖြစ်သည်ဟု ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက ပြောသည်။

“ဥရုချောင်းရဲ့ အောက်မှာ ကျောက်တွေ ရှိတယ်။ မြေဇာတွေနဲ့ မူလရေကြောင်းကို ပိတ်လိုက်မယ်၊ ရေစီးကြောင်းက လွဲသွားတယ်။ ဒါကြောင့် ဆိုင်းတောင်မြို့ဘက် မိုးရာသီ ရေကြီးတာ ဖြစ်တယ်။ ကုမ္ပဏီတွေ များလာလို့လည်း ဟုတ်တာပေါ့နော်။ သူတို့က လွတ်တဲ့နေရာတွေ ချောက်တွေမှာ မြေဇာတွေ ပုံလိုက်တယ်၊ ရေသွားလမ်းက တဖြည်းဖြည်းနဲ့ လွဲပြီး မိုးရာသီဆိုရင် ရေလွှမ်းတာတို့ ဖြစ်လာတာပေါ့လေ” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လက်အောက်ခံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ခံ အမျိုးသမီး Ban Yong က မဇ္ဈိမကို ပြောသည်။

ယခုအခါ ဖားကန့်မြို့ပေါ် ဥရုချောင်း ပတ်ဝန်းကျင်တွင် အနည်းဆုံး ကုမ္ပဏီ ၆ဝ ခန့် ရှိသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု

ညလင်းဖြူ
တနင်္လာနေ့၊ ဇွန်လ 23 2008 16:46 - မြန်မာစံတော်ချိန်


ဇွန်လ ဆိုတာက ဒီနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီလေ။
ကျမကတော့ သားလေးအတွက် ရန်ကုန်က Orange Super Market ရှေ့က Back to School ဆိုတဲ့ ဧရိယာမှာ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်း တွေ ဝယ်ဖို့ ကြည့်နေမိတယ်။ အနီးအနားက ကျမလိုပဲ မိခင်နှစ်ယောက်ကလည်း သူတို့ ကလေးတွေအတွက် လိုအပ်တာတွေ ကြည့်နေရင်း တယောက်က သူ့သမီးလေးက ဒီနှစ်မှ ကျောင်းကြီးကို စပို့ရမှာဖြစ်ပြီး၊ ဒီမြို့ရဲ့ နာမည် အကြီးဆုံးကျောင်းကို ပို့ချင်ပေမယ့် ကျောင်းဝင်ကြေးနဲ့ အလှူငွေကို မတတ်နိုင်လို့ အိမ်နားက မူလတန်းကျောင်းကိုပဲ စိတ်လျှော့ပြီး အပ်ရတော့မယ့်အကြောင်း ပြောပြနေပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကျန်တဲ့ မိခင် တယောက်ရဲ့ ကလေးက သူတို့ပြောတဲ့ နာမည်ကြီးကျောင်းမှာ ထားလက်စထင်တယ်။ အဲဒီ မိခင်စကားကို ထောက်ခံပြီး အဲဒီ ကျောင်းမှာ လက်တွေ့ထားရင် နောက်ဆက်တွဲ ဘယ်လို ကုန်တဲ့အကြောင်း၊ အတန်းကောင်းရဖို့ အတန်းပိုင်ဆရာမ ကျေနပ်ဖို့ နည်းအမျိုးမျိုးနဲ့ အရမ်း ကြိုးစားရတဲ့ အကြောင်း၊ ကျောင်း တခါတခါ ပိတ်သွားရင်တော့ သူ့မှာ အသက်ရှူလေး ချောင်မလား စဉ်းစားပေမယ့် တခြားကလေး တွေလို Summer School ကို နေချင်လို့ သူ့ကလေး ပူဆာတော့ သနားလို့ ထားရပြန်ကြောင်း၊ အိမ်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေက မမျှတော့ တခြား ဘက်တွေကို ချွေတာသုံးရပြီး ကလေးပညာရေးကိုတော့ တတ်နိုင်သလောက် ပံ့ပိုးနေရကြောင်း ပြောပါတယ်။

သူတို့ ပြောသလိုပဲ စ မပို့ရသေးဘူး၊ အခု ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုက မတန်တဆ ဖြစ်နေတာ တွေ့ရတယ်။ နေ့လယ် ထမင်းဗူး ထည့်ဖို့အတွက် ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ခပ်သေးသေး ခြင်းတောင်းလေး တခုကိုက ထောင်ဂဏန်းတွေနဲ့ ချီပေးနေရတာ။ ကျမလည်း မတန်လို့ အဲဒီ ခြင်းတောင်းကို ပြန်ချထားပြီး ဒီ့ထက် အထည့်ဆန့်ပြီး ဈေးသက်သာတာ ထပ်ရှာကြည့်တယ်။ စိတ်တိုင်းကျ မတွေ့ရဘူး။ တခြား လိုအပ်တာတွေက ရှိသေးတော့ ခြင်းတောင်သေး တခုအတွက်နဲ့ ငွေ သိပ်မဖြုန်းချင်လို့ပါ။

ခဏနေတော့ နောက်ထပ် မိခင်နှစ်ယောက် Back to School နားကို ရောက်လာကြပြန်တယ်။ ဒီနှစ်ယောက်ကတော့ တမျိုး။ ကလေးသုံး ပစ္စည်းတွေက ကပ်ထားတဲ့ ဈေးနှုန်းတွေကို ကျမတို့လို စစ်စစ်ပေါက်ပေါက် ကြည့်မနေဘူး။ သူတို့ ကြိုက်တာတွေကို တခုပြီးတခု ယူပြီး လက်တွန်းလှည်း (trolley) ပေါ်ကို တင်နေကြတယ်။ လှည်းပေါ်မှာလည်း တခြားပစ္စည်းတွေက အပြည့်။ ပြီးတော့ မိခင်တယောက်က မနှစ်က သူ့သားကို ထားတဲ့ International School က ပိုဈေးသက်သာတဲ့ International School ကိုပဲ ပြောင်းထားမယ့်အကြောင်း၊ ကလေးက ၃ ယောက်ဆိုတော့ အဲဒီလောက်အထိ မတတ်နိုင်ဘူးလို့ စကားသံခပ်ဝဲဝဲနဲ့ တခြားတယောက်ကို ရှင်းပြနေတယ်။

အဖော်ပါလာတဲ့ မိခင်ကလည်း ထောက်ခံပြီး မန္တလေးမှာ International School က ရွေးချယ်စရာ နည်းတဲ့အကြောင်း၊ ရန်ကုန်က ပိုများကြောင်း၊ စီးပွားရေးက ထင်သလောက် အဆင်မပြေလို့သာ ဒီမှာ ထားနေရကြောင်း၊ ဖြစ်နိုင်ရင် စင်္ကာပူမှာပဲ တခါထဲ ထားချင်ကြောင်း သူ့ဆန္ဒကို ပြောနေပြန်တယ်။

ဘာပဲပြောပြော အလွှာချင်းမတူညီတဲ့ ကျမတို့ မိခင်တွေအားလုံးမှာ တူညီနေတာ တခုကတော့ ကျောင်းဖွင့်ရာသီ ရောက်ရင် ကိုယ့်ကလေး ပညာရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုး ပေးချင်ကြတာရယ်၊ အိမ်ရဲ့ ဝင်ငွေထွက်ငွေကို သိထားလို့ ချိန်ဆနေရတဲ့အတွက် အားမရ စိတ်ညစ်နေကြ တာတွေရယ်ကတော့ အကုန် အတူတူပါပဲလို့ တွေးမိရတယ်။


ကျောင်းဖွင့်ရာသီအပေါ် ကလေးတွေရဲ့ ခံစားမှု
International School တွေမှာ ဖွင့်လေ့ရှိတဲ့ Summer School မှာ ခဏတွေ့ရတဲ့ သူငယ်ချင်း အသစ်တွေနဲ့ ခွဲခွာရတော့မှာ ဖြစ်ပေမယ့် တနှစ်ပတ်လုံး အတူနေ၊ အတူဆော့လာခဲ့တဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတော့မှာမို့ ကလေးတွေကတော့ အရမ်းကို ပျော်နေကြတယ်။ ကျမတို့ ငယ်ငယ်က ခံစားချက်လိုပဲ အတန်းသစ် တတန်းကို တက်ရတော့မယ့် ခံစားမှုကလည်း ရင်ခုန်စရာတမျိုးပေါ့။ အသက် တနှစ်ကြီးသွားပြီ၊ အတန်းတတန်း ကြီးသွားပြီဆိုတဲ့ သဘောလေ။

ဒီခေတ် ကလေးတွေကြားမှာ ပြောစရာတခု ရှိလာတာက နွေရာသီတုန်းက သူတို့ တက်ခဲ့တဲ့ Summer School က ကစားကွင်း ဘယ်လောက် ကျယ်တဲ့အကြောင်း၊ ဘယ်လို သားနားတဲ့ အကြောင်း၊ ဘယ်သူတွေနဲ့ တွေ့ပြီး ဆော့ခဲ့ကြကြောင်း၊ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာ ကျင်းပတဲ့ ကျောင်းဆင်းပွဲမှာ ဘယ်လို ပါဝင် လှုပ်ရှားခဲ့ကြောင်း၊ တယောက် အတွေ့အကြုံတွေကို တခြားတယောက်ကို ပြောပြဖလှယ်ကြ။ တချို့ကတော့ ကျောင်းကြီးကို ဖွင့်စေချင်လှပြီ။ အဲဒီ အတွေ့အကြုံတွေကိုလည်း ပြောပြချင်ကြလို့။ နောက်ပြီး တနှစ်တာလုံး ရင်းရင်းနှီးနှီး နေခဲ့တဲ့ ပတ်ဝန်းကျင် အဟောင်းမှာ ပြန်ကစားချင်လာကြလို့။

မိခင်တွေရဲ့ ငွေကြေး အခက်အခဲ၊ လူမှုကိစ္စ အခက်အခဲတွေကို ဘာမှ နားမလည်တဲ့ မသိကြရှာတဲ့ ကလေးတွေ အတွက်ကတော့ ကျောင်းဖွင့်ချိန် ဟာ မင်္ဂလာပါ။ တချို့ မလိုက်မသိတဲ့ ကလေးတွေဆိုရင် အရင်ကျောင်း အဟောင်းကို မနေချင်တော့ကြောင်း၊ Summer School မှာပဲ ဆက်နေချင်ကြောင်း နားပူနားဆာ လုပ်ကြတာတွေလည်း ရှိရဲ့။ ကျောင်းသုံးပစ္စည်း ဝယ်တဲ့အခါမှာလည်း တန်၏၊ မတန်၏ နားမလည်ရှာဘဲ လိုချင်တာတွေကိုပဲ အတင်း ပူဆာကြသူတွေလည်း ရှိရဲ့။

ဒီခေတ်မှာ ကျောင်းတွေက အပတ်စဉ် အစမ်းစာမေးပွဲ ပဲရှိပြီး အတန်းနှစ်ကျ (Repeater) ရယ်လို့လည်း မရှိတော့ ကျမတို့တုန်းကလို အဲဒီ ဘက်မှာ စိတ်ပူစရာ မလိုတော့ဘူးလေ။ အတန်းသစ်တတန်းကို လွယ်လွယ်ကူကူနဲ့ တက်ရတော့မယ် ဆိုတာကို သိနေကြတယ်။ ဒီတော့ ကျောင်းဖွင့်ချိန်ဟာ ဘာစိတ်ပူစရာမှ မရှိတဲ့ ကလေးတွေအတွက် အပျော်ကြီး ပျော်စရာ အချိန်ပေပဲပေါ့။


ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု
Sky Walk Shopping Mall နဲ့ Orange Super Market eJ‹ Back to School မှာ ကျောင်းသုံးပစ္စည်းတွေ ဝယ်လာပြီး စက်လှေကားက ဆင်းခဲ့တယ်။ တော်သေးတယ်၊ သားတော်မောင်ကို ခေါ်မလာခဲ့လို့။ သူ့ကိုသာ ခေါ်လာရင် ဈေး တန်တာ၊ မတန်တာ နားမလည်တော့ ဟိုဟာ လိုချင်တယ်၊ ဒီဟာ ယူချင်တယ်နဲ့ လုပ်တတ်လေ့ ရှိတယ်။ ဒါပေမဲ့ သူ့ကို ခေါ်မလာဘဲ အမေက စိတ်ကြိုက်ဝယ်လာတဲ့ ပစ္စည်းဆိုရင်တော့ ချေးမများတတ်ရှာဘူး။ တမြတ်တနိုးနဲ့ လက်ခံလေ့ ရှိတယ်လေ။ ဒါကိုသိတဲ့ ကျမက အခုလို ကျောင်းဖွင့်ရာသီအတွက် လိုအပ်တာတွေ ဝယ်ဖို့ ထွက်ရင် သားလေးကို ခေါ်လေ့ မရှိတော့ဘူး။ သူလိုချင်တာက ဈေးမတော်လို့ ဝယ်မပေးရင် စိတ်မကောင်း ဖြစ်မှာလည်း စိုးလို့ပါ။

စက်လှေကားအဆင်းမှာ သားလေးအရွယ် ကလေး ၃ ယောက်လောက် တယောက်က ရတနာပုံ ဈေးထဲက ဆိုင်တဆိုင်အတွက် အဝတ်ထုပ်ကြီးတွေ ထမ်းသယ်သွားတာကို တွေ့ရတယ်။ နောက်နှစ်ယောက်က ရေသန့်ပုံးတွေ တင်ထားတဲ့ လက်တွန်းလှည်းလေးကို အရှေ့က တယောက်၊ အနောက်ဘက်က တယောက် မျှပြီး တွန်းနေကြလေရဲ့။

ကျမ ဖြတ်အသွား အနားက အမျိုးသမီးနှစ်ယောက်က အပြန်အလှန် စကားပြောနေကြတယ်။ ဈေးဗန်းကို ဘေးချထားတဲ့ အမျိုးသမီးက ပါတိတ်ဝမ်းဆက်နဲ့ အမျိုးသမီးကို သူ့ကလေး သုံးယောက်ကို အခုလို အလုပ်ရအောင် သွင်းပေးလို့ ကျေးဇူးတင်တဲ့အကြောင်း ပြောနေတာပါ။ ဒီနှစ် ကျောင်းဖွင့်ရာသီမှာ အငယ်လေး နှစ်ယောက်ကိုပဲ ကျောင်းထားနိုင်တော့လို့ စိတ်မကောင်းပေမယ့် အကြီး သုံးယောက်ကို အခုလို အလုပ်ခွင်ကိုပဲ ပို့ရတော့တဲ့အကြောင်း ဆက်ပြောနေတယ်။

မိခင်တယောက်ဖြစ်တဲ့ ကျမ သူ့မျက်နှာကို ကြည့်လိုက်မိတော့ မျက်လုံးလေးတွေထဲမှာ အရည်ကြည်လေးတွေ လဲ့နေတာကို စိတ်မကောင်းစွာ တွေ့လိုက်ရတယ်။ ခပ်လှမ်းလှမ်းမှာတော့ အဆော့မက်တဲ့ ကလေးတချို့ ကျောင်းစိမ်းအင်္ကျီရောင်းတဲ့ ဆိုင်ရှေ့မှာ ရပ်ပြီး အင်္ကျီလေးတွေကို ငေးကြည့်နေလေရဲ့။ သူတို့ အခြေအနေတွေကတော့ ကျမတို့နဲ့ ဆန့်ကျင်ဘက်။ အခုလို ကျောင်းဖွင့်ရာသီမှာ မိခင်ရော ကလေးဖြစ်သူတွေပါ ကျောင်းဆက်တက်ဖို့ အခက်အခဲ ရှိနေတော့ နှစ်ဦးနှစ်ဖက် စိတ်မကောင်းဖြစ်နေကြတဲ့ ခံစားမှုတွေက တူညီနေတာ တွေ့ရတယ်။ မိခင်လုပ်သူကလည်း မပျော်နိုင်သလို၊ ကလေးတွေကလည်း သူများပျော်လို့ မပျော်နိုင်တဲ့ အခြေအနေလေ။

ကျောင်းဖွင့်ရာသီတွေမှာ အခုလို ဆန့်ကျင်ဘက်တွေ ဖြစ်နေခဲ့တာက အခုမှလား၊ အရင်ကတည်းကလား ကျမ အတွေးတွေ ရှုပ်လာတယ်။ ရှုပ်နေတဲ့ အတွေးတွေကို ဖျောက်လိုက်ပြီး ဈေးတက်သွားတဲ့ ကားရပ်နားခ အခွန်ငွေ ၂ဝဝ ပေးပြီး ကားကို ဂရုတစိုက်မောင်း အိမ်ပြန်ခဲ့တော့ တယ်။ ကားမောင်းနေရင်း ဝယ်လာတဲ့ ကျောင်းသုံးပစ္စည်း အသစ်လေးတွေကို ကြည့်ပြီး ကျောင်းတက်ရတော့မယ် ဆိုတဲ့ အသိနဲ့ ဝမ်းသာ ပျော်ရွှင်နေမယ့် သားလေးရဲ့ ချစ်စရာ မျက်နှာလေးကို မြင်ယောင်မိပြီး ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ဈေးလမ်းကြားထဲမှာ အလုပ်လုပ်နေရာက ကျောင်းစိမ်းအင်္ကျီ ဆိုင်ရှေ့အရောက် အလုပ်ကိုရပ်ပြီး ငေးကြည့်နေရှာတဲ့ ကလေးရဲ့ မျက်နှာကို သွားသတိရမိလိုက်တော့ အပြုံးက ချက်ချင်း ရပ်သွားမိတော့တယ်။


ညလင်းဖြူ

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကျပ်သိန်း ၁ဝဝဝ တန် အောင်ဘာလေထီ ဆုအသစ် ဖွင့်လှစ်ရန် စစ်အစိုးရကြံ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဇွန်လ 23 2008 14:43 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမြင့်ဆုံး ဆုငွေ ကျပ် သိန်း ၁ဝဝဝ အထိပေးမည့် အောင်ဘာလေထီ ပုံစံသစ်တခုကို သြဂုတ်လအတွင်း ဖွင့်လှစ်သွားရန် ရှိကြောင်း ထီရုံးအရာရှိတဦး အပြောအရ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေး နှစ်ကုန်ပိုင်းကတည်းက စီမံကိန်း ချထားပြီးသား။ ဒါပေမဲ့ လျှို့ဝှက်ချက် အနေနဲ့ပဲ ရှိနေသေးတယ်” ဟု နိုင်ငံပိုင် အောင်ဘာလေထီရုံးမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။

ထီဆုသစ် သတင်းက ဆယ်စုနှစ်နှင့်ချီ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေခဲ့သော ကုန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ငွေကြေး ဖောင်းပွမှုကို ဆက်လက် တွန်းအားပေးနေဖွယ် ရှိနေသည်။

ဆုမဲ အစီအစဉ်သစ်သည် လက်ရှိ ရောင်းချနေသော ထီလက်မှတ် တစောင်လျှင် ကျပ် ၁ဝဝ ဈေးနှုန်းကိုမူ တိုးမြှင့်မသွားဘဲ လက်မှတ် အရေအတွက်သာ ပိုမိုလာမည်ဟု အရာရှိက ပြောသည်။

အစိုးရအနေဖြင့် အခွန်တော် များများလိုသဖြင့် ထီလက်မှတ် အရေအတွက် ပိုမို ထုတ်ရောင်းရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ထီစီမံကိန်းအသစ် ဖွင့်လှစ်ပြီးနောက် ထီပေါက်သူများကို အပိုဆုငွေပေးကာ ထီလက်မှတ် အရောင်းအဝယ် လုပ်နေသည့် ထီပွဲစားများကို အရေးယူ နှိမ်နင်းသွားဖွယ် ရှိသည်ဟု ရန်ကုန်အခြေစိုက် ထီပွဲစားတဦးက ပြောသည်။

တရားမဝင် နှစ်လုံးထီ၊ သုံးလုံးထီ (ချဲထီ) လောင်းကစားခြင်းများ ရေပန်းစားလွန်းနေသော နိုင်ငံတွင် ထီဆု အစီအစဉ်သစ်က နောက်ထပ် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်သည်။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်