ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
Rest of your post
I am one of Burmese revolutionary bloggers.
Posted by
54freedom
at
10:16 PM
0
comments
Labels: ပြည်တွင်းသတင်းများ
NEJ/ ၂၀ ဇွန် ၂၀၀၈
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှ မြန်မာ သံအမတ်ကြီး ဦးကျော်တင့်ဆွေကို စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့်သတင်း မမှန်ကန်ကြောင်း သံတမန်သတင်းရပ်ကွက်က ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်မုန်တိုင်းကိစ္စတွင် နိုင်ငံတကာဘက်မှ ထောက်ခံပြောဆိုသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည် ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြည်ပမီဒီယာများသို့ မကြာခင်က ပေးပို့ခဲ့သည်။ သို့သော် သံအမတ်ကြီး ဦးကျော်တင့်ဆွေ (ဤသတင်းရေးချိန်ထိ) နယူးယော့ခ် မြန်မာသံရုံးတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။
နယူးယော့ခ်မြန်မာသံရုံးမှ ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းနှင့် ဗိုလ်မှူးအောင်လင်းထွဋ် တို့ကြား ပုဂ္ဂိုလ်ရေး မပြေလည်မှုများဖြစ်ပြီး မကြာခင် သံအမတ်ကြီး ဦးကျော်တင့်ဆွေအား စစ်အစိုးရက ပြန်ခေါ်သည်ဆိုသည့် စာများကို ဗိုလ်မှူးအောင်လင်းထွဋ်က ဖြန့်ဝေခဲ့ခြင်းဖြစ် သည်ဟု နယူးယော့ခ် မြန်မာသံရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။ ဗိုလ်မှူး အောင်လင်းထွဋ်အား သတင်းမှားများထုတ်ပေးရန် ကောင်စစ်ဝန် ဗိုလ်မှူးကြီးကျော်စွာမင်းကို စစ်အစိုးရက သီးခြားတာဝန်ပေးခဲ့ပုံရသည်ဟု နေပြည်တော် အရာရှိအသိုင်းအ၀န်းက ယူဆသည်။
နယူးယော့ခ်မြို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် တင့်ဆွေသည် နယူးယော့ခ်မြန်မာသံရုံးတွင် (၁၀) နှစ်ကျော် တာဝန်ထမ်းဆောင်နေပြီး ကုလ သမဂ္ဂတွင် စစ်အစိုးရအလိုကျ ကူညီပြောဆိုနေသည့် သံတမန်တဦးဖြစ်သည်ဟု နေပြည်တော် အရာရှိတဦးက ပြောသည်။
လတ်တလော ပြည်ပမီဒီယာများသို့ ဖြန့်ဝေသည့် ဗိုလ်မှူးအောင်လင်းထွဋ်၏ စာများတွင် မြန်မာ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျူးလွန်သည်ဆိုသည့် အချက်များကိုသာ အသား ပေးဖော်ထုတ်ထားပြီး အကျယ်ချုပ်ကျနေသည့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ၊ တချိန်က စစ်ထောက်လှမ်းရေး၏ အတိုက်အခံအပေါ် ရက်စက် ကြမ်းကြုတ်မှုများကိုမူ ယခုချိန်ထိ ဖော်ပြထားခြင်းမရှိဟု အတိုက်အခံအချို့က သုံးသပ်သည်။
ဦးအောင်လင်းထွဋ်သည် ထောက်လှမ်းရေးဗိုလ်မှူးဟောင်းဖြစ်ပြီး တချိန်က ၀ါရှင်တန်ဒီစီ မြန်မာ သံရုံးတွင် သံရုံးဒုတိယတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်ပြုတ်ပြီး မကြာခင် အမေရိကန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့် လျှောက်ခဲ့သည်။ ။
Rest of your post
Posted by
54freedom
at
10:11 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
NEJ/ ၂၀ ဇွန် ၂၀၀၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စိတ်ပိုင်းဆိုင်ရာ လုပ်ကြံမှုတခုပြုလုပ်ခဲ့ကြောင်း ဇွန် (၁၇) ရက်စွဲဖြင့် ရေးသားထားသည့် စာတစောင် မီဒီယာများသို့ ပျံ့နှံ့နေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါစာကို အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ဗိုလ်မှူးအောင်လင်းထွဋ်က လက်မှတ်ထိုး ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၀၁ ခု ၀ါရှင်တန်မြို့ မြန်မာသံရုံး၌ ၎င်းတာဝန်ထမ်း ဆောင်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်ဖော်ပြ ရေးသားထားခြင်းဖြစ်သည်။
၂၀၀၁ ခု အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၏ လက်မှတ်ဖြင့် ဒေါ်အောင် ဆန်းစုကြည်အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားစွဲဆိုကြောင်း လက်မှတ်ရေးထိုး ပေးရန် စာတစောင် ၀ါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းထံ ရောက်လာသည်ဟု ဗိုလ်မှူးအောင်လင်းထွဋ်စာမှာ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်တွင် မောင်နှမကြား ပြဿနာတခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏စိတ် မရွှင်လန်းစေသည့်အပြင် ပြည်တွင်းနှင့် ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ထံ အဆိုးမြင်စေရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံစည်ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦး၏ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာ စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်၏ မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်း သွင်းစေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဦးအောင်ဆန်းဦးဘက်မှ လက်မှတ်ရေးထိုးရန် သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် တရား စွဲဆိုမည့် စာရွက်စာတမ်းများကို မြန်မာသံရုံး ၀ါရှင်တန်မြို့သို့ ပေးပို့ခဲ့ကာ မြန်မာသံရုံးမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများပေးပို့ခဲ့ပြီး လက်မှတ်ရေးထိုး ပြန်ရောက်လာသောစာကို ထိုစဉ်က မြန်မာသံအမတ်ကြီး ဦးတင်ဝင်းမှ မှန်ကန်ကြောင်း ထပ်ဆင့်လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သံရုံး ချောစာ Pouch ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုလည်း စာတွင် ဆက်လက်ဖော်ပြထားသည်။
ယင်းလုပ်ရပ်များသည် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား စနစ်တကျ အကွက် ချပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိမ်အမွေမှု နောက်ကွယ်မှ စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်သူအများသိစေရန် တင်ပြရခြင်းဖြစ်ကြောင်း ဗိုလ်မှူး အောင်လင်းထွဋ်၏ စာတွင် ဖော်ပြပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်စဉ်အကျဉ်းချုပ် (သတင်းထောက် မောင်မန်း)
၂၀၀၀- ခု နိုဝင်ဘာလ (၁၆) ရက်အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အမွေရလိုမှုနဲ့ ရန်ကုန်တိုင်း တရားရုံးမှာ အမှုဆိုင်ခဲ့ပါတယ်။ တရားလို ဦးအောင်ဆန်းဦးရဲ့ အပြောအရတော့ မိခင် ဒေါ်ခင် ကြည် ဆုံးတာ (၁၂) နှစ်ပြည့်လို့ မိခင်ဆန္ဒအရ အမွေတောင်းခံတာဆိုပေမယ့် နိုင်ငံခြားသတင်း တွေရဲ့ ရေးသားချက်အရတော့ ဇနီးဖြစ်သူရဲ့ ဖိအားပေးမှုကြောင့် ဦးအောင်ဆန်းဦးဘက်က ခုလို ဖုတ်ပူမီးတိုက် အမွေတောင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ နအဖဘက်ကတော့ ဒေါ်အောင်ဆန်း စုကြည် တရားရုံးကို သွားရောက်မယ်ဆိုရင် အကျယ်ချုပ်ကနေ ခွင့်ပြုမယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံး မသွားတဲ့ပြင် သူ့ဘက်က လိုက်ပေးမယ့် ရှေ့နေ တွေ ပေါ်ပေါက်ခဲ့ပါတယ်။
၂၀၀၀- ခု နိုဝင်ဘာလ (၂၃) ရက်တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖြစ် ရန်ကုန်မြို့က ရှေ့နေများဖြစ်တဲ့ ဦးကြည် ၀င်း၊ ဦးအောင်သိန်း၊ ဦးမြင့်သောင်းနဲ့ ဦးခင်မောင်အေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ငှားရမ်း ပါတယ်။ ဒေါ်အောင်ဆန်းကြည်ရဲ့ တရားရုံး ကိုယ်စားလှယ်အဖြစ် ရှေ့နေကြီး ဦးထွန်းတင်က ဆောင်ရွက်ပါတယ်။ ဦးအောင်ဆန်းဦးဘက်က ရှေ့နေအဖြစ် ရှေ့နေဦးကျော်ဇေယျက လိုက်ပါ ဆောင်ရွက်ပြီး တရားရုံးကိုယ်စားလှယ်အဖြစ် ရှေ့နေဦးဟန်တိုးက ဆောင်ရွက်ပါတယ်။
ဦးအောင်ဆန်းဦးဘက်က တရားစွဲပုံမှားဦးအောင်ဆန်းဦးရဲ့ရှေ့နေက ရန်ကုန်တိုင်းတရားရုံး (အောက်ရုံးလို့လည်းခေါ်ပါတယ်) မှာ စတင် တရားစွဲတဲ့အချိန်က မြေကို ထက်ဝက်ခွဲစိတ်ပြီး အမွေပုံပစ္စည်း လက်ရောက်ရလိုမှု (Suit for Partition) နဲ့ စွဲပါတယ်။ ဒါပေမယ့် အဲသလိုစွဲဆိုတဲ့ အဆိုလွှာဟာ ဥပဒေကြောင်းနဲ့ မညီဘဲ စွဲဆိုပုံ မှားနေတယ်၊ အမှန်ဆိုရင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု (Right for administration) နဲ့သာ စွဲထိုက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ရုံးတော်မှာ လျှောက်လဲခဲ့ပါတယ်။
၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေအရ နိုင်ငံခြားသားတဦးအနေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို တောင်းခံချင်တယ် ဒါမှမဟုတ် လက်လွဲရောင်းချချင်တယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန ခွင်ပြုမိန့်ရမှ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဒီဥပဒေနဲ့ ကင်းလွတ်ခွင့်ကို အစိုးရက ပေးနိုင်တယ်လို့ပါ တဘက်က ဆိုထားပါတယ်။
ဦးအောင်ဆန်းဦးဟာ ဗုဒ္ဓဘာသာဝင်တဦးဖြစ်လို့ ဗုဒ္ဓဓလေ့ထုံးတမ်း ဥပဒေအရ အမွေတောင်းခံခွင့် ရှိပေမယ့် အမေရိကန်မှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသားဖြစ်နေတဲ့အတွက် ခုလို အမွေတောင်းခံ ချင်ရင် နိုင်ငံခြားသားဖြစ်နေတဲ့အချက်၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်နေတဲ့ အချက်တွေကြောင့် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ရဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က လျှောက်လဲပါတယ်။ သဘောကတော့ နိုင်ငံခြားသား ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မရရင် ဘယ်တရားရုံးကမှတဆင့် အမွေတောင်းဖို့ လျှောက်လဲခွင့်မရှိဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဦးအောင်ဆန်းဦးရှေ့နေ ဦးကျော်ဇေယျရဲ့အပြောအရ ၂၀၀၀ ခု ဇူလိုင်လ (၂၈) ရက် နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ဆန်းဦးကို ၁၉၈၇ ခုနှစ် ဥပဒေက ကင်းလွတ်မိန့် ပေးထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ အမှုကို ဒေါ်အောင်ဆန်းစုကြည် မလာရောက်ပေမယ့် မျက်ကွယ်မှာ စစ်မယ်ဆိုပြီး ၂၀၀၀ ခု နိုဝင်ဘာလ (၂၇) ရက် ချိန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ဟာ ကာလပေါက်ဈေးနဲ့ဆိုရင် ကျပ်သန်း (၄၀၀) လောက် တန်တယ်လို့ အိမ်အရောင်းအ၀ယ်သမားတွေက မှန်းပါတယ်။ ၂၀၀၀ ခု နိုဝင်ဘာ (၂၁) ရက် ကနေ ရုံးချိန်း အဆင့်ဆင့်ပြောင်းခဲ့ပါတယ်။
၂၀၀၁- ခု အောက်တိုဘာလ (၂၂) ရက်ရုံးချိန်းတရားလို ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့် မလိုဘဲနဲ့ကို အမွေတောင်းခံ ခွင့်ရှိတယ်လို့ တရားသူကြီး ဦးစိုးသိန်းက အမိန့်ချလိုက်တဲ့အတွက် ဦးအောင်ဆန်းဦးအနေနဲ့ အမွေတောင်းရာမှာ ဥပဒေရေးရာ အခက်အခဲတွေ မရှိသလောက် ဖြစ်သွားပြီလို့ ဆိုရမှာ ဖြစ်ပါ တယ်။ အရပ်စကားနဲ့ ပြောရရင် အမွေရဖို့ သေချာသွားပြီ၊ ဦးအောင်ဆန်းဦးကို အနိုင်ပေးလိုက်ပြီ ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီမှာတင် ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေတ၀က်ဆုံးဖို့ အလား အလာရှိဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသတင်းတွေက ရေးကြပါတယ်။
ဒါပေမယ့် နိုင်ငံခြားသတင်းတွေရေးသလို ဒေါ်အောင်ဆန်းစုကြည်ဘက်က အမှုရှုံးဖို့ အလား အလာမရှိတဲ့အပြင် ဥပဒေကြောင်းအရ ငြင်းခုံလျှောက်လဲစရာတွေ အများအပြားရှိနေသေးတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးကိုယ်စားလှယ် ဦးထွန်းတင်က ပြောဆိုပါတယ်။ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်းတရားရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်မလိုဘဲ အမွေတောင်းခံနိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဘက်က မကျေနပ်တဲ့အတွက် အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားရုံးချုပ်ကို ပြန်လည်စစ်ဆေးပေးဖို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့အဖွဲ့က အယူခံ လျှောက်ထားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံလျှောက်ထားချက်ကို ၂၀၀၂ ခု ဇန်န၀ါရီလမှာ တရား ရုံးချုပ်ကနေ လက်ခံစစ်ဆေးဖို့ သဘောတူခဲ့ပါတယ်။ တချိန်တည်းမှာပဲ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးက အမှုတွဲကို တရားရုံးချုပ်က တောင်းခံခဲ့ပြီး အမှုကို ၂၀၀၂ ခု ဖေဖော် ၀ါရီလ (၂၀) ရက်မှာ အပြီးသတ် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသားလည်းဖြစ်နေတဲ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မပါဘဲ အမွေ တောင်းခံ နေတဲ့အတွက် တရားမ၀င်တဲ့ အဆိုလွှာကို ပယ်သင့်တယ်လို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့ အဖွဲ့က ယူဆပါတယ်။
၂၀၀၂- ခု ဖေဖော်ဝါရီလ (၂၀) ရက်နှစ်ဘက်ရှေ့နေတွေ တရားရုံးချုပ်မှာ အပြန်အလှန် အပြီးသတ်လျှောက်လဲခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ဦးကြည်ဝင်းကတော့ ဦးအောင်ဆန်းဦးဟာ ပြည်ထဲရေးဝန်ကြီး ဌာန အမိန့်မရဘဲ အမွေတောင်းခံခွင့်မရှိတဲ့အကြောင်း ၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေကို ကိုးကားပြီး (၄၅) မိနစ်ကြာ ခုခံလျှောက်လဲခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မပါဘဲ ဦးအောင်ဆန်းဦးကို အမွေတောင်းခံခွင့်ပေးလိုက်ရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ထုံး ကမောက် ကမဖြစ်သွားမယ့်အလားအလာ ရှိတယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
သုံးသပ်ချက်
၁။ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ တရားရုံးချုပ်က စီရင်ချက်ချခဲ့ရင် အထူးအယူခံအနေနဲ့ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးထံ ဒေါ်စုရှေ့နေတွေက အထူးအယူခံခွင့် ရှိပါတယ်။
၂။ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံ ခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုအနေနဲ့ အိမ်တ၀က် အမွေခွဲပေးရဖို့ သေချာသွားပြီဖြစ် ပါတယ်။
၃။ ဥပဒေလုပ်ထုံးလုပ်နည်းအရ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင်ခုံရုံးကနေ ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ရင် အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးကနေ အမှုကို ပြန်စစ်ရအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးအောင်ဆန်းဦး အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုရှေ့နေတွေဘက်က ငြင်းခုံချေပစရာ ဘာမှမရှိသလောက်ဖြစ်တော့မှာမို့ ဦးအောင်ဆန်းဦး အနေနဲ့ အမွေရဖို့ သေချာပြီလို့ ပြောနိုင်တဲ့အကြောင်း ရန်ကုန်ရှေ့နေ အသိုင်းအ၀န်းက ပြောဆို ပါတယ်။
၎။ အမှုကိုပြန်ကြည့်ရင် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေ တောင်းခံခွင့်ရှိတယ်လို့ အစိုးရက ခွင့်ပြုထားတဲ့အကြောင်း ဦးအောင်ဆန်းဦးရှေ့နေတွေရဲ့ ပြောဆိုချက်မှန်မမှန် အတိအကျ မသိရပေမယ့် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချလိုက်တဲ့ အတွက် ဒီအမိန့်ရဲ့နောက်ကွယ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက တရားသူကြီးကို လက်သိပ်ထိုး ဖိအားပေးထားသလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
၅။ ဒီအခြေအနေတွေကို ထောက်ကြည့်ရင် တရားလွှတ်တော်ရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးဖို့ အတော့်ကို အခွင့်အလမ်းနည်းပါးတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
၆။ ထူးခြားတာက ၂၀၀၃ ဒီပဲယင်း အရေးအခင်းနောက်ပိုင်းကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေမှုအခြေအနေကို စစ်အစိုးရတရားရုံးတွေက မထုတ်ပြန်ဘဲ ထားခဲ့တာ ကနေ့ထိ ဖြစ်ပါတယ်။
Rest of your post
Posted by
54freedom
at
10:05 PM
0
comments
Labels: ပြည်တွင်းသတင်းများ
NEJ/ ၂၀ ဇွန် ၂၀၀၈
ဧရာဝတီတိုင်း ဆန်ဖူလုံရေး ရည်ရွယ်ပြီး မြောင်းမြကတဆင့် ပခုက္ကူသို့ ရေလမ်းခရီးမှ ဆန်တင်ပို့ခွင့် ရပ်ဆိုင်းလိုက်ကြောင်း မြောင်းမြမြို့ခံ ဆန်ကုန်သည်တဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ တနင်္လာနေ့က ဆန်ကုန်သည်တွေနဲ့ ခရိုင်အာဏာပိုင်အဖွဲ့ တွေ့တယ်။ အဲဒီမှာ ဧရာဝတီတိုင်းအတွင်း ဆန်ဖူလုံရေးအတွက် ပခုက္ကူဘက်ကို ဆန်တင်နေတာတွေ ရပ်ခိုင်းတယ်။ ရန်ကုန်ကို တင်နေတာတွေကိုတော့ ဆက်ပြီး ခွင့်ပြုထားသေးတယ်” ဟု ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဧရာဝတီတိုင်း မြောင်းမြမြို့သည် ပြီးခဲ့သည့် မေ (၂) ရက်နှင့် (၃) ရက်နေ့တို့တွင် တိုက်ခဲ့သည့် လေမုန်တိုင်းဒဏ် အနည်းငယ်သာ ခံရသည့်မြို့ဖြစ်သည်။ လောလောဆယ် ဧရာဝတီတိုင်းအတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများ၊ ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဒဏ်သင့် မြို့နယ်များ အတွက် မျိုးစပါးလိုအပ်နေသူများသည် မြောင်းမြမြို့မှ ဆန်နှင့်စပါးများကိုသာ အဓိကထား ၀ယ်ယူနေကြကြောင်း၊ ထို့အပြင် ပိုလျံသည့် ကြိတ်ခွဲပြီး ဆန်များကိုလည်း ရန်ကုန်ဈေးကွက်နှင့် မကွေးတိုင်း ပခုက္ကူမြို့သို့ ဆက်လက်တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဆန်ဈေးကွက်ဖြစ်ထွန်းရာ မြို့တမြို့ဖြစ်ပြီး မြန်မာပြည် အောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းမှ ဆန်များ ပခုက္ကူဈေးကွက်ကို ရောက်ရှိကာ ပခုက္ကူမှတဆင့် အခြားဒေသအသီးသီးကို သယ်ပို့ရောင်းဝယ်ဖောက်ကားကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် စပါးအထွက် တင်းသန်းပေါင်း (၁,၄၀၀) ကျော်ရှိပြီး ဧရာဝတီတိုင်းမှ တင်းသန်း (၄၃၀) ထွက်သည်။ တနည်းဆိုရလျင် မနှစ်က ဧရာဝတီတိုင်း စပါးအထွက်နှုန်းသည် တပြည်လုံး၏ (၃၀) ရာနှုန်းရှိသည်။
ဇွန်လ (၁၀) ရက်နေ့ ကုလသမဂ္ဂ၊ အာစီယံ၊ မြန်မာအစိုးရ သုံးပွင့်ဆိုင် အစည်းဝေးတွင် ၀န်ကြီး ဦးစိုးသာက မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်သည့် လယ်ဧကသည် တနိုင်ငံလုံး၏ (၁) ရာခိုင်နှုန်း မပြည့်ကြောင်း၊ ဆန်စပါးပျက်စီးမှုသည်လည်း တပြည်လုံးအထွက်၏ (၂.၃) ရာခိုင်နှုန်းသာရှိ၍ မပူပင်ရကြောင်း ပြောသည်။ သို့သော် မုန်တိုင်းကြောင့် စပါးစိုက်ဧက ပျက်နှုန်းသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွင် တနိုင်ငံလုံးစိုက်ဧက၏ (၃၇) ရာနှုန်းရှိသည်ဟု ကမ္ဘာ့စားနပ်ရိကာအဖွဲ့ FAO က ပြောသည်။ မုန်တိုင်းထိ ပြည်နယ်တိုင်း (၄) ခုရှိ စပါးအပျက်နှုန်းသည် တနိုင်ငံလုံးစိုက်ဧက၏ (၆၀) ရာနှုန်းရှိသည်ဟု အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း မုန်တိုင်းလွတ်ခဲ့သည့် မြို့များမှ ဆန်စပါးများသည် လာမည့် သြဂုတ်လအထိသာ လုံလောက်မည်ဖြစ်ပြီး သြဂုတ်လကျော်သည်နှင့် အခြားပြည်နယ်နှင့် တိုင်းတို့က ဧရာဝတီတိုင်းသို့ ဆန်ပြန်လည်တင်ပို့ ထောက်ပံ့ရမည်ဖြစ်ကြောင်း မြောင်းမြနှင့်ရန်ကုန်ရှိ ဆန်ကုန်သည်များက ခန့်မှန်းထားသည်။ ။
Rest of your post
Posted by
54freedom
at
10:00 PM
0
comments
Labels: ပြည်တွင်းသတင်းများ
NEJ/ ၂၀ ဇွန် ၂၀၀၈
လေဘေးသင့်သူများအတွက် နိုင်ငံတကာမှထောက်ပံ့သည့် Shelter Box နှင့် အခြားစားစရာ အသုံးအဆောင်များ တပ်တွင်းရောက်ရှိလာပြီး အရာရှိမိသားစုများနှင့် အခြားအိမ်ထောင်သည် မိသားစုများ ခွဲဝေယူကြကြောင်း ပုသိမ်အခြေစိုက် ခလရ (၃၈) မှ အိမ်ထောင်သည် အမျိုးသမီး တဦးက ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ကျမတို့ တပ်ထဲကို Shelter Box နဲ့ ရွက်ဖျင်တဲတွေ၊ နိုင်ငံခြားက လေဘေးအတွက်လှူတဲ့ အစားအသောက်တွေ ရောက်လာတယ်၊ ဘယ်လိုရောက်လာသလဲတော့ မသိဘူး။ Shelter Box နဲ့ ရွက်ဖျင်တဲ အကောင်းစားတွေကိုတော့ အရာရှိတွေ ခွဲဝေယူကြတယ်၊ ပိုပေမယ့် အခြားအရာခံဗိုလ်၊ အကြပ်တွေကိုတောင် ခွဲမပေးဘဲ ထောက်ပံ့ရေးဂိုဒေါင်ထဲမှာပဲ သိမ်းထားလိုက်တယ်။ သူတို့ရတဲ့ သေတ္တာတွေထဲမှာ တန်ဖိုးရှိတဲ့ လက်သမားနဲ့ အိမ်ဆောက်သုံး ကိရိယာတန်ဆာပလာတွေပါတယ်။ အခြားအဆင့်တွေကိုကျတော့ ခြင်ထောင်၊ အ၀တ်အထည်နဲ့ အစားအသောက်တွေကို ခွဲပေးတာ၊ တချို့ မဲဖောက်ပေးတာ လုပ်တယ်။ ဒါပေမယ့် အဝေမတည့်တော့၊ မမျှတတော့ ကျမတို့ချင်း စကားများကြတယ်။ ဘယ်လိုရသလဲဆိုတာတော့ မသိဘူး” ဟု ပြောသည်။
အဆိုပါပစ္စည်းများ ခွဲဝေပေးစဉ်၌ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများက တဆင့်ပြန်လည်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် ပြုလုပ်သည်ကို တွေ့ရှိပါက ကြီးလေးသည့် ပြစ်ဒဏ်နှင့် အရေးယူခြင်းခံရ မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အသုံးအဆောင်ပစ္စည်း၊ အစားအသောက်များကို ဝေငှပေးခြင်းလည်း အပြင်တွင် လုံးဝပြောဆိုခြင်းမပြုရန် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားကြောင်း အဆိုပါ အိမ်ထောင် သည်အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က တပ်ရင်းအရာရှိတဦးထံ ညအိပ်သွားရောက်လည်ပတ်ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသူတဦးက ၎င်းတည်းခိုသည့် အရာရှိမိသားစုနေအိမ်၌ အဆိုပါ Shelter Box နှင့် ရွက်ဖျင်တဲကို မြင်တွေ့ခဲ့ရကြောင်း ပြောသည်။
နာဂစ်လေမုန်တိုင်းဘေးဒဏ် ခံရသူများကို နိုင်ငံတကာက ပေးအပ်သည့် အကူအညီများအနက် အချို့မှာ စစ်အစိုးလက်ထဲ တိုက်ရိုက်ပေးအပ်လိုက်ရသည့်အတွက် စစ်အစိုးရကသာ အပြည့်အ၀ ချုပ်ကိုင်ဖြန့်ဝေခြင်းရှိသကဲ့သို့ ငွေကြေးအချို့နှင့် ပစ္စည်းများကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတဆင့် လက်ခံရယူ ဖြန့်ဖြူးပေးနေခြင်းလည်းရှိသည်။
မုန်တိုင်းဒဏ်ခံ ဒေသများရှိ ပြည်သူများကမူ အစိုးရဖြန့်ဖြူးသည့် ပစ္စည်းနှင့် အစားအသောက်များ ထဲတွင် နိုင်ငံခြားက ကူညီလှူဒါန်းသည့် အစားအသောက်နှင့် ပစ္စည်းများ လက်ခံရခြင်းမရှိကြောင်း ပြည်တွင်းပြည်ပ မီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။
စစ်အစိုးရလက်ထဲ ငွေနှင့်ပစ္စည်းများ အပ်နှံလိုက်သည့်အခါတွင် နိုင်ငံတကာ အလှူရှင်များ အနေ ဖြင့် မည်သည့်နေ့ရက်၊ မည်သည့်နေရာ၌ မည်သူများကို မည်မျှဖြန့်ဖြူးခဲ့ကြောင်း အချက်အလက် အတိအကျတောင်းပြီး ပစ္စည်းများ အမှန်တကယ် ရောက်မရောက် လွတ်လပ်သည့် အဖွဲ့အစည်း များ ဖွဲ့စည်းစုံစမ်းခိုင်းသင့်ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာများက သုံးသပ်ပြောဆိုကြသည်။
Rest of your post
Posted by
54freedom
at
9:54 PM
0
comments
Labels: ပြည်တွင်းသတင်းများ
အမျိုးသမီးများအား အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ်အသုံးပြုနေမှုအား ရပ်တန့်ကြရန် ယမန်နေ့က ကုလမဂ္ဂ လုံခြုံရေးကောင်စီ၌ ဆုံးဖြတ်ချက်ချလိုက်သည့်အပေါ် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဒဗလျူအယ်လ်ဘီက ကြိုဆိုလိုက်ပြီး မလိုက်နာသူများကို အရေးယူရန် တောင်းဆိုသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမျိုးသမီး၊ ငြိမ်းချမ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို တနေ့တာ ဆွေးနွေးငြင်းခုန်ကြပြီးနောက် အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ သဘော တူညီချက်ဖြင့် အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ် အသုံးမပြုရေး ဆုံးဖြတ်ချက်ကို ချမှတ် ခြင်းဖြစ်သည်။
ဒဗလျူအယ်လ်ဘီ အထွေထွေအတွင်းရေးမှူး မနန်းယဉ်က “ ဒီဆုံးဖြတ်ချက်အပေါ် ကျမတို့က လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ဒါဟာ မြန်မာပြည်မှာတင်မဟုတ်ဘူး၊ ကမ္ဘာ့နိုင်ငံအရပ်ရပ် ဘယ် နေရာမှာပဲဖြစ်ဖြစ် ဒီကိစ္စမျိုးဟာ လုံးဝမပြုလုပ်သင့်တဲ့ဟာ ဖြစ်တဲ့အတွက် ရှိသင့်တဲ့ ဆုံးဖြတ်ချက် တခုဖြစ်တယ်။ တကယ်လို့ လက်ရှိ နအဖ စစ်အုပ်စုက ဒါကို မလိုက်နာဘူးဆိုရင် အရေးယူ ဆောင်ရွက်မှုတွေ နည်းလမ်းရှာပြီးပြုလုပ်ဖို့ ကျမတို့တောင်းဆိုပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ တိုင်းရင်းသားနယ်မြေများတွင် နအဖစစ်တပ်၏ အဓမ္မပြုကျင့်မှုများ ဆက်လက်ရှိနေ ဆဲဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အနိုင်မတိုက်နိုင်သဖြင့် ၎င်းတို့နှင့်ပတ်သက် သည့် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ကာ အနိုင်ယူခြင်းဖြစ်ကြောင်း၊ နအဖစစ်တပ်ကျူးလွန်ခဲ့သည့် အဓမ္မပြုကျင့်မှုပေါင်း (၅၀၀) ခန့်ကို ရှမ်း၊ ကရင်၊ ချင်း စသည့် အမျိုးသမီးအဖွဲ့များက အထောက်အထားခိုင်လုံစွာ ပြုစုထားပြီးဖြစ်ကြောင်း ဒဘလျူအယ်လ်ဘီက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်ကလည်း “ဒီကနေ့ ကမ္ဘာ့နေရာအချို့မှာ အမျိုးသမီးတွေအပေါ် မယုံနိုင်လောက်အောင် ရက်စက်ရမ်းကားမှုတွေ ရှိနေပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ (၈) နှစ်အရွယ် မိန်းကလေးငယ်တွေ ကိုတောင်မှ အဓမ္မပြုကျင့်တာတွေ မှန်မှန်လုပ်နေတယ်” ဟု ယမန်နေ့က လုံခြုံရေးကောင်စီ၌ ပြောကြားသည်။
အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ပြောမပြနိုင်လောက်သည့် ပမာဏအတိုင်း အတာထိ အနှံ့အပြားဖြစ်ပွားနေကြောင်းနှင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် ကျရောက် နေသည့် အသံတိတ်စစ်ပွဲကို တားဆီးကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်း ဆိုသည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ပဋိပက္ခများတွင် အစဉ်အမြဲ ပစ်မှတ်ထားခံနေရ ကြောင်း၊ အရှက်ရစေရန်၊ စိုးမိုးခြယ်လှယ်ရန်၊ ကြောက်ရွံ့စေရန်နှင့် တိုင်းရင်းသားအုပ်စုများအား အတင်းအကျပ်လူစုခွဲ နေရာရွှေ့ပြောင်းရန်တို့အတွက် စစ်လက်နက်အဖြစ် အသုံးပြုနေသည်ဟု လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ပြောသည်။
မနန်းယဉ်က “ဒီဟာတွေဟာ စစ်ပွဲတွေရဲ့အနိဋ္ဌာရုံတွေဖြစ်တယ်။ ဒီလိုအဖြစ်အပျက်တွေ ဆက်ရှိနေ သေးသရွေ့ လူတွေရဲ့မကျေနပ်မှုတွေ ဆက်ဖြစ်နေမယ်။ ပြည်တွင်းစစ်ဆိုတာကလည်း ဆက်ပြီးရှိ နေအုန်းမယ်။ စစ်ပွဲရှိနေသရွေ့ နိုင်ငံတနိုင်ငံ နယ်မြေတနေရာက မလုံခြုံမှုဖြစ်နေမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေကို မလုံခြုံမှုတွေဟာ ဆက်ပြီးကူးစက်မှာပဲ။ သက်ဆိုင်ရာဒေသတခုလုံးကို ပြန့်လာပြီး တိုင်းပြည်တွေရဲ့တည်ငြိမ်ငြိမ်းချမ်းမှုကို ထိခိုက်ပျက်ပြားစေမယ်” ဟု ပြောသည်။
ကမ္ဘာတ၀န်းလုံးရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အားလုံးအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ကြရန်နှင့် စစ်တပ်ကို သင်တန်းများပေးခြင်း၊ စစ်စည်းကမ်း များတွင်ထည့်သွင်းခြင်းတို့ ပြုလုပ်ကြရန် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၌ တောင်းဆိုထားသည်။
Rest of your post
Posted by
54freedom
at
9:52 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
Asian Tribune/၂၀ ဇွန် ၂၀၀၈
မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ (USAID) မှ လူသားချင်းစာနာမှုအထောက်အပံ့ မက်ထရစ်တန်ချိန် (၂,၆၄၉) တန် ပေးပို့ထားခဲ့ပြီးနောက် ထောက်ပံ့ပို့ဆောင်ရေးများ လုပ်ဆောင်နေသည့် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့(WFP) ကို အမေရိကန်ဒေါ်လာ (၃) သန်း ထပ်ဆောင်း ထောက်ပံ့ ပေးမည်ဖြစ်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာပြည်တွင်း ထောက်ပံ့ပို့ဆောင်ရေးအတွက် USAID မှ ယနေ့အချိန်အထိ WFP ကို ထောက်ပံ့ ပေးထားသည်မှာ စုစုပေါင်း ဒေါ်လာ (၄) သန်းရှိပြီဖြစ်သည်။
WFP သည် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ထောက်ပံ့မှုများကို ကုလသမဂ္ဂပူးပေါင်းပါဝင်သည့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဖြစ် မြန်မာပြည်သူများအား ကယ်ဆယ်ရေး ထောက်ပံ့မှုများ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။ ထိုထောက်ပံ့ပို့ဆောင်ရေးအတွက် WFP က ထောက်ပံ့ပို့ ဆောင်ရေးစခန်း (၅) ခု အခြေစိုက်ထားပြီးနောက် ထိုစခန်းများမှ မုန်တိုင်းထိခိုက်ရာနေရာများသို့ ရေပေါ်လျှပ်ပြေးယာဉ်၊ လှေငယ်၊ ထရပ်ကား၊ ရဟတ်ယာဉ်များ စသည်တို့ဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ၊ စားရေရိက္ခာများ ဖြန့်ဖြူးပေးနေသည်။“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အသိုင်းအ၀န်းအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ပေးဖို့အတွက် ထောက်ပံ့ပို့ဆောင်ရေးတွေမှာ WFP ကိုပဲ အားထားနေကြရတယ်။ WFP ရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ချက်တွေမှာ အများကြီးလိုအပ်နေတဲ့ ထပ်ဆောင်းထောက်ပံ့ မှုတွေ လုပ်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု USAID စီမံခန့်ခွဲမှူး ဟင်နရီတာဖိုးက ပြောသည်။ယနေ့အထိ နာဂစ်မုန်တိုင်းနှင့်ပတ်သက်ပြီး အရေးပေါ်ထောက်ပံ့မှုများအတွက် USAID မှ မြန်မာ နိုင်ငံသို့ ထောက်ပံ့ပေးခဲ့သည်မှာ စုစုပေါင်း ဒေါ်လာ (၃၁.၄) သန်း ရှိသွားပြီဖြစ်သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးထားသည့် ဒေါ်လာ (၉.၅) သန်းနှင့်ဆိုလျှင် အမေရိကန် အစိုးရမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ထားမှုမှာ စုစုပေါင်း ဒေါ်လာ (၄၀.၉) သန်း ရှိသွားပြီ ဖြစ်သည်။ ။
Rest of your post
Posted by
54freedom
at
8:18 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ