Thursday, July 3, 2008
DKBA တစ်ဦးနှင့် နအဖတပ်သား ၂ ဦး ကျဆုံးပြီး KNUမြေမှ ပြန်ဆုတ်ခွာ
Posted by
54freedom
at
6:42 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ရန်ကုန်ဗုံးကွဲမှု စွမ်းအားမြှင့်လက်ချက်ဟု ကြေညာ
သီတာထွန်း။
ဇူလိုင်လ ၂ ရက်၊ ၂၀၀၈ ခုနှစ်။
ရန်ကုန်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး တရုံးတွင် ယမန်နေ့က ဗုံးပေါက်ကွဲမှုသည် စွမ်းအား မြှင့်ကျောင်းသား စစ်သည်တော်များ အဖွဲ့၏ လက်ချက် ဖြစ်သည်ဟု အဆိုပါအဖွဲ့က ဟုဆိုကာ ကြေညာချက် တစောင် ထွက်ပေါ်လာသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇူလိုင် (၂) ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သော အဆိုပါ ကြေငြာချက်တွင် “ ဇူလိုင် (၁)ရက်နေ့က ရန်ကုန် တိုင်း၊ရွှေပြည်နယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးအား တိုက်ခိုက်ခဲ့ခြင်းသည် မိမိတို့ စွမ်းအားမြှင့်စစ်သည် တော်အဖွဲ့မှ စစ်သည်တော်အမှတ် (၁၈) ၏ တိုက်ပွဲဝင်မှု ဖြစ်သည်။ ဟု ဖော်ပြထားသည်၊
ဗုံးပေါက်ကွဲမှုမှာ ရွှေပြည်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးအတွင်း ဖြစ်ပွားခဲ့ပြီး ထိ ခိုက်ဒဏ်ရာရမှု တစုံတရာ မရှိခဲ့ပေ။
အဆိုပါ အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ဆက်လက်ပြီး “ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်နေ့က ရန် ကုန်တိုင်း အတွင်း (၃၆) လမ်း အလယ်ဘလောက် အေဘီစီ စားသောက်ဆိုင် ရှေ့မှာ ရပ်ထားသည့် ကြံ့ဖွတ်ပိုင်ကားကို တိုက်ခိုက်ခဲ့မှု၊ ထရိတ်ဒါးဟိုတယ် အနီးမှာ ရပ်ထားသည့် စစ်တပ်က အရာရှိကြီး တဦးရဲ့ကားကို တိုက်ခိုက်ခဲ့မှုများကို လုပ်ဆောင်ခဲ့တဲ့ ပြည်တွင်းက မိမိတို့စစ်သည်တော် အမှတ် (၂၅) နှင့် (၂၇) ရဲဘော်များကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။” ဟု ပါရှိသည်။
သို့သော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှုများသည် နိုင်ငံရေး ပြဿနာများကို ပြေလည်စေနိုင် မည်မဟုတ်ဟု မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။
“တနည်းအားဖြင့် ပြောရရင် နိုင်ငံရေးပြဿနာတွေကို အကြမ်းနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစား တာပေါ့ ဗျာ၊ စစ်တပ်ဖက်ကလည်း အကြမ်းဖက်တယ်၊ ဒီဖက်ကလည်း အကြမ်းဖက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပေါ့၊ ဆိုတော့ လက်တွေ့မှာကျတော့ ဘယ်သူမှ အကျိုးရှိတဲ့ ဟာမျိုး မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူတို့ တဖွဲ့ ကပဲ သူတို့ လုပ်ရင် လုပ်တာပြောတယ် ရှိပြီးတော့ တခြားဟာတွေက ၉၅% ရာခိုင်နှုန်း၊ ၉၈% ရာခိုင် နှုန်းက ဘယ်သူခွဲမှန်း မသိဘူး၊ စစ်အစိုးရ ကလည်း အတိုက်အခံတွေ၊ ကေအဲန်ယူတွေကို စွပ်စွဲတယ်၊ ကေအဲန်ယူကလည်း စစ်အစိုးရ လုပ်တာပါဆိုပြီး ပြန်ပြောတယ်၊ ရှင်းရှင်းပြောရလို့ရှိရင် ဒီဥစ္စာက မြန် မာပြည်မှာ ရှိနေတဲ့ ပြဿနာဟာ ဘယ်လိုမှ ပြေပြေလည်လည်နဲ့ ဖြစ်မယ့် ပုံစံမျိုး မဟုတ်ဘူးလို့ ပြောရမှာပဲ ”
စွမ်းအားမြှင့်စစ်သည်တော်များအဖွဲ့က ဟု ထုတ်ပြန်သော ကြေညာချက်တွင် ပြည်သူကို ဖိနှိပ်သော စစ်အာဏာ ပိုင်များနှင့် ၎င်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများသည် ပြည်သူလူထု အပေါ် မတရားအနိုင်ကျင့် စော်ကားနေ ခြင်းများကို လုံးဝ လက်သင့်ခံမည်မဟုတ်ပဲ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိအောင် ပိုမိုပြင်းထန်သည့် လက် တုန့်ပြန် တိုက်ခိုက်မှု များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သတိပေးထားသည်။
Posted by
54freedom
at
6:38 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ဆန္ဒပြလေဘေးဒုက္ခသည်သတင်းယူခဲ့သည့် မအိမ့်ခိုင်ဦးကို ရုံးထုတ်စစ်ဆေး
ဗထူး။ ဇူလိုင် ၂၊ ၂၀၀၈
ထောက်ပံ့ကူညီပစ္စည်းများမရ၍ ဆန္ဒပြတောင်းဆိုရာနေရာသို့ သတင်းသွားရောက်ယူခဲ့သည့် အပတ်စဉ်စီးပွားရေးဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦးအား စစ်အစိုးရက ယနေ့ ဒုတိယ အကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့်လ (၁၀) ရက်နေ့တွင် တောင်ဒဂုံမြို့နယ် လေဘေးဒုက္ခသည်များက ထောက်ပံ့ပစ္စည်း များမရသဖြင့် ရန်ကုန်ရှိ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) ရုံးတို့တွင် ဆန္ဒပြခဲ့ရာ သတင်းသွားရောက်ယူခဲ့သူ (Ecovision) သတင်းဂျာနယ်မှ မအိမ့်ခိုင်ဦးအား စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့ ရုံးထုတ်ရာတွင် သူမနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် (Weekly) ဂျာနယ် အယ်ဒီတာဟောင်း ကိုကျော်ကျော်သန်းနှင့် ဇွန်လ (၁၆) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသူ မြန်မာထရီဗြူးဂျာနယ် ဦးအောင်ကျော်ဆန်းတို့ကို အင်းစိန်အကျဉ်းထောင်မှ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
“သူက အဲနေ့က သတင်းယူဖို့သွားရင်းနဲ့ အဲဒီရုံးရှေ့မှာ လေဘေးဒုက္ခသည်တွေ ဆန္ဒပြတာကို တွေ့တာ၊ အမှန်တကယ်ကတော့ သူ့အလုပ်သူ့လုပ်တာပါ၊ သတင်းထောက်တယောက်က သတင်းသွားယူတယ်၊ သတင်းသွားယူတဲ့အခါမှာ သူတို့ကန့်သတ်ထားတဲ့ဟာတွေကိုလည်း သူ့အနေနဲ့ မသိနိုင်ဘူးလေ”ဟု ယနေ့ တရားရုံးသို့သွားရောက်ခဲ့သူ မအိမ့်ခိုင်ဦး၏ မိတ်ဆွေ တဦးက ပြောသည်။
လေဘေးသင့်ဒုက္ခသည်များ ဆန္ဒပြသည်ကို သွားရောက်သတင်းရယူသည့် သတင်းထောက် တဦးအား ဖမ်းဆီးခြင်းမှာ မတရားသဖြင့်ဆောင်ရွက်ခြင်းဖြစ်သည်ကို အားလုံးသိရှိကြပြီး ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အဆင့်အတန်းကို ပြသလိုက် ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် လေဘေးသင့်ပြည်သူများအား သွားရောက်ကူညီခဲ့သည့် ကိုသူရ (ခေါ်) ကိုဇာဂနာအား ဖမ်းဆီးထားပြီး ယခုလက်ရှိတွင်လည်း ဒုက္ခသည်များအရေး တက်ကြွစွာ ကူညီ နေသူများအားလည်း ဆက်လက်ဖမ်းဆီးနေဆဲဖြစ်သည်။
လေဘေးအတွက်ပေးပို့သည့် နိုင်ငံတကာမှ အကူအညီများအား စစ်အစိုးရလက်အောက်ခံ တပ်ဖွဲ့များနှင့် အသင်းအပင်းများမှ ကိုယ်ကျိုးအတွက် အသုံးချနေမှုများ ဆက်လက်ရှိနေပြီး ဒုက္ခသည်များမှာ အဆိုပါ နိုင်ငံတကာအကူအညီများကို လုံလောက်စွာ မရရှိသေးပေ။
Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးနှင့် Weekly ဂျာနယ် အယ်ဒီတာဟောင်း ကိုကျော်ကျော်သန်းတို့နှစ်ဦးအမှုကို ယနေ့သက်သေများဖြင့် စစ်ဆေးခဲ့ပြီး ယခုလ (၁၀) ရက်နေ့ သို့ ထပ်မံချိန်းဆိုထားသည်။
၎င်းတို့နှစ်ဦးအား စစ်အစိုးရက အင်းစိန်ထောင်အတွင်းတွင် ရာဇဝတ်အကျဉ်းသားများနှင့်အတူ ချုပ်နှောင်ထားပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မိသားစုများက စိတ်အနှောင့်အယှက်ဖြစ်နေပြီး ယနေ့ရုံးထုတ်ရက်တွင် မိသားစုဝင်များ သွားရောက်ခဲ့ကြသည်။
Rest of your post
Posted by
54freedom
at
6:36 PM
0
comments
Labels: ပြည်တွင်းသတင်းများ
လေဘေးဒုက္ခသည်ရံပုံငွေဘောလုံးပွဲ မြန်မာနိုင်ငံတွင် ပြုလုပ်မည်
ဉာဏ်မောင်။ ဇူလိုင် ၂၊ ၂၀၀၈
နာဂစ်မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒုက္ခသည်များအားကူညီရန် ရံပုံငွေဘောလုံး ပွဲတရပ်ကို မြန်မာ-အာစီယံပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမြို့တွင်ကျင်းပခဲ့သည့် အာစီယံ ဘောလုံးအဖွဲ့ချုပ်အစည်းအဝေးတွင် နာဂစ်မုန်တိုင်းဒုက္ခသည်များအတွက် ရံပုံငွေရှာဖွေရန် အဆိုပြုချက်ကို သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
အာစီယံဘောလုံးအဖွဲ့ချုပ်နှင့် အာစီယံမဟာမိတ်များအစည်းအဝေးတွင် နာဂစ်မုန်တိုင်းကြောင့် ဘောလုံးကွင်း၊ အားကစားကွင်းများ ပျက်စီးသွားမှုအခြေအနေများကို ဦးဇော်ဇော်က တင်ပြရာ အာစီယံဘောလုံးအဖွဲ့ချုပ်က ၎င်းလုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ စီစဉ်ထားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ အမေရိကန်ဒေါ်လာ ငါးသောင်း လှူဒါန်းမည်ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံတကာ ဘောလုံးအသင်းများအဖွဲ့ချုပ်(FIFA)ကလည်း ဒေါ်လာတသိန်းနှင့် ကိုးရီးယား ဘောလုံးအဖွဲ့ချုပ်က ဒေါ်လာသုံးသောင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ နာဂစ်မုန်တိုင်း ကြောင့် ပျက်စီးသွားသော ဘောလုံးကွင်းများပြင်ဆင်ရန်နှင့် အဆောက်အဦးများ ပြန်လည် တည်ဆောက်ရန်အတွက် လှူဒါန်းသည်ဟု ဖော်ပြထားသည်။
စစ်အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ မေလ (၂) ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းဒဏ်ကြောင့် လူပေါင်း (၈၄,၅၃၇) သေဆုံး၍ ယခုထိ (၅၃,၈၃၆) ဦး ပျောက်ဆုံးနေပြီး (၁၉,၃၅၉) ဦး ဒဏ်ရာရရှိခဲ့ကာ များစွာသော အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည်။
Posted by
54freedom
at
6:31 PM
0
comments
Labels: ပြည်တွင်းသတင်းများ
လုံခြုံရေးကောင်စီ၌ မြန်မာ့အရေးဆွေးနွေးရန် ဗြိတိသျှနှင့်အမေရိကန် အဆိုပြု
02 July 2008
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ကမ္ဘာပေါ်က ဘယ်အကြောင်းရပ်တွေ ဘယ်နိုင်ငံတွေအကြောင်း ဆွေးနွေးမလဲ ဆိုတာ လစဉ် အစောပိုင်း ဆွေးနွေးပြီး အချိန်ဇယားသတ်မှတ်လေ့ရှိပါတယ်။ အခု လာမယ့် ဇူလှိုင်လအတွက် မနေ့ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအကြားမှာ ဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ပြောဆို ဆွေးနွေး ခဲ့ကြပါတယ်။ ဒါပေမယ့် ရက်သတ်မှတ်နိုင်ခြင်းတော့မရှိသေးဘူးလို့ သိရပါတယ်။ ဦးသားညွန့်ဦးက အကြောင်းစုံ ပြောပြပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ လာမယ့် ဇူလှိုင်လ ဘာတွေ ဆွေးနွေးမယ် ဘယ်အကြောင်းအရာတွေကို ကိုင်တွယ် ဖြေရှင်းမယ် ဆိုတာတွေကို ကြိုတင် အချိန်ဇယား သတ်မှတ်ဖို့ ကောင်စီအဖွဲ့ဝင်တွေ အကြား ဆွေးနွေးတဲ့ နေရာမှာ မြန်မာနိုင်ငံ အကြောင်းရပ်ကို ထည့်သွင်းထားဖို့ အမေရိကန်နဲ့ ဗြိတိသျှ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်တွေက ကြိုးပမ်း ခဲ့ကြတာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဇာမေလ်း ခါလီဇတ်က အခုလို ပြောပါတယ်။
“ဒီလထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစည်းအဝေးလုပ်ဖို့ ကျနော်တို့ ပြောဆို တိုင်ပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ စိုးရိမ်ချက်တွေ ရှိပါတယ်။ ဒါ့အပြင် ကပ်ဘေးကျရောက်မှုနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှု အခြေအနေတွေ အပေါ်လည်း စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ဒီအခြေအနေ နှစ်ခုစလုံးအပေါ်မှာ ကျနော်တို့ အလေးပေး စဉ်းစားနေပါတယ်။ ဒါပေမယ့် ဘယ်ရက် ဆွေးနွေးဖြစ်မလဲဆိုတဲ့ အချိန် သတ်မှတ်ချက်တော့ မရသေးပါဘူး။ လုံခြုံရေးကောင်စီ သဘာပတိအနေနဲ့ အခြားကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ တိုင်ပင်ပြီးတော့ ရက်သတ်မှတ် ပါလိ့မ်မယ်။”
မြန်မာနိုင်ငံ ကိစ္စ လာမယ့်ဇူလှိုင် လုံခြုံရေး ကောင်စီမှာ ဆွေးနွေးဖို့ဆိုတဲ့ အဆိုကိုတော့ ဗြိတိသျှ ကိုယ်စားလှယ်က တင်သွင်းတာလို့ သိရပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး ဆာဂျွန် ဆောဝါးက အခုလို ပြောပါတယ်။
“မြန်မာ့အရေး ကိစ္စဆွေးနွေးဖို့ ကျနော် အဆိုပြုခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ ပြီးကတည်းက ဘာတွေ ထူးခြား တိုးတက်မှု ရှိသလဲဆိုတာကို အတွင်းရေးမှုးချုပ်ရုံးကနေ ဘာမှ မသိရသေးပါဘူး။ မြန်မာနိုင်ငံမှာ ဆိုက်ကလုံး မုန်တိုင်း ကပ်ဆိုးကြောင့် အာရုံ စိုက်လုပ်နေရာကနေ အခု နိုင်ငံရေး အခြေအနေဖက်ကို ပြန်စဉ်းစားဆောင်ရွက်ရမှာပါ။”
ဒါပေမယ့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲ မြန်မာ့အရေးဆွေးနွေးသင့် မသင့်ဆိုတဲ့အပေါ် ကောင်စီ အဖွဲ့ဝင်တွေအကြား သဘောကွဲလွဲမှု ရှိပုံရပါတယ်။ လက်ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိကတော့ ဗီယက်နမ် နိုင်ငံပါ။ ဗီယက်နမ် သံအမတ်ကြီးက မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
“မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖိုဆိုတဲ့ အဆိုပြုချက်ရှိပါတယ်။ ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ အခုအချိန်မျိုးမှာ မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖို့ဆိုတာ ဆွေးနွေးသင့် မသင့် ဆိုတာတွေ တိုင်ပင်ဖြစ်ပါတယ်။ ဒါပေမယ့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေ အကြားမှာ သဘောတူညီချက်တော့ မရသေးပါဘူး။ အခုလို ဆွေးနွေးတိုင်ပင်တာနဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်မလားဆိုတာ သဘောတူညီချက်မရပါဘူး။”
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီကတော့ အခု ဇူလှိုင်လထဲမှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ဖို့ ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဖက်ကတော့ မစ္စတာ ဂမ်ဘာရီ လာရောက်နိုင်ဖို့ မီးစိမ်းပြသေးတဲ့ပုံ မရပါဘူး။ အကယ်၍ သူသွားဖြစ်ခဲ့လို့ ပြန်လာရင်တော့ ထုံးစံအတိုင်း လုံခြုံရေးကောင်စီကို မစ္စတာ ဂန်ဘာရီ ပြန်အစီရင်ခံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တဆက်တည်းပါ - မနေ့က တရုတ်နိုင်ငံကို ရောက်ရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းဟာ တရုတ်သမ္မတနဲ့ တွေ့စဉ်မှာ မြန်မာနိုင်ငံကိစ္စကိုလည်း ထည့်သွင်းပြောသွားတယ်လို့သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ကုလသမဂ္ဂဖက်က ထုတ်ပြန်တာမရှိသေးပါဘူး။
Posted by
54freedom
at
6:16 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းသူတွေ ပျောက်ဆုံးနေဆဲ
02 July 2008
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အခမ်းအနားမှာ ပါဝင်ခဲ့ကြတဲ့ သူမကို ထောက်ခံသူတွေကို အာဏာပိုင်တွေက ဖမ်းတာဆီးတာတွေ လုပ်ခဲ့တဲ့နေရာမှာ အခုဆိုရင် ဖမ်းဆီးခံရသူ အရည်အတွက်ဟာ အရင်က သိထားတာထက် ပိုများဖွယ်ရာ ရှိတယ်လို့လည်း ပါတီဝင်တွေက ပြောပါတယ်။ မွေးနေ့ အခမ်းအနား နေ့ကတည်းက ပျောက်ဆုံးနေသူစာရင်းတွေ ထပ်ပြီးထွက်လာတာနဲ့အမျှ မိသားစုတွေဖက်က စိုးရိမ် ပူပန်မှုတွေကလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦး က ပြောပြပေးပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၆၃) နှစ်မြောက် မွေးနေ့ပွဲကို ပြီးခဲ့တဲ့လ (၁၉) ရက်နေ့ ကျင်းပခဲ့တုန်းက သူမရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အဖွဲ့ဝင်တွေကို ဖမ်းတာဆီးတာတွေ ရှိခဲ့သလို အခုလည်း အဲဒီအချိန်ကတည်းက အိမ်ပြန် ရောက်မလာတဲ့ ပါတီဝင်တွေ တိုးလာလို့ မိသားစုဝင်တွေ လုပ်ဖော်ကိုင်ဖက်တွေက စိုးရိမ်မကင်း ဖြစ်နေ ကြရတာပါ။ အစောပိုင်းမှာတုန်းက ဖမ်းဆီးခံရသူ အနည်းဆုံး (၁၄) ယောက် ရှိတယ်ဆိုပြီး အန်အယ်လ်ဒီ က ပြောဆို ခဲ့သလို ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့လည်း ကန့်ကွက် ပြောဆိုခဲ့တာပါ။ အခုတော့ ဒီလူတွေ အပြင် ဘယ်ရောက်လို့ ဘယ်ပျောက်မှန်းမသိပဲ ထိန်းသိမ်းခံထားရဖွယ်ရှိသူ စာရင်းတွေလည်း ထပ်ပြီး ထွက်လာနေတယ်လို့ အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တွေက ပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ၁၉ရက်နေ့မှာ ပျောက်သွားတဲ့သူက အခု နောက်ဆုံး စာရင်းအရ ၂၅ယောက်လောက် ရှိနေပြီ။ အခု ပျောက်တဲ့သူတွေထဲမှာ တောင်ဥက္ကလာပ မြို့နယ် ၁၂ရက်ကွက် ဒုဥက္ကဌ ဦးသိန်းအေး၊ တောင် ဥက္ကလာပ မြို့နယ် လူငယ်အဖွဲ့က ကိုမိုးဇော်တို့လည်း ပျောက်နေတယ်လို့ သိရတယ်။ ဦးသိန်းအေးဟာ အိမ်မှာ အိမ်ထောင်ဦးစီး ဖြစ်တဲ့အတွက်ကြောင့် သူ မရှိတဲ့အတွက် သူ့မိသားစုက အရမ်းကို စားဝတ်နေရေး ဒုက္ခရောက်နေပါတယ်။ ရဲ စခန်း ကျတော့လည်း သွားမတိုင်ရဲဘူးရှင့်။ အဖွဲ့ဝင်တွေကနေပဲ တဆင့်စကားနဲ့ပဲ စုံစမ်းရေး လုပ်နေရတယ်။ ရဲ စခန်းသွားနေရင် တခုခုဖြစ်မှာလည်း သူတို့ စိုးရိမ်ရတယ်။ တဆင့်စကား တဆင့်နားနဲ့ပဲ အခုမှ သိရတာပေါ့။ ၁၉ရက်နေ့ကတည်းက ပျောက်နေတာပဲ။ အဖမ်းခံရတဲ့ အခြေအနေအကြောင်းကိုတော့ ဘယ်သူမှ အကြောင်းကြားတာတွေ မရှိဘူး။ အရမ်းတော့ စိုးရိမ်နေကြတယ်။"
မွေးနေ့ ကျင်းပခဲ့တဲ့နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန်မြို့က အန်အယ်လ်ဒီ ဌာနချုပ်ရုံးမှာ မေတ္တာပို့ ဆုတောင်းကြသူတွေကို မြန်မာစစ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ စွမ်းအားရှင် အဖွဲ့ဝင်တွေက ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။ အခုလို အန်အယ်လ်ဒီ ပါတီဝင်တွေ အဖမ်းခံအဆီးခံ ထိန်းသိမ်းခံ ဖြစ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကတော့ -
"ကျွန်တော် ပြောချင်တာကတော့ စဖမ်းတဲ့အချိန်ကတည်းကိုက ဥပဒေနဲ့ မညီဘူး။ ဥပဒေအရ တာဝန်မရှိတဲ့သူတွေက ဖမ်းတဲ့အတွက် ဒါဟာ မတရား ဖမ်းဆီးမှုပဲ။ အခု ဆက်လက်ပြီးတော့လည်း ဒီလောက် အချိန်ကြအောင် ခေါ်ယူထားတာဟာ ဒါဟာ မေးမြန်ရန် သက်သက်လို့ ပြောလို့မရပါဘူး။ လူတယောက်ရဲ့ သွားခွင့်၊ လာခွင့်တွေကို ပိတ်ဆို့ထားတဲ့အတွက် ဒါဟာ ဖမ်းဆီးခြင်းပဲလို့ ပြောချင်တယ်။ ဥပဒေကြောင်းအရ လုံးဝတရားမျှတခြင်း မရှိဘူး။ ဥပဒေနဲ့လည်း မညီဘူး။ ဒီလို လုပ်ရပ်ဟာ အာဏာရှင် နိုင်ငံများမှာတော့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေတယ်လို့ ကျွန်တော်တို့ အဲဒီလို တွေးမိပါတယ်။"
ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့ စာတစောင်ကိုလည်း ဒီတပတ်ထဲတုန်းကပဲ အန်အယ်လ်ဒီက မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထံကို စာတစောင်လည်း ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဖက်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောတာဆိုတာမျိုးတော့ မကြားရပါဘူး။ လတ်တလော အခြေအနေမှာလည်း ထိန်းသိမ်းခံနေရသူတွေဟာ ဘယ်ရောက်လို့ ရောက်နေမှန်း မသိလို့ မိသားစုတွေဖက်က စိတ်ပူပမ်နေကြရသလို အန်အယ်လ်ဒီ ပါတီဖက်ကလည်း လိုအပ်သလို ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ အခြေအနေမရှိဖြစ်နေရတာပါ။
"ကျွန်တော်တို့ တစုံတခု ဆောင်ရွက်ပေးဖို့ အမြဲတမ်း စဉ်းစားနေတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ဘယ်လို အရေးယူသလဲဆိုတာ မသိဘဲနဲ့ ကျွန်တော်တို့မှာ လုပ်ငန်းစဖို့ကို အဲဒါကိုပဲ ကျွန်တော်တို့ ကြည့်နေရတယ်။ ကျွန်တော်တို့ အခု ယမန်ယူသလား၊ ပုဒ်မတွေ တပ်သလား မသိသေးဘူးဗျ။ မသိသေးဘဲနဲ့ ကျွန်တော်တို့ ဘာမှ ဆောင်ရွက်လို့ မရသေးတဲ့ အခြေအနေပေါ့။"
ပြီးခဲ့တဲ့လ (၁၉) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကာလ ပါတီဝင်တွေကို ဖမ်းဆီး ထိန်းသိမ်းတာတွေ လုပ်ခဲ့တဲ့အပေါ် ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က မှတ်ချက်ပေး ပြောဆိုသွားခဲ့တာပါခင်ဗျာ။
Rest of your post
Posted by
54freedom
at
6:12 PM
0
comments
Labels: ပြည်တွင်းသတင်းများ
နာဂစ်မုန်တိုင်းအလွန် ဧရာဝတီဆားလုပ်ငန်း နာလန်မထူနိုင်သေး
နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းရှိ ဆားကွင်းများ ပျက်စီးသွားသဖြင့် မုန်တိုင်းတိုက်ခတ်အပြီး (၂) လအကြာတွင် ဆားဈေးနှုန်း (၃) ဆခန့် မြင့်တက်နေပြီး ဆားလုပ်ငန်းများ နာလန်ပြန်ထူ နိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်ဟု ဆားလုပ်ငန်းရှင်တို့က ပြောကြားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းမတိုင်ခင်က ရန်ကုန်တွင် ဆားအချော (၁) ပိဿာ လက်လီရောင်းဈေး ကျပ် (၂၀၀) ခန့် ရှိရာမှ မုန်တိုင်းပြီးစ၌ (၁) ပိဿာ ကျပ် (၁,၀၀၀ ) ကျော်အထိ ခုန်တက်သွားပြီး ယနေ့ ရန်ကုန် ဈေးကွက် ပေါက်ဈေး (၁) ပိဿာ ကျပ် (၅၀၀) ၀န်းကျင်ရှိသည်ဟု လသာမြို့နယ်မှ ဆား အရောင်းအ၀ယ်လုပ်သူတဦးက ပြောသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့၌လည်း မုန်တိုင်းဒဏ်မခံရခင်က စက်ရုံထုတ်ဈေး ဆားအကြမ်း
(၁) ပိဿာ ကျပ် (၈၀)၊ ဆားအချော တပိဿာ ကျပ် (၁၁၀) ခန့်သာရှိပြီး လက်ရှိပေါက်ဈေး
ဆားအကြမ်း (၁) ပိဿာ ကျပ် (၂၄၀) ဆားချော (၁) ပိဿာ ကျပ် (၃၇၀) ထိ ရှိသည်ဟု မြို့ခံ ဆားစက်ပိုင်ရှင်တဦးက ပြောသည်။
မေ (၂) ရက်နှင့် (၃) ရက်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံရှိ အဓိက ဆားထုတ်လုပ်ရာ ဧရာဝတီတိုင်း လပွတ္တာနှင့် ငပုတောမြို့နယ်တို့ရှိ နေလှန်းဆားကွင်းများ ရွှံ့သဲများဖုန်းကာ ပျက်စီးဆုံးရှုံးခဲ့သည်။ ဆားဖိုသူကြီးများနှင့် ဆားလုပ်သားများလည်း သေဆုံး ကုန်ပြီး ယခုအချိန်အထိ ပြန်လည်နာလန်မထူနိုင်ဘဲရှိသည်ဟု ဆားလုပ်ငန်းရှင်များထံမှ
သိရသည်။
ပုသိမ်မြို့မှ ဆားစက်ပိုင်ရှင်တဦးက “နဂိုဈေးကိုတော့ ပြန်ရောက်နိုင်ဖို့ အကြောင်းမရှိတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းက အရမ်းအ၀င်နည်းသွားပြီ။ ပျက်စီးသွားတဲ့ ဆားကွင်းတွေကို ပြန်လည်ထူထောင်ဖို့ နဂိုအနေအထားကို ပြန်ရောက်ဖို့က တော်တော်ခဲယဉ်းသွားပြီ။ တချို့နေရာ တွေက ကွင်းတွေ ပျက်စီးသွားပြီး လူကကျန်တယ်။ တချို့နေရာတွေက ကွင်းလဲပျက်တယ်၊ အလုပ်သမားရော၊ ပိုင်ရှင်ရော သေဆုံးသွားတယ်။ ပြန်လုပ်ဖို့ဆိုတာက လူအားရော၊ ငွေအားရော လိုသွားပြီ။ နောက်တခါ အလုပ်သမားအင်အားလည်း အဲဒီဒေသတွေမှာ တော်တော်နည်းသွားပြီ” ဟုပြောသည်။
လပွတ္တာမြို့နယ်တွင် ယခင်က ဒေသခံသူဌေးများက ဆားဖိုသူကြီးများကို ငွေကြိုတင်ထုတ်ချေး၍ လုပ်ငန်းလုပ်ကိုင်ခဲ့ကြသော်လည်း ၎င်းတို့ ကိုယ်တိုင် မုန်တိုင်းဒဏ်ခံရသဖြင့် ငွေကြို မပေးနိုင်ကြ တော့ကြောင်း၊ စစ်အစိုးရက လယ်ယာလုပ်ငန်းအတွက် ချေးငွေထုတ်ပေးခြင်းနှင့် မျိုးစပါးပေးခြင်း စသည့်အကူအညီအချို့ ပေးနေသော်လည်း ဆားလုပ်ငန်းရှင်များအတွက် အကူအညီမပေးရုံမက ဆားဖိုများပါ အသိမ်းခံရမည့်ကိန်းဆိုက်နေသည်ဟု ဒေသခံတို့က ပြောသည်။
လပွတ္တာမြို့ခံတဦးက“ရေလွှမ်းတဲ့ဆားကွင်းတွေက အကုန်ပျက်တယ်။ အစကနေပြန်လုပ်ရမှာ။ သူတို့ကတော့ သူတို့ဆားဖို သူတို့ပြန်လိုချင်တာပေါ့။ ခုဟာက ဆားလုပ်ငန်း မလုပ်နိုင်တော့တဲ့သူကို မလုပ်နိုင်ရင် ဆားကွင်းသိမ်းမယ့် ပုံစံဖြစ်နေတယ်။ တချို့ကတော့ ပြန်လုပ်ပါလိမ့်မယ်။ ဒါပေမယ့် မလုပ်နိုင်တဲ့လူကများတယ်။ ဒီအချိန်မှာ ဆားက တော်တော်အရင်းအနှီးများတယ်။ ပိုက်ဆံ မတည်ငွေ မရှိတော့ မလုပ်နိုင်ဘူး။ ဆားဖိုသူကြီးတွေ သေတဲ့လူတွေလည်း သေကုန်ကြပြီ၊
(၁၀) ယောက်ရှိရင် (၈) ယောက်လောက် သေကုန်တာ” ဟု ပြောသည်။
မုန်တိုင်းကြောင့် အစိုးရနှင့် ပုဂ္ဂလိကပိုင် ဆားကွင်း ဧက (၂၅,၄၃၀) ပျက်စီးပြီး ဆားတန်ချိန်
(၂၉,၅၄၅) တန်ဆုံးရှုံးကာ ကျပ်ငွေသန်းပေါင်း ( ၅၄၂၇.၆၁) သန်းဖိုး ဆုံးရှုံးခဲ့သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးစိုးသာက မေ (၂၅) ရက် ရန်ကုန်တွင် ကျင်းပ သည့် လေဘေးကူညီရေး ကတိက၀တ်ပြုသည့် နိုင်ငံတကာညီလာခံ၌ ပြောသည်။
ယင်းအနက် သတ္တုတွင်းဝန်ကြီးဌာနမှ နိုင်ငံပိုင်ဆားကွင်း ဧက (၁,၀၀၀) ကျော်၊ ဆားတန်ချိန် (၅,၃၃၁) တန်၊ တန်ဖိုးအားဖြင့် ကျပ်သန်း (၉၇၉.၄၀) ဖိုးသာ ဆုံးရှုံးပြီး ကျန်ပမာဏမှာ ပုဂ္ဂလိက လုပ်ငန်းများမှဖြစ်သည်။
ဆားသည် အိမ်တိုင်းအတွက် မရှိမဖြစ် အစားအစာဖြစ်ပြီး မြန်မာနိုင်ငံ၌ ငါးပိ၊ ငါးခြောက်၊ ဆား ရေစိမ်၊ သရက်သီးခြောက်နှင့် အခြားစားသောက်ကုန်လုပ်ငန်းအမျိုးမျိုးတွင်သာမက သားရေနယ် လုပ်ငန်းကဲ့သို့ စက်မှုလုပ်ငန်းများအထိ တွင်တွင်ကျယ်ကျယ် အသုံးပြုသည်။ ယခု ဆားဈေး မြင့်တက်လာသဖြင့် အဆိုပါလုပ်ငန်းများလည်း ထိခိုက်ကုန်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
ရန်ကုန်မြို့၏ ဆားစားသုံးမှုပမာဏသည် (၁) လ ပိဿာချိန် (၁၀) သိန်းခန့်ရှိပြီး ဆားစက်ပိုင်ရှင် များ လက်ဝယ်၌ ပိဿာချိန် (၇၈) သိန်းကျော် ကျန်ရှိနေသေးသည်ဟု စစ်အစိုးရက သတင်း ထုတ်ပြန်ထားသော်လည်း ဆားလုပ်ငန်းများ အချိန်မီ ပြန်လည်မထူထောင်နိုင်ပါက လာမည့် နှစ်များတွင် ဆားဈေး ဆက်လက်တက်လာပြီး စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် ရင်ဆိုင်ရမည်ဟု စီးပွားရေးလုပ်ငန်းရှင်တို့က ခန့်မှန်းထားသည်။
မုန်တိုင်းကြောင့် ဆားကွင်းများ ပျက်စီးခဲ့ရသကဲ့သို့ ဆားကြိတ်စက်အများစုတည်ရှိရာ မြောင်းမြ၊ ပုသိမ်နှင့် ရန်ကုန်ရှိ ဆားစက်များနှင့် ဆားဂိုဒေါင်များလည်း အမိုးများလန်ကာ ဆားများ ရေစို ပျက်စီးဆုံးရှုံးခဲ့ရသည်။ ။
Rest of your post
Posted by
54freedom
at
7:21 AM
0
comments
Labels: ပြည်တွင်းသတင်းများ


