Tuesday, July 1, 2008
ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ (၂) ဦး အလုပ်ထုတ်ခံရတဲ့ ဒီပရင်္ဂ ကဗျာ
Posted by
54freedom
at
11:23 PM
0
comments
Labels: ကဗျာ
Monday, June 30, 2008
ပြည်ပအသံလွှင့် ရေဒီယိုများ ရဲအဖွဲ့နားထောင်
မိုးအောင်တင် ဇွန် ၃၀၊ ၂၀၀၈
စစ်အစိုးရက ဘီဘီစီ၊ ဗီအိုအေ အစရှိသည့် ပြည်ပအသံလွှင့်ဌာနများအား သတင်းအမှားများ လိမ်ညာထုတ်လွှင့်နေပြီး တိုင်းပြည်ပျက်ရန်ပြုလုပ်နေသည်ဟု စွပ်စွဲမှုများ ပြုလုပ်နေသော်လည်း ရဲတပ်ဖွဲ့ဝင်များကိုမူ ယင်း အသံလွှင့် ဌာနများကို နားထောင်ရန် ညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးမဖြစ်ခင် ၎င်းတို့၏ အထက်အရာရှိ များက ဘီဘီစီ၊ ဗီအိုအေ အစရှိသည့် ပြည်ပအသံလွှင့်ဌာနများကို နားမထောင်ရဟု အမိန့်ထုတ်ပြန်ခဲ့သော်လည်း စက်တင်ဘာနောက်ပိုင်းတွင် နားထောင်ရန် အမိန့်ပြောင်းထုတ်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦး က ပြောသည်။
ရန်ကုန်မြို့မှ ထင်ရှားသော ဘုရားတဆူ ဖြစ်သည့် ကျောက်တော်ကြီး ဘုရားတွင် လုံခြုံရေးတာဝန်ကျနေသည့် ရဲတပ်ကြပ် ကြီးတဦးကလည်း အလုပ်တာဝန်တခုအနေနှင့် ပြည်ပအသံလွှင့်ဌာနများကို နားထောင်နေရကြောင်း ပြောပြသည်ဟု ရန်ကုန်မြို့ခံ အရပ်သားတဦးက ပြောသည်။
အဆိုပါအရပ်သားက “ဘာလို့ နားထောင်သလဲလို့ သူ့ကိုမေးကြည့်တော့ နအဖ အစိုးရကလည်း သတင်းမှန် အားလုံးကို မပြောဘူး၊ အဲဒါကြောင့် ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ်အေ စတာတွေ နားထောင်ရတာတဲ့၊ အဲဒီလိုနားထောင်မှ ဘာတွေ ဖြစ်နေလဲ ဆိုတာသိရပြီး နောက်ဘာဖြစ်နိုင်တယ်၊ ဘာပြင်ဆင်ထားရမယ်ဆိုတာ သိနိုင်မယ်လို့ ကျနော့်ကို ပြောပြတယ်” ဟုဆိုသည်။
ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးကမူ ပြည်ပရေဒီယိုများတွင်ပါရှိသော သတင်းများအရ နောက်ကလိုက်၍ အရေးယူရန် ရဲတပ်ဖွဲ့က ယခုကဲ့သို့ ရေဒီယို သတင်းများကို နားထောင်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။
“သူတို့ရဲတွေလည်း ဘာမှ အကြံဥာဏ် ရှိလို့မဟုတ်ဘူး၊ မြန်မာဘာသာနဲ့လွှင့်တဲ့ ပြည်ပရေဒီယိုသတင်း နားထောင်ပြီးတော့ အဲဒီနောက်ကိုလိုက်ပြီး အရေးယူဖို့ လုပ်စရာရှိတာ လုပ်နေကြတာလို့ ထုတ်ပြောတယ်”ဟု သတင်းတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။
နအဖ စစ်အစိုးရသည် ပြည်ပမီဒီယာများဖြစ်သည့် ရေဒီယို၊ အင်တာနက် ၀က်ဘ်ဆိုက်နှင့် ဂြိုဟ်တု ရုပ်သံများမှ ကြေညာ ဖေါ်ပြလျက်ရှိသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းများပေါ်တွင် အခြေခံကာ တုံ့ပြန်ခြင်း၊ အရေးယူ ဆောင်ရွက် ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်းလည်း ရဲအရာရှိတချို့က ပြောဆိုသည်။
လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မီဒီယာကိုမီဒီယာနှင့် တိုက်ရမည် ဆိုသည့် ဆောင်ပုဒ်ကို လူသိရှင်ကြားကြေညာခဲ့ပြီး ပြည်ပမီဒီယာများမှဖေါ်ပြသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ရေးသား ပြောဆိုချက်များကို ပြန်လည် ချေဖျက်သည့် သတင်းများအား အစိုးရမီဒီယာနှင့် ပြည်တွင်း ပုဂ္ဂလိကမီဒီယာများတွင် ရေးသားဖေါ်ပြရန် ညွှန်ကြားခဲ့သည်။ ပုဂ္ဂလိကပိုင် အပတ်စဉ် ဂျာနယ်များတွင်လည်း အစိုးရအာဘော် သတင်း ဆောင်းပါး များကို စာပေစိစစ်ရေးမှ ခွဲတမ်းချပေးပြီး မထည့်မနေရ ထည့်သွင်းဖေါ်ပြစေသည်။
ဧရာဝတီတိုင်း လပွတ္တာမြို့မှ ဒုက္ခသည်များကို နေရပ်ရွာများသို့ အတင်းပြန်စေသည်ဆိုသည့် သတင်းများ ပြည်ပသတင်း ဌာနများတွင် ဖေါ်ပြပြီး ရက်ပိုင်းအတွင်းမှာပင် စစ်အစိုးရ သတင်းစာက လပွတ္တာမြို့ရှိဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းထားသည့် သတင်းဆောင်းပါးကို ဖေါ်ပြခဲ့သည်။
ထို့အတူ မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကွမ်းခြံကုန်း ကော့မှူးမြို့နယ်များမှ လယ်သမားများ ကျွဲနွား၊ လယ်ထွန်စက်နှင့် မျိုးစပါးမရှိ၍ အခက်ကြုံနေရသည်ဆိုသော သတင်းများ ပြည်ပမီဒီယာများ တွင်ဖေါ်ပြခဲ့ပြီးသည့်နောက် အစိုးရ တီဗီနှင့် သတင်းစာများတွင် လယ်ထွန်စက်၊ မျိုးစပါး၊ ကျွဲ နွားများကို နိုင်ငံတော်က ထောက်ပံ့ပေးနေသည့် ပုံများ ဖော်ပြသည်။
လေဘေးသင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ထဲမှ ကျေးရွာများသို့ သွားရောက် ကူညီလျက်ရှိသူ စေတနာ့ဝန်ထမ်းတဦး ကမူ နအဖ အစိုးရသတင်းစာနှင့် မီဒီယာများတွင် ဖေါ်ပြသည့် ပံ့ပိုးကူညီမှုများမှာ အပြသဘောမျှသာဖြစ်ပြီး ဒုက္ခသည် အများစုမှာ အခက်အခဲများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ပြောသည်။
“ရန်ကုန်ကနေ ဒေးဒရဲ ဖျာပုံဘက်သွားရင် ကော့မှူးမြို့အ၀င်၊ ကွမ်းခြံကုန်းမြို့ အ၀င်နဲ့ မြို့အထွက် ကားလမ်းဘေးက လယ်တွေလောက်ပဲ ထွန်စက်နဲ့ထွန်တာ တွေ့ရတယ်။ အဲဒီနောက် အတွင်းပိုင်းကျတဲ့ လယ်တွေကျတော့ ကိုယ့်ဘာသာ ကိုယ် ထွန်နိုင်ရင်ထွန် မထွန်နိုင်ရင်တော့ ဒီအတိုင်း မြက်ပင်တွေနဲ့ စိမ်းနေသေးတာပဲ တွေ့ရတယ်”ဟု အဆိုပါ စေတနာ့ ၀န်ထမ်း ဆောင်ရွက်သူက ပြောသည်။
ပြည်ပ အသံလွှင့်ဌာနများ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများကို နေ့စဉ်နားထောင်နေသူ ရန်ကုန်မြို့ခံတဦးက လည်း “အစိုးရ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားအားလုံးဟာ ပြည်ပ မီဒီယာတွေက ဖေါ်ပြ၊ လွှင့်ထုတ်သွားတာတွေကို နေ့တိုင်း ပြန်ပြီးရှင်းနေသလိုပဲ ခံစားရတယ်။ ဥပမာ ဧရာဝတီတိုင်း ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေမှာ ၀မ်းရောဂါတွေ ဖြစ်ဖို့ အန္တရာယ်ရှိတဲ့ သတင်းဖေါ်ပြပြီး မကြာခင် ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေ သင်္ဘောနဲ့ ဆေးကုသပေးနေကြောင်း အစိုးရ သတင်းတွေမှာ ဖေါ်ပြတော့တာပဲ ”ဟု ပြောဆိုသည်။
Posted by
54freedom
at
11:53 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ထုတ်ပြန်ကြေညာချက
Posted by
54freedom
at
11:46 PM
0
comments
Labels: ကြေငြာချက်
စစ်တွေတွင် မကျေနပ်သူတဦးက လက်ကိုင် လော်စပီကာကို အသုံးပြုပြီး အစိုးရကို ဝေဖန် ဆဲဆို
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမည်မသိသူ တဦးက လွန်ခဲ့သော သောကြာနေ့က လက်ကိုင် အငယ်စား စပီကာကို အသုံးပြု ပြီး စစ်အစိုးရကို
မျက်မြင် တဦးက “သူက စစ်တွေမြို့ အမှတ် ၁ ရဲစခန်းရှေ့ကနေ ဆဲဆိုသွားတာပါ။ ကျွန်တော် ကြားရသလောက်ကို ပြောရမယ်ဆိုရင်တော့ --- ထမင်းငတ်၍ ရခိုင်ပြည်မှာ လူတွေ သေနေပြီ။ ဒါ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ရခိုင် လူမျိုးတွေ တိုက်ဆောက်ပြီး ၀မ်းသာ မနေကြနဲ့။ ရခိုင်တွေ ထမင်းငတ် သေနေကြပြီ။ --- စသဖြင့် သူက ပြောဆိုသွားတာပါ။ ” ဟု ပြောသည်။
သို့သော်လည်း ဝေဖန် ဆဲဆိုသွားသူကို စစ်တွေရဲမှ တစုံတရာ အရေးယူခြင်း စစ်ဆေး မေးမြန်းခြင်း မရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ဝေဖန် ဆဲဆိုမှုမှာ များမကြာမှီက စစ်တွေမြို့ မင်းဂံရပ်ကွက်မှ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးသွားသဖြင့် စစ်တွေလူထု အတွင်းအထူး မကျေနပ်မှုများ တိုးပွားနေကြောင်း သတင်းများ ရရှိသည်။
ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဆန်ဈေးနုန်း ကြီးမြှင့်ခြင်းကြောင့် ဆင်းရဲသူ လက်လုပ်လက်စား အများအပြားမှာ ထမင်းငတ် နေကြရကြောင်း ပြည်တွင်းမှ ပေးပို့သော သတင်း အများအပြားတွင် ဖေါ်ပြသည်။
Posted by
54freedom
at
11:25 PM
0
comments
Labels: ပြည်တွင်းသတင်းများ
အထိန်းသိမ်းခံ အန်န်အယ်လ်ဒီလူငယ်တွေ လွှတ်ပေးရေးတောင်းဆို
ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က အန်န်အယ်လ်ဒီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ မွေးနေ့အထိမ်းအမှတ် ဆုတောင်းနေ ကြတုန်း အရပ်ဝတ်နဲ့လူတွေ အတင်းဝင်ဖမ်းတာခံခဲ့ရတဲ့ အန်န်အယ်လ်ဒီ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ အန်န်အယ်လ်ဒီဥက္ကဋ္ဌက မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ဇွန်လ ၂၆ ရက်နေ့စွဲနဲ့ စာတစောင် ပေးပို့ခဲ့ပါတယ်။ လုံခြုံရေးတာဝန်ရှိသူတွေက ဖမ်းတာမဟုတ်ဘဲ အဲဒီလူတွေ ရှေ့မှာတင် အရပ်ဝတ်နဲ့လူတွေက အတင်းဝင်ရောက် ထိုးကြိတ်ဖမ်းဆီးတာဟာ ဥပဒေစိုးမိုးရေးဆိုတာနဲ့ ဆန့်ကျင်နေပြီးဥပဒေနဲ့ မညီညွတ်တာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါပေမယ့် ခုချိန်ထိတော့ အစိုးရဘက်က ဘာမှအကြောင်းပြန်ကြားတာ မရှိသေးပါဘူး။
အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက
တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဲဒီနေ့က ၀င်ရောက်ဖမ်းဆီးခဲ့သူတွေဟာ လူမှုရေးအသင်းအဖွဲ့ဆိုပြီး ဖွဲ့စည်းထားတဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဝင်တွေနဲ့ စွမ်းအားရှင်အဖွဲ့ဝင်တွေဖြစ်တယ်
လို့ အန်န်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲအထူး
သတင်းတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေရှေ့မှာပဲ ၀င်ဖမ်းခဲ့တာ
ဖြစ်ပေမယ့် အဲဒီလုံခြုံရေးတာဝန်ရှိသူတွေက ဟန့်တားထိန်းသိမ်းတာ မလုပ်ခဲ့ဘူးလို့
ဆိုပါတယ်။
အန်န်အယ်လ်ဒီ တာဝန်ရှိသူတွေဘက်က သူတို့ရဲ့အဖွဲ့ဝင်တွေကို ထိန်းသိမ်းဆောင်ရွက်
ခဲ့လို့သာ ပြဿနာဟာ ပိုကြီးထွားမလာဘဲ အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့တာ
ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အခင်းဖြစ်ပြီး ၆ ရက်အကြာ၊ ဇွန်လ ၂၅ ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း
အဝေး ဆုံးဖြတ်ချက်အရ အန်န်အယ်လ်ဒီဥက္ကဋ္ဌက လက်မှတ်ရေးထိုးထားတဲ့စာကို
မြန်မာစစ်ကောင်စီဥက္ကဋ္ဌဆီ ၂၆ ရက်နေ့မှာ ပေးပို့ခဲ့တာပါ။ ခုချိန်ထိတော့ အကြောင်း
မပြန်ကြားသေးဘူးလို့ အန်န်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က
ဗွီအိုအေကို ပြောပါတယ်။
“အခုအချိန်ထိတော့ အကြောင်းပြန်ကြားတာ တခုမှမရှိသေးပါဘူး။ လောလောဆယ်
သူတို့မိသားစုတွေဆီကိုရော၊ ကျနော်တို့ရုံးကိုရော ဘာမှ အကြောင်းပြန်ကြားတာ
မရှိသေးပါဘူး။”
ဒါ့အပြင် ဖမ်းဆီးသွားသူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်၊ သူတို့ရဲ့အခြေအနေ
ဘယ်လိုရှိတယ် ဆိုတာတွေကိုလည်း ဘာမှမသိရသေးပါဘူးလို့ ဒေါက်တာဝင်းနိုင်က
ဆက်ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ စကတည်းကိုက ဥပဒေနဲ့ မညီညွတ်တဲ့အတွက်
မလုပ်သင့်တဲ့ကိစ္စပါလို့လည်း သူကပြောပါတယ်။ ဒါ့ကြောင့်လည်း အဖမ်းခံထားရသူ
တွေ ပြန်လွတ်လာမယ်လို့ မျှော်လင့်ထားပါတယ်။
“ထိန်းသိမ်းခေါ်ဆောင်သွားပြီးရင်လည်း မိသားစုတွေဆီ၊ သို့မဟုတ် အဖွဲ့က တာဝန်
ရှိတဲ့လူတွေဆီကို အကြောင်းကြားရမယ်။ ဒါပေမယ့် အခုထိ ဒါတွေကို သူတို့ဘက်က
ဆောင်ရွက်ခြင်းမရှိဘူး။ တခုတော့ ပြောစရာရှိတာပေါ့။ မေလ ၂၇ ရက်နေ့တုန်းက
ကျနော်တို့အဖွဲ့ချုပ်ဝင်တချို့ သူတို့ရဲ့ သဘောဆန္ဒအတိုင်း ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ဖို့ လမ်းလျှောက်ချီတက်ကြတယ်။ အဲဒီတုန်းကလည်း ဒီလိုပဲ ဖမ်းဆီး
ထိန်းသိမ်းခဲ့တာပဲ။ နောက် နှစ်ပတ်လောက်ကြာတဲ့အခါ သူတို့ စုံစမ်းမေးမြန်းပြီး
ပြန်လွှတ်ပေးခဲ့တယ်။ အခုကိစ္စမှာလည်း ကျနော်တို့အဖွဲ့ဝင်တွေက ဘာမှ အပြစ်မရှိတဲ့
အတွက် သူတို့ စုံစမ်းမေးမြန်းပြီးရင် အချိန်အတိုင်းအတာတခုအတွင်းမှာ ပြန်လွှတ်ပေး
လိမ့်မယ်လို့ ကျနော်တို့တော့ ယုံကြည်ပါတယ်။”
အန်န်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင် ပြောသွားတာဖြစ်ပါတယ်။
မေလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံရပြီးတော့ ပြန်လွှတ်ပေးလိုက်သူတွေနဲ့ပတ်သက်ပြီး
မြန်မာရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အတည်ပြုပြောဆိုခဲ့တယ်လို့ ဇွန်လ ၂၆ ရက်
နေ့ အေအက်ဖ်ပီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အခု ဇွန်လ ၁၉ ရက်နေ့
ဖမ်းဆီးမှုနဲ့ပတ်သက်လို့တော့ မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က တစုံတရာ
ပြောဆိုတာမျိုး မရှိသေးပါဘူး။
Posted by
54freedom
at
11:21 PM
0
comments
Labels: ပြည်တွင်းသတင်းများ
သခင်သိန်းဖေမှ န.အ.ဖ သို့ မေတ္တာရပ်ခံပန်ကြားခြင်း
Posted by
54freedom
at
11:15 PM
0
comments
Labels: ပြည်တွင်းသတင်းများ
ဒေါ်အောင်ဆန်းစုကြည်အတွက်...ဆုတောင်း (သီချင်း)
Posted by
54freedom
at
11:02 PM
0
comments
Labels: သီချင်း ဗွီဒီယို







